အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း(91)
စုန့်ယီတစ်ယောက် အိမ်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည်။
ညဆယ်နာရီခွဲထိသည်အထိ ချန်အန်းသယ်နှင့် လင်းမိန်ဟွေ့ တို့ ပြန်ရောက်မလာသေးချိန်တွင်တော့ သူ အလွန်ပင် စိုးရိမ်လာခဲ့ရလေ၏။
ကိုယ်တိုင်လည်း သွားရှာရန်အတွက်လည်း အဆင်ပြေလှပေ။
သူတို့ လမ်းတစ်ဝက်တွင် တစ်ယောက်ကိုတစ်ယောက် လွဲသွားမည်ကို စိုးရိမ်သောကြောင့် မြို့အဝင်ဝနားတွင်သာ လက်နှိပ်ဓာတ်မီးဖြင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့သည်။
ညက အလွန်ပင်နက်နေခဲ့ပေပြီ။
ဖားအော်သံများက နေရာတိုင်းမှ ထွက်နေခဲ့ကြပြီး လင်းနို့အနည်းငယ်ကလည်း အခါအားလျော်စွာ ပျံသန်းနေခဲ့ကြသည်။
စုန့်ယီ၏ အတွေးများက မကောင်းသည့်ကိစ္စများဖြင့် ပြည့်လာခဲ့၏။ ထိုအချိန်တွင် အဝေးမှ ဆိုင်ကယ်တစ်စီးလာနေကြောင်းကို မြင်လိုက်ရသောကြောင့် စုန့်ယီ ချက်ချင်း ထရပ်လိုက်သည်။
“ချန်အန်းသယ်၊ မိန်ဟွေ့ .. နောက်ဆုံးတော့ မင်းတို့ ပြန်လာပြီပဲ”
ချန်အန်းသယ်လည်း စုန့်ယီကို မြင်တွေ့လိုက်ပြီး ချက်ချင်းပင် ဆိုင်ကယ်ကို ရပ်ပေးလိုက်၏။
“စုန့်ယီ မင်း ဘာလို့ ဒီမှာရှိနေတာလဲ၊ တက်ခဲ့လေ… ငါ မင်းတို့နှစ်ယောက်ကို ပြန်ပို့ပေးမယ်”
ဆိုင်ကယ်သည် သိပ်မကြီးသောကြောင့် အမျိုးသားနှစ်ဦးနှစ်အမျိုးသမီးတစ်ဦးတို့ အတူ ထိုင်ရန် အနည်းငယ်ကျဉ်းကျပ်နေပုံရသည်။
လင်းမိန်ဟွေ့က ချန်အန်းသယ်ကို ဖက်ထားလိုခြင်း မရှိသောကြောင့် စုန့်ယီလည်း နောက်ဘက်သို့ ကိုင်းကာ ထိုင်ခဲ့ရသည်။
ကြမ်းတမ်းသောချိုင့်ခွက်များရှိနေသည့် လမ်းကို ဖြတ်သွားချိန်တွင်တော့ စုန့်ယီတစ်ယောက်အကြိမ်ပေါင်းများစွာ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။
လင်းမိန်ဟွေ့လည်း စုန့်ယီတစ်ယောက် အဆင်မပြေဖြစ်နေကြောင်းကို ခံစားမိခဲ့ပြီး သူ့လက်ကိုဆွဲယူကာ သူမ၏ခါးပေါ်သို့ တင်ပေးလိုက်၏။
စုန့်ယီတစ်ယောက် မျက်နှာတစ်ခုလုံးနီရဲသွားခဲ့သော်လည်း လက်ကိုလွှတ်ချခဲ့ခြင်း မရှိပေ။
သူ၏နှလုံးခုန်သံတို့က ဗုံတီးသကဲ့သို့ တဒုန်းဒုန်းမြည်နေသည်ကိုသာ ခံစားနိုင်တော့သည်။
ဆိုင်ကယ်ကို ဆိုင်တံခါးဝတွင် ရပ်လိုက်ပြီးနောက် ချန်အန်းသယ်က သူတို့နှစ်ဦးကို နှုတ်ဆက်ပြီးပြန်သွားလေ၏။
လင်းမိန်ဟွေ့က တံခါးကိုတွန်းဖွင့်ပြီး ဆိုင်ထဲသို့ဝင်လိုက်ပြီးနောက် စားပွဲခုံပုလေးပေါ်မှ ဟင်းများမလျော့သေးသည့် ပန်းကန်များကို တွေ့လိုက်ရသည်။
စုန့်ယီက သူမကို အချိန်ကြာမြင့်စွာ စောင့်နေခဲ့ကြောင်းကို တွေးတောလိုက်မိပြီး သူမ၏နှလုံးသားထဲတွင် ရှင်းမပြနိုင်လောက်အောင် နွေးထွေးသွားခဲ့၏။
“အစ်ကို စုန့်ယီ… ကျွန်မနှင့်ညချန်အန်းသယ်က အစ်မစုန့်တို့ အိမ်မှာ စားခဲ့ကြပြီ၊ ရှင် ခုထိ မစားရသေးဘူးလား”
စုန့်ယီအနေဖြင့် မူလက လင်းမိန်ဟွေ့ ပြန်လာသည့်အချိိန်ကို စောင့်ဆိုင်းပြီး အတူစားသောက်ရန် ရည်ရွယ်ခဲ့သည်။
သူက အစားအစာများကို အေးလာသည့်အချိန်တိုင်း အပူပြန်ပေးကာ နွှေးထားခဲ့သည်။
သို့သော်လည်း လင်းမိန်ဟွေ့မှ မေးချိန်တွင်တော့ သူမ စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် ထိုအကြောင်းကို ထည့်မပြောတော့ပေ။
“မင်းက သူ့ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ဖို့အတွက် ဒုက္ခခံပြီးသွားခဲ့တာလေ၊ ကိုယ်လည်း မင်းသိပ်မကြာလောက်ဘူးထင်ခဲ့တာ”
“ကျွန်မလည်း မကြာခင်ပြန်လာမလို့ပဲ.. ဒါပေမဲ့ ကျန်းကျစ်ကုန်းဆိုတဲ့ လူယုတ်မာနဲ့ ထပ်တွေ့ခဲ့တယ်.. သူက အုတ်ခဲပုံကို တွန်းချခဲ့တာလေ၊ အစ်မစုန့် ဒဏ်ရာရခါနီးဖြစ်သွားခဲ့တယ်”
“ဘာ! သူ ထပ်ပြီး ပြဿနာရှာပြန်ပြီလား”
လင်းမိန်ဟွေ့အနေဖြင့် မူလက စုန့်ယီ စိတ်ပူနေမည်စိုးရိမ်သောကြောင့် မပြောချင်ခဲ့ပေ။
သို့သော်လည်း နောက်ဆုံးတစ်ခေါက် ပိုးသတ်ဆေးကိစ္စပြီးနောက်တွင် လင်းမိန်ဟွေ့အနေဖြင့် မည်သည်အရာကိုပင်ဖြစ်စေ သူ့ကို ပြောပြမည်ဟု ကတိပေးခဲ့သောကြောင့် ယခု စုန့်ယီကို မဖုံးကွယ်ခဲ့တော့ချေ။
စုန့်ယီ ဒေါသထွက်နေသည်ကို မြင်လျှင် လင်းမိန်ဟွေ့က သူ့ကို ဆွဲခေါ်ရင်း ပြုံးလိုက်၏။
“ကျန်းကျစ်ကုန်းက အစက ပြဿနာရှာချင်ခဲ့တာ .. ဒါပေမဲ့ အုတ်စက်ရုံက အလုပ်သမားတွေဆီမှာ အဖမ်းခံရပြီး ရိုက်ခံလိုက်ရတယ်၊ သူက လူတော်တော်များများကို ရန်စထားတာထင်တယ်၊ အခုချိန်မှာတော့ လူတိုင်း သူ့ကို ရိုက်ချင်နေကြပြီလေ”
“ဒါဆို .. မင်း အဆင်ပြေရဲ့လား”
စုန့်ယီက လင်းမိန်ဟွေ့ကို ကြည့်လိုက်သည်။ သူ့အနေဖြင့် သူမကို အလွန်ပင် စိုးရိမ်နေခဲ့ပေ၏။
“ကျွန်မ အဆင်ပြေပါတယ်.. ကံကောင်းလို့ အစ်မစုန့်က ကျွန်မကို တွန်းလိုက်လို့ပေါ့.. မဟုတ်ရင် ကျွန်မကို ထိခိုက်မိမှာ သေချာတယ်၊ အဲဒီတုန်းက အစ်မစုန့်က အုတ်ခဲတွေအောက်မှာ ပိနေခဲ့တာ”
လင်းမိန်ဟွေ့က ပန်းကန်များကို သိမ်းဆည်းလိုက်လျှင် စုန့်ယီက တားဆီးလိုက်ပြီး သူ့ဘာသာသူ အလျင်အမြန်ရှင်းလိုက်သည်။
ညဘက် မအိပ်သေးမီ လင်းမိန်ဟွေ့က သူမ၏ဘေး၌ လဲလျောင်းနေသော စုန့်ယီဘက်သို့ လှည့်လာခဲ့၏။
ထို့နောက် လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ရင်း ပြောလာလေသည်။
“အစ်ကို စုန့်ယီ၊ ကျွန်မ ရှင်နဲ့ ဆွေးနွေးချင်တာ တစ်ခုရှိတယ်”
စုန့်ယီလည်း လင်းမိန်ဟွေ့ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက ရေစက်လေးများကဲ့သို့ ကြည်လင်ပြီး မျက်ဆံထဲမှ အလင်းပြန်မှုကလည်း သူမကို ပို၍ လှပနေစေခဲ့သည်။
“ပြောလေ”
လင်းမိန်ဟွေ့က အစ်မစုန့်နှင့် ဝမ်ကျင့်ဝမ့်တို့ ကြုံတွေ့နေရသော အခက်အခဲများကို ရှင်းပြလိုက်ပြီး အစ်မစုန့်၏ မတ်လေးကို အလုပ်ခန့်မည့်ကိစ္စကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြလိုက်၏။
“အစ်ကိုစုန့်ယီ၊ ကျွန်မကတော့ အလုပ်ပေးတဲ့နေရာမှာ ဘယ်သူပဲဖြစ်ဖြစ် အတူတူပဲလို့ ထင်တယ်၊ ဒီတော့ ခန့်ရမဲ့အတူတူ ကျွန်မတို့ကို ကူညီပေးနိုင်တဲ့သူကို ခန့်လိုက်ရအောင်…”
“ကောင်းပြီ ဒီအကြံက ကောင်းသားပဲ၊ ဒါ့အပြင် ကိုယ်တို့လည်း ကိုယ်ျို့အပေါ် ကောင်းခဲ့တဲ့လူတွေကို ပြန်ပြီး ကြည့်ပေးနိုင်တာပေါ့”
“အစ်ကို စုန့်ယီ… ရှင်က အရမ်းကောင်းတာပဲ၊ ကျွန်မကို နားလည်ပေးတယ် .. ပြီးတော့ အရာရာတိုင်းမှာလည်း ကျွန်မကို ထောက်ခံပေးတယ်”
လင်းမိန်ဟွေ့၏ တောက်ပသော မျက်လုံးများမှာ သူ့ထံသို ရောက်လာချိန်တွင် စုန့်ယီ၏ စိတ်နှလုံးတို့က ဝုန်းဒိုင်းကျဲလှုပ်ခတ်သွားလေ၏။ သူ ထိုအကြည့်ကို ရှောင်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ဒီဆိုင်အတွက် လုပ်တဲ့ကိစ္စတွေမှာ မင်းအနေနဲ့ ကျေးဇူးတင်ရာမလိုပါဘူး၊ မင်းက သူဌေးပဲလေ…ကိုယ်က မင်းရဲ့ အမိန့်တွေကို နာခံရမှာပေါ့၊ အိပ်တော့…မနက်ဖြန် လုပ်စရာတွေ ရှိသေးတယ်”
“ကောင်းပါပြီ”
လင်းမိန်ဟွေ့လည်း ဘေးသ်ို့ပြန်စောင်းလှည့်ကာ အိပ်စက်လိုက်လေ၏။
နောက်တစ်နေ့ မနက်စောစော၌ စုန့်မိန်ယွင်က သူမ၏ မတ်လေး ဝမ်ဟန်ကို ခေါ်၍ ယွင်ကျွမ်းမြို့သို့ ရောက်လာသည်။ သူမက လမ်းမေးပြီးနောက် ဤရေခဲမုန့်ဆိုင်ကို ရှာတွေ့ခဲ့လေ၏။
စုန့်မိန်ယွင်က သူမ၏ရှေ့မှ ဆိုင်ကို ကြည့်လိုက်သည်။ ဆိုင်က ကျဉ်းသော်လည်း အတွင်းပိုင်းက သန့်ရှင်းနေပြီး လင်းမိန်ဟွေ့၏ ဟန်ပန်အတိုင်း ထင်ရသည်။
ဆိုင်ခန်းကို နှစ်ပိုင်းခွဲထား၏။
အပြင်ဘက်က ရေခဲမုန့်လုပ်သည့်နေရာဖြစ်ပြီး အတွင်းခန်းက အနားယူသည့်အခန်း ဖြစ်ပေသည်။ စုန့်မိန်ယွင်တို့ ဝင်လာသောအချိန်တွင် လင်းမိန်ဟွေ့က စုန့်ယီကို ကူညီကာ ရေခဲမုန့်များ ထုပ်ပိုးနေခဲ့သည်။
လူတစ်ဦးဝင်လာသံကို ကြားလျှင် သူမက လှည့်မကြည့်ဘဲပြောလိုက်သည်။
“ခဏလေးနော်၊ ကျွန်မတို့ အခုပဲ ထုပ်ပြီးတော့မယ်”
“မိန်ဟွေ့.. အစ်မပါ”
လင်းမိန်ဟွေ့လည်း စုန့်မိန်ယွင် ဖြစ်နေကြောင်းကို သိသည်နှင့် ချက်ချင်း လှည့်လာခဲ့ပြီး စုန့်မိန်ယွင်၏ လက်ကို ဆွဲခေါ်လေ၏။
“အစ်မစုန့်… ရောက်လာပြီလား၊ အစ်မ ဘာစားချင်လဲ ကျွန်မ ချက်ကျွေးမယ်”
စုန့်မိန်ယွင်က ဝမ်ဟန်ကို လှမ်းခေါ်လိုက်လေသည်။
“ဝမ်ဟန်… ဒါက လင်းမိန်ဟွေ့ပဲ.. အခုကစပြီး မင်း သူ့ကို အစ်မလင်းလို့ ခေါ်ရမယ်!”
လင်းမိန်ဟွေ့လည်း အစ်မစုန့်နဲ့ရောက်လာသောသူကို ကြည့်လိုက်သည်။
ဝမ်ဟန်မှာ အသက် 18 ကျော်၊ 19 ခန့်ရှိပုံရ၏။ ဝမ်ကျင့်ဝမ့်နှင့် အလွန်တူသော်လည်း သူက ဝမ်ကျင်းဝမ့်ထက် ပို၍ရှက်တတ်သည်။
တစ်နှစ်ပတ်လုံး အလုပ်ကြမ်းများ လုပ်ခဲ့ရသောကြောင့် သူ့အသားအရေက ညိုမည်းနေပြီး သူ ပြုံးလိုက်သောအခါ၌ သူ၏ ဖြူဖွေးသော သွားများပင် ပေါ်လာတတ်ကာ အလွန်ရိုးသားပုံရ၏။
လင်းမိန်ဟွေ့က ဝမ်ဟန်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သော်လည်း ဝမ်ဟန် သူမကို အလွန်ကောင်းမွန်သော ထင်မြင်ချက်ကောင်းကို ပေးနိုင်ခဲ့သည်။
“အစ်မမိန်ဟွေ့… ကျွန်တော်က ရေခဲမုန့် မလုပ်ဖူးသေးတော့ လုပ်နိုင်မလားတော့ မသိသေးဘူး၊ လုပ်နိုင်ရင် ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး”
ဝမ်ဟန်က အလွန်နှိမ့်ချစွာ ပြောလိုက်၏။
“စိတ်မပူပါနဲ့…ကျွန်မ သင်ပေးပါ့မယ်၊ ဘာမှ စိတ်ပူစရာမလိုပါဘူး”
လင်းမိန်ဟွေ့က ရေခဲသေတ္တာထဲမှ ရေခဲမုန့်နှစ်ခုကို ထုတ်ယူပြီး အစ်မစုန့်နှင့် ဝမ်ဟန်ကို တစ်ခုစီ ပေးလိုက်သည်။
“ကျွန်မတို့ရဲ့ ရေခဲမုန့်ကို အရင်မြည်းကြည့်လိုက်ဦး၊ နောက်မှ ဆိုင်ကို ခေါ်သွားပေးမယ်…”
စုန့်မိန်ယွင်က ရေခဲမုန့်ကို လှမ်းယူလိုက်သော်လည်း ချက်ချင်း မစားသေးဘဲ ပတ်ပတ်လည်ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး လင်းမိန်ဟွေ့ကို မေးလေ၏။
“ဝမ်ဟန်က ညဘက်ကျရင် ဘယ်မှာအိပ်ရမှာလဲ၊ ညီမတို့နေရာက ပြည့်နေတော့ တခြားလူအတွက် ထပ်နေစရာ နေရာမရှိတော့ဘူး ထင်တယ်”
လင်းမိန်ဟွေ့ ခဏမျှ ကြောင်အသွားသည်။
ဝမ်ဟန်ကို အလုပ်ခန့်ရန်အတွေးမှာ လျှပ်တပြတ် စိတ်ကူးတစ်ခုသာဖြစ်ပြီး ညဘက်ကျလျှင် မည်သည့်နေရာတွင် အိပ်ရမည်ကို သူမ သေသေချာချာ မစဉ်းစားရသေးပါချေ။
လင်းမိန်ဟွေ့က ခဏမျှ စဉ်းစားပြီးသည်နှင့် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။
“ကျွန်မ နောက်ထပ်ဆိုင်ခန်းတစ်ခန်းကို ဂိုဒေါင်အဖြစ် ငှားလိုက်မယ်.. ပြီးတော့ ဝမ်ဟန့်ကို အဲဒီမှာနေခိုင်းပြီး ဂိုဒေါင်စောင့်ခိုင်းမယ်လေ”
စုန့်မိန်ယွင်မှာ ဝမ်ဟန့်အတွက်စီစဉ်ပေးပြီးနောက် အလုပ်သို့ အလျင်အမြန် ပြန်သွားခဲ့သည်။
*
အခန်း(92)
စုန့်ယီက ရေခဲမုန့်ပို့ရန်အတွက် ထွက်သွားခဲ့လေ၏။
လင်းမိန်ဟွေ့နှင့် ဝမ်ဟန်တို့နှစ်ယောက်က မြို့ထဲတွင် အခန်းတစ်ခုရှာဖွေခဲ့ကြသည်။
အခန်းရရှိပြီးနောက်တွင် ဝမ်ဟန်အတွက် နေ့စဥ်သုံးပစ္စည်းများကိုဝယ်ယူခဲ့ကြသည်။ သူကို နေရာချပေးပြီးနောက် လင်းမိန်ဟွေ့က ဆိုင်သို့ ပြန်လာခဲ့လေ၏။
တစ်ဖက်တွင်တော့ ချန်အန်းသယ်မှာ ကန်တင်းသို့ အစောကြီး ရောက်နေခဲ့သည်။ သူက ဆယ်နာရီခန့်အထိ စေဝင်းဆိုင်းနေခဲ့သော်လည်း လင်းမိန်ဟွေ့မှာ ယခုတိုင် ပေါ်မလာသေးပေ။
သူ့အနေဖြင့် လင်းမိန်ဟွေ့င အမြဲတမ်း အချိန်မှန်သူဖြစ်ပြီး ယနေ့ အတွက် အဘယ်ကြောင့်နောက်ကျနေရသည်ကို တွေးတောလိုက်မိသည်။ သူ တွေးတောနေချိန်တွင်ပင် လင်းမိန်ဟွေ့က သူ့ထံသို့ ခပ်သွက်သွက် လျှောက်လာနေသည်ကို မြင်လိုက်ရ၏။
“မိန်ဟွေ့… ဒီနေ့ ဘာလို့နောက်ကျနေတာလဲ၊ မနေ့က စုန့်ယီ မင်းကု ဆူပူလိုက်လို့လား”
ချန်အန်းသယ်အနေဖြင့် ယမန်နေ့က နောက်ကျနေသောကြောင့် စုန့်ယီက သိပ်ပြီးမပျော်ရွှင်နေလောက်ဟု ထင်နေခဲ့သည်။
ဆိုရလျှင် သူတို့က အမှန်တကယ်ပင်နောက်ကျပြီးမှ ပြန်ရောက်လာခဲ့ခြင်းပင်။
ချန်အန်းသယ်မှ မည်သည့်အရာများကို တွေးတောနေသည်ကို လင်းမိန်ဟွေ့က ခန့်မှန်းလိုက်မိပြီး အပြုံးတစ်ခုနှင့် ပြောလိုက်၏။
“အစ်မစုန့်က မနက်အစောကြီး ဝမ်ဟန့်ကိုလာပို့ပေးခဲ့တာလေ.. ဒါကြောင့် ကျွန်မ သူ့ကိုကူပြီး အိမ်ငှားပေးနေတာပါ...”
ချန်အန်းသယ်က မျက်ခုံးပင့်လျက် ပြောလာသည်။
“မိန်ဟွေ့၊ မင်း နည်းနည်းလောက် ပိုပြီး ကြင်နာလွန်းနေတာ မဟုတ်ဘူးလား…. အစားအသောက်ရော၊ နေထိုင်ဖို့အထိပါ စီစဉ်ပေးရတယ်ဆိုတော့…”
လင်းမိန်ဟွေ့က မည်သည့်စကားကိုမျှ မပြောဘဲ ပြုံးရုံသာ စင်ပေါ်ရှိ ပစ္စည်းများကို သပ်ရပ်အောင်ပြန်စီလိုက်လေ၏။
***
ယွမ်ကျွမ်းမြို့ အဝင်၌….။
ကျန်းကျစ်ကုန်းသည် သူ့ နောက်လိုက်များဖြစ်သည့် လူအများအပြားကို ခေါ်၍ လက်ထဲ၌ လက်နက်များ ကိုင်လျက် စုန့်ယီလာမည့် တစ်ခုတည်းသော လမ်းတွင် မနက်စောစောကတည်းက ကြိုစောင့်နေခဲ့သည်။
ကျန်းကျစ်ကုန်းက သူ့နောက်ရှိ လူများကို အော်ပြောလိုက်၏။
“ငါ မင်းတို့ကို ပြောထားမယ်နော် ဘယ်သူမှ လျှော့ပြီး မရိုက်နဲ့…မသန်မစွမ်းဖြစ်သွားလည်း ဖြစ်ပါစေ ငါဝာာဝန်ယူတယ်၊
ဒီကောင်က ငါ့မိန်းမကို ခိုးသွားတာ၊ ငါ့အိမ်ကိုလည်း ဖျက်ဆီးခဲ့တယ် ပြီးတော့ ငါ့စည်းစိမ်တွေကိုလည်း အသိမ်းခံရအောင်လုပ်ထားတာ၊
ဒီနေ့တော့ အဲဒါတွေအကုန်လုံးအတွက် သူ့ကို သွေးကြွေးပြန်ဆပ်ခိုင်းရမယ်”
ထိုလူမိုက်များက လက်ထဲ၌ သံတုတ်များ၊ သစ်သားတုတ်များ ကိုင်ထားကြပြီး အချို့မှာ ဓားမြှောင်များ ဆောင်ထားကြသည်။ သူတို့အားလုံးမှာ ကြမ်းတမ်းသည့် ပုံစံများ ရှိလေ၏။
သူတို့သည် စုန့်ယီကို သူတို့၏ ရန်သူဟု သတ်မှတ်ထားကြသည်။ ကျန်းကျစ်ကုန်း စီးပွားရေးလုပ်စဥ်က သူတို့မှာ အမြဲတမ်း လူချစ်လူခင်ပေါ၍ နာမည်ကြီးခဲ့ကြ၏။
သို့သော် ယခုမူ စုန့်ယီကြောင့် အရာအားလုံး ပျက်စီးသွားခဲ့ရသည်။ ယနေ့ သူ့ကို သင်ခန်းစာမပေးပါက နောင်တွင် မည်သို့ အဆင်ပြေနိုင်မည်နည်း။
ယခု ကျန်းကျစ်ကုန်းသည် ယခင်ကကဲ့သို့ သြဇာအာဏာ မရှိတော့သော်လည်း သူတို့က သူတို့အတွက် ဒေါသကို ဖြေနေကြခြင်း ဖြစ်၏။
ထိုအချိန်၌ စုန့်ယီက စက်ဘီးစီး၍ ရေခဲပုံးကြီးတစ်ပုံးကို ဆွဲလျက် သူတို့ရှိရာသို့ လာနေလေသည်။ ကျန်းကျစ်ကုန်းက သူ၏ လူများကို မဲ့ပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“သူ လာနေပြီ….ငါ့ပြောထားတာကို မှတ်ထား၊ ဘယ်သူမဆို လက်တွန့်ရင် သရဲဘောကြောင်တဲ့ ကောင်ပဲ၊ နောက်ဆို ငါ့ကို အစ်ကိုကြီးလို့ မခေါ်နဲ့တော့”
စုန့်ယီတစ်ယောက် အဝေးမှာကတည်းက ကျန်းကျစ်ကုန်းကို မြင်လိုက်ရသော်လည်း စက်ရုံသို့ ရေခဲမုန့် အမြန်ပို့ပေးရမည်ဖြစ်၍ မရပ်ဘဲ ဆက်လာခဲ့၏။
သူ ပိုနီးလာသည့်အခါတွင် ကျန်းကျစ်ကုန်းက ရုတ်တရက် ခုန်ထွက်လာပြီး သူ့လက်ထဲရှိ သံတုတ်ကို ဝေ့ရမ်းရင်း ပြောလိုက်သည်။
“ဘာလဲ… ဒီနေ့ မင်းကို ကူညီပေးနေတဲ့ကောင် မင်းနဲ့အတူ ပါမလာဘူးလား၊ မင်းတို့ ယောက်ျားနှစ်ယောက်နဲ့ မိန်းမတစ်ယောက်က ဘယ်တော့မှ ခွဲမှာ မဟုတ်ဘူးလို့တောင် ထင်နေတာလေ”
စုန့်ယီသည် ကျန်းကျစ်ကုန်းထံမှ ကောင်းသည့်စကား ထွက်လာမည်မဟုတ်ကြောင်းကို သိသောကြောင့် သူနှင့်စကားမပြောချင်ခဲ့ပေ။
မထင်မှတ်ဘဲ ကျန်းကျစ်ကုန်းက သူ့စက်ဘီး၏ အရှေ့ဘီးကို ခြေထောက်ဖြင့် ကန်၍ တားလိုက်၏။
စုန့်ယီအနေဖြင့် ဆက်သွားလိုသော်လည်း သွား၍မရတော့ပေ။ စက်ဘီးက ဟိုဘက်ဒီဘက် ယမ်းနေခဲ့သည်။
စုန့်ယီ မျက်ခုံးပင့်လျက် ပြောလိုက်သည်။
“ကျန်းကျစ်ကုန်း… လိမ်မာတဲ့ခွေးတစ်ကောင်က လမ်းကို ပိတ်မထားတတ်ဘူး၊ ငါ ရေခဲမုန့်ပို့ပြီး ပြန်လာမှ မင်းပြောချင်တာကို ဆက်ပြောတော့”
ကျန်းကျစ်ကုန်းက အရိုင်းအစိုင်းတစ်ယောက်ကဲ့သို့ ရယ်လျက် ပြန်ပြောလေ၏။
“မင်းက ငါနဲ့စကားပြောပြီး အကြောင်းပြချက်ပေးဖို့ ကြိုးစားနေတုန်းပဲလား၊ အရင်တုန်းက မင်းရဲ့ နံရိုးတွေ ကျိုးထားတာ ပျောက်သွားပြီလား၊ ငါနဲ့ရန်ဖြစ်ဖို့ရော အင်အားရှိလို့လား”
ယခင်တစ်ခေါက်အကြောင်း ပြောလိုက်သည့်အခါအတွင် စုန့်ယီ၏ မျက်နှာမှာ အလွန်မှောင်မိုက်သွားလေသည်။
ယခင်တစ်ခေါက်က ကျန်းကျစ်ကုန်းမှာ သူတို့၏ အိမ်သို့ လာကာ ပြဿနာရှာခဲ့သည်။
စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့ကို ကာကွယ်ရန်အတွက်သာ အာရုံစိုက်နေသောကြောင့် ကျန်းမိသားစုမှ တိုက်ခိုက်သည့်အချိန်တွင် ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်ခြင်းမရှိဘဲ နံရိုးများ ကျိုးသွားခဲ့၏။
သို့သော်လည်း ဤသည်က သူတို့ကို မနိုင်ဟု မဆိုလိုပေ။
“မင်း ငါ့ကို ဒီလိုမျိုး ထပ်မနှောင့်ယှက်အောင် ဘာလုပ်ပေးရမလဲ မင်းလိုချင်တာကို ပြောလိုက်၊ငါ စဥ်းစားပေးမယ်”
“ မင်းက ငါ့ကို ဘာမှမဟုတ်တဲ့ အရာအတွက် တောင်းဆိုပြီး အသနားခံစေချင်နေတာလား၊
ဘယ်မိသားစုကများ ငါ့ရဲ့ အလုပ်တွေကို ဖျက်ဆီးပြီး ငါ့မိသားစုကို ပျက်စီးအောင် လုပ်ခဲ့တာလဲ.. ငါအခုလိုဖြစ်သွားရသလို မင်းလည်း ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ် မထင်နဲ့”
ကျန်းကျစ်ကုန်းအနေဖြင့် စုန့်ယီ၏ လူကြီးလူကောင်းပတစ်ယောက်ကဲ့သို့အမူအရာမျိုးကို လုံးဝ သဘောမကျပေ ။
သူ့အနေဖြင့် စုန့်ယီက လူကောင်းအဖြစ်ဟန်ဆောင်ထားသည်ဟုသာ ခံစားရသည်။
သူကစုန့်ယီ၏ စက်ဘီးအနောက်၌ ပုံးတစ်ပုံး တင်ထားသည်ကို မြင်တွေ့သွားခဲ့လေ၏။
ထိုပုံးက ရေခဲမုန့်ပုံး ဖြစ်ကြောင်းကို သူ သိနေခဲ့သည်။
ကျန်းကျစ်ကုန်းက စက်ဘီးနားသို့ လျှောက်သွားခဲ့ပြီး စက်ဘီးကို ကန်ချလိုက်လျှင် ရေခဲမုန့်ပုံးသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
ကံကောင်းစွာဖြင့် ပုံးကို တင်းတင်းကျပ်ကျပ် ချည်ထားသည့်အတွက် ရေခဲမုန့်များကတော့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခြင်း မရှိပေ။
ဤသည်ကို မြင်သည့်အခါ ကျန်းကျစ်ကုန်းက အနားသို့လျှောက်သွားပြီး ထပ်နင်းရန်အတွက် ခြေထောက်မြှောက်လိုက်လေ၏။
စုန့်ယီက သူ့ကို အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်ပြီး ကျန်းကျစ်ကုန်း၏ ခါးအောက်ပိုင်းကို ကန်ကျောက်လိုက်သည်။
ဤကန်ချက်က အလွန်ပင် အားပြင်းသောကြောင့် ကျန်းကျစ်ကုန်းတစ်ယောက် မြေပြင်ကို မျက်နှာအပ်၍ လဲကျသွားရ၏။
သူ ဒေါသတကြီးဖြင့် မတ်တပ်ထရပ်လိုက်ပြီး ပါးစပ်ထဲမှ သဲများကို ထွေးထုတ်လိုက်ကာ သူ့လူများကို အော်ပြောလိုက်သည်။
“မင်းတို့ အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ…သူ့ကို ဖမ်းကြစမ်း၊ သူ့နံရိုးတွေကို အကုန်ရိုက်ချိုးပစ်လိုက်!”
ထိုလူများသည်လည်း မျက်လုံးများမှာ နီရဲနေခဲ့ပြီး စုန့်ယီထံသို့ ပြေးဝင်လာကြလေသညည်။
စုန့်ယီက ထိတ်လန့်သွားခြင်းမရှိချေ။ သူ ချွေးသုတ်ရန် အသုံးပြုသည့် လည်ပင်းမှ အဖြူရောင်ပဝါကို ပုခုံးပေါ်မှ ဆွဲယူလိုက်သည်။
သူ့အနေဖြင့် အပြင်သို့ ထွက်မလာခင်၌ အပူရှိန်ကြောင့် ပဝါခြောက်သွားမည်ကို စိုးရိမ်ခဲ့၏။ ထို့ကြောင့် ပဝါကို ရေစိုအောင်လုပ်ပြီး တင်းတင်းကျပ်ကျပ် လိမ်ထားခဲ့ခြင်းဖြစ်လေ၏။
လက်ရှိတွင်တော့ သူ့ထံသို့ ပြေးဝင်လာသည့် လူများကို စတင်ရိုက်နှက်တော့သည်။
“ဖြောင်း!”
ပထမဆုံးရိုက်ချက်က ဦးဆောင်၍ ပြေးလာသူ၏ လက်ထဲမှ သံတုတ်ကို လွင့်ထွက်သွားစေသည်။ ဒုတိယရိုက်ချက်မှာ နောက်လူတစ်ယောက်၏ မျက်နှာကို တိုက််ရရိုက်ပင် ထိသွားလေ၏။
တတိယရိုက်ချက်မှာမူ ပြေးဝင်လာသည့် ကျန်းကျစ်ကုန်း၏ ဗိုက်ကို ရိုက်လိုက်ချလိုက်သည်။ ကျန်းကျစ်ကုန်းမှာ ချက်ချင်းပင် ဗိုက်ကို အုပ်၍ ညည်းညူနေတော့သည်။
မနက်ခင်း၏ နေရောင်ခြည်က လမ်းမပေါ်သို့ တောက်ပစွာ ထိုးကျနေပြီး လမ်းဘေးရှိသစ်ပင်များမှာ မီးခိုးရောင်သမ်းသော အရိပ်များကို ဖြာကျနေစေခဲ့သည်။
စုန့်ယီက ထိုလူများ မတ်တပ်ပြန်မရပ်နိုင်ခင်မှာတင် တစ်ယောက်ပြီးတစ်ယောက် ကန်ကျောက်လိုက်ပြန်၏။
မတ်တပ်ရပ်လာသည့်သူများကိုလည်း နောက်တစ်ကြိမ် ထပ်ရိုက်ချလိုက်ပြီး ပြန်လဲကျစေခဲ့သည်။
ကျန်းကျစ်ကုန်း၏ မျက်နှာနှင့် နောက်ကျောတွင် အချိုးရာများဖြင့် ပြည့်နှက်နေလေသည်။ ထိုသူများအားလုံး မြေပြင်ပေါ် လဲကျ၍ မထနိုင်သည်ကို မြင်လျှင် စုန့်ယီက သူ့ ၏စက်ဘီးကို ကောက်ယူပြီး ခရီးဆက်သွားရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ကျန်းကျစ်ကုန်းက ရုတ်တရက် ထလာပြီး စုန့်ယီ၏ ခြေကျင်းဝတ်ကို ဆွဲကိုင်ကာ ဆောင့်ချလိုက်သည့်အတွက် စုန့်ယီမှာ ဟန်ချက်ပျက်၍ မတည်မငြိမ်ဖြင့် မြေပေါ်လဲကျသွားခဲ့တော့သည်။
တခြားလူများလည်း ဤအခြေအနေကို မြင်လျှင်ချက်ချင်းထထိုင်လုက်ကြပြီး စုန့်ယီကို လက်သီးဖြင့်ထိုးကာ ခြေထောက်ဖြင့် စတင်ကန်ကျောက်ကြတော့သည်။
ထိုအချိန်၌ လူတစ်ယောက်က မတော်တဆ ဖြတ်သွားရင်းဖြင့် ဤရန်ပွဲကို မြင်သွားခဲ့ပြီး လင်းမိန်ဟွေ့ကို အလျင်အမြန် သွားအကြောင်းကြားတော့သည်။
စုန့်ယီက သူတို့၏ ထောင်ချောက်ထဲသို့ အဘယ်ကြောင့် ကျရောက်နိုင်မည်နည်း။
သူက ကျန်းကျစ်ကုန်း၏ မျက်နှာကို အားပြင်းပြင်းနဲ့ ကန်လိုက်ရသောကြောင့် ကျန်းကျစ်ကုန်းက သူ့ ၏ခြေထောက်ကို လွှတ်ပေးလိုက်ရသည်။
စုန့်ယီက ချက်ချင်းထပြီး လက်သီးဖြင့် ထိုးကာ အနားမှာ ပြန်ထလာသူများကိုလည်း အားပြင်းပြင်းသုံးကာ လက်သီးဖြင့်ထိုးလိုက်လေ၏။
စုန့်ယီမှာ ဤတစ်ကြိမ်၌ မသနားတော့ဘဲ သူတို့၏ အဝတ်များကိုပါ ဆွဲဖြဲပြီး ထိုအဝတ်များဖြင်် သူတို့၏လက်များကို နောက်ကျောဘက်တွင် ချည်နှောင်ခဲ့လေသည်။
“မင်းတို့ ငါနဲ့ ဆက်ပြီးရန်ဖြစ်ချင်သေးလား ”
“မဖြစ်ချင်တော့ပါဘူး အစ်ကိုစုန့်…ကျွန်တော်တို့ မှားပါတယ်၊ ကျွန်တော်တို့ ရန်မဖြစ်ရဲတော့ပါဘူး”
ကျန်းကျစ်ကုန်း၏ လက်အောက်ငယ်သားများက နာကျင်ရမည်ကိုကြောက်ရွံ့ကာ တောင်းပန်လာကြလေ၏။
စုန့်ယီကလည်း ကျန်းကျစ်ကုန်းကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူ့၏ စက်ဘီးကိုပြန်မ,ကာ ထွက်ခွာသွားခဲ့တော့သည်။