← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃) ညတာအတွက် အစီအစဉ်

"ထပ်စမ်းဖို့ ဆေးပင်လည်း မကျန်တော့ဘူး။ ဒီဆေးလုံး အလုပ်လုပ်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။ အရောင်ပဲ ကွဲနေတာဆိုတော့ အာနိသင်ရှိနိုင်တဲ့ အခွင့်အရေးတော့ ရှိပါတယ်။ သူ့ရဲ့ ကံတရားအပေါ်မှာပဲ မူတည်တော့တာပေါ့" လုံချန်းက ခါးသက်သက် အပြုံးဖြင့် ပြောကာ ဆေးအိုးကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။

ပြင်ဆင်ပြီးနောက် သူသည် ကျိချင်း၏ တဲထဲမှ ထွက်လာကာ မိမိတဲဆီသို့ ဦးတည်လျှောက်လှမ်းခဲ့သည်။

သန်းခေါင်ယံအချိန် ရောက်နေပြီဖြစ်၍ အမှောင်ထုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လွန်းလှသဖြင့် သစ်ရွက်များ လှုပ်ခတ်သံကိုပင် အတိုင်းသား ကြားနေရသည်။

"နင် ပြန်လာပြီပဲ။ အောင်မြင်ခဲ့ရဲ့လား။ အဆိပ်ကို မဖယ်ရှားနိုင်ရင် သူ နောက်ထပ် တစ်နာရီထက် ပိုခံမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်" လုံချန်း တဲထဲသို့ ဝင်လာသည်နှင့် မင်ယုက သတိထားမိပြီး အခြေအနေကို ပြောပြသည်။

လုံချန်းသည် ထိုလူကို ကြည့်လိုက်ရာ အခြေအနေမှာ ပို၍ ဆိုးရွားလာနေသည်။ အသက်ရှူနှုန်းမှာ အလွန်ပင် အားနည်းနေပြီး မျက်နှာတစ်ခုလုံးလည်း ဖျားနာသည့်အလား နီရဲနေသည်။

"အင်း... ငါ ဆေးလုံးတစ်လုံး ဖော်စပ်ခဲ့တယ်။ ဒါပေမဲ့ ဒီဆေးလုံးရဲ့ အာနိသင်ကတော့ သူ့ရဲ့ ကံတရားအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်လိမ့်မယ်။ အခုလောလောဆယ်တော့ ငါ ဘာမှ အာမမခံနိုင်သေးဘူး" လုံချန်းက ခါးသက်သက် အပြုံးဖြင့် ပြောရင်း ထိုလူ၏ ဘေးတွင် ထိုင်လိုက်သည်။

သူသည် ထိုလူ၏ မျက်နှာပေါ်သို့ လက်တင်ကာ ပါးစပ်ကို ဖွင့်လိုက်သည်။ အခြားလက်တစ်ဖက်ဖြင့် ဆေးလုံးကို ယူကာ ထိုသူ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

"ဆေးလုံးက သူ့ပါးစပ်ထဲမှာ အရည်ပျော်ပြီး ခန္ဓာကိုယ်ထဲကို စီးဝင်သွားလိမ့်မယ်။ သူ ပြန်ကျန်းမာလာမလားဆိုတာ စောင့်ကြည့်ကြတာပေါ့" လုံချန်းက ထိုလူကို စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

ဆယ်မိနစ်ခန့် ကုန်ဆုံးသွားသော်လည်း ထိုသူမှာ ပြန်လည် နာလန်ထူလာပုံ မရပေ။ အမှန်တကယ်တော့ အခြေအနေမှာ ပို၍ပင် ဆိုးရွားလာသကဲ့သို့ ရှိသည်။ အသက်ရှူသံမှာ အလွန်တိုးသွားသဖြင့် အချိန်မရွေး အသက်ထွက်သွားနိုင်သည့် အနေအထားသို့ ရောက်နေသည်။

လုံချန်းသည် အချိန်အတော်ကြာ စောင့်ကြည့်နေပြီးမှ သက်ပြင်းချလိုက်သည်။

'ဒီဆေးလုံးက တကယ်ပဲ အောင်မြင်မှု မရှိခဲ့ဘူး ထင်တယ်' လုံချန်းက စိတ်ပျက်သော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

သူသည် ထိုသူ အသက်ရှင်လိမ့်မည်ဟူသော မျှော်လင့်ချက်ကို လက်လွှတ်တော့မည့် ဆဲဆဲမှာပင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ထိုလူမှာ နောက်ဆုံးတွင် ပြန်လည် နာလန်ထူလာတော့သည်။ အသက်ရှူသံများမှာ တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူ၏ မျက်နှာအရောင်မှာလည်း မူလအတိုင်း ပြန်လည် ဖြစ်ပေါ်လာခဲ့ပြီ။

"သူ့ကို ဒီည အနားယူပါစေ။ မနက်ကျရင်တော့ သူ အဆင်ပြေသွားလိမ့်မယ်" လုံချန်းက ပြုံးလျက် မတ်တတ်ရပ်လိုက်သည်။

"ရွန်... မင်း ဒီတဲမှာပဲ နေပြီး သူ့ကို စောင့်ကြည့်ပေးပါ။ သူ ဒီညတော့ နိုးလာမှာ မဟုတ်ပေမဲ့ တကယ်လို့ သန်းခေါင်ယံမှာ သူ နိုးလာခဲ့ရင် ငါတို့ကို အသိပေးဖို့ မမေ့နဲ့ဦး" လုံချန်းက ပြောကာ တဲထဲမှ ထွက်လာခဲ့သည်။

မင်ယုနှင့် ကျိချင်းတို့လည်း မကြာမီမှာပင် တဲထဲမှ လိုက်ထွက်လာကြသည်။

"နင့်ရဲ့ တဲကတော့ ဒီညအတွက် လူပြည့်သွားပြီဆိုတော့... ငါ့တဲမှာပဲ လာအိပ်ပါ၊ ဒါပေမဲ့ မွေ့ရာတော့ သီးခြားစီနော်" မင်ယုက လုံချန်းအနား တိုးကပ်လာပြီး တိုးတိုးလေး ပြောသည်။

"ဪ... ကောင်း..." လုံချန်း စကားမဆုံးသေးခင်မှာပင် ကျိချင်းက သူ၏လက်ကို ဆွဲကာ ကြားဖြတ် ပြောလိုက်ပြန်သည်။

"ဘာလို့ နင့်ရဲ့တဲမှာ အိပ်ရမှာလဲ။ ငါ့တဲလည်း အားနေတာပဲ။ သူ ငါ့တဲမှာ အိပ်လို့ရတယ်" ကျိချင်းက လုံချန်းအနားမှာ ရပ်ကာ မကျေမနပ်လေသံဖြင့် ပြောသည်။

"ငါနဲ့ လိုက်ခဲ့ပါ မောင်လေးရယ်၊ ငါ့ဆီမှာဆိုရင် မွေ့ရာကို သီးခြားစီ ခင်းနေစရာတောင် မလိုဘူးလေ" ကျစ်ချင်းက လုံချန်းအနားသို့ ပိုမိုတိုးကပ်ကာ မြှူဆွယ်သော လေသံဖြင့် ပြောလိုက်ပြန်သည်။

"မွေ့ရာတွေ ဘာတွေ မလိုပါဘူး။ ငါ တစ်ညလုံး ကျင့်ကြံနေမှာပဲလေ။ အဲဒီတော့ ဘယ်မှာနေနေ အတူတူပါပဲ" လုံချန်းက ကြားထဲမှ ညှိနှိုင်းပေးသည့် အနေဖြင့် ခါးသက်သက် အပြုံးဖြင့် ပြောလိုက်ရသည်။

"အဲဒါဆိုရင်လည်း ကောင်းပြီလေ။ အဲဒီတော့ ဘယ်တဲမှာ အိပ်မှာလဲ" သူတို့ နှစ်ယောက်လုံးက တစ်ပြိုင်တည်း မေးလိုက်ကြသည်။

"ငါ... ငါ... မြင်းရထားပေါ်မှာပဲ အိပ်ပါ့မယ်" လုံချန်း ခဏလောက် စဉ်းစားလိုက်သော်လည်း သူတို့နှစ်ယောက်လုံး၏ မျှော်လင့်ချက်အပြည့်နှင့် မျက်နှာများကို မြင်ရသည့်အခါ ခေါင်းကိုက်လာသဖြင့် နောက်ဆုံးတွင် ထိုပြဿနာထဲမှ ရုန်းထွက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

လုံချန်း သတိမထားမိသည်မှာ သူ၏ နှလုံးသား မိစ္ဆာ ပိုးအိမ်တွင် အက်ကြောင်းလေးများ စတင် ပေါ်ပေါက်လာခြင်းပင်။ သို့သော် အက်ကြောင်းအနည်းငယ်သာ ဖြစ်ပေါ်ပြီးနောက် ပြန်လည် ရပ်တန့်သွားခဲ့သည်။

"နင် အဲဒီအထိ လုပ်စရာ မလိုပါဘူး။ ငါတို့ နင့်ကို အကျပ်ရိုက်အောင် လုပ်နေမိမှန်း ငါသိပါတယ်။ နင် ကျိချင်းရဲ့ တဲမှာပဲ အိပ်လိုက်ပါ၊ ငါ စိတ်မရှိပါဘူး" မင်ယုက ရုတ်တရက် ပြောလိုက်ပြီးနောက် လှည့်ထွက်ကာ သူမ၏ တဲထဲသို့ ဝင်သွားတော့သည်။

လုံချန်းမှာ ဘာဖြစ်သွားမှန်း မသိဘဲ ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့သည်။ မင်ယု တကယ်ပဲ စိတ်ကောက်သွားသည်လော။

'မိန်းကလေး နှစ်ယောက်နဲ့နေရတာ တကယ်ကို မလွယ်ကူပါလား။ အရေအတွက် ပိုတိုးလာရင် ဘာတွေ ဆက်ဖြစ်မလဲ မသိဘူး' လုံချန်းက ခါးသက်သက် အပြုံးဖြင့် တွေးလိုက်မိသည်။

"သူ့နောက်ကို လိုက်သွားလိုက်ပါ၊ ငါတို့က တခြားအချိန်မှ အတူတူ အချိန်ကုန်ဆုံးလို့ ရတာပဲ" ကျိချင်းက ရယ်မောရင်း လုံချန်းကို နောက်ကနေ တွန်းပေးလိုက်သည်။

"ကျေးဇူးပဲ" လုံချန်းက ပြုံးလျက် ကျိချင်း၏ နှုတ်ခမ်းကို ခပ်ဖွဖွ နမ်းလိုက်ပြီးနောက် မင်ယု၏ တဲဆီသို့ လျှောက်သွားခဲ့သည်။

"ဘာပဲဖြစ်ဖြစ် နင်က ကျင့်ကြံခြင်းပဲ လုပ်မှာဆိုတော့ ငါ့အတွက် ဒီည ဘာမှ ဆုံးရှုံးသွားတာ မဟုတ်ပါဘူး" ကျိချင်းက လိမ္မာပါးနပ်သော အပြုံးဖြင့် ရေရွတ်လိုက်သည်။ 'ဒီနည်းနဲ့ နောက်တစ်ခါကျရင် ငါ သူ့ကို ငါ့အခန်းထဲ တရားဝင် ခေါ်သွားလို့ ရတာပေါ့' သူမ ကိုယ့်ဘာကိုယ် တွေးလိုက်သည်။

မင်ယုသည် သူမ၏ မွေ့ရာပေါ်တွင် လဲလျောင်းနေပြီး အတွေးများဖြင့် နစ်မြောနေပုံရသည်။ လုံချန်း ရုတ်တရက် တဲထဲသို့ ဝင်လာသဖြင့် မင်ယုမှာ အံ့သြသွားခဲ့သည်။

"နင် ဘာလို့ ဒီကို ရောက်နေတာလဲ" လုံချန်း တဲထဲဝင်လာသည်ကို မြင်သောအခါ မင်ယုက အံ့သြတကြီး မေးလိုက်သည်။

"ကိုယ့်မိန်းကလေးရဲ့ အခန်းထဲကို ကိုယ် ဝင်လို့မရဘူးလား" လုံချန်းက ချစ်စဖွယ် အပြုံးဖြင့် ပြန်ဖြေသည်။

"ရပါတယ်၊ ဒါပေမဲ့ နင် ဘာလို့ ကျိချင်းနဲ့ အတူမရှိတာလဲ" မင်ယုက ဇဝေဇဝါဖြင့် မေးသည်။

"ဒါပေါ့... ကိုယ်က ကိုယ့်ရဲ့ ချစ်လှစွာသော မင်ယုနဲ့အတူ ညတာကို ကုန်ဆုံးဖို့ လာခဲ့တာလေ" လုံချန်းက ရယ်မောရင်း တဲအဝင်ဝ ဇစ်ကို ပိတ်လိုက်ကာ မင်ယုအနားသို့ လျှောက်သွားသည်။ မင်ယု၏ မျက်နှာတွင် အပြုံးလေးတစ်စ ပေါ်လာသော်လည်း သူမ ချက်ချင်း ပြန်ဖုံးကွယ်လိုက်သည်။

သူသည် မွေ့ရာပေါ်တွင် သူမ၏ ဘေးနားမှာ ထိုင်လိုက်သည်။

"နင် တစ်ညလုံး ကျင့်ကြံနေမယ်လို့ ပြောထားတာ မဟုတ်ဘူးလား" လုံချန်း သူမဘေးမှာ လဲလျောင်းလိုက်သည်ကို မြင်သဖြင့် မင်ယုက မေးလိုက်သည်။

"အဲဒါက အစက အစီအစဉ်ပေါ့၊ ဒါပေမဲ့ အခုတော့ အဲဒီအစီအစဉ်ကို ဖျက်လိုက်ပြီ။ ဒီလောက် လှပတဲ့ မိန်းကလေးတစ်ယောက် ကိုယ့်ဘေးမှာ အိပ်နေတာကို အေးအေးဆေးဆေး ကျင့်ကြံနိုင်မှာ မဟုတ်မှန်း ကိုယ်သိတယ်လေ။ အဲဒီတော့ မကြိုးစားတာကပဲ ပိုကောင်းပါတယ်" လုံချန်းက ရယ်မောရင်း မင်ယုကို ဖက်လိုက်သည်။

"ငါ အဆင်သင့် မဖြစ်ခင်အထိ နမ်းတာကလွဲလို့ ဘာမှမလုပ်ရဘူးလို့ ပြောထားတယ်နော်" မင်ယုက လုံချန်းဘက်သို့ မျက်နှာမူကာ သတိပေးလိုက်သည်။

"သိပါတယ်ဗျာ။ စိတ်မပူပါနဲ့... ကိုယ် မင်းကို အတင်းအကျပ် မလုပ်ပါဘူး။ ကတိပေးပါတယ်။" လုံချန်းက နူးညံ့သော အပြုံးဖြင့် ပြောလိုက်သည်။ သူသည် သူ၏မျက်နှာကို မင်ယုအနားသို့ တိုးကပ်သွားပြီး သူမ၏ နူးညံ့သော နှုတ်ခမ်းလွှာများကို နမ်းရှိုက်လိုက်သည်။

"ဒါပေမဲ့ နမ်းလို့တော့ ရသေးတယ် မဟုတ်လား..." သူသည် သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြုံးလျက် ပြောလိုက်တော့သည်။

အခန်း (၂၄၄) မင်း သေချာရဲ့လား

"သိပါတယ်ဗျာ။ စိတ်မပူပါနဲ့... ကိုယ် မင်းကို အတင်းအကျပ် မလုပ်ပါဘူး။ ကတိပေးပါတယ်" လုံချန်းက နူးညံ့သော အပြုံးဖြင့် ပြောလိုက်သည်။ သူသည် သူ၏မျက်နှာကို မင်ယုအနားသို့ တိုးကပ်သွားပြီး သူမ၏ နူးညံ့သော နှုတ်ခမ်းလွှာများကို နမ်းရှိုက်လိုက်သည်။

"ဒါပေမဲ့ နမ်းလို့တော့ ရသေးတယ် မဟုတ်လား..." သူသည် သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"နင်..." မင်ယု တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လုံချန်းက သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ထပ်မံ ပိတ်ဆို့လိုက်ပြန်သည်။ အံ့သြစရာကောင်းသည်မှာ မင်ယုကိုယ်တိုင်လည်း လုံချန်း၏ အနမ်းများကို ပြင်းပြစွာ ပြန်လည် တုံ့ပြန်လာခြင်းပင်။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး တင်းတင်းကြပ်ကြပ် ဖက်ထားရင်း အပြန်အလှန် နမ်းရှိုက်နေကြသည်။ ထိုအနမ်းမှာ ၃ မိနစ်ခန့် ကြာမြင့်ပြီးနောက်မှ သူတို့ ခွဲခွာလိုက်ကြသည်။

"ဒီညအတွက်တော့ ဒီလောက်ဆို တော်ပါပြီ။ အခု အိပ်သင့်ပြီနော်။ မနက်ကျရင် ခရီးဆက်ဖို့ စောစောထရဦးမယ်လေ" မင်ယုက လုံချန်းကို ကြည့်ကာ နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။

"ဒီညတော့ ကိုယ့်မိန်းမ စကားကို နားထောင်ရမှာပေါ့၊ ဒါပေမဲ့ နောက်ကျရင်တော့..." လုံချန်းက အလေးအနက် လေသံဖြင့် ပြောနေရင်းမှ စကားမဆုံးခင် မင်ယုကို ထပ်မံ နမ်းလိုက်ပြန်သည်။

ယခုတစ်ကြိမ် အနမ်းမှာ ပို၍ ရှည်ကြာသွားပြီး ၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။ သူတို့ ခွဲခွာလိုက်ချိန်တွင် နှစ်ဦးစလုံးမှာ အသက်ရှူ မြန်နေကြတော့သည်။

"တော်ပြီနော်" မင်ယုက ပြောကာ သူမ၏ မျက်နှာကို တစ်ဖက်သို့ လှည့်၍ ကျောခိုင်း လိုက်တော့သည်။

"ကောင်းပြီလေ။ ကဲ... ဘာမှ ထပ်မလုပ်တော့ဘူး။ အခု တကယ် အိပ်တော့မယ်" လုံချန်းက ခါးသက်သက် အပြုံးဖြင့် ရေရွတ်လိုက်သည်။

သူသည် သူ၏ ညာဘက်လက်မောင်းကို မင်ယုပေါ်သို့ တင်လိုက်ပြီး သူမနှင့် ပိုမို နီးကပ်စွာ ကပ်အိပ်လိုက်ရင်း မျက်လုံးများကို မှိတ်လိုက်သည်။ ကြည့်ရသည်မှာ သူတို့နှစ်ဦး ဖက်အိပ်နေကြသလိုပင်။ သို့သော် လုံချန်း စတင် စိုးရိမ်လာရန်မှာ အချိန်အတော်ကြာ မလိုခဲ့ပေ။ သူ၏ လုံချန်းလေးမှာ မင်ယု၏ တင်ပါးနှင့် တိုက်ရိုက် ထိတွေ့နေပြီး စတင် လှုပ်ရှားလာသည်ကို သူ သတိထားမိလိုက်သည်။

လုံချန်းမှာ အိပ်ပျော်ရန် ကြိုးစားနေသော်လည်း အမှန်တကယ် ဖြစ်ပျက်နေသည့် အခြေအနေကြောင့် သူ၏ မျက်နှာတွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ လုံချန်းလေးမှာ စိတ်လှုပ်ရှားကာ ကြီးထွားလာနေပြီး မင်ယုနှင့် အလွန်နီးကပ်စွာ ကပ်နေသဖြင့် သူမလည်း သိသွားလောက်ပြီဟု သူ သေချာပေါက် သိနေသည်။ သူမ သူ့ကို ဆူမလား သို့မဟုတ် အကွာအဝေးတစ်ခု ခွာလိုက်မလားဟု သူ တွေးနေမိသော်လည်း လက်တွေ့မှာမူ သူ ထင်ထားသည်နှင့် ကွဲပြားနေခဲ့သည်။

ဒုတိယအကြိမ် နမ်းပြီးနောက် လုံချန်းနှင့် ခွဲခွာလိုက်သည့်အချိန်တွင် မင်ယု၏ နှလုံးခုန်သံမှာ မြန်ဆန်နေခဲ့သည်။ အကယ်၍ ဤသို့သာ ဆက်သွားနေပါက သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားတော့မည်ဟု ခံစားနေရသည်။

သူမသည် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု ထင်ထားသော်လည်း လက်တွေ့မှာမူ အတော်လေး ကွဲပြားနေသည်။ သူမ၏ ထိန်းချုပ်နိုင်စွမ်းမှာ စတင် ပြိုလဲနေပြီ ဖြစ်သည်။

သူမသည် လုံချန်း သူမကို ထပ်မနမ်းနိုင်အောင် တစ်ဖက်သို့ ကျောခိုင်းလှည့်အိပ်လိုက်သော်လည်း ၎င်းမှာ ပို၍ပင် ဆိုးရွားသွားခဲ့သည်။

လုံချန်းက သူမနှင့် ပိုမိုနီးကပ်စွာ ကပ်လိုက်သဖြင့် ယခုအခါ သူ၏ ကောင်လေးမှာ သူမ၏ တင်ပါးကို ထောက်မိနေသည်။ သူမ တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း ချက်ချင်း ပြန်ပိတ်လိုက်သည်။ ဤအခြေအနေမှာ အလွန် အရှက်ရဖို့ကောင်းနေသဖြင့် သူမ အိပ်ချင်ယောင်ဆောင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

'သူမ အိပ်ပျော်သွားပြီလား၊ တော်တော် မြန်တာပဲ' လုံချန်းသည် သူ၏ ကောင်လေးနှင့် ပတ်သက်ပြီး မင်ယုထံမှ မည်သည့် တုံ့ပြန်မှုမှ မရရှိသဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဪ... ကောင်းပါတယ်လေ" လုံချန်းက တိုးတိုးလေး ရေရွတ်ရင်း မျက်လုံးမှိတ်လိုက်ကာ မင်ယု၏ တင်ပါးကို ကလိထိုးနေသော သူ၏ လုံချန်းလေးကို ဂရုမစိုက်တော့ဘဲ နေလိုက်သည်။

သူသည် မသိစိတ်ဖြင့် သူ၏ ခါးကို ဟိုဟိုဒီဒီ စတင် လှုပ်ရှားလိုက်ရာ သူ၏ လက်က သူမပေါ်တွင် ရှိနေစဉ်မှာပင် သူ၏ ကောင်လေးမှာ မင်ယု၏ တင်ပါးနှင့် ပွတ်တိုက်မိနေတော့သည်။

မင်ယုသည် ထိုကောင်လေး၏ လှုပ်ရှားမှုကို ခံစားလိုက်ရသဖြင့် သူမ၏ နှလုံးခုန်သံမှာ ပို၍ မြန်လာသည်။

နောက်ဆုံးတွင် သူမ ဆက်လက် သည်းမခံနိုင်တော့ဘဲ သူမ၏ ထင်မြင်ချက်ကို ဖွင့်ဟလိုက်ရတော့သည်။

"နင်... အဲဒါကို လှုပ်နေတာ ရပ်လို့ရမလား" မင်ယုက ပြောရင်း လုံချန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်ကွာ။ ခုနက နမ်းလိုက်လို့ ဒီကောင်လေးက စိတ်လှုပ်ရှားပြီး သူ့အလိုလို လှုပ်ရှားနေတာပါ" လုံချန်းက အရှက်မရှိသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ ရှက်နေရသည်ထက်စာလျှင် ဤသို့ ပြောလိုက်ခြင်းက ပိုကောင်းသည်ဟု သူ တွေးလိုက်ခြင်း ဖြစ်သည်။

"အဲဒါကို ငြိမ်အောင်လုပ်လိုက်ပါ။ ငါ့ကို အနှောင့်အယှက် ဖြစ်စေတယ်" မင်ယုက လုံချန်းကို မကြည့်ဘဲ ပြန်ပြောသည်။

"ကိုယ်လည်း ဘာမှ မလုပ်နိုင်တော့ဘူးလေ။ သူက တစ်ညလုံး ဒီလိုပဲ ဖြစ်နေတော့မှာ။ သူ့ကို ငြိမ်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်နည်းပဲ ရှိတယ်၊ ဒါပေမဲ့ အဲဒါက မင်းရဲ့ အကူအညီနဲ့မှ ရမှာ။ မင်း လုပ်ပေးမှာ မဟုတ်ဘူးလို့ ကိုယ် ထင်ပါတယ်" လုံချန်းက စိတ်ပျက်အားငယ်နေသလို ဟန်ဆောင်ကာ ပြောလိုက်သည်။

"ရပါတယ်။ ကိုယ် အပြင်မှာပဲ သွားအိပ်ပြီး ဒီကောင်လေး ပေးမယ့် နာကျင်မှုကို ခံစားလိုက်ပါ့မယ်" လုံချန်းက ဝမ်းနည်းသော မျက်နှာထားဖြင့် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"နာကျင်မှု ဟုတ်လား။ နင် ဘာတွေ ပြောနေတာလဲ" မင်ယုက စိုးရိမ်တကြီး ကြည့်ကာ မေးသည်။

"ဪ ဟုတ်သားပဲ၊ မင်းက ဒါတွေကို သိမှာ မဟုတ်ဘူး။ ဒီကောင်လေးက မတ်တောင့်လာတဲ့အခါ နာရီဝက်အတွင်း ငြိမ်မသွားရင် အရမ်း နာလာတတ်တာ။ အဲဒီနာကျင်မှုက နှလုံးသားကို အပ်ထောင်ပေါင်းများစွာနဲ့ ထိုးစိုက်ခံရသလိုပဲ" လုံချန်းက စကားလုံးများ လုပ်ကြံဖန်တီးကာ ပြောလိုက်သည်။

"အဲဒါ... အဲဒါ တကယ်လား။ သူ့ကို ငြိမ်သွားအောင် ငါ ဘယ်လို ကူညီပေးရမလဲဆိုတာ ပြောပြပါ။ ငါ... ငါ ကြိုးစားကြည့်ပါ့မယ်" မင်ယုက စိုးရိမ်တကြီး ပြောလာသည်။

"နည်းလမ်း နှစ်မျိုး ရှိတယ်။ ပထမတစ်ခုကတော့ အတူအိပ်တာပဲ၊ ဒါပေမဲ့ မင်းက အဆင်သင့် မဖြစ်သေးဘူးဆိုတော့ မဖြစ်နိုင်ဘူး။ ဒုတိယ နည်းလမ်းကတော့..." လုံချန်းက မင်ယု၏ မျက်နှာနားသို့ တိုးကပ်သွားပြီး သူမ၏ နားထဲတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။ မင်ယု၏ မျက်နှာအမူအရာမှာ သူပြောသမျှကို နားထောင်ရင်း အမျိုးမျိုး ပြောင်းလဲနေတော့သည်။

"ဘာ..." မင်ယုသည် လုံချန်း၏ အဖြေကို ကြားလိုက်ရသည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူမသည် သူ့ကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။ ယခုအခါ သူမ၏ မျက်နှာတစ်ခုလုံးမှာ ရဲရဲနီနေလေပြီ။

"နင် တကယ် ပြောတာလား" မင်ယုက ထပ်မေးသည်။ လုံချန်းကို သူမ မယုံသင်္ကာ ဖြစ်နေမိသည်။

"အင်း၊ အဲဒီ နည်းလမ်းနှစ်ခုပဲ ရှိတာ။ ဒါပေမဲ့ မင်း လုပ်မှာ မဟုတ်ဘူးဆိုတာ ကိုယ် သေချာပါတယ်။ ရပါတယ်... နာကျင်မှု တစ်ခုပဲဟာ။ ကိုယ်ပဲ သည်းခံပြီး နေလိုက်ပါ့မယ်။ သေတော့ မသေလောက်ပါဘူး... ဖြစ်နိုင်ခြေ များပါတယ်" လုံချန်းက ရှုံးနိမ့်သွားသူတစ်ဦးလို ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ငါ... ငါ လုပ်ပေးပါ့မယ်" မင်ယုသည် အစပိုင်းတွင် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် လုံချန်းကို ပြောလိုက်သည်။

"မင်း ဘာလုပ်ပေးမှာလဲ" လုံချန်းက အံ့သြသော မျက်နှာထားဖြင့် မေးလိုက်သည်။

"ဒုတိယ နည်းလမ်းနဲ့... နင့်ကို... ကူညီပေးမယ်။ ငါ လုပ်ပေးပါ့မယ်" မင်ယုက နီရဲနေသော မျက်နှာဖြင့် အားယူကာ ပြန်ဖြေလိုက်သည်။

"မင်း သေချာရဲ့လား" လုံချန်းက အံ့သြတကြီး မေးလိုက်တော့သည်။

All Chapters