← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း(59) စီးပွားရေး စတင်ဖြစ်ထွန်းလာခြင်း

လင်းမိန်ဟွေ့က ဖော့များပါသည့် သစ်သားပုံးတစ်လုံးကို ဆိုင်ထဲသို့ ပြန်ရွှေ့လာခဲ့ပြီး သူမ ပြုလုပ်ထားသည့် ရေခဲမုန့်အားလုံးကို ထိုပုံးထဲသို့ ထည့်လိုက်သည်။ ပြီးနောက် အပေါ်မှ ရေစိုနေသည့် အဝတ်နှင့် ဖုံးလိုက်လေ၏။

ပြီးသွားချိန်တွင် လင်းမိန်ဟွေ့က ပြုံး၍ ပြောလာခဲ့သည်။

“ ရှင် စမ်းကြည့်ပြီးရင် သိလိမ့်မယ်”

စုန့်ယီလည်း လင်းမိန်ဟွေ့ နောက်တစ်ပုံးတစ်ခုကို ရွှေ့ဖို့လုပ်နေသည်ကို မြင်လိုက်ရသောကြောင့် တားဆီးလိုက်လေသည်။ လင်းမိန်ဟွေ့က အနည်းငယ်ကြောင်သွားသည်ကို မြင်လျှင် စုန့်ယီ ရှင်းပြလိုက်သည်။

“အပြင်မှာ အရမ်းပူတယ်၊ ကိုယ်တစ်ယောက်တည်း ထွက်ရောင်းလိုက်ပါ့မယ်၊ မင်းက အိမ်မှာ ချက်ပြုတ်ပြီး နေခဲ့လေ၊ ညဘက်ကျရင်လည်း ရေခဲမုန့်အသစ်တွေ လုပ်ရဦးမယ်မလား”

လင်းမိန်ဟွေ့က သဘောမတူခဲ့ချေ။ သူမသည်လည်း ဈေးကွက်ကို သွားကြည့်ချင်နေခဲ့သည်။

ဤရေခဲမုန့် တစ်ခုချင်းစီ၏ ပျမ်းမျှကုန်ကျစရိတ်က ဆင့်သုံးဆယ်လောက် ကုန်ကျခဲ့သည်။ လက်လီဈေး ဆင့်ငါးဆယ်နှင့် လက်ကားဈေး ဆင့်လေးဆယ်လောက်ဖြင့် ပြန်ရောင်းရလိမ့်မည်။ သို့မှသာ ရေခဲမုန့်ဆိုင်က ပုံမှန်လည်ပတ်နိုင်ပေလိမ့်မည်။

“ဒါပေမဲ့ မင်းက စကားပြောကောင်းပြီး ကိုယ့်ထက် စီးပွားရေး ပိုလုပ်တတ်တာတော့ အမှန်ပဲ၊ လောလောဆယ် ဒီပုံးကိုပဲ တွန်းပြီး ဘယ်လိုရောင်းရမလဲဆိုတာ အရင်ကြည့်ကြရအောင်”

“ကောင်းပြီ၊ အစ်ကိုစုန့်ယီ ပြောတာကို နားထောင်ပါ့မယ်”

လင်းမိန်ဟွေ့ သဘောတူလိုက်သည်။ ဤသို့ ကိစ္စလေးများကြောင့်ရ စုန့်ယီကို စိတ်မပူစေချင်ပေ။

ထို့အပြင် စုန့်ယီက သူမအတွက် စိတ်ပူနေခြင်းဖြစ်ကြောင်းကို သူမ သိပေသည်။ နေက အလွန်ပူနေသည့်အတွက် အပူဒဏ်ခံရမည်ကို စိုးရိမ်နေခြင်းပင်။

ဤစကားတစ်ခွန်းတည်းနှင့်ပင် လင်းမိန်ဟွေ့ကို ရက်အတော်ကြာအောင် ပျော်ရွှင်နေရန် လုံလောက်ခဲ့သည်။

မူလက သူတို့နှစ်ယောက် လှည်းတစ်စီးနှင့် တွန်းရန် စီစဥ်ထားသော်လည်း လင်ှည်းနဲ့ဆိုပါက နှေးကွေးပြီး အလုပ်ရှုပ်မည်ဟု တွေးတောလိုက်ကြသည်။

နောက်ဆုံး၌ လင်းမိန်ဟွေ့က အိမ်ပိုင်ရှင်၏ အိမ်သို့သွား၍ စက်ဘီးတစ်စီးကို ငှားရမ်းလာခဲ့သည်။ ရေခဲ့ပုံးကို နောက်ဘက်ထိုင်ခုံ၌ ချည်နှောင်ထားလိုက်လျှင် အတော်လေး အဆင်ပြေသွားခဲ့ပေပြီ။

လမ်းပေါ်တွင် နေရေုာင်ခြည်က အလွန်အမင်း ပူပြင်းနေခဲ့လေ၏။ စုန့်ယီတစ်ယောက် မည်သို့ အော်ရမှန်းမသိဘဲ ချွေးများနှင့် ရွှဲနေသည်ကို မြင်သော် လင်းမိန်ဟွေ့တစ်ယောက် သူမ၏နှုတ်ခမ်းကို ကွေးညွတ်ကာ၍ပြုံးလိုက်မိလေသည်။

သူမက လမ်းသွားလမ်းလာများကို လှမ်းကြည့်ပြ ကြည်လင်သည့်အသံဖြင့် ပြောခဲ့သည်။

“ရေခဲမုန့်တွေ ရောင်းနေပါပြီ၊ ရနံ့ကမွှေးပြီး ချိုမြိန်ပြီး အေးမြပါတယ်၊ လူတိုင်းပဲ တစ်ခုစီ ဝယ်စားကြည့်ပြီးပြီး နွေရာသီကို အေးမြမှုအကြည့်နှင့် ဖြတ်သန်းလိုက်ပြပါ”

လူငယ်စုံတွဲတစ်တွဲလည်း ရေခဲမုန့်ဟူသောအကြောင်းကို ကြားလျှင် မျက်လုံးများက အရောင်တောက်ပလာခဲ့ပြီး သူတို့ဆီသို့ အမြန်ပြေးလာခဲ့ကြသည်။

မိန်းကလေးက စိတ်လှုပ်ရှားစွာနှင့် ပြောလာခဲ့လေ၏။

“နောက်ဆုံးတော့ မြို့ထဲမှာ ရေခဲမုန့်ဆိုင် ပေါ်လာပြီ၊ ကျွန်မ ရေခဲမုန့်ကိုအရမ်းစားချင်နေတာ၊ ဆိုင်တွေ အများကြီး ပတ်ရှာတာတောင် မတွေ့ခဲ့ဘူး”

လူငယ်လေးသည်လည်း အလွန် ရက်ရောပြီး သူ၏ပိုက်ဆံအိတ်အတွင်းမှ ယွမ်တစ်ဆယ်တန်ကို ထုတ်ယူလိုက်သည်။

“ဆယ်ချောင်း ဝယ်လိုက်မယ်လေ၊ ဒီနေ့ ကျွန်တော့် ဇနီးရဲ့မိသားစုက လူတိုင်းကို တစ်ယောက်တစ်ချောင်းစီ ပေးမယ်၊ ဒီနေ့ ပျော်ပျော်ရွှင်ရွှင် စားကြတာပေါ့”

လင်းမိန်ဟွေ့လည်း သေတ္တာအဖုံးကို ဖွင့်ပြီး ထိုဇနီးမောင်နှံနှစ်ဦးအတွက် ပစ္စည်းထည့်ပေးရန် ပြင်ဆင်နေရင်းဖြင့် တစ်စုံတစ်ရာကို သတိရသွားခဲ့သည်။ ထို့ကြောင့် သူမက ခေါင်းကိုမော့၍ သူတို့နှစ်ဦးကို ပြောလိုက်လေ၏။

“ဒီရေခဲမုန့်တွေက ဒီလောက်ပူတဲ့ရာသီမှာဆိုရင် အပြင်ကိုထုတ်ပြီးမကြာခင် အရည်ပျော်သွားလိမ့်မယ်၊ ရှင်တို့ရဲ့အိမ်က ဘယ်နားမှာလဲ၊ ကျွန်မပဲ အိမ်အထိ လိုက်ပို့ပေးပါရစေ”

ထိုမိန်းကလေးက ချိုသာစွာ ပြုံး၍ ပြောလာသည်။

“ရှင့်ကို ကြည့်ရတာ ကျွန်မနဲ့ အသက်အရွယ် သိပ်မကွာပါဘူး၊ ဘယ်လိုလုပ်ပြီး စီးပွားရေးလုပ်တာကို ဒီလောက် တော်နေရတာလဲ”

လင်းမိန်ဟွေ့ ပြုံးလိုက်သော်လည်း သူမ၏ ရင်ထဲတွင်တော့ ရှင်းပြမရသည့် ဝမ်းနည်းမှုတစ်ခု ရှိနေခဲ့သည်။

ယခင်က လူကြီးများပြောခဲ့သည့်

“အပင်ပန်းဆင်းရဲခံမှ ထူးချွန်တဲ့လူတစ်ယောက် ဖြစ်လာမယ်”

ဟူသောစကားကို ကြားဖူးသော်လည်း အဓိပ္ပာယ်မရှိသောစကားဟု ထင်ခဲ့ဖူးသည်။

ယခုမှသာ ထိုစကားက အလွန်ပင် အဓိပ္ပာယ်ရှိသည်ဟု ခံစားလာခဲ့ရသည်။

သူမ ယခုကဲ့သို့ တည်ငြိမ်အေးဆေးစွာ လုပ်ဆောင်လာနိုင်သည်မှာ ထိုသို့သော ဒုက္ခများကို တွေ့ကြုံခဲ့ဖူးခြင်းကြောင့်ပင် ဖြစ်ပေသည်။

စုန့်ယီက စက်ဘီးကို တွန်းလိုက်ပြီး လင်းမိန်ဟွေ့က နောက်ဘက်မှသေတ္တာကို ကိုင်ပြီး ထိုဇနီးမောင်နှံနှစ်ဦးနှင့်အတူ ခြံဝင်းတံခါးတစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။

ထိုမိန်းကလေးက ချက်ချင်းပင် အိမ်ထဲမှလူများကို ရေခဲမုန့် တစ်ခုစီ လာယူရန် ခေါ်လိုက်လေ၏။ သို့နှင့် အိမ်ထဲ အန်တီကြီးတစ်ဦးက ဦးစွာထွက်လာကာ ပန်းကန်လုံးတစ်လုံး ယူလာပေးခဲ့သည်။

လင်းမိန်ဟွေ့လည်း သေတ္တာထဲမှ ရေခဲမုန့်များကို ယူကာ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်လေသည်။

ထိုအန်တီကြီးက ရေခဲမုန့်ကို မြင်လျှင် မျက်လုံးများက လင်းလက်သွားခဲ့သော်လည်း ခဏအကြာတွင်တော့ ကုန်ကျသည့် ငွေကြေးကို နှမြောသကဲ့သို့ ဖြစ်သွားခဲ့လေသည်။

“ရေခဲမုန့်တွေကို ဒီလောက် အများကြီး ဝယ်လာတာလား၊ ဒါက ဘယ်လောက်ကျလဲ”

လင်းမိန်ဟွေ့ : “အစ်မ၊ တစ်ချောင်းကို ဆင့်ငါးဆယ်ပါ၊ ဆယ်ချောင်းကို ငါးယွမ်ပဲ ကျပါတယ်”

“ဘာလဲ ၊ ဒါက လုံးဝလူတွေဆီက လုယက်နေတာပဲမဘား၊ ဆင့်ငါးဆယ်ဆိုရင် သကြားလုံး အလုံးငါးဆယ်တောင် ဝယ်လို့ရတယ်၊ ဆေးသကြား အထုတ်ကြီးတစ်ထုပ် ဝယ်လို့ရတယ်...”

ဤစကားကို ကြားလျှင် မိန်းကလေးက သူ၏ အမေကို အလျင်အမြန် ဆွဲ၍ ပြောလိာက်သည်။

“အမေ၊ ဒီလိုမျိုး လျှောက်မပြောပါနဲ့တော့. ရေခဲမုန့်တွေက တကယ်ပဲ ဒီလိုဈေးမျိုး ရှိတယ်.. ခရိုင်မြို့မှာဆိုရင် တစ်ယွမ်တန်တဲ့ ရေခဲမုန့်တောင် ရှိသေးတယ်”

သမီးဖြစ်သူဒစကားကို ကြားသည့်အခါ အန်တီကြီး၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။

“မင်းတို့ လူငယ်တွေကတော့ တစ်နေကုန် အလုပ်မလုပ်ဘဲ ဘာတွေတွေးနေလဲ မသိဘူး! တချို့လူတွေက မင်းတို့ဆီက ပိုက်ဆံကို ဒီလိုမျိုး လိုချင်နေတာ၊ မင်းတို့ကလည်း အလိမ်ခံနေရတယ်”

သူမ၏စကားများကို ကြားလျှင် လင်းမိန်ဟွေ့လည်း လူအများစုက ပစ္စည်းသစ်များပို ချက်ချင်း လက်ခံနိုင်ဦးမည် မဟုတ်ကြောင်းကို သိရှိလိုက်လေ၏။

စုန့်ယီက လင်းမိန်ဟွေ့ စိတ်မကောင်းဖြစ်မည် စိုးရိမ်သောကြောင့် သူမ၏ ပခုံးကို ပုတ်ကာ တစ်ဖက်မှ အန်တီကို ရှင်းပြခဲ့သည်။

“အန်တီ၊ ဒီရေခဲမုန့်ထဲမှာ ကောင်းမွန်တဲ့ပစ္စည်းတွေကို ထည့်ထားတာပါ.. နို့မှုန့်၊ သကြား၊ မြေပဲတွေလည်းပါတယ်.. စားကြည့်ရင် သိပါလိမ့်မယ်”

“ဒီမှာ လာကြွားမနေနဲ့၊ ဒါက ဘယ်လောက်ပဲ အရသာရှိနေပါစေ.. ကြက်၊ ဘဲ၊ ငါးထက် ကောင်းနိုင်ပါ့မလား”

“ဒါက အရသာမကောင်းဘူးဆိုရင် ပိုက်ဆံပြန်အမ်းပေးပါ့မယ်.. ကျန်တဲ့ရေခဲမုန့်တွေကို ပြန်ပေးလိုက်လေ အဲဒီတစ်ချောင်းကို အလကားကျွေးပါ့မယ်”

လင်းမိန်ဟွေ့က ပြောလိုက်သည်။

သူမအနေနဲ့ ဖောက်သည်များနှင့် ငြင်းခုန်နေရန် မလိပ်သင့်ကြောင်းကို သိရှိထားသည်။ ဤသို့အချေအတင် ဖြစ်နေမည့်အစား လက်တွေ့က အဖြေပေးသည်က ပိုကောင်းပေလိမ့်မည်။

အန်တီကြီးကလည်း ချက်ချင်းပင် ရေခဲမုန့်ကို ထုပ်ပိုးထားသည်ကို ဆွဲခွာလိုက်ကာ သူမ၏ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

ခဏအကြာတွင် သူမက သက်ပြင်းချလာခဲ့သည်။

သူမက လင်းမိန်ဟွေ့နှင့် စုန့်ယီကို ကြည့်လိုက်ပြီး သူမ၏ မိသားစုကိုလည်း ကြည့်လိုက်သည်။

“တကယ်ကို အရသာရှိတယ်.. နို့မှုန့်ကို စားရသလိုပဲ ၊ မဟုတ်ဘူး.. နို့မှုန့်ထက်တောင် အရသာရှိသေးတယ်.. ရေခဲလိုမျိုး အေးနေသေးပေမဲ့ ရေခဲချောင်းထက် အဆတစ်ရာလောက် ကောင်းတယ်”

အံ့သြစရာ မလိုပါချေ။

ဤအန်တီက သူတို့၏ ရေခဲမုန့်ကို ရေခဲချောင်းနှင့် နှိုင်းယှဉ်နေခဲ့ခြင်းသာ ဖြစ်နေခဲ့သည်ပင်။

ရေခဲချောင်းများတွင် ဆေးသကြားနှင့် ရေသန့်သာ ပါဝင်သော်လည်း သူတိာ့၏ ရေခဲမုန့် ပြုလုပ်နည်းကတော့ ပို၍ ရှုပ်ထွေးနေခဲ့သည်။

သူမက ဤသို့အော်လိုက်သည်တွင် အိမ်ထဲမှ ကလေးများနှင့် လူကြီးများပါ အကုန်ထွက်လာပြီး တစ်ယောက်တစ်ချောင်းစီ ရေခဲမုန့် ယူစားကြသည်။ စားပြီးသည့်နောက်တွင် အားလုံးက အရသာရှိကြောင်းကို အသံကျယ်ကျယ်နှင့် ချီးကျူးလာထဲ့ကြလေသည်။

ယောက္ခမဖြစ်သူကို စိတ်ကျေနပ်အောင် ပြုလုပ်လိုသည့် လူငယ်ကလည်း နှုတ်ခမ်းကိုကွေးညွတ်၍ တိတ်တဆိတ် ပြုံးနေခဲ့သည်။ ဘေးဘက်မှ မိန်းကလေးက သူ့ကို တိတ်တဆိတ် ဆိတ်ပြီး ပြောလိုက်လေ၏။

“မရယ်နဲ့၊ နောက်ဆို ရှင် ကျွန်မတို့မိသားစုအတွက် ရေခဲမုန့် ဝယ်ကျွေးရတော့မှာနော်”

ပထမဆုံး အရောင်းအဝယ် အောင်မြင်သွားသည်နှင့် ကျန်သည့် ကိစ္စများကလည်း ပို၍ ချောမွေ့လာသည်။

လင်းမိန်ဟွေ့က သူမ၏ ရေခဲမုန့်ကို အမြဲတမ်း အရင်မြည်းခိုင်းသည်။

အရသာမရှိလျှင် ငွေကြေးမပေးရဟု ကတိပေးခဲ့သည်။ ထို့ကြောင့် ဆယ်ယောက်တွင် တစ်ယောက်လောက်နှုန်းထားဖြင့် အိမ်က ချောင်လည်သည့်ကလေးများက သူတို့၏ ငွေကြေးလေးများနှင့် ရေခဲမုန့် လာဝယ်ခဲ့ကြသည်။

ခဏအကြာတွင် မြို့ထဲရှိ လမ်းပေါ်၌ လူတိုင်းနီးပါးက လက်ထဲ၌ ရေခဲမုန့်တစ်ချောင်းစီ ကိုင်ထားကြပေပြီ။

သူတို့က လင်းမိန်ဟွေ့၏ ရေခဲမုန့်ကို ချီးကျူးကြလေ၏။

လင်းမိန်ဟွေ့ကတော့ ဤစကားများအား ကြားသည့်အချိန်တွင် ပျော်ရွှင်မဆုံးဖြစ်နေခဲ့သည်။

ဟိုးအရင်တုန်းက သူတို့ ရွာထဲတွင်သာ ပိတ်မိနေပြီး အပြစ်တင်စကားများစွာကို ခံခဲ့ရသော်လည်း ယခုတွင်မူ သူတို့၏ဘဝကို ကိုယ်တိုင် ပိုင်နိုင်စွာ နေနိုင်ခဲ့ပြီဖြစ်သည်။

သေတ္တာထဲမှ ရေခဲမုန့်များက ကုန်လုနီးပါး ဖြစ်နေခဲ့ပြီ။ သို့သော်လည်း လူများက တန်းစီနေဆဲပင်။

သို့နှင့် လင်းမိန်ဟွေ့က စုန့်ယီအား ကျန်ရှိသည့် ရေခဲမုန့်များကို သွားယူရန် ဆိုင်သို့ ပြန်ခိုင်းလိုက်သည်။ စုန့်ယီ ထွက်သွားပြီးနောက် လင်းမိန်ဟွေ့က နေရာတွင်ပင် ဆက်လက် ရောင်းချခဲ့နေသည်။

*

အခန်း(60) ဝမ်းနည်းမိတယ်

“ဒီမြို့မှာ ဒီလိုမျိုးလှပတဲ့ မိန်းကလေးက ဘယ်တုန်းက ရေခဲမုန့်လာရောင်းနေတာလဲ.. ဒါက ဘယ်သူ့သမီးလေးလဲ”

ပန်းပွင့်အင်္ကျီများကို ဝတ်ဆင်ကာ လမ်းပေါ်တွင် ဒယီးဒယိုင် လျှောက်လာသည့် လူတစ်စုက လင်းမိန်ဟွေ့ကို အပေါ်အောက်စိုက်ကြည့်ပြီး အနားသို့ ကပ်လာခဲ့ကြသည်။

တစ်ယောက်က လင်းမိန်ဟွေ့၏ ရေခဲမုန့်သေတ္တာကိုပင် ဖွင့်ကြည့်လိုက်သည်။ သို့သော် လင်းမိန်ဟွေ့က ပြန်ပိတ်လိုက်လေ၏။

ဤလူများကို ကြည့်သည်နှင့် ကျန်းကျစ်ကုန်းတို့ကဲ့သို့သော လူများ ဖြစ်ကြောင်းကို သူမ သိရှိခဲ့သည်။

သူမ သေတ္တာကို တွန်း၍ ထွက်သွားရန် ပြင်ဆင်နေစဉ် အရက်မူးနေဟန်ရှိသည့် လူမိုက်နှစ်ယောက်က တားဆီးလာခဲ့သည်။

“မိန်းကလေး ၊ မင်းက မင်းရဲ့စီးပွားရေးကိုမလုပ်ဘဲ ဘယ်ကိုသွားမလို့လဲ “

“ရေခဲမုန့်တွေက ကုန်သွားပြီ၊ တခြားနေရာမှာ သွားဝယ်လိုက်ပါ”

“တခြားနေရာတွေမှာ ရေခဲမုန့်တွေရှိပေမယ့် လှတဲ့ကောင်မလေး မရှိဘူး။ ဒီရေခဲမုန့်တွေက လှတဲ့ကောင်မလေးရှေ့မှာ စားမှ အရသာရှိတာ မဟုတ်လား။”

ထိုလမ်းသွားလမ်းလာ လူမိုက်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ညစ်ညမ်းသည့် ဟန်အမူအရာဖြင့်နှုတ်ခမ်းသပ်လိုက်ကြသည်။

လင်းမိန်ဟွေ့လည်း သူတို့က ဤသို့မရှက်မကြောက် ပြုလုပ်လာသည်ကို မြင်လျှင် သူမ၏ တွန်းလှည်းကို ရပ်လိုက်ပြီး ပြောခဲ့လေ၏။

“ကျွန်မရဲ့ခင်ပွန်းသည်က ခဏနေရင်ရောက်လာတော့မယ်၊ ရှင်တို့ အခု မသွားသေးရင် သူ့လက်ချက်နဲ့ ဒဏ်ရာရသွားမလားမသိနိုင်ဘူး”

လမ်းလူမိုက်များသည်ကား ဤမြို့တွင် အစကတည်းက လူဆိုးဂိုဏ်းများဖွဲ့ထားသူများ ဖြစ်ကြလေ၏။

သူတို့က ဆိုင်များထဲတွင် အလကားစားသောက်သည်၊ ကြွေးမြီများကိုမဆပ်ကြ၊ လှပသည့်မိန်းမ မြင်သည်နှင့် စနောက်တတ်ကြသည်။

လင်းမိန်ဟွေ့ကဲ့သို့ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားထားပြီး အသံချိုသာသည့် မိန်းကလေးကို မြင်လိုက်ရသည့်အချိန်တွင် အဘယ်ကြောင့် လွှတ်ပေးနိုင်မည်နည်း။

“မိန်းက လေး၊ ငါတို့ညီအစ်ကိုတွေက မင်းကို ဒုက္ခမပေးပါဘူး၊ မင်းက ဘယ်သူ့သမီးလဲဆိုတာကိုပဲ ပြောပြလိုက်လေ”

“ကျွန်မက ဘယ်သူ့ရဲ့သမီးဖြစ်ဖြစ် ရှင်တို့နဲ့ မဆိုင်ဘူး၊ ရှင်တို့က ရဲမှမဟုတ်တာ၊ ဘာလဲ ရှင်တို့တွေက အိမ်ထောင်စုစာရင်းပါ စစ်ဆေးဦးမှာလား”

လင်းမိန်ဟွေ့က မရှက်မကြောက် ပြန်ပြောလိုက်သည်။ သူမအနေဖြင့် သူတို့ကို အခွင့်အရေး မပေးလိုပါချေ။

လမ်းလျှောက်နေသည့် လူဆိုးများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့က လင်းမိန်ဟွေ့၏ စကားများကို ကြက်တူရွေးကဲ့သို့ အနောက်မှ လိုက်ပြောလာကြလေသည်။

ဆံပင်ရှည်နှင့်တစ်ယောက်က လင်းမိန်ဟွေ့၏ အရှေ့ ဆယ်စင်တီမီတာခန့်တွင် ရပ်လိုက်ပြီး လင်းမိန်ဟွေ့ဆီကို ကိုင်းညွတ်၍ ကြည့်ကာ မျက်ခုံးပင့်ပြီး ပြောလာခဲ့သည်။

“မင်းက ဘယ်သူ့အိမ်ကလဲဆိုတာကို ငါမေးနေတာက ဘာလို့လဲမသိဘူးလား၊ ငါ့အစ်ကိုက အိမ်ထောင်မပြုရသေးဘူး၊ မင်းလည်း အိမ်ထောင်မပြုရသေးဘူးဆိုတော့ ငါတို့က မိသားစုတွေဖြစ်နိုင်တယ်လေ”

လင်းမိန်ဟွေ့ တစ်ဖက်လူကို ရွံရှာစွာ ကြည့်ပြီး အေးတိအေးစက် လေသံနှင့် ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်မ အိမ်ထောင်ကျပြီးသားပါ၊ ရှင်တို့ရှာနေတဲ့လူမျိုး မဟုတ်ပါဘူး”

လင်းမိန်ဟွေ့က စက်ဘီးကို အရှေ့သို့ တွန်းလိုက်သည်။ လမ်းလူမိုက်များက ချက်ချင်းပင် စက်ဘီးကို ပိတ်ရပ်လိုက်ကြသည်။

လင်းမိန်ဟွေ့လည်းစက်ဘီးကို အရှိန်နှင့် တွန်းလိုက်သောကြောင့် ဝင်တိုက်မိလေ၏။ လမ်း လူမိုက်က မြေကြီးပေါ်သို့ လှဲချလိုက်ပြီး လူးလိမ့်နေခဲ့ကာ အလွန် နာကျင်နေသကဲ့သို့ ဟန်ဆောင်လာခဲ့သည်။

ဘေးဘက်မှ လင်းမိန်ဟွေ့ကို ကြည့်နေသည့် လူမိာက်တစ်ယောက်က လင်းမိန်ဟွေ့၏ လက်ကိုင်ကို ဖမ်းဆွဲပြီး ပြောလာသည်။

“အိမ်ထောင်ကျပြီးသားဆိုလည်း ကွာရှင်းလို့ရတာပဲလေ၊ ငါ မင်းကို သဘောကျတာက မင်းရဲ့ကံကောင်းခြင်းပဲ”

“ဟုတ်တယ်၊ မင်းသာ ငါတို့ရဲ့ အစ်ကိုကြီးနဲ့ လက်ထပ်လိုက်ရင် အိမ်မှာ အိပ်နေရင်းနဲ့တောင် ရေခဲမုန့်စားလို့ရတယ်နော်၊ မင်းရဲ့ ဆင်းရဲတဲ့ယောက်ျားနဲ့အတူနေရသလိုမျိုး နေပူထဲမှာ ရေခဲမုန့် လိုက်ရောင်းစရာမလိုတော့ဘူး”

“သွားမယ်”

သူ၏ အပေါင်းအသင်းက ဝင်ရောက်ကာ ထပ်ပေါင်းပြောဆိုလာခဲ့သည်။

“အခု သွားကြမယ်”

လင်းမိန်ဟွေ့က မကြောက်ပါခေေ။ ယခုက နေ့လယ်ခင်းအချိန်ဖြစ်သည့်အတွက် သူတို့က မည်သည့်အရာကိုမှ မလုပ်ရဲသည်ကို သူမ သိသည်။

သူမ စဉ်းစားမိသည်မှာ ယခုအချိန် သူတို့အား အရှုံးပေးလိုက်ပါက နောက်ပိုင်းတွင်လည်း မကြာခဏ လာနှောင့်ယှက်နေဦးမည် ဆိုသည်ကိာသာ ဖြစ်ပေ၏။

သူတို့က ဆိုင်အထိပင် ရောက်လာနိုင်သည်။ ထိုအချိန်ကျလျှင် သူမနှင့် စုန့်ယီက ဤသို့သော ကိစ္စမျိုးကို ထပ်မံ၍ ရင်ဆိုင်ရလိမ့်မည် မဟုတ်ပါလော။

ဤအချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် သူမ၏ ရုပ်ရည်ကို တကယ်ပင် မုန်းတီးမိသည်။ သူမ၏မျက်နှာတွင် ဝက်ခြံအမာရွတ်များ ရှိနေလျှင် ကောင်းမည်ဟုပင် ထင်မိလာရသည်။

အနည်းဆုံးတော့ စုန့်ယီကို ဤသို့သော ဒုက္ခမျိုး ပေးမိလိမ့်မည်မဟုတ်တော့ပေ။

စုန့်ယီတစ်ယောက် ရေခဲမုန့်များကို လှည်းနှင့် တွန်းလာခဲ့သည်။ သူအနေဖြင့် လမ်းချိုးသို့ကွေ့လိုက်သည်နှင့် လမ်းလူမိုက်အနည်းငယ်က လင်းမိန်ဟွေ့ကို ဝိုင်းထားသည်ကို မြင်လိုက်လေသည်။ သူ လှည်းကို ချက်ချင်း ရပ်လိုက်ပြီး လမ်းဘေးမှ အုတ်ခဲတစ်လုံးကို ကောက်ယူကာ ပြေးသွားရင်း အော်ဟစ်လိုက်သည်။

“ ငါ့မိန်းမကို ဘယ်သူဒုက္ခပေးရဲနေတာလဲ၊ ဒီနေ့ပဲ မင်းတို့ရဲ့ခေါင်းကို ရိုက်ခွဲပစ်မယ်...”

လင်းမိန်ဟွေ့လည်း မျက်လုံးဖြင့် ဝေ့ကြည့်လိုက်ပြီး လူဆိုးအနည်းငယ်ကို တွန်းကာ ပြောလိုက်လေ၏။

“အစ်ကိုကြီးတို့၊ မြန်မြန်သွားပါတော့.. ကျွန်မရဲ့ယောက်ျားက နည်းနည်း စိတ်မမှန်ဘူး၊ သူ ရှင်တို့ကို တကယ် ရိုက်လိုက်ရင် အဆင်ပြေမှာမဟုတ်ဘူး”

စုန့်ယီသည်လည်း ဒေါသတကြီးနှင့် ရူးသွပ်နေသကဲ့သို့ ပြေးလာခဲ့သည်။

ထို့ကြောင့် ဘေးနားရှိ လမ်းလူမိုက်များမှာ အမှမ်တကယ်ကြောက်ရွံ့သွားခဲ့ကြသည်။

“အစ်ကိုကြီး၊ သွားရအောင်၊ စိတ်မမှန်လူတွေက ရာဇဝတ်မှုကျူးလွန်ရင်တောင် ထောင်ကျမှာမဟုတ်ဘူး ၊ သူတို့နဲ့ ပြသနာမဖြစ်တာကောင်းတယ်”

စုန့်ယီ မရောက်လာမီအချိန်တွင်ပင် လမ်းလူမိုက်အနည်းငယ်က ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ကြသည်။ တစ်ယောက်က အပြေးမမြန်သည့်အတွက် ခလုပ်တိုက်မိပြီး လဲကျသွားခဲ့သေးသည်။

သူ၏မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့ဘေသည်။

လင်းမိန်ဟွေ့အနေဖြင့် သူများကို အရှက်ခွဲချင်ိတ်မရှိသော်လည်း ဤသို့ ရန်စရဲပြီး သတ္တိမရှိသည့် လူများကို မြင်လိုက်ရချိန်တွင် မရယ်နောဘဲ မနေနိုင်ခဲ့ပေ။

စုန့်ယီအနီးသို့ ရောက်လာပြီးနောက် လင်းမိန်ဟွေ့ မည်သည့်အရာမျှ မဖြစ်သကဲ့သို့ ရှိနေကြောင်းကို တွေ့မြင်လိုက်မှသာ သက်ပြင်းချလိုက်မိသည်။

“မိန်ဟွေ့၊ အခုကစပြီး ရေခဲမုန့်ကို ကိုယ်ပဲ ရောင်းမယ်၊ မင်းက ဆိုင်မှာ လက်ကားရောင်းလိုက်လေ၊ ဒီလမ်းလူမိုက်တွေ ထပ်ပြီး ပြသနာရှာမှာကို စိုးရတယ်”

“ကောင်းပါပြီ”

လင်းမိန်ဟွေ့ လက်ခံလိုက်လေသည်။ စုန့်ယီမှ သူမကို စိုးရိမ်နေခြင်းဖြစ်ကြောင်းကို သူမ သိသည်။

လမ်းပေါ်တွင် လမ်းသွားလမ်းလာများက လူစု ကွဲသွားပြီးနောက် စုန့်ယီနှင့် လင်းမိန်ဟွေ့သာ ကျန်ရစ်ခဲ့တော့သည်။

ရာသီဥတုက အလွန်ပူပြင်းသည့်အတွက် စုန့်ယီတစ်ယောက် ချွေးများဖြင့် ချဲနစ်နေခဲ့လေ၏။ လင်းမိန်ဟွေ့သည် ရေခဲမုန့်သေတ္တာထဲမှ ရေခဲမုန့်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး စုန့်ယီကို ပေးလိုက်လေ၏။

“အစ်ကို စုန့်ယီ၊ ရှင် အရမ်းပင်ပန်းနေပြီ၊ ရေခဲမုန့် စားလိုက်ပါဦး”

“ကိုယ် မစားတော့ဘူး၊ မင်းစားလိုက်လေ”

“အစ်ကိုစုန့်ယီ၊ ခုနက ဖြစ်ခဲ့တာကို စိတ်ညစ်မနေပါနဲ့၊ ခုနက သူတို့ကို ကြောက်အောင် လုပ်ခဲ့ပြီးပြီပဲမလား”

လင်းမိန်ဟွေ့တစ်ယောက် မတိုင်ခင်က သူမ စုန့်ယီကို စိတ်မမှန်ဟု ပြောလိုက်မိကြောင်းကို ပြန်လည်တွေးမိပြီး တိတ်တဆိတ် ပြုံးမိလေသည်။ စုန့်ယီလည်း သူမ၏မျက်နှာပေါ်မှ အပြုံးကို သတိထားမိပြီး တည်ငြိမ်သောမျက်နှာပြောလာသည်။

“မင်းက ရယ်နေနိုင်သေးတယ်.. ကိုယ်သာ မရောက်လာခဲ့ရင် သူတို့ မင်းကို ဘာလုပ်မလဲ မသိနိုင်ဘူး”

“ကျွန်မ ဘာမှမဖြစ်ပါဘူး”

“ အခု ကိုယ်တို့တွေက ဒီနေရာမှာ အစိမ်းသက်သက်တွေ ဖြစ်နေတုန်းပဲ၊ သူတို့သာ မင်းကို ထိခိုက်အောင်လုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ၊ မင်းကို ဆွဲလားရမ်းလား လုပ်လာရင် ဘယ်လိုလုပ်မလဲ”

စုန့်ယီက ပြောလာခဲ့သည်။ သူ့အနေဖြင့် ထိုကိစ္စကို မမေ့နိုင်သေးပေ။ ထိုလမ်းလူမိုက်များကို ပြန်တွေးမိတိုင်း မုန်းတီးစိတ်များက ဖြစ်ပေါ်လာရသည်။

ဤတစ်ကြိမ်တွင် စုန့်ယီက အမှန်ညတကယ် အလေးအနက်ထား၍ ပြောနေခြင်းဖြစ်ကြောင်း သိသောကြောင့် လင်းမိန်ဟွေ့လည်း သူ၏အင်္ကျီလက်ကို ဆွဲပြီး ပြောလိုက်လေ၏။

“အစ်ကိုစုန့်ယီ၊ ကျွန်မကို မစိုးရိမ်ပါနဲ့၊ နောက်ကို ရှင်သာ ကျွန်မဘေးမှာ ရှိနေရင် သူတို့တွေ ကျွန်မကို သေချာပေါက် ပြသနာမရှာရဲတော့ပါဘူး”

“ဘာလို့လဲ။”

“ဘာလို့လဲဆိုတော့ ကျွန်မ ခုနက ရှင့်ကို စိတ်မမှန်ဘူးလို့ ပြောခဲ့တာ၊ စိတ်မမှန်တဲ့လူနဲ့ ရန်ဖြစ်လို့ သူတို့ကို ထိခိုက်မိမယ်ဆိုရင်တောင် စိတ်မမှန်တဲ့လူကို ဥပဒေအရ အရေးယူလို့မရဘူးဆိုပြီး သူတို့ ပြောသွားကြတယ်”

လင်းမိန်ဟွေ့ ထိုအကြောင်းကို ပြောပြီး ရယ်မောလိုက်မိသည်။

စုန့်ယီက မည်သည့် တုံ့ပြန်မှုမျှ မရှိကြောင်းကို မြင်လျှင် သူမက တစ်ဖက်လူ၏ အင်္ကျီလက်ဖျားကို အသာ ဆွဲကာ တောင်းပန်လိုဟန်ဖြင့် ကြည့်လိာက်လေ၏။

စုန့်ယီသည်ကား ငယ်စဉ်ကတည်းက မည်သူ့ကိုမျှ စိတ်မဆိုးဖူးပေ။

ရွာထဲမှလူများက သူအား ဆဲဆိုကျိန်းမောင်းလျှင်ပင် သူ တစ်ယောက်တည်းသာ တောင့်ခံခဲ့သည်။

သို့သော်လည်း လင်းမိန်ဟွေ့ကို လူမိုက်များက ဝန်းရံထားခဲ့ပြီး ထိုမိန်းကလေး တစ်ဦးတည်း ပြသနာများကို ရင်ဆိုင်နေရသည်ကို မြင်လိုက်ရချိန်တွင်တော့ စုန့်ယီတစ်ယောက် သူ့ကို သတ်လိုက်သည်ထက်ပင် ပိုမိုဆိုးရွားသည့် ခံစားချက်ကို ရခဲ့သည်။

သူ့၏ နှလုံးသားထဲမှ အတွင်းရောအပြင်ပါ စူးရှသည့် နာကျင်မှုက အမှန်တကယ်ပင် လူသတ်ချင်စိတ်များ ဖြစ်လာစေခဲ့သည်။

“မိန်ဟွေ့၊ နောက်ဆိုရင် အခုလိုမျိုး တစ်ယောက်တည်း တောင့်မခံပါနဲ့တော့.. ကိုယ် မင်းအနားမှာ ရှိတယ်...”

စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့က သူ စိတ်ပူမည်ကိုစိုးရိမ်သောကြောင့် အဆင်ပြေသကဲ့သို့ ဟန်ဆောင်နေပြီး အားပေးနေသည်ဟု တွေးနေခဲ့သည်။

လင်းမိန်ဟွေ့လည်း ခေါင်းညိတ်လိုက်ပြီး ရေခဲမုန့်တစ်ချောင်းကို ခွာကာ စုန့်ယီ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။

“ရှင် တစ်ချောင်းစားလိုက်၊ ကျွန်မလည်း တစ်ချောင်းစားမယ်.. ဒီနေ့ ပိုက်ဆံအများကြီးရခဲ့ပြီဆိုတော့ ဘဝကို ပျော်ပျော်နေရမယ်”

စုန့်ယီက ရေခဲမုန့်ကို ယူလိုက်သော်လည်း မစားသေးပါချေ။

လင်းမိန်ဟွေ့က သူ၏လက်ထဲမှ ရေခဲမုန်းကို ယူကာ စုန့်ယီ၏ ပါးစပ်နားသို့ ထပ်မံတိုးပေးလိုက်သည်။

ဤသို့အတင်းအကြပ် ဂရုစိုက်ပေးသည်မှာ စုန့်ယီကို အလွန် ချိုမြိန်နေသကဲ့သို့ ခံစားရစေသည်။

စုန့်ယီလည်း ညင်သာစွာ ကိုက်ခဲလိုက်လေ၏။

အေးမြမှုများက သူ၏ပါးစပ်ထဲတွင် ပျော်ဝင်သွားခဲ့ပြီး မတိုင်ခင်က စိုးရိမ်ပူပန်မှုများလည်း ပျောက်ကွယ်သွားသကဲ့သို့ ခံစားရစေသည်။

သူတို့ နှစ်ယောက် လမ်းပေါ်တွင် ခဏလောက် စောင့်ရောင်းခဲ့ကြလေ၏။

လူတိုင်း နေ့လယ်စာစားရန် ပြန်သွားခဲ့ကြပြီး ရေခဲမုန့်လည်း ဝယ်မည့်သူ မရှိတော့မှသာ ရေခဲမုန့်များကို ဆိုင်သို့ ပြန်တွန်းလာခဲ့ကြသည်။

All Chapters