အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း(71) ဒီည ပြန်မအိပ်တော့ဘူး
ရာသီဥတုက ပူနွေးနေချိန်ဖြစ်သောကြောင့် လမ်းပေါ်တွင် လမ်းလျှောက်နေချိန်တွင် နွေရာသီ၏လေများက နွေးထွေးနေခဲ့လေ၏။
သို့သော်လည်း စုန့်ယီကတော့ နှလုံးသားထဲတွင် အေးစက်နေမှုကိုသာ ခံစားခဲ့ရသည်။ သူ့အနေဖြင့် လင်းမိန်ဟွေ့၏ နှလုံးသားကို ရရှိလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ၏ ခံစားချက်ကို ဝန်ခံလိုက်သည့အချိန်တွင် ဤကဲ့သို့ ရှက်စရာကောင်းသည့် အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ လင်းမိန်ဟွေ့ကို ရင်မဆိုင်ရဲသကဲ့သို့ သူမနှင့်အတူလည်း အိပ်စက်ရန် မဝံ့ရဲတော့ချေ။
စုန့်ယီ တစ်ယောက်တည်း ခြေဦးတည့်ရာ လျှောက်လာရင်းဖြင့် ကုန်တိုက်တစ်ခု၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
သူ အထဲဘက်ကို သတိလက်လွတ် လှမ်းကြည့်လိုက်လျှင် ကောင်တာတွင်ရှိသော လှပသည့် အမျိုးသမီးနှင့် စကားပြောဆိုနေသည့် ချန်အန်းသယ်ကို တွေ့လိုက်ရလေသည်။
ထိုသူ၏ ရယ်သံသည်လည်း မီတာတစ်ရာအဝေးလောက်ကပင် ကြားနိုင်လောက်အောင် ကျယ်လောင်နေခဲ့သည်။
စုန့်ယီထံတွင် ဤမြို့၌ သူငယ်ချင်းမိတ်ဆွေဟူ၏ မရှိပါချေ။ ထို့ကြောင့် ချန်အန်းသယ်၏ နောက်ကျောကို ကြည့်ပြီး လှမ်းခေါ်လိုက်မိသည်။
“ချန်အန်းသယ်!”
ချန်အန်းသယ်မှာ သူ၏ မွေးစားအစ်မဖြစ်သူနှင့် ကလေးဘဝမှ အကြောင်း ပြောဆိုကာ ပျော်ရွှင်ရယ်မောနေခြင်းဖဖြစ်လေ၏။
ထိုအခိုက်တိင် သူ၏နာမည်ကို တစ်စုံတစ်ယောက်မှ နေသည်ကို ကြားလိုက်ရလေသည်။
သူ လှည့်ကြည့်လိုက်သည်တွင် စုန့်ယီကို ညှိုးငယ်နေသောမျက်နှာကို မြင်တွေ့လိုက်ရသည်။
သို့နှင့် သူ၏ မွေးစားအစ်မကို သကားတချိုး ပြောပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
“စုန့်ယီ.. ဒီလောက်တောင် နောက်ကျနေပြီ.. မင်း ဘာလို့ လမ်းပေါ်မှာ လျှောက်သွားနေတာလဲ”
စုန့်ယီက အသံတိုးတိုးနှင့် ပြေားလာခဲ့သည်။
“ငါ အရမ်းတုံးအ,တာလား?”
ချန်အန်းသယ်တစ်ယောက် သူံ၏ အဓိပ္ပါယ်မရှိသည့် စကားကြောင့် ရယ်မောမိသွားရသည်။ ထို့နောက်တွင် သူ့၏ရှေ့မှ သစ္စာရှိပြီး အလွန်ပင် ရိုးသားလှသည့်လူကို ကြည့်ရင်း သက်ပြင်းချလိုက်မိပြန်သည်။
“ပြောပါဦး.. မင်း ဒုက္ခရောက်နေတာလား .. အချစ်ရေး ကိစ္စနှင့် ပြသနာဖြစ်လာတာလား.. ငါ့ကို ပြောပြလိုက်.. ငါ မင်းအတွက် ကူညီစဉ်းစားပေးမယ်”
စုန့်ယီအနေဖြင့် ချန်အန်းသယ်က သူ့တွင် နှစ်သက်သဘောကျသည့်လူရှိကြောင်းပြောကာ ထိုအမျိုးသမီးနှင့် တွေ့ရန်အတွက်ပင် အတင်းအကျပ် ဆွဲခေါ်ပြီးသည့်အချိန်မှစ၍ ဤပွင့်လင်းစွာပြောဆိုတတ်သည့်လူကို မုန်းတီးခြင်းမရှိတော့ချေ။
အမှန်စင်စစ် ထိုသူက ပေါင်းသင်းရ လွယ်ကူသည်ဟုပင် ခံစားရသည်။
သူက လျှို့ဝှက်ချက်များကို ဖုံးကွယ်မထားသကဲ့သို့ ရွာထဲက လူများသကဲ့သို့ စကားကို နှစ်မျိုးပြောဆိုသည့်လူမျိုး မဟုတ်ပါချေ။
စုန့်ယီက ချန်အန်းသယ်ဆီကို ဖုံးကွယ်ထားခြင်းမရှိဘဲ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။
“ငါ မိန်ဟွေ့ကို ဝန်ခံလိုက်တာ.. ဒါပေမဲ့ သူမက ငြင်းပယ်ခဲ့တယ် သူမက ငါ့ကို ကြောက်နေတဲ့ပုံရပြီး ထွက်သွားဖို့တောင် ပြောခဲ့တာ...
သူမက ငိုတောင် ငိုခဲ့တယ်.. ငါ အရမ်းတုံးအ,သလိုမျိုး ခံစားရတယ်၊ ငါ မိန်ဟွေ့ရဲ့ နှလုံးသားကို နားမလည်ဘူး”
ချန်အန်းသယ် အတော်လေး အံ့သြသွားခဲ့ရပြီး ဤကိစ္စက အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားရလေသည်။
ဆိုရလျှင် သူ့အနေဖြင့် စုန့်ယီက အပြင်၌ အိပ်နေသည်ကို မြင်လိုက်ရသည့်အချိန်ကတည်းက ၎င်းတို့နှစ်ဦးက အစစ်အမှန် စုံတွဲမဟုတ်သည်ကို သိရှိခဲ့သည်။
ထို့အပြင် လင်းမိန်ဟွေ့က ငယ်ရွယ်ပြီး ရိုးသားသည့် စရိုက်ရှိသည့်အတွက် သူမက လှည့်စားမည့်သူမျိုးမဟုတ်ပါချေ။ ဖြစ်သည်မှာ သူမက စုန့်ယီကို မချစ်မိသေးခြင်း သို့မဟုတ် ချစ်မိသော်လည်း သူမကိုယ်သူမ သဘောမပေါက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဒုတိယအချက်က ပို၍ ဖြစ်နိုင်ပေသည်။
စုန့်ယီ၏စကားကိုကြားပြီးနောက် သူ အရာအားလုံးကို နားလည်သွားခဲ့သည်။
သူက စုန့်ယီကို စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်ဆီသို့ ဆွဲခေါ်သွားခဲ့လဆ၏။
“သွားရအောင်၊ ငါ မင်းကို အရက်ဝယ်တိုက်မယ်.. စိတ်ညစ်တာ ပြေသွားအောင်လို့ သောက်ရင်းနဲ့ စကားပြောကြတာပေါ့”
စုန့်ယီအနေဖြင့် အရက်သောက်သည့်အချိမ်က အလွန်ပင် ရှားပါးသည်။
သို့သော်လည်း ဤအချိန်တွင်တော့ သူ၏ စိတ်ခံစားချက်ကို ပြေလျော့သွားစေရန် ခက်ခဲနေသည့်အတွက် ချန်အန်းသယ်နှင့်အတူ စားသောက်ဆိုင်ငယ်လေးသို့ လိုက်သွားခဲ့လေသည်။
စုန့်ယီနှင့် ချန်အန်းသယ်တို့ အရံဟင်းနှစ်ပန်းကန်၊ မြေပဲတစ်ပန်းကန်နှင့် ဝိုင်ဖြူတစ်ပုလင်းကို မှာယူလိုက်ကြသည်။
ထို့နောက် စားပွဲတစ်လုံးကို ရွှေ့၍ စားသောက်ဆိုင် အပြင်ဘက်ရှိ မိုးမခပင်အောက်တွင် ထိုင်ခဲ့ကြလေသည်။
အချိန်က ညဘက်သို့ရောက်လာပြီဖြစ်၍ မြို့လေးက တိတ်ဆိတ်ငြိမ်သက်လာပြီဖြစ်ကာ မီးရောင်များကသာ လင်းလက်နေသောကြောင့် လူများ၏ ဆူညံသံများမရှိတော့ဘဲ စိတ်အနှောင့်အယှက်များ ကင်းဝေးသွားခဲ့သည်။
ချန်အန်းသယ်က စုန့်ယီ၏ ဖန်ခွက်ထဲသို့ ဝိုင်ဖြည့်ပေးပြီး သူ၏ ဖန်ခွက်ကိုလည်း ဖြည့်လိုက်လေသည်။ ထို့နောက် ဝိုင်ဖန်ခွက်ကို ကိုင်၍ စုန့်ယီနှင့် တိုက်လိုက်သည်။
“စုန့်ယီ၊ တကယ်တော့ ငါ မင်းနဲ့ လင်းမိန်ဟွေ့ကို ပထမဆုံး စပြီးတွေ့ကတည်းက မင်းတို့နှစ်ယောက်က ကြင်နာတတ်တဲ့လူတွေလို့ ခံစားရတယ်...”
“အင်း”
စုန့်ယီကား စိတ်မပါစွာဖြင့် ဆက်၍ သောက်နေသည်။
လင်းမိန်ဟွေ့၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုနှင့် သတိထားနေမှုကို တွေးလိုက်မိလျှင် သူ၏ နှလုံးသားက တင်းကျပ်သွားပြီး နက်ရှိုင်းသော ချောက်နက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ အပြစ်များက ခွင့်လွှတ်၍ပင် မရနိုင်တော့ဟု ထင်မိခဲ့သည်။
ချန်အန်းသယ်က ဖြည်းဖြည်းချင်း နားလည်အောင် ရှင်းပြလာခဲ့သည်။
“တကယ်တော့ ဒီကိစ္စအတွက် မင်းဝမ်းနည်းနေရင်တောင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး”
စုန့်ယီက သူ့၏စကားကို ကြားလိုက်ရလျှင် နှလုံးသားက ပို၍ပင်တင်းကျပ်လာခဲ့သည်။ သူ ချန်အန်းသယ်ကို မော့ကြည့်ပြီး တွေးနေမိသည်။
‘မင်းက ငါ့ကို စိတ်သက်သာရာရအောင် လုပ်ပေးချင်တာလား၊ ဒါမှမဟုတ် ငါ့ကို ဒုက္ခပိုပေးချင်တာလား’
သူ၏စိတ်ဓာတ်ကျနေသောအမူအရာပို မြင်သော် ချန်အန်းသယ်က စုန့်ယီ၏ ပခုံးကို လှမ်းပုတ်လိုက်ပြီးမှ ဆက်ပြောလာခဲ့သည်။
“အရင်ဆုံး ငါပြောတာကို နားထောင်ဦး.. အခု လင်းမိန်ဟွေ့က မင်းရဲ့ဇနီးသည်ပဲ.. ဟုတ်တယ်မလား”
“ဟုတ်တယ်၊ ဒါပေမဲ့ ငါတို့က တကယ့်စစ်မှန်တဲ့ ဇနီးမောင်နှံတွေမဟုတ်ဘူး... ငါတို့က အိမ်ခေါင်မိုးတစ်ခုအောက်မှာ အတူနေကြရုံပဲ!”
“ဒီလိုတွေးမယ်ဆိုရင် မင်းလုံးဝမှားနေပြီ.. မိန်းမတစ်ယောက်အတွက်တော့ မင်းနဲ့ ခေါင်မိုးတစ်ခုတည်းအောက်မှာ၊ ဒါမှမဟုတ် အိပ်ရာတစ်ခုတည်းမှာတောင် အတူအိပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် အနည်းဆုံးတော့ သူမက မင်းကို မုန်းတီးတာမဟုတ်ဘူး.. မင်း ဒါကို ပြန်တွေးသင့်တယ်”
တကယ်တမ်းတွင်တော့ ချန်အန်းသယ်တွင်လည်း အချစ်ရေးနှင့်ပတ်သက်၍ အတွေ့အကြုံ မရှိပါချေ။ သူ ကြိုက်နှစ်သက်သောသူမှာ သူ၏ မွေးစားအစ်မတစ်ယောက်တည်းရှိပြီး သူမနဲ့ စကားပြောခြင်း၊ တီးတိုးပြောခြင်းမျှသာ ရှိခဲ့သည်။
သူ့ဒမွေးစားအစ်မကို နမ်းရန်ပင် သူ မရဲခဲ့ပေ။ သို့သော်လည်း ဤအကြောင်းကို သူ စုန့်ယီအား လုံးဝ ပြောလိမ့်မည် မဟုတ်ပေ။
ချန်အန်းသယ် ပြောသည်ကို နားထောင်ပြီးနောက် စုန့်ယီလည်း ထိုစကားများက မှန်ကန်သည်ဟု ထင်မြင်ခဲ့သည်။
ဆိုရလျှင် သူတို့၏တစ်ရွာလုံးတွင် လူလွတ်များစွာ ရှိခဲ့သော်လည်း လင်းမိန်ဟွေ့က မည်သူ့ကိုမျှ လက်ထပ်ခြင်းမရှိဘဲ သူ့၏အိမ်သို့ လာရောက်ကာ သူ့အား လက်ထပ်လိုသည်ဟု ပြောခဲ့သည်။
ဤသည်က လင်းမိန်ဟွေ့မှ သူ့အား မုန်းတီးနေခြင်းမရှိသည်ကို ပြသနေခြင်းသာဖြစ်သည်။
“ငါ့ကို မမုန်းတာက ဘာအသုံးဝင်လို့လဲ၊ သူမက ငါ့ကို မကြိုက်ဘူးလေ”
“သူမက အစ်ကိုတစ်ယောက်ကို ကြိုက်နှစ်သက်တာနဲ့ ချစ်သူကို ကြိုက်နှစ်သက်တာရဲ့ ကွာခြားချက်ကို နားမလည်သေးတာပဲ..
သူမ မင်းကိုကြည့်တဲ့ ပုံစံကိုကြည့်ပြီး ငါပြောနိုင်တယ်.. သူမက မင်းကို သေချာပေါက် ကြိုက်တယ်.. ဒါပေမဲ့ သူမက ယောက်ျားမိန်းမကြားက ချစ်ခြင်းတရားရဲ့ အဓိပ္ပါယ်ကို နားမလည်သေးတာ”
ချန်အန်းသယ်က ဆရာတစ်ဦးပမာပင် စုန့်ယီ၏ စိတ်ရှုပ်ထွေးမှုများကို ထောက်ပြပေးခဲ့သည်။
စုန့်ယီ ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ဖြစ်လာသည်ကို မြင်လျှင် ချန်အန်းသယ် အနည်းငယ်တော့ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
“မင်းပြောတာက ငါ သူမကို အချိန်ပေးသင့်တယ်ပေါ့”
“လင်းမိန်ဟွေ့က မင်းကို အဲဒီလို ပြောခဲ့တာမဟုတ်ဘူးလား? သူမက မင်းကို အချိန်ပေးဖို့ တောင်းဆိုခဲ့တာလေ၊ ဒါက သူမ မင်းကို အနာဂတ်မှာ ချစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ”
ချန်အန်းသယ်၏ စကားများက စုန့်ယီအား များစွာ စိတ်သက်သာရာရစေခဲ့သည်။ အလွန်အမင် တွန့်ချိုးနေသသော မျက်ခုံးများသည်ပင် ပြန်လည် ချောမွေ့ပြေပြစ်သွားခဲ့သည်။
သူ ဝိုင်တစ်ငုံသောက်လိုက်ပြီး သူ့မျက်ခုံးများကို ဖြေလျော့လိုက်ကာ ပြောလာလေ၏။
“မင်းပြောတာ မှန်တယ်”
တစ်ဖက်လူတွင် အဖြေထွက်လာပြီကို မြင်လျှင် ချန်အန်းသယ်က ဆက်၍ ပြောလိုက်ပြန်သည်ရ
“ကြည့်လိုက်လေ.. မင်းတို့တွေ အတူစားပြီး အတူနေကြတာ၊ ခွဲလို့မရအောင်ပဲ.. ‘အချိန်ကြာလာရင် ချစ်ခြင်းမေတ္တာက ရှင်သန်လာတယ်’ ဆိုတဲ့ စကားပုံတောင်ရှိတယ်.. မင်း ဘာကို ကြောက်နေတာလဲ”
စုန့်ယီ ခေါင်းညိတ်လိုက်ပြီး ချန်အန်းသယ်ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ချန်အန်းသယ်က စုန့်ယီ၏ မျက်လုံးများ ဝေဝါးနေသည်ကို မြင်လိုက်ရသောကြောင့် တစ်ဖက်လူက အလွန်အမူးလွန်နေပြီကို သိလိုက်ကာ သူ့ကို သတိပေးသည်။
“စုန့်ယီ.. မင်းမသောက်နိုင်ရင် နည်းနည်းပဲ သောက်သင့်တယ်.. မဟုတ်ဘဲ မင်းမူးသွားမယ်ဆိုရင် ငါ မင်းကို ပြန်လိုက်ပို့ရလိမ့်မယ်.. ဒီလောက်ညဉ့်နက်နေပြီ.. လင်းမိန်ဟွေ့ကို စိတ်ပူအောင်လုပ်တာက မကောင်းဘူးလေ”
“ငါ သူမကို ပြောခဲ့ပြီးပြီ၊ ဒီညပြန်မအိပ်တော့ဘူး”
“ဒါဆို မင်းဘယ်သွားမှာလဲ? ငါ ပြောလိုက်မယ်၊ ငါ့ရဲ့မိဘတွေက ငါ့ သူငယ်ချင်းတွေကို သဘောမကျလို့ သူငယ်ချင်းတွေကို အိမ်ကိုခေါ်လာခွင့်မပြုဘူး.. သူတို့က ငါ့ကို သေလောက်အောင် ဆူနေလိမ့်မယ်”
ချန်အန်းသယ်က မည်သည်ကိုမျှ မတတ်နိုင်ဟန်ဖြင့် ကြည့်နေခဲ့သည်။
စုန့်ယီကတော့ နောက်ထပ်တစ်ခွက် သောက်လိုက်ပြန်သည်။
“ဒီည ဒီမှာပဲ အိပ်မယ်.. ဘယ်ကိုမှမသွားဘူး၊ ဒီစားပွဲပေါ်မှာပဲ အိပ်မယ်”
*
အခန်း(72)
ချန်အန်းသယ်မှာ သူ၏ရှေ့မှ လုံးဝမူးယစ်နေပြီဖြစ်သော စုန့်ယီကို ကြည့်ပြီး အကူအညီမဲ့မှုကိုသာ ခံစားရတော့သည်။
နောက်ဆုံးတွင်တော့ သူ စုန့်ယီကို တည်းခိုခန်းငယ်လေးတစ်ခုသို့ ပို့ပေးပြီး အနားယူစေခဲ့သည်။
တစ်ဖက်လူအဆင်မပြေမည်ကိုစိုးရိမ်သောကြောင့် သူသည်လည်း ထိုင်ခုံပေါ်တွင် ထိုင်ကာ တစ်ညလုံး စောင့်ဆိုင်းပေးခဲ့လေသည်။
နောက်နေ့ မနက်စောစောတွင် စုန့်ယီတစ်ယောက် နေရောင်ခြည်က မျက်နှာကို ထိုးလာသည့်အတွက် မျက်စိစူးကာ နိုးလာခဲ့ရပြီး မျက်လုံးပင် မဖွင့်နိုင် ဖြစ်သွားခဲ့လေသည်။
သူ လက်ဖြင့် အလင်းရောင်ကို ကာလိုက်ပြီးနောက် ချန်အန်းသယ်က အပျင်းဆန့်နေသည်ကို မြင်လိုက်ရသည်။
“မင်း ညက မပြန်ဘူးလား”
“မင်း ဒီလောက်မူးနေတာလေ၊ ငါဘယ်လိုလုပ်ပြီး စိတ်ချနိုင်မလဲ?”
“ငါ မင်းကို ဒုက္ခပေးမိတာပဲ.. ငါ ဘာပြဿနာမှ မဖြစ်စေခဲ့ဘူးမလား”
ချန်အန်းသယ် ပြုံး၍ ပြောလာခဲ့သည်။
“မင်းက ငါမြင်ဖူးသမျှထဲမှာ အလိမ္မာဆုံး အရက်သမားမူးဖြစ်လောက်မယ်.. သောက်ပြီးတာနဲ့ ဆူဆူပူပူမလုပ်ဘူး၊ ရန်လည်းမဖြစ်ဘူး၊ ဒီအတိုင်း အိပ်ပျော်သွားတယ်...
ငါက မင်းကို ဂရုမစိုက်နိုင်မှာစိုးရိမ်ခဲ့တာ၊ ဒါပေမဲ့ မင်းက တစ်ညလုံး ထတောင်မထဘဲ စိတ်ချလက်ချအိပ်နေတာပဲ”
စုန့်ယီတစ်ယောက် ကိုက်ခဲနေသော နားထင်များကို ပွတ်သပ်ပြီး မျက်နှာသစ်၊ အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။
“ငါ ပြန်ရတော့မယ်၊ မဟုတ်ရင် လင်းမိန်ဟွေ့ စိတ်ပူနေလိမ့်မယ်.. ညတုန်းက အစားအသောက်ဖိုးနဲ့ ဟိုတယ်ဖိုးတွေ အားလုံးကိုပေါင်းပြီး မင်းကို ပြန်ပေးပါ့မယ်”
စုန့်ယီက အလွန် ရိုးသားနေသည်ကို မြင်လျှင် ချန်အန်းသယ်က သူ့၏ ပခုံးကို လက်သီးဖြင့်ထိုးပြီး ပြောလာခဲ့သည်။
“ငါတို့က ရှေ့လျှောက်ကို စီးပွားရေးအတူလုပ်ကြမယ့်သူတွေပဲလေ.. ဒီလောက်လေးကို ဘာလို့ ဂရုစိုက်ရမှာလဲ”
စုန့်ယီလည်း ထပ်မံ တိုက်တွန်းခြင်း မပြုတော့ဘဲ သူ၏အဝတ်အစားများကို ပြင်ဆင်ပြီး တည်းခိုခန်းမှ ထွက်လာခဲ့သည်။
စုန့်ယီ ချန်အန်းသယ်နှင့် လမ်းခွဲခါနီးတွင် တစ်ဖက်လူက လှမ်းအော်ပြောလိုက်သည်။
“စုန့်ယီ၊ လင်းမိန်ဟွေ့ကို ကောင်းကောင်းဆက်ဆံပေးလိုက်.. အချိန်ကြာလာရင် သူမ မင်းကို ချစ်လာလိမ့်မယ်”
*
ဆိုင်ထဲတွင်တော့ လင်းမိန်ဟွေ့က မနက်စောစောထပြီး သန့်ရှင်းရေး ပြုလုပ်နေခဲ့သည်။
သူမ၏ လက်မှဒဏ်ရာကလည်း များစွာ သက်သာလာပြီး အနာများလည်း ကျက်နေပြီဖြစ်သောကြောင့် သိပ်ပြီး ကိစ္စမရှိတော့ဟု ထင်ရသည်။
ထို့ကြောင့် လင်းမိန်ဟွေ့ ငြိမ်ငြိမ်မနေနိုင်ဘဲ ဆိုင်အတွင်းရှိ ပစ္စည်းများကို သိမ်းစည်းရန် လှုပ်ရှားနေခဲ့သည်။
တစ်ချက်တစ်ချက်တွင်တော့ သူမ ဆိုင်တံခါးအပြင်ဘက်သို့ လှမ်းကြည့်နေခဲ့ပြီး ယမန်နေ့ သူမ အလွန် အမင်း လွန်ကျူးစွာတုံ့ပြန်ခဲ့မိသည်ဟု တွေးတောနေသည်။
စုန့်ယီ တစ်ညလုံး ပြန်မလာခဲ့သကဲ့သို့မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုလည်း သူမ မသိခဲ့ပေ။
လင်းမိန်ဟွေ့တစ်ယောက် စိတ်ပူပန်နေစဉ်တွင်ပင် စုန့်ယီက ခြံတံခါးကိုဖွင့်၍ ဝင်လာသည်ကို မြင်လိုက်ရလေ၏။
သူမ အပြုံးနှင့် နှုတ်ဆက်လိုက်သည်။
“အစ်ကိုစုန့်ယီ ပြန်လာပြီလား”
လင်းမိန်ဟွေ့၏ ဖော်ရွေသော အပြုံးကို မြင်လျှင် စုန့်ယီလည်း အနည်းငယ် စိတ်ကြည်လင်သွားခဲ့ပြီး ခေါင်းညိတ်လိုက်လေ၏။
“ကိုယ် မင်းကို နားနားနေနေ နေခိုင်းထားတယ်မလား.. ဘာလို့ အလုပ်တွေလုပ်နေတာလဲ အခန်းထဲကိုပြန်သွားပြီး လဲနေလိုက်ဦး”
စုန့်ယီ လင်းမိန်ဟွေ့လက်ထဲမှ တံမြက်စည်းကို ဆွဲယူလိုက်သည်။
လင်းမိန်ဟွေ့လည်း သူ၏ စိတ်ပူပန်မှုကို မြင်လျှင် ရယ်မောလိုက်လေသည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မ အမြဲတမ်း ရှင့်ကိုပဲလုပ်ခိုင်းနေလို့မဖြစ်ဘူးလေ”
သူတို့နှစ်ယောက်အနေဖြင့် ယမန်နေ့ညက ဖြစ်ခဲ့သည်ကို မပြောခဲ့ကြသော်လည်း အနည်းငယ်လောက် သတိထားနေကြသည်ကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ။
လင်းမိန်ဟွေ့၏ အပြုံးထဲမှ သတိထားနေမှုကို စုန့်ယီ မြင်နိုင်ဖို့ မခက်ခဲခဲ့ပါချေ။ သူ အနည်းငယ်လောက် စိတ်မကောင်းဖြစ်သွားခဲ့ပြီး သူမကို မနာကျင်စေရတော့ဟု စိတ်ထဲမှ ကတိပေးလိုက်လေသည်။
စုန့်ယီ ကြမ်းပြင်ကို လှဲနေခြင်းမှ ရပ်လိုက်ပြီး လင်းမိန်ဟွေ့ကို နူးညံ့ညင်သာသောအကြည့်ဖြင့်ကြည့်ကာ အလိုလိုက်လိုသည့် လေသံဖြင့် ပြောလိုက်သည်။
“မိန်ဟွေ့၊ မင်း ဘာတွေပဲတွေးနေပါစေ ကိုယ် ဂရုမစိုက်ဘူး၊ ကိုယ့်ရဲ့နှလုံးသားက မင်းကိုပဲ ချစ်မြတ်နိုးပြီး မင်းကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံပေးမှာပါ”
လင်းမိန်ဟွေ့အနေဖြင့် မည်သည့်စကားကို ပြောရမည်ကိုပင် မသိတော့ပေ။ သူမက သူမဘက်မှ အနည်းငယ်လောက်အေးစက်စွာဆက်ဆံမိသည်ဟုသာ ခံစားလိုက်ရသည်။
သို့သော်လည်း သူမကိုယ်တိုင်လည်း မည်သည့်အရာကိုမှ အတင်းအကျပ် မပြောနိုင်ခဲ့ပေ။
သူမက အမှားပြုလုပ်ထားသော ကလေးတစ်ယောက်ကဲ့သို့ ကြောင်အအဖြင့်သာ ရပ်နေခဲ့မိသည်။
စုန့်ယီက သူမ၏အနီးသို့ လမ်းလျှောက်လာခဲ့ပြီး လင်းမိန်ဟွေ့၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။
“အရူးမလေး၊ ဒီမှာပဲ ရပ်မနေနဲ့လေ.. ကိုယ် ခဏနေရင် ရေခဲမုန့်ရောင်းဖို့ ထွက်သွားလိုက်ဦးမယ်၊ နောက်ပြီး ချန်အန်းသယ်ကို ကိုယ်တို့အတွက် ပုံစံခွက်တွေဝယ်ပေးဖို့ ပြောလိုက်ဦးမယ်.. သူလည်း ကူညီမယ်လို့ သဘောတူထားတာမလား”
စုန့်ယီက ယမန်နေ့ကကဲ့သို့ စိတ်ညိုးငယ်နေခြင်းမရှိတော့ဘဲ သူမအပေါ်တွင်ရှိနေသော သဘောထားကလည်း ယခင်ကကဲ့သို့ နူးညံ့နေသည်ကို မြင်လျှင် လင်းမိန်ဟွေ့ ပြုံးလိုက်မိသည်။
ဘဝက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့ပြီး လင်းမိန်ဟွေ့၏ လက်ကလည်းသက်သာလာခဲ့လေ၏။
သူတို့နှစ်ယောက်လည်း ရေခဲမုန့်လုပ်ရန်အတွက် အလုပ်ကို ပူးပေါင်းလုပ်ခဲ့ကြသည်။ ချန်အန်းသယ်က သူတို့အတွက် ပုံစံခွက်အသစ်များစွာ ဝယ်ပေးခဲ့သည်။
လင်းမိန်ဟွေ့၏ ဆန်းသစ်သော အရသာ အမျိုးအစားများနှင့် ပေါင်းစပ်လိုက်သောအခါ ရေခဲမုန့်လုပ်ငန်းသည်က ပိုမို၍ ကောင်းမွန်လာခဲ့သည်။
ဘေးဘက်အိမ်ရှိ လောင်ဝူကတော့ စုန့်ယီနှင့် လင်းမိန်ဟွေ့ကို တွေ့တိုင်း နေ့စဉ် ပြုံးနေခဲ့ပေသည်။
ဆိာင်ရှင်အစ်မက လင်းမိန်ဟွေ့ကို ပြောပြခဲ့သည်။ သူတို့၏ ရေခဲမုန့်များ ဆိုင်ထဲသို့ ရောက်ရှိလာသည်နှင့်အမျှ တခြားပစ္စည်းများသည်လည်း မြန်ဆန်န် ကုန်ဆုံးသွားသည်ဟု ဆိုသည်။
ထို့ကြောင့် လင်းမိန်ဟွေ့သည်လည်း သူတို့အတွက် ပျော်ရွှင်ပေးခဲ့သည်။
ပွဲတော်တိုင်းတွင် ဆိုင်ရှင်အစ်မက စုန့်ယီနှင့် လင်းမိန်ဟွေ့ကို သူတို့၏အိမ်သို့ ညစာစားရန် ဖိတ်ခေါ်လေ့ရှိသည်။ လင်းမိန်ဟွေ့ကလည်း ကျေးဇူးတင်ခဲ့ပြီး ထိုကြင်နာတတ်သော စုံတွဲအတွက် ရေခဲမုန့်လုပ်ငန်းတွင် အမြဲ ဂရုစိုက်ပေးခဲ့သည်။
လုပ်ငန်းက အကောင်းဆုံး ဖြစ်လာခဲ့ကာ လင်းမိန်ဟွေ့သည်လည်း ပုံနှိပ်စက်ရုံသို့ နေ့စဉ် သွားရောက်ပြီး ထုပ်ပိုးစက္ကူများကို ပိုမို ထုတ်လုပ်ပေးရန် တောင်းဆိုရလေ့ရှိလာခဲ့သည်။
ထိုနေ့တွက် သူမ ပုံနှိပ်စက်ရုံမှ ထုပ်ပိုးစက္ကူအသစ်များကို ပြန်ယူလာခဲ့ချိန်တွင် လျု့ယွမ်နှင့် အားယွမ်တို့နှစ်ယောက်ကို လမ်းထောင့်ရှိ သစ်ပင်ရိပ်အောက်၌ ထိုင်နေသည်ကို မြင်လိုက်ရသည်။
သူတို့မျက်နှာများမှာက စိတ်ပျက်အားလျော့နေပုံရပြီး လုပ်ငန်းက အဆင်မပြေဖြစ်နေသည်ဟု ထင်ရသည်။
တစ်ဖက်မှ စုန့်ယီ ရှိနေသည့်နေရာ၌ကား ရေခဲမုန့်ဝယ်သူများက တန်းစီနေကြလေ၏။
လင်းမိန်ဟွေ့ မေးစရာမလိုဘဲ သိလိုက်ပေသည်။ ချန်အန်းသယ်က စီးပွားရေးလုပ်ရန်အတွက် ပျင်းရိနေခြင်းသာ ဖြစ်ပေမည်။
သူ့ထံတွင် အရသာအသစ်များလည်း မရှိပေ။ ထို့အပြင် သူတို့၏ ရေခဲမုန့်ဖော်မြူလာသည်လည်း မမှန်ကန်သေးပေ။ ထို့ကြောင့် ဈေးပေါသော်လည်း မည်သူကမျှ ဝယ်ကြမည် မဟုတ်ပေ။
“ဟေး.. မင်းတို့နှစ်ယောက် ဒီမှာထိုင်ပြီး ဘာလုပ်နေကြတာလဲ.. ပါးစပ်က မအော်ဘဲနဲ့ ရေခဲမုန့်ကို ဘယ်လိုရောင်းမှာလဲ”
ချန်အန်းသယ်လည်း လမ်းထောင့်မှ ထွက်လာပြီး အားယွမ်၏ တင်ပါးကို ခြေထောက်ဖြင့် ကန်လိုက်သည်။
အားယွမ်တစ်ယောက် ယိုင်နဲ့သွားပြီး မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားခဲ့လေသည်။
သူ လှည့်ပြန်ကြည့်လိုက်ပြီး ချန်အန်းသယ်ကို မကျေမနပ် ကြည့်ကာ စုန့်ယီဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
“သူဌေးချန်၊ ကျွန်တော်တို့ မကြိုးစားတာ မဟုတ်ပါဘူး၊ မင်းရဲ့ ရေခဲမုန့်ကကို မကောင်းတာ”
လျိာ့ယွမ်ကလည်း ထောက်ခံပြီး ပြောလာခဲ့သည်။
“လင်းမိန်ဟွေ့က မနေ့က ငှက်ပျောသီးရေခဲမုန့် အသစ်တီထွင်တယ်.. ရေခဲမုန့်က နူးညံ့ပြီး ငှက်ပျောသေိးနံ့ သင်းသင်းလေးရတယ်.. ကျွန်တော်တို့ စမ်းစားပြီးတော့ အရမ်း ကောင်းတယ်လို့ ခံစားရတယ်...”
ချန်အန်းသယ်လည်း စုန့်ယီဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ပုံစံအသစ်များကို မည်သို့ ဖန်တီးရမည်နည်းဟု စဉ်းစားနေခဲ့သည်။
သူ ခေါင်းမော့ကြည့်လိုက်လျှင် လင်းမိန်ဟွေ့က အိတ်ကို ပုခုံးတွင် လွယ်ထားခဲ့ပြီး အိမ်တော့ပြန်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသည်။
ချန်အန်းသယ် အလျင်အမြန် ပြေးသွားပြီး ပြောလိုက်လေ၏။
“ခဏနေပါဦး.. လင်းမိန်ဟွေ့ ငါ မင်းကိုပြောစရာရှိတယ်..
ငါတို့နှစ်ယောက် လုပ်ငန်း အတူလုပ်ကြမလား .. မင်း ငါ့ကို ရေခဲမုန့်လုပ်နည်း ပြောပြ၊ ငါက ထုတ်လုပ်ရောင်းချဖို့တာဝန်ယူမယ်လေ .. အမြတ်ကို မင်းနဲ့ ငါနဲ့အတူခွဲယူကြမယ်”
လင်းမိန်ဟွေ့အနေဖြင့် ချန်အန်းသယ်က စီးပွားရေးလုပ်ရန်အတွက် မွေးဖွားလာသူဖြစ်ကြောင်းကို သိသည်။
သို့သော် သူသည်က ထုတ်လုပ်မှုနှင့် စီမံခန့်ခွဲမှုတွင်တော့ မထူးချွန်ပေ။ သူမ ဤအချက်ကို အကျိုးရှိရှိ အသုံးချနိုင်သည်ဟု ခံစားလိုက်ရသည်။
“ကောင်းပြီ၊ ဒါဆိုရင် ရှင်က စီးပွားရေးလုပ်ငန်းဘက်ကို တာဝန်ယူလိုက်လေ.. စုန့်ယီနဲ့ ကျွန်မက ထုတ်လုပ်မှုနဲ့ စီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူမယ်.. ဘယ်လိုလဲ”
ချန်အန်းသယ်အနေဖြင့် လင်းမိန်ဟွေ့က ဤမျှ ရက်ရောလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူ ချက်ချင်းပင် သဘောတူလိုက်သည်။ တကယ်တမ်းတွင် သူက အနည်းငယ်လောက် မျက်နှာပြောင်တိုက်ခဲ့ခြင်းသာဖြစ်ပေသည်။
အစပိုင်းတွင် သူက စနောက်လိုခြင်း ဖြစ်ခဲ့သည်။ သို့သော်လည်း လင်းမိန်ဟွေ့က သူ ပြောသည့်အတိုင်းပင် လုပ်ဆောင်ခဲ့ပြီး အလုပ်ခွဲဝေမှုများကို စတင်ခဲ့သည်။
ဆိုရလျှင် လင်းမိန်ဟွေ့က ဤပူးပေါင်းဆောင်ရွက်မှုကိစ္စကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက စဉ်းစားထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း သူမ ဒဏ်ရာရထားသောကြောင့် ခဏတာလောက် နှောင့်နှေးခဲ့ရသည်။
ယခုအချိန်တွင် သူမနှင့် ချန်အန်းသယ်တို့၏ ရေခဲမုန့်ထုတ်လုပ်မှုအပြင် မြို့တွင်း၌ တခြားသောအလုပ်ရုံငယ်များသည်လည်း ပိုမိုတိုးပွားလာနေခဲ့သည်။
ဤအတိုင်းသာ ဆက်သွားပါက မြို့ထဲရှိ စျေးကွက်က မကြာမီပင် လူတိုင်းကြားထဲတွင် ခွဲဝေခံရပြီး အမြတ်အစွန်းများသည်လည်း အလွန်နည်းပါးသွားလိမ့်မည်။
စျေးကွက်အသစ်များကို မြန်မြန်ဆန်ဆန် မဖွင့်နိုင်ပါလျှင် ရေခဲမုန့်ဆိုင်သည်က မကြာမီပင် လုပ်ငန်း ရပ်ဆိုင်းသွားလိမ့်မည်။