အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း51) ကောလဟာလနှင့်အတင်းအဖြင်းတွေက ကျိန်စာပဲ
စုန့်ယီ၊ လင်းမိန်ဟွေ့နှင့် အန်တီယန်တို့ လယ်ကွက်ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။ လေများက တခြားလူများ၏ ယာခင်းမှ ပြောင်းဖူးပင်များကို တရှဲရှဲတိုက်ခတ်နေခဲ့ကာ သူတို့ကို ပိုမိုစိတ်ဓာတ်ကျစေခဲ့၏။
ထိုအချိန်၌ တာ့ချွမ်က ပေါက်တူးတစ်ချောင်းနှင့် ရောက်လာလေသည်။
သူက စုန့်ယီတို့အဖွဲ့ကို မြင်လျှင် ပြုံးလိုက်ပြီး မေးလာသည်။
“စုန့်ယီ၊ မြေကြီးကို ပေါက်တူးနှင့် လိုက်ဆွတော့လေ၊ ဒီနေ့က ရာသီဥတုကောင်းတဲ့နေ့ပဲ၊ မိုးနှစ်ခါလောက် ကောင်းကောင်းရွာလိုက်တော့ ပျိုးပင်တွေက စုပြုံပြီးပေါက်နေတာ၊ အရမ်းကို စိတ်ကြည်နူးစရာကောင်းအောင် ပေါက်နေတာပဲ”
အန်တီယန်က တာ့ချွမ်အား သတိပေးသော အကြည့်နှင့် ကြည့်လိုက်လျှင် တာ့ချွမ်က ယခုမှပင် သတိရသွားသကဲ့သို့ ပြောလာသည်။
“စုန့်ယီ၊ မင်းရဲ့ ပျိုးပင်တွေ ဘာဖြစ်တာလဲ၊ ဘာလို့ ဝါပြီး သေကုန်တာလဲ၊ ပိုးကျတာများလား ဒါပေမဲ့ ဘာလို့ မင်းပျိုးပင်တွေကိုပဲ ပိုးကျတာလဲ”
သူ၏ အသံက စိတ်ပူနေပုံရသော်လည်း စုန့်ယီနှင့် လင်းမိန်ဟွေ့တို့ကို အကြီးအကျယ် စိတ်မသက်မသာ ဖြစ်စေလေသည်။ လင်းမိန်ဟွေ့က စုန့်ယီကို ထပ်မံနာကျင်စေလိုခြင်း မရှိတော့ပေ။
“တာ့ချွမ်၊ ရှင့်အလုပ်ကိုပဲ သွားလုပ်ပါ၊ ဒီမှာ ရှင်နဲ့ဆိုင်တာ ဘာမှ မရှိဘူး”
“စုန့်ယီ၊ လူကြီးပြောတာ မှန်တယ်လို့ ငါထင်တယ်၊ မင်းက ကံဆိုးတဲ့ ကြယ်ပဲ၊ မင်းရဲ့မိသားစုကလည်း ကောင်းကောင်းမနေနိုင်ခဲ့ဘူး၊ မြေတွေကလည်း မကောင်းဘူး ဟင်း.. ဒါကလည်း ကံကြမ္မာပဲပေါ့”
တာ့ချွမ်က မထွက်ခွာမီ စုန့်ယီ၏အနီး၌ မနှစ်မြို့ဖွယ်ရာ စကားများကို မမေ့မလျော့ ပြောသွားသေးသည်။ စုန့်ယီ၏ မျက်နှာက ဖြူဖျော့သွားထဲ့လေ၏။
သူ၏ မိဘများ ဆုံးပါးသွားစဉ်က ကြေကွဲဖွယ် အခြေအနေအား ပြန်လည်တွေးမိလျှင် မျက်လုံးများသည်လည်း ချက်ချင်း မှိန်ဖျော့သွားခဲ့သည်။ ကံကြမ္မာအား လက်ခံလိုက်သကဲ့သို့ပင်။
သူ့၏ ဤသို့ပုံစံကိုမြင်သော် လင်းမိန်ဟွေ့က အနားကို လှမ်းလာကာ စုန့်ယီ၏ လက်မောင်းကို လှုပ်ခါလိုက်သည်။
“အစ်ကိုစုန့်ယီ၊ စိတ်ဓာတ်မကျပါနဲ့၊ တခြားအကြောင်းပြချက်တွေ ရှိနိုင်ပါသေးတယ်၊ ကျွန်မတို့ သေချာပေါက် ရှာဖွေတွေ့ရှိမှာပါ”
စုန့်ယီက ခေါင်းခါလိုက်သည်။
“အလကားပဲ၊ ဒီမြေကြီးက လွန်ခဲ့တဲ့နှစ် နည်းနည်းလောက်ကတည်းက ဒီလိုဖြစ်နေတာ၊ အရင်က ကောင်းခဲ့ပေမဲ့ ရုတ်တရက် ဝါသွားတယ် ဒါက ကျိန်စာသင့်သလိုပဲ”
“ကျိန်စာဆိုတာက မရှိဘူး၊ အဓိပ္ပါယ်မရှိစကားတွေ...”
“မိန်ဟွေ့၊ မင်းက ကိုယ့်ရဲ့ဝေဒနာတွေကို မကြုံဖူးတော့ ဘယ်လိုခံစားရမလဲဆိုတာ မသိဘူး၊ တစ်ခုခုက မင်းနောက်ကို လိုက်ပြီး မင်းလုပ်သမျှကို ရှုပ်ထွေးအောင် လုပ်နေသလိုမျိုး ဖြစ်နေတာ.. တော်လောက်ပြီ၊ ဒီမြေမှာ ဘယ်တော့မှ ထပ်မစိုက်တော့ဘူး”
စုန့်ယီ စကားပြောပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့၍ နောက်သို့လှည့်မကြည့်ဘဲ အိမ်သို့ပြန်သွားလေသည်။
သို့သော် တာ့ချွမ်က စိတ်ကောင်းရှိနေသကဲ့သို့ စုန့်ယီကို နှစ်သိမ့်ရန် ရှေ့သို့ တိုးလာသည်။
“စုန့်ယီ၊ စိတ်မပူပါနဲ့၊ မြေကို ငါတို့ရဲ့မိသားစုကို ပေးလိုက်လေ၊ ကြည့်ပါလား၊ ငါတို့မိသားစုကို ပေးလိုက်ရင် စိုက်ပျိုးလို့ရနိုင်တာပဲ၊ ဒါဆို ငါတို့မိသားစုက မင်းအတွက် မြေဖိုးကိုပေးလို့မရဘူးလား”
စုန့်ယီက မည်သည့်စကားကိုမှ မပြောဘဲ တိတ်ဆိတ်စွာ အိမ်ပြန်သွားသည်။ တာ့ချွမ်သည်လည်း သူ၏နောက်မှ လိုက်ကာ အာရုံထွေပြားစေမည့် စကားများကို ပြောနေသည်ကို မြင်သော် အန်တီယန်က ပြောလာသည်။
“တာ့ချွမ်က အရမ်းစိတ်သဘောထားယုတ်လွန်းတာပဲ၊ စုန့်ယီ မလုပ်နိုင်တာကို မြင်ရရုံပဲရှိသေးတယ်၊ မြေကို လုယက်ပြီး စိုက်ဖို့ ဘာလို့ ဒီလောက်တောင် အလျင်စလိုလုပ်ရတာလဲ. စုန့်ယီ အခု ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေမလဲဆိုတာ သူ မစဉ်းစားဘူးလား”
သူမ ဆက်လက်၍ ကျိန်ဆဲလိုက်သည်။
လင်းမိန်ဟွေ့အနေဖြင့် ပထမတွင် မည်သည်ကိုမှ နားမလည်နိုင်ခဲ့ပေ။
ယုတ္တိရှိစွာ ပြောရလျှင် မြေကြီးကို အချိန်မှန် စိုက်ပျိုးရေလောင်းထားသည်၊ လုပ်ငန်းစဉ်တစ်လျှောက်လုံး မည်သည့်အရာမှ မမှားယွင်းခဲ့ပေ။
ထိုသို့ဆိုလျှင်ပင် မြေကွက်တစ်လျှောက်မှ မြေများက ကောင်းမွန်နေဆဲပင် ဖြစ်ခဲ့သည်။ သို့သော်လည်း သူတို့မိသားစုမှ ပျိုးပင်များက ရုတ်တရက် ညှိုးခြောက်၍ အမြစ်များ ပုပ်နေခဲ့သည်။
ဤသည်မှာ စိတ်ခံစားမှုအရ သော်လည်းကောင်း၊ဆင်ခြင်တုံတရားအရ သော်လည်းကောင်း မည်သို့မှ သဘောမပေါက်နိုင်သည့်အရာဖြစ်နေပေသည်။
ထိုအခိုက်တွင် လင်းမိန်ဟွေ့တစ်ယောက် အန်တီယန်၏ တီးတိုးပြောသံအား ကြားသော် ထိတ်လန့်သွားလေသည်။ သူမ ခေါင်းကိုမော့ကာ တာ့ချွမ်၏ နောက်ကျောကိုကြည့်ရင်း စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဝင်လာခဲ့သည်။ တာ့ချွမ်က နောက်ကွယ်မှ တစ်ခုခုကို လုပ်ထားခြင်းများလော။
လင်းမိန်ဟွေ့အနေဖြင့် လယ်ယာစိုက်ပျိုးခြင်း၌ သိပ်မကျွမ်းကျင်သော်လည်း လူ့သဘာဝကိုတော့ ကောင်းစွာသိသည်။
ယခင်က သူမတို့က လယ်မြေများကို သူတို့အား မပေးခဲ့သောကြောင့် တာ့ချွမ်က တွေ့ဆုံတိုင်း ကြမ်းတမ်းစွာ ဆက်ဆံခဲ့ဖူးသည်။ သူ့အပေါ်တွင် အကြွေးများစွာ တင်နေသကဲ့သို့ပင်။
ယခုအချိန်တွင်လည်း စုန့်ယီ၏ ပြောင်းဖူးပျိုးပင်များ ပြဿနာတက်သည်နှင့် သူက ပေါက်တူးကိုကိုင်၍ လယ်ထဲသို့ ရောက်လာခဲ့သည်။
ဤသို့သော အပြုအမူသည်က အမှန်ပင် သံသယဖြစ်ဖွယ်ပင်။ သူမ အိမ်သို့ပြန်ရောက်လျှင် စုန့်ယီက ညစာ ပြင်ဆင်နေလေပြီ။
ထိုသူက စိတ်ဓာတ်ကျနေသည်မှာ သိသာထင်ရှားသည်။ လင်းမိန်ဟွေ့ ပြန်ရောက်လာသည်ကိုပင် စကားမပြောလာခဲ့ပေ။
လင်းမိန်ဟွေ့က ရှေ့သို့တိုး၍ ဟင်းသီးဟင်းရွက်များ လှီးရန် ကူညီပေးပြီး မီးမွှေးနေသော စုန့်ယီအား ကြည့်လိုက်သည်။
“အစ်ကိုစုန့်ယီ၊ စိတ်မကောင်းမဖြစ်ပါနဲ့. ဒီကိစ္စမှာ တစ်ခုခု ထူးဆန်းနေတာ သေချာတယ်၊ ကျွန်မတို့ရဲ့ ပြောင်းပင်ပေါက်တွေက ဘာဖြစ်လဲဆိုတာ သေချာပေါက် ရှာတွေ့အောင်လုပ်မယ်”
“စစ်ဆေးဖို့မလိုပါဘူး၊ မြေကိုပဲ အငှားချလိုက်ပါ၊ တာ့ချွမ်ကပြောတယ်၊ မြေအငှားချရင် ကိုယ်တို့ကို ပိုက်ဆံပိုပေးမယ်တဲ့”
“အစ်ကိုစုန့်ယီ၊ ဒီလောက်လွယ်လွယ် အရှုံးမပေးသင့်ဘူး”
လင်းမိန်ဟွေ့ အနည်းငယ် စိုးရိမ်သွားသည်။
သူမအနေဖြင့် ယခင်တုန်းက စုန့်ယီတစ်ယောက် ကံကြမ္မာ၏ ရိုက်ခတ်မှုဒဏ်အား ပြင်းပြင်းထန်ထန် ခံစားခဲ့ရ၍ အလွန်စိတ်ဓာတ်ကျနေသည်ကို သိသည်။ ကိစ္စတစ်ခုခု ကြုံတွေ့လာလျှင် သူ့ဘာသာ တွေးတောစဥ်းစားနေတတ်သည်။
ယခင်ကလည်း ကျန်းကျစ်ကုန်း ကိစ္စနှင့် သူမအပေါ်ရှုပ်ထွေးမည်ကို ကြောက်ကာ ဖြေရှင်းရန်ကြိုးစားခဲ့ဖူးသည်။
ဤသို့သော စိတ်နာကျင်မှုကို သူမ မဖြစ်စေလိုပါချေ။
“အစ်ကိုစုန့်ယီ၊ အမှန်တရားကို မရှာတွေ့သေးဘဲ ခုလို လွယ်လွယ် အရှုံးမပေးသင့်ဘူး တာ့ချွမ်ကလည်း အရမ်းသံသယဖြစ်စရာကောင်းတယ်၊ သူတို့မိသားစုက မြေမလုံလောက်တော့ မြေကို ရဖို့ အစွမ်းကုန် ကြိုးစားမှာပဲ၊ အစ်ကို တာ့ချွမ်ကို သံသယမဝင်ခဲ့ဖူးဘူးလား”
လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီကို အားပေးလိုခြင်းသက်သက်ပင်။ သူတပါးကို ကွယ်ရာ၌ ပြောဆိုခြင်းက မကောင်းသော်လည်း လင်းမိန်ဟွေ့က စုန့်ယီအား ဤသို့ စိတ်ဓာတ်ကျခြင်းမျိုး မဖြစ်စေလို။
စုန့်ယီသည် ခေါင်းမော့၍ လင်းမိန်ဟွေ့အား အလွန်စိမ်းသက်သော မျက်လုံးများနှင့် ကြည့်လာခဲ့သည် ။
“မိန်ဟွေ့၊ ကိုယ် ကံမကောင်းတာက သူများနဲ့ ဘာဆိုင်လို့လဲ၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက တာ့ချွမ် ကိုယ့်ကို အများကြီးကူညီခဲ့ဖူးတယ်၊ အရင်နှစ်တွေက လယ်ထဲမှာ စပါးမထွက်တော့လည်း သူက ကိုယ့်အတွက် ပြောင်းဖူးတစ်အိတ်တောင် ယူလာပေးခဲ့ဖူးတယ်”
“အစ်ကိုစုန့်ယီ၊ အပေါ်ယံပဲ မကြည့်ပါနဲ့”
လင်းမိန်ဟွေ့ ဆက်လက်၍ အကြံပေးလိုက်သည်။
မထင်မှတ်ဘဲ စုန့်ယီက နားထောင်ချင်စိတ်တို့ လုံးဝမရှိနေခဲ့လေ။ သူ ထင်းကို ထိုးထည့်ချိန်တွင် အားအလွန်ပြင်းလွန်း၍ လက်က မီးလောင်နေသော ထင်းကိုပင် ရုတ်တရက် ထိမိသွားခဲ့သည်။
လင်းမိန်ဟွေ့ သူ၏လက်တွင် အပူဖုကြီးတစ်လုံး ပေါက်လာသည်ကို မြင်သော် အပြင်သို့ အလောတကြီး ထွက်၍ ရေအေးများ ခပ်လာပြီး စုန့်ယီ၏ လက်ကို ရေအေးထဲသို့ ထည့်ခိုင်းလိုက်သည်။
စုန့်ယီသည်ကား စိတ်ဓာတ်ကျနေခဲ့သောကြောင့် လှုပ်ရှားမှုမရှိခဲ့ချေ။ ထို့ကြောင့် လင်းမိန်ဟွေ့ကသာ သူ၏လက်ကို ယူ၍ ရေအေးထဲသို့ ထည့်ပေးရသည်။
“အစ်ကိုစုန့်ယီ၊ နာနေသေးလား”
“ကိုယ် ခုနက နည်းနည်းလောက် စိတ်မြန်သွားတယ်၊ မိန်ဟွေ့ ကိုယ် တောင်းပန်ပါတယ်”
စုန့်ယီတစ်ယောက် သူ၏ စိတ်လွတ်ကိုယ်လွတ်ဖြစ်မှုက လင်းမိန်ဟွေ့ကို နာကျင်စေခဲ့သည်ကို သဘောပေါက်သွားခဲ့ပြီး သူ၏စိတ်ခံစားချက်များကို သူမအပေါ် ပုံချခြင်းက မသင့်တော်ကြောင်း သတိဝင်လာခဲ့သည်။
ထိုအကြောင်းကို တွေးမိလျှင် စုန့်ယီတစ်ယောက် ခေါင်းငုံ့လိုက်မိကာ လင်းမိန်ဟွေ့၏ မျက်လုံးများကို မကြည့်ရဲတော့ချေ။
လင်းမိန်ဟွေ့က စုန့်ယီ၏ ဒဏ်ရာရထားသော လက်ဖမိုးပေါ်တွင် ပဲငံပြာရည် လိမ်းပေးပြီး ညင်သာစွာ မှုတ်ပေးသည် ။
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့က အခု မိသားစုတွေပဲ၊ မိသားစုဆိုတာ ဒုက္ခကိုရော သုခကိုရော အတူတူ ခံစားရမယ်၊ ပြောင်းဖူးပျိုးပင်တွေ ညှိုးခြောက်သွားတာက ထူးဆန်းလွန်းနေတယ်၊ တစ်ခုခု မှားနေတယ်လို့ ကျွန်မ ခံစားရတယ်”
“အင်း”
“စိတ်ဓာတ်မကျပါနဲ့ဦး၊ ကျွန်မတို့ တစ်ခုခု ရှာတွေ့နိုင်မှာပါ”
လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီ၌လည်း နုနယ်သောဘက်ခြမ်း ရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူ့ကို အပြစ်မတင်ဘဲ ပိုလိုပင်သနားမိသည်။
သို့သော် သူမက ပြောင်းဖူးခင်းမှ ကိစ္စကိုတော့ သေချာပေါက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် ဤရက်များ၌ သူတို့ကြိုးစားခဲ့သမျှအတွက် အလွန်စိတ်မကောင်းဖြစ်ရလိမ့်မည်။
နေ့လယ်ပိုင်းတွင် လင်းမိန်ဟွေ့က ကျန်ရှိသော ပြောင်းစေ့များကို လှည့်ပေါ်သို့တင်ကာ တာ့ချွမ်တို့ အိမ်ရှေ့မှတမင်တကာ ဖြတ်သွားခဲ့သည်။
တာ့ချွမ်က ထိုအချိန်တွင် အိမ်ထဲရှိ ဟင်းသီးဟင်းရွက်ခင်းများကို ရေလောင်းနေခဲ့သည်။ လင်းမိန်ဟွေ့က လှည်းကိုတွန်းလာသည်ကို တွေ့လိုက်ရလျှင် စိတ်ကြည်လင်စွာနှင့် မေးလိုက်သည်။
“မိန့်ဟွေ့၊ ဘာလုပ်နေသလဲ?”
“ပြောင်းစေ့တွေ စိုက်မလို့လေ!”
တာ့ချွမ်က အနည်းငယ် သဘောမကျစွာဖြင့် မျက်နှာကိုရှုံ့မဲ့ကာ ဆိုသည်။
“မျိုးစေ့တွေက ချဖို့က အချိန်လွန်သွားပြီ၊ နောက်ထပ် ဘာလို့ စိုက်နေမလဲ?”
သူ့၏အမူအရာက လင်းမိန်ဟွေ့၏ အကြည့်အောက်မှ လွတ်သွားခဲ့ချေ။ လင်းမိန်ဟွေ့ သူ့မျက်နှာပေါ်မှ အကြံဉာဏ်ကို ခန့်မှန်းနိုင်ခဲ့သည်။
“တာ့ချွမ်၊ အခုက စိုက်လို့ရသေးတယ်လေ၊ ကျွန်မ အဆိုးတွေပဲဖြစ်လာလိမ့်မယ်လို့ မယုံဘူး၊ ဒီတစ်ကြိမ် မျိုးစေ့တွေကလည်း နောက်ထပ် ညိုးကျသွားမယ်ဆိုရင်တော့ ကျွန်မ တကယ်လက်လျှော့လိုက်မယ်”
တာ့ချွမ်က ထိုစကားများကို ကြားပြီးနောက် မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။
“ဒါဆိုရင် မင်းမှာအခက်အခဲတွေရှိရင် ငါ့ကိုပြောလေ၊ ငါ ကူညီပေးမယ် စုန့်ယီနဲ့ ငါက သူငယ်ချင်းတွေပဲ၊ သူ့မှာ အကူအညီလိုရင် ငါ ကူပေးရမှာပေါ့”
လင်းမိန်ဟွေ့ ပြုံးပြီး ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် တာ့ချွမ်၊ အခုတော့ ကျွန်မ တစ်ယောက်တည်း လုပ်နိုင်သေးတယ်”
အခန်း(52)ညလယ်သန်းခေါင်မှာ သရဲဖမ်းမိခြင်း
လင်းမိန်ဟွေ့ ပြောင်းဖူးများကို စိုက်ပြီးသောအချိန်တွင် ညနေစောင်းနေလေပြီ။
ရွာအတွင်းမှ နွားနှင့်သိုးအုပ်များကပင် အိမ်ပြန်ရန်အတွက် အလျင်စလို ပြေးနေကြလေပြီ။ ရွာထဲမှ မီးခိုးများ တလူလူထွက်နေသည်ကို မြင်သော် လင်းမိန်ဟွေ့တစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဤကိစ္စက အမှန်တကယ် သဘာဝဘေးအန္တရာယ် ဖြစ်ပါစေဟုသာ မျှော်လင့်မိတော့သည်။
တစ်ပတ်အကြာတွင် စုန့်ယီ၏ လယ်ယာထဲမှ ပျိုးပင်များက ခိုင်မာသန်စွမ်းစွာ ပြန်ပေါက်လာပြန်သည်။
ဤတစ်ကြိမ်တွင် လင်းမိန်ဟွေ့ရော စုန့်ယီရပါ လျှင်မြန်စွာဝမ်းမသာရဲတော့ချေ။ ရေလောင်းခြင်း၊ ပျိုးပင်စိုက်ခြင်းနှင့် မြေသြဇာကျွေးခြင်းမှလွဲ၍ အခြားအချိန်များတွင် စုန့်ယီကတော့ လယ်သို့ လာရန်ပင် ဆန္ဒမရှိဖြစ်နေခဲ့သည်။ သူ အမှန်တကယ်ပင် စိတ်ပျက်အားလျော့နေလေပြီ။
လင်းမိန်ဟွေ့ကတော့ ထိုအကြောင်းများကို မတွေးတောချေ။ သူမက အစောကြီးထ၍ ညဘက်ကိုပင် လယ်ထဲသို့ လာရောက်စောင့်ကြည့်နေဆဲဖြစ်သည်။
သူမအနေဖြင့် မည်သူက ဤမျှလောက် ဆိုးသွမ်း၍ စုန့်ယီ၏ စိုက်ခင်းကို မပေါက်စေအောင် လုပ်ဆောင်နေသည်ကို သူမ မြင်တွေ့လိုသည်။
ထိုညတွင်ဆော့ လင်းမိန်ဟွေ့ လယ်ထဲသို့ ရောက်သည်နှင့် အစိုဓာတ်မဖောက်စေရန် နိုက်လွန်ဖျာတစ်ချပ် ဖြန့်ခင်း၍ လယ်စပ်၌ လှဲနေခဲ့သည်။
ညဘက်လေများက ညင်သာ၍ ခြင်များကလည်း ရစ်ဝဲနေသော်လည်း လင်းမိန်ဟွေ့ကတော့ သတိလက်လွတ် မနေရဲချေ။
ညဦးပိုင်းက ငြိမ်သက်လွန်းနေသောကြောင့် လင်းမိန်ဟွေ့တစ်ယောက် သူမ သံသယလွန်ကဲနေသည်လားဟုပင့ ထင်လိုက်သည်။
သို့ရာတွင် ညလယ်ပိုင်းသို့ရောက်လာချိန်တွင်တော့ သူမ လယ်ထဲ၌ ဟူးခနဲ အသံတစ်ခုကို ကြားလိုက်ရလေ၏။
လင်းမိန်ဟွေ့ ခေါင်းမော့ကြည့်လိုက်သောအခါ မည်းမှောင်သော အရိပ်တစ်ခုက ပိုးသတ်ဆေးဖြန်းစက်တစ်ခုကို သယ်၍ တစ်စုံတစ်ခုအား လယ်ထဲတွင် ဖြန်းနေသည်ကို တွေ့လိုက်ရသည်။
လင်းမိန်ဟွေ့တစ်ယောက် ချက်ချင်း ဖမ်းဆီးရန် မရဲခဲ့ချေ။ သူမက ဆက်လက် ပုန်းအောင်းနေလိုက်သည်။ ဤလူကို မနက်ဖြန်အချိန်တွင်မွ လူအချို့နှင့် ဖမ်းဆီးပြီး အဘယ်ကြောင့် ဤသို့လုပ်သည်ကို စစ်ဆေးရန် ကြံစည်ခဲ့သည်။
မှောင်မည်းသော အရိပ်က လယ်တစ်ဝက်နီးပါးအား ဖြန်းပြီးခဲ့ပေပြီ။ အချိန်က မကြာခင် မိုးလင်းတော့မည်ဖြစ်၍ သူသည်လည်း လူအများသိသွားမည်ကို ကြောက်ပုံရကာ အလောတကြီးဖြင့် ထွက်သွားသည်။
လင်းမိန်ဟွေ့ အိမ်သို့ပြန်ရောက်သည် ရေတစ်ခွက်ခပ်ကာ အမောတကောသောက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ တစ်ယောက်ယောက်က ကျွန်မတို့ရဲ့လယ်မြေထဲမှာ တစ်ခုခု ဖြန်းသွားတယ်! ကျွန်မ အနံ့ခံကြည့်တော့ ထူးဆန်းတဲ့အနံ့ရတယ်! အဲဒါက ပိုးသတ်ဆေး ဖြစ်နိုင်တယ်...”
“ဘာ”
စုန့်ယီ ခုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သည်။ သူ၏မျက်နှာသည်လည်း ဒေါသများဖြင့် ဖုံးလွှမ်းနေခဲ့လေ၏။
သူက ဖိနပ်ကို အမြန်စီးနေခဲ့ပြီး အပြင်သို့ ထွက်ကာ ထိုလူနှင့် စာရင်းရှင်းဖို့ တွေးနေပုံရသည်။
လင်းမိန်ဟွေ့ သူ့ကို တားဆီးလိုက်သည်။
“အစ်ကိုစုန့်ယီ၊ အခုက သူ ဘယ်သူလဲဆိုတာ ကျွန်မ မသေချာသေးဘူး၊ ဒီညကျရင် အန်တီယန် ၊ လီတုန်နဲ့ တခြားသူတွေကို ခေါ်ပြီး အဲဒီလူကို အတူတူ ဖမ်းဖို့ အကူအညီတောင်းကြမယ်၊
ပထမ တစ်ချက်က လူများတဲ့အတွက်ဖမ်းဆိုပိုပြီးအဆင်ပြေတယ်၊ ဒုတိယ တစ်ချက်က သက်သေလည်း ရတယ်လေ၊ ကျွန်မတို့ နှစ်ယောက်တည်းက သူ့ကို စွပ်စွဲတယ်လို့ ပြောလို့ မရတော့ဘူးပေါ့”
စုန့်ယီ ချက်ချင်း သဘောတူလိုက်သည်။
သို့နှင့် ညဘက်တွင် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ရွာထဲအတွင်းမှ လူအတော်များများကို အသိပေး၍ လယ်စပ်နားတွင်ပုန်းအောင်းကာ ထိုလူပေါ်လာမည့်အချိန်ကို စောင့်နေခဲ့ကြသည်။
လီတုန်သည်လည်း ရိုးသားသောလူတစ်ယောက်ပင်ဖြစ်လေ၏။ ဤကိစ္စအား ကြားသော် သူက အလွန်အမင်း ဒေါသထွက်သွားခဲ့သည် ။
“ဒီလူတွေက ဒီရွာထဲမှာနေပြီး ဘာလို့ ဒီလောက်တောင် မကောင်းတဲ့စိတ်တွေ ရှိရတာလဲ၊ စုန့်ယီအတွက် ဒီလောက်ဖြစ်ပျက်ခဲ့တာက ဒုက္ခမများသေးဘူးလို့ထင်နေတာလား
သူက ဒုက္ခအပေါ် ဒုက္ခထပ်တင်တာပဲ၊ လုံးဝစိတ်ဓာတ်မကောင်းဘူး၊ စိတ်မပူနဲ့ မကြာခင် သူ့ကိုရအောင်ဖမ်းမယ်၊ သူ့ရဲ့နှလုံးက အနက်ရောင်လား၊ အနီလားဆိုတာကြည့်ချင်သေးတယ်”
“အမှန်ပဲ၊ ဒီမြေကွက်နဲ့ ပတ်သက်ပြီး ပြောရရင် စုန့်ယီရဲ့ မြေကွက်ထဲမှာ ဘာမှမပေါက်နိုင်တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့တွေးနေတာ၊ လက်စသတ်တော့ တခြားလူတစ်ယောက်က လာပြီး ညစ်ပတ်တဲ့အရာတွေလုပ်နေတာကိုး၊
ဒီတစ်ခါ သူ့ကို ဖမ်းမိပြီဆိုတာနဲ့ အရင်နှစ်တွေက ဆုံးရှုံးမှုတွေအတွက်ပါ လျော်ကြေးပေးခိုင်းရမယ်”
အန်တီယန်လည်း အလွန်ဒေါသထွက်နေသည်။ တစ်ချိန်တည်းတွင် သူမ အနည်းငယ် မှားယွင်းမိသွားသည်ဟု ခံစားရသည်။ သူမက ထို ကောလာဟလများအား ယုံလုနီးပါး ဖြစ်သွားခဲ့သည်ပင်။
စုန့်ယီကတော့ လူအုပ်စုထဲတွင် ဒေါသအထွက်ဆုံးဖြစ်နေခဲ့သည်။
သူက လက်သီးကိုတင်းတင်းဆုပ်ထားကာ မျက်လုံးများသည်လည်း ကြယ်များကဲ့သို့ လင်းလက်နေခဲ့သည်။
“ကျွန်တော်, စုန့်ယီက ပုံမှန်အားဖြင့် လူတွေနဲ့ သိပ်ပြီးမဆက်ဆံပေမဲ့ သူများတွေကို ထိခိုက်နစ်နာအောင် ဘယ်တော့မှ မရည်ရွယ်ခဲ့ဘူး၊ ဒီလူတွေက ဘာလို့ ဒီလောက်တောင် ဆိုးသွမ်းပြီး ကျွန်တော့်ကို ထိခိုက်အောင် လုပ်ချင်ရတာလဲ”
လင်းမိန်ဟွေ့လည်း သူတို့ပြောသည်ကို နားထောင်ရင်း အလွန်စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။
သို့သော် ဤသည်မှာ အမှန်တရားပင်။
“အစ်ကိုစုန့်ယီ၊ အန်တီယန်၊ လီတုန်.. အစ်ကိုစုန့်ယီကို လာပြီးကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ လူကိုမိသွားရင်တော့ ပြောစရာရှိတာကိုပဲ ပြောရအောင်၊ ကိုယ်ထိလက်ရောက်တွေ ဘာမှ မလုပ်ကြပါနဲ့ဦး”
လင်းမိန်ဟွေ့က ရေရှည်ကို တွေးထားခဲ့သည်။ သူမအနေဖြင့် မည်သူကိုမျှ မထိခိုက်စေချင်သလို၊ အငြိုးအတေးများကိုလည်း ပိုမိုမများလာစေချင်တော့ပေ။
လူအုပ်စုက တီးတိုး စကားပြောနေကြပြီး လယ်ထဲသို့ အာရုံမစိုက်ကြချေ။ သို့သော် လင်းမိန်ဟွေ့ကတော့ ဆက်လက် အာရုံစိုက်နေသည်။
မကြာခင်ပင် မှောင်မည်းသော အရိပ်တစ်ခု လယ်ထဲသို့ တိတ်တဆိတ် ဝင်သွားသည်ကို သူမ မြင်လိုက်ရသည်။
ချက်ချင်းဆိုသကဲ့သို့ နောက်ထပ် အရိပ်တစ်ခုကလည့် ရောက်လာပြန်သည်။ ထိုသူက လူအင်အား မလုံလောက်သည့်အတွက် ပိုးသတ်ဆေးဖြန်းခြင်းက နှေးကွေးနေသည်ဟု ထင်နေပုံရသည်။
ထို့ကြောင့် နောက်ထပ် အကူအညီတစ်ယောက်ကို ခေါ်ထားခြင်းပင်။
အလွန်ပင် မုန်းတီရွံရှာဖွယ် ကောင်းလှပေသည်။
လင်းမိန်ဟွေ့သည် သူမ၏စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားလိုက်ရသည်။ သို့သော်လည်း တရုတ်လူမျိုးတို့၏ မူလစိတ်ဓာတ်က သူမထံမှ ရုတ်တရက် ထွက်ပေါ်လာလေ၏။
ကမ္ဘာပေါ်တွင် ဤသို့ ဆိုးသွမ်းသောလူများက အဘယ်ကြောင့် ရှိနေရသည်နည်း။
ထိုလူနှစ်ယောက်က ပိုးသတ်ဆေးများကိာ အားကုန်ဖြန်းနေကြပြီး ဤဘက်သို့ ဖြည်းဖြည်းချင်း လာနေသည်ကို မြင်သော် လီတုန်နှင့် လူငယ်တချို့က ရုတ်တရက် ပြေးထွက်လာပြီး တစ်ဖက်မှအရပ်မြင့်သော မှောင်မည်းသညာ့ အရိပ်အား ပေါက်တူးရိုးနှင့် လှဲချလိုက်သည်။ နောက်တစ်ယောက်ကိုတော့ အန်တီယန်နှင့် လင်းမိန်ဟွေ့ထံသိာ့ လွှဲပေးလိုက်လေသည်။
စုန့်ယီက ဒဏ်ရာရထားဆဲဖြစ်၍ လင်းမိန်ဟွေ့က သူ့အား ဝင်ပါခွင့်မပြုရဲခဲ့ချေ။
ပိုးသတ်ဆေးဖြန်းနေသော လူနှစ်ယောက်ကို ဖမ်းမိပြီးနောက် လီတုန်က ဆီမီးခွက် ထွန်း၍ ကြည့်လိုက်သည်။
“ဘယ်လူနှစ်ယောက်ကများ ဒီလောက်ထိ မကောင်းတဲ့စိတ်နဲ့ စုန့်ယီရဲ့မိသားစုကို ဒီလိုမျိုး လုပ်နေတာလဲ! ကြည့်ရအောင်”
အန်တီယန်သည်လည်း မီးရောင်အောက်တွင် မျက်လုံးကိုမှေးကျဥ်း၍ ကြည့်လိုက်သောအခါ တာ့ချွမ်နှင့် သူ၏အဖေဖြစ်နေသည်ကို မြင်လိုက်ရကာ အံ့ဩတကြီးနှင့် ပြောလိုက်မိသည်။
“ နင်တို့အဖေနဲ့သားဖြစ်နေတာပဲ! နင်တို့တွေ ဘာလုပ်ချင်နေကြတာလဲ”
တစ်ယောက်ယောက်က သူ့တို့ကို မြင်သွားပြီဖြစ်ကြောင်း သိလိုက်ရလျှင် တာ့ချွမ်က ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး စိတ်ပျက်အားငယ်စွာ ရပ်နေလိုက်သည်။
စုန့်ယီ၏ မျက်လုံးများကတော့ နီရဲနေခဲ့ပြီး လက်သီးကိုတင်းတင်းဆုပ်၍ တာ့ချွမ်၏ တစ်ဖက်ခြမ်းသို့ လျှောက်သွားခဲ့သည်။
“တာ့ချွမ်၊ မင်း ငါတို့ရဲ့မြေပေါ်မှာ ဘာလို့ပိုးသတ်ဆေးတွေ ဖြန်းနေတာလဲ၊ ငါ မင်းကို သူငယ်ချင်းကောင်းတစ်ယောက်လို့ အမြဲသဘောထားခဲ့တာ၊ ငါတို့တွေ သိပ်မဆက်သွယ်ပေမဲ့ ငါ့စိတ်ထဲမှာ မင်းကို ညီအစ်ကိုတစ်ယောက်လို အမြဲတမ်းသဘောထားခဲ့တယ်”
တာ့ချွမ်က တုံ့ဆိုင်းစွာ စကားအနည်းငယ်ပြောပြီး မည်သည့်စကားကိုမှ မပြောတော့ချေ။
ညက ရေပြင်ကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်ခဲ့နေသည်။ လေညင်းများက နှင်းစက်များ၏ အေးမြမှုအား သယ်ဆောင်လာခဲ့သည်။
သို့သော်လည်း ဤအချိန်၌မူ လူတိုင်း၏ရင်ထဲတွင် အေးစက်မှုတစ်ခုကသာ ပျံ့နှံ့နေသကဲ့သို့ ခံစားနေခဲ့ရသည်။
လင်းမိန်ဟွေ့က စုန့်ယီ၏ ဝမ်းနည်းနေသောမျက်နှာကို ကြည့်ကာ သူ၏လက်ကို ဆုတ်ကိုင်လိုက်သည် ။
“အစ်ကိုစုန့်ယီ၊ အခုက ဘယ်သူလုပ်တာလဲဆိုတာ သိသွားပြီဆိုတော့ အရမ်းစိတ်မကောင်းမဖြစ်ပါနဲ့တော့ ၊ ကျွန်မတို့ရဲ့လယ်မြေက နောက်ထပ် သီးနှံတွေ စိုက်ပျိုးလို့ ရသေးတယ်ဆိုတော့ ကံကောင်းတာပဲလေ”
“အမှန်ပဲ၊ စုန့်ယီ စိတ်မကောင်းမဖြစ်ပါနဲ့၊ ဒီလိုလူမျိုးက မင်းရဲ့ဝမ်းနည်းမှုကို မထိုက်တန်ဘူး”
လီတုန်က တာ့ချွမ်အား ဒေါသတကြီး စိုက်ကြည့်ပြီးနောက် စုန့်ယီဘက်ကိုလှည့်ကည နှစ်သိမ့်လိုက်သည်။
တာ့ချွမ်၏အဖေက ရုတ်တရက် အော်လိုက်သည်။
“ငါတို့က ဘယ်လိုလူမျိုးတွေ ဖြစ်နေလို့လဲ၊ ငါတို့က ဆင်းရဲလွန်းလို့ အသက်ရှင်နိုင်ဖို့ ခက်ခဲနေရတဲ့သူတွေပဲ၊ မိသားစုမှာ ကလေးတွေ အများကြီးရှိတယ်၊ မြေဆယ့်နှစ်ဧကလောက်ရှိနေတာတောင်မှ စပါးတစ်စေ့မှ မချန်ဘဲ ရောင်းလိုက်ရပြီး တစ်မိသားစုလုံးကိုလည်း မကျွေးနိုင်ဘူး”
“စုန့်ယီ မင်းကတော့ တစ်ယောက်တည်းပဲ ရှိနေတာလေ! အခု မင်းရဲ့ မိန်းမကလည်း စီးပွားလုပ်နေပြီ၊ ငါတို့ကို မြေပေးလိုက်ရလို့ မင်းက ဘာတွေများ ဆုံးရှုံးမှာမို့လို့လဲ”
တာ့ချွမ်သည်လည်း ယခုထိ အလျှော့မပေးသေးဘဲ ဒေါသအချို့နှင့် ဤစကားများအား ပြောလိုက်သည်။
လီတုန်းတစ်ယောက် အလွန်ဒေါသထွက်သွားပြီး တာ့ချွမ်ကိာ တွန်းထုတ်လိုက်သည်။
“မင်းမှာ ကိုယ်ကျင့်တရားဆိုတာ မရှိဘူ့လား၊ စုန့်ယီကတောင် မင်းကို အပြစ်မတင်ရသေးဘူး၊ မင်းက ခုထိ မကျေမနပ်ဖြစ်နေသေးတယ်၊ စုန့်ယီတို့မိသားစုရဲ့ မြေက ဘယ်လောက်ပဲရှိရှိ အဲဒါက စုန့်ယီရဲ့မိဘတွေ သူ့အတွက် ချန်ထားခဲ့တာ၊ မင်းတို့ မိသားစုနဲ့ ဘာဆိုင်လို့လဲ”
“ သူများကို ကူညီရင် ကျေးဇူးတင်ခံရလိမ့်မယ်၊ ဒါပေမဲ့ မကူညီရင်လည်း အဲဒါက သူ့ရဲ့သဘောပဲ၊ စုန့်ယီက အခု ဒဏ်ရာရနေတယ်၊ မင်းတို့ထဲက ဘယ်သူကမှ သူ့မိသားစုအခက်အခဲတွေကို ဂရုမစိုက်ဖူးဘူး၊ အခုကျမှ ဘာလို့ သနားစရာကောင်းသလို လာလုပ်နေရတာလဲ”
အန်တီယန်သည်ကား တာ့ချွမ်တို့မိသားစုကဲ့သို့သော လူများကိုအလွန်မုန်းတီးလေ၏။
စုန့်ယီနှင့် လင်းမိန်ဟွေ့တို့က နေ့တိုင်း အလွန်အလုပ် လုပ်ခဲ့ကြသည်။
သို့သော် သူတို့ကတော့ လူတိုင်းကို တိုင်တောကာ သနားစရာကောင်းအောင် လုပ်နေခဲ့ကြသည်။
ဤသို့သော လူများက ပြဿနာကို မဖြေရှင်းလိုဘဲ တခြားလူများကိုသာ ထိခိုက်အောင်သာ ပြုလုပ်လိုကြသည်။
“မိန်ဟွေ့၊ ဒီကိစ္စက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးလို့ ငါထင်တယ်၊ ရွာလူကြီးဆီကိုပဲ လွှဲပေးလိုက်ပါ”
အန်တီယန်က ပြောလိုက်သည်။
တာ့ချွမ်နှင့် သူ၏အဖေသည်လည်း ဤစကားကို ကြားသော် ကြောက်လန့်သွားကြလေသည်။
သူတို့က စုန့်ယီ၏လက်ကိုဆွဲကိုင်၍ တောင်းပန်ကြသည် ။
“စုန့်ယီ၊ ဒီကိစ္စကို ရွာလူကြီးကို မပြောပါနဲ့၊ မဟုတ်ရင် ငါတို့မိသားစုတွေ ရွာထဲမှာ နေရတာ မျက်နှာမဖော်နိုင်ဖြစ်နေလိမ့်မယ်”
“ဒါဆို မင်းတို့တွေ ဘာလို့ အစကတည်းက ဒီလိုလုပ်ရပ်မျိုးတွေ လုပ်ခဲ့တာလဲ၊ ဒီသီးနှံကိုစိုက်ဖို့အတွက် မိန်ဟွေ့ ဘယ်လောက်ခက်ခက်ခဲခဲလဲလုပ်ခဲ့ရတယ်ဆိုတာ မင်းတို့ သိလား”
စုန့်ယီ အသံကျယ်ကျယ်နှင့် အော်မေးလိုက်သည်။ သူ၏စိတ်ခံစားချက်များက နောက်ဆုံးတွင် ပေါက်ကွဲလာခဲ့လေသည်။
ဤအချိန်၌ လူတိုင်းက စုန့်ယီ၏စိတ်ကို နားလည်ကြသည်။
တာ့ချွမ်က လင်းမိန်ဟွေ့ဘက်သို့လှည့်ကာ အမြန်တောင်းပန်ပြန်သည် ။
“ငါ တောင်းပန်ပါတယ် မရီ့၊ ငါ မှားသွားတယ်ဆိုတာကို သိပါတယ်၊ နောက်ထပ် ဘယ်တော့မှ ဒီလိုမလုပ်တော့ပါဘူး။”
တာချွမ်၏ဖခင်လည်း ပိုးသတ်ဆေးဖြန်းစက်ကို ချလိုက်ပြီး အမြန်ဝငာပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ဒီတစ်ခါ ပြန်စိုက်တာကို ငါနဲ့ တာ့ချွမ် ကူညီပေးပါ့မယ်၊ သေချာပေါက် နောက်မကျအောင် လုပ်ပါ့မယ်၊ ကျေးဇူးပြုပြီး ငါတို့သားအဖ လုပ်ခဲ့တာကို လူအများသိအောင် မလုပ်ပါနဲ့”