အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း(93)
လင်းမိန်ဟွေ့တစ်ယောက် ဆိုင်ထဲတွင်ထိုင်ကာ ပစ္စည်းများရောင်းနေခဲ့သည်။ ထိုအချိန်တွင် သူတို့နဲ့ အနည်းငယ် ရင်းနှီးသည့်လူတစ်ယောက် ရောက်လာသည်ကို မြင်လိုက်ရလေသည်။
ထိုလူက တံခါးတွန်းဖွင့်ပြီး အော်ပြောလေ၏။
“လင်းမိန်ဟွေ့ မကောင်းတော့ဘူး.. ကျန်းကျစ်ကုန်းနဲ့ သူ့လူတွေက နောက်တစ်ခါ ပြဿနာလာရှာပြန်ပြီ၊ သူတို့က စုန့်ယီနဲ့ ရန်ဖြစ်နေကြတာ၊
စုန့်ယီက အခုမြေပေါ်မှာလဲကျတဲ့အထိ အုပ်စုလိုက် ဝိုင်းပြီး အရိုက်ခံနေရတယ်၊ သူ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်ရတယ်!”
ချန်အန်းသယ်မှာ စာရင်းရှင်းနေစဥ် ဤစကားကို ကြားသည်နှင့် အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သည်။ လင်းမိန်ဟွေ့က သူ့ကို ဆွဲ၍ တားလိုက်၏။
“ရှင် လူနည်းနည်းလောက် ထပ်ခေါ်လိုက်ဦး…ကျွန်မ သူတို့ကို သွားပြီးတားလိုက်မယ်၊ ကျန်းကျစ်ကုန်းက အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျွန်မကိုတော့ ဘာမှလုပ်မှာ မဟုတ်ဘူး... မြန်မြန်သွား!”
ချန်အန်းသယ်လည်း ချက်ချင်းပင် သူ့လက်ထဲရှိ ဘောပင်ကို ပစ်ချလိုက်ပြီး ဆိုင်ခန်းထဲမှထွက်ကာ ပတ်ဝန်းကျင်မှ လူများကိုသွားခေါ်ရန် ပြေးထွက်သွားခဲ့သည်။
လင်းမိန်ဟွေ့လည်း လာရောက်သတင်းပေးခဲ့သော လူ၏ စက်ဘီးကို ငှားရမ်းပြီး မြို့ဝင်ပေါက်သို့ နင်းသွားခဲ့၏။ မကြာမီပင် လင်းမိန်ဟွေ့ ထိုနေရာနားသို့ ရောက်လာခဲ့သည်။
သူမ ရောက်ရှိလာချိန်တင် စုန့်ယီကို မတွေ့ရတော့ပေ။ ကျန်းကျစ်ကုန်းက သူ့၏လက်မောင်းနှင့် ခြေထောက်များကို ပွတ်သပ်ပြီး ကျိန်ဆဲနေခဲ့သည် တွေ့ရသည်။
သူ၏ လူများမှာလည်း ဖုန်များဖြင့် ပေနေပြီး တစ်ချို့မှာမူ ပါးစပ်ထောင့်မှ သွေးများပင်ထွက်နေ၏။
လင်းမိန်ဟွေ့က သူ့ကို အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်သည်။
“အစ်ကိုစုန့်ယီ ဘယ်မှာလဲ!”
ကျန်းကျစ်ကုန်းက ချက်ချင်းပင် ဒေါသတကြီးဖြင့် ပြန်ဖြေလိုက်၏။
“သေပြီ”
လင်းမိန်ဟွေ့၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
သို့သော် စုန့်ယီကိုမူ မတွေ့ရသေးပေ။ သူမ၏ စိုးရိမ်စိတ်တို့က ပိုတိုးလာခဲ့၏။
သူမ ထိုနေရာသို့ ပြေးဝင်သွားပြီး ကျန်းကျစ်ကုန်းကို အော်ပြောလိုက်သည်။
“ရှင် သူ့ကို ဘယ်နေရာကို ခေါ်သွားတာလဲ ! ကျွန်မကိုအခုပြောလိုက်၊ မဟုတ်ရင် ကျွန်မ ရဲကို ခေါ်လိုက်မှာ”
ကျန်းကျစ်ကုန်းမှာ ရဲကို ခေါ်မည်ဆိုသည့် စကားကြောင့် ဒေါသတို့ ပိုထွက်သွားခဲ့ပုံရ၏။
ယခင်တစ်ခေါက်က ရဲဖမ်းခံခဲ့ရချိန်တွင် သူ ရဲစခန်း၌ တစ်ရက်နှင့်တစ်ည အချုပ်ခံခဲ့ရသည်။
ဒေသခံလူမိုက်များနှင့် ဂန်းစတားများကလည်း သူ အချုပ်ကျခံရသည်ကို မြင်တွေ့သွားခဲ့ကြသောကြောင့် သူ့အနေဖြင့် အနည်းနှင့်အများ အရှက်ခွဲခံခဲ့ရသကဲ့သို့ ခံစားခဲ့ရသည်။
သူ လင်းမိန်ဟွေ့ကို စိုက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
“မင်း ရဲကို ခေါ်ချင်တယ်ပေါ့၊ မင်းကို ခေါ်ချင်ရင် ခေါ်လိုက်၊ ငါ ပြောထားမယ်…မင်း ရဲကို ခေါ်လိုက်တာနဲ့ ငါ မင်းကို အရှင်လတ်လတ်ဆုတ်ဖြဲလိုက်မယ်၊ မင်း ယုံလားမယုံဘူးလား”
လင်းမိန်ဟွေ့အနေဖြင့် သူမက စုန့်ယီကို ကယ်တင်ချင်ရုံသာဖြစ်သော်လည်း ကျန်းကျစ်ကုန်းကို ဒေါသထွက်အောင် လုပ်မိသွားမည်ဟု မထင်မှတ်ထားခဲ့ပေ။
သူမက အနောက်သို့ အနည်းငယ်ဆုတ်လိုက်မိသည်။ သို့သော်လည်း မထင်မှတ်ဘဲ သူတို့အားလုံးက ထရပ်ပြီး လင်းမိန်ဟွေ့ကို ဝိုင်းလိုက်ကြ၏။
“အစ်ကိုကြီး.. ဒါက ကျွန်တော်တို့ရဲ့ခယ်မလေးပဲလေ.. ဟုတ်တယ်မလား၊ သူက အတော်လေး ဆွဲဆောင်မှုရှိသားပဲ၊ ကျွန်တော်တို့ သူ့ကို ဖမ်းပြီး အစ်ကိုကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမလား”
ကျန်းကျစ်ကုန်းအနေဖြင့် သူ့၏လူအချို့ကို သူ လင်းမိန်ဟွေ့ကို လက်ထပ်လိုကြောင်း ပြောထားခဲ့ဖူးသည်။
ထိုလူမိုက်များမီာ ဤသို့သောကိစ္စမျိုးကို ကြုံရသည့်အတွက် စိတ်အား တက်ကြွနေကြပြီး ကျန်းကျစ်ကုန်းနှင့် လင်းမိန်ဟွေ့တို့ မင်္ဂလာဦးအခန်းထဲသို့ ဝင်သည်ကို မြင်တွေ့ချင်နေခဲ့ကြ၏။
ကျန်းကျစ်ကုန်းက သူတို့၏အကြံအစည်ကို ကြားပြီးနောက် သေချာပေါက် စိတ်ဝျင်စားသွားခဲ့ပြီး မကောင်းသည့်အလိုဆန္ဒများ ဖြစ်ပေါ်လာလေသည်။
“ကောင်းလိုက်တဲ့အကြံပဲ … ငါ မိန်းမတစ်ယောက်နဲ့အတူမရှိတာ အတော်ကြာပြီ၊ အခု သူမကို ငါ့ရဲ့ ဆုံးရှုံးမှုအတွက် လျော်ကြေးပေးခိုင်းရတော့မှာပေါ့”
လူမိုက်များက အရှေ့သို့ တိုးလာပြီး လင်းမိန်ဟွေ့၏ လက်များကို ကြိုးတုပ်လိုက်ကြသည်။
ထို့နောက် သူတို့ယခင်က ဝှက်ထားခဲ့သော ပျက်စီးနေသည့် ဗန်ကားတစ်စီးထဲသို့ သူမကို တွန်းတင်ကာ အရှိန်ပြင်းစွာဖြင့် မောင်းထွက်သွားကြလေ၏။
ချန်အန်းသယ်တစ်ယောက် ယွမ်ကျန်းမြို့မှ သူငယ်ချင်းတချို့ကို ခေါ်ပြီး မြို့ဝင်ပေါက်သို့ ရောက်ရှိလာချိန်တွင် လင်းမိန်ဟွေ့ကို မတွေ့ရတော့ပေ။
သူ ဘေးနားရှိ စိုက်ခင်းများထဲတွင် အလုပ်လုပ်နေသည့် လူများကို လိုက်လံမေးမြန်းသည့်အချိန်တွင် ထိုသူများအားလုံးက လင်းမိန်ဟွေ့ကို လူအုပ်စုတစ်ခုက ဗန်ကားထဲသို့ ထည့်၍ ခေါ်သွားကြသည်ဟု တစ်ညီတစ်ညွတ်တည်း ပြောလာခဲ့ကြသည်။
ချန်အန်းသယ်တစ်ယောက် အလွန်ဒေါသထွက်သွားပြီး သူ့ဆိုင်ကယ်ကို မောင်း၍ လိုက်သွားလေသည်။
သို့သော် ဆယ်မိုင်မက လိုက်ရှာခဲ့သော်လည်း လင်းမိန်ဟွေ့ကို မတွေ့ရသေးပေ။
ချန်အန်းသယ်တစ်ယောက် ခံစားချက်မကောင်းတော့ပေ။
ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့ကို နာကျင်အောင် လုပ်လိုက်ရင်ရော?
ဒါပေမဲ့ အဲဒီလိုဆိုရင် သူ ရာဇဝတ်မှုကျူးလွန်လိုက်တာပဲမလား။
ညဘက်သို့ရောက်လာသည်အထိ ချန်အန်းသယ်တစ်ယောာက် မြို့ပေါက်ဝ၌ တစ်ယောက်တည်း ထိုင်ပြီး စုန့်ယီပြန်လာသည်ကို စောင့်နေခဲ့၏။
ညရှစ်နာရီတွင် စုန့်ယီက စက်ရုံမှ စက်ဘီးဖြင့် ပြန်ရောက်ရှိလာသည်။
ချန်အန်းသယ်ကို မြင်လိုက်ရသောကြောင်း သူ ချက်ချင်း မေးလိုက်၏။
“မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ မိန်ဟွေ့ရော ဘယ်မှာလဲ”
စုန့်ယီအနေဖြင့် ချန်အန်းသယ်၏ မျက်နှာတစ်ခုလုံးက မည်းမှောင်နေသည်ကို မြင်လျှင် တစ်စုံတစ်ခု မှားနေပြီဟု ချက်ချင်း သဘောပေါက်သည်။
သူ ဒဆါသတကြီး ပြောလိုက်၏။
“ကျန်းကျစ်ကုန်းက မိန်ဟွေ့ကို ထိခိုက်အောင် လုပ်လိုက်ပြီန်ပြီလား၊ မင်း တစ်ခုခုပြောစမ်းပါ”
ချန်အန်းသယ်လည်း နဂိုကတည်းက ဖုံးကွယ်ရန် အမတွေးထားသောကြောင့် စုန့်ယီကို ပြောပြလေသည်။
“လင်းမိန်ဟွေ့ကို ကျန်းကျစ်ကုန်း ခေါ်သွားတယ်၊ သူ အခု ဘယ်မှာရှိနေလဲတောင် မသိရသေးဘူး၊ သူတို့ မိန်ဟွေ့ကို ထိခိုက်အောင် လုပ်မှာစိုးလို့ ရဲကိုလည်း မခေါ်ရဲဘူး ..ဒါကြောင့် မင်းပြန်လာတာကို ဒီမှာပဲ ထိုင်စောင့်နေရတာ”
“ဒီခွေးရူးလိုကောင်...”
စုန့်ယီ ဒေါသတကြီးဖြင့် လက်သီးဆုပ်လိုက်မိ၏။
သူ့အနေဖြင့် ကျန်းကျစ်ကုန်းကို ချက်ချင်းရှာပြီး သေငည်အထိရိုက်နှက်ချင်နေခဲ့သည်။
“ဒါဆို ဘယ်လိုလုပ်ကြမလဲ”
စုန့်ယီပင် မည်သို့လုပ်ရမည်ကို မသိကြောင်း မြင်လိုက်ရလျှင် ချန်အန်းသယ် ပို၍ ထိတ်လန့်သွား၏။
စုန့်ယီ ခဏမျှ စဉ်းစားပြီး ပြောလိုက်လေသည်။
“အရင်ဆုံး ဆိုင်ကို ပြန်မယ်.၊ကျန်းကျစ်ကုန်းက တစ်ခုခုတောင်းဆိုလာမလား စောင့်ကြည့်ရမယ်၊ တကယ်လို့ ဘာသတင်းမှ မရဘူးဆိုရင်တော့ သူဘယ်မှာရှိနေလဲ သိရအောင် နီးစပ်ရာမြို့တွေကို သွားပြီး စုံစမ်းကြမယ်”
သူတို့နှစ်ယောက်ဆိုင်သို့ ပြန်ရောက်ချိန်တွင် ဝမ်ဟန်က တံခါးဝတတွင် ထိုင်စောင့်နေသည်ကို တွေ့လိုက်ရ၏။
သူ့၏ လက်ထဲတွင် စာရွက်တစ်ရွက်ကို ကိုင်ထားပြီး သူ့မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။
စုန့်ယီနှင့် ချန်အန်းသယ်ကို မြင်လိုက်ရသသည်နှင့် သူက ချက်ချင်း ပြေးလာလေ၏။
“အစ်ကိုကြီး ၊ တစ်ယောက်ယောက်က ကျွန်တော်တို့ဆိုင်တံခါးဝမှာ စာရွက်တစ်ရွက် ထိုးထည့်ထားတယ်၊ အစ်မမိန်ဟွေ့ကို ပြန်ပေးဖို့အတွက် ယွမ် တစ်သောင်း တောင်းထားတယ်… ဘယ်လိုလုပ်ရမလဲ”
ဝမ်ဟန်အနေဖြင့် သူ အလုပ်စဝင်သည့် ပထမဆုံးနေ့၌ ဤသို့သောကိစ္စမျိုး ကြုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဤသည်မှာ ပြန်ပေးဆွဲမှုဖြစ်ပြီး ကျန်းကျစ်ကုန်းက ပြင်းထန်သည့် ရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်။
စုန့်ယီက စာရွက်ကို ယူကြည့်လိုက်၏။ အထဲတွင် ရှင်းရှင်းလင်းလင်း ရေးထားပေသည်။
သူတို့က ယွမ် တစ်သောင်းကို ပြင်ဆင်၍ မနက်ဖြန် မြို့အဝင်ဝသို့ ပို့ပေးရမည်။
ငွေ နှင့် လူကို လဲလှယ်ကြမည် ဖြစ်သည်။
စုန့်ယီတစ်ယောက် ဒေါသတကြီး လက်သီးဆုတ်ကာ အံကြိတ်လိုက်၏။
သူ မနက်ပိုင်းမှာာကတည်းက ကျန်းကျစ်ကုန်းကို အသေသတ်ခဲ့ရမှာ!
ထိုခဏနတွင် စုန့်ယီတစ်ယောက် ရုတ်တရက် ဝမ်ဟန်နှင့် ကျန်းကျစ်ကုန်းတို့က တစ်မြို့တည်းသားများ ဖြစ်နေကြောင်းကိုသတိရသွား၏။ သူ ဝမ်ဟန်ကို ဖမ်းဆွဲပြီး မေးလိုက်သည်။
“ဝမ်ဟန် …မင်းတို့မြို့မှာ သူငယ်ချင်းတွေ ရှိလား၊ ကျန်းကျစ်ကုန်း ဘယ်ကို မကြာခဏ သွားတတ်လဲဆိုတာ မင်း သိလား၊ အမြန်စဉ်းစားကြည့်ပါဦး”
ဝမ်ဟန်မှာ ခြိမ်းခြောက်စာကို မြင်လိုက်ရသောကြောင့် အနည်းငယ်ကြောက်လန့်နေခဲ့၏။
ယခု စုန့်ယီမှ သူ့ကို ဤသို့စိုက်ကြည့်လာချိန်တွင် ပို၍ပင် စကားမပြောနိုင်ဖြစ်သွားလေသည်။
ခဏကြာမှာသာ သူ တုန်ရီစွာနှင့် ပြောလိုက်၏။
“ကျန်းကျစ်ကုန်းရဲ့ ဇာတိက ယွမ်ဟဲရွာပဲ၊ သူ့ရဲ့ ဆွေမျိုးဝေး တချို့က အဲဒီမှာ သူ့အိမ်ကို ကူစောင့်ပေးကြပုံရတယ်၊ သူတို့က များသောအားဖြင့် တောရိုင်းတိရစ္ဆာန်တွေကို လိုက်ဖမ်းပြီး အဲဒီမှာပဲ နေကြတာ”
စုန့်ယီလည်း ရုတ်တရက် မျှော်လင့်ချက် ပြန်တွေ့လာပြီး ချန်အန်းသယ်ကို ကြည့်လိုက်သည်။
“မင်း ယွမ်ဟဲရွာကို ရှာနိုင်မလား”
ချန်အန်းသယ်က ခေါင်းခါလေ၏။
သူသည် ယွမ်ကျန်းမြို့၌ ကလေးဘဝကတည်းက ကြီးပြင်းလာခဲ့ခြင်းပင်။ တခြားနေရာများ လျှောက်သွားဖူးခဲ့သော်လည်း အများစုက ခရိုင်နှင့် မြို့ကိုသာ သွားခြင်းများ၍ ရွာကိုမူ သိပ်မသွားခဲ့ပေ။
ဝမ်ဟန့်က သူ ကူညီပေးမည်ဟု ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ… ကျွန်တော် အစ်ကိုနဲ့အတူ လိုက်ခဲ့မယ်၊ ကျွန်တော်တို့ အစ်မမိန်ဟွေ့ကို သေချာပေါက် ရှာတွေ့မှာပါ”
ချန်အန်းသယ်လည်း ချက်ချင်းပင် ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။
စုန့်ယီကတော့ အိမ်ထဲသို့ ဝင်ကာ ဤရက်ပိုင်းအတွင်း ရှာဖွေထားသည့် ယွမ်နှစ်ထောင်ကျော်ကို သူ့ရင်ဘတ်ထဲသို့ ထည့်လိုက်၏။
ထို့နောက် သူနှင့် ဝမ်ဟန်တို့နှစ်ယောက်လုံး ဆိုင်ကယ်ပေါ်သို့တက်၍ ယွမ်ဟဲရွာသို့ စတင်ထွက်ခွာခဲ့ကြသည်။
*
အခန်း(94)
ယွမ်ဟဲရွာ၌..
ရွာ၏ နောက်ကျောဘက်တွင် တောင်များ တည်ရှိနေပြီး အရှေ့ဘက်တွင် မြစ်ငယ်လေးတစ်စင်းရှိ၏။ ရွာက မှောင်မိုက်နေပြီး အိမ်အနည်းငယ်သာ မီးထွန်းထားလေသည်။
တောင်ခြေ၌ သိုးမွေးသည့် မိသားစုတစ်စုလည်း ရှိပြီး သိုးများက မကြာခဏ အော်မြည်နေကြ၏။
ကျန်းကျစ်ကုန်းအနေဖြင့် လင်းမိန်ဟွေ့ကို ပြန်ပေးဆွဲပြီး မည်သည့်နေရာကိုမျှ သွားစရာမရှိတော့ပေ။
အဆုံးတွင်တော့ ရဲက ဖမ်းမိမည်ကို ကြောက်သည့်အတွက် လင်းမိန်ဟွေ့ကို သူ့ဇာတိရွာဖြစ်သည့် ယွမ်ဟဲရွာသို့သာ ခေါ်သွားပြီး အိမ်ဟောင်းထဲ၌ သော့ခတ်ထားလိုက်သည်။
သူကတော့ လူမိုက်အချို့နှင့်အတူ အရက်သောက်၊ ဖဲရိုက်နေ၏။
လူမိုက်တစ်ယောက်က ကျန်းကျစ်ကုန်းကို စနောက်လိုက်သည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ မိန်းမက တစ်ရက်လုံး စောင့်မျှော်နေတာကို ဘာတွေ စိုးရိမ်နေလို့ မသွားသေးတာလဲ”
အားလုံးက ဝိုင်းရယ်နေကြ၏။
ကျန်းကျစ်ကုန်းက ဆေးလိပ်ကို သောက်ရင်း မတတ်သာသည့်ပုံစံနှင့် ပြောလိုက်သည်။
“လင်းမိန်ဟွေ့က တော်တော်ဒေါသကြီးတယ်၊ ငါသာ အခုနေ ဝင်သွားကြည့်ပါ့လား သူ ငါ့ငယ်ပါကို ချိုးပစ်လိမ့်မယ်”
ဤစကားကို ကြားလိုက်ရလျှင် အားလုံးက ပို၍ ကျယ်လောင်စွာ ရယ်မောကြ၏။
တစ်ယောက်က ကျန်းကျစ်ကုန်းကို တွန်း၍ ပြောလိုက်သည်။
“အစ်ကိုကြီး ဘာလို့ ခါတိုင်းလို အနိုင်ကျင့်တဲ့ပုံစံမျိုး မလုပ်တာလဲ၊ အတင်းအဓမ္မ လုပ်တာက စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ကြားဖူးတယ်”
ကျန်းကျစ်ကုန်းက ထိုလူကို ကြည့်ပြီး လှောင်ပြောင်လေ၏။
“မင်းက ကြမ်းတမ်းတဲ့မိန်းမကို တစ်ခါမှ မမြင်ဖူးသေးလို့ပါကွာ၊ မင်း အတင်းလုပ်ဖို့ သတ္တိရှိရင် သူက မင်းကို သွေးထွက်အောင် လုပ်လိမ့်မယ်၊ ငါ အရင်က အများကြီး ခံခဲ့ရပြီးပြီ….ဒဏ်ရာရချင်စိတ် မရှိတော့ဘူး”
လူအချို့က စကားပြောရင်း ရယ်မောနေကြသည်။ ထိုအခိုက်တွင် ထောင့်၌ တိတ်ဆိတ်နေသည့် ရှောင်လျိုကျူက ခေါင်းထောင်ပြီး ပြောလိုက်၏။
“အစ်ကိုကြီး…ကျွန်တော့်မှာ ပစ္စည်းကောင်း နည်းနည်းပါးပါး ရှိတယ်၊ သူ့ကို သောက်ခိုင်းလိုက်တာနဲ့ သူက စကားနားထောင်ပြီး ပျော်စရာကောင်းလိမ့်မယ်၊ အစ်ကိုကြီး စမ်းကြည့်ချင်လား”
“ဘာလဲ”
“ဒါက အပျော်ဂေဟာတွေမှာ သုံးကြတာ၊ တော်တော်လေးထိရောက်ပြီး မိန်းကလေးတွေအများကြီးကိုလည်း သုံးဖူးတယ်တဲ့”
ကျန်းကျစ်ကုန်းက စိတ်ဝင်စားသွားပြီး ဖဲချပ်များပင် ချ၍ ရှောင်လျိုကျူကို လက်ယပ်ခေါ်လေသည်။
“ဒီကိုယူလာခဲ့!”
ရှောင်လျိုကျူက သူ့လက်ထဲရှိ ဆေးအထုပ်တစ်ထုပ်ကို ထုတ်လိုက်ပြီး ကျန်းကျစ်ကုန်းကို သတိပေးလေ၏။
“အစ်ကိုကြီး…ဒါတွေကို အများကြီး မထည့်ရဘူးနော်၊ အများကြီးထည့်မိရင် အသိမဝင်တော့ဘဲ အိပ်ပျော်သွားလိမ့်မယ်...”
“ဆက်ပြီး မပြောနဲ့တော့၊ ဒီလို ပစ္စည်းကောင်းကို အစောကြီးကတည်းက ဘာလို့ မထုတ်တာလဲ၊ မင်းက ဒီမှာ ငါ့ကို လှောင်ပြောင်ဖို့ ရောက်နေတာလား”
ကျန်းကျစ်ကုန်းက ဆေးများကို လုယူလိုက်သည်။ ထို့နောက် နှစ်လုံးယူပြီး ချေမွကာ ကြွေပန်းကန်လုံးထဲသို့ ထည့်လိုက်၏။
ထို့နောက် ဆေးများကို အညီအမျှ ရောသွားအောင် လှုပ်ပေးလိုက်ပြီး ထရပ်ကာ အိမ်ဟောင်းဆီသို့ သွားလေ၏။
*
လင်းမိန်ဟွေ့အနေဖြင့် လက်နှင့်ခြေထောက်များကို ကြိုးတုပ်ခံထားရသည့်အတွက် လှုပ်ရှား၍မရခဲ့ပေ။
သူမက ထွက်ပြေးရန် နည်းလမ်းများကို စဉ်းစားနေစဥ်မှာပင် တံခါးကို သော့ဖွင့်သံ ကြားလိုက်ရသည့်အတွက် ချက်ချင်းပင် အိပ်ချင်ယောင်ဆောင်လိုက်၏။
အပြင်ဘက်မှ မှိန်ပြပြ လရောင်ကြောင့် လင်းမိန်ဟွေ့အနေဖြင့် ဝင်လာသည့်သူက ကျန်းကျစ်ကုန်း ဖြစ်ကြောင်းကို မြင်လိုက်ရသည်။
သူက ကြွေပန်းကန်လုံးတစ်လုံးကို ကိုင်၍ သူမ အနားသို့ လျှောက်လာလေ၏။
“ရေ နည်းနည်းသောက်မလား”
လင်းမိန်ဟွေ့က ကျန်းကျစ်ကုန်းကို အာရုံမစိုက်ပေ။ သို့သော်လည်း သူမ လှောင်ရယ်သံကို ကြားလိုက်ရသည်။
“ငါ စုန့်ယီကို စာနဲ့ သတင်းပို့လိုက်ပြီ .. မင်းကို ပြန်ရွေးဖို့ ယွမ် တစ်သောင်း ယူလာခိုင်းထားတယ်၊ မင်း ဒီရေကို မသောက်ဘဲနေရင် စုန့်ယီရောက်ဘာတဲ့အထိ မစောင့်နိုင်ဘဲ ရေငတ် သေမှာပဲ၊ အဲအချိန်ကျရင်တော့ငါနဲ့မဆိုင်ဘူးနော်”
လင်းမိန်ဟွေ့င အမှန်ပင် အနည်းငယ် ရေငတ်နေ၏။ လမ်းခရီးက ကြမ်းတမ်းပြီး သူမမှာလည်း ထိတ်လန့်နေခဲ့ရသည်။ သူမ၏ နှုတ်ခမ်းများမှာ ကွဲထွက်တော့မည့်အလား ခြောက်ကပ်နေ၏။
ယခုအချိန်တွင် လင်းမိန်ဟွေ့အတွက် အရေးကြီးဆုံးအရာမှာ သူမ၏ အင်အားများကို ချွေတာရန်ပင်ဖြစ်၏။ ကျန်းကျစ်ကုန်းက ရေခွက်ကို ပြန်ဆွဲယူခါနီးတွင် လင်းမိန်ဟွေ့က ပြောလိုက်သည်။
“ကျွန်မ ရေသောက်ချင်တယ်!”
ကျန်းကျစ်ကုန်းတစ်ယောက် အကြံအောင်မြင်သွားသဖြင့် သူ့နှုတ်ခမ်းပေါ်တွင် ဆိုးသွမ်းသည့် အပြုံးတစ်ခု ပေါ်လာခဲ့၏။
သူက ရေခွက်နှင့်အတူ လင်းမိန်ဟွေ့ထံသို့ လျှောက်လာကာ လူကောင်းဟန်ဆောင်၍ ပြောလေသည်။
“လိမ္မာတယ်….ကလေးလေးလို အမြဲ ဆိုးမနေနဲ့ အသုံးမဝင်ဘူး”
လင်းမိန်ဟွေ့က ရေသောက်ပြီးသည်နှင့် ကျန်းကျစ်ကုန်းကို ကြည့်၍ ပြောလိုက်သည်။
“ကျွန်မ သန့်စင်ခန်းသွားချင်တယ်”
ဤစကားကို ကြားလျှင် ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့ကို စိုက်ကြည့်ကာ သူမ ထွက်ပြေးရန် ကြိုးစားနေသည်ဟု တွေးမိသွားလေ၏။
“မင်းက ကြက်နှစ်ဖွားလား…ရေသောက်လိုက်တာနဲ့ ပြန်ထွက်တော့မယ်ပေါ့ ၊ ငါပြောမယ်… မင်းဒီမှာ ငါနဲ့အတူနေ ..မဟုတ်ရင် ငါမင်းကို တစ်စဆီလုပ်ပစ်လိုက်မယ်”
လင်းမိန်ဟွေ့အနေဖြင့် အမှန်တကယ်ပင် ထွက်ပြေးရန် တွေးတေနေခဲ်သည်။ သူမက ဤနေရာရှိ လမ်းကြောင်းများကို သိချင်နေ၏။
ထိုသို့သိထားပါက နောက်တစ်ကြိမ် ထွက်ပြေးရန် စီစဉ်သည့်အချိန်တွင် ပို၍ ရှင်းလင်းစွာ သိရပေလိမ့်မည်။ သူတို့ထံမှ တစ်ခါတည်းနှင့် အဖမ်းမခံရနိုင်တော့ပေ။
“ဒါဆို ကျွန်မ ဒီအခန်းထဲမှာ အပေါ့သွားမိပြီး ဘောင်းဘီထဲမှာ ထွက်သွားကျသွားရင် ရွံစရာကောင်းတယ်လို့ မထင်ဘူးလား”
“မင်း ဘာလို့ ဒီလောက် ပြဿနာရှာတတ်တဲ့ မိန်းမဖြစ်နေရတာလဲ၊ မင်းနဲ့ တွေ့ပြီးကတည်းက ငါ ဘယ်လို ကောင်းကျိုးမှ မလုပ်ရသေးဘူး၊
ငါ မင်းကို ကြိုးဖြည်ပေးမယ် လှည့်စားဖို့ မကြိုးစားနဲ့၊ ဒီအနားမှာ တောင်တွေပဲရှိတယ် မင်း ထွက်ပြေးသွားလို့ ဝံပုလွေကိုက်ခံရရင် ငါ့ အပြစ်မဟုတ်ဘူးနော်….သတိပေးထားမယ်”
ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့ကို ကြိုးဖြည်ပေးပြီး ခြိမ်းခြောက်စကားများ ပြောခဲ့သော်လည်း လင်းမိန်ဟွေ့ကတော့ နားထောင်ခြင်းမရှိချေ။
ကြိုးပြေသွားသည်နှင့် လင်းမိန်ဟွေ့က ချက်ချင်းပင် တံခါးဝသို့ ပြေးထွက်သွားလိုက်၏။
ကျန်းကျစ်ကုန်းက သူ့ကို ဆွဲဖမ်း၍ တားလေသည်။
“သန့်စင်ခန်းက ခြံအနောက်မှာ…ဟိုဒီလျှောက်မပြေးနဲ့လို့ ငါပြောထားတယ်မလား”
လင်းမိန်ဟွေ့က အလွန်စိုးရိမ်နေခဲ့ပြီး ရွာထဲ၌ အခြားလူများ ရှိနေသရွေ့ အကူအညီအော်တောင်းလိုက်လျှင် သူတို့ ကြားလိမ့်မည်ဟု တွေးနေ၏။
သူတို့သာ ရဲကို ခေါ်ပေးနိုင်လျှင် ကျန်းကျစ်ကုန်းထံ၌ ပြန်ပေးဆွဲခံရခြင်းမှ လွတ်မြောက်နိုင်မည်။
ထိုစိတ်ကူးမှာ မိုးရေထိသွားသည့် အစေ့ကဲ့သို့ လျှင်မြန်စွာ ကြီးထွားလာပြီး အပင်ပေါက်လာသည့်နှယ် ထိန်းချုပ်၍ မရတော့ချေ။
သူမ ခြံထဲသို့ လျှောက်လာပြီး ကျန်းကျစ်ကုန်း သတိမထားမိမီတွင် ခြံတံခါးဝထံ အမြန်ပြေးသွားကာ သူမ၏ အားအင်များကို အကုန်ထုတ်၍ အော်ဟစ်လိုက်သည်။
“ကူညီကြပါဦး! လူရှိလား! ကျွန်မကို ကူညီကြပါဦး!!”
လင်းမိန်ဟွေ့က အော်၍ မပြီးနိုင်မီတွင် ကျန်းကျစ်ကုန်းမှ ပြေးလာကာ သူမ၏ ဆံပင်ကို ဆွဲ၍ ခြံထဲသို့ ဆွဲခေါ်လာလေ၏။
“မင်း ဘာတွေ အော်နေတာလဲ၊ ဒီတောထဲမှာ မင်း ခေါ်နိုင်တာက ဝံပုလွေတွေပဲရှိတယ်”
လူမိုက်များမှာ လင်းမိန်ဟွေ့၏ အော်သံကို ကြားသောကြောင့် ချက်ချင်းပင် ပြေးဝင်လာကြသည်။
ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့အား သူ့လက်မောင်းထဲ၌ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသည်ကို မြင်သောအခါ၌ သူတို့ အကုန်လုံး အာဆေးမိသကဲ့သို့ ဖြစ်သွားကြ၏။
“အစ်ကိုကြီး၊ ဒီအခွင့်အရေးကို ယူပြီး သူ့ကို ဖမ်းပြီးတော့ ဘယ်လို ယောကျာ်းပီသတယ်ဆိုတာ သူ့ကို ပြလိုက်”
လင်းမိန်ဟွေ့အား ကျန်းကျစ်ကုန်းမှ ပွေ့ချီ၍ အိမ်ထဲသို့ ခေါ်သွားသောအခါတွင် လင်းမိန်ဟွေ့က ဒေါသတကြီးဖြင့် အော်လိုက်သည်။
“ကျန်းကျစ်ကုန်း…ပြန်ပေးဆွဲတယ်ဆိုတာ ဒုစရိုက်မှုလုပ်တာနဲ့ အတူတူပဲ၊ ရှင့်ကို ရဲတွေ ဖမ်းမိရင် ထောင်ကျမှာနော်၊ ကျွန်မကို လွှတ်ပေးရင် ရှင် ပိုက်ဆံတော့ ရနိုင်သေးတယ်”
အခန်းမှာ မှောင်မိုက်နေပြီး အပြင်ဘက်ရှိ လရောင် မှိန်မှိန်လေးသာ အလင်းရှိလေ၏။
လင်းမိန်ဟွေ့မှာ ကြောက်လွန်း၍ ရင်ထိတ်နေသည်။
ကျန်းကျစ်ကုန်း၏ လက်မောင်းများမှာ သံချောင်းကဲ့သို့ သန်မာသည်ဟု သူမ ခံစားနေရသည်။
သူမမှာ မြက်ခင်းထဲရှိ ကြိုးချည်ခံထားရသော ကျိုင်းကောင်တစ်ကောင်ကဲ့သို့ လှုပ်ရှား၍ မရပေ။
အခန်းထဲရှိ မှိုနံ့က သူမ၏ နှာခေါင်းဝသို့ ဝင်လာခဲ့သည်။ လင်းမိန်ဟွေ့တစ်ယောက် ခေါင်းမူးလာသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာကျက်ရှိ ထုတ်တန်းများမှာလည်း လည်နေ၏။
သူမ၏ လက်သည်းများနှင့် ကျန်းကျစ်ကုန်း၏ အသားထဲသို့ ထိုးစိုက်လိုက်ရင်း အော်ဟစ်လိုက်သည်။
“ကျန်းကျစ်ကုန်း ကျွန်မကို လွှတ်ပေး! ကျွန်မ မပြေးတော့ပါဘူး လွှတ်ပေး!”
ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့ကို ခုတင်ပေါ်သို့ ပစ်တင်လိုက်ပြီး သန်မာထွားကြိုင်းသည့် သူ့ ၏ခန္ဓာကိုယ်နှင့် နံရံတစ်ခုကဲ့သို့ လင်းမိန်ဟွေ့ထံသို့ ဖိလာ၏။
“လင်းမိန်ဟွေ့၊ လင်းမိသားစုက အရင်တုန်းက ငါ့ဆီက အကျိုးအမြတ်တွေ အများကြီး ယူခဲ့တယ်၊ ဒါပေမဲ့ အခု မင်းက စုန့်ယီနဲ့ လက်ထပ်သွားတော့ ငါ့ကို လျော်ကြေးပေးရမယ်...”
ကျန်းကျစ်ကုန်းက ပြောပြီးနောက် သူ့၏အင်္ကျီကို ချွတ်၍ ခုတင်နား လျှောက်လာကာ သူ့ခါးပတ်ကို ချွတ်လိုက်သည်။
“ကျန်းကျစ်ကုန်း၊ ရှင် ကျွန်မကို ထိရဲရင် အစ်ကိုစုန့်ယီက ရှင့်ကို အရေခွံဆုတ်ပစ်လိမ့်မယ်”
“ငါက ဒီနေရာမှာပဲ သူလာတာကို စောင့်နေမယ်၊ ဘယ်သူက ဘယ်သူ့အရေခွံကို ဆုတ်မလဲ ကြည့်ရအောင်”
ကျန်းကျစ်ကုန်းက ပြောပြီးနောက် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်ကဲ့သို့ လင်းမိန်ဟွေ့ထံ ခုန်အုပ်လိုက်၏။
လင်းမိန်ဟွေ့က ခန္ဓာကိုယ်ကို လှိမ့်၍ ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်ထဲမှ အားအင်များမှာ ကုန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမ နှလုံးသားသည်က ဗုံတီးနေသကဲ့သို့ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် ဖြစ်နေ၏။
သူမ၏ နှလုံးခုန်သံကို သူမကိုယ်တိုင်ပြန်ကြားနေရသည်။ လင်းမိန်ဟွေ့၏ စိတ်ထဲ၌ မျှော်လင့်ချက် ကင်းမဲ့သွားရလေ၏။