← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း(75) ရေခဲမုန့်စျေးကွက်ဖွင့်လှစ်ခြင်း

ပန်းကန်များကို ရှင်းလင်းပြီးနောက် လင်းမိန်ဟွေ့တစ်ယောက် မြို့ထဲရှိ ဆိုင်ကြီးများဆီသို့သွားရောက်၍ ထိုဆိုင်များတွင် စုံစမ်းကြည့်ရန် ပြင်ဆင်ခဲ့သည်။

သူတို့သာ ဆိုင်ကြီးများကို ရေခဲမုန့်မှန်မှန် ထောက်ပံ့ပေးနိုင်မည်ဆိုပါက နောက်ဆိုလျှင် သူတို့အနေဖြင့် လက်လီပင် ရောင်းရန်မလိုတော့ဘဲ လက်ကားရောင်းချခြင်းမှပင် အမြတ်ရရှိပေလိမ့်မည်။

ထိုအချိန်တွင် သူမနှင့် စုန့်ယီတို့က ဤစီးပွားရေးဘက်ကို လက်လွှတ်ထားနိုင်ပြီး တခြားစီးပွားရေးအချို့ကိုလည်း ထပ်တိုး၍ လုပ်ကိုင်နိုင်ပေလိမ့်မည်။

“အကိုစုန့်ယီ၊ ရှင်နဲ့ ချန်အန်းသယ်တို့ အိမ်မှာပဲနေခဲ့လိုက်ဦး.. ကျွန်မ ဆိုင်ကြီးတွေဆီကို သွားပြီး ပုံမှန်ဝယ်ယူသူအချို့ ထပ်ပြီးဆွဲဆောင်နိုင်မလားဆိုတာ ကြည့်လိုက်မယ်…”

“ကောင်းပြီ၊ မရရင်လည်း ကိစ္စမရှိဘူး.. ကိုယ်နဲ့ ချန်အန်းသယ် မနက်ဖြန် တခြားစက်ရုံတွေကို သွားကြည့်လိုက်မယ်”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီက သူမကို ထောက်ပံ့ပေးနေသည်ဟု ခံစားရပြီး စိတ်အေးသွားရသည်။ သူမက စုန့်ယီကို ပြုံးပြခဲ့ပြီး အပြင်သို့ထွက်လာခဲ့သည်။

ဘေးနားတွင်ရှိနေသော ဆိုင်ရှင်အစ်မဝမ်မေ့လီက ပဲစေ့တစ်ပန်းကန်နဲ့ ထွက်လာချိန်တွင် အပြင်သို့ ထွက်နေသော လင်းမိန်ဟွေ့နှင့် တိုက်ဆိုင်စွာ တွေ့ဆုံလိုက်လေသည်။

“မိန်ဟွေ့၊ ဒီလိုမျိုးပူပြင်းတဲ့နေ့လည်ဘက်မှာ ဘယ်ကိုသွားမလို့လဲ”

“အစ်မ၊ ကျွန်မ ဆိုင်တွေနည်းနည်းလောက်ဆီကိုသွားကြည့်ပြီး ကျွန်မတို့ ရေခဲမုန့်ကို လက်ကားဝယ်ချင်တဲ့သူရှိမလားဆိုတာ ကြည့်ချင်လို့ …”

“ဟေး.. ဒါက အတော်လေး ကောင်းတဲ့ အကြံပဲ.. ငါ ဒီမြို့ထဲက ဆိုင်ကြီးတွေ အားလုံးနီးပါးကို သိတယ်.. ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်လေ.. ပြီးရင် သူတို့နဲ့ စကားပြောကြည့်ပေးမယ်”

ဝမ်မေ့လီက လင်းမိန်ဟွေ့ဆီသို့ ပဲ ပန်းကန်ကို ပေးလိုက်ပြီး သူမ၏ ဆိုင်ကို သော့ခတ်လိုက်ကာ သူမနှင့်အတူ အပြင်သို့ထွက်လာခဲ့သည်။

သူတို့ ပထမဆုံးဆိုင်သို့ ရောက်လျှင် လင်းမိန်ဟွေ့ပင် စကားမပြောဆိုရသေးခင် အစ်မဝမ်က ဆိုင်ပိုင်ရှင်ဆီသို့ အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

“ရှန့်လင်း.. ငါ ဒီနေ့ မင်းတို့ဆိုင်အတွက် အကျိုးစီးပွားဖြစ်စေမဲ့အရာတစ်ခု ယူလာခဲ့တယ်.. ဒါက လင်းမိန်ဟွေ့တဲ့ သူမရဲ့ရေခဲမုန့်တွေက အရေအသွေးရော အရသာရော ပြောစရာမရှိဘူး.. ဆိုင်မှာတင်လိုက်ရုံနဲ့ အများကြီးရောင်းရမှာ သေချာတယ်.. မင်းဘာလို့ သူမဆီက ရေခံမုန့်တွေ ယူပြီး မရောင်းဘဲနေမှာလဲ”

“အစ်မဝမ်၊ အစ်မက ကျွန်မကို ပိုက်ဆံတွေ ထွက်အောင်လုပ်နေတာပဲ.. ကျွန်မမှာ ရေခဲမုန့်တွေ အများကြီး ကျန်နေသေးတယ်.. အချိန်ခဏလောက်နဲ့ ရောင်းလို့ကုန်နိုင်မှာမဟုတ်သေးဘူး”

“ရှန့်လင်း၊ ဒီအစ်မက မင်းကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ”

“မပေးဖူးပါဘူး.. နောက်ဆုံးတစ်ကြိမ် ကျွန်မရဲ့ကလေး ဖျားနေတုန်းက အစ်မရဲ့မိသားစုဆီကနေ ယူခဲ့တဲ့ အကြွေးကိုတောင် မတောင်းခဲ့ဘူးလေ.. ကျွန်မ အစ်မရဲ့ ကျေးဇူးတွေကို ဒီနေ့အထိ မှတ်မိနေပါသေးတယ်”

ဝမ်မေ့လီမှာ သူမ၏ မိတ်ဆွေအပေါင်းအသင်းများထံတွင် လင်းမိန်ဟွေ့၏ ရေခဲမုန့်ကို အကြံပြုခဲ့ပြီး စကားများများပြောခဲ့ရသောကြောင့် သီးလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

ရှန်လင်းတစ်ယောက် စိတ်ရှုပ်ထွေးနေပုံရသည်။ သူမအနေဖြင့် ယခင် ပစ္စည်းပို့ပေးသူနှင့်အတူတွဲလုပ်နေသည်မှာ အချိန်ကြာပြီဖြစ်ပြီး တစ်ဖက်လူများ အလွယ်တကူ မစော်ကားလိုပေ။

လင်းမိန်ဟွေ့လည်း သူမ၏စကားများမှ အဓိပ္ပာယ်ကို ကြားလိုက်ရသည်နှင့် ကိစ္စများကိုဖြေရှင်းရန်အတွက် အရှေ့သို့ထွက်ပြီး ပြောလာခဲ့သည်။

“အစ်မ၊ စိတ်မပူပါနဲ့.. ကျွန်မတို့ရဲ့ ရေခဲမုန့်ကို ဒီမှာ အရင်ထားခဲ့လို့ရတယ်.. ပြီးတော့ အစ်မဘက်က ရောင်းပြီးတဲ့အချိန်ကြမှ ငွေလာကောက်ခံလိုက်မယ်လေ… ဒီလိုဆိုရင် အစ်မလည်း ရေခဲမုန့်တွေကို အတူတွဲရောင်းလို့ရပြီး ဘယ်ရေခဲမုန့်က အကောင်းဆုံးရောင်းရလဲဆိုတာကိုလည်း နှိုင်းယှဉ်နိုင်တယ်”

“ဟုတ်တယ်၊ အဲဒါကိုပဲ ဆိုလိုတာ.. စီးပွားရေးလုပ်မယ်ဆိုရင် ပိုက်ဆံကို ဘယ်လိုရှာရင် မြန်လောက်မလဲလို့ညမတွေးသင့်ဘူးလား”

“ဒါဆိုလည်း ဒီလိုပဲ ဖြေရှင်းကြတာပေါ့.. မင်းရဲ့ ရေခဲမုန့်ကသာ ရောင်းအားကောင်းရင် ငါ့လည်း တခြားဘက်က ရေခဲမုန့်ပို့တဲ့လူတွေကို ပြန်ပြောဖို့အတွက် အကြောင်းပြချက်ရှိလာလိမ့်မယ်.. ဘယ်သူ့ကိုမှ စော်ကားရာမရောက်တော့ဘူး”

ဆိုင်တစ်ဆိုင်နှင့် ညှိနှိုင်းပြီးနောက် ဝမ်မေ့လီာ လင်းမိန်ဟွေ့အား နောက်တစ်ဆိုင်ကို ခေါ်သွားပြန်သည်။ အစပိုင်းတွင် ရှန်လင်း၏ ဆိုင်ကဲ့သို့ပင် တခြားပေးသွင်းသူအသစ်ကို အလွယ်တကူ လက်မခံလိုကြပေ။

လင်းမိန်ဟွေ့က ကုန်ပစ္စည်းများကို အရင်ပို့ပြီးမှ ငွေချေရန် အဆိုပြုခဲ့သည်။

ထိုမှသာ တရားမျှတသော ပြိုင်ဆိုင်မှုဖြစ်ပေလိမ့်မည်။ အစ်မဝမ်၏ မျက်နှာကြောင့် ထိုဆိုင်များမှာ အရသာအမျိုးမျိုးရှိသော ရေခဲမုန့်အချောင်း ငါးဆယ်စီကို မှာယူခဲ့ကြသည်။

တစ်ပတ်အကြာတွင်တော့ လင်းမိန်ဟွေ့လည်း ဆိုင်များဆီကနေ တုံ့ပြန်ချက်များ ရရှိခဲ့သည်။ သူတို့အားလုံးက လင်းမိန်ဟွေ့၏ ရေခဲမုန့်က အရသာကောင်းပြီး နာမည်ကောင်းရှိကာ၊ လူတိုင်း အပြိုင်အဆိုင် ဝယ်ကြသည်ဟု ပြောဆိုခဲ့ကြသည်။

ငွေများအားလုံးကို ပြန်ရပြီးနောက် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့မှာ ယွမ် ၁၂၀၀ ကို မြင်လိုက်ရသည့်အတွက် အတော်လေး အံ့သြသွားခဲ့ကြသည်။

ဤပမာဏက အလွန်များပြားပေ၏။

လင်းမိန်ဟွေ့က ပိုက်ဆံများကို စားပွဲ ပေါ်၌ တင်ပြီး အကြိမ်ကြိမ်အခါခါ ရေတွက်ကြည့်သည်။ မှန်ကန်ကြောင်း သေချာအောင် လုပ်ပြီးမှသာ ဘီစကစ်ဘူးအခွံထဲသို့ ပြန်ထည့်လိုက်လေသည်။

“မနက်ဖြန် ချန်အန်းသယ်နဲ့ စကားပြောပြီး သူ့ရဲ့ရှယ်ယာကို ပေးရမယ်…”

“မင်းဘယ်လို ခွဲဖို့ စီစဉ်ထားလဲ”

လင်းမိန်ဟွေ့က စုန့်ယီကို ပြန်ကြည့်ကာ မစဉ်းစားဘဲ ပြောလိုက်လေ၏။

“ကုန်ပစ္စည်းအတွက် တန်ဖိုးငွေ ယွမ်၆၀၀ တန်ဖိုးကို နှုတ်ပြီးရင် ကျန်တဲ့ငွေရဲ့ တစ်ဝက်က သူ့အတွက်၊ တစ်ဝက်က ကျွန်မတို့အတွက်လေ”

စုန့်ယီ အတော်လေး အံ့ဩသွားခဲ့လေသည်။ သူက အချိန်အတော်ကြာအောင် တွန့်ဆုတ်ပြီးနောက် လင်းမိန်ဟွေ့ကို ဖြောင့်ဖြရန် ဆုံးဖြတ်လိုက်သည်။

“မိန်ဟွေ့၊ မင်းက ဒီရက်တွေမှာ အပင်ပန်းဆုံးပဲ.. ဒီလို ရရှိလာတဲ့ လုပ်အားရဲ့ တစ်ဝက်ကလည်း မင်းရဲ့ ကြိုးစားမှုကြောင့်ပဲလေ.. ကိုယ့်ရဲ့ ရှယ်ယာကို ထည့်မတွက်ရင်တောင် တစ်ဝက်ကတော့ မဖြစ်သင့်ဘူး”

လင်းမိန်ဟွေ့အနေဖြင့် ဤတွက်ချက်မှုကို သဘာဝအတိုင်း သိရှိထားပေသည်။

သူမ၏ အတွေးမှာ ရေခဲမုန့်စက်ရုံ တဖြည်းဖြည်း ကြီးထွားလာသည့်အချိန်တွင် ချန်အန်းသယ်က ရောင်းချရန်အတွက် တာဝန်ယူနိုင်ပြီး သူမနှင့် စုန့်ယီကတော့ ရေခဲမုန့် လုပ်သည့်အပိုင်းကိုသာ တာဝန်ယူတော့မည်ဖြစ်ပြီး တခြားအလုပ်များကို တစ်ဖက်မှ လုပ်ကိုင်နိုင်ပေလိမ့်မည်။

ချန်အန်းသယ်ကတော့ သူ၏ အာရုံစိုက်မှုအားလုံးနီးပါးကို ဤလုပ်ငန်းထဲတွင် မြှုပ်နှံထားသည်။

သူ့ဘက်မှ ငွေအနည်းငယ်သာ ရရှိပါက အနည်းငယ် မကျေနပ်စရာဖြစ်လာပေလိမ့်မည်။

ထို့အပြင် ချန်အန်းသယ်က သူမကို ကယ်တင်ပေးခဲ့ဖူးသည်။

လင်းမိန်ဟွေ့အနေဖြင့် ဤအတ္တဆန်သော ရည်ရွယ်ချက်ကို စုန့်ယီထံကနေ ဖုံးကွယ်ထားခဲ့သည်။ သူမက အနည်းငယ် အပြစ်ရှိသလို ခံစားရ သော်လည်း အနာဂတ်တွင် မိသားစုမှ ရရှိသည့် ငွေကြေးအားလုံးကို စုန့်ယီ ကပင် တာဝန်ယူရမည်ဟု တွေးလိုက်မိပြီး စုန့်ယီအတွက် မရှုံးနိမ့်တော့ဟု ခံစားမိလေသည်။

စဉ်းစားကြည့်ပြီးနောက်တွင် လင်းမိန်ဟွေ့တစ်ယောက် သူမက စုန့်ယီအား အစ်ကိုတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အဖြစ် သဘောထားနေဆဲဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့ညသည်။

လင်းမိန်ဟွေ့ အနည်းငယ်လောက် ရှုပ်ထွေးသွားသကဲ့သို့ ခံစားရပြီး စုန့်ယီ၏ မျက်လုံးများကို မကြည့်ရဲတော့ပေ။ သူမက ဘီစကစ်ဘူးထဲမှ ယွမ် ၃၀၀ ကို ထုတ်ယူပြီး စားပွဲပေါ်၌ တင်လိုက်သည်။

“အကိုစုန့်ယီ၊ ချန်အန်းသယ် မနက်ဖြန်ရောက်လာတဲ့အချိန် သူ့ကို ပိုက်ဆံပေးပြီး ကျွန်မတို့သုံးတဲ့ ကုန်ကြမ်းစာရင်းတွေကို ပြပေးလိုက်လေ.. သူလည်း အားလုံးကို ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်”

စုန့်ယီလည်း လင်းမိန်ဟွေ့က စိတ်ထားဆုံးဖြတ်ထားပြီးဖြစ်ကြောင်းကို သိလိုက်သောကြောင့် အစီအစဉ်ကို လက်ခံလိုက်သည်။

သူက စားပွဲပေါ်မှ ပိုက်ဆံကိုလှမ်းယူပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

“ကောင်းပြီ၊ မနက်ဖြန် မနက်ပိုင်း သူရောက်လာရင် သူ့ကို ပေးလိုက်မယ်.. ဒါနဲ့ ကိုယ်တို့တွေ ထမင်းတစ်နပ်လောက်အတူစားသင့်တယ်ထင်တယ်”

“ကောင်းပြီ၊ ကျွန်မတို့ ဝက်သားတူးဟင်းတစ်ပွဲချက်ပြီး အစ်မဝမ်တို့ ဇနီးမောင်နှံကိုပါခေါ်ပြီး အတူစားသောက်လိုက်ကြမလား”

လင်းမိန်ဟွေ့မှာ စိတ်ကြည်လင်နေခဲ့ပြီး ဤရက်များတွင် ကြိုးစားခဲ့ကြသည့်လူများ အားလုံးကို ကျေးဇူးတင်ချင်နေခဲ့သည်။

ဝက်သားက ယခုအချိန်တွင် တစ်ကတ်တီကို နှစ်ယွမ်ခွဲကျသင့်သည်။ ဆယ်ယွမ်လောက်ဆိုလျှင် သူတို့ အရသာရှိသော ဟင်းတစ်နပ်ကို စားနိုင်ပေပြီ။

နောက်တစ်နေ့မနက်စောစောတွင် ချန်အန်းသယ် အိမ်ထဲသို့ ဝင်လာသည်နှင့် ဆိုင်အတွင်း မှ မွှေးကြိုင်သော ရနံ့တစ်ခုကိုရရှိလိုက်သည်။

သူသည် နှာခေါင်းကို ရှုံ့ပြီး အနံ့ခံလိုက်ရင်း စနောက်လိုသည့်အသံနှင့် ပြောလိုက်လေသည်။

“မိန်ဟွေ့၊ ဒီနေ့က ဘယ်လိုနေ့ထူးနေ့မြတ်လဲ.. စားသောက်ဝိုင်းကြီး လုပ်ကြမလို့လား”

“ရှင်က တကယ်ကို အနံ့ခံကောင်းတာပဲ.. ဒီနေ့ လူတိုင်းကို ဝက်သားစတူးဟင်းကျွေးမယ်.. နေ့လယ်ကျရင် ရှင့်ရဲ့မွေးစားအစ်မကိုပါ ကျွန်မတို့နဲ့အတူ လာစားဖို့ ဖိတ်လိုက်ပါဦး”

“ငါ့ရဲ့ မွေးစားအစ်မက ဒီအတွက် ကံမကောင်းဘူးပဲ.. ဒီနေ့ သူမက အပြင်ထွက်ပြီး စားစရာတွေ သွားဝယ်နေတာ.. ဒါပေမဲ့ သူမအတွက် ပမာဏကို ငါ ပိုပြီး စားပေးနိုင်တယ်”

ဤရက်ပိုင်းများတွင် ချန်အန်းသယ်က လင်းမိန်ဟွေ့နှင့် စုန့်ယီတို့နှင့် ရင်းနှီးလာခဲ့သည်။

ထို့ကြောင့် သူ့၏ စကားပြောဆိုမှုများက ပိုမိုပွင့်လင်းလာပြီး အလွယ်တကူ နောက်ပြောင်တတ်လာကာ မကြာခဏဆိုသလို လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို ရယ်မောစေခဲ့သည်။

စုန့်ယီက သူ၏အိတ်ကပ်ထဲမှ ယွမ် ၃၀၀ ကို ထုတ်ယူလိုက်ပြီး ချန်အန်းသယ်၏လက်ထဲသို့ ထည့်ပေးလိုက်ကာ စနောက်လိုစွာနှင့် ပြောလိုက်သည်။

“ဒီပိုက်ဆံနဲ့ မင်းရဲ့မွေးစားအစ်မအတွက် အသားဝယ်ပြီး စတူးချက်ပေးသင့်တယ်.. ငါတို့အိုးထဲက အသားကတော့ မင်း အိုးအောက်ခြေအထိ အကုန်စားသွားလောက်တော့မဲ့ပုံပဲ .. အသားတွေလည်းကုန်ပြီး အိုးပါ ပျောက်မှာကို စိုးရိမ်ရတယ်”

*

အခန်း(76)

ဤသို့သော ဘဝသည်က လင်းမိန်ဟွေ့ အမြဲတမ်း လိုလားတောင့်တခဲ့ရသည့်ဘဝမျိုး ဖြစ်ပေသည်။ လင်းမိသားစု၏ ဖိနှိပ်မှု၊ ကျန်းကျစ်ကုန်း၏ အနိုင်ကျင့်မှုများလည်း မရှိတော့ချေ။

သူမ၏ အနီးတွင်ရှိနေသော လူများက စားပွဲဝိုင်း၌ ဝိုင်းဖွဲ့ထိုင်၍ စကားများ ပြောဆို၊ ရယ်မောပျော်ရွှင်နေခဲ့ ကြသည်။

စုန့်ယီက သူ့၏ အိမ်နီးချင်း မောင်နှံနှစ်ဦးကို တစ်ဦးချင်းစီ ကျေးဇူးတင်စကား ပြောခဲ့သည်။ ယခုရက်ပိုင်း ၎င်းကို ကူညီပေးခဲ့သော ချန်အန်းသယ်ကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့သည်။

နောက်ဆုံးတွင် သူက ဝိုင်ခွက်ကို ကောက်ယူ၍ လင်းမိန်ဟွေ့ကို စိာက်ကြည့်လျက် ပြောလာခဲ့လေ၏။

“မိန်ဟွေ့၊ မင်းရဲ့ကြိုးစားအားထုတ်မှုတွေ အားလုံးအတွက်လည်း ကိုယ် မင်းကို ကျေးဇူးတင်ပါတယ်.. ကိုယ့်ကို ဘဝသစ်တစ်ခု စတင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဤစကားများက လင်းမိန်ဟွေ့ကို ရှင်းမပြနိုင်လောက်သော ခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။ စုန့်ယီက လက်ရှိတွင် အသားများကိာ စားရသည့် ဘဝအကြောင်းကိုသာ ပြောနေခြင်းသာမဟုတ်ချေ၊ ထိုဆိုးရွားသော ပတ်ဝန်းကျင်မှ လွတ်မြောက်လာခြင်းအကြောင်းကိုပါ ပြောနေခြင်းဖြစ်ကြောင်း သူမ သိသည်။

သူ့ကို လူကြားထဲသို့ မသွားနိုင်သညာ့အခြေအနေမှ နေရောင်အောက်တွင် ခေါင်းမော့၍ သာမန်လူတစ်ဦးကဲ့သို့ နေခွင့်ရခဲ့သည့်အကြောင်းကို ပြောနေခဲ့ခြင်း ဖြစ်ပေသည်။

အတိတ်၏ အရိပ်အောက်၌ ဆက်၍ နေစရာ မလိုတော့ချေ။

လင်းမိန်ဟွေ့လည်း ဝိုင်ခွက်ကို ကောက်ယူကာ စုန့်ယီနှင့်အတူ ဖန်ခွက်ချင်း တိုက်လိုက်သည်။

“အစ်ကိုစုန့်ယီ၊ ဒါတွေအားလုံးက ရှင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဖြစ်လာခဲ့တဲ့ ရလဒ်ပါပဲ.. ကျွန်မတို့သာ ဆန္ဒရှိပြီးကြိုးစားနေမယ်ဆိုရင် ဘဝက ပိုပြီး ကောင်းလာလိမ့်မယ်”

သူတို့နှစ်ယောက် အပြန်အလှန် ကျေးဇူးတင်စကားများ ပြောနေသည်ကိုကြည့်ကာ ဘေးနားမှ ဝမ်မေ့လီတစ်ယောက် ရယ်မောလိုက်မိလေသည်။

သူမက ပွင့်ပွင့်လင်းလင်း ပြောတတ်သူဖြစ်သောကြောင့် ဘေးနားမှ ခင်ပွန်းဖြစ်သူကို တွန်းတိုက်၍ ပြောလာသည်။

“မြင်တယ်မလား၊ အချစ်ငှက်လေးတွေက အရမ်းချိုမြိန်ပြီး အချင်းချင်း ကျေးဇူးတင်နေကြတာ.. ရှင်ဝော ဘာလို့ ကျိန်မကို ကျေးဇူးမတင်တာလဲ”

လောင်ဝူက မျက်လုံးပြူး ပြောလာသည်။

“ငါ့အပိုင်က မင်းရဲ့အပိုင်ပဲလေ.. လက်ထပ်ပြီးတဲ့အချိန်ကစပြီး ငါတို့ ခွဲလို့မရတော့ဘဲ လူတစ်ယောက်တည်းပဲအဖြဂ်ပေါင်းစည်းသွားပြီ.. ဘာကို ကျေးဇူးတင်စရာလိုဦးမှာလဲ”

ဝမ်မေ့လီ အလျှော့မပေးလိုသည့်အတွက် လောင်ဝူကို စိုက်ကြည့်လိုက်သည်။

“ဒါဆိုလည်း ရှင့် ကျွန်မရဲ့ပင်ပန်းမှုအတွက်လည်း ခံစားပေးသင့်တယ်.. ကျွန်မရဲ့ ပေးဆပ်မှုအတွက်လည်း ကျေးဇူးတင်သင့်တယ်.. ကျွန်မသာ မရှိရင် ရှင် ဘယ်လိုလုပ်ပြီး ဒီလိုကောင်းမွန်တဲ့ ဘဝမှာနေနိုင်မှာလဲ”

၎င်းတို့နှစ်ယောက် အချင်းချင်း စကားရည်လု၍ ပြောဆိုနေချိန်တွင် ဘေးနားမှ ချန်အန်းသယ်က ရယ်မောပျော်ရွှင်နေခဲ့ကာ သူတို့ကို အားပေးအားမြှောက်လုပ်လာခဲ့သည်။

“ဟုတ်တယ်၊ ကျွန်တော့်ရဲ့ အစ်မပြောသလိုပဲ ခင်ဗျား သူ့ကို ကျေးဇူးတင်သင့်တယ်၊ လာပါ တစ်ခွက်လောက် သောက်ကြစို့”

လောင်ဝူက ပုံမှန်အားဖြင့် တည့်တိုးပြောတတ်သူဖြစ်သောကြောင့် ချန်အန်းသယ်က ၎င်းကို စနောက်သောအခိုက်တွင် ပို၍ ရှက်ရွံ့သွားခဲ့လေသည်။ ၎င်း၏လေသံက တည်ကြည်လေးနက်သည်။

“ဒါဆို ငါ အိမ်ပြန်ရောက်မှ မင်းကို ကျေးဇူးတင်မယ်လေ.. ဘယ်လိုလဲ”

ဤစကားက ချန်အန်းသယ်ကို နားလည်မှုလွဲသွားသည်။ သူက စနောက်လိုစွာဖြင့် လူများကို မျက်နှာနီမြန်းစေသော စကားတစ်ခွန်းကို ပြောလာခဲ့သည်။

“အစာမ၊ ကြားလိုက်တယ်မလား.. အစ်ကိုကြီးက ညနေကျမှ အစ်မကို ကျေးဇူးတင်တော့မှာတဲ့”

ဤသည်က စားသောက်ဝိုင်းမှ စနောက်ပြောဆိုလာသည့် စကားတစ်ခွန်းသာ ဖြစ်သည်။ ဝမ်မေ့လီကလည်း စိတ်မဆိုးချေ။ လောင်ဝူက မျက်နှာသေဖြင့် နားမလည်ချင်ယောင်ဆောင်နေသော်လည်း ဘေးနားမှ စုန့်ယီနှင့် လင်းမိန်ဟွေ့ကတော့ ရုတ်တရက် အံ့အားသင့်ရှက်ရွံ့သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာများ နီရဲသွားကြလေသည်။

ချန်အန်းသယ်ကလည်း ပတ်ဝန်းကျင်တွင် တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိသောကြောင့် ၎င်းတို့နှစ်ဦးကို မော့ကြည့်လျက် ပြောလာခဲ့သည်။

“မင်းတို့နှစ်ယောက်ရဲ့မျက်နှာက ဘာလို့ ဒီလောက်တောင် နီရဲနေကြတာလဲ”

စုန့်ယီက လျှင်မြန်စွာပင် စကားလမ်းကြောင်းပြောင်းလိုက်ပြီး လင်းမိန်ဟွေ့အတွက် ကာကွယ်ပေးလိုက်သည်။

“မိန်ဟွေ့က ပုံမှန်ဆိုရင် သိပ်ပြီးမသောက်တတ်ပြီ.. ဒါကြောင့် နည်းနည်းလောက်သောက်ရုံနဲ့ မျက်နှာနီရဲလာတာ.. ငါ စွပ်ပြုတ်တွေ ထပ်သွားယူလိုက်ဦးမယ်၊ မင်းတို့သောက်ထားကြဦး”

ချန်အန်းသယ်က လင်းမိန်ဟွေ့၏ အတွေးများကို သိလိုသကဲ့သို့ လင်းမိန်ဟွေ့ကို စိုက်ကြည့်လာခဲ့သည်။ လင်းမိန်ဟွေ့တွင်လည်း တခြားရွေးစရာမရှိသောကြောင့် စကားလမ်းကြောင်းပြောင်းရန် ပြောလိုက်ရသည်။

“ချန်အန်းသယ်၊ အခု ရေခဲမုန့်ရောင်းချနိုင်မှုကက အနာဂတ်မှာ တည်ငြိမ်လာပြီဆိုတော့ ရှင် ဘာတွေဆက်လုပ်ဖို့ စီစဉ်ထားလဲ”

“စက်ရုံတွေကို ရေခဲမုန့်တွေ ထပ်ရောင်းမယ်လေ”

ချန်အန်းသယ်က သူမ၏ နားမလည်ဘဲ ပြောလာခဲ့သည်။ ယခုအချိန်တွင် ရေခဲမုန့်ရောင်းရခြင်းက စတင်၍ အကျိုးအမြတ်များ ရရှိလာပြီဖြစ်၍ သံပူတုန်းမှာ ထုရမည်ပင်။

စက်ရုံကြီးအချို့နှင့် ချိတ်ဆက်ရမည်။ ထိုအချိန်သို့ ရောက်လာပါက လင်းမိန်ဟွေ့က လုပ်ငန်းကို ချဲ့ထွင်၍ ပိုကြီးသည့် နေရာများသို့ ရောင်းချနိုင်သည်။

လင်းမိန်ဟွေ့က ချန်အန်းသယ်၏ အကြံကို သဘောတူသော်လည်း သူ့ကို သတိပေးရန် လိုအပ်နေသေးသည်။

“အန်းသယ်၊ ကျွန်မတို့က ရေခဲမုန့်လုပ်ငန်းကို လုပ်နေတာလေ.. ဒီလုပ်ငန်းက နွေရာသီတစ်ခုအတွက်ပဲ အဆင်ပြေလိမ့်မယ်.. ကျန်တဲ့ ရာသီဥတုသုံးခုက အအေးဓာတ်တွေ ရှိနေမှာပဲ.. အဲဒီအချိန်တွေမှာ ရှင်ဘာလုပ်မှာလဲ”

“ကစားမယ်လေ .. ငါ ပေကျင်းကို ရက်နည်းနည်းလောက် သွားပြီး မွေးစားအစ်မအတွက် အဝတ်အစားတွေ ဝယ်ပေးဖို့ စီစဉ်ထားတယ်.. သူက အလှစကတ်တွေကို အရမ်းကြိုက်တယ်...”

“အန်းသယ် .. ကျွန်မ ရှင့်ရဲ့ ကိုယ်ပိုင်ဘဝကို ဝင်ရောက်စွက်ဖက်ချင်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ ရှင့်မှာ ရေရှည်စီမံကိန်းတစ်ခု ရှိသင့်တယ်၊ ရှင့်အဖေနဲ့ ပြိုင်ဖို့ စဉ်းစားထားတာ မဟုတ်ဘူးလား”

လင်းမိန်ဟွေ့က လူများ၏အကြောင်းကို စပ်စုတတ်သူ မဟုတ်ချေ။ သို့သော်လည်း ချန်အန်းသယ်က သူမအတွက် ထူးခြားသည့်လူတစ်ဦး ဖြစ်နေခဲ့သည်။

သူမက စီးပွားရေးလုပ်တတ်သည့် သူဌေးကြီးတစ်ဦး မဟုတ်သော်လည်း ချန်အန့်သယ်၏ ရညာမီန်းချက်မရှိသည့် အခြေအနေကို ကြည့်ပြီး သူ့ကို သတိပေးချင်နေခဲ့သည်။

ချန်အန်းသယ် ခဏမျှရပ်တန့်သွားခဲ့ပြီး ဖန်ခွက်ကို လှည့်ရင်း စဉ်းစားနေခဲ့လေသည်။

“ဒါပေမဲ့.. ဘာတွေလုပ်ရမလဲဆိုတာ ငါမသိဘူးလေ.. မင်းတို့တွေ ရေခဲမုန့်ရောင်းပြီး ပိုက်ဆံအများကြီး ရနေတာကိုသာ မတွေ့ခဲ့ရင် ငါ ဒါကိုလည်း လိုက်လုပ်ဖြစငခဲ့မှာ မဟုတ်ဘူး၊ အခုလို ကောင်းမွန်တဲ့ ရလဒ်တွေလည်း ရလာမှာ မဟုတ်ဘူး”

ထိုစကားကြောင့် လင်းမိန်ဟွေ့ ပြုံးလိုက်မိသည်။

ထိုအချိမ်တွင် စုန့်ယီက အသားဟင်းတစ်အိုးကို ထပ်မံ ထုတ်ယူလာသည်။ လူတိုင်းက စိတ်တိုင်းကျ စားသောက်ခဲ့ကြသည်။

လူတိုင်းက အသားကို အားရအောင်စားကာ ဝိုင်သောက်ခဲ့ကြသည်။

လေထုက အလွန်ကောင်းမွန်နေခဲ့ကာ တရုတ်နှစ်သစ်ကူးပမာ ခံစားရလေသည်။ စားသောက်ပွဲပြီးခါနီးတွင် လင်းမိန်ဟွေ့က ထပြန်ဖို့လုပ်နေခဲ့သည့် ချန်အန်းသယ်ကို ပြောလာခဲ့သည်။

“ရှင် ဒီပိုက်ဆံတွေကို အရင်စုထားလိုက်ပါဦး.. နောင်အနာဂတ်မှာ သင့်တော်တဲ့ လုပ်ငန်းတစ်ခုခု ရှိလာရင် ကျွန်မ ရှင့်ကို ပြောပြမယ်၊ ကျွန်မတို့တွေ အတူလုပ်လို့ရတယ်”

ချန်အန်းသယ် ခဏတာလောက် တောင့်တင်းသွားပြီး လင်းမိန်ဟွေ့က သူ့အပေါ်တွင် ပုံမှန်ထက် ပို၍ ကောင်းနေသည်ဟု ခံစားလိုက်သည်။ သူ့၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသော်လည်း ချက်ချင်းပင် ခေါင်းခါလိုက်လေသည်။

မဖြစ်နိုင်ပါချေ။ လင်းမိန်ဟွေ့ နှစ်သက်သည့်သူက စုန့်ယီဖြစ်ကြောင်းကို သူ သေချာပေါက် ပြောနိုင်ခဲ့သည်။

သို့သော်လည်း တခြားလူများက သူ့အပေါ် ကောင်းသည်ကို မည်သိုး ငြင်းနိုင်မည်နည်း။

ချန်အန်းသယ် လင်းမိန်ဟွေ့ကို ကျေးဇူးတင်စကား ပြောခဲ့ပြီးနောက် ဆိုင်ထဲမှ ထွက်ခွာသွားခဲ့သည်။

အစ်မဝမ်က လင်းမိန်ဟွေ့ကို ကူညီရှင်းလင်းပေးခဲ့လေသည်။ ပန်းကန်များကို ဆေးကြောနေရင်း ဝမ်မေ့လီက လင်းမိန်ဟွေ့ကို ကြည့်ကာ တွန့်ဆုတ်စွာ မေးလာသည်။

“မင်းတို့ မိသားစုက ချန်အန်းသယ်နဲ့ ဆွေမျိုးတော်စပ်လား”

“မတော်ပါဘူး”

“ဒါဆို မင်းတို့နှစ်ယောက် ဘာလို့ ဒီလောက်တောင် ရင်းနှီးနေကြတာလဲ.. သူ့ရေ့်ဝန်ထမ်းတစ်ယောက်က အရင်တုန်းက မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့သေးတာမလား”

လင်းမိန်ဟွေ့က မည်သို့ ရှင်းပြရမည်ကို မသိသောကြောင့် အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်လေ၏။

“အဲဒါ နားလည်မှုလွဲတာပါ.. ကျွန်မရဲ့ ဒဏ်ရာတွေလည်း ကောင်းသွားပြီလေ.. ဒါနဲ့ အစ်မဝမ်.. အစ်မ ညနေကျရင် ပစ္စည်းတွေ သွားဝယ်ရဦးမှာ မလား.. လုပ်စရာရှိတာကို သွားလုပ်တော့လေ.. ကျွန်မပဲ ရှင်းလိုက်ပါ့မယ်”

လူတိုင်း ထွက်ခွာသွားကြပြီးနောက်တွင် လင်းမိန်ဟွေ့လည်း စားပွဲတွင် ပြန်ထိုင်လိုက်ပြီး ရေသောက်နေခဲ့သည်။

စုန့်ယီတစ်ယောက် ညနေပိုင်း ပို့ရမည့် ပစ္စည်းများ အားလုံးကို ပြင်ဆင်ပြီးနောက်တွင် လင်းမိန်ဟွေ့၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

“မိန်ဟွေ့၊ မင်း ချန်အန်းသယ်ကို တခြားလုပ်ငန်းတွေမှာလည်း ပါဝင်ဖို့ ပြောခဲ့တာလား”

လင်းမိန်ဟွေ့ စိတ်ပူပန်သွားရသည်။ စုန့်ယီသာ သူမကို နားလည်မှုလွဲပါက သူမ မည်သို့ရှင်းပြရမည်ကို မသိတော့ချေ။

လင်းမိန်ဟွေ့က စုန့်ယီကို ကြည့်၍ စကားစရန် ပြင်ဆင်နေစဉ် စုန့်ယီက ဦးစွာပြောလာခဲ့သည်။

“ကိုယ် တခြားဘာမှမဆိုလိုပါဘူး.. တခြားလူတွေကို စီးပွားရေးပူးပေါင်းမယ်ဆိုရင် ပိုက်ဆံအမြတ်ရတဲ့အချိန်တွေမှာ စကား ပြောဖို့ လွယ်ကူလိမ့်မယ်၊ ဒါပေမဲ့ ပိုက်ဆံရှုံးရင်တော့ ရှင်းပြဖို့ ခက်ခဲနိုင်တယ်လေ.. ကိုယ် ဒါကို စိုးရိမ်လို့ပါ”

“အစ်ကိုစုန့်ယီ၊ ကျွန်မ မြို့လယ်က ကျောင်းနားမှာ အစားအသောက်ဆိုင်တစ်ဆိုင်လောက် ဖွင့်ဖို့ ဆုံးဖြတ်ထားတယ်”

“ဒါပေမဲ့ အခု မြို့ထဲမှာ အစားအသောက်ဆိုင်တွေ အများကြီးပဲ.. အမြတ်ရမယ်ဆိုတာ သေချာလား”

စုန့်ယီ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ချေ။

သူတို့က မြို့ကို ရောက်လာသည်က မကြာသေးသောကြောင့် အစားအသောက်ဆိုင်များက မည်သို့လုပ်ရသည်ကို နားမလည်ပါချေ။

ထို့အပြင် ကျောင်းနားရှိ ဆိုင်ခန်းများက ငှားရမ်းခလည်း ဈေးကြီးပေမည်။

ယွမ် ၃၀၀၀ မှ ၅၀၀၀ ခန့် ရှိနေနိုင်သည်။

All Chapters