အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း(47) လယ်ယာစိုက်ပျိုးရေးနေ့ရက်များ
နောက်တစ်နေ့ မနက်စောစောတွင်တော့ လင်းမိန်ဟွေ့တစ်ယေ၅က် လယ်ကွင်းများသို့ သွားရန် ပြင်ဆင်ခဲ့၏။
စုန့်ယီသည်လည်း စောစောထပြီး ကူညီလာခဲ့သည်။
“မိန်ဟွေ့၊ ကိုယ် မင်းနဲ့အတူ လယ်ထဲကို လိုက်ခဲ့မယ်”
သူ၏ လှုပ်ရှားမှုများကို မြင်သော် လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီ၏ဒဏ်ရာများရှိနေသည့်ဘက်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်မိ၏။
“အစ်ကို စုန့်ယီ၊ ရှင့်ဒဏ်ရာက မပျောက်သေးဘူးလေ၊ အခု လယ်ထဲကိုသွားလည်း ဘာမှ လုပာနိုင်သေးမှာ မဟုတ်လောက်ဘူး၊ အိမ်မှာပဲ နားနေတာ ပိုကောင်းမယ်ထင်တယ်”
စုန့်ယီ ရုတ်တရက် ပြုံးရယ်လိုက်၏။
လက်ရှိ လင်းမိန်ဟွေ့မှာ သူ၏အိမ်ကို ထိန်းသိမ်းပေးနေသည့် အိမ်ရှင်မနှင့်တူနေသည်ကို သတိပြုမိသည့်အတွက်ကြောင့်ပင်။
သူ၏ ရယ်သံကြောင့် လင်းမိန်ဟွေ့ အံ့ဩသွားရလေ၏။ သူမက မျိုးစေ့များကို တင်ထားသည့် လက်တွန်းလှည်းကို တွန်းနေရင်းဖြင့် လှည့်ကြည့်၍ မေးလိုက်မိသည်။
“အစ်ကို စုန့်ယီ၊ ဘာလို့ ရယ်နေတာလဲ၊ ကျွန်မ မျက်နှာမှာ ပေနေတာများ ရှိနေလို့လား”
“မင်းက ကိုယ်တို့မိသားစုက ဘယ်လယ်ကွက်ကို ပိုင်တယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာတောင် မသိသေးဘူးလေ၊ မင်း ဘယ်လိုမျိုး လယ်လုပ်မှာလဲ”
စုန့်ယီက လင်းမိန်ဟွေ့ကို သတိပေးလိုက်လေ၏။
လင်းမိန်ဟွေ့တစ်ယောက် ခဏတာလောက် ကြောင်အမ်းသွားသည်။ သူမ သဘောပေါက်ချိန်တွင်တော့ စုန့်ယီက လှည်းကို တွန်း၍ ထွက်ခွာနှင့်ပြီး ဖြစ်လေ၏။ လင်းမိန်ဟွေ့လည်း အလျင်အမြန် လိုက်သွား၍ ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ လမ်းပဲ ပြပေးလေ၊ လှည်းကို ကျွန်မပဲတွန်းလိုက်မယ်၊ ရှင် ဘာမှ မလုပ်ရဘူးနော်”
လင်းမိန်ဟွေ့ စုန့်ယီ၏လက်ထဲမှ လှည်းကို လုယူလိုက်၏။ စုန့်ယီက ရပ်တန့်၍ ပြောလိုက်လေ၏။
“ဒါကတော့ မဖြစ်ဘူး၊ ရွာထဲက လူတွေသာ မြင်ရင် ကိုယ့်ကို သေချာပေါက် လှောင်ရယ်ကြမှာပဲ၊ ယောက်ျားတစ်ယောက်က ဘာမှမလုပ်ဘဲ မင်းကို ခိုင်းတယ်ဆိုပြီး ပြောကြလိမ့်မယ်”
စုန့်ယီ၏ အတွေးကို လင်းမိန်ဟွေ့ နားလည်သော်လည်း ရွာထဲရှိ လူများ ပြောလာမည်ကို သူမ ဂရုမစိုက်ပေ။
“အစ်ကို စုန့်ယီ၊ ရှင် အရင်တုန်းက ကျွန်မကို ပြောဖူးတယ်လေ၊ ကိုယ့်ဘဝကိုယ်နေတာဖြစ်လို့ သူများတွေနဲ့ မဆိုင်ဘူး၊ သူတို့ပြောတာကို ဂရုစိုက်စရာ မလိုဘူးဆို”
ထိုသူနှစ်ဦး လှည်းလုနေသည်ကို အန်တီယန်လည်း မြင်သွားခဲ့လေ၏။ သူမက အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်ပြီး ငယ်စဉ်အချိန်က သူမနှင့်သူမ၏ခင်ပွန်းတို့ မည်သို့ ချစ်ခင်နားလည်ခဲ့ကြသည်ကို ပြန်လည်အမှတ်ရသွားခဲ့၏။ ထိုအချိန်က ဘဝက အလွန်ပင်သာယာလှပခဲ့ပေသည်။
နေ့စဥ်နေ့တိုင်း ပေါင်းအိုးထဲရှိ ပေါက်စီကို ရေနွေးနှင့် မျှောချကာ ဟင်းသီးဟင်းရွက်ကြမ်းများကိုသာ စားရသော်လည်း ရင်ထဲ၌မူ အမြဲပျော်ရွှင်နေခဲ့သည်။
လယ်ကွင်းထဲထဲ အေးမြသောလေများက တဖြူးဖြူးတိုက်ခတ်နေခဲ့ပြီး အသစ်ထွန်ယက်ထားသည့် မြေကြီးများကလည်း လန်းဆန်းသည့်ရနံ့နှင့် မြက်ရနံ့များ ရောစပ်ကာ လူများကို မပြောပြနိုင်အောင် လန်းဆန်းမှုကို ခံစားရစေ၏။
ပတ်ဝန်းကျင်ရှိ လယ်များတွင် မျိုးစေ့ချပြီးဖြစ်၍ မြေကြီးများက ပေါင်းမျက်များ ပြောင်ရှင်းနေခဲ့သည်။ စုန့်ယီတို့၏ လယ်ကွက်အနည်းငယ်ကသာ ထွန်ယက်ထားခြင်းမရှိဘဲ ပေါင်းများက တောထနေခဲ့လေ၏။
လင်းမိန်ဟွေ့က ကန်သင်းဘောင်ပေါ်ရှိ စိမ်းစိုနေသည့် မြက်ပင်များကို ကြည့်ရင်း မြေကြီးပေါ်၌ ထိုင်နေသော စုန့်ယီကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“အစ်ကို စုန့်ယီ၊ ဒီမြေကြီးမှာ ဘာပြဿနာမှ မရှိတဲ့ပုံပါပဲ၊ မြက်တွေက ဒီလောက်တောင် စိမ်းစိမ်းစိုစိုပေါက်နေတာဆိုတော့ သီးနှံတွေလည်း ပေါက်မှာသေချာတယ်”
“ဒါပေမဲ့ ဘာလို့လဲတော့ မသိဘူး၊ ဒီနှစ်နှစ်အတွင်း ဒီမြေမှာ စိုက်တာမှန်သမျှ အကုန်ညှိုးသွားတယ်၊ အစကတော့ မြော အရမ်းခြောက်သွေ့လို့ပဲ ထင်ခဲ့တာ၊ နောက်တော့ မြေကို မကြာခဏ ရေလောင်းပေးတယ်၊ ဒါပေမဲ့ သီးနှံတွေက ဆက်ပြီး ညှိုးနေတုန်းပဲ၊ အဲဒီနောက်ပိုင်းတော့ ပြန်စိုက်ဖို့တောင် စိတ်မပါတော့တာပဲ...”
စုန့်ယီသည်လည်း ဤကိစ္စကို နားမလည်ပေ။ ဘေးနားရှိ လယ်ပိုင်ရှင်နှစ်ဦး၏ သီးနှံများသည်က အလျင်အမြန် ပေါက်လာတတ်ပြီ နွေရာသီကိုရောက်သော် လူတစ်ရပ်စာမျှ မြင့်နေတတ်ပြီဖြစ်သည်။
သို့သော်လည်း သူတို့မြေ၌ မြက်ပင်ပင် ကောင်းစွာမပေါက်ဘဲ နောက်ဆုံးတွင် အကုန်လုံး ညှိုးခြောက်သွားသည်။
“ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ မျိုးစေ့ချလိုက်ရအောင်၊ အပင်တွေကို ဂရုတစိုက်ပြုစုပြီး ဘယ်နေရာက ပြဿနာရှိနေတာလဲဆိုတာ ရှာကြည့်တာပေါ့”
လင်းမိန်ဟွေ့က ဤကဲ့သို့ အယူသည်းသောကိစ္စများအား လုံးဝမယုံကြည်ပေ။ တခြားသူများ၏ မြေ၌ စိုက်ပျိုးနိုင်သည်ဆိုလျှင် သူတို့မြေတွင်လည်း စိုက်ပျိုးနိုင်လိမ့်မည်ဟု တွေတောခဲ့သည်။
စုန့်ယီသည်လည်း ယုံကြည်မှုများ ပြန်ရလာပြီး လင်းမိန်ဟွေ့ကို လှည့်ကြည့်ကာ မေးလာသည်။
“မိန်ဟွေ့၊ မင်း ဒီမှာစောင့်နေဦး၊ ကိုယ် လီတုန်တို့ အိမ်ကိုသွားပြီး မြေထွန်ဖို့အတွက် နွားလားတွေ သွားငှားလိုက်ဦးမယ်”
နွားလားများကို ငှားလာပြီးနောက်တွင်တော့ လင်းမိန်ဟွေ့သည် စုန့်ယီကို မည်သည့်အလုပ်ကိုမှ မလုပ်စေတော့ဘဲ နွားလားများပို သူမကိုယ်တိုင်ပင် ထိန်းချုပ်၍ ထွန်ယက်လိုက်၏။
လယ်ထဲတွင်လုပ်ကိုင်ရသော အလုပ်များက ပင်ပန်းသော်လည်း စိတ်ထဲတွင် ပေါ့ပါးနေစေခဲ့၏။
ကိုယ်လုပ်သည့်အလုပ်ကို တခြားလူများမှ မကြိုက်မည်ကိုလည်း စိုးရိမ်ပူပန်စရာမလိုအပ်သကဲ့သို့၊ တခြားလူများမှ လာရောက်နှောင့်ယှက်မည်ကိုလည်း စိုးရိမ်စရာမလိုပေ။
နေက ပို၍ပူပြင်းလာသည်နှင့်အမျှ လင်းမိန်ဟွေ့သည်လည်း နေပူဒဏ်ကြောင့် ချွေးများဖြင့် စိုရွှဲနေလေပြီ။
နွားလားနှစ်ကောင်မှာ အမွေးများ နက်မှောင်၍ သန်မာကာ လယ်ထွန်သည့်အလုပ်တွင် အလွန်ကြိုးစားခဲ့ကြ၏။
နွားလားနှစ်ကောင်ကို ဆုချရန်အတွက် လင်းမိန်ဟွေ့က သူယူလာသည့် မြက်များကို ကျွေးလိုက်၏။
စုန့်ယီသည်လည်း လမ်းဘေးရှိ မြက်နုများ များစွာကို ခုတ်၍ နွားများကို ကျွေးလိုက်လေသည်။ နွားလားနှစ်ကောင်သည်လည်း အလွန်ဉာဏ်ကောင်းပေသည်။ နေ့လယ်ပိုင်း၌ပင် လယ်မြေများကို ထွန်ယက်ပြီးသွားပြီ။
“အစ်ကို စုန့်ယီ၊ မျိုးစေ့ချတာက ရာသီဥတုပေါ် မူတည်တယ် ၊ ကျွန်မကတော့ မိုးတစ်ခါလောက် ရွာပြီးမှ ချတာ ပိုကောင်းမယ်လို့ ထင်တယ်၊ အဲဒီကျရင် မြေကြီးက စိုစွတ်ပြီး မျိုးစေ့ အပင်ပေါက်နှုန်း ပိုကောင်းလာလိမ့်မယ်”
ဤတစ်ကြိမ်တွင် လင်းမိန်ဟွေ့က စိုက်ပျိုးရေးလုပ်သည့်အချိန်၌ မျိုးစေ့ စတင်ချကတည်းက စည်းကမ်းတင်းကျပ်စွာ လုပ်ကိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။
တခြားလူများ၏ မြေ၌ သီးနှံပေါက်နိုင်လျှင် သူတို့မြေကလည်း ပေါက်ရမည်ဟု သူမ ယုံကြည်သည်။
စုန့်ယီမှာ ယုံကြည်မှု အနည်းငယ် လျော့နည်းနေသော်လည်း လင်းမိန်ဟွေ့ အလွန် စိတ်အားထက်သန်နေသည်ကို မြင်နေရသောကြောင့် သူမကို ဆွဲထားနိုင်ခြင်း မရှိပေ။
“ကောင်းပြီ၊ ဒါဆို ကိုယ် မင်း ပြောတာကို နားထောင်မယ်၊ မိုးရွာတဲ့ရက်ကို စောင့်ရအောင်၊ မိုးရွာပြီး နောက်တစ်ရက်ကျရင် မျိုးစေ့စိုက်ကြတာပေါ့”
သူတို့နှစ်ယောက်က ပစ္စည်းများကိုသိမ်းဆည်း၍ အိမ်သို့ပြန်ရန် ပြင်ဆင်နေခဲ့ကြချိန်တွင် မုဆိုးမလျိုက ပေါက်တူးတစ်လက်ကို ထမ်း၍ တစ်ဖက်ကနေ လျှောက်လာသည်ကို တွေ့လိုက်ရ၏။
သူမသည်လည်း စုန့်ယီရှိနေသည်ကို မြင်ပုံရသည်။ မုဆိုးမလျိုက ခေါင်းငုံ့လိုက်ပြီး မည်သည့်စကားကိုမှ မပြောခဲ့ပေ။ သို့သော်လည်း လင်းမိန်ဟွေ့က ရှေ့သို့တိုး၍ စတင် နှုတ်ဆက်လိုက်သည်။
“အန်တီလျို၊ အလုပ်သိမ်းပြီး အိမ်ပြန်ပြီလား”
မုဆိုးမလျိုမှာ အန်တီလျိုဟု အခေါ်ခံရသည့်အတွက် အနည်းငယ် ရှက်သွားခဲ့ကာ ရှောင်တိမ်း၍ ပြောဆိုလိုက်သည်။
“အင်း ၊ နင်တို့နှစ်ယောက်လည်း လယ်လာလုပ်တာလား”
အန်တီယန်မှ မုဆိုးမလျို၏ အတွေ့အကြုံကို ပြောပြသည့်အချိန်ကတည်းက လင်းမိန်ဟွေ့တွင် သူမအပေါ်သို့ မကျေနပ်ချက်များ မရှိတော့ပေ။
“ဟုတ်တယ်၊ မျိုးစေ့ချရမဲ့ အချိန်ဆိုတော့ လုပ်သင့်တဲ့အလုပ်တွေကို လုပ်ရမှာပဲလေ၊ ရာသီကုန်သွားရင် မျိုးစေ့ချဖို့ ခက်သွားလိမ့်မယ်”
“စုန့် မိသားစုမြေမှာ အပင်တွေ ပေါက်ပါ့မလား၊ အလကား အလုပ်ရှုပ်ခံလိုက်ရတာပဲ ဖြစ်နေဦးမယ်...”
မုဆိုးမလျိုက ဆက်လက်၍ စကားလုံးကြမ်းများဖြင့် ပြောနေဆဲပင်။
လင်းမိန်ဟွေ့သည်လည်း သက်ပြင်းချ၍ စိုးရိမ်တကြီး ပြောဆိုလိုက်၏။
“အန်တီလျို ပြောတာ မှန်ပါတယ်၊ ကျွန်မတို့လည်း စိတ်ပူနေတာပါပဲ၊ ဒီမြေ ဘာဖြစ်နေလဲဆိုတာ မသိဘူး၊ တခြားသူတွေက စိုက်လို့ရပေမဲ့ ကျွန်မတို့မြေက လုံးဝမပေါက်ဘူး”
“မကောင်းမှုတွေ လုပ်ထားလို့ပေါ့”
မုဆိုးမလျိုက ခပ်တိုးတိုး ဆိုလိုက်သည်။
လင်းမိန်ဟွေ့က သူမဆီသို့ ထူးဆန်းသွားရသည့်မျက်နှာဖြင့် ကြည့်၍ ထပ်မေးချင်သေးသော်လည်း မုဆိုးမလျိုမှာ တစ်ယောက်ယောက်က အလုပ်ခိုင်းတော့မည်ကဲ့သို့ ပေါက်တူးကို ထမ်း၍ ပြေးထွက်သွားခဲ့လေ၏။
လင်းမိန်ဟွေ့တစ်ယောက် ဤစကား၏ အဓိပ္ပာယ်ကို အနည်းငယ် နားမလည်ဖြစ်သွားရ၏။ သူမ စုန့်ယီကို လှည့်ကြည့်လိုက်လျှင် စုန့်ယီသည်လည်း သူမကို ပြန်ကြည့်၍ ပြောလာသည်။
“မင်းနဲ့ မုဆိုးမလျိုက မတည့်ဘူးမလား၊ ဘာလို့ သူမနဲ့ စကားပြောနေသေးတာလဲ”
“အန်တီလျိုရဲ့ စကားထဲမှာ တစ်ခုခုပါနေတယ်လို့ ရှင် မထင်ဘူးလား”
“သူမက ဘယ်တုန်းက ကောင်းတဲ့စကားတွေကို ပြောခဲ့လို့လဲ၊ သူမက ကိုယ့်အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာတောင် မသိဘူး၊ သူမရဲ့ ပေါက်ကရစကားတွေကို နားမထောင်နဲ့”
စုန့်ယီက ပစ္စည်းများကို သိမ်းဆည်းပြီး လီတုန်တို့မိသားစုထံသိား နွားလားများကို သွားပို့ခဲ့သည်။ လင်းမိန်ဟွေ့လည်း လက်တွန်းလှည်းလေးကို တွန်း၍ အိမ်သို့ပြန်လာခဲ့လေသည်။
လမ်းတွင် သူမ တာ့ချွမ်နှင့် ဆုံတွေ့ခဲ့သည်။ လင်းမိန်ဟွေ့ သူ့ကို နှုတ်ဆက်ရန် ရည်ရွယ်ခဲ့သော်လည်း တာ့ချွမ်က သူမကို ဒေါသတကြီး စိုက်ကြည့်၍ လှည့်ထွက်သွားခဲ့လေ၏။
တာ့ချွမ်သည်ကား သူတို့၏မိသားစုကို မြေယာမပေးသည့်အတွက် ဒေါသထွက်နေဆဲဖြစ်နေလောက်မည်ကို လင်းမိန်ဟွေ့ သိသည်။
သို့သော်လည်း လင်းမိန်ဟွေ့ စိတ်ထဲတွင်မထားခဲ့ပေ။ သူမက ကိုယ်ပိုင်ဘဝကို ကောင်းမွန်စွာနေထိုင်ရလိမ့်မည်။ တခြားလူများကို စိတ်ကျေနပ်အောင် လုပ်ရန် ကိုယ်ပိုင်ဘဝကို ခက်ခဲအောင် လုပ်၍မရပေ။
ညနေဘက်သို့ရောက်လျှင် လင်းမိန်ဟွေ့ ရေချိုးချင်ခဲ့ပြီး စုန့်ယီကို တံခါးအပြင်ဘက်၌ စောင့်ခိုင်းလိုက်၏။
လင်းမိန်ဟွေ့အနေဖြင့် မုဆိုးမလျို၏
“မကောင်းမှုလုပ်ထားလို့” ဆိုသည့်စကားကို တွေးတောမိနေဆဲပင်။ မုဆိုးမလျိုက နတ်ဘုရားများမှ မကောင်းမှုအတွက် အပြစ်ပေးသည်ဆိုလိုသည်လား၊ သို့မဟုတ် တခြားလူများက မကောင်းသည့်အရာများကို လုပ်ထားသည်ဟု ပြောချင်နေသည်လားကို တွေးတောနေမုသည်။
ထိုအချိန်တွင် စုန့်ယီက ခြံထဲမှ လှမ်းပြောလာသည် ။
“မိန်ဟွေ့၊ ရေနွေးလိုသေးလား။ ထပ်ယူပေးရမလား...”
လင်းမိန်ဟွေ့ ရေနွေးကို စမ်းကြည့်လိုက်လျှင် အမှန်တကယ်ပင် အေးနေခဲ့ပြီ။ သို့သော်လည်း သူမက အတွင်းဝတ်အင်္ကျီကိုသာ ဝတ်ထားသောကြောင့် ဝင်လာရန်က အဆင်မပြေပေ။
“ရတယ်၊ ကျွန်မ ခဏနေရင်ပြီးတော့မှာပါ”
လင်းမိန်ဟွေ့ အလျင်အမြန် ပြန်ဖြေလိုက်သည်။
စုန့်ယီ၏ အနားယူခြင်းကို မနှောင်ယှက်စေဖို့အတွက် လင်းမိန်ဟွေ့ အမြန်ဆေးကြောပြီး စောင်ခြုံထဲ ဝင်လိုက်လေ၏။ စုန့်ယီ ပြန်လာသည့်အချိမ်တွင် သူမ၏ ဆံပင်များက စိုနေဆဲဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
“မိန်ဟွေ့၊ မင်းရဲ့ဆံပင်ကို အခြောက်ခံပြီးမှ နားလိုက်လေ၊ မဟုတ်ရင် မနက်ဖြန် ခေါင်းကိုက်လိမ့်မယ်”
“ရပါတယ်၊ ကျွန်မ ဒီလိုပဲ အမြဲအိပ်ခဲ့တာ၊ ရှင်လည်း နားတော့လေ၊ ဒီနေ့ ပင်ပန်းခဲ့မှပဲ”
*
အခန်း(48) ကောက်နှံတွေကို မစိုက်ပျိုးနှိင်ဘူး
လင်းမိန်ဟွေ့အနေဖြင့် ယနေ့တွင် အတော်လေး ပင်ပန်းခဲ့ရသည်။ လယ်ထွန်ခြင်းမှာ အင်အားသုံးရသည့်အလုပ် မဟုတ်သော်လည်း အသွားအပြန် လျှောက်ရသည်က အလွန် များသည့်အတွက် ဆံပင်ကို သုတ်ရန်ပင် အားမရှိတော့ပေ။
ဤအချိန်တွင် နွေးထွေးသောလက်တစ်စုံက သူမဆံပင်များကို သပ်ပေးလာခဲ့ပြီး ခြောက်သွေ့သည့် မျက်နှာသုတ်ပုဝါဖြင့် သေသေချာချာ သုတ်ပေးလာခဲ့၏။
လှုပ်ရှားမှုများကလည်း အလွန် နူးညံ့ညင်သာနေခဲ့သည်။ လင်းမိန်ဟွေ့၏ နှလုံးသာက လရောင်ခြုံလွှမ်းထားသည့်နှယ် နူးညံ့သွားခဲ့ရလေ၏။ ဤကဲ့သို့ ဂရုစိုက်ခံရသည့် ခံစားချက်မျိုးက သူမကို အလွန်နွေးထွေးစေခဲ့သည်။
“အစ်ကို စုန့်ယီ၊ ကျွန်မ မှတ်မိတဲ့အရွယ်ကတည်းက အမေက ကျွန်မရဲ့ ဆံပင်ကို တစ်ခါမှ လျှော်ပေးဖူးတာမျိုး မရှိခဲ့ဘူး...”
“မင်း ငယ်ငယ်လေးတည်းက ကိုယ့်ဘာသာကိုယ် ခေါင်းလျှော်ခဲ့ရတာလား”
စုန့်ယီ အမှတ်မဲ့ မေးမြန်းလိုက်မိသည်။ သူတို့၏ အသံများက တိုးညှင်းနူးညံ့နေခဲ့ပြီး အခန်းငယ်လေးကို ငြိမ်းချမ်းကာ လုံခြုံစိတ်ချရသည့် လေထုမျိုးကို ဖြစ်စေခဲ့သည်။
လင်းမိန်ဟွေ့လည်း ငယ်ဘဝက အဖြစ်အပျက်များကို ပြန်စဉ်းစားမိသော် ခါးခါးသီးသီး ပြုံးလိုက်၏။
“ကျွန်မ အရမ်းကိုငယ်သေးတဲ့အချိန်တုန်းက အမေက ကျွန်မရဲ့ဆံပင်တွေကို လျှော်ပေးရတဲ့အချိန်မှာ စိတ်ရှည်တာမျိုး တစ်ခါမှ မရှိခဲ့ဘူး၊ သူမက ကျွန်မရဲ့ခေါင်းကို ဆေးမှုန့်နဲ့ နည်းနည်း ပွတ်ပြီး ရေနဲ့ ဆေးလိုက်တာပဲ လုပ်ခဲ့တယ်၊ ဆေးပြီးရင် ဆံပင်တွေက ရှုပ်ထွေးနေပြီး ဘီးဖြီးဖို့အတိက် အရမ်းခက်ခဲလွန်းတယ်”
“နောက်တော့ ကိုယ့်ဘာသာပဲ ဆေးတာလား”
“အင်း၊ ဆံပင်ကို ဘီးနဲ့ အရင်ဖြီးပြီးမှ လျှော်တဲ့အချိန်မှာလည်း အားပြင်းပြင်းနှင့် မပွတ်ဖို့ သင်ယူခဲ့တယ်၊ ဒါက ပိုပြီး သက်တောင့်သက်သာဖြစ်စေတယ်လေ၊ နောက်တော့ တစ်ယောက်တည်းပဲ လျှော်ခဲ့တော့တယ်”
လင်းမိန်ဟွေ့အနေဖြင့် ထိုစဉ်က မည်သည့်အသက်အရွယ်ဖြစ်သည်ကို မမှတ်မိတော့ပေ။ သို့သော်လည်း ထိုနာကျင်သည့် ခံစားချက်က မှတ်ဉာဏ်ထဲ၌ နက်ရှိုင်းစွာ ရှိနေဆဲပင်။
စုန့်ယီတစ်ယောက် သူမ၏ အတိတ်အကြောင်းများကို နားထောင်ရင်း သူ၏အတွေးများက တစ်နေရာသို့ ရောက်သွားခဲ့၏။
“ဒါဆို မင်းရဲ့ ငယ်သူငယ်ချင်းတွေကိုရော မှတ်မိလား”
လင်းမိန်ဟွေ့ အတော်ကြာအောင်တွေးတောနေပြီးမှ ခပ်တိုးတိုး ပြောဆိုလိုက်၏။
“ကျွန်မ မှတ်မိတယ်၊ ကျွန်မ ငယ်ငယ်တုန်းက ဖက်တီးလေးယာနှင့်၊ အစ်ကိုလေးတစ်ယောက်က ကျွန်မနဲ့ ဆော့ကစားဖူးတယ်၊ ဝမ်းနည်းစရာကောင်းတာက ကျွန်မအမေက နောက်ပိုင်းပြောခဲ့တယ်လေ၊ အဲဒီအစ်ကိုလေးရဲ့မှာ အိမ်မှာ ကိစ္စရှိလို့ မဆော့နိုင်တော့ဘူးတဲ့၊ ဒါကြောင့် ကျွန်မတို့ နောက်တစ်ခါ ဘယ်တော့မှ မတွေ့ရတော့ဘူး... နောက်တော့ ဖက်တီးလေးယာရဲ့ မိသားစုကလည်း ပြောင်းရွှေ့သွားခဲ့တယ်၊ ကျွန်မ အမေကို မေးကြည့်တော့ သူမကလည်း ဘာမှ မပြောဘူး”
စကားအနည်းငယ်ပြောပြီးနောက် မကြာခင်၌ လင်းမိန်ဟွေ့တစ်ယောက် အသက်ကို မှန်မှန်အသက်ရှူရင်း အိပ်ပျော်သွားခဲ့၏။ စုန့်ယီသည်လည်း စောစောစီးစီး အနားယူလိုက်လေသည်။
နောက်တစ်နေ့တွင် ရာသီဥတု သာယာ၍ နံနက်ပိုင်းတွင် မိုးများစတင်ရွာသွန်းခဲ့ကာ နေဝင်ချိန်မှ ရပ်သွားခဲ့လေ၏။
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ နှစ်ယောက်လုံး အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ကြ၏။ ဤသည်က ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်းတွေးတောကာ ဘုရားသခင်က သူတို့ကို ကူညီနေခြင်းဖြစ်နိုင်သည်ဟု ယူဆခဲ့ကြသည်။
ဤနှစ် လယ်လုပ်ငန်းမှ အကျိုးအမြတ်ရရှိရန် ခွင့်ပြုပေးနေခြင်းဖြစ်နိုင်သည်။
နောက်တစ်နေ့ မိုးရွာတိတ်သွားသည်နှင့် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က မနက်အစောကြီး လယ်ထဲသို့သွားခဲ့ကြကာ မျိုးစေ့များကို ချကြသည်။ စုန့်ယီက မျိုးစေ့များ ဖြန့်ချပြီး လင်းမိန်ဟွေ့က မြေသြဇာထည့်သည်။
နံနက်တစ်ပိုင်းအချိန်အတွင်း၌ပင် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က လယ်ဧကအားလုံးကို စိုက်ပျိုးပြီးစီးသွားခဲ့လေ၏။
မျိုးစေ့များကို စိုက်ပျိုးပြီးနောက် သူတို့နှစ်ယောက်လုံးမှ် ရွှံ့ရုပ်များနှယ် ဖြစ်နေခဲ့ကြ၏။ စုန့်ယီက လင်းမိန်ဟွေ့အား ရွှံ့စေးမျောက်လေးဖြစ်သွားပြီဟု ပြောဆိုကာ စနောက်ရယ်မောခဲ့သည်။ လင်းမိန်ဟွေ့သည်လည်း စုန့်ယီအား ရွှံ့မျောက်အစ်ကိုကြီး ဖြစ်သွားကြောင်း ပြန်လည်စနောက်ခဲ့သည်။
အိမ်သို့ပြန်ရောက်ပြီးနောက် လင်းမိန်ဟွေ့က ရေခွက်နှင့်ရေယူလာပေးကာ စုန့်ယီ၏ ဆံပင်များကို ဆေးကြောပေးခဲ့သည်။ တစ်ဝက်မျှ ဆေးကြောပြီးချိန်တွင် ကျိုးချွေ့ဟွားက ရုတ်တရက် တံခါးဖွင့်၍ ဝင်လာကာ အော်ပြောလာခဲ့လေ၏။
“လင်းမိန်ဟွေ့၊ နင်က နင့်မိသားစုဝင်တွေ ငတ်ပြတ်ပြီး သေမှာကို ကြည့်နေတော့မှာလား”
လင်းမိန်ဟွေ့ ကျိုးချွေ့ဟွားကို လှမ်းကြည့်လိုက်လျှင် သူမ၏ ဆံပင်များက ရှုပ်ပွနေပြီး မျက်နှာသည်လည်း ပင်ပန်းနွမ်းနယ်မှုများပြည့်သည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူမက လင်းကွားချင်းနှင့် ထပ်မံတိုက်ခိုက်လာခဲ့ပြီဖြစ်ကြောင်းကို လင်းမိန်ဟွေ့သိလိုက်လေသည်။
“အမေ၊ အဖေနဲ့ အမေတို့ဖြစ်တဲ့ ကိစ္စကို ကျွန်မ ဆုံးဖြတ်လို့မရဘူး၊ ရွာလူကြီးဆီကို သွားသင့်ရင် သွားပြီး ရဲကို တိုင်သင့်ရင် တိုင်လိုက်ပါ”
“ဒါဆို နင်က ငါတို့မိသားစု သေတာကိုပဲ ဒီအတိုင်း ကြည့်နေတော့မှာလား”
“ရှင်တို့ကို သတ်တာက ကျွန်မ မဟုတ်ဘူး၊ ရှင်တို့ကသာ ကောင်းကောင်းမနေချင်ဘဲ ကိုယ့်ဘဝကို ကိုယ်သတ်နေတာ၊ နောက်ဆို ကျွန်မတို့ရဲ့ဘဝကို လာမနှောင့်ယှက်ပါနဲ့”
လင်းမိန်ဟွေ့က မျက်နှာသုတ်ပုဝါကို စုန့်ယီထံသို့ ပေးလိုက်ပြီး တစ်ဖက်လူကို အခန်းထဲသို့ အရင်ပြန်ခိုင်းလိုက်သည်။ ထို့နောက်တွင် ကျိုးချွေ့ဟွား၏ ရူးသွပ်နေသည့်အမူအရာကို ပြန်လှည့်ကြည့်၍လိုက်လေ၏။ သူမ၏စိတ်ထဲတွင်တော့ ငြိမ်သက်နေခဲ့၏။
“နင်အဖေက လယ်ထဲမှာ အလုပ်မလုပ်ချင်ဘူး၊ အိမ်အလုပ်တွေ အကုန်လုံးကိုလည်း ငါပဲ လုပ်နေရတယ်၊ ဒီလိုဘဝနဲ့ ဘယ်လိုနေရမလဲ”
ကျိုးချွေ့ဟွားသည်ကား အမြဲတစေ ပျင်းရိစွာ ထိုင်နေခဲ့သူဖြစ်ပေသည်။
ယခင်ကဆိုလျှင် လင်းမိန်ဟွေ့က အိမ်အလုပ်များကိုလုပ်၍ လယ်အလုပ်ကိုမူ လင်းကွားချင်းက မနိုင်မနင်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်။
ယခုတွင်တော့ လင်းမိန်ဟွေ့သည်လည်း အိမ်ထောင်ကျသွားခဲ့ပြီ။ လင်းကွားချင်းသည်လည်း နေ့တိုင်း အရက်သောက်နေတတ်ပြီး အိမ်တွင် မကပ်ပေ။ သူမ တစ်ယောက်တည်းလည်း လယ်ယာအလုပ်ကို မလုပ်ချင်ပါချေ။
ကျိုးချွေ့ဟွားတစ်ယောက် စိုက်ခင်းများတွင် မျိုးစေ့ချရမည့်အချိန်တွင် သူမ၏မိသားစုက မျိုးစေ့၊ မြေသြဇာ မည်သည့်အရာကိုမှ မဝယ်ရသေးသောကြောင့် စိုးရိမ်လာရသည်။ မကြာခင် မိုးကလည်း ပြတ်သွားပေတော့မည်။
လင်းမိန်ဟွေ့သည်လည်း ကျိုးချွေ့ဟွား၏ သဘာဝက တခြားလူများကိုသာ ခိုင်းစေချင်ခဲ့ပြီး ပင်ပန်းသည့်အလုပ်ကိုအနည်းငယ်မျှ မလုပ်ချင်ကြောင်းကို သိထားသည်။
“အမေ၊ အဖေက လယ်မလုပ်ချင်ဘူးရင် အမေ ကိုယ်တ်ိုင် လုပ်လေ၊ မုဆိုးမလျိုလည်း ဒီလိုပဲလုပ်နေတာပဲမလား ၊ သူ့အိမ်မှာ လယ်ဧက အများကြီးရှိတယ်၊ အကုန်လုံးကို သူတစ်ယောက်တည်း စိုက်ပျိုးထားတာပဲ”
“ငါက မုဆိုးမ မဟုတ်ဘူး၊ ငါ့မှာ လင်ရှိတယ်လေ...”
“အမေ့ရဲ့ယောကျ်ားက မကူညီဘူးရင် ကိုယ့်ဘာသာ နည်းလမ်းရှာရမှာပေါ့”
လင်းမိန်ဟွေ့၏ စကားများက ကျိုးချွေ့ဟွားကို ပို၍ စိတ်ပူစေသည်။ သူမအနေဖြင့် လင်းမိန်ဟွေ့ထံမှ အကူအညီတောင်းရန် လာခဲ့ခြင်းဖြစ်ပေသည်။ သူမက မကူညီသည့်အပြင် ဤသို့ ရွဲ့စောင်းသည့် စကားများကိုပါ ပြောနေသေးသည်။
ကျိုးချွေ့ဟွား အိမ်ကိုဝေ့ဝိုက်ကြည့်ပြီးနောက် စုန့်ယီ၏အိမ်တွင် မြေသြဇာများ ရှိနေသေးသည်ကို မြင်သော် မျက်လုံးလှိမ့်၍ မြေသြဇာများကို သွားလုရန် ပြေးသွားခဲ့၏။
သူမ၏ ခိုးယူတော့မည်အသွင်ကို မြင်သော် လင်းမိန်ဟွေ့သည်လည်း အမြန်သွားကာ မြေသြဇာအိတ်ပေါ်ကို တက်နင်း၍ ရပ်လိုက်သည်။
“အမေ၊ ဒီမြေသြဇာတွေက ကျွန်မတို့ လယ်ထဲမှာထည့်ဖို့ လိုသေးတယ်၊ အမေ သုံးချင်ရင် ကိုယ့်ဘာသာ ဝယ်သင့်တယ်”
“ဒါဆို ပိုက်ဆံပေးလေ၊ နင်က ပိုက်ဆံတွေကိုတော့ ဆုံးရှုံးအောင် လုပ်တယ်၊ အခု ကိုယ့်တစ်ယောက်တည်း ကောင်းကောင်းနေပြီးတော့ မိဘတွေကို ဂရုမစိုက်တော့ဘူးပေါ့”
“ပိုက်ဆံကြောင့် မဟုတ်ဘူး၊ ဒါက မိသားစုဘဝကိစ္စပဲ၊ ရှင် ကျွန်မကို မွေးစားခဲ့ရတဲ့အတွက် နစ်နာတယ်လို့ ခံစားရရင် ကျွန်မကို သတ်လိုက်လေ”
လင်းမိန်ဟွေ့က ကျိုးချွေ့ဟွားရှေ့တွင် လက်သီးကို တင်တင်းဆုတ်ကာ ရပ်နေခဲ့သည်။ ကျိုးချွေ့ဟွားတစ်ယောက် အလွန်ဒေါသထွက်သွားရ၏။ လင်းမိန်ဟွေ့က လက်ထပ်ပြီး ရက်အနည်းငယ်အတွင်း၌ ဤမျှ ခေါင်းမာသွားလိမ့်မည်ဟု သူမ လုံးဝမထင်ခဲ့ပေ။
“နင်က သမီးဆိုး သမီးယုတ်ပဲ၊ ကျေးဇူးကန်းတဲ့ ကောင်မ၊ စောစောကသာ သိခဲ့ရင် နင်ကို အသက်ရှင်ခွင့်ပေးခဲ့မှာမဟုတ်ဘူး”
ထိုအချိန်တွင် စုန့်ယီက အိမ်ထဲမှ ထွက်လာခဲ့ကာ ကျိုးချွေ့ဟွားကို ကြည့်ပြီး ဖြည်းဖြည်းချင်း မေးမြန်းလိုက်သည်။
“ယောက္ခမ၊ လင်းမိန်ဟွေ့က အန်တီတို့မိသားစုအတွက် ဘယ်လောက်တောင် အလုပ်လုပ်ပေးခဲ့ရသလဲ၊ ဒီလောက် နှစ်တွေအကြာကြီးအတောအတွင်း ကြက်တွေ ဘဲတွေ ဘယ်လောက်များများ မွေးခဲ့လဲဆိုတာ ခင်ဗျား သိပါတယ်၊ ဘာလို့ ဒီလောက်ထိ မညှာမတာပြောနိုင်ရတာလဲ”
“သူက ငါ့သမီးပဲ၊ ငါ့အတွက် အလုပ်လုပ်ရမှာက သူ့တာဝန်ပဲ မဟုတ်ဘူးလား”
ကျိုးချွေ့ဟွားက ကျိုးကြောင်းဆီလျော်သကဲ့သို့ ဆင်ခြေပေးလိုက်သည်။
“သူက အန်တီ့သမီးဆိုမှတော့ သူ့ကို မွေးမြူရမှာ အန်တီ့တာဝန် မဟုတ်ဘူးလား၊ ရွာအရှေ့ကနေ ရွာအနောက်အထိ ဘယ်အဖေအမေကမှ သမီးဖြစ်ကို ပိုက်ဆံရှာဖို့ပဲ ခိုင်းနေတာ၊ ဒါမှမဟုတ် သမီးကို ခေါင်းပုံဖြတ်ဖို့ မွေးခဲ့တာမျိုးမရှိဘူး”
စုန့်ယီမှ ထွုသို့ ပြောလာလျှင် ကျိုးချွေ့ဟွား စကားပြန်မပြောနိုင်တော့ပေ။
စုန့်ယီက ယနေ့တွင် ပွင့်ပွင့်လင်းလင်း မပြောခဲ့သောလည်း ကျိုးချွေ့ဟွားက ဆက်လက်၍ ဒုက္ခပေးနေဦးမည်သာဖြစ်ကြောင်းကို သိနေခဲ့သည်။
“ဒီလောကမှာ မိဘတိုင်းက ကိုယ့်သားသမီးတွေကို ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာကိုပဲ လိုချင်ကြတယ်၊ ဒါပေမဲ့ ယောက္ခမကတော့ သမီးရဲ့အိမ်ကို ဖျက်စီးချင်နေတယ်
ဒါက ဘာအဓိပ္ပာယ်လဲ၊ ကောင်းပြီ သမီးက မိဘအိမ်ကို ကူညီသင့်တယ်၊ ဒါပေမဲ့ အခြေခံအချက်က သမီးဖြစ်သူက ကောင်းကောင်းနေနိုင်မှ ထောက်ပံ့နိုင်မှာလေ...”
စုန့်ယီ၏ စကားများက လင်းမိန်ဟွေ့၏ နှလုံးသားထဲမှ စကားလုံးများနှင့် တူညီနေခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူ၏ စကာများကို နားထောင်ရင်း သူမ၏ မျက်လုံးများက မသိစိတ်မှ စိုစွတ်လာခဲ့ရသည်။
လင်းမိန်ဟွေ့အနေဖြင့် ကျိုးချွေ့ဟွားမှသူမကို နားလည်ပေးရန်အထိ မမျှော်လင့်ခဲ့ပေ။ နောက်ပိုင်းတွင် ဤကဲ့သို့ အရှုပ်အထွေးများကို မလုပ်တော့ရန်ကိုသာ လိုချင်ခဲ့မိသည်။
“ဘာလို့ ကောင်းကောင်းမနေနိုင်ရမှာလဲ၊ နင်တို့က တီဗီဝယ်ထားတယ်၊ နင့်မိသားစုက စီးပွားရေးလည်း လုပ်နေတယ်၊ အခု လယ်လည်း စိုက်ပြီးပြီ... နင့်တို့ဘဝက ဘယ်လောက် ကောင်းနေလဲဆိုတာ နင်မသိဘူးလား”
လင်းမိန်ဟွေ့ လက်ထပ်ပြီးနောက် သူမ၏ဘဝက မိဘများ၏မိသားစုထက်ပင် ပို၍ကောင်းနေသည်ကို ကျိုးချွေ့ဟွား သည်းမခံနိုင်ပေ။
လင်းမိန်ဟွေ့သည်လည်း ကျိုးချွေ့ဟွားကို ကောင်းစွာသိသည်။ ယခု သူမ ကောင်းစွာနေနိုင်သည်ကို မြင်သည့်အတွက် တစ်ဖက်မှ စိတ်မချမ်းသာဖြစ်နေခြင်းသာဖြစ်သည်။
လင်းမိသားစုတွင် အခက်အခဲမရှိလျှင်ပင် သူမကို နှောင့်ယှက်ရန် နည်းလမ်းရှာဦးမည်သာ။ ယခုအချိန်တွင် ကျိုးချွေ့ဟွားက အမှန်တကယ်ဆင်းရဲဒုက္ခရောက်နေသည့်အတွက် ပြောစရာပင် မလိုတော့ပေ။
လင်းမိန်ဟွေ့အနေဖြင့် အိမ်တွင်ကြုံတွေ့နေရသည့် အခက်အခဲများကို ကျိုးချွေ့ဟွားအား ပြောပြရန် ရည်ရွယ်ချက်မရှိပေ။
အဘယ်ကြောင့်ဆိုသော် ကျိုးချွေ့ဟွားက ဤကဲ့သို့ ကိစ္စများကို သိလျှင်ပင် ဂရုစိုက်မည်မဟုတ်သည့်အတွက်ဖြစ်သည်။
“အမေ၊ အမေနဲ့ သမီးကြားမှာ ခံစားချက်တွေ ရှိသေးတယ်လို့ ထင်ရင် အခုချက်ချင်း ပြန်သွားပြီး နေ့လည်ပိုင်းမှာ လယ်မြေကို အမြန်စိုက်ပျိုးဖို့လုပ်လိုက်တော့၊ ဒီမှာ အချိန်မဖြုန်းပါနဲ့”
“ဒါဆို နင် အိမ်ကိုပြန်လာပြီး ငါတို့ ကူစိုက်ပေး”
“ကျွန်မမှာ အဲဒီအတွက်တာဝန် မရှိဘူး၊ ကျွန်မ တစ်နေကုန် ပင်ပန်းနေပြီ၊ နောက်ထပ် စကားတစ်ခွန်းမှ မပြောချင်ဘူး၊ အမေရဲ့သားကိုပဲ သွားရှာပြီး လယ်လုပ်ခိုင်းလိုက်တော့”
လင်းမိန်ဟွေ့က ကျိုးချွေ့ဟွား၏ မတရားသည့် တောင်းဆိုမှုကို ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။