← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း(67)

လင်းမိန်ဟွေ့အနေဖြင့် ငယ်စဉ်ကတည်းက ဂရုစိုက်ခြင်းကို မခံခဲ့ရပါချေ။ ယခုကဲ့သို့ အသေးစိတ်ကျသည့် ဂရုစိုက်မှုနှင့် နွေးထွေးမှုများကိုရင်ဆိုင်လာရချိန်တွင် သူမ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့ရသည်။

သူမ စုန့်ယီ မမြင်နိုင်စေရန်အတွက် ခေါင်းငုံ့ကာ မျက်ရည်များကို သုတ်လိုက်လေ၏။

“မြန်မြန်စားလိုက်လေ.. အေးသွားရင် ငါးညှီနံ့ နံလာလိမ့်မယ်”

“အစ်ကို စုန့်ယီ၊ ကျွန်မအတွက် ငါးရိုးတွေ ဆက်မနွှင်နဲ့တော့၊ ရှင်လည်း မြန်မြန်စားလိုက်တော့လေ”

စုန့်ယီကတော့ မရပ်တန့်ဘဲ ငါးအရိုးများကို နွှင်ရင်း ပြောလာခဲ့သည်။

“ကိုယ် မင်းကို ကိုယ်နဲ့အတူရှိနေမယ်ဆိုရင် ပျော်ရွှင်အောင်ထားပေးမယ်လို့ ကတိပေးထားတယ်လေ.. ဒါပေမဲ့ အခုတော့ မင်းက ဒဏ်ရာတွေပါ ရလာခဲ့တယ်.. ကိုယ့်ကို ငါးတစ်တုံးလောက်တောင် ကျွေးခွင့်မပေးနိုင်ဘူးလား.. မင်းရဲ့လက်က ဒဏ်ရာရနေတော့ ငါးရိုးမနွှင်နိုင်လောက်ဘူး.. ကိုယ် မင်းအတွက် နွှင်ပေးပါ့မယ်”

“အစ်ကိုစုန့်ယီ၊ ကျွန်မက ဘယ်လိုလုပ်ပြီး အဲဒီလောက်တောင် အားနည်းနေမှာလဲ.. ကျွန်မ ငယ်ငယ်ကတည်းက အိမ်အလုပ်မျိုးစုံကို လုပ်လာခဲ့တာ.. ဒဏ်ရာရတုန်းကတောင် တစ်ခါမှ မနားခဲ့ရဘူး...”

လင်းမိန်ဟွေ့၏ အသံက ကြမ်းလာခဲ့ပြီး ခေါင်းကို ပြန်မမော့ကြည့်နိုင်သေးပါချေ။

သူမ ခေါင်းမော့ကြည့်လိုက်ပါက မျက်ရည်များ ကျဆင်းမည်ကို စိုးရိမ်နေခဲ့မိသည်။

စုန့်ယီက ငါးတစ်တုံးကို ထပ်ထည့်ပေးကာ လေသံတိုးတိုးနှင့် ပြောဆိုလာခဲ့သည်။

“မိန်ဟွေ့၊ အတိတ်က အတိတ်ပဲလေ.. ကိုယ် အဲဒီအရာတွေကို မပြောင်းလဲနိုင်ဘူး.. ဒါပေမဲ့ ကိုယ် မင်းကို နောက်ထပ် ဘယ်တော့မှ ထပ်ပြီး မခံစားရစေရဘူး..

စိတ်မပူပါနဲ့၊ ကိုယ် မင်း ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖိုးအတွက် ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ရအောင် ကြိုးစားသွားမယ်”

“အစ်ကို စုန့်ယီ၊ မြန်မြန်စားတေား”

လင်းမိန်ဟွေ့တစ်ယောက် လည်ပင်းမှ စူးရှစွာဖြင့် ပြောလိုက်ပြီး မျက်ရည်တစ်စက်ကလည်း ထမင်းပန်းကန်ထဲသို့ ကျဆင်းခဲ့လေ၏။

သူမ မျက်ရည်များကို ထမင်းနှင့်အတူ မျိုချလိုက်ရသည်။

မီးဖိုချောင်တွင် ပစ္စည်းများ သိမ်းဆည်းနေခဲ့သည့် သူဌေးက အပြင်သို့ ထွက်လာချိန်တွင် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရလေ၏။

တစ်ဖက်မှ လူငယ်လေးက သန်မာလွန်းသည့်ပုံရပြီး သူ၏ လက်မောင်းများကလည်း နေလောင်ဒဏ်ကြောင့် ညိုမဲနေခဲ့ကာ တူနှင့် လက်ချောင်းများကိာသုံး၍ ငါးအရိုးများကို မကျွမ်းကျင်စွာ နွှင်ပေးနေခဲ့သည်။

သူ၏ရှေ့မှ မိန်းကလေးကတော့ လက်မောင်းတွင် ဒဏ်ရာရရှိထားပုံရကာ ပတ်တီးစည်းထားခဲ့ပြီး သူမ၏ မျက်လုံးများက နီရဲနေခဲ့သည်။

ဤမြင်ကွင်းက ဆိုင်ရှင်သူဌေးကို စိတ်ကို ထိခိုက်သွားစေပြီး အတိတ်ကို ပြန်လည်သတိရသွားစေခဲ့ပါသည်။

သူ ထရပ်လိုက်ပြီး မှန်ဗီဒိုနောက်သို့ လျှောက်သွားကာ အအေးသုပ်တစ်ပန်းကန် စီစဉ်ပြီး စားပွဲပေါ်ကို သွားတင်ပေးလိုက်လေသည်။

စုန့်ယီနှင့် လင်းမိန်ဟွေ့တို့လည်း အံ့သြစွာဖြင့် မော့ကြည့်လိုက်ကြသည်။ သူတို့က အအေးသုပ်ကို မမှာထားကြောင်း ပြောတော့မည့်အချိန်တွင်ပင် သူဌေးက ပြုံး၍ ပြောလာခဲ့သည်။

“မင်းတို့နှစ်ယောက်ရဲ့ ချစ်ခင်ကြင်နာမှုကို ကြည့်ပြီး အအေးသုတ်တစ်ပန်းကန်လက်ဆောင်ပေးတာပါ.. အစပ်မပါဘူး၊ စိတ်ကြိုက်စားလို့ရတယ်”

“ ကျေးဇူးတင်ပါတယ် သူဌေး”

“အရင်တုန်းက ငါနဲ့ ငါ့ရဲ့ဇနီးလည်း ဒီလိုပဲ ချစ်ခင်ကြင်နာပြီး အဆိုးအကောင်းကို မျှဝေခဲ့ကြတယ်.. တစ်ခါတုန်းက သူမရဲ့ခြေထောက်က အဆစ်လွဲနေတာတောင် ဆိုင်ကိုလာကူချင်တယ်ဆိုတော့ ငါ သူ့ကို ကျောပိုးပြီး ဆိုင်ကို ခေါ်လာခဲ့ရသေးတယ်.. ဆိုင်ပိတ်တော့လည်း ကျောပိုးပြီး အိမ်ပိာပြန်ခဲ့ရတာလေ...”

သူဌေးမှာ ပြောဆိုနေစဉ် မျက်နှာပေါ်၌ အပြုံးများ ရှိသော်လည်း မျက်လုံးများကမူ ဟိုတယ်အပြင်ဘက်မှ သစ်ပင်တန်းစီထားသည့် လမ်းမကို စိုက်ကြည့်နေခဲ့သည်။

“အဲဒီတုန်းက ဒီလမ်းကို လျှောက်ရတာက ဆင်းရဲဒုက္ခတွေကြားက ပျော်ရွှင်မှုလို့ ခံစားခဲ့ရတယ်.. အခုပြန်တွေးကြည့်တော့ အဲဒီတုန်းက ငါ့ဘဝမှာ အပျော်ဆုံးနေ့ရက်တွေပဲလို့တောင် ခံစားရတယ်”

“ငယ်ရွယ်တဲ့အချိန်မှာ ကိုယ်နဲ့အတူတူ လမ်းလျှောက်မယ့်သူ၊ စကားပြောမယ့်သူ၊ ရယ်မောမယ့်သူ၊ ခံစားချက်တွေကို မျှဝေမယ့်သူ ရှိဖို့ဆိုတာ မလွယ်ပါဘူး”

“မင်းတို့နှစ်ယောက် အချင်းချင်း မြတ်နိုးရမယ်.. ငါ့လိုမျိုး လမ်းလျှောက်နေရင်း အဖိုးတန်ဆုံးအရာကို ဆုံးရှုံးသွားပြီး မိသားစု ကွဲကွာသွားတာမျိုးမဖြစ်စေနဲ့”

လင်းမိန်ဟွေ့လည်း သူဌေး သက်ပြင်းချရင်းပြောလာသည်ကို နားထောင်နေရင်း ဤသက်ပြင်းချသံထဲ၌ အဆုံးမရှိသည့် နောင်တများ ပါဝင်နေပုံရကြောင်း တွေးမိသည်။

သူမ စုန့်ယီကို မော့ကြည့်လိုက်လျှင် သူတို့ ခွဲခွာခဲ့သည့်နေ့ကို မသိစိတ်မှ သတိရမိပြီး ရင်ထံတွင် ရုတ်တရက် နာကျင်လာရသည်။

စုန့်ယီသည်လည်း လင်းမိန်ဟွေ့၏ ထိုအချိန်က ခံစားချက်ကို သိပုံရပြီး သူမကို မော့ကြည့်လာခဲ့လေသည်။

သူတို့၏ မျက်လုံးချင်းဆုံမိလျှင် လင်းမိန်ဟွေ့တစ်ယောက် သူ့ရှေ့မှ ဤလူက တကယ်ကို အဖိုးတန်ကြောင်း တွေးမိသည်။ သူမအနေဖြင့် သူ့ကို လုံးဝ မဆုံးရှုံးစေရဟု တွေးတောလိုက်မိသည်။

စုန့်ယီ၏ အတွေးများကတော့ လင်းမိန်ဟွေ့လောက် နူးညံ့သိမ်မွေ့မှုမရှိသော်လည်း သူသည်လည်း သူမကိာ ဆုံးရှုံးရမည်ကို အနည်းငယ် ကြောက်နေသောကြောင့် သူ့မျက်လုံးများက နူးညံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထမင်းစားပြီးနောက်တွင် စုန့်ယီက သူဌေးဆီသို့သွားကာ ပိုက်ဆံ ရှင်းလိုက်လေသည်။

သူဌေးက လက်ကို လှုပ်ရမ်းပြပြီးပြောလာသည်။

“ငါးက သေးလွန်းတယ်၊ အအေးသုတ်ကလည်း ပန်းကန်အောက်ခြေမှာပဲရှိတာ.. မင်းတို့ရဲ့ ပိုက်ဆံကို မယူတော့ဘူး အိမ်ပြန်ကြတော့”

စုန့်ယီက ပိုက်ဆံ ပေးရန် အတင်းအကျပ် ပြောဆိုသော်လည်း သူဌေးကတော့ ဆင့်ငါးဆယ် ယူပြီး ပို၍မယူတော့ဟု ငြင်းဆိုခဲ့သည့်အတွက် စုန့်ယီလည်း လက်လျှော့လိုက်ရလေသည်။

လမ်းလျှောက်လာသည့်အခိုက်တွင် လင်းမိန်ဟွေ့တစ်ယောက် မတော်တဆ ချော်လဲလုနီးပါး ဖြစ်သွားရသည်။ စုန့်ယီလည်း အလျှင်အမြန် ကူညီပေးလိုက်လေ၏။

ပါးလျသည့် အင်္ကျီမှတစ်ဆင့် စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့၏ လက်မောင်းများက သွယ်လျပြီး အသားအရည်ကလည်း နူးညံ့နေသည်ကို ပထမဆုံးအကြိမ် ခံစားလိုက်မိလေသည်။

“စားသောက်ဆိုင်ပိုင်ရှင်က တော်တော်လေး သနားစရာကောင်းတယ်.. သူ့ရဲ့ဇနီးနဲ့ ဘာကြောင့် ကွဲသွားတာလဲမသိဘူး”

လင်းမိန်ဟွေ့တစ်ယောက် အနည်းငယ်သနားနေခဲ့ပြီး ပြောလိုက်လျှင် စုန့်ယီက မျက်မှောင် အနည်းငယ် ကြုတ်ကာ ပြောလာလေ၏။

“လူတွေက အဲဒီလိုပဲ.. သူတို့ရှေ့က လူတွေနဲ့ တချို့အရာတွေကို မကြာခဏဆိုသလို လျစ်လျူရှုတတ်ကြတယ်.. အနာဂတ်မှာ ပိုကောင်းလာလိမ့်မယ်ဆိုတဲ့အတွေးကိုပဲ မျှော်လင့်နေတတ်ကြပြီး လမ်းလျှောက်နေရင်း ကွဲကွာသွားတတ်ကြတယ်”

စုန့်ယီ၏ တီးတိုး ပြောလာသည့်အသံက လင်းမိန်ဟွေ့ကို ဝမ်းနည်းစေခဲ့သည်။ သူမ မေးစေ့ကို အသာမော့မြှောက်ပြီး သူမထက် အရပ်ပိုရှည်သည့် စုန့်ယီကို ကြည့်လိုက်လေ၏။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့တွေ သူတို့လို မဖြစ်ရအောင်.. ကျွန်မတို့တွေ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် ရှိနေချင်တယ်”

စု ဤကဲ့သို့ ချစ်ခွင့်ပန်သကဲ့သို့ စကားမျိုးကို သာမန်ပြောလာသည့် လေသံနှင့် ကြားလိုက်ရလျှင် စုန့်ယီ၏ နှလုံးသားက ဗုံတီးသကဲ့သို့ အလျင်အမြန် ခုန်ပေါက်လာခဲ့လေသည်။

သူ့၏ရင်ဘတ်က တစ်ခုခု ထိုးထွက်လာတော့မယောင်ေ ဖောင်းပွနေသကဲ့သို့ ခံစားလိုက်ရသော်လည်း နောက်ဆုံး၌ ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

လင်းမိန်ဟွေ့က ဒဏ်ရာရရှိထားသည့်အတွက် နေ့လယ်ပိုင်းတွင်တော့ စုန့်ယီက ရေခဲမုန့်ရောင်းခြင်းကို ရပ်လိုက်ပြီး ဆိုင်အတွင်း၌သာ ရေခဲမုန့် ကို လုပ်နေခဲ့သည်။

မူလကတော့ စုန့်ယီတစ်ယောက် အနည်းငယ် မသေချာဖြစ်နေရသည်။ သူ လုပ်ထားသည့် ရေခဲမုန့်များက အရသာ မှားယွင်းခြင်း သို့မဟုတ် ပုံစံမကျဘဲ ထူးဆန်းသည့် ပုံစံများ ဖြစ်နေသည်များ ရှိခဲ့သည်။

နောက်ဆုံးတွင်တော့ လင်းမိန်ဟွေ့၏ အကူအညီနှင့် နောက်နေ့ ရောင်းချမည့် ရေခဲမုန့်များကို အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။

ညနေပိုင်းသို့ရောက်လျှင် စုန့်ယီက ရေခဲမုန့်များ စတင်ထုပ်ပိုးခဲ့သည်။

ရာသီဥတုက အလွန်ပူပြင်းသည်ဖြစ်၍ ရေခဲမုန့်များမှာ စက္ကူနှင့် ထိသည်နှင့် စိုစွတ်၍ စေးကပ်လာကာ ကောင်းမွန်စွာ ထုပ်ပိုး၍ မရနိုင်ခဲ့ချေ။

လင်းမိန်ဟွေ့က ဘေးနားမှ စိုးရိမ်တကြီး ကြည့်နေ၍ ပတ်တီးများ ဖယ်ပြီး ကူညီချင်နေခဲ့သည်။

“အစ်ကိုစုန့်ယီ၊ ဒီအလုံးတစ်ရာက ခက်ခက်ခဲခဲ လုပ်ထားရတဲ့ အချောထည်တွေလေ.. ထုပ်ပိုးရင်း ထပ်ပြီး ဆုံးရှုံးသွားရင် မနက်ဖြန် ရောင်းဖို့ မလုံလောက်တော့ဘူး”

“ရပါတယ်.. အနည်းငယ် ထပ်ကြိုးစားပြီးရင် ထုပ်လို့ရသွားမှာပါ.. မင်း ကောင်းကောင်းနားနေ၊ ဒီလိုအေးစက်တဲ့ရေခဲမုန့်တွေကို မထိနဲ့”

“အစ်ကိုစုန့်ယီ၊ ကျွန်မ အဆင်ပြေပါတယ်၊ အရေပြား ဒဏ်ရာလေးပဲလေ...”

သူတို့နှစ်ယောက် အဆုံးမရှိ အငြင်းအခုန် လုပ်နေခဲ့ကြသည်။

အဆုံးတွင်တော့စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့က အမှန်တကယ်ပင် စကားနားမထောင်လိုသည်ကို မြင်သော် သူမကို အနီးတွင်ထားပါက ပို၍ ပြောရခက်ခဲမည်ဖြစ်ကြောင်းတွေးကာ သူမကို ရိုးရှင်းစွာ ပွေ့ချီလိုက်ပြီး အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့တော့သည်။

“ကိုယ့် စကားကို နားထောင်.. အိပ်ယာပေါ်မှာ လှဲပြီး နားနေလိုက် .. တခြား ဘာကိုမှ စိတ်ပူနေစရာ မလိုဘူး”

လင်းမိန်ဟွေ့မှာ စုန့်ယီထံမှ လျှပ်တပြတ် ပွေ့ချီခံလိုက်ရသောကြောင့် သတိလက်လွတ်ဖြင့် သူ့၏လည်ပင်းကို လှမ်းဖက်လိုက်မိလေသည်။

အခန်းထဲသို့ ရောက်ပြီးနောက်မှသာ သူတို့နှစ်ယောက်လုံး ဤကဲ့သို့ ပုံစံသည်ာ အနည်းငယ် ရင်းနှီးလွန်းသည်ဟု ခံစားမိလိုက်ရသည်။ စုန့်ယီ၏ ကိုယ်ခန္ဓာကသည် နွေးထွေးပြီး ရေခဲမုန့်နံ့ သင်းသင်းလေး ရနေခဲ့သည်။

လင်းမိန်ဟွေ့၏ မျက်နှာက တစ်ခြမ်းသည် သူ့ရင်ဘတ်ကို ဖိကပ်ထားသောကြောင့် သူ့၏နှလုံးခုန်သံတို့ လျင်မြန်ပြီး ပြင်းထန်နေသည်ကို ရုတ်တရက် ကြားလိုက်ရလေသည်။

လင်းမိန်ဟွေ့၏ မျက်နှာကနီရဲသွားပြီး လက်လွှတ်ရန် ပြင်လိုက်စဉ် စုန့်ယီမှ အသံ တိုးတိုးဖြင့် ပြောလာခဲ့သည်။

“မလွှတ်နဲ့”

လင်းမိန်ဟွေ့လည်း ဆက်လက်၍ တင်းတင်းကြပ်ကြပ် ဖက်ထားရတော့သည်။

စုန့်ယီ သူမကို အိပ်ရာပေါ်သို့ ချပေးလိုက်ပြီးမှသာ လင်းမိန်ဟွေ့တစ်ယောက် ရှက်ရွံ့စွာ လှည့်လိုက်မိသည်။

သူမ၏ မတိုင်ခင်က စိတ်လှုပ်ရှားနေသည့် အတွေးများကို စုန့်ယီမြင်တွေ့သွားမည်ကို သူမ အလွန် စိတ်ပူနေခဲ့ခြင်းပင် ဖြစ်ပေသည်။

*

အခန်း(68)

အိပ်ခန်းက သိပ်ပြီးမကျယ်လှသော်လည်း လင်းမိန်ဟွေ့က နွေးနွေးထွေးထွေးဖြစ်စေရန် အလှဆင်ထားခဲ့သည်။

နံရံတွင်တော့ သူတို့နှစ်ယောက်၏ မင်္ဂလာပုံလေးကို ချိတ်ထားခဲ့လေ၏

ဓာတ်ပုံထဲမှလူနှစ်ယောက်က နွေဦးလေညှင်းကဲ့သို့ နွေးထွေးစွာ ပြုံးနေခဲ့ကြသည်။ ခုတင်၏ အပြင်ဘက်တွင် လိုက်ကာတစ်ခုကို ချိတ်ဆွဲထားခဲ့သည်။

လင်းမိန်ဟွေ့ ဤကဲ့သို့ လုပ်ခားမည်ဆိုပါက ကိုယ်ပိုင်နေရာအဖြစ် အနည်းငယ် ပိုရလာမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ပစ္စည်းလာဝယ်သည့်လူများက သူတို့၏ ခုတင်ကို မတော်တဆမြင်တွေ့နိုင်ကြောင်း ပြောခဲ့ပြီး လုပ်ဆောင်ထားခြင်းပင် ဖြစ်လေ၏။

ခုတင်ပေါ်တွင်တော့ နှစ်ယွမ်ခန့်ဖြင့် ဝယ်ထားသည့် နှီးဖျာလေးကို ခင်းထားသောကြောင့် လန်းဆန်းသန့်ရှင်းနေခဲ့သည်။

သူမ ခုတင်ပေါ်၌ လဲလျောင်းလိုက်ချိန်တွင် ပိန်ပါးသွယ်လျသည့် ကိုယ်ခန္ဓာက ပို၍ သေးကွေးသွားသယောင်ထင်ရပြီး ထူထဲနက်မှောင်သည့် ဆံပင်ရှည်များကရေတံခွန်ကဲ့သို့ ဖြာကျနေခဲ့သည်။

ဤကဲ့သို့ ပူပြင်းလှသည့် နွေရာသီတွင်ပင့ သူမထံမှ ရနံ့သင်းသည့် ဆပ်ပြာရနံ့လေးကို အမြဲရနေတတ်ပြီး မွှေးပျံ့နေလေ့ရှိသည်။

စုန့်ယီတစ်ယောက် မတိုင်ခင်က သူမကို ပွေ့ဖက်ထားခဲ့ချိန်တွင် စိတ်အာရုံများ လွင့်မျောသွားခဲ့မိပြီး လွှတ်ချမိလုမတတ်ပင် ဖြစ်ခဲ့ရသည်။

ထိုအခိုက်တွင် လင်းမိန်ဟွေ့က သူ့၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လာခဲ့သည်။

စုန့်ယီတစ်ယောက် ခုတင်အပြင်ဘက်၌ ရပ်နေခဲ့ရင်းနှင့် နှလုံးသားထဲတွင် ပူလောင်လာခဲ့ကာ သွေးများဆူပွက်နေသည့် ခံစားချက်က သူ့ကိုယ်သူ ထိန်းမနိုင်အောင် ဖြစ်စေခဲ့သည်။

အချိန် အတော်ကြာမှ လင်းမိန်ဟွေ့၏ လက်မောင်းပေါ်မှ အဖြူရောင်ပတ်တီးကို ပြန်မြင်လိုက်ရကာ သူ့ကိုယ်သူ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။

အတွင်းခန်းမှ ထွက်လာပြီးနောက် စုန့်ယီတစ်ယောက် ခြံနောက်ဘက်သို့ တိုက်ရိုက်သွားခဲ့ပြီး ရေပိုက်ကိုဆွဲယူကာ ခေါင်းကို ရေများလောင်းချလိုက်ရသည်။

ထိုအချိန်မှ သူ့၏ခန္ဓာကိုယ်အတွင်းမှ မငြိမ်မသက်မှုများက ပြန်လည် ငြိမ်သက်သွားခဲ့လေသည်။

သူ အိပ်ခန်းဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီးနောက် စားပွဲတင်မီးအိမ်မှ ထွက်လာသည့် အလင်းရောင်မှိန်မှိန်လေးကို ကြည့်ပြီး သူ့၏မျက်နှာပေါ်တွင် စိတ်ပျော်ရွှင်ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူ့အနေဖြင့် မူလတုန်းက ဤဘဝ၌ အိမ်ထောင်မပြုနိုင်တော့ဟု ထင်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွာထဲတွင်ရှိနေစဥ်တုန်းကလူအများ သူ့ကိုပြောခဲ့သည့် နတ်ဆိုးကြယ်ဟူသော ကောလာဟလများ မှန်ကန်သည်ဟု တဖြည်းဖြည်းယုံကြည်လာခဲ့သောကြောင့်ပင် ဖြစ်ပေ၏။

သူ့အနေဖြင့် တစ်ဖက်မှ မိန်းကလေးကို ထိခိုက်နစ်နာအောင် လုပ်မိမည်ကို စိုးရိမ်ခဲ့မုသည်။။

လင်းမိန်ဟွေ့က သူ့က ဘဝထဲသို့ ဝင်ရောက်လာခဲ့ပြီး သူ့ကွု ရွှံ့နွံများထဲမှ ဆွဲထုတ်ခဲ့သည်။ ထို့အပြင် ဤမြို့သို့အထိ အတူရောက်လာကာ သူတို့၏ အိမ်အသစ်ကို ပိုင်ဆိုင်ခဲ့ကြသည်။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါချေ။

သူ၏မိဘများနှင့် အဘွားသာ ရှိနေသေးပါက သူ့အတွက် ပျော်ရွှင်ပြီး ကောင်းချီးပေးကြမည်မှာ သေချာပေသည်။

ယခု သူ့တွင်ရှိနေသည့် တစ်ခုတည်းသော နောင်တမှာ လင်းမိန်ဟွေ့ကို မည်သို့ ချစ်ခွင့်ပန်ရမည် မသိခြင်းပင်။

လင်းမိန်ဟွေ့သာ ဤကဲ့သို့ ဘဝကို အမှန်တကယ် မကြိုက်သည့်အတွက် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ့ကို ထားခဲ့မည်ဆိုပါကမည်သို့ဖြစ်လာလိမ့်မည်နည်း။ ထိုသိုးဖြစ်လာမည်ကို သူ ကြောက်ရွံ့နေခဲ့သည်။

စုန့်ယီတစ်ယောက်တစ်ညလုံး ရေခဲမုန့်ကို ထုပ်ပိုးရင်း တွေးဆောနေခဲ့မိသည်။

ညဆယ့်တစ်နာရီထိုးသည့်အချိန်တွင်တော့ ရေခဲမုန့်များ အားလုံး ထုပ်ပိုးပြီးစီးသွားခဲ့သောကြောင့် ပစ္စည်းများကို သိမ်းဆည်းလိုက်လေသည်။

သူ အခန်းထဲသို့ ပြနဝင်သွားသည့်အချိန်တွင် လင်းမိန်ဟွေ့ အိပ်ပျော်နေပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ သူ့သာ ခုတင်ပေါ်သို့ တက်သွားပါက သူမ နိုးသွားမည်ကို စိုးရိမ်သောကြောင့် စုန့်ယီတစ်ယောက် ခုတင်ပေါ်မှ စောင်တစ်ထည်ကိုသာ လှမ်းယူပြီး အပြင်တွင်တွင် အိပ်ရာလုပ်ပြီး အိပ်စက်လိုက်တော့သည်။

နောက်နေ့မနက်တွင်တော့ တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်နေသည့်အသံကြောင့် စုန့်ယီ နိုးလာခဲ့ရလေသည်။

စုန့်ယီ တံခါးဝသို့ လျှောက်သွားလိုက်လျှင် ချန်အန်းသယ်က လက်ထဲတွင် ကြက်နှင့် ဘဲကို တစ်ဖက်စီကိုင်ထားပြီး သူ့ကို ပြုံးပြနေခဲ့သည်ကို တွေ့လိုက်ရလေ၏။

စုန့်ယီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

“ဘာလို့ ဒီလောက် အစောကြီးရောက်နေတာလဲ”

ချန်အန်းသယ်က ကြမ်းပြင်ပေါ်တွင်ရှိနေသော အိပ်ရာခင်းကို လှမ်းမြင်လိုက်ရသောကြောင့် သူ့၏မျက်လုံးများထဲတိင် အံ့သြသွားသည့်အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။

“စုန့်ယီ.. ခင်ဗျား ဘာလို့ အပြင်မှာ အိပ်နေတာလဲ”

စုန့်ယီတစ်ယောက် ချန်အန်းသယ်ကိုကြည့်ကာ ပို၍ပင် မောပန်းလာသကဲ့သို့ ခံစားရသည်။

သူ အိပ်ရာခင်းများကို ပြန်သိမ်းလိုက်ပြီး ဘေးဘက်မှ ကုလားထိုင်ပေါ် တင်လိုက်လေ၏။

“မနေ့က အလုပ်နောက်ကျလို့ အပြင်မှာပဲ အိပ်လိုက်တာ.. မင်း ဘာဖြစ်ချင်နေတာလဲ”

ချန်အန်းသယ်ကတော့ စုန့်ယီ၏ စိတ်မရှည်မှုကို ဂရုမစိုက်ဘဲ သူ့လက်ထဲတွင် ရှိနေသည့် ကြက်နှင့် ဘဲကို မြှောက်ပြလာခဲ့သည်။

“လင်းမိန်ဟွေ့အတွက် စွပ်ပြုတ်ဟင်းရည်ချက်ကြွေးလို့ရအောင် မနက်ဈေးက ကြက်နဲ့ ဘဲတွေ ဝယ်လာတာ.. ဒါကို အမြန်ချက်လိုက်လေ.. ဒါက ကျွန်တော့်ရဲ့ သူ့ကို တောင်းပန်တဲ့ လက်ဆောင်ပါ”

“မင်း မနေ့ကလည်း တောင်းပန်ပြီးပြီ.. ဒီနေ့ မလိုတော့ဘူး.. မင်း မြန်မြန် ပြန်လိုက်တော့”

“စုန့်ယီ၊ မင်း ငါ့ကို ခွင့်မလွှတ်သေးတာလား.. ဒါမှမဟုတ် ငါ မင်းကို ပိုက်ဆံ ထပ်ပေးရမလား”

ချန်အန်းသယ်တစ်ယောက် နောက်ဆုံးတွင် သဘောပေါက်သွားရသည်။

မူလက သူ့အနေဖြင့် စုန့်ယီက မနက်စောစောထလာရသည့်အတွက် ဒေါသထွက်နေသည်ဟု ထင်ခဲ့ခြင်းပင်။

သို့သော် ယခုကြည့်ရသည်မှ စုန့်ယီသည် သူ့အပေါ်ကိုသာ စိတ်မရှည်ခြင်း ဖြစ်ပေလိမ့်မည်။

သူ ကောင်းမွန်စွာပင် ပြုမူ၍ မရတော့သည့်အတွက် သူ့အိတ်ထဲမှ ယွမ် ရာဂဏန်းလောက်ကို ထုတ်ပြီး စုန့်ယီ၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။

စုန့်ယီ အလွန်ပင် စိတ်ဆိုးသွားခဲ့ရလေသည်။

“မင်းက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့လူပဲ.. ဒီကိစ္စ ရှင်းသွားပြီလို့ ငါ မပြောခဲ့ဘူးလား.. ဘာလို့ ဒီလောက်တောင် ဆက်ပြီး အတင်းအကျပ် လုပ်နေရတာလဲ”

လင်းမိန်ဟွေ့လည်း အပြင်ဘက်မှ စကားပြောသံကို ကြားလိုက်ရကာ နိုးလာခဲ့ရသည်။

သူမ အပြင်သို့ ထွက်လာပြီးနောက် ချန်အန်းသယ်၏လက်ထဲမှ ကြက်နှင့် ဘဲများကို မြင်လိုက်ရပြီး အနည်းငယ် အံ့သြသွားရလေ၏။

“ချန်အန်းသယ်၊ ရှင် ဘာလို့ ဒီလောက် စောစော ရောက်နေတာလဲ.. မနက်စာ စားပြီးပြီလား.. ကျွန်မ ချက်ပေးရမလား”

လင်းမိန်ဟွေ့အနေဖြင့် သူမ၏ အတိတ်ဘဝမှ ကြင်နာမှုကို လက်ရှိဘဝတွင်ဖြစ်ခဲ့သကဲ့သို့ မသိစိတ်မှ မှတ်ယူနေမိခဲ့သည်။

ချန်အန်းသယ်ကို မြင်လျှင် ထိုနှင်းကျသည့်နေ့ရက်ကို မတွေးတောဘဲ မနေနိုင်ပါချေ။ သူမ၏ ဆွေမျိုးသားချင်းများမှ တစ်ဦးတစ်လေလောက်ပင် မကူညီပေးခဲ့သော်လည်း ဤလူစိမ်းကတော့ အကူအညီပေးလာခဲ့ပြီး သူမကို နွေးထွေးစေခဲ့သည် ။

“မင်းရဲ့ လက်မောင်းက ဒဏ်ရာရနေတာလေ.. ငါက မင်းကို ဘယ်လိုလုပ်ပြီး ချက်ခိုင်းရမှာလဲ.. အခုက မင်း အဆင်ပြေရဲ့လားဆိုတာ လာကြည့်တာပါ”

“ကျွန်မ အဆင်ပြေပါတယ်.. ဒဏ်ရာသေးသေးလေးပဲလေ”

လင်းမိန်ဟွေ့တစ်ယောက် ကုလားထိုင်တစ်လုံး ရွှေ့လိုက်သော်လည်း လက်တစ်ဖက်တည်းဖြင့် မနိုင်မနင်း ဖြစ်နေပုံရသည်။

ထိုအိုက်တွင် ချန်အန်းသယ်နှင့် စုန့်ယီနှစ်ယောက်လုံးက ကူညီရန် ပြေးလာခဲ့ကြပြီး ကုလားထိုင် ရွှေ့ခြင်းမှ ကုလားထိုင်လုနည်း ဆော့ကစားခြင်းကဲ့သို့ ဖြစ်သွားခဲ့သည်။

လင်းမိန်ဟွေ့၏ ချန်အန်းသယ်အပေါ် စိတ်အားထက်သန်မှုက စုန့်ယီကို နားမလည်နိုင် ဖြစ်စေခဲ့။

ချန်အန်းသယ်၏ လူများက သူမကို ထိခိုက်စေခဲ့သည်မှာ သိသာထင်ရှားသည်။ သို့သော် သူမက ဒေါသမထွက်သည့်အပြင် ချန်အန်းသယ်ကိုပင် အလွန်လေးစားနေခဲ့သည်။

သူမက ဤသို့သော လူမျိုးကို သဘောကျသည်များလား။

စုန့်ယီ ချန်အန်းသယ်ကို အကဲခတ်ကြည့်လိုက်သည်။ တစ်ဖက်လူမှာ အသားဖြူပြီး ရုပ်ရည်ကလည်း ချောမောပေသည်။

အရေးကြီးဆုံးမှာ ထိုသူက ပွေရှုပ်တတ်သည့် သူဌေးသားတစ်ယောက်ကဲ့သို့ ပုံစံရှိပြီး စကားပြောဆိုမှုကလည်း လိမ်မာပါးနပ်ကာ ပြေပြစ်လွန်းသည်။

ဆိုရလျှင် ဤသို့လူမျိုးက စိတ်မချရသည့် အသွင်မျိုးရှိပေသည်။

ချန်အန်းသယ်က လင်းမိန်ဟွေ့နှင့် ခဏခန့် စကားပြောပြီးနောက် စားပွဲပေါ်မှ ကြက်နှင့် ဘဲများကို ကြည့်ရင်း ပြောလာသည်။

“ကျွန်တော် မင်းတို့အတွက် ဘဲသားစွပ်ပြုတ်ဟင်းရည် ချက်ပေးရမလား”

စုန့်ယီတစ်ယောက် ချန်အန်းသယ်က ထမင်းစားသောက်ဖို့အတွက် နေလိုသေးသည့်အရိပ်အယောင်ကို ကြားလိုက်သည်နှင့် ချက်ချင်းပင် မျက်နှာကအေးစက်သွားခဲ့ကာ ပြောလိုက်လေ၏။

“မလိုဘူး”

“ဘာလို့လဲ”

“အကြောင်းပြချက် မရှိဘူး.. ငါနဲ့ လင်းမိန်ဟွေ့က ဘဲသားစွပ်ပြုတ်ဟင်းရည် မကြိုက်ဘူး”

စုန့်ယီအနေဖြင့် အကြောင်းပြချက် တစ်ခုပေးပြီး ချန်အန်းသယ်ကို ပြန်သွားစေချင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ချန်အန်းသယ်က ကြက်နှင့် ဘဲများကိုယူပြီး ခြံနောက်ဖေးသိုဝင်သွားကာ သွားသတ်တော့သည်။

ခြံနောက်ဖေးမှ ကြက်နှင့် ဘဲများ ခုန်ပေါက်နေသည့် အသံများကို ကြားလိုက်ရလျှင် စုန့်ယီလည်း မကူညီဘဲ မနေနိုင်တော့ချေ။

သူ ခြံဝင်းထဲသို့ ထွက်လိုက်သည်နှင့် ချန်အန်းသယ်၏ ခေါင်းတွင် ကြက်မွှေးမှင့် ဘဲမွှေးများ ဖုံးလွှမ်းနေပြီး အသက်ရှိနေသည့် သတ္တဝါနှစ်ကောင်ကတော့ အမွေးများ အနုတ်ခံထားရပြီး ခြံစည်းရိုးပေါ်သို့ တက်ကာ အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။

လင်းမိန်ဟွေ့သာ ချန်အန်းသယ်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမည်ဟု မပြောခဲ့ပါက စုန့်ယီအနေဖြင့် တစ်ဖက်လူကို သူ့၏ကြက်နှင့် ဘဲများနှင့်အတူ ခြံဝန်းထဲမှ လွှင့်ပစ်လိုက်လိမ့်မည်ပင်။

“ကျွန်တော်တယ် စိတ်မကောင်းပါဘူး.. ကျွန်တော်က အိမ်မှာအိမ်အလုပ်တွေကို သိပ်ပြီး မလုပ်ဖြစ်ဘူးလေ.. ဒါကို လွယ်ကူတဲ့ကိစ္စလို့ ထင်ခဲ့တာ...”

ချန်အန်းသယ်က ရှက်ရွံ့နေသော အမူအရာဖြင့် တောင်းပန်လာခဲ့သည်။

စုန့်ယီတစ်ယောက် တိတ်ဆိတ် နေခဲ့ပြီး ခြံစည်းရိုးပေါ်မှ ကြက်နှင့် ဘဲများကို ဖမ်းကာ ချန်အန်းသယ်၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။

“ငါ နဲ့ လင်းမိန်ဟွေ့က လက်ထပ်ပြီးပြီ.. မင်း သူမကို ဆက်ပြီး မပူပန်နဲ့တော့.. ဒါပေမဲ့ သူမကသာ မင်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ ငါ ဘာတစ်ခုမှ တားဆီးမှာမဟုတ်ဘူး...”

All Chapters