← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း(95)

လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီမှ ရုတ်တရက် တံခါးအပြင်ဘက်၌ ပေါ်လာပြီး သူမ၏နာမည်ကို ခေါ်ကာ သူမကို အန္တရာယ်ကြားမှ ကယ်တင်ပေးလာမည်ကိုသာ စိတ်ကူး၍ ဆုတောင်းနေမိခဲ့သည်။

သို့ရာတွင် သူမထံ၌ မျှော်လင့်ချက် အလင်းရောင်မရှိတော့ဟု ခံစားနေရ၏။

ယခင်ဘဝမှ ကမ္ဘာမြေကြီးနှင့် မိုးကောင်းကင် မရှိသည့်အချိန်ကို ပြန်ရောက်သွားသည့်အတိုင်းပင်။

ကျန်းကျစ်ကုန်းဆိုသည့် လူယုတ်မာထံမှ လက်သီးနှင့်အထိုးခံရ၍၊ ခြေထောက်နှင့်အကန်ခံရပြီးနောက် အချိန်မရွေး မတရားပြုကျင့်ခံခဲ့ရသကဲ့သို့ ... ။

အရှက်ရခြင်းများက ကြောက်ရွံ့မှုမျက်ရည်များအဖြစ် ပြောင်းလဲသွားခဲ့ကာ သူမ မျက်လုံးများထဲမှ ဖြည်းဖြည်းချင်း စိမ့်ထွက်လာ၏။

ဤအချိန်တွင် ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့ပေါ်သို့ တတ်ခွလာခဲ့ပြီး သူမ၏ အဝတ်အစားများကို ဆွဲဖြဲလိုက်လေသည်။

လင်းမိန်ဟွေ့က ခုတင်ပေါ်ရှိ ကြက်မွှေးတံမြက်စည်းတစ်ချောင်းကို တွေ့မြင်လိုက်ရသောကြောင့် ၎င်းကို ဆွဲယူကာ ကျန်းကျစ်ကုန်းကို အားကုန်ရိုက်၍ ဆဲဆိုခဲ့လေ၏။

“တိရစ္ဆာန်ကောင်! ရှင် ကျွန်မကို တစ်ခုခုလုပ်ရဲရင် ဒီနေ့ ကျွန်မ ရှင့်ကိုပါ သေတွင်းကိုအတူခေါ်သွားလိုက်မယ်...”

“ခွေးမ! မင်းကို ကိုင်တွယ်ဖို့အတွက် ခက်ခဲနေလိမ့်မယ်ဆိုတာ ငါသိသားပဲ၊ ဒါကြောင့် မင်းသောက်တဲ့ ရေထဲမှာ ဆေးခပ်ထားတာ!

အခု အချိန်အတော်ကြာပြီဆိုတော့ ခဏနေရင် မင်း ငါနဲ့ရန်ဖြစ်ဖို့ အားရှိတော့မှာ မဟုတ်တော့ဘူး”

“လူစိတ်မရှိတဲ့ကောင်! ရှင့်ကို မိုးကြိုးပစ်လိမ့်မယ်!”

လင်းမိန်ဟွေ့တစ်ယောက် ဆဲဆိုနေစဉ်အတွင်း သူမ၏ အင်အားများ တဖြည်းဖြည်း ကုန်ဆုံးနေသည်ကို ခံစားနေခဲ့ရသည်။

ကြက်မွှေးတံမြက်စည်းကို ကိုင်ထားသည့် သူမ၏ လက်ကိုလည်း ကျန်းကျစ်ကုန်းက အားပြင်းပြင်းဖြင့် ဆုတ်ကိုင်ညှစ်ခဲ့ရ၏။

သူမအနေဖြင့် ခုခံလိုသော်လည်း အားမရှိတော့ပေ။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ထဲမှ သွေးများမှာလည်း ချော်ရည်ကဲ့သို့ ပူလောင်နေနေခဲ့ပြီး အရေပြားကို လောင်ကျွမ်းတော့မတတ် ခံစားနေရသည်။

ဤသို့သော ခံစားမှုမျိုးကို သူမ မည်သည့်အချိန်ကမှ မခံစားခဲ့ဖူးပါချေ။

အစပိုင်းတွင် ထိုဆေးက အိပ်ဆေးဖြစ်နေလိမ့်မည်ဟု သူမ ထင်ခဲ့သော်လည်း ဤသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ယခင်ဘဝတွင် ကျန်းကျစ်ကုန်းမှ အခြားမိန်းကလေးများကို ဒုက္ခပေးရန်အတွကာ ဤကဲ့သို့ဆေးမျိုးကို အိမ်၌ တိတ်တဆိတ် ဖွက်ထားခဲ့ဖူး၏။

တစ်ကြိမ်တွင် ထိုလူယုတ်မာက ထိုပစ္စည်းများကို ထုတ်ယူချိန်တွင် လင်းမိန်ဟွေ့ တွေ့မြင်ခဲ့ပြီး သူ့၏နောက်သို့ လိုက်သွားခဲ့သောကြောင့် ထိုသားရဲတိရစ္ဆာန်များက တခြားသောမိန်းကလေးကို ဒုက္ခပေးနေခြင်းအား မြင်တွေ့ခဲ့ရသည်။

နောက်ပိုင်းတွင် ထိုမိန်းကလေး အိမ်သို့ ရောက်လာချိန်တွင်လည်း ကျန်းကျစ်ကုန်းက ပြောခဲ့လေ၏။

အကယ်၍ ထိုမိန်းကလေးကသာ လူများစွာနှင့် မပတ်သက်ခဲ့ဖူးလျှင် သူ့အနေဖြင့် ထိုမိန်းကလေးကို လင်းမိန်ဟွေ့နေရာတွင် အစားထိုးလိုခဲ့သည်ဟူ၏။

လင်းမိန်ဟွေ့အနေဖြင့် ကြောက်ရွံ့ဒေါသထွက်နေခဲ့သော်လည်း ထိုအချိန်၌ သူမ၏ စိတ်ဆန္ဒအတိုင်းလှုပ်ရှား၍ မရနိုင်ခဲ့ပေ။

လက်ရှိတွင် သူမ၏ စိတ်က တဖြည်းဖြည်း မှုန်ဝါးလာပြီ သူမခန္ဓာကိုယ်ထဲရှိ ပူလောင်မှုကိုသာ ခံစားနေခဲ့ရသည်။

“ကျန်းကျစ်ကုန်း၊ ကျွန်မကို လွှတ်ပေး! ကျွန်မ ရှင်းကို ပိုက်ဆံပေးမယ်...”

ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့၏ မျက်လုံးများ တဖြည်းဖြည်း မှုန်ဝါးလာပြီး ပါးပြင်များ နီရဲလာသည်ကို မြင်တွေ့လိုက်သောကြောင့် သူထည့်လိုက်သော ဆေးမှာ စတင်၍ အာနိသင်ပြနေပြီဟု သိလိုက်၏။

သူ ခါးပတ်ကြိုးကို ဖြည်လိုက်ပြီး လင်းမိန်ဟွေ့၏ လက်များကို ချည်နှောင်လိုက်လေ၏။

“လင်းမိန်ဟွေ့ ဒီလောက်ထိ ခေါင်းမာမနေစမ်းနဲ့၊ ငါနဲ့အတူနေတာက ဘာမှ မမှားဘူး”

“ထွက်သွားစမ်း!”

“အခု ငါက ဆင်းရဲသွားတယ်ဆိုပေမဲ့ ပိန်နေတဲ့ ကုလားအုတ်က မြင်းထက်တော့ ပိုကြီးတယ်ဆိုတဲ့စကားကို မင်း မကြားဖူးဘူးလား၊

နောက်ထပ် နှစ်နှစ်မပြည့်ခင်မှာ ငါ့ရဲ့စီးပွားရေးကို ပြန်ပြီးထူထောင်နိုင်မှာပဲ၊ အဲဒီအချိန်ကျရင် မင်းလည်း ငါနောက်ကနေ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်လာလိမ့်မယ်၊ ဒါက မင်းအခု နေထိုင်နေတဲ့ ဘဝထက် ပိုမကောင်းဘူးလား”

ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့ကို ချည်နှောင်လိုက်ပြီး သူမ၏အဝတ်များကို စတင် ချွတ်လာခဲ့သည်။

“ကောင်းကောင်းနေစမ်းပါ.. လှုပ်ယွမနေနဲ့”

တောင်လမ်းက အလွန်ပင် မှောင်မိုက်နေသောကြောင့် မော်တော်ဆိုင်ကယ်၏ အရှေ့ဘက်မီးမှိန်မှိန်လေးကသာ အရှေ့ဘက်မှ လမ်းကို လင်းစေခဲ့၏။

ကြမ်းတမ်းသည့် တောင်လမ်းပေါ်တွင် ရံဖန်ရံခါ တောကောင်များ ခုန်ထွက်လာခြင်းက ကြောက်စရာကောင်းနေခဲ့သည် ။

စုန့်ယီက ချန်အန်းသယ်ကို ပြောလိုက်သည်။

“မြန်မြန်မောင်းတော့.. ငါတို့အချိန်ကြာနေလို့ မိန်ဟွေ့ တစ်ခုခုဖြစ်သွားရင် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရုံလောက်နဲ့ ပြီးမှာမဟုတ်ဘူး”

ဝမ်ဟန့်က မလှမ်းမကမ်းရှိ မီးပွားကဲ့သို့ အလင်းရောင်မှိန်မှိန်လေးကို မြင်လွုက်လိုက်ရသောကြောင့် အလျင်္င်အမြန် လက်ညှိုးထိုးပြလိုက်၏။

“အဲဒီမှာ…ကျန်းကျစ်ကုန်းရဲ့ အိမ်က သစ်ပင်ကြီးအောက်ကအိမ်ပဲ၊ အဲဒီအနားမှာ သုံးလေးအိမ်ပဲ ကျန်တော့တာ .. သူတို့ပဲဖြစ်မယ်...”

တခြားသူများကို အသိပေးလိုက်သကဲ့သို့ မဖြစ်သွားစေရန်အတွက် စုန့်ယီက ချန်အန်းသယ်ကို မော်တော်ဆိုင်ကယ်မီးများ ပိတ်ခိုင်းလိုက်ပြီး ဂီယာများကို ချိန်ညှိကာ အသံမထွက်စေရန် ကြိုးစားခိုင်းလိုက်လေသည်။

ရွာအဝင်သို့ ရောက်လာပြီးနောက် စုန့်ယီက ဆိုင်ကယ်ပေါ်မှ လျှင်မြန်စွာဆင်းလိုက်ပြီး အမှောင်ထုကိုအခွင့်ကောင်းယူကာ ရွာထဲသို့ဝင်သွားခဲ့ပြီး လမ်းဘေးရှိ သစ်သားချောင်းတစ်ချောင်းကို ဆွဲယူလိုက်၏။

“ကျန်းကျစ်ကုန်း! ရှင်က မိန်းမတစ်ယောက်ကို အနိုင်ကျင့်ချင်နေတာလား!

ရှင့်ရဲ့ သားသမီး မြေးမြစ်တွေကို ဆုံးရှုံးသွားရမှာ မကြောက်ဘူးလား”

လင်းမိန်ဟွေ့ နှုတ်ခမ်းကို ဖိကိုက်ထားပြီး သူမ၏ လက်ကောက်ဝတ်များသည်လည်း ရုန်းကန်မှုကြောင့် သွေးများပင်ထွက်လာခဲ့သည်။

သူမ၏ အဝတ်များက ကျန်းကျစ်ကုန်းထံမှ ဆွဲဖြဲခြင်းကို ခံထားရသောကြောင့် စုတ်ပြဲနေပြီး ကြေကွဲဖွယ်ရာ အခြေအနေဖြစ်နေခဲ့၏။

လင်းမိန်ဟွေ့က ငိုကြွေးနေခဲ့သောကြောင့် သူမ၏ အသံကလည်း အက်ရှနေခဲ့လေသည်။

ကျန်းကျစ်ကုန်းက အလျှင်လိုခဲ့ဘဲ ဆေးအာနိသင်ပြလာမည့်အချိန်ကို ဖြည်းဖြည်းချင်း စောင့်နေခဲ့၏။

ဆေးအရှိန်ကြောင့် လင်းမိန်ဟွေ့မှ သူ့ကို အသနားခံ တောင်းဆိုလာမည့် အမူအရာတို့ကို သူ တွေ့မြင်ချင်နေသေးသည်။

ထိုအချိန်တွင် ခြံအပြင်ဘက်မှ တိုက်ခိုက်နေသည့် အသံများထွက်လာသောကြောင့် ကျန်းကျစ်ကုန်းတစ်ယောက် ထိတ်လန့်သွားခဲ့လေ၏။

စုန့်ယီအနေဖြင်် ဤသို့သော နေရာမျိုးကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ဟု သူ ထင်ခဲ့မိသည်။ သို့သော်လည်း အသံကို သေသေချာချာနားထောင်ကြည့်ပြီးနောက် ရောက်လာသူက စုန့်ယီ ဖြစ်နေကြောင်းကို ရှင်းလင်းစွာ သိရှိခဲ့သည်။

ကျန်းကျစ်ကုန်းတစ်ယောက် ကြိုးကို အမြန်ဆွဲ၍ ဘောင်းဘီ ခါးပတ်ကဲ့သို့ သူ့၏ဘောင်းဘီကို ချည်နှောင်လိုက်ပြီး တံခါးအပြင်သို့ အလျင်အမြန် ပြေးထွက်သွားခဲ့၏။

သူ ထွက်သွားလိုက်သည့်အချိန်တွင်ပင် စုန့်ယီမှ အပြင်ဘက်တွင်ရောက်နေခဲ့ပြီး သူ့ကိုတုတ်နှင့် ရိုက်ချလိုက်လေ၏။

ကျန်းကျစ်ကုန်း ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ကျန်းကျစ်ကုန်း ပြန်ထရန် ကြိုးစားနေချိန်တွင် စုန့်ယီက သူ့၏ခေါင်းပေါ်သို့ ပြင်းပြင်းထန်ထန် နင်းချလိုက်၏။

“ကျန်းကျစ်ကုန်း! မင်းက မကောင်းတဲ့အရာတွေကိုပဲ စဉ်းစားတဲ့အကြောင်းကို ငါသိထားတယ်ဆိုပေမဲ့ ဒီလို ယုတ်မာရိုင်းစိုင်းတဲ့ ကိစ္စမျိုးကိုပါ လုပ်မယ်လို့ မထင်ခဲ့ဘူး...”

“စုန့်ယီ! ငါ မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး မင်းက ငါ့အိမ်ကို ဖျက်ဆီးရဲတယ်ဆိုရင် ငါကလည်း မင်းရဲ့မိန်းမကိုလည်း ဖျက်ဆီးပစ်မှာပဲ!”

ကျန်းကျစ်ကုန်း၏ စကားကို ကြားလိုက်ရလျှင် စုန့်ယီတစ်ယောက် ဒေါသအလွန်ထွက်သွားရပြီး မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားခဲ့သည်။

လင်းမိန်ဟွေ့မှာ လင်းမိသားစုမှ စီစဉ်ပေးသည့် လက်ထပ်ပွဲကို ရှောင်ရှားရန်နှင့် ကျန်းကျစ်ကုန်းဆိုသည့် တိရစ္ဆာန်ကို ရှောင်ရန်အတွက် သူ့ကို လက်ထပ်ခဲ့ခြင်း ဖြစ်၏။

မထင်မှတ်ဘဲ ကျန်းကျစ်ကုန်းကြောင့်ပင် သူမက နောက်တစ်ကြိမ် ဒုက္ခရောက်ရပြန်သည်။

စုန့်ယီတစ်ယောက် အလွန်အမင်း ဒေါသထွက်နေခဲ့ကာ စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ ကျန်းကျစ်ကုန်းကို တုတ်နှင့် ရိုက်နှက်တော့သည်။

ချန်အန်းသယ်က စုန့်ယီကို တားဆီးလိုက်လေသည်။

“မင်း မိန်ဟွေ့ကို အမြန်သွားကြည့်သင့်တယ် … သူ့ကို ငါတို့နဲ့ ထားခဲ့လိုက်”

သူတို့ ဤနေရာသို့လာချိန်တွင် ချန်အန်းသယ်က ရဲစခန်းကို ဖုန်းခေါ်ထားပြီး ဖြစ်ပေ၏။

ထို့ကြောင့် ရဲများက မကြာမီ ရောက်လာလိမ့်မည်ဟု သူ ယုံကြည်သည်။

ဝမ်ဟန့်က ထိုလူမိုက်များကို သစ်ပင်တစ်ပင်၌ ချည်နှောင်ထားလိုက်လေသည်။ ကံကောင်းစွာဖြင့်ပင် သူက ကူလီထမ်းဖူးသဖြင့် ခွန်အားများစွာ ရှိနေခဲ့သည်။

သို့မဟုတ်ပါက သူတို့လူနည်းစုနှင့် ဤကဲ့သို့ လူအများကို မနိုင်လောက်မည်ကို ကြောက်နေရလိမ့်မည်။

စုန့်ယီ၏ နှလုံးသားတစ်ခုလုံးက လေးလံနေခဲ့၏။

သူ တံခါးဖွင့်လိုက်ချိန်တွင် လင်းမိန်ဟွေ့ကို အဝတ်အစားများ ရှုပ်ပွကာ သတိလွတ်ကင်းနေသောအနေအထားဖြင့် ခုတင်ပေါ်၌ ရှိနေသည်တွေ့လိုက်ရသည်။

သူ အင်္ကျီချွတ်လိုက်ပြီး လင်းမိန်ဟွေ့၏အပေါ်မှ ခြုံလွှားပေးလိုက်ကာ ညင်သာစွာ မေးလိုက်၏။

“မိန်ဟွေ့…မင်း အဆင်ပြေရဲ့လား”

လင်းမိန်ဟွေ့သည်ကား ဤအချိန်တွင် အသိစိတ်မရှိတော့ပေ။ စုန့်ယီမှ အင်္ကျီချွတ်နေသည်ကို တွေ့လိုက်ရချိန်တွင် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ထောင့်တစ်နေရာ၌ ကွေးနေခဲ့သည်။

ဤအပြုအမူက စုန့်ယီကို ထိတ်လန့်သွားစေ၏။

ခပ်မှိန်မှိန်သာ လင်းနေသည့် လရောင်အောက်တွင် စုန့်ယီအနေဖြင်် လင်းမိန်ဟွေ့၏ မျက်လုံးများက မှုန်ဝါးနေ၍ မျက်နှာသည်လည်း နီရဲနေသည်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။

စုန့်ယီက ခြံထဲသို့ ပြန်ထွက်လာခဲ့ပြီး ကျန်းကျစ်ကုန်း၏ ဆံပင်ကို ဆောင့်ဆွဲပြီး နံရံတွင်ကိုင်ဆောင့်ကာမေးလိုက်လေ၏။

“မင်း မိန်ဟွေ့ကို ဘာတွေ လုပ်ခဲ့တာလဲ… ပြောစမ်း! မပြောရင် ဒီနေ့ မင်းရဲ့လက်ချောင်းတွေကို တစ်ချောင်းချင်းစီရိုက်ချိုးပြီးဖြတ်လိုက်မယ်”

*

အခန်း(96)

စုန့်ယီ၏ ဤအပြုအမူကြောင့် ချန်အန်းသယ်ပင် ကြောက်လန့်သွားခဲ့သည်။

သူ့အနေဖြင့် စုန့်ယီကို ဤမျှ ဆိုးသွမ်းသည့်ပုံစံမျိုး မမြင်ဖူးပေ။

စုန့်ယီက သူ့အိတ်ကပ်ထဲရှိ ခေါက်ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ကျန်းကျစ်ကုန်း၏ လက်ချောင်းကို ချိန်ရွယ်၍ ထိုးစိုက်လိုက်သည်ကို သူတွေ့လိုက်ရ၏။

ချန်အန်းသယ်တစ်ယောက် ထိတ်လန့်တကြားဖြစ်သွားရကာ ချက်ချင်းပင် ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ပြီး ထပ်မကြည့်ရဲတော့ပေ။

ကျန်းကျစ်ကုန်းသည်ကား မူလက မည်သည့်စကားကိုမျှ မပြောချင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူသည်က ဖမ်းဆီးခံထားရပြီးဖြစ်သည်။

မထင်မှတ်ဘဲ စုန့်ယီက သူ့လက်ချောင်းများကို စတင် ဖြတ်တောက်ရန် ထိုးစိုက်လာခဲ့လေ၏။ ကျန်းကျစ်ကုန်းတစ်ယောက် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

“စုန့်ယီ! စုန့်ယီ! ကျေးဇူးပြုပြီး ငါ့ လက်ချောင်းတွေကို မဖြတ်ပါနဲ့၊ ငါ လင်းမိန်ဟွေ့ကို ဆေးနည်းနည်းပဲ ခပ်ခဲ့တာ၊ သူ အခု သိပ်သတိမရှိဘူးဆိုပေမဲ့ တစ်ညနေပြီးရင် ကောင်းသွားပါလိမ့်မယ်”

“မင်း သူ့ကို ဘာလုပ်ခဲ့တာလဲ”

စုန့်ယီက ဓားကိုပြန်ဆွဲယူပြီး ကျန်းကျစ်ကုန်း၏ တခြားလက်ချောင်းကိုထိုးစိုက်၍ဖြတ်တောက်လိုက်ပြန်၏။

ဆိုရလျှင် လက်ချောင်းဆယ်ချောင်းလုံးက နှလုံးလမ်းကြောင်းနှင့်ဆက်စပ်နေသည်ဟု ပြောကြသည်။

ကျန်းကျစ်ကုန်း၏ လက်ချောင်းများမှာ သွေးထွက်နေပြီး နာကျင်မှုကြောင့် သတိမေ့လဲလုနီးပါး ဖြစ်သွား၏။

ကျန်းကျစ်ကုန်းက ချွေးအေးများ စိုစွတ်နေခဲ့ရင် အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။

“ငါ တစ်ခုခုလုပ်တော့မဲ့အချိန်မှာပဲ မင်းရောက်လာတာမဟုတ်ဘူးလား၊ ဆက်ပြီး မဖြတ်ပါနဲ့တော့ ငါ မှားသွားပါတယ်! ငါ ရှုံးတာကို ဝန်ခံပါတယ် !”

စုန့်ယီ၏ စိတ်ထဲတွင်တော့ ဤအချိန်၌ လင်းမိန်ဟွေ့အတွက် လက်စားချေရန်ဟူသော အတွေးတစ်ခုသာ ရှိနေလဲ့တော့သည်။

သူ့အနေဖြင့် ကျန်းကျစ်ကုန်းကို ဤမျှ လွယ်ကူစွာ အပြစ်မှ လွတ်မြောက်ခွင့်ပြုတော့မည် မဟုတ်ပေ။ ယနေ့တွင် စုန့်ယီက ကျန်းကျစ်ကုန်းမှ သူ့ကို ကောင်းစွာမှတ်မိစေရန် လုပ်ဆောင်ပေလိမ့်မည်။

ထို့ကြောင့် သူက ဓားကိုပြန်နှုတ်လိုက် ကျန်းကျစ်ကုန်း၏ လက်ချောင်းများကို ဓားဖြင့်လှီးဖြတ်လိုက်ကာ ထိုညစ်ပတ်သည့်လက်ချောင်းများရှိ အရွတ်များကို ဆွဲထုတ်ရန်လုပ်ဆောင်လိုက်သည်။

ချန်အန်းသယ်က စုန့်ယီကို အတင်းဆွဲ၍ တားဆီးလိုက်၏။

“စုန့်ယီ… မင်း ရူးနေတာလား၊ ဒီလိုလူမျိုးက မင်း ဘယ်လိုပဲလုပ်ပါစေ အသိစိတ် ရှိနိုင်မှာမဟုတ်ဘူး မင်းရဲ့လက်တွေကို ညစ်ပစ်မခံနဲ့”

“ငါ့ကို လွှတ်စမ်း! မိန်ဟွေ့အတွက် ဒီခွေးကောင်ကို လက်စားချေရမယ်”

“စုန့်ယီ… ငါ့စကား နားထောင်စမ်းပါ၊ ကျန်းကျစ်ကုန်းက ဒီတစ်ခါ ထောင်ကျမှာ သေချာတယ်၊ မင်း သူ့ကို အလွန်အကျွံလုပ်မယ်ဆိုရင် မင်းလည်း ထောင်ကျလိမ့်မယ်... မင်းသာ ထောင်ကျသွားရင် မိန်ဟွေ့ကို ဘယ်လိုလုပ်မလဲ”

ချန်အန်းသယ်၏ သတိပေးစကားတို့က ဒေါသတကြီးဖြင့် အသိစိတ်လွတ်လုမတတ်ဖြစ်နေသည့် စုန့်ယီကို ပြန်လည် အသိစိတ်ဝင်လာစေခဲ့သည်။

စုန့်ယီ လက်ကို ပြန်လည် ဖြေလျော့ လိုက်လျှင်ဓားက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေ၏။ ချန်အန်းသယ်က သူ့ကို တွန်းထုတ်၍ ပြောလိုက်သည်။

“အခန်းထဲကို ပြမ်သွားပြီး မိန်ဟွေ့ကို ဂရုစိုက်လိုက်…ရဲတွေ မကြာခင် ရောက်လာလိမ့်မယ်၊ ကျန်းကျစ်ကုန်းရဲ့ လက်က သွေးတွေကို ငါ ရှင်းပေးလိုက်မယ် .. သူ့ဘာသာ ဒဏ်ရာရတာလို့ ပြောခိုင်းလိုက်မယ်”

ကျန်းကျစ်ကုန်းသည်ကား ဤအချိန်၌ စကားဝင်ပြောရန်ပင် အလွန်ကြောက်နေသောကြောင့် မျက်လုံးကိုမှိတ်ကာ မေ့မျောချင်ယောင်ဆောင်နေခဲ့လေ၏။

မကြာမီပင် မလှမ်းမကမ်းမှ ဥဩဆွဲသံများ ထွက်ပေါ်လာခဲ့ပြီး ရဲကားမှ မီးရောင်များက ညအလင်းရောင်ကို တဖြည်းဖြည်း လင်းထိန်လာစေခဲ့သည်။

ချန်အန်းသယ်က မြေပြင်ပေါ်ရှိ ဓားကို ကောက်ယူ၍ သိမ်းဆည်းလိုက်ပြီးနောက် စုန့်ယီကို လင်းမိန်ဟွေ့အနားသို့ သွားခိုင်းလိုက်၏။

စုန့်ယီလည်း ယိုင်နဲ့စွာဖြင့် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့လေသည်။

ဤအချိန်၌ လင်းမိန်ဟွေ့၏ မျက်နှာမှာ နီရဲနေပြီး အမှန်တကယ်ပင် အသိစိတ်ပျောက်နေခဲ့လေပြီ။

စုန့်ယီမှာ အလွန်ပင်စိတ်မကောင်းဖြစ်နေခဲ့ပြီး လင်းမိန်ဟွေ့ကို သူ့ ၏ရင်ခွင်ထဲ၌ ထည့်၍ပွေ့ဖက်ထားလိုက်သည်။

“မိန်ဟွေ့… မကြောက်ပါနဲ့၊ အစ်ကိုစုန့်ယီပါ.. ကိုယ် မင်းကို လာကယ်ပြီ... အခု အရာအားလုံးအဆင်ပြေသွားပြီ ဟုတ်ပြီလား”

လင်းမိန်ဟွေ့တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး မအီမသာ ဖြစ်နေခဲ့သည်။ သူမ၏တစ်ကိုယ်လုံးကို ကြောင်လက်သည်းများဖြင့် ကုတ်ခြစ်ခံနေရသကဲ့သို့ ခံစားနေရသည်။

စုန့်ယီ၏ ခန္ဓာကိုယ်ပေါ်မှ ရင်းနှီးသည့် ဆပ်ပြာနံ့ကို ခံစားမိပြီးနောက် လင်းမိန်ဟွေ့တစ်ယောက် တစ်ခဏတာလောက် အသိဝင်လာခဲ့လေ၏။

“အစ်ကိုစုန့်ယီ၊ ကျွန်မကို အိမ်ပြန်ခေါ်သွားပေးပါ... ကျွန်မကို ကယ်ပါဦး”

“ရဲတွေ ရောက်နေပြီ၊ ကိုယ်တို့တွေ ခဏနေရင် ပြန်ကြမယ်နော်”

“ဟင့်အင်း.. ကျွန်မ မသက်မသာ ခံစားနေရတယ်၊ ကျွန်မရဲ့ ဒီလိုပုံစံကို တခြားသူတွေ မြင်မှာကို မလိုချင်ဘူး၊ အစ်ကိုစုန့်ယီ သူတို့ကိုပဲ ပြန်သွားခိုင်းပေးပါ”

လင်းမိန်ဟွေ့က ပူလောင်နေသည့် သူမ ပါးပြင်များကို လက်လှမ်းကို ထိကြည့်လိုက်ပြီး စုန့်ယီကို ပို၍ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

စုန့်ယီသည်လည်း လင်းမိန်ဟွေ့၏ လက်ရှိအခြေအနေဖြင့် ဆိုင်ကယ်စီး၍ မရနိုင်ကြောင်းကို သဘောပေါက်သွားခဲ့လေ၏။

ရဲကားနှင့်ဆိုလျှင်လည်း လင်းမိန်ဟွေ့က သူ့ကိုယ်သူ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ဤရွာက ခရိုင်ဆေးရုံသို့ ကီလိုမီတာ ၁၀၀ ကျော်ခန့် ဝေးနေသေးသည်။

စုန့်ယီတစ်ယောက်ခဏတာ စဉ်းစားပြီးနောက် လင်းမိန်ဟွေ့ကို ဝမ်းနည်းစွာ ပွေ့ဖက်လိုက်ပြီး သူမ၏နားအနီးသို့ ကပ်၍ ပြောလိုက်၏။

“ကောင်းပြီ… ကိုယ် သူတို့အားလုံးကို သွားခိုင်းလိုက်မယ်၊ မစိုးရိမ်နဲ့တေ့်နော်… မင်း ထပ်ပြီးမနာကျင်စေရတော့ဘူး”

ဤအချိန်တွင် ရဲများ ရောက်ရှိလ်ခဲ့ပြီး ကျန်းကျစ်ကုန်းနှင့် လူမိုက်များကို လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားရန် ပြင်ဆင်နေခဲ့ကြသည်။

ချန်အန်းသယ်က တံခါးဝသို့ လျှောက်လာပြီး အသံတိုးတိုးဖြင့် မေးလ်ခဲ့လေ၏။

“စုန့်ယီနဲ့ မိန်ဟွေ့ အခု ပြန်လို့ရပြီလား”

စုန့်ယီက သူ့၏လက်ထဲမီာ အလွန်အမင်း မအီမသာ ဖြစ်နေပုံရသည့် လင်းမိန်ဟွေ့ကို တစ်ချက်ကြည့်၍ အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ချန်အန်းသယ်…ရဲအရာရှိ‌တွေကို ပြောလိုက်ပါဦး၊ မိန်ဟွေ့က ဒီနေ့ အခြေအနေ မကောင်းလို့ ဒီည ဒီမှာပဲ နေရလိမ့်မယ် ထင်တယ်၊ သူတို့ကို အရင်ပြန်သွားဖို့ ပြောပေးပါ၊ ငါတို့တွေ မနက်ဖြန်ကျမှ မိန်ဟွေ့ကို ခေါ်လာပြီး ထွက်ဆိုချက် မှတ်တမ်းတင်လိုက်မယ်”

ချန်အန်းသယ်သည်လည်း ဤစကားကို ကြားသည်နှင့် မတိုင်ခင်က စုန့်ယီ၏လုပ်ရပ်များကို ဆက်စပ်ကာ တစ်စုံတစ်ခုကို တွေးမိသွားခဲ့၏။

သူ ရဲအရာရှိထံသို့ လျှောက်သွားပြီးနောက် ကျန်းကျစ်ကုန်း လုပ်ခဲ့သည့် ရာဇဝတ်မှုများကို ရှင်းလင်းစွာ ပြောပြလိုက်သည်။

“ရဲအရာရှိတို့၊ ဒီညတော့ သူတို့ဇနီးမောင်နှံကိပ ဒီမှာပဲ နေခိုင်းလိုက်တာကောင်းပါလိမ့်မယ်၊ ကျွန်တော် ခင်ဗျားတို့နဲ့အတူ ရဲစခန်းကို ပြန်လိုက်ခဲ့ပါ့မယ်...”

“ဒါဆို သူတို့နှစ်ယောက်တည်း ဒီမှာ ထားခဲ့လို့ အဆင်မပြေလောက်ဘူး၊ ငါ လူနှစ်ယောက် ချန်ခဲ့ပြီး စောင့်ခိုင်းလိုက်မယ်...”

“ရပါတယ်…ကျွန်တော်ပဲ ဒီမှာ နေခဲ့ပေးပါ့မယ်၊ ကျွန်တော်င ညဆိုင်း အလုပ်လုပ်ဖူးတော့ တစ်ညလုံး မအိပ်ရလည်း ကိစ္စမရှိပါဘူး၊ မစိုးရိမ်ပါနဲ့…ခင်ဗျားတို့ ပြန်လို့ ရပါပြီ”

ဝမ်ဟန်က ဤနေရာတွင် နေခဲ့ရန် ကမ်းလှမ်းလာသောကြောင့် ရဲများကလည်း အတင်းအကြပ်မတိုက်တွန်းတော့ဘဲ သဘောတူလိုက်၏။

မထွက်ခွာမီ ချန်အန်းသယ်က ဝမ်ဟန်ကို ပြောလိုက်သည်။

“မင်း သူတို့ကို သေချာ စောင့်ရှောက်ရမယ်.. ဘာမှ ထပ်ပြီးမဖြစ်စေနဲ့၊ ဒါက ကျန်းကျစ်ကုန်းရဲ့ ဇာတိရွာပဲ”

ဝမ်ဟန် ခေါင်းညိတ်လေ၏။

“မစိုးရိမ်ပါနဲ့ …ကျွန်တော် တစ်ညလုံး မျက်လုံးပိတ်မှာ မဟုတ်ဘူး၊ မိုးလင်းတဲ့အထိ သေချာပေါက် နိုးနေစေရမယ်၊ ကျွန်တော် အာမခံတယ်”

ဝမ်ဟန်က အလေးအနက်ထား၍ တာဝန်ယူသည်ကို မြင်လျှင် ချန်အန်းသယ်က သူ့ဆိုင်ကယ်ကို ရဲကား၏နောက်မှ မောင်း၍ မြို့ထဲသို့ ပြန်လိုက်သွားခဲ့လေသည်။

အပြင်ဘက်၌ တဖြည်းဖြည်းဖြင့် တိတ်ဆိတ်သွားခဲ့ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ ကားသံများမှာလည်း တိုးလျသွားကာ အိမ်ခေါင်မိုးအောက်မှ လေတိုက်သံသာ ကျန်ရှိတော့၏။

ယခုအချိန်တွင် ဆောင်းဦးပေါက်သို့ရောက်လာပြီဖြစ်၍ တောင်ပေါ်တွင် တိုက်ခတ်နေသော ညဘက်လေမှာ အလွန်အေးစိမ့်လျက်ရှိနေခဲ့သည်။

ဤအိမ်မှာလည်း လူမနေသည်မှာ ကြာပြီဖြစ်သောကြောင့် အနည်းငယ် ချမ်းစိမ့်စိမ့်နိုင်နေခဲ့၏။

စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့အား ပိုမို တင်းတင်းကြပ်ကြပ် ဖက်လိုက်ရင်း နူးညံ့စွာ ပြောလိုက်သည်။

“မိန်ဟွေ့…မင်း နေလို့မကောင်းရင် ခဏလောက် အိပ်လိုက်မလား အဲလိုဆိုရင် အဆင်ပြေသွားလိမ့်မယ်၊ ကိုယ် မင်းကို ကိုယ့်ရဲ့ကလေးဘဝအကြောင်း ပုံပြင်တွေ ပြောပြမယ်လေ…”

“အင်း..”

လင်းမိန်ဟွေ့တစ်ယောက် ဆေးအရှိန်ကို တောင့်ခံရန်အတွက် သူမ၏ခန္တာကိုယ်အား ဆွဲလိမ်နေရ၏။ သို့သော် ခဏမျှအတွင်း၌ သူမ တစ်ကိုယ်လုံးက ပူလောင်နာကျင်လာသည်ကို ပြန်လည် ခံစားနေရပြန်သည်။

စုန့်ယီ၏ ဝိုးတိုးဝါးတား ပြောဆိုနေသည့် စကားများကို နားထောင်ရင်းဖြင့် လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီ၏ လည်ပင်းအား တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်၏။

သူမ၏ နှုတ်ခမ်းတို့ကလည်း စုန့်ယီ၏ နှုတ်ခမ်းနားသို့ တဖြည်းဖြည်း တိုးကပ်သွားခဲ့လေသည်။

သူမ၏ အသက်ရှူသံမှာ ပူလောင်နေသောကြောင့် စုန့်ယီပင် အနည်းငယ် ထိတ်လန့်သွားခဲ့ရ၏။

“အစ်ကိုစုန့်ယီ…ကျွန်မတို့က ဇနီးမောင်နှံတွေပဲလေ၊ ကျွန်မတို့…”

စုန့်ယီအနေဖြင်် လင်းမိန်ဟွေ့၏ အတွေးများအား ချက်ချင်းပင် နားလည်သွားခဲ့သည်။

သို့သော်လည်း ဤသို့သော အချိန်၌ လင်းမိန်ဟွေ့အပေါ် တစ်စုံတစ်ရာ ပြုမိပါက တစ်ဖက်လူအပေါ် အခွင့်အရေးယူရာ ရောက်မည်ကို စိုးရိမ်နေခဲ့သည်။

ထိုအချိန်တွင် လင်းမိန်ဟွေ့က သူမ၏ ရင်ဘတ်ကို ဖိကပ်လာခဲ့ပြီး သူမ လေသံထဲတွင်လည်း စိုးရိမ်စိတ်လေးများ ပါဝင်နေ၏။

“အစ်ကိုစုန့်ယီ၊ ကျွန်မ ရှင့်ကို တကယ် သဘောကျတာ…”

စုန့်ယီသည်လည်း အရွယ်ပြီးသည့် အမျိုးသားတစ်ယောက်ဖြစ်သောကြောင့် လင်းမိန်ဟွေ့၏ စကားကို ကြားလိုက်ရချိန်တွင် မထိန်းချုပ်နိုင်တော့ဘဲ သူမကို ပြန်လည်ပွေ့ဖက်လိုက်ပြီး သူ့၏ ရင်ခွင်ထဲသို့ထည့်ကာ နမ်းရှိုက်လိုက်တော့သည်။

All Chapters