← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း(77)

လင်းမိန်ဟွေ့က စုန့်ယီပြောလာသောအကြောင်းများကို မစိုးရိမ်ပါချေ။ သူမက ကန်တင်းအတွက် ဝယ်ယူရေးလမ်းကြောင်းများကိုသာ စိုးရိမ်မိသည်။

“အစ်ကိုစုန့်ယီ၊ နေရာငှားမဲ့အကြောင်း မစိုးရိမ်ပါနဲ့.. ညနေကျရင် ကျွန်မ သွားပြီးဆွေးနွေးကြည့်လိုက်မယ်.. အစ်ကိုက စက်ရုံကိုပဲ ရေခဲမုန့်တွေ သွားပို့လိုက်လေ.. ညနေဘက် အလုပ်သမားတွေ အလုပ်ဆင်းချိန်ကြရင် စားကြမှာဆိုတော့ နောက်မကျစေနဲ့ဦး”

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ အိမ်ထဲမှ အတူ ထွက်ခွာခဲ့ကြသည်။ စုန့်ယီက ရေခဲမုန့်ပို့ရန် သွားခဲ့ပြီး သူမကတော့ အနီးအနားရှိ ကန်တင်းတစ်ခုသို့ သွားကာ အတွင်းပိုင်းအပြင်အဆင်နှင့် ကုန်ပစ္စည်းအမျိုးအစားများကို ကြည့်ရှုခဲ့သည်။

သူမက ယခင်က ရေခဲမုန့်ကိုလုပ်ခဲ့ခြင်းကမှာ အတွေ့အကြုံရှိနေပြီးသားကို ပြုလုပ်ခြင်းနဲ့ဆင်တူသည်။ ယခု ကန်တင်းဖွင့်ခြင်းကတော့ အစမှ ပြန်လည်စတင်ရမည်ပင်။

သူမ သေသေချာချာသုံးသပ်ပြီးမှ ကုန်ပစ္စည်းများကို ဝယ်ယူရမည်။ သို့မဟုတ်ပါလျှင် ကုန်ပစ္စည်းများ စုပုံလာပေလိမ့်မည်။

လင်းမိန်ဟွေ့ ပထမဆုံး ကန်တင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုကန်တင်းက ကျေးလက်ရှိ အစားအစာရောင်းချသည့်ဆိုင်လေးများနှင့်တူညီပေသည်။

ဆိုင်က ပြတင်းပေါက်တစ်ခု ဖွင့်ထားသောကြောင့် ရောင်းချသူက ဝယ်ယူသူများ တောင်းသည့်အရာကို ပေးနိုင်သည်။

ဤသို့ စီစဉ်ခြင်းက ရောင်းချရန်အတွက် ဘေးကင်းသော်လည်း ဖောက်သည်များအတွက်ကကတော့ အဆင်မပြေပါချေ။

လင်းမိန်ဟွေ့ ဒုတိယဆိုင်သို့ သွားကြည့်ခဲ့သည်။ ဤဆိုင်က ပထမဆိုင်ထက် ကျယ်ဝန်း၍ တောက်ပနေသည်။ အတွင်းဘက်ရှိ ကုန်ပစ္စည်းများက သေသပ်စွာ စီထားသောကြောင့် လူများကို သက်တောင့်သက်သာ ခံစားရစေသည်။

ဆိုင်များ၏ အပြင်အဆင်နှင့် ဝယ်ယူရမည့် ကုန်ပစ္စည်းအမျိုးအစားများကို ခန့်မှန်းပြီးသည်နှင့် လင်းမိန်ဟွေ့က မြို့လယ်သို့ သွားခဲ့ပြန်သည်။

ယွမ်ကျွမ်းမြို့၌ လူဦးရေ ၆ သောင်းမှ ၈ သောင်းကြား ရှိပြီး ကျောင်းသုံးကျောင်း ရှိသည်။ ကျောင်းသားများက ကျောင်းဆင်းလျှင် မြို့လယ်ကို ဖြတ်သွားရလေ့ရှိသည်။

ထိုကြောင့် လင်းမိန်ဟွေ့က မြို့လယ်တွင် ကန်တင်းဖွင့်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လင်းမိန်ဟွေ့ နောက်ဆုံးတွင် ပြန်လည်ငှားရမ်းမည့် ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရလေသည်။

သူမ တံခါးဖွင့်လိုက်ချိန်တွင် ပစ္စည်းများကို သိမ်းဆည်းနေသည့် အဖွားအိုတစ်ဦးကို တွေ့လိုက်ရသည်။ အိမ်က ရှုပ်ပွနေသောကြောင့် သူမ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိသာပေသည်။

“အန်တီ၊ ဒီဆိုင်ကို ငှားမှာလား”

လင်းမိန်ဟွေ့က အရှေ့သို့ တိုး၍ မေးလိုက်သော်လည်း အဖွားအိုက သူမ၏ အလုပ်ကိုသာ ဆက်လုပ်နေခဲ့ပြီးရ ပေါ့ပေါ့ပါးပါး ပြန်ဖြေလာလေသည်။

“တစ်ယောက်ယောက်က လာငှားပြီးသွားပြီ၊ စရံငွေလည်း ပေးပြီးသားပဲ.. သူ မကြာခင်ဆိုင်ကို လာကြည့်တော့မှာပါ”

လင်းမိန်ဟွေ့တ်ယောက် အနည်းငယ် နစ်နာသွားရသကဲ့သို့ ခံစားရသည်။ ပတ်ဝန်းကျင်နှင့် ဆိုင်၏ အပြင်အဆင်ကို ကြည့်ရလျှင် ဤသည်က သူမ လိုချင်သည့် ပုံစံမျိုးပင် ဖြစ်ပေ၏။ သူမ ထိုအန်တီနှင့် စကားထပ်ပြောရန် စဉ်းစားနေစဉ် တစ်စုံတစ်ယောက်က တံခါးဖွင့်၍ ဝင်လာခဲ့သည်။

သူမက ဈေးကြီးသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး စိတ်မရှည်သည့် လေသံဖြင့် ပြောလာလေသည်။

“နေရာက ဘာလို့ မရှင်းရသေးတာလဲ.. ကျွန်မ မကြာခင် ဆိုင်ခန်းကို ပြင်တော့မှာလေ.. မြန်မြန်လေးပြောင်းပေးပါ “

လင်းမိန်ဟွေ့တစ်ယောက် အနည်းငယ် မကျေနပ်သေးပါချေ။ သူမ ထိုအမျိုးသမီးဆီကို စကားလှမ်းပြောလိုက်သည်။

“အစ်မ.. ဒီဆိုင်နဲ့ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ”

ထိုအမျိုးသမီးက လင်းမိန်ဟွေ့ကို မြင်လျှင် ပို၍ တည်ငြိမ်လာခဲ့သည်။

“အလှကုန်ရောင်းမလို့.. ဒီဆိုင်ရဲ့ အငှားခက အရမ်းဈေးကြီးလွန်းတယ်။။ အချိန် တစ်ရက်လောက်တောင် မဆိုင်းရဲဘူး.. ဒါကြောင့် ပစ္စည်းသိမ်းပြီးတာနဲ့ ဖွင့်ဖို့ ပြင်ဆင်နေတာ”

ဤအစ်မက ဤဆိုင်၏ အငှားခကို အမှန်တကယ်ပင် မကျေနပ်ကြောင်း သိသာလှသည်။ လင်းမိန်ဟွေ့အနေဖြင့် အလှကုန်လုပ်ငန်းအကြောင်းကို သိပ်မသိသော်လည်း ဤခေတ်ကာလ၌ လူများ၏ ဘဝက အနည်းငယ်မျှ ကောင်းလာခြင်းသာ ဖြစ်ပြီး ကြွယ်ဝချမ်းသာလာခြင်းမျိုးမရှိသေးပေ။

စားဝတ်နေရေးအတွက် အလုပ်များနေကြသောကြောင့် အလှပြင်ရန်အတွက် ငွေများစွာ မသုံးနိုင်ကြချေ။ ဆိုင်ငှားခက အလွန်များပါက သူမတွင် စီးပွားရေးလုပ်ရာ၌ ဖိအားပိုများလာမည်ပင်။

လင်းမိန်ဟွေ့လည်း အကြမ်းဖျင်း သုံးသပ်၍ ထိုအမျိုးသမီးနှင့် စကားပြောလိုက်သည်။

“အစ်မ၊ တကယ်တော့ အစ်မရဲ့ အလှအပရေးရာလုပ်ငန်းက ပိုပြီး တိတ်ဆိတ်တဲ့နေရာ၊ ပိုပြီး နေရာကျယ်ဝန်းတဲ့ဆိုင်တွေမှာ ဖွင့်တာပိုကောင်းလောက်တယ်လို့ ကျွန်မ ထင်တယ်...”

ဤအမျိုးသမီး၏ နာမည်က ကျန်းရှို့ယန်ဖြစ်ပြီး ခရိုင်မြို့မှ ပြန်လာသူဖြစ်လေ၏။ သူမက ခရိုင်မြို့ရှိ အလှကုန်ဆိုင်တစ်ခု၌ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ဖူးသည်။

ဤလုပ်ငန်းက အလွန်ကောင်းမွန်သည်ဟု ထင်မြင်သောကြောင့် ကိုယ်ပိုင်လုပ်ငန်းအဖြစ် စတင်လိုခဲ့သည်။

မူလတုန်းက သူမက မြို့လယ်ဘက်နေရာကို စိတ်ဝင်စားခဲ့သည်။ သို့သော်လည်း ငှားရမ်းခအဖြစ် ယွမ်၈၀၀ နှင့် ရေခွန်၊ မီးခွန်ပါ ပေးဆောင်ရမည်ကို သိလိုက်ရပြီးနောက်တွင် သူမ စိတ်ဆင်းရဲသွားရသည်။

သို့သော်လည်း နောက်ဆုံးတွင်တော့ ပိုကောင်းသည့် ရွေးချယ်စရာမရှိသောကြောင့် စရံငွေကို အလျင်အမြန် ပေးခဲ့သည်။

လင်းမိန်ဟွေ့ ပြောသည့်စကားကို ကြားလိုက်ရပြီးနောက်တွင် ကျန်းရှို့ယန် ခဏမျှ တုံ့ဆိုင်းသွားခဲ့ကာ လင်းမိန်ဟွေ့ဆီကို သံသယမျက်လုံးများနှင့် ကြည့်လိုက်သည်။

“မင်းက ငါ့ဆီက ဒီဆိုင်ကို လုယူချင်နေတာမလား.. ငါ ပြောလိုက်မယ်၊ ဆိုင်ကို ငါ အရင်ဆုံး သဘောကျခဲ့တာ၊ စရံလည်း ပေးပြီးသားပဲ”

ဤဆိုင်နေရာကို လင်းမိန်ဟွေ့ လိုချင်သည့်ပုံစံက သူမ၏ မျက်နှာ၌ အထင်းသားပေါ်နေပြီး မည်သို့မျှ ဖုံးကွယ်၍ မရနိုင်ပါချေ။ သို့သော်လည်း သူမက ကျန်းရှို့ယန် အတွက်လည်း အမှန်တကယ်ပင် စဉ်းစားပေးခဲ့ခြင်း ဖြစ်သည်။ လင်းမိန်ဟွေ့က ရိုးသားသည့် လေသံဖြင့် ပြောလာခဲ့သည်။

“အစ်မ.. ကျွန်မက အစ်မအတွက် သုံးသပ်ပေးချင်တာပါ.. အစ်မသာ သဘောကျရင် နားထောင်ကြည့်လေ.. သဘောမကျရင်တော့ ကျွန်မတို့ နှစ်ယောက် ဒီအတိုင်းစကားပြောခဲ့ရုံပံလို့ သဘောထားလိုက်လေ၊ မကောင်းဘူးလား”

ကျန်းရှို့ယန်တစ်ယောက် ခဏတွေးတောပြီးနောက် မည်သို့ပင်ဖြစ်စေ သူမက ဆိုင်ကို လွှဲယူတော့မည်ဖြစ်၍ အရေးမကြီးဟုတွေးလိုက်သည်။

သူမက လင်းမိန်ဟွေ့နှင့်အတူ ထိုင်ရန် ကုလားထိုင်နှစ်လုံး ချလိုက်ပြီး စကားပြောရန်ပြင်ဆင်ခဲ့သည်။ လင်းမိန်ဟွေ့ စကားမပြောလာမီ ကျန်းရှို့ယန်က သတိကြီးစွာဖြင့်ည ထပ်ပြောသည်။

“ဘာပဲဖြစ်ဖြစ်.. နင် ငါ့ကို သနားအောင်လုပ်နိုင်ဖို့တော့ မမျှော်လင့်နဲ့တော့”

လင်းမိန်ဟွေ့က ကျန်းရှို့ယန်ဆီသို့ သူမအကြောင်းကို အတိုချုပ် မိတ်ဆက်ပေးပြီးနောက် စတင်ပြီး ပြောခဲ့သည်။

“အလှကုန်ပစ္စည်းတွေက လူတွေကို လှပအောင် ဖန်တီးပေးတာမျိုးလေ.. လူတစ်ယောက်က လှပလာရင် ပျော်ရွှင်စေတယ်မလား”

“ခရိုင်ထဲက မိန်းကလေးတွေက အလှပြင်တတ်ကြတယ်.. ဒါပေမဲ့ အခုလိုမျိုး ငယ်ရွယ်တဲ့ မြို့ထဲကလူတွေနဲ့ မတူဘူး...”

“ဒါကလည်း အစ်မရဲ့ စီးပွားရေးအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာမှပဲ.. မြို့ထဲမှာ ဒီလိုဆိုင်မျိုး တစ်ယောက်မှ မဖွင့်သေးလို့ ဆိုင်ကိုအမြန်ဆုံး ဖွင့်သင့်တယ်”

ကျန်းရှို့ယန်က လင်းမိန်ဟွေ့ ပြောသည့်စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။ ထိုကြောင့် သူမကို အကြိမ်အနည်းငယ် ပိုကြည့်၍ ပြောလာသည်။

“မင်း ဒီလောက်ငယ်ရွယ်သေးတာတောင် အတော်လေးတွေးတောနိုင်တာပဲ.. ဒါဆို ငါ့ကိုဘာလို့ ဆိုင်ပြောင်းခိုင်းတာလဲဆိုတာ ပြောပါဦး.. ဒါက မြို့လေးတစ်ခုပဲလေ ဒီနေရာက လူအစည်ဆုံးပဲ..”

လင်းမိန်ဟွေ့က သေချာသုံးသပ်ပြီး ပြောလာသည်။

“မြို့လယ်က ကောင်းပါတယ်.. ဒါပေမဲ့ ပတ်ဝန်းကျင်က ဆူညံလွန်းတယ်မလား.. ကျောင်းသုံးကျောင်းက ကျောင်းသားတွေကလည်း သွားလာနေကြတယ်.. ကားတွေလည်း သွားလာနေတော့ ဆူညံသံတွေ ရှိလာလိမ့်မယ်”

“မင်းပြောတာအမှန်ပဲ.. ဒါပေမဲ့ ဒါတွေက သိပ်ပြီး မထိခိုက်ပါဘူး”

“အရေးအကြီးဆုံးကတော့ အလှအပကို မြတ်နိုးတဲ့ အမျိုးသမီးတွေက တစ်ယောက်တည်းပဲ လှပချင်ကြတယ်.. နဂိုအတိုင်းလှပလာတယ်လို့ပဲ ထင်စေချင်ကြတယ်.. အစ်မရဲ့ဆိုင်က မြို့လယ်မှာဆိုတော့ သူတို့တွေ ဝင်ထွက်တာကို လူတွေ မြင်လိမ့်မယ်.. ကျွန်မသာဆိုရင်လည်း ရှက်နေမှာပဲ.. ရင်းနှီးတဲ့သူတွေနဲ့ တိုက်မိမှာကို စိုးရိမ်နေမိလိမ့်မယ်”

“မင်းပြောတာ အမှန်ပဲ.. ငါ အလှကုန်ဆိုင်ကို ပထမဆုံး ပစ္စည်းဝယ်ဖို့ သွားတုန်းကလည်း ငါ့မိဘတွေ မြင်မှာ စိုးရိမ်ခဲ့တာ.. တခြားလူတွေက ငါ့ကို မြေခွေးမလို့ ခေါ်မှာကို စိုးရိမ်ခဲ့တာ”

ကျန်းရှို့ယန်တစ်ယောက် သူမ ကလေးဘဝတုန်းက နှုတ်ခမ်းနီဆိုးပြီး မျက်ခုံးမွေးရေးခြယ်ရသည်ကို နှစ်သက်ခဲ့ကြောင်းကို ပြန်သတိရမိသည်။ သူမ၏ မိဘများက မကြာခဏ လိုက်လံဆူပူခဲ့ကြသည်။ နောက်ပိုင်းတွင်တော့ည သူမက ခရိုင်မြို့ရှိ အလှကုန်ဆိုင်တွင် အလုပ်လုပ်ခဲ့သည်။

သူမ၏ မိဘများက သူမ၏ အလုပ်က မိမ်းမကောင်းများလုပ်သည့်အလုပ်မဟုတ်ကြောင်း ပြောပြီး ဤသို့လုပ်ငန်းမျိုးကိုလုပ်ကိုင်သည့် မိန်းကလေးကို မည်သူကမျှ လက်ထပ်မည်မဟုတ်ကြောင်း ပြောခဲ့သည်။

ထိုအချိန်တုန်းက ကျန်းရှို့ယန်အတော်ပင် ဝမ်းနည်းခဲ့ရပြီးည မိဘများက သူမကို နားမလည်ကြောင်း ခံစားခဲ့ရသည်။

လင်းမိန်ဟွေ့က ဤနိယာမများကို တဖြည်းဖြည်း နားလည်အောင်ပြောခဲ့သည်။ စီးပွားရေးလုပ်သည်ဆိုပါလျှင် ဖောက်သည်များ၏ စိတ်ခံစားချက်ကို ဂရုစိုက်ရမည်။ ထိုမှသာ ၎င်း၏ လုပ်ငန်းက အောင်မြင်လာပေလိမ့်မည်။

လင်းမိန်ဟွေ့က သူမ မြင်ခဲ့သည့် ဆိုင်ခန်းနေရာများကိုလည်း အတိုချုပ် မိတ်ဆက်ပေးခဲ့သည်။

“ဟိုဘက်လမ်းက ပန်းခြံငယ်လေးတစ်ခုနဲ့ မျက်နှာချင်းဆိုင်နားမှာ ဆိုင်ခန်းတစ်ခုရှိတယ်.. ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး တံခါးဝမှာ စက်ဘီးတွေ ရပ်ဖို့ နေရာကျယ်ကြီး ရှိတော့ လူများလာရင်လည်း စက်ဘီးရပ်ရန်အတွက် စိတ်ပူစရာ မလိုဘူး...”

“ဟုတ်လား.. တခြားဘာရှိသေးလဲ”

ကျန်းရှို့ယန်မှာ လင်းမိန်ဟွေ့က သူမအတွက် စိတ်ရင်းမှန်ဖြင့် စဉ်းစားပေးမည်ကို မယုံကြည်သေးချေ။ ထိုကြောင့် သူမကို ဆက်၍ စမ်းသပ်နေမိသည်။

လင်းမိန်ဟွေ့က အဝတ်အစားဆိုင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော ဆိုင်ကို ပြောပြလိုက်ပြန်သည်

“အမျိုးသမီးတွေက လှပချင်ကြတယ်မလား.. အဝတ်အစားတွေ ဝယ်ပြီး ထွက်လာပြီးလို့ မျက်နှာချင်းဆိုင်မှာ အလှကုန်ဆိုင်တွေ့ရင် အဲဒီကိုလည်း သွားချင်ကြမှာပဲ.. လူသွားလူလာကတော့ ခုနကဆိုင်ထက် ပိုများမယ်”

“မင်းက ငါ့ထက် အများကြီး ပိုပြီး စဉ်းစားတတ်တာပဲ.. ဒါပေမဲ့ မင်းဘာလို့ ဒီဆိုင်ကို လိုချင်တာလဲ.. မင်းလည်း အလှကုန်ဆိုင် ဖွင့်ချင်တာလား”

“အစ်မ၊ အစ်မက ကျွန်မကို အထင်သေးနေတာပဲ.. ကျွန်မက အစားအသောက်နဲ့တွဲဖက်ရောင်းတဲ့ဆိုင်သေးသေးလေးပဲ ဖွင့်ချင်တာပါ.. ၊ ဒီမှာ ကျောင်းသားတွေက သွားလာနေကြတယ်လေ.. ကားပါကင်ထားဖို့ အဆင်မပြေပေမဲ့ ကောင်းမွန်တဲ့နည်းလမ်းပဲ”

လင်းမိန်ဟွေ့က တံခါးဝရှိ ကျဉ်းမြောင်းသည့် နေရာကို လက်ညှိုးထိုးပြလိုက်သည်။

“အလုပ်သွားအလုပ်ပြန် အလျင်လိုတဲ့သူတွေအတွက် ဒီကနေ သရေစာဝယ်သွားမယ်ဆိုရင် အဆင်ပြေတယ်.. အလုပ်ဆင်းပြီး အိမ်မှာစားသောက်ဖို့ အသီးအရွက်တွေပဲဝယ်သွားမယ်ဆိုရင်လည်း သင့်တော်မှာပဲ”

*

အခန်း(78)

လင်းမိန်ဟွေ့က ကျန်းရှို့ယန်ဆီသို့ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ကောင်းကျိုး၊ ဆိုးကျိုးများကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့သည်။

ကျန်းရှို့ယန်လည်း လင်းမိန်ဟွေ့က လက်တွေ့ကျကျ ပြောတတ်သူဖြစ်ပြီး သူမထက် ငယ်သော်လည်း ပွင့်လင်းကာ တွေးတောနိုင်သည်ကို မြင်လျှင် သဘောမကျဘဲ မနေနိုင်ချေ။

“မင်းဆိုတော့ ကောင်မလေးကတော့.. အကုန်သိနေတာပဲ.. ငါ ခရိုင်မြို့မှာ သုံးနှစ်လောကာ အလှကုန်ရောင်းခဲ့တာတောင် မင်းလောက် မသိဘူး”

“ဒါဆို အစ်မ၊ ဒီဆိုင်ကို ကျွန်မကို ပေးဖို့ ဆန္ဒရှိလား”

“ပေးလို့ ရပါတယ်.. ငါ အရင်က ဒီကို အကြိမ်နည်းနည်းလောက်ပဲ လာခဲ့ဖူးတယ်.. ဈေးညှိနှိုင်းရတာက အရမ်းခက်တယ်.. မင်း ငါနဲ့အတူ အဲဒီဆိုင်တွေကို အရင် လိုက်ကြည့်ရမယ်.. ဆိုင်နေရာဆုံးဖြတ်ပြီးတာနဲ့ ငါ မင်းကို လွှဲပေးမယ်”

ကျန်းရှို့ယန်သည်ကား အဓိကအားဖြင့် ပင်ပန်းနေသောကြောင့် တခြားသူများနှင့် စကားများရန် ပျင်းနေခြင်းသာဖြစ်ပေသည်။ လင်းမိန်ဟွေ့၏ စကားပြောသွက်လက်ပုံကို မြင်ခဲ့ရသောကြောင့် အချိန်ရောက်ပါလျှင် ငှားရမ်းခအတွက် သူမကို ကူညီခိုင်းမည်ပင်။ အဖော်တစ်ဦးရှိခြင်းက သူမကို စိတ်အေးစေလိအ့်မည်။

လင်းမိန်ဟွေ့ကလည်း သဘာဝအတိုင်း သဘောတူလိုက်ပြီး ကျန်းရှို့ယန်နှင့်အတူ တခြားဆိုင်နှစ်ဆိုင်သို့ သွားကြည့်ခဲ့သည်။

ညနေပိုင်းတွင် လင်းမိန်ဟွေ့နှင့် ကျန်းရှို့ယန်က အဝတ်အစားဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ ဆိုင်ကို ငှားရမ်းခဲ့ကြသည်။

ထိုဆိုင်တွင် ယခင်က နေ့စဉ်သုံးပစ္စည်းများ ရောင်းခဲ့ခြင်းဖြစ်သောကြောင့် အမြန်ဆုံး ရှင်းလင်းလိုက်နိုင်သည်။ ထို့အပြင် အလှဆင်ရန်အတွက်လည်း သိပ်မလိုခဲ့ဘဲ ငှားရမ်းခကလည်း ၅၀၀ ယွမ်တိတိ ပို၍ သက်သာခဲ့သည်။

ဆိုင်ကို နှစ်ယောက်အတူ ရှင်းလင်းခဲ့ပြီးနောက် လင်းမိန်ဟွေ့က ပြန်တော့မည့်အချိန်တွင် ကျန်းရှို့ယန်က သူမကို လှမ်းဆွဲပြီး ပြောလာခဲ့သည်။

“မိန်ဟွေ့ ၊ ဒီနေ့ မင်းနဲ့ တွေ့ဆုံရတာက ကံတရားပဲ.. ငါ မင်းကို အလှကုန်တစ်စုံ လက်ဆောင်ပေးလိုက်ဦးမယ်.. ဒါလေးနဲ့ဆိုရင် မင်း ပိုပြီး လှသွားမှာနော်”

“မဟုတ်တာ.. ဘယ်လိုလုပ် လက်ခံဖို့ အဆင်ပြေပါ့မလဲ.. ကျွန်မ ဒီလိုလက်ဆောင်မျိုးကို မယူသင့်ပါဘူး”

လင်းမိန်ဟွေ့လည်း ချက်ချင်း ပြန်ငြင်းလိုက်လေသည်။

ကျန်းရှို့ယန်က လင်းမိန်ဟွေ့ရဲ့ နှိမ့်ချပြီး ဝံ့ကြွားလိုခြင်းမရှိသော စိတ်ဓာတ်ကို သဘောကျသောကြောင့် မျက်နှာလိမ့်ခရမ်တစ်ဘူးနဲ့ မျက်နှာသစ်ဆေးတစ်ဘူးကို လင်းမိန်ဟွေ့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒါတွေက သိပ်ပြီး ဈေးကြီးတာ မဟုတ်ဘူး.. ဒါက ငါ့ရဲ့စေတနာပဲ.. မင်းသာ လက်မခံရင် ငါ စိတ်မကောင်းဖြစ်ရလိမ့်မယ်”

အတိတ်ဘဝတုန်းက လင်းမိန်ဟွေ့အနေဖြင့် ကျန်းမိန်ဟွား ဤကဲ့သို့အလှကုန်များကို သုံးစွဲသည်ကို မြင်ဖူးခဲ့သည်။

သူမထံမှ သင်းပျံ့သော မွှေးရနံ့များကိုရရှိပြီး မျက်နှာအသားအရေကလည်း ချောမွေ့စိုပြေနေတတ်လေ၏။

သို့သော်လည်း ကျန်းမိန်ဟွေ့က လင်းမိန်ဟွေ့ကို သူမ၏ အလှကုန်များကို ကိုင်ခွင့်မပေးခဲ့ပါချေ။ လင်းမိန်ဟွေ့တစ်ယောက် ထိုကဲ့သို့ ခရမ်များကိုလိမ်းလိုက်ပါက မည်သို့ဖြစ်နေလိမ့်မည်ကို အလွန်သိချင်ခဲ့မိသည်။

“ဒါဆို ကျွန်မ ပိုက်ဆံပေးမယ်လေ.. ဘယ်လောက်လဲ!”

“ဘာလို့ ဒီလောက်တောင် စိုးရိမ်နေတာလဲ မင်းဒီနေ့ ပြောလိုက်တဲ့စကားတွေကြောင့် ငါ့ကို ယွမ်ငါးရာတောင် သက်သာစေတယ်.. စီးပွားရေးလည်း ပိုကောင်းလာလိမ့်မယ်.. ဒါက တန်ဖိုးမဖြတ်နိုင်ဘူး”

ကျန်းရှို့ယန်က အလှကုန်များကို စက္ကူအိတ်ထဲသို့ထည့်ပြီး လင်းမိန်ဟွေ့ကို ကမ်းပေးလိုက်လေ၏။

လင်းမိန်ဟွေ့လည်း ထပ်မံမငြင်းတော့ပါချေ။ နောက်ပိုင်တွင် မိသားစုနှစ်ခုက အိမ်နီးချင်းများ ဖြစ်လာမည်ဖြစ်၍ ၊ မကြာခဏ သွားလာဆက်ဆံမည့်အကြောင်းကို တွေးလိုက်ပြီး ကျန်းရှို့ယန်ကိုလည်း တစ်ခုခု ပြန်ပေးရန်သာ တွေးတောလိုက်သည်။

ညနေပိုင်းတွင် လင်းမိန်ဟွေ့က အလှကုန်ပစ္စည်းများနဲ့အတူ ဆိုင်ကို ပြန်ရောက်လာချိန်၌ စုန့်ယီတစ်ယောက် ရေခဲမုန့်လုပ်ရန် အလုပ်များနေခဲ့လေ၏။

ဤကာလအတွင်း ရေခဲမုန့်အော်ဒါများက များပြားလာသောကြောင့် လင်းမိန်ဟွေ့ ပင်ပန်းမည်ကို စိုးရိမ်သည့်အတွက်ကြောင့် စုန့်ယီက ရေခဲမုန့်လုပ်သည့်တာဝန်ကို လွှဲယူထားခဲ့သည်။

လေ့ကျင့်လေလေ ပို၍ တတ်ကျွမ်းလေလေဖြစ်သောကြောင့် ယခုအချိန်တွင် သူသည်လည်း အလွန်ပင် ကျွမ်းကျင်နေခဲ့ပေပြီ။ လင်းမိန်ဟွေ့ထက်ပင် နှေးတာခြင်း မရှိတော့ပေ။

“အစ်ကိုစုန့်ယီ၊ ခဏနားပါဦး.. ကျွန်မ ဆက်လုပ်လိုက်မယ်”

လင်းမိန်ဟွေ့ တံခါးဝသို့ ဝင်လိုက်သည်နှင့် ပစ္စည်းများကို ချထားလိုက်ပြီး အင်္ကျီလက်ကို ခေါက်တင်လိုက်ကာ ကူညီရန်လုပ်ခဲ့သော်လည်း စုန့်ယီက တားဆီးလိုက်လေ၏။

“ဒါတွေက လုပ်လို့ပြီးတော့မှာပါ.. မင်း ဘာမှ လုပ်စရာ မလိုတော့ဘူး.. မင်း နေ့လည်ခင်းတစ်ခုလုံး အပြင်ကိုသွားပြီး ဆိုင်ခန်း ရှာခဲ့ရတာလေ.. အခုတွေ့ခဲ့ပြီလား”

“တွေ့ခဲ့ပြီ.. ဈေးနှုန်းလည်း သဘောတူပြီးပြီ . မနက်ဖြန် အဲဒီကို သွားပြီး ဆိုင်ခန်းအပြင်အဆင်ကို စီစဉ်ရုံပဲ”

“ငှားရမ်းခ ဘယ်လောက်လဲ”

လင်းမိန်ဟွေ့တစ်ယောက် ပခုံးများကို ပွတ်သပ်လိုက်သည်။ မွန်းလွဲပိုင်းတွင် ကျန်းရှို့ယန်၏ ဆိုင်ကို ရှင်းလင်းရာ၌ ကူညီခဲ့သောကြောင့် ပင်ပန်းနေဟန်တူသည်။

စုန့်ယီက ဈေးနှုန်းကို မေးလာသည်ကိုကြားလျှင် သူမက ပြန်ဖြေလိုက်သည်။

“တစ်ထောင့်နဲ့ရှစ်ဆယ်”

စုန့်ယီလည်း ဈေးနှုန်းက အလွန် မြင့်မားသည်ကို ကြားလိုက်ရသည်နှင့် ပြုလုပ်နေသည်များအား ရပ်တန့်လိုက်ပြီး လင်းမိန်ဟွေ့ကို ကြည့်လိုက်လေသည်။

“မိန်ဟွေ့၊ ဒီအချိန်တွေအတွင်း ရေခဲမုန့်ရောင်းရတဲ့ စုစုပေါင်းပိုက်ဆံက သိပ်မရှိသေးဘူး .. ရေခဲမုန့်လုပ်ဖို့ ကုန်ကြမ်းတွေ ဝယ်ဖို့လည်း ပိုက်ဆံ နည်းနည်း ချန်ထားရဦးမယ်.. အဲဒီလောက်ဆိုရင် မလုံလောက်ဘူးထင်တယ်”

လင်းမိန်ဟွေ့လည်း ဤကိစ္စများအားလုံးကို စဉ်းစားထားပြီးဖြစ်သည်။

“ကျွန်မက ချန်အန်းသယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ ဖက်စပ်လုပ်ဖို့တွေးထားတယ်.. သူ့လက်ထဲမှာလည်း ယွမ်တစ်ထောင်လောက် ရှိလောက်မှာပဲလေ.. အကုန်ပေါင်းလိုက်ရင် အပြင်အဆင်အတွက် ပိုက်ဆံ လုံလောက်ပါတယ်”

“အကြံက ကောင်းပါတယ်.. ဒါပေမဲ့ ချန်အန်းသယ်က လုပ်ချင်ပါ့မလား .. နောက်ပြီး ရေခဲမုန့်အရောင်းအဝယ် အကောင်းဆုံးအချိန်က ကုန်တော့မယ်.. နောက်ဆို ပိုက်ဆံက ဒီလောက် မြန်မြန်ရတော့မှာ မဟုတ်ဘူး”

လင်းမိန်ဟွေ့ ပြုံးလိုက်သည်။

“သူ သဘောတူမှာပါ”

စုန့်ယီလည်း မည်သည်ကိုမှ ထပ်မပြောတော့ပေ။ စီးပွားရေးကိစ္စများတွင် လင်းမိန်ဟွေ့၏အတွေးကို မည်သို့မျှ ဝင်ရောက်မစွက်ဖက်ရန် သူ ကတိပေးထားသည်။

လင်းမိန်ဟွေ့လညား စုန့်ယီ စကားဆက်မပြောတော့သည်ကို မြင်လျှင် သူမ၏ အလှကုန်ပစသည်းများအား ကောက်ယူကာ ရေချိုးရန် ပြင်ဆင်လိုက်သည်။

ခြံထဲမှ ရေက အေးမြပြီးလန်းဆန်းနေခဲ့သည်။ လင်းမိန်ဟွေ့ မျက်နှာသစ်ဆေးရည်ဖြင့် မျက်နှာသစ်ကြည့်ပြီးနောက်တွင် အမှန်တကယ်ပင် ချောမွေ့နေခဲ့သည်။ ခရမ်အနည်းငယ် လိမ်းလိုက်သည်နှင့်လည်း မွှေးပျံ့သော ရနံ့လေး ချက်ချင်း ပျံ့လွင့်လာခဲ့သည်။

လင်းမိန်ဟွေ့အနေဖြင့် ညဘက် အိပ်စက်သောအခါ အိပ်ရာတစ်ခုတည်း၌ အတူရှိနေသော စုန့်ယီလည်း ဤရနံ့ကို ရရှိမည့်အကြောင်းကို တွေးမိလာရသည်။

တစ်ဖက်လူက စိတ်လှုပ်ရှားပြီး တစ်စုံတစ်ခု ထပ်တွေးမိနေမည်ကို သူမ စိုးရိမ်မိပြန်သည်။ ထို့ကြောင့် သူမ ချက်ချင်းပင် ရေဖြင့် အလောတကြီး ဆေးကြောလိုက်လေ၏။

ညဘက် အနားယူချိန်သို့ရောက်လျှင် စုန့်ယီက ခုတင်၏ အပြင်ဘက်တွင် လဲလျောင်းနေခဲ့ရင်း သင်းပျံ့သောပန်းရနံ့လေးကိုကို ခပ်မှိန်မှိန် ရရှိနေခဲ့သည်။

သူက ခေါင်းကိုလှည့်ကာ သူ့ကို ကျောပေးထားသော လင်းမိန်ဟွေ့အား ကြည့်လိုက်ပြီး တီးတိုး ပြောလိုက်သည်။

“မိန်ဟွေ့၊ စားသောက်ဆိုင်ကိစ္စ အဆင်ပြေသွားရင် ကိုယ် အဲဒီဘက်မှာ သွားအိပ်လိုက်မယ်.. ဒါဆို မင်းလည်း အမြဲတမ်း နံရံဘက်မှာ ကပ်အိပာနေစရာ မလိုတော့ဘူး”

“အစ်ကိုစုန့်ယီ၊ အဲဒီဘက်မှာက ဆိုင်ခန်းတစ်ခုပဲ ရှိတာ.. နေရာက သိပ်မကျယ်ဘူး ခုတင်ထားဖို့အတွက် နေရာမရှိလောက်ဘူး”

“မစိုးရိမ်ပါနဲ့.. ကိုယ် စင်တွေကို သိမ်းပြီး အိပ်ရာတစ်ခုခင်းထားရင် အိပ်လို့ရမှာပါ”

လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီက သီးသန့်အိပ်ရန် ဆုံးဖြတ်ထားသည်ကို ကြားလိုက်ရသော်လည်း စုန့်ယီ၏ တကယ့်ရည်ရွယ်ချက်အား မမှန်းဆနိုင်ခဲ့ပေ။

သူမက ယခင်တစ်ကြိမ်က ငြင်းဆိုလိုက်ခြင်းမှ စုန့်ယီကို စိတ်မကောင်းဖြစ်စေသည်ဟုသာ တွေးလိုက်မိသည်။

“အစ်ကိုစုန့်ယီ၊ အရင်တစ်ခေါက်တုန်းက ကျွန်မ အစ်ကို့ကို စိတ်မကောင်းဖြစ်အောင် လုပ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်”

စုန့်ယီက သူမ၏စကားကို ချက်ချင်း နားမလည်ခဲ့သောကြောင့် အတော်ကြာသည်အထိ တုံ့ပြန်နိုင်ခြင်း မရှိခဲ့

ပေ။

လင်းမိန်ဟွေ့က ထပ်ဖြည့်၍ ပြောလိုက်သည်။

“တကယ်တော့ ကျွန်မ အစ်ကို့ကို မမုန်းပါဘူး.. ကျွန်မတို့ရဲ့ ဆက်ဆံရေးက တခြားဆက်ဆံရေးမျိုး ဖြစ်လာတာကို လက်မခံနိုင်ဘူးလို့ ခံစားရလို့...”

အမှောင်ထဲတွင် စုန့်ယီ သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

“မိန်ဟွေ့၊ မင်း အတွေးလွန်နေပြီ.. ကိုယ်က မင်း အခုလိုမျိုး အမြဲတမ်း ကိုယ်ကို ကွေးပြီး အိပ်ရတော့ အနားမယူရမှာကို စိုးရိမ်တာ.. ဒီလောက်ပူတဲ့ရာသီမှာ အဲဒီလိုအိပ်ရင် သက်တောင့်သက်သာ ရှိမှာ မဟုတ်ဘူး လေ”

စုန့်ယီက လင်းမိန်ဟွေ့အတွက်ကိုသာ အမြဲတမ်း တွေးတောနေခြင်းဖြစ်ပေသည်။ လင်းမိန်ဟွေ့က သူ့ကြောင့် မှားယွင်းနေမိသည်ဟု မခံစားစေလိုပေ။ သို့မဟုတ်လျှင် ဤစိုးရိမ်မှုက သူတို့နှစ်ဦးကြားတွင် အတားအဆီးတစ်ခု ဖြစ်သွားလိမ့်မည်။

လင်းမိန်ဟွေ့၏ မျက်နှာက နီမြန်းသွားပြီး သူမ မှားယွင်းစွာ တွေးတောနေကြောင်းကို သိသွားခဲ့သည်။

“ဒါဆို စောစောအိပ်ကြရအောင်လေ.. မနက်ဖြန်ကျရင် ကျွန်မတို့ ဆိုင်အသစ်ကို သွားကြည့်ပြီး ဘယ်လို အပြင်အဆင်လုပ်ရမလဲ ကြည့်ရအောင် “

“ ကောင်းပြီ.. အိပ်ရအောင်”

ညအချိန်က ရေကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပြီး ပြတင်းပေါက်အပြင်ဘက်၌ ပုစဉ်းရင်ကွဲသံများကို ကြားနေရသည်။

လင်းမိန်ဟွေ့တစ်ယောက် အတော်ကြာသည်အထိ အိပ်မပျော်ခဲ့ပေ။ စုန့်ယီ၏ ပုံမှန်အသက်ရှုသံအား နားထောင်ရင်း သူ အိပ်ပျော်နေပြီဟု ထင်သည့်အချိန်မှသာ သူမ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

စုန့်ယီ သူမ၏ဘေးတွင် ရှိနေသောကြောင့် သူမ ကောင်းစွာ အိပ်ပျော်နိုင်ကြောင်းကို ဤနည်းဖြင့် စုန့်ယီအား ပြောပြလိုခြင်းသာ ဖြစ်ပေသည်။

All Chapters