အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း(79)
နောက်နေ့ နံနက်စောစောတွင် ချန်အန်းသယ်တစ်ယောက် မနက်စာ စားရန်အတွက် စောစော ရောက်လာခဲ့သည်။
ဤကာလအတွင်း လင်းမိန်ဟွေ့ လုပ်ပေးသည့် မနက်စာကို လာရောက်စားသုံးသည်က ပုံမှန်ပင် ဖြစ်နေပေပြီ။ အပြင်ဘက်ရှိ မနက်စာဆိုင်များက အရသာမရှိဟု ခံစားရသောကြောင့် နေ့စဉ် ဤဆိုင်သို့သာ လာရောက်စားသုံးလေ့ရှိသည်။
“စုန့်ယီ၊ ငါ့အတွက် မနက်စာ ရှိသေးလား”
“အုပ်ဆောင်း အောက်မှာ ဖုံးထားတာ ရှိတယ်.. ဖွင့်ပြီး ကိုယ့်ဘာသာကိုယ် စားလိုက်လေ”
ချန်အန်းသယ် အနည်းငယ် အံ့အားသင့်သွားရသည်။ ယနေ့တွင် ဤဇနီးမောင်နှံက အဘယ်ကြောင့် စောစောစားသောက်ထားသည်နည်း။
သူတို့က မနက်စာ နည်းသွားမည်ကို စိုးရိမ်သောကြောင့် ကြိုတင်စားထားခြင်းလား။
ဤအတွေးက သူ့အား အနည်းငယ် ရှက်သွားစေသည်။ သူ ဝါးအုပ်ဆောင်းအဖုံးကို ဖွင့်လိုက်သောအခါ စားပွဲပေါ်ရှိ မနက်စာမှာ ပေါများနေသေးသည်။ ထိုအရာက သူ့အား ပို၍ပင် ရှုပ်ထွေးစေခဲ့သည်။
“စုန့်ယီ၊ ဒီနေ့ ဘာလို့ စောစောစားကြတာလဲ”
“ဒီနေ့ ငါတို့ ဆိုင်အသစ် သွားကြည့်မလို့.. မင်းလည်း စားပြီးရင် နောက်က လိုက်ခဲ့.. အပြင်အဆင်အကြောင်း ဆွေးနွေးရအောင်...”
ချန်အန်းသယ် ကြက်ဥပန်ကိတ်အား တစ်ကိုက်စားလိုက်ပြီးနောက် သူ၏ ကိုယ်တွင်းအင်္ဂါများက နေရာတကျ ဖြစ်သွားသလို ခံစားရသည်။ သူက အရွက်ချဉ်လေးကို တစ်ကိုက်စားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
“ငါ က အပြင်အဆင်နဲ့ ပတ်သက်ပြီး မကျွမ်းကျင်ပါဘူး.. မင်းတို့ နှစ်ယောက်ပဲ သွားလိုက်ပါ.. နောက်ပြီး မင်းတို့ရဲ့ ဆိုင်အသစ်...”
“အဲဒါက မင်းရဲ့ ဆိုင်အသစ်လည်း ဟုတ်တယ်.. မိန်ဟွေ့က မင်းကို စီးပွားရေးမှာ ဖက်စပ်လုပ်ဖို့ ပြောခဲ့တာမလား.. မင်းလည်း ပိုက်ဆံတစ်ဝက် ပေးရမယ်...”
စုန့်ယီက စားပွဲတွင် ထိုင်၍ စားသောက်နေသော ချန်အန်းသယ်တစ်ယောက် စားသုံးနေခြင်း ရပ်တန့်သွားသည်ကို တွေ့လိုက်ရသောကြောင့် မေးလိုက်သည်။
“ဘာလဲ၊ မင်း မလိုချင်ဘူးလား”
ချန်အန်းသယ်က မည်သို့ မလိုလားဘဲ နေရဲပါ့မနည်း။
သူက ပြောဆိုရန် ရှက်နေခြင်းသာ ဖြစ်သည်။
သူက ထိုငွေကို ဆက်လက်စုဆောင်းနေဆဲ ဖြစ်ပေသည်။ လင်းမိန်ဟွေ့နှင့် စုန့်ယီက စကားတစ်ခွန်း ပြောလိုက်သည်နှင့် သူ့ဘက်မှ သူတို့နှင့် ဖက်စပ်လုပ်ရန်အတွက် ငွေကြေးအားလုံးကို အကုန်အကျခံရန်အတွကင သေချာပေါက် ဆန္ဒရှိနေလိမ့်မည်ဖြစ်သည်။
“ကောင်းပြီ.. လိုချင်တာပေါ့.. ကျွန်တော် အခု အိမ်ပြန်ပြီး ပိုက်ဆံ သွားယူလိုက်မယ်.. မလုံလောက်ရင် မွေးစားအစ်မဆီက ချေးလိုက်မယ်...”
ချန်အန်းသယ်က သူ၏ ပါးစပ်ကို သုတ်၍ ထွက်ခွာရန် လုပ်သောအခါ စုန့်ယီက သူ့အား ပြန်ဖိထားလိုက်ပြီး ပြောလိုက်လေ၏။
“စားပြီးမှ သွားယူလည်း မနောက်ကျပါဘူး.. ဒါက အရေးတကြီး ကိစ္စမဟုတ်ဘူး.. ဖြည်းဖြည်းစားလိုက်.. ဆန်ပြုတ်က အိုးထဲမှာ နွေးနေတုန်းပဲ.. တစ်ပန်းကန် သောက်လိုက်ဦး”
ချန်အန်းသယ်က သူတို့နှစ်ဦးမှာ ကမ္ဘာကြီးအား ကယ်တင်ရန် ကံပါလာသည့်သူများပင်ဟုပင် ရုတ်တရက် ခံစားလိုက်ရသည်။
မနက်စာစားပြီးနောက် ချန်အန်းသယ်က အိမ်သို့ ပြန်၍ ငွေထုတ်ယူခဲ့သည်။ လင်းမိန်ဟွေ့နှင့် စုန့်ယီကဆော့ ဆိုင်သို့ အရင်သွားခဲ့သည်။
သူတို့နှစ်ဦးက အရင်ရှင်းလင်းပြီးမှ အပြင်အဆင်ပြုလုပ်သည့် အလုပ်သမားများနှင့် ညှိနှိုင်းရန် စီစဉ်ထားခြင်းဖြစ်သည်။ ဤသို့ ပြင်ဆင်ပြီးလျှင် ပစ္စည်းများ စတင်ရောင်းချပြီး စီးပွားရေး စတင်ရန် ပြင်ဆင်နိုင်တော့မည်။
ချန်အန်းသယ် အိမ်သို့ပြန်ရောက်ပြီးနောက် ပိုက်ဆံကိုထုတ်ယူပြီးသည်နှင့် အပြင်ထွက်တော့မည့်အချိန်တွင် သူ၏ အဖေဖြစ်သူက တားမြစ်လာသည်။
“မင်း ဘယ်ကိုသွားမလို့လဲ၊ ကောင်စုတ်လေး”
ချန်အန်းသယ်က သူ၏ အဖေအား ကြောက်သောကြောင့် သူ၏လက်ထဲမှ ငွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း အပြင်ပန်းကမူ အလွန်ဆိုးသွမ်းဟန်ဆောင်၍ ဂျစ်ကန်ကန်ပြောလိုက်ဆဲပင်။
“ကျွန်တော် ဘာပဲလုပ်လုပ် အဖေ စိတ်ပူစရာ မလိုပါဘူး.. ဘာပဲဖြစ်ဖြစ် စီးပွားရေးပါပဲ။ ဒါကြောင့် အဖေ ကျွန်တော့်ကိစ္စတွေမှာ နောက်ဆို ဝင်မစွက်ဖက်ပါနဲ့တော့”
ချန်ဖခင်က ချန်အင်ဒေလက်ထဲမှ ငွေအား မြင်သောအခါ လှောင်ပြောင်လိုက်ပြီး
“ဒီလောက် ပျင်းတဲ့သူ။ အပြင်ထွက်ပျော်ဖို့ မင်းအမေဆီက ပိုက်ဆံ တောင်းတာ မဟုတ်လား။ ငါ မင်းကို ဂရုမစိုက်ပါဘူး၊ ဗိုက်မပြည့်ဘဲ မသေရင် ပြီးပြီ”
ဤမျှများစွာသော နှစ်များအတွင်း ချန်အန်းသယ်မှာ ဖခင်ဖြစ်သူ၏အမြင်တွင် အသုံးမကျသည့်သူ တစ်ဦးသာ ဖြစ်နေခဲ့သည်။
သူ၏ အဖေက သူ့ကို နာမည်ကို ခေါ်ရန် စိတ်မဝင်စားဘဲ ကောင်စုတ်လေးဟုသာ ခေါ်ခဲ့သည်။
ယခုတွင်တော့ သူ အမှန်တကယ် ပြုလုပ်သင့်သည့် အလုပ်တစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပေပြီ။ သို့သော်လည်း သူ၏ အဖေက သူ့ကို ဂရုမစိုက်ဘဲ ပျင်းရိသူဟုသာ ဆူပူနေခဲ့သည်။
ချန်အန်းသယ်၏ စိတ်ရှည်မှု ကုန်ဆုံးသွားပြီး ရိုးရှင်းစွာပင် ပြောလိုက်သည် ။
“ဟုတ်တယ်၊ ကျွန်တော်က ကောင်စုတ်လေးပဲ.. ကျွန်တော်က အသုံးမကျတဲ့ ရွှံ့စိုင်ကြီးပဲ.. ဒါဆို ဘာလို့ ကျွန်တော့်ကို ဂရုစိုက်နေသေးလဲ အခုကစပြီး ကျွန်တော့်ကို သေပြီလို့ပဲ မှတ်ယူလိုက်တော့ မျက်စိရှေ့ကနေ ပျောက်သွားတာက ပိုစိတ်အေးရတယ်မလား”
ချန်ဖခင်မှာ ဤစကားကြားလျှင် အလွန်ဒေါသထွက်သွားပြီး လက်ကိုမြှောက်ကာ ချန်အန်းသယ်ကို ရိုက်လိုက်လေသည်။
“ထွက်သွားစမ်း! အခုချက်ချင်း ထွက်သွား.. နောက်ထပ် ငါ့ဆီက တစ်ပြားတစ်ချပ်မှ တောင်းဖို့တောင် မစဉ်းစားနဲ့”
ချန်မိခင်လည်း အိမ်ထဲမှ ဆူညံသံကို ကြားပြီး ချက်ချင်း ပြေးထွက်လာခဲ့ကာ ဖခင်နှင့်သားတို့ကို ဖြန်ဖြေပေးခဲ့သည်။
“ရှင်တို့ နှစ်ယောက်က ရန်သူတွေလား.. တွေ့တာနဲ့ ရန်ဖြစ်တော့တာပဲ.. ပတ်ဝန်းကျင်က ကြားရင် ဘယ်လိုနေမလဲ.. အန်းသယ် မင်းအဖေကို စိတ်မဆိုးအောင် မလုပ်ပါနဲ့ သူ့သွေးပေါင်ချိန် မကြာသေးခင်ကမှ မြင့်တက်နေတာ...”
“ဘာလို့ သူ့ကို မပြောတာလဲ.. သူကသာ ပြဿနာရှာနေတာ”
ချန်အန်းသယ်က ဆက်ပြောလိုသော်လည်း သူ၏ အမေက သူ့အား မျက်စိမှိတ်ပြသည်ကို မြင်လိုက်ရသောကြောင့် လှည့်ထွက်သွားခဲ့လေသည်။
ချန်မိခင်က ချန်ဖခင်အား ပြန်လည်နှစ်သိမ့်ပေးပြီး ရင်ဘတ်ပေါ်သို့ ဖြည်းဖြည်းချင်း ပွတ်သပ်ပေးလိုက်သည်။
“ကလေးက ကြီးနေပြီဆိုတော့ မနိုင်တော့ရင်လည်း စိတ်ကို နည်းနည်းလျှော့ပြီး ဂရုစိုက်ဦး.. ကိုယ့်ကိုယ်ကိုယ် နေမကောင်းအောင်လုပ်ဖို့က မတန်ပါဘူး”
“မင်း သူ့ကိုအကျင့်ပျက်အောင် မလုပ်နဲ့”
ချန်ဖခင်က စိတ်ဆိုး၍ စကားတစ်ခွန်းမျှ မပြောဘဲ အိမ်ထဲသို့ ဝင်သွားပြီး တံခါးအား ဆောင့်ပိတ်လိုက်သည်။
ချန်မိခင်လည်း သက်ပြင်းချကာ တံခါးဝသို့ လိုက်သွားသည်။ ချန်အန်းသယ်ကတော့ မရှိတော့ပေ။
သူမလည်း သက်ပြင်းသာချမိသည်။
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ ဆိုင်ကို ရှင်းလင်းပြီးသောအချိန်တွင် အပြင်အဆင်ပြုလုပ်သည့် အလုပ်သမားအချို့အား ခေါ်ယူ၍ ဆိုင်ခန်းအပြင်အဆင်ကိစ္စများကိာ ပြောဆိုခဲ့ကြသည်။
စကားပြောပြီး မိနစ်အနည်းငယ်အတွင်း၌ပင် ချန်အန်းသယ်က ဆူပုတ်နေသော မျက်နှာဖြင့် ဝင်လာပြီး လင်းမိန်ဟွေ့ကို ငွေပေးကာ လှည့်ထွက်သွားခဲ့ဘေသည်။
လင်းမိန်ဟွေ့လည်း သူ့အား ဆွဲလိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ နီရဲ၍ ရောင်ရမ်းနေသည်ကို မြင်သောအခါ မေးလိုက်သည်။
“ရှင့်မျက်နှာက ဘာဖြစ်တာလဲ.. ဘာလို့ ဒီလောက်နီရဲနေတာလဲ”
ချန်အန်းသယ်က အပြင်အဆင်ပြုလုပ်သည့်လူများ ရှိနေသည်ကို မြင်သောကြောင့် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ခုနက မတော်တဆ တိုက်မိသွားတာ”
လင်းမိန်ဟွေ့အနေဖြင့် သူ လိမ်ညာနေသည်ကို သိသော်လည်း မည်သည့်စကားကိုမှ မပြောတော့ပေ။
သူမက စုန့်ယီကိုသာ အလုပ်သမားများနှင့် ဆက်သွယ်ရန် မှာလိုက်ပြီး ချန်အန်းသယ်ကို အပြင်ဘက် တိတ်ဆိတ်သည့်နေရာသို့ ခေါ်သွားခဲ့သည်။
“ရှင့်ရဲ့ မိသားစုနဲ့ ရန်ဖြစ်လာတာလား”
ချန်အန်းသယ်မှာ စိတ်ဆိုးနေသည့် ကလေးတစ်ဦးကဲ့သို့ မျက်လုံးများ နီရဲနေပြီး ပြောလာသည်။
“ငါ့အဖေက ငါ့ကို ဘာလို့ အသုံးဝင်တဲ့သူ တစ်ယောက်ဖြစ်လာမယ်လို့ မယုံတာလဲ.. တွေ့တာနဲ့ ငါ့ကို ကောင်စုတ်လေး၊ အသုံးမကျတဲ့ကောင်လို့ပဲ ခေါ်တယ်.. ငါသာ ကောင်စုတ်လေးဆိုရင် သူက ဘာလဲ”
လင်းမိန်ဟွေ့အနေနဲ့ တစ်ဖက်လူ ဆိုင်ထဲသို့ ဝင်လာစဉ်ကတည်းက လင်းမိန်ဟွေ့ စိတ်မကောင်းဖြစ်နေသည်ကို မြင်ခဲ့ရသည်။
ဤစကားကိုပြောလာလျှင် လင်းမိန်ဟွေ့ ချက်ချင်း နားလည်သွားခဲ့သည်။
“တကယ်တော့ မိဘတွေက သူတို့ရဲ့ ကလေးတွေကို ပိုကောင်းစေချင်တာပဲ၊ ဒါပေမဲ့ သူတို့က ထုတ်ဖော်ပြောဖို့ မကျွမ်းကျင်တာ...”
“သူ ဘာမှ ထုတ်ဖော်ပြောတာ မဟုတ်ဘူး၊ အော်နေတာပဲ!”
ချန်အန်းသယ်၏ ဒေါသထွက်နေသည့်ပုံကို မြင်လျှင် လင်းမိန်ဟွေ့က မရယ်ဘဲ မနေနိုင်ခဲ့ပေ ။
“ရှင် သိလား၊ မိဘတွေက ကလေးတွေကို ချစ်ခင်ကြင်နာတဲ့ အတွက်သာ ဒေါသထွက်ပြီး ပြောဆိုနိုင်တာ.. ကျွန်မနဲ့ စုန့်ယီအစ်ကိုကိုကြည့်လိုက်.. ကျွန်မတို့ နှစ်ယောက်စလုံး မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို မရကြဘူး.. ကျွန်မတို့ထဲက တစ်ယောက်ယောက်မှာ ဒေါသထွက်ခံချငဘယ်သူမှရင်တောင် နေရာမရှိဘူး”
ချန်အန်းသယ်မှာ လင်းမိန်ဟွေ့နှင့် စုန့်ယီ၏ ဘဝအတွေ့အကြုံများကို တစ်ခါမှ မကြားခဲ့ဖူးသောကြောင့် အံ့အားသင့်သွားသည်။
လင်းမိန်ဟွေ့က ချန်အန်းသယ်အား ကျေးလက်ရှိ သူတို့၏ ကိစ္စများအကြောင်းကို ပြောပြခဲ့သည် ။
“အစ်ကိုစုန့်ယီက အရမ်းငယ်သေးတဲ့အချိန်ကတည်းက မိဘမဲ့ဖြစ်သွားတယ်.. သူ့အဖွားကပဲ သူ့ကို ပြုစုပျိုးထောင်ခဲ့တာလေ.. လမ်းတစ်လျှောက်မှာ ဘယ်လောက် ခက်ခဲခဲ့လဲဆိုတာ ရှင် စဉ်းစားကြည့်လို့ ရတယ်
ဒါကြောင့် အခု သူက ဘာပဲလုပ်လုပ် အရမ်းလက်တွေ့ကျတယ်.. သူ့နောက်ကနေ ဘယ်သူမှ ထောက်ပံ့ပေးမယ့်သူ မရှိဘူးဆိုတာ သူ သိတယ်”
“ဒါပေမဲ့ ရှင်ကတော့ မတူဘူး.. ရှင် တစ်ခုခု မှားလုပ်မိရင် ရှင်းမိဘတွေက အမြဲ ရှင့်ဘက်မှာ ရှိနေလိမ့်မယ်.. အချိန်ကြာလာတာနဲ့အမျှ ဒါက ပုံမှန်ပဲလို့ ရှင် ထင်လာလိမ့်မယ်”
“ဒါပေမဲ့ ရှင့်ရဲ့မိဘတွေ မရှိတော့ရင် ဘာဖြစ်မလဲဆိုတာ ရှင် စဉ်းစားဖူးလား”
ချစ်ခြင်းမေတ္တာ၏ နက်ရှိုင်းမှုအကြောင်းကို ပြောဆိုရင်း လင်းမိန်ဟွေ့က ချန်အန်းသယ်၏ ပခုံးအား ညင်သာစွာ ပုတ်လိုက်သည် ။
“ရှင့်ရဲ့ အဖေနဲ့ အမေရဲ့ အပြစ်တင်စကားတွေက အမြဲတမ်း ရှင့်ကို ကောင်းမွန်စေချင်လို့ပဲ.. သူတို့က ရှင့်ကို မယုံကြည်တဲ့အတွက်ကြောင့် ရှင်ကြီးပြင်းလာဖို့ကို မစောင့်နိုင်လို့ အဲဒီလို ဆူပူနေကြတာ”
*
အခန်း(80)
ချန်အန်းသယ် နေရာ၌ပင် ရပ်တန့်သွားခဲ့သည်။ ဤကိစ္စကို လင်းမိန်ဟွေ့ပြောသော နည်းဖြင့် သူ တစ်ခါမှ မစဉ်းစားဖူးပေ။
သူ၏ အဖေက အလွန်စိတ်ပျက်စရာကောင်းပြီး သူ့အား လွတ်လပ်မှု မပေးဟုသာ ခံစားခဲ့ရသည်။ လင်းမိန်ဟွေ့၏ စကားအား နားထောင်ပြီးမှ သူတို့၏ စေတနာကောင်းများအား သဘောပေါက်လာရသည်။
“ဒါဆို ငါ ဘာလုပ်သင့်လဲ”
“အရာအားလုံးကို ကောင်းကောင်းလုပ်ရမှာပေါ့ .. စားသောက်ဆိုင်က နောက်ရက်တွေမှာ ကုန်ပစ္စည်းတွေ စရောင်းတော့မယ်.. ခရိုင်ကို သွားလည်ပတ်ပြီး ကုန်ပစ္စည်းတွေ ဘယ်နေရာမှာ ကောင်းလဲ၊ ဘယ်နေရာက ဈေးပေါပြီး နာမည်ကောင်းရှိလဲ ကြည့်ထားလိုက် ..
ကျွန်မတို့ စီးပွားရေးလုပ်ငန်းအတွက် နည်းလမ်းတွေကို လုပ်ကိာင်ရင်းနဲ့ လေ့လာကြမယ်.. နောက်ဆို ပိုပြီး ကောင်းလာလိမ့်မယ်”
လင်းမိန်ဟွေ့က ချန်အန်းသယ်၏ ငွေထဲမှ ယွမ်တစ်ထောင့်ငါးရာကို ထုတ်ယူပြီး ကျန်ရှိနေသည့်ပမာဏအား သူ့အား ပြန်ပေးလိုက်သည် ။
“ဒီပိုက်ဆံလောက် ကို ရင်းနှီးမြှုပ်နှံလိုက်ရင် အခုကစပြီး ဒီစားသောက်ဆိုင်ရဲ့ တစ်ဝက်ကို ရှင်လည်း ပိုင်ဆိုင်ပြီ.. ကျွန်မတို့ဆိုင်အတွက် အကောင်းဆုံး ကြိုးစားပြီး စီစဉ်ပေးရမယ်နော်”
“ကောင်းပြီ!”
ချန်အန်းသယ် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သူ မည်သည်ကိုမှ စိတ်ပူရန်မလိုဘဲ လင်းမိန်ဟွေ့နှင့်အတူ သူ၏ ပထမဆုံးငွေအား ရရှိခဲ့ခြင်းဖြစ်သည်။
ဤစားသောက်ဆိုင်ကလည်း လင်းမိန်ဟွေ့ကသာ ဦးစီးခဲ့ခြင်းဖြစ်ပြီး ယခုမူ သူက မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ သူဌေးဖြစ်လာခဲ့ပြီ။
ချန်အန်းသယ်က လင်းမိန်ဟွေ့က သူ့အပေါ် အလွန်ကြင်နာသည်ဟု ခံစားရသည်။
“မိန်ဟွေ့၊ မင်း ငါ့ကို တကယ် မကြိုက်ဘူးမလား.. ငါ့မှာ သဘောကျတဲ့သူ ရှိတယ်...”
လင်းမိန်ဟွေ့တစ်ယောက် ပြန်လှည့်ရန်လုပ်နေစဉ် ချန်အန်းသယ်၏ မေးခွန်းအား ကြားလိုက်ရသောကြောင့် ရယ်မောလိုက်သည် ။
“ဒါက အစ်ကိုစုန့်ယီရဲ့ သဘောထားပါ.. သူက ရှင့်ကို စီးပွားရေးမှာ ထက်မြက်ပြီး လိုက်လျောညီထွေရှိတယ်လို့တွေးထားတယ်၊ ကျွန်မတို့ နှစ်ယောက်ထက် အဆက်အသွယ် ပိုများတယ်လို့ ထင်တယ်.. ဒါကြောင့် အခုလိုဆုံးဖြတ်တာ .. အဓိပ္ပာယ်မရှိတာတွေ ဆက်မတွေးနဲ့တော့”
ဆိုင်ထဲသို့ပြန်ရောက်သောအချိန်တွင် စုန့်ယီက အပြင်အဆင်ပုံစံနှင့် ဈေးနှုန်းအား အလုပ်သမားခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးပေပြီ။ အလုပ်သမားများလည်း အလုပ်စတင်လုပ်နေခဲ့ကြပြီ။
လင်းမိန်ဟွေ့က ချန်အန်းသယ်ပေးခဲ့သော ပိုက်ဆံကို စုန့်ယီထံသို့ လွှဲပြောင်းပေးလိုက်သည်။
“အစ်ကိုစုန့်ယီ ..ဒါက ချန်အန်းသယ်ဆီက ယွမ် ၁၀၀၀ကျော်ပါ “
*
လင်းမိန်ဟွေ့၏ ဈေးနှုန်းလျှော့ချသည့် အစီအစဉ်ကြောင့် သူတို့၏ ဆိုင်၌ ရက်တော်တော်ကြာအောင် အရောင်းအဝယ်များစွာ ကောင်းနေခဲ့သည်။
ချန်အန်းသယ်တစ်ယောက် ကောင်တာကို မှီ၍ တွက်ချက်နေသည်။ တစ်ပတ်အတွင်း ၎င်းတို့သည်က ယွမ် ၂၀၀ ကျော် အမြတ်ရခဲ့သည်။ ရေခဲမုန့်ရောင်းရငွေများကိုပါ ပေါင်းလိုက်ပါက တစ်ရက်ကို ယွမ် ၃၀ နီးပါး ဝင်ငွေရှိသည်ဖြစ်၍ အစိုးရဝန်ထမ်းတစ်ဦးထက် များစွာ ပိုများနေပေသည်။
လင်းမိန်ဟွေ့က တွဲဘက်ဖွင့်ထားသည့်ကုန်ပစ္စည်းတန်းတွင် အသစ်ဝယ်ထားသည့် ပစ္စည်းများကို ခေါင်းငုံ့၍ စီနေခဲ့သည်။
သူမက စာရေးကိရိယာများနှင့် မှတ်စုစာအုပ်များကို အမျိုးအစားခွဲကာ ကျောင်းသားများ လာရောက်ဝယ်ယူသည့်အချိန်တွင် ရှာဖွေရလွယ်ကူစေရန် ပြုလုပ်နေခဲ့သည်။
ချန်အန်းသယ်က လှမ်းပြောလာလေ၏။
“မိန်ဟွေ့၊ ဒီရက်ပိုင်း ငါတို့ ပိုက်ဆံဘယ်လောက်ရှာမိလဲ ခန့်မှန်းကြည့်လိုက်”
ထိုသူက အော်ပြောလာခဲ့သောကြောသ့် လင်းမိန်ဟွေ့လင်း ရှင်းလင်းစွာ ကြားလိုက်ရသည်။
လင်းမိန်ဟွေ့အနေဖြင့် ဝင်ငွေအကြောင်းကို သိထားပေသည်။ သို့သော်လည်း ချန်အန်းသယ်ကဲ့သို့ အလွန်အမင်းပျော်ရွှင်ခြင်း မရှိ။
“အန်းသယ်.. ဒီရက်ပိုင်းက ပရိုမိုးရှင်းဈေးနဲ့ဆိုတော့ ဖောက်သည်က ပိုများနေတာလေ.. ဒီပရိုမိုးရှင်းပြီးရင် ရောင်းအားက အစစ်အမှန် ရောင်းအား ဖြစ်လာမှာပါ”
“ဒါပေမဲ့လည်းငါပျော်နေတုန်းပဲ”
ချန်အန်းသယ်မှာ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။
လင်းမိန်ဟွေ့သည်လည်း ၎င်း၏ယုံကြည်မှုကို ထပ်မံ၍ နာကျင်အောင် မပြုလုပ်တော့ဘဲ လွွတ်ထားလိုက်တော့သည်။
ဤအချိန်၌ ဖောက်သည်တစ်ဦး ဝင်လာခဲ့သည်။ ချန်အန်းသယ်က အလောတကြီး နှုတ်ဆက်လိုက်သည်။
“ကြိုဆိုပါတယ်.. ဘာမှာချင်ပါသလဲ။ ဒီဘက်မှာ စာရေးကိရိယာတွေ၊ စာအုပ်တွေ၊ နေ့စဉ်သုံးပစ္စည်းတွေရှိပါတယ်.. ရက်နည်းနည်းလေြက်ကြာရင် အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ စားသောက်ကုန်တွေပါ ရပါတော့မယ်...”
“မင်းတို့ရဲ့ဆိုင်က ပစ္စည်းတွေ အကုန်လုံး အထူးဈေးနှုန်းနဲ့ ၂၀% လျှော့စျေးရှိတယ်လို့ ကြားလို့ အနီးနားမြို့ကနေ တကူးတက လာခဲ့တာ...”
လင်းမိန်ဟွေ့သည်ကား ကျန်းကျစ်ကုန်း၏ အသံကို မည်သည့်အခါမျှ မမေ့နိုင်ခဲ့ပေ။
သူမ၏ကိုယ်ခန္ဓာက ရုတ်ချည်း တောင့်တင်းသွားခဲ့ပြီး ခါးသည်လည်း တန်းမတ်သွားသည်။
သူမနှင့် စုန့်ယီတို့ ဤမြို့သို့ ရောက်ရှိသည့်အချိမ်တွင်ပင် ကျန်းကျစ်ကုန်းနှင့် ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
မကောင်းဆိုးဝါးတစ်ကောင်က လိုက်ခြောက်လှန့်နေသည့်အလား မလွတ်မြောက်နိုင်သည့်နှယ်ထင်ရသည်။
သူမအနေဖြင့် ဤလူကို မသိစိတ်ကနေ ရှောင်ရှားလိုသော်လည်း ဆိုင်သည်ကား အခန်းတစ်ခန်းစာသာ ရှိသည်ဖြစ်၍ ပုန်းအောင်းစရာနေရာ မရှိချေ။
လင်းမိန်ဟွေ့တစ်ယယါဏဲ ထောင့်၌ ငြိမ်ငြိမ်လေးနေဏါ ကျန်းကျစ်ကုန်း အမြန်ပြန်ထွက်သွားပါစေဟုသာ မျှော်လင့်နေမိသည်။
“မှန်ပါတယ်၊ ပစ္စည်းအားလုံးကို ၂၀% လျှော့ပေးထားပါတယ်.. ဖောက်သည်တွေကို စိတ်ရင်းမှန်နဲ့ လျှော့ပေးထားတာဆိုတော့ ကျွန်တော်တို့တောင် အရင်းပြုတ်လုနီးပါး ဖြစ်နေပြီ”
ချန်အန်းသယ်မှာ လင်းမိန်ဟွေ့နှင့် ကျန်းကျစ်ကုန်းကြားရှိ ပြဿနာကို မသိသည့်အတွက် စိတ်အားထက်သန်စွာ ဆက်လက်ရောင်းချနေခဲ့သည်။
လင်းမိန်ဟွေ့၏ ရင်ထဲ၌ မခံမရပ်နိုင်အောင် ဒေါသများစွာ ပြင်းထန်လာခဲ့ကာ သူမ၏ဆင်ခြင်တုံတရားများကလည်း တစ်လွှာချင်း ဖြိုဖျက်ခံလိုက်သည်။
သူမ ကျန်းကျစ်ကုန်းထံသို့ အပြေးအလွှားသွား၍ မောင်းထုတ်ပစ်လိုစိတ်များ ပေါက်လာရသည်။
ဤအချိန်၌ စုန့်ယီက တံခါးဖွင့်၍ ဝင်လာခဲ့သည်။
၎င်း၏ရှေ့မှ ရင်းနှီးနေသည့် မျက်နှာကို မြင်လိုက်ရသည်နှင့် ချန်အန်းသယ်ထံတွင်ဈေးဆစ်နေသောလူက ကျန်းကျစ်ကုန်းဖြစ်ကြောင်းကိာ စုန့်ယီ ချက်ချင်းသိလိုက်လေသည်။
စုန့်ယီ၏ မျက်နှာက ပြာနှမ်းသွားခဲ့ပြီး ကျန်းကျစ်ကုန်းကို လျှင်မြန်စွာတွန်းထုတ်လိုက်သည်။
“ကျန်းကျစ်ကုန်း၊ ငါတို့ဆိုင်လေးက မင်းလို ဘုရားကို နေရာမပေးနိုင်ဘူး.. ထွက်သွားစမ်း! မင်းလိုလူတွေကို ငါတို့ ဘာမှ မရောင်းဘူး”
ကျန်းကျစ်ကုန်းသည်လည်း အမောင်းခံလိုက်ရသောကြောင့် မျက်နှာပျက်သွားခဲ့သည်။
“ငါ တွေးနေခဲ့တာ.. အဲဒီဘက်မှာ ထိုင်နေတဲ့ မိန်းမက ဘာလို့ဒီလောက်တောင် ရင်းနှီးနေရတာလဲလို့လေ.. လက်စသတ်တော့ မင်းတို့နှစ်ယောက်ဖွင့်ထားတဲ့ ဆိုင်ဖြစ်နေတာကိုး.. ဘာလဲ၊ နောက်ထပ် အကူအညီတစ်ယောက်ရှာပြီး အတူတူနေကြပြန်တာလား”
ကျေးလက်ဒေသ၌ အတူတကွနေထိုင်သည်ဟူသည်က မသင့်လျော်သည့် ဆက်ဆံရေးမျိုးကို ရည်ညွှန်းသည်။ ကျန်းကျစ်ကုန်း ပြောလိုက်သည့်စကားက စုန့်ယီကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
သူက လက်သီးဆုပ်၍ ကျန်းကျစ်ကုန်း၏ မျက်နှာကို ထိုးချလိုက်လေသည်။
“မင်း နောက်ထပ် ဆက်ပြောနိုင်မလား ကြည့်ရသေးတာပေါ့.. ဒီနေ့ မင်းပါးစပ်ကို ရိုက်ချိုးပစ်မယ်”
ချန်အန်းသယ်မှာ မည်သည့်အတွက်ကြောင့် ဤသို့ဖြစ်သည်ကို နားမလည်သည်ဖြစ်၍ ရန်ပွဲကို ဝင်ရောက်ဖြန်ဖြေရန် ဝင်သွားခဲ့ရသည်။
လင်းမိန်ဟွေ့လည်း သူတို့၏ ရန်ပွဲကြောင့် သူမ၏လုပ်ငန်းကို ထိခိုက်မည်ကို စိုးရိမ်နေသည်။
အိမ်နီးနားချင်းများက သူမနှင့် စုန့်ယီတို့ကို မည်သို့ မြင်လာကြမည်နည်း။
“အစ်ကို စုန့်ယီ၊ သူ့ကို မတိုက်ခိုက်နဲ့.တော့... ဒီလိုလူမျိုးနဲ့ တိုက်ခိုက်နေတာ မတန်ပါဘူး”
လင်းမိန်ဟွေ့က စုန့်ယီ၏ လက်မောင်းကို ဆွဲလိုက်သည်။
မမျှော်လင့်ဘဲ ကျန်းကျစ်ကုန်းက သူမ လာဆွဲနေသည့်အချိန်တွင် တွန်းလိုက်သည့်အတွက်ကြောင့် လင်းမိန်ဟွေ့တစ်ယောက် ဘေးနားရှိ စင်သို့ ဝင်တိုက်မိ၍ စင်ပေါ်ရှိ စာရေးကိရိယာများက မြေပြင်ပေါ်သို့ ပြုတ်ကျ ကွဲကြေကုန်သည်။
မြို့လယ်ခေါင်၌ လူများစွာက သွားလာနေကြသည်။ ဤနေရာ၌ တစ်ခုခု လှုပ်ရှားနေသည်ဟု ကြားသည်နှင့် ချက်ချင်း လာရောက်ကြည့်ရှုကြလေသည်။
ခဏအကြာ၌ တံခါးဝ၌ လူအများစုပြုံ၍ ပျော်ပွဲရွှင်ပွဲနှယ် ကြည့်လာခဲ့ကြသည်။
တချို့က ကောလဟာလများ လွှင့်ကြသည်။ အမျိုးသားသုံးဦးက လင်းမိန်ဟွေ့ကို လိုချင်၍ ရန်ဖြစ်နေကြခြင်းဖြစ်သည်ဟူ၍။
တစ်ဦးကမှ နောက်ကျမကျန်လိုဘဲ လင်းမိန်ဟွေ့၏ မျက်နှာသာကို ရလိုကြသောကြောင့် ရန်ဖြစ်ကြေသည်ဟု ဆိုလာကြသည်။
တခြားသူများကတော့ လာရောက်နှောင့်ယှက်သည့်လူက လင်းမိန်ဟွေ့၏ ချစ်သူဟောင်းဖြစ်သည်ဟု ပြောကြသည်။ ယခု တခြားလူတစ်ဦးနှင့် ပေါင်းဖက်နေသည်ကို သိသည့်အတွက် ဒေါသထွက်၍ ရန်ဖြစ်ကြခြင်းဖြစ်သည်ဆို၏။
ဤစကားများက လင်းမိန်ဟွေ့၏ နားထဲသို့ ရောက်ရှိသွားချိန်တွင် သူမ အလွန် အံ့သြမင်တက်သွားသည်။
၎င်းတို့ မရပ်သေးသောကြောင့် လင်းမိန်ဟွေ့က အော်ပြောလိုက်သည်။
“ကျန်းကျစ်ကုန်း၊ ရှင် မရပ်သေးဘူးဆိုရင် ကျွန်မ ရဲကိုခေါ်လိုက်မှာနော်။ ပြောလိုက်မယ်၊ ရှင် စုန့်ယီရဲ့ နံရိုးတွေ ကျိုးအောင်လုပ်ခဲ့တဲ့ ကိစ္စကို မရှင်းရသေးဘူး.. ဒီတစ်ခါ ရှင်က တမင်သက်သက် ဒုက္ခလာပေးနေပြန်ပြီ၊ ရှင့်ကို ထောင်ကျအောင် တိုင်ပစ်မယ်”
ချန်အန်းသယ်လည်း လင်းမိနဟွေ့၏ စကားကိုကြားလျှင် ဤလူယုတ်မာက ယခင်အချိန်များတွင် စုန့်ယီကို အနိုင်ကျင့်ခဲ့သည်ကို သဘောပေါက်သွားသည်။
သူက တံခါးနောက်မှ ကြမ်းတိုက်တံတစ်ချောင်းကို ရှာဖွေပြီး ကျန်းကျစ်ကုန်းကို ချိန်ရွယ်လိုက်သည်။
“မင်း မလွှတ်ဘူးဆိုရင် ဒီနေ့ မင်းကို ကြမ်းတိုက်တံနဲ့ရိုက်ပစ်မယ်.. လွှတ်လိုက်စမ်း!”
ကျန်းကျစ်ကုန်းတစ်ယောက် နောက်ဆုံးတွင် သူ့၏ လက်ကို မလိုလားစွ်နှင့် လွှတ်လိုက်ရလေသည်။ လင်းမိန်ဟွေ့ကတော့ ၎င်းနှင့် ထပ်မံ၍ ရှုပ်ထွေးလိုစိတ် မရှိတော့သည်ဖြစ်၍ သူ့ကိုအေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
“ရှင် တခြားနေရာတွေမှာပဲ ပစ္စည်းသွားဝယ်ပါ.. ကျိန်မတို့ ရှင့်ကို ဘာမှ မရောင်းနိုင်ဘူး”
ကျန်းကျစ်ကုန်းမှာ လင်းမိန်ဟွေ့ကို အချိန်အတော်ကြာအောင် မတွေ့ရသည်ဖြစ်သောကြောင့် သူမ ဤမျှ လှပလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
လင်းမိန်ဟွေ့၏ အသားအရေက ယခု ပို၍ ဖြူဝင်းလာခဲ့သည်။ အရင်တုန်းက ပိန်ညှပ်၍ အဝတ်အစားချိတ်ကဲ့သို့သာ ရှိခဲ့သည်။ ယခုမူ အလွန်ပင် လှပနေခဲ့ပေပြီ။
ယနေ့တွင် အပြာနုရောင် အင်္ကျီကို ဝတ်ထားသောကြောင့် အသားအရည်တို့က ကြည်လင်သန့်စင်ကာ အလွန်လှပနေခဲ့သည်။
ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့ကို ငေးစိုက် ကြည့်နေခဲ့သည်။ စုန့်ယီကလည်း ၎င်း၏အကြည့်ကိုမြင်သည်တွင် ဒေါသတကြီး စိုက်ကြည့်၍ ပြောလိုက်ပြန်သည်။
“မင်း ဘာကိုကြည့်နေတာလဲ.. ဘာလို့ မြန်မြန် မထွက်သွားသေးတာလဲ”