← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း(57) ပြန်ပြီး ဆင်းရဲသွားပြန်ပြီ

စုန့်ယီတစ်ယောက် အဝတ်အထည်ဆိုင်ဘေးမှ ဖြတ်သွားချိန်တွင် လင်းမိန်ဟွေ့၏လက်ကို ဆွဲကိုင်ကာ ဆိုင်အတွင်းသို့ ဝင်သွားခဲ့သည်။

“ကိုယ် မင်းကို အဝတ်အစားကောင်းကောင်းလေး နှစ်စုံလောက် အရင်ဝယ်ပေးမယ်၊ ကိုယ် မင်းနဲ့လက်ထပ်တုန်းက ဘာမှမဝယ်ပေးခဲ့ရဘူး၊ အခုလျော်ကြေးပြန်ပေးတယ်လို့ ထားလိုက်ပေါ့”

အဝတ်အစားဝယ်ပေးမည်ဟု ကြားလိုက်ရသည်နှင့် လင်းမိန်ဟွေ့က ချက်ချင်း ရပ်တန့်သွားခဲ့သည်။ စုန့်ယီက သူကို ပြန်လည်ပေးဆပ်လိုကြောင်း သိသော်လည်း ယခုက အချိန်မကျသေးကြောင်းကို လင်းမိန်ဟွေ့ နားလည်၏။

သူမအနေဖြင့် ဘေးဘက်မှ လျှပ်စစ်ပစ္စည်းဆိုင်ကို တစ်ချက်ကြည့်လိုက်မိကာ ရေခဲသေတ္တာဝယ်ရန်အတွက် ငွေကြေးမလုံလောက်မည်ကို စိုးရိမ်နေခဲ့သည်။

“အစ်ကို စုန့်ယီ၊ အခုက ကျွန်မမှာ အဝတ်အစားတွေ ရှိပါသေးတယ်၊ စီးပွားရေးကိစ္စကို အရင်လုပ်တာ ပိုကောင်းမယ်ထင်တယ်”

“အဝတ်အစားနည်းနည်းလောက် ဝယ်တာက ပိုက်ဆံအများကြီး မကုန်ပါဘူး”

လင်းမိန်ဟွေ့၏စကားက လက်ခံသင့်ကြောင်းကို စုန့်ယီ သိသော်လည်း လင်းမိန်ဟွေ့အတွက် တစ်ခုခု ဝယ်ပေးသင့်သည်ဟု ခံစားရဆဲပင်။ သို့သော် လင်းမိန်ဟွေ့က ပြုံး၍ ပြောလာခဲ့သည်။

“လိုအပ်နေတဲ့လူတစ်ယောက်အတွက် တစ်ဆင့်လောက်ကတောင် များနေသေးတယ်၊ ကျွန်မတို့မှာ ရေခဲသေတ္တာဝယ်ဖို့ ယွမ်နည်းနည်းပဲရှိတာလေ၊ ငွေချေးဖို့နေရာလည်း မရှိဘူး. အခု အရေးအကြီးဆုံးက စီးပွားရေးကို အမြန်ဆုံးစတင်နိုင်ဖို့ပဲ၊ မဟုတ်ရင် နောက်ပိုင်းမှာ အခက်အခဲတွေ ရှိလာရလိမ့်မယ်. အဝတ်အစားတွေက ဘယ်အချိန်မဆို ဝယ်လို့ရတာပဲမလား”

လင်းမိန်ဟွေ့က စိတ်ပိုင်းဖြတ်ထားခဲ့ပြီး ငွေကြေးကို ဖြုန်းတီးလိုစိတ်မရှိကြောင်းကို တွေ့မြင်လိုက်ရသောကြောင့် စုန့်ယီ၏စိတ်ခံစားချက်ကလည်း လှုပ်ရှားသွားခဲ့လေ၏။

“ကောင်းပြီလေ၊ ဒါဆိုလည်း ကိုယ်တို့တွေ ရေခဲမုန့် ပထမအသုတ်ရောင်းပြီးမှ မင်းကို အဝတ်အစားဝယ်ပေးမယ်၊ အဲဒီအချိန်ကျရင်တော့ မင်း ထပ်ပြီး ငြင်းဆန်လို့ မရတော့ဘူးနော်”

စုန့်ယီ လင်းမိန်ဟွေ့ဆီမှ ကတိပေးလိုက်ပြီးနောက် သူမနှင့်အတူ လျှပ်စစ်ပစ္စည်းဆိုင်အတွင်းသို့ ဝင်လာခဲ့လေ၏။

ခရိုင်မြို့၏လျှပ်စစ်ပစ္စည်းဆိုင်က အတော်လေး ကြီးမားလှသည်။ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ သုံးကြိမ်မျှ ဟိုဟိုဒီဒီလျှောက်ကြည့်ပြီးမှသာ နောက်ဆုံးတွင် ရေခဲသေတ္တာ တစ်ခုကို ရွေးချယ်လိုက်နိုင်ခဲ့ကြသည်။

အရောင်းဝန်ထမ်းက သူတို့နှစ်ဦးကို လာကြည့်ပြီး အလေးမထားစွာ ပြောလာလေသည်။

“ဒီရေခဲသေတ္တာပဲ ကျန်တော့တာ၊ ဝယ်မယ်ဆိုရင် မြန်မြန်ရှင်းရမယ်၊ မဟုတ်ရင် တခြားလူတွေ လုသွားလိမ့်မယ်...”

“ဒီရေခဲသေတ္တာ ဘယ်လောက်လဲ”

“နှစ်ထောင့်ကိုးရာ”

အရောင်းဝန်ထမ်းက စိတ်မရှည်စွာ ပြောဆိုလာခဲ့၏။ လင်းမိန်ဟွေ့အနေဖြင့် သူမ၏လေသံကို ဂရုမစိုက်ချေ။ သူမက လျှပ်စစ်ပစ္စည်း ဝယ်ယူရန် လာခြင်းဖြစ်ကာ သူမ၏ မျက်နှာကို ကြည့်ရန်မလိုအပ်ပေ။

“ဒီမော်ဒယ်ရဲ့ ဈေးသက်သာတဲ့ ဗားရှင်းရော ရှိလား”

“ဈေးသက်သာတာတွေဆိုရင်ရော ဝယ်နိုင်မှာလား၊ ဒီက ရေခဲသေတ္တာတွေက ၂၀၀၀ ကျော်က စတယ်. နှစ်ရာလောက်ရှိရုံနဲ့ ရေခဲသေတ္တာကြီးတစ်ခုကို ဝယ်ချင်တာတော့ မဟုတ်ဘူးမလား”

အရောင်းဝန်ထမ်းက စိတ်မရှည်စွာပြောဆိုလာသည်။ အရောင်းဝန်ထမ်းသည်ကား တစ်နေကုန် ပင်ပန်းနေပြီးဖြစ်ကာ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ ကျေးလက်တောင်သူအဝတ်အစားများဖြင့် မြင်လိုက်ရသောကြောင့် အနည်းငယ် စိတ်ပျက်နေပုံရ၏

ဤရက်ပိုင်းများ၌ ကျေးလက်မှ လက်ထပ်မည့်စုံတွဲလေးများက လျှပ်စစ်ပစ္စည်းစျေးကို မကြာခဏ လာမေးကြသည်။

သူတို့က အချိန်ကြာမြင့်စွာ ကိုင်ကြည့်ခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင်တော့ မီးသီးလေးများကိုသာ ဝယ်ယူသွားခဲ့ကြသည်။

အများဆုံး သုံးလေးရာမျှသာ ကုန်ကျလောက်မည့် ခေတ်ဟောင်း အဖြူအမည်းရုပ်မြင်သံကြားစက် တစ်လုံးမျှသာ ဝယ်ယူတတ်ကြသည်။

သူမအနေဖြင့် အသံကုန် ပြောနေရပြီး ပါးစပ်များ ခြောက်သွေ့နေပေပြီ။ ဤသည်ကို ထိုလူများက မည်သို့ နားလည်နိုင်မည်နည်း။

သူတို့က ဈေးလျှော့၍ ရနိုင်သေးလားဟုသာ ဆက်တိုက် မေးမြန်းနေခဲ့ကြသည်။

ဤသည်က ရေခဲသေတ္တာ ဖြစ်ပေသည်။ ဈေးမည်မျှ လျှော့စေကာမူ ဤမျှ ကြီးမားသည့်ပစ္စည်းကို သူတို့ ဝယ်ယူနိုင်မည်မဟုတ်ချေ။

လင်းမိန်ဟွေ့ကတော့ အရောင်းဝန်ထမ်း၏ စိတ်မရှည်သည့်လေသံကို ကြားလျှင် သူမ၏ အခြေအနေကို နားလည်သွားခဲ့သည်။ ထို့ကြောင့် စိတ်ရှည်လက်ရှည် ပြောလိုက်လေသည်။

“ကလေးမလေး၊ စီးပွားရေးလုပ်မယ်ဆိုရင် စိတ်ရှည်ရမယ်၊ ငါတို့က ဈေးကို သေသေချာချာမမေးရင် မင်းဆီကနေ ဒီလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး ဝယ်လို့ရနိုင်မှာလဲ”

“ရှင်က ကျွန်မနဲ့ စကားများဖို့ လာတာလား၊ ဒါဆို ယွမ်၂၀၀၀ ရှိလားဆိုတာ အရင်ပြော”

အရောင်းဝန်ထမ်းက အနည်းငယ် စိတ်တိုလာခဲ့ပြီး လင်းမိန်ဟွေ့နှင့် စကားများချင်လာခဲ့သည်။ လင်းမိန်ဟွေ့အနေဖြင့် သူမ၏ယခင်ဘဝ၌ ကိစ္စများစွာကို ကြုံတွေ့ခဲ့ရသောထိုစကားများကို ကြားရရုံဖြင့် စိတ်မထိန်းနိုင်ဖြစ်ခြင်းမျိုး မဖြစ်ခဲ့ပါချေ။

သို့သော် စုန့်ယီကတော့ အနည်းငယ် စိတ်ဆိုးလာခဲ့သည်။

“ငါတို့က မင်းတို့ရဲ့ပစ္စည်း လာဝယ်တာလေ၊ မင်းတို့ဘက်က ကောင်းကောင်းမွန်မွန် မိတ်ဆက်ပေးသင့်တယ်မဟုတ်ဘူးလား၊ ဘာလို့လဲ ငါတို့က ပိုက်ဆံသုံးဖို့အတွက်တောင် မင်းတို့ရဲ့မျက်နှာကို ကြည့်ရမှာလား”

စုန့်ယီ၏ ဆူငေါက်ခြင်းကိုခံလိုက်ရသောကြောင်း အရောင်းဝန်ထမ်း၏မျက်နှာက နီရဲသွားခဲ့သည်။

သူမက မေးကို မော့၍ ဒေါသတကြီး ပြောလာလေ၏။

“ကျွန်မတို့ အရောင်းသမားတွေက ရှင်တို့ ခေါ်ချင်သလို ခေါ်ဖို့၊ ပြောချင်သလိုပြောဖို့အတွက် မဟုတ်ဘူး၊ ကျွန်မတို့က နိုင်ငံတော်ရဲ့လစာကို ရရှိနေတဲ့သူတွေ(နိုင်ငံဝန်ထမ်းတွေ)ပဲ”

“နိုင်ငံတော်ရဲ့ လစာကိုရတာက အရေးကြီးလား”

စုန့်ယီ ထပ်ပြောလိုက်သည်။ သူ့အနေဖြင့် တစ်ဖက်မှ လင်းမိန်ဟွေ့ကို အော်ငေါက်သည်ကို မကြည့်လိုတော့ပေ။ လင်းမိန်ဟွေ့ကို ကာကွယ်ပေးလိုစိတ်သာ ရှိနေခဲ့သည်။

လင်းမိန်ဟွေ့ကလည်း စုန့်ယီ၏အတွေးများကို သိနေသောကြောင့် သူ့ကို ဆွဲ၍ ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ သူမနဲ့ ဆက်မငြင်းပါနဲ့တော့၊ ကျွန်မတို့က ရန်ဖြစ်ဖို့ လာတာ မဟုတ်ဘူးလေ”

လင်းမိန်ဟွေ့က စုန့်ယီ၏အိတ်ထဲမှ ယွမ် ၂၀၀၀ ကျော်ကို ထုတ်ယူလိုက်ကည ရေခဲသေတ္တာပေါ်သို့ တင်လိုက်သည်။

“မိန်းကလေး၊ ကျွန်မတို့က တကယ် ရေခဲသေတ္တာဝယ်ဖို့ လာတာပါ၊ ပိုပြီးကောင်းတာကို ဝယ်ချင်ပေမဲ့ ကျွန်မတို့မှာ ပိုက်ဆံကဒီလောက်ပဲ ရှိတယ်လေ၊ ဒါကြောင့် အဆင်ပြေလောက်မဲ့ပစ္စည်းကို မိတ်ဆက်ပေးလို့ရမလား၊ ကျေးဇူးတင်ပါတယ်”

အရောင်းဝန်ထမ်းသည်လည်း လင်းမိန်ဟွေ့ မှ ဤမျှ စိတ်ရှည်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ အနည်းငယ် ရှက်ရွံ့သွားခဲ့လေ၏။

တစ်ဖက်မှ အလွန်ထူထဲသော ငွေထုပ်ကို ကိုင်ထားသည်ကို မြင်လိုက်ရပြီးနောက်တွင် အရောင်းဝန်ထမ်း၏ နဂိုရှိနေသော ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ကာ သူ၏သဘောထားကလည်း ချက်ချင်း ပိုမိုကောင်းမွန်လာခဲ့သည်။

“ကောင်းပြီ၊ ဒါဆို ဈေးနှုန်းသင့်တင့်တာ တစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်၊ ကျွန်မနဲ့ လိုက်ခဲ့ပေးပါ”

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ ရေခဲသေတ္တာ ရွေးချယ်ပြီးနောက် စတိုးဆိုင်မှ ထွက်လာချိန်တွင် သူတို့၏အိတ်ထဲ၌ ဆယ့်သုံးယွမ်သာ ကျန်ရှိတော့သည်။

စုန့်ယီက ငွေအကြွေစေ့များကို စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်ခုံးပင့်မ,၍ ပြောလာလေ၏။

“ကိုယ်တို့တွေ ပုံစံခွက်တောင် မဝယ်ရသေးဘူး၊ ပိုက်ဆံက ဒီလောက်လေးပဲ ကျန်တော့တယ်၊ ဘယ်လိုလုပ်ကြမလဲ”

လင်းမိန်ဟွေ့က ဆိုင်မှအလုပ်သမားများ ရေခဲသေတ္တာများကို ကားပေါ်သို့ တင်နေသည်ကို ကြည့်ရင်း စိတ်ခံစားချက်က အလွန် အေးချမ်းနေခဲ့၏။

“အစ်ကိုစုန့်ယီ၊ မကြောက်ပါနဲ့၊ ကျွန်မတို့မှာ လက်တွေခြေတွေရှိတယ်လေ၊ အခုဆိုရင် ရေခဲသေတ္တာလည်း ရလာပြီဆိုတော့ ပိုကောင်းတဲ့ ရေခဲမုန့်တွေကို သေချာပေါက် လုပ်နိုင်လိမ့်မယ်၊

ပြီးတော့ ကျွန်မတို့တွေ တစ်ခုကို ဆင့်သုံးဆယ်လောက်နဲ့ လက်ကားရောင်းမယ်ဆိုရင် တစ်နေ့ကို အလုံးတစ်ရာလောက် ရောင်းနိုင်ရင်တောင် ဝင်ငွေတွေ အများကြီး ရမှာပဲ”

အဝတ်အထည်ဆိုင်၏ ဝင်ပေါက်ရှေ့မှ ဖြတ်လျှောက်သွားချိန်တွင် စုန့်ယီတစ်ယောက် အတွင်းဘက်မှ အရောင်စုံအဝတ်အစားများကို မြင်လိုက်ရပြီး အနည်းငယ် နောင်တရနေပုံရသည်။

လင်းမိန်ဟွေ့ကတော့ အကောင်းမြင်စိတ်များသာ ရှိနေခဲ့သည်။

“အစ်ကိုစုန့်ယီ၊ နို့မှုန့်တစ်ထုပ်နဲ့ သကြား နည်းနည်းလောက်ဝယ်ကြရအောင်၊ ဒီပစ္စည်းတွေက ရေခဲမုန့်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တာတွေပဲ...”

လင်းမိန်ဟွေ့အနေဖြင့် သူ၏သူငယ်ချင်းဖြစ်သူ ပြောခဲ့သည့်စကားများကို သတိရနေသေးသည်။ နို့မှုန့်နှင့် သကြားက ရေခဲမုန့်ကို ပွရွစေပြီး အရသာ ပိုရှိလာစေလိမ့်မည်ဟု ပြောခဲ့သည်။

ကျန်ရှိသည့် အဆာပလာများနှင့် မြေပဲများကတော့ သူမ ကိုယ်တိုင် ပြုလုပ်နိုင်ပေ၏။

“ကောင်းပြီ၊ အရာအားလုံးက မင်းသဘောအတိုင်းပဲ၊ မိန်ဟွေ့.. မင်း လုပ်ခိုင်းတာမှန်သမျှကို ကိုယ် လုပ်ပေးမယ်”

စုန့်ယီက အလွန်အမင်း နာခံသည့်အမူအရာမျိုးကိုလုပ်ပြလာသောကြောင့် လင်းမိန်ဟွေ့ ချက်ချင်း ရယ်မောလိုက်မိသည်။

ညနေပိုင်းတွင်တော့ စုန့်ယီနှင့် လင်းမိန်ဟွေ့တို့ ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်နှင့် ရေခဲသေတ္တာ တင်လာသည့် ကားကို မြင်လိုက်ရလေသည်။

သူတို့လည်း ချက်ချင်းပင် ကုန်ပစ္စည်းများကို ချရန် ကူညီလိုက်ကြသည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင် ရေခဲသေတ္တာတစ်လုံးက ယခင်က ဗလာဖြစ်နေသည့် ဆိုင်၏ သုံးပုံတစ်ပုံခန့်ကို နေရာယူထားလိုက်ပြီဖြစ်ကာ အတော်လေး သပ်ရပ်လှပလာခဲ့၏။

အနီးအနားတွင်ရှိနေသော ဆိုင်ငယ်လေး၏ပိုင်ရှင်က လင်းမိန်ဟွေ့တို့လည်း ရေခဲသေတ္တာကို ဝယ်ယူလာသည်ကို မြင်လျှင် ချက်ချင်းပင် စိတ်မပျော်မရွှင် ဖြစ်သွားခဲ့လေသည်။

“ငါက အိမ်နီးချင်းလာတယ်လို့ ထင်နေတာ၊ တကယ်တမ်းကျတော့ စီးပွားရေးလာခိုးတာ ဖြစ်နေတယ်၊ တကယ်ကို ဆိုးရွားတဲ့လူတွေပဲ! ဘာလို့ ငါတို့ရဲ့ အိမ်ဘေးမှာ လာလုပ်တာလဲ”

လင်းမိန်ဟွေ့သည်ကား တစ်ဖက်လူများ၏ စကားများကို စိတ်ထဲတွင် မထားခဲ့ချေ

သူမ စဥ်းစားလိုက်သည်။

“ရှင်တို့ရဲ့ မိသားစုက ရေခဲချောင်းရောင်းတာလေ၊ ကျွန်မတို့က ရေခဲမုန့်ရောင်းမှာပါ၊ တစ်ယောက်ရဲ့ စီးပွားရေးကို တစ်ယောက် လုယူတာမျိုးဖြစ်မှာ မဟုတ်ပါဘူး”

သို့သော်လည်း ဘေးနားမှ ဆိုင်ပိုင်ရှင် အမျိုးသားက ဒေါသတကြီး ဝင်လာခဲ့၏။

“မင်းတို့ထဲက ဘယ်သူက သူဌေးလဲ”

စုန့်ယီက မတ်တပ်ရပ်လိုက်ပြီး ဝင်လာသည့်လူကို ကြည့်လိုက်သည်။

“လင်းမိန်ဟွေ့က ဒီက သူဌေးမ၊ ကျွန်တော်က သူဌေးပဲ၊ ခင်ဗျား ဘာလိုချင်လဲ”

“ရေခဲချောင်း ရောင်းမှာဆိုရင် ဒီကနေအမြန်ဆုံး ထွက်သွားလိုက်! ငါ မင်းကို ပြောလိုက်မယ်၊ မင်းတို့ ရေခဲချောင်းတွေ လုပ်ပြီး ရောင်းမယ်ရင်တောင် အိမ်နီးချင်းတွေရော မြို့ထဲက လူတွေရော မင်းတို့ရဲ့ ရေခဲချောင်းတွေကို ဝယ်မှာ မဟုတ်ဘူး၊ ဒီနေရာမှာ သူတို့က ငါတို့ရဲ့ ရေခဲချောင်းတွေကိုပဲ အသိအမှတ်ပြုထားတယ်”

ထိုသူသည် သူ၏ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်ပြရင်း ဤနေရာတွင် သူကသာ အကြီးအကဲဖြစ်ကြောင်း ပြောပြနေခဲ့၏။

စုန့်ယီက လင်းမိန်ဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီး နောက်မဆုတ်ခဲ့ချေ။

“ခင်ဗျားတို့က ခင်ဗျားတို့ရဲ့စီးပွားရေးကို လုပ်လေ၊ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့စီးပွားရေးကို လုပ်မယ်၊

ကျွန်တော်တို့က ဝ ရေခဲချောင်း မရောင်းဘူးဆိုတာကို မပြောနဲ့ဦး၊ ရေခဲချောင်း ရောင်းတယ်ဆိုရင်တောင် ဘယ်သူကမှ တခြားလူတွေ တားဆီးလို့မရဘူး...”

“ဟေး၊ မြို့ပြင်က ရောက်လာတဲ့ကောင်က ဒီလောက်တောင် မာနကြီးတာလား၊ မင်း ယွင်ကျွမ့်မြို့မှာရော ဆက်နေချင်သေးရဲ့လား”

ထိုသူက ပြောရင်းနှင့် ရေခဲသေတ္တာကို အားကုန်ရိုက်လိုက်လေ၏။ လင်းမိန်ဟွေ့တစ်ယောက် ထိုလုပ်ရပ်ကြောင့် နှလုံးသားထဲတွင် နာကျင်သွားရကာ မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုလူက ထွက်သွားမည့် အရိပ်အယောင်မရှိသေးသည်ကို မြင်လျှင် လင်းမိန်ဟွေ့က မတ်တပ်ထရပ်လိုက်ပြီး နူးညံ့သည့်လေသံဖြင့် ပြောခဲ့လေ၏။

“အစ်ကိုကြီး၊ ကျွန်မ ကတိပေးပါတယ်၊ ကျွန်မတို့က ရေခဲချောင်း မရောင်းပါဘူး၊ လူတိုင်းက စီးပွားရေး လုပ်ကြတာပဲလေ၊ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြရအောင်”

*

အခန်း(58) မှတ်မိနိုင်စွမ်း

“စာနဲ့ရေးပြီး သက်သေအဖြစ် ချန်ထားပေးရမယ်၊ မဟုတ်ရင် မင်းတို့ တွေ ဒီမှာနေလို့ရမယ်လို့ မထင်နဲ့”

တစ်ဖက်မှ အိမ်နီးချင်းသည်က အပြည့်အဝ ပြင်ဆင်လာခဲ့ပုံရပြီး လင်းမိန်ဟွေ့ရှေ့တွင် ဘောပင်နှင့် စာရွက်ကို ထုတ်ယူကာ ရေခဲသေတ္တာပေါ်သို့ တင်လိုက်သည်။

စုန့်ယီက သက်ပြင်းချလိုက်ပြီး လင်းမိန်ဟွေ့ကို ဆွဲလိုက်လေ၏။

“မိန်ဟွေ့၊ ကိုယ်တို့တွေ သူတို့ပြောတဲ့အတိုင်း ရေးနေစရာမလိုဘူး၊ စီးပွားရေးဆိုတာ လူတိုင်း လုပ်ခွင်းရှိတယ်၊ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ရူးနှမ်းတဲ့လူမျိုး ရှိနိုင်ရတာလဲ”

လင်းမိန်ဟွေ့က စုန့်ယီ၏လက်ကို ကိုင်လိုက်ပြီး တစ်ဖက်လူကို ခေါင်းရမ်းပြကာ စိတ်လျှော့ရန် ပြောလိုက်လေ၏။

သူတို့အနေဖြင့် နေရာစိမ်းသို့ ယခုမှ ရောက်ရှိလာကာစဖြစ်ပြီး စီးပွားရေးကို ကောင်းမွန်စွာ လုပ်လိုလျှင် သဟဇာတဖြစ်မှုကို တန်ဖိုးထားရမည်။ ထို့အပြင် သူတို့က ရေခဲမုန့် ကိုသာ လုပ်မည်ဖြစ်၍ စာဖြင့်ရေးထားပေးလျှင်ပင် ပဋိပက္ခဖြစ်စရာ မရှိပါချေ။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ ဒီကိုရောက်လာခဲ့ရင် ရှင် ကျွန်မရဲ့စကားနားထောင်မယ်လို့ ပြောခဲ့တယ်မလား၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အိမ်နီးချင်းတွေပဲလေ၊ တစ်လှမ်းလောက်စီ နောက်ကိုဆုတ်လိုက်ကြတာပေါ့”

လင်းမိန်ဟွေ့၏စကားကြောင့် တစ်ဖက်မှ အိမ်နီးချင်းသည်လည်း ချက်ချင်းပင် ဒေါသစိတ်များ လျော့ကျသွားခဲ့လေ၏။

သူက ရေခဲသေတ္တာပေါ်မှ ဘောပင်နှင့် စာရွက်ကို တွန်း၍ ပြောလာခဲ့သည်။

“ရေးလိုက်၊ ဒီမှာ ရေးပြီးတာနဲ့ ငါ မင်းတို့ကို ဘယ်တော့မှ မနှောင့်ယှက်တော့ဘူး”

လင်းမိန်ဟွေ့လညား ဘောပင်ကို ကောက်ကိုင်၍ စာရွက်ပေါ်တွင် ချရေးလိုက်သည်။

“ရေခဲချောင်း မရောင်းရန် အာမခံပါတယ်”

အိမ်နီးချင်းကလည်း ဤစာလုံးကြီးများကို မြင်ပြီးနောက် သူ၏ဒေါသများက ရပ်တန့်သွားကာ ထွက်ခွာသွားခဲ့၏။

အိမ်နီးချင်းဖြစ်သူ ထွက်သွားသည့်နောက်တွင် စုန့်ယီတစ်ယောက် စိတ်ဓာတ်ကျသွားခဲ့ရသည်။

သူက ရေတစ်ပုံး သယ်ကာ ရေခဲသေတ္တာကိုသာ သုတ်နေခဲ့ပြီး စကားတစ်ခွန်းမှပင် မပြောခဲ့တော့ပေ။ လင်းမိန်ဟွေ့က တစ်ဖက်လူ နားမလည်နိုင်သေးသည်ကို သိသောကြောင့် သူ၏ဘေးနားသွားကာ အဝတ်စများကို ဆေးကြောရန် ကူညီရင်းဖြင့် တီးတိုးလေး ပြောလာခဲ့သည်။

“အစ်ကိုစုန့်ယီ၊ ခုထိ အဲဒီအိမ်နီးချင်းကို စိတ်ဆိုးနေသေးတာလား”

“ကိုယ်က ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးမိတာပါ၊ ကိုယ်က ကိုယ့်ဇနီးကိုတောင် မကာကွယ်နိုင်ခဲ့ဘူး၊ ဘယ်လောက်တောင် အရှုံးသမားဆန်လိုက်သလဲ”

မူလက သူတို့၏ရွာမှ ထွက်ခွာလာရသည်အထိ သနားစရာကောင်းနေခဲ့သည်။ ယခုလည်း မြို့အသစ်သို့ ရောက်ရှိလာသည်နှင့် ဤသို့ အိမ်နီးချင်းမျိုးနှင့် တွေ့ခဲ့ရသည်။

သူ့အနေဖြင့် ယခင်ကကဲ့သို့ အဖြစ်အပျက်များ ထပ်မံ ဖြစ်ပေါ်မည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့မိ၏။ သူ နာကျင်ခံစားရသည်က ကိစ္စမရှိပါချေ။ သို့သော် လင်းမိန်ဟွေ့က သူနှင့်အတူ ခက်ခဲသည့်ဘဝကို မဖြတ်သန်းသင့်ပေ။

စုန့်ယီ၏အတွေးများကို ကြားရပြီးနောက်တွင် လင်းမိန်ဟွေ့၏နှလုံးသားက နွေးထွေးလာခဲ့ရသည်။

စုန့်ယီက သူမကို ကာကွယ်ပေးမည်ဟု ပြောသည့်အချိန်တိုင်း အစဉ်အမြဲ တည်ကြည်လေးနက်စွာ ပြောဆိုတတ်သည်။ ထိုသူက သူမကို မိသားစုဝင်တစ်ဦးအဖြစ် သတ်မှတ်ပြီးဖြစ်သည်မှာ ထင်ရှားပေသည်။

လင်းမိန်ဟွေ့၏ နှလုံးခုန်နှုန်းများက မြန်ဆန်လာခဲ့ရသည်။

“အစ်ကိုစုန့်ယီ၊ တကယ်တော့ ကျွန်မ ဒါတွေကို ဂရုမစိုက်ပါဘူး၊ ကျွန်မ ရှင်နဲ့အတူရှိနေသရွေ့ ဘယ်လိုကိစ္စကိုမဆို လုပ်နိုင်ပါတယ်...”

တစ်ဖက်လူသာ အတူရှိနေပါက မည်မျှပင် ပင်ပန်းဆင်းရဲနေရသည်ဖြစ်စေ ကိစ္စမရှိပါချေ

သို့သော်လည်း လင်းမိန်ဟွေ့က နောက်ဆုံးစကားလုံးကို မပြောခဲ့ချေ။

သူမအနေဖြင့် စုန့်ယီက သူမ သူ့အပေါ်တွင် မှီခိုချင်နေသောကြောင့် မထွက်သွားခြင်းဟု အထင်လွဲသွားမည်ကို မလိုချင်ပါချေ။

လင်းမိန်ဟွေ့၏ရှင်းပြချက်ကို နားထောင်ပြီးနောက် စုန့်ယီ ၏မျက်ခုံးများက အမှန်တကယ်ပင် ပြေလျော့ခဲ့လေသည်။

လင်းမိန်ဟွေ့ မတိုင်ခင်က ဖြစ်ရပ်များကြောင့် ဝမ်းနည်းခြင်းမရှိသောကြောင့် သူ စိတ်သက်သာရာ ရသွားခဲ့ရသည်။

သူတို့နှစ်ယေောက် ရေခဲသေတ္တာကို သန့်ရှင်းရေးပြုလုပ်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် လင်းမိန်ဟွေ့က ပုံစံခွက်များ၊ ရေခဲမုန့်အတွက် တုတ်ချောင်းများနှင့် ရေခဲမုန့်ထုပ်ပိုးစက္ကူ ပုံနှိပ်ခြင်းများကို ပြင်ဆင်ခဲ့၏။

စုန့်ယီကလည်း ပရိဘောဂစက်ရုံတစ်ခုသို့ သွား၍ စားပွဲများ၊ ခုံများ၊ အလူမီနီယမ်ဇလုံများနှင့် ရေခဲမုန့်ကုန်ကြမ်းများအတွက် ဗန်းများကို ဝယ်ယူခဲ့လေသည်။

အရာအားလုံး အဆင်သင့်ဖြစ်ပြီး ညနေပိုင်းကိုရောက်လာချိန်တွင် လင်းမိန်ဟွေ့က ရေခဲမုန့် ပထမအသုတ်ကို စတင် ပြုလုပ်ခဲ့၏။

ဤခေတ်ကာလတွင် ရေခဲမုန့်ဆိုသည်မှာ ဆန်းသစ်သည့် အစားအစာတစ်မျိုး ဖြစ်နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် ဤသို့ မြို့ငယ်များတွင် လူအများစားဖူးသည်က ရေခဲချောင်းသာ ရှိနေခဲ့သေးသည်။

ရေခဲချောင်းကို ပြုလုပ်ခြင်းက လွယ်ကူသည်။ ရေထဲသိ့ ဆိုးဆေးနှင့် ဆေးသကြားအနည်းငယ် ရော၍ အေးခဲလိုက်ရုံသာ လိုအပ်ပေသည်။

သို့သော် သူမလုပ်ချင်သည့်အရာကတော့ မတူညီပါချေ။ သူမက အမှန်တကယ်ကို ရေခဲမုန့်ပြုလုပ်ရန် စီစဥ်ထားခဲ့သည်။

သူမ၏အတိတ်ဘဝတွင် ဤကဲ့သို့ကောင်းမွန်သည့်အရာဟူ၍ များများစားစားမရှိသောကြောင့် မှတ်ဥာဏ်ထဲတွင် စွဲမြဲနေခဲ့သည့်အတွက် ဤပစ္စည်းကို လုပ်ကိုင်ရသည်မှာ လွယ်ကူနေခဲ့၏။

လင်းမိန်ဟွေ့က သူမဘာသာ ပထမအသုတ်ကို စမ်းသပ်ပြုလုပ်ရန် စီစဥ်ထားခဲ့သည်။ သူမက ကြက်ဥအနည်းငယ် ထုတ်ယူလိုက်ပြီး အနှစ်များကို သပ်သပ် ခွဲထုတ်လိုက်ကာ ပန်းကန်အတွင်း လောင်းထည့်လိုက်သည်။

စုန့်ယီကတော့ သူမ၏လုပ်ဆောင်မှုများကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေခဲ့လေ၏။

လင်းမိန်ဟွေ့က ကျန်ရှိနေသည့် ကြက်ဥအကာများကို သေသေသပ်သပ် ဖယ်ထားခဲ့သည်။ ၎င်းတို့သည်လည်း ချက်ပြုတ်စားသောက်ရန်အတွက် ပြန်လည် အသုံးပြုနိုင်ပေ၏။

ကြက်ဥအနှစ်များကို ခလောက်ပြီးနောက် သူမက ယနေ့တွင် ဝယ်ယူလာခဲ့သည့် နွားနို့များကို လောင်းထည့်လိုက်ကာ သကြားအနည်းငယ် ထပ်ထည့်လိုက်သည်။

ပစ္စည်းများကို ပြင်ဆင်ပြီးနောက်တွင် လင်းမိန်ဟွေ့က အိုးအသေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ကြက်ဥအနှစ်နှင့် သမအောင် ရောနှောထားသည့် နွားနို့ကို ထိုအိုးထဲသို့ လောင်းထည့်လိုက်သည်။

အိုးလေးကို မီးဖိုပေါ်သို့ တင်လိုက်ပြီး အရည်များထံမှ ပူဖောင်းများ ထွက်လာချိန်တွင် သူမ၏နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကော့ညွတ်သွားခဲ့လေ၏။

အိုးထဲမှ အခြေအနေကို ကြည့်ရင်း သူမက ဂျုံမှုန့်များကိုပါ ထည့်၍ သမအောင် မွှေလိုက်ပြန်ဘသည်။

စုန့်ယီက သူမ၏လှုပ်ရှားမှုများကို ကြည့်ရင်း နားမလည်စွာ မေးလိုက်မိသည်။

“ဒါဆိုရပြီလား”

“ပြီးလုနီးပါးဖြစ်နေပြီ၊ ရသွားရင် ဒါတွေကို ပုံစံခွက်ထဲကိုထည့်ပြီး ပုံစံသွင်းရမယ်၊ ပြီးတော့ ရေခဲသေတ္တာထဲမှာ ထည့်ပြီး အေးခဲထားဖို့ လိုသေးတယ်”

စုန့်ယီသည့် သူမ၏စကားကိုကြားလိုကာရလျှင် ပုံစံခွက်များကို အလျှင်အမြန် ထုတ်ယူလိုက်သည်။

ဤပုံစံခွက်မျာ့းမှာ လင်းမိန်ဟွေ့ ကိုယ်တိုင် သစ်သားဖြင့်ထွင်းထားခြင်း ဖြစ်လေသည်။ သူမ ပြုလုပာထားသည့်အကြမ်းထည်ကို စုန့်ယီက အပေါ်ဘက်မှ ပြန်လည် အချေသပ်ပေးရန် ကူညီပေးခဲ့သည်။

ပုံစံက အနည်းငယ် ကြမ်းတမ်းသော်လည်း လက်ရှိတွင် ပုံစံခွက်များကို ပြုလုပ်နိုင်သည့်သူကို ရှာဖွေ၍ မရနိုင်သေးပေ။

စုန့်ယီက ပုံစံခွက်ထဲသို့ လောင်းထည့်နေသည့်အချိန်ကို အခွင့်ကောင်းယူ၍ လင်းမိန်ဟွေ့က စတော်ဘယ်ရီ၊ ငှက်ပျောသီး၊ ပန်းသီးစသည့် သစ်သီးများကို ထပ်မံလှီးဖြတ်လိုက်ကာ ပုံစံခွက်ထဲသို့ တစ်ခုပြီးတစ်ခု လိုက်ထည့်ခဲ့သည်။

အရာအားလုံးပြီးသွားချိန်တွင် ဤပုံစံခွက်လေးများကို ရေခဲသေတ္တာထဲသို့ထည့်၍ အေးခဲသည်အထိ ထည့်ထားလိုက်လျှင် ရရှိပေပြီ။

သူမ၏မှတ်ဉာဏ်ကို အခြေခံကာ အရသာအမျိုးမျိုးနှင့် ပုံစံများစွာ ပါဝင်သည့် ပထမဆုံးသော ရေခဲမုန့်အသုတ်ကို အလွယ်တကူ ပြုလုပ်နိုင်ခဲ့သည်။

လင်းမိန်ဟွေ့က ရေခဲသေတ္တာထဲတွင်အေးခဲသွားသည့် ရေခဲမုန့်များကို ပြည့်ကာ ပထမဆုံးသော ရေခဲမုန့်ကို စိတ်သက်သာရာရသည့် မျက်နှာဖြင့် ထုတ်ယူလိုက်သည်။

“အစ်ကိုစုန့်ယီ၊ စမ်းကြည့်ပါဦး၊ ဒါက ကျွန်မတို့ရဲ့ ပထမဆုံး ရေခဲမုန့်အသုတ်ပဲ “

စုန့်ယီသည်း နူးညံ့၍ အေးမြမွှေးကြိုင်သည့် ရေခဲမုန့်ကို ကြည့်လိုက်ကာ စားကြည့်ရန်အတွက်ပင် နှမြောနေခဲ့၏။

“မိန်ဟွေ့၊ ဒီရေခဲမုန့်က အနုပညာလက်ရာတစ်ခုလိုပဲ၊ စားရဖို့ကိုတောင် နှမြောသလိုခံစားရတယ်”

ရိုးရှင်းစွာ အလှဆင်ထားသည့် ဆိုင်လေးထဲတွင် အလင်းရောင်တောက်ပနေသည့်မီးလုံးများကိုဖထွင်းထားခဲ့သည်။ လူငယ်တစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ထို့က မီးရောင်အောက်တွင် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကာကာ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့ကြလေ၏။

နောက်ဆုံး၌ လင်းမိန်ဟွေ့က ပထမဆုံးထုတ်ယူလိုက်သည့် ရေခဲမုန့်ကို သူတို့နှစ်ယောက်လုံး အတူ စားရန် ဆုံးဖြတ်လိုက်သည်။

စုန့်ယီက ပထမဆုံး တစ်ကိုက်ကို ကိုက်ကြည့်လိုက်သည်။ မွှေးပျံ့သည့်ရနံ့ရှိပြီး အေးမြလန့်ဆန်းစေကာ ချိုမြိန်သည့်အရသာလေးက သူ၏ပါးစပ်ထဲတွင် အရည်ပျော်သွားခဲ့လေ၏။

သူ၏ ခန္ဓာကိုယ်ထဲမှ ပင်ပန်းနွမ်းနယ်မှုများ အားလုံးက ငှက်လေးတစ်ကောင်ကဲ့သို့ ပျံဝဲသွားသကဲ့သို့ ထင်ရသည်။

စုန့်ယီ၏မျက်လုံးများက အရောင်တောက်ပလာခဲ့ကာ သူ၏တစ်ကိုယ်လုံးတွင်လည်း ဖော်မပြနိုင်သည့် ပျော်ရွှင်မှုများ ရှိနေခဲ့သည်။

“မိန်ဟွေ့၊ မင်း အောင်မြင်သွားပြီ၊ ကိုယ်တို့တွေ တကယ်အောင်မြင်သွားပြီ!”

စုန့်ယီ၏အသံက စကားပြောနေရင်းဖြင့်ပင် အက်ရှရှ ဖြစ်လာခဲ့လေ၏။ ဤရက်ပိုင်းများတွင် လင်းမိန်ဟွေ့၏ကြိုးစားအားထုတ်မှုများကို သူ မြင်တွေ့နေခဲ့ရပြီးအလွန်ပင် စိတ်မကောင်းဖြစ်နေခဲ့ရသည်။

သို့သော် သူကိုယ်တိုင်လည်း မည်သည့်အရာကိုမျှ လုပ်မပေးနိုင်ခဲ့ချေ။ အထူးသဖြင့် သူ၏နံရိုးများ ကျိုးကာ ဒဏ်ရာရရှိနေချိန်တွင် အိမ်တွင်းအိမ်ပြင် ကိစ္စအားလုံးနီးပါးကို လင်းမိန်ဟွေ့က တာဝန်ယူခဲ့ရသည်

ထိုအချိန်တုန်းက သူ့ဘက်မှ လင်းမိန်ဟွေ့ကို ပျော်ရွှင်အောင် ပြုလုပ်ပေးမည်ဟု ကတိသစ္စာပြုခဲ့သည်။

ဤအောင်မြင်မှုမှာ ပျော်ရွှင်ရခြင်း၏ အစဖြစ်နိုင်ပေသည်။

စုန့်ယီတစ်ယောကင အလွန်အမင်း ပျော်ရွှင်နေသည်ကို မြင်လိုက်ရလျှင် လင်းမိန်ဟွေ့သည်လည်း ပျားရည်ကဲ့သို့ ချိုမြိန်လာခဲ့ရသည်။

စုန့်ယီ နေ့တိုင်း ပျော်ရွှင်နေမည်ကို သူမ မြင်တွေ့လိုခဲ့သည်။

တစ်ဖက်လူ၏မျက်နှာပေါ်မှ အပြုံးကို သူမ မည်သည့်အခါမျှ မေ့နိုင်လိမ့်မည်မဟုတ်ချေ။

နောက်တစ်နေ့တွင် စုန့်ယီနှင့် လင်းမိန်ဟွေ့တို့ ရေခဲမုန့်အားလုံးကို ထုပ်ပိုးကာ ခွဲထုတ်လိုက်ကြသည်။

စုန့်ယီက ရေခဲသေတ္တာထဲမှ ရေခဲမုန့်ချောင်း အခု ၁၀၀ ကျော်ကို ကြည့်၍ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။

“မိန်ဟွေ့၊ ရေခဲမုန့်က ရေခဲသေတ္တာထဲမှာပဲ ရောင်းလို့ရတာလေ၊ အပြင်ဘက်ကိုထုတ်လိုက်ရင် အရည်ပျော်သွားလိမ့်မယ်”

လင်းမိန်ဟွေ့က နှုတ်ခမ်းကို အသာကွေးညွတ်ကာ ပြုံးလိုက်ပြီး စုန့်ယီကို ခြံထဲသို့ ဆွဲခေါ်သွားခဲ့သည်။ သူမ သစ်သားပုံးနှစ်ပုံးကို လက်ညှိုးထိုးပြကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြောသည်။

“ကျွန်မမှာ မှော်လက်နက်တစ်ခု ရှိတယ်၊ ဒီသစ်သားပုံးနှစ်ပုံးထဲမှာ ဖော့အခံတွေ ရှိတယ်၊ ဒါတွေကို အဝတ်တွေနဲ့ ပတ်ထားမယ်ဆိုရင် ရေခဲတွေကို သုံးနာရီလောက်ကြာတဲ့အထိ အရည်ပျော်အောင် ထိန်းထားနိုင်တယ်”

“တကယ်လား”

လင်းမိန်ဟွေ့ထံတွင် ဤသို့ ထူးဆန်းသည့် အကြံဉာဏ်များ မည်သည့်နေရာက ရရှိလာသည်ကို စုန့်ယီ မတွေးနိုင်သည့်အတွက် အနည်းငယ် ရှုပ်ထွေးသွားရ၏။

ယမန်နေ့က ရေခဲမုန့်ပုံစံခွက်များ ပြုလုပ်စဥ်ကလည်း လင်းမိန်ဟွေ့က အလွန်ကျွမ်းကျင်နေသည်ကို သူ တွေ့မြင်ခဲ့ရသည်။

အရင်က လုပ်ဖူးသည့်အတိုင်းပင်။ သို့သော် ဤနှစ်များ၌ လင်းမိန်ဟွေ့သည်က လင်းမိသားစုနှင့်သာ ထနေထိုင်ခဲ့ရပြီး ထိုနောက်တွင် သူနှင့် နေခဲ့ခြင်းဖြစ်သည်။

သူမထံတွင် ဤကဲ့သို့အရည်အချင်းမျိုးကို သင်ယူရန် အချိန် ရနိုင်မည်မဟုတ်ပေ။

All Chapters