← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း(97)

စုန့်ယီ လင်းမိန်ဟွေ့ကို နမ်းရှိုက်ရင်းဖြင့် သူမ၏ အင်္ကျီကြယ်သီးများအား ဖြုတ်နေချိန်တွက် ရုတ်တရက် အသိစိတ် ဝင်လာခဲ့လေ၏။

လင်းမိန်ဟွေ့က အရွယ်မရောက်သေးပါချေ။

ထိုအတွေးက သူ့ကို ထိတ်လန့်သွားစေပြီး သူမ အင်္ကျီကို ပြန်စေ့ပေးလိုက်ရင်း တားဆီးလိုက်၏။

“မိန်ဟွေ့ …မင်းက ငယ်သေးတယ်၊ ကိုယ် မင်းကို ဒီလိုလုပ်တာက ကျန်းကျစ်ကုန်း လုပ်တာနဲ့ ဘာများကွာခြားတော့မှာလဲ”

စုန့်ယီ လင်းမိန်ဟွေ့အား ပြန်လည်လွှတ်ပေးလိုက်ပြီး ခြံထဲသို့ ထွက်ထွက်သွားလေသည်။ ထို့နောက် ခြံထဲမှ သံဇလုံကြီးတစ်လုံးကိုရှာတွေ့သောကြောင့် တွင်းရေနှစ်ပုံးမျှ ခပ်ထည့်လိုက်လိုက်ပြီး အိမ်ထဲသို့ သယ်လာ‌ခဲ့၏။

“မိန်ဟွေ့ ခဏလောက်စောင့်ပေးဦးနော်၊ မင်း ခဏနေရင် သက်သာသွားပါလိမ့်မယ်”

စုန့်ယီတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သော်လည်း အတုံးတွင်တော့ မျက်လုံးများကို မှိတ်ပြီး လင်းမိန်ဟွေ့၏ အင်္ကျီကို ချွတ်ပေးလိုက်၏။

လင်းမိန်ဟွေ့က အတွင်းခံများ ဝတ်ထားဆဲဖြစ်သော်လည်း စုန့်ယီ၏ တစ်ကိုယ်လုံးက ပူလောင်လာခဲ့ပြီး ချွေးများပင် ထွက်လာခဲ့ရလေသည်။

တွင်းရေက အေးမြနေခဲ့၏။

လင်းမိန်ဟွေ့တစ်ယောကင တွင်းရေနှင့် ထိတွေ့လိုက်ချိန်တွင် သူမ၏ နှလုံးသားအထိ အေးမြသွားလေသည်။

သူမ သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး အသက်ရှင်ပြီဟု ခံစားလိုက်ရ၏။

နောက်ဆုံးတွင်တော့ သူမ၏ ကိုယ်ပေါ်မှ ပူလောင်နေသည့် ဝေဒနာများ ပျောက်ကွယ်သွားခဲ့ပြီး လင်းမိန်ဟွေ့သည်လည်း စုန့်ယီ၏ရင်ခွင်ကို မှီ၍ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ နံနက်တွင်တော့ လင်းမိန်ဟွေ့ မျက်လုံးဖွင့်ကြည့်လိုက်မိချိတ်၌ သူမ၏ ကိုယ်အပေါ်ပိုင်းက ဗလာဖြစ်နေသည်ကို မြင်တွေ့လိုက်ပြီး စုန့်ယီသည်က သူမကို ပွေ့ဖက်ထားခဲ့လေ၏။

တစ်ဖက်လူကိုယ်တိုင်လည်း သံဇလုံကြီးထဲတွင် သူမနှင့်အတူ လဲလျောင်းနေသည်ကို မြင်လိုက်ရ၏။

မနေ့ညတွင် ဖြစ်ပျက်ခဲ့သောအရာများအားကို ပြန်လည်မှတ်မိသွားချိန်တွက် သူမ၏မျက်နှာက ချက်ချင်းပင် နီရဲသွားခဲ့သည်။

သူမအနေဖြင့် စုန့်ယီနှင့် မျက်နှာချင်းဆိုင်ရန်အတွက် ရှက်ရွံ့နေခဲ့သောကြောင့် ရှောင်ရှားလိုသည့်အတွက် သံဇလုံထဲမှ ညင်သာစွာ ထွက်လိုက်ကာ စုန့်ယီ၏ ရှပ်အင်္ကျီကို ကောက်ယူဝတ်ဆင်ရန် ကြိုးပမ်းလိုက်၏။

မထင်မှတ်ဘဲ သူမ မတ်တပ်ရပ်လိုက်သည်နှင့် စုန့်ယီက ရုတ်တရက်နိုးလာပြီး လင်းမိန်ဟွေ့ကို ဆွဲဖက်လာခဲ့လေသည်။

“မိန်ဟွေ့ ကိုယ် ဒီမှာရှိတယ်နော်…မကြောက်နဲ့၊ ကိုယ် မင်းကို ကာကွယ်ပေးမယ်”

လင်းမိန်ဟွေ့အနေဖြင့် အသိစိတ်ပြန်ဝင်နေပြီဖြစ်သောကြောင့် စုန့်ယီကို ရှက်ရွံ့စွာ ကြည့်လိုက်မိ၏။

“အစ်ကိုစုန့်ယီ…ကျွန်မ အဆင်ပြေနေပါပြီ၊ ကျွန်မ ရှင့်ရဲ့ရှပ်အင်္ကျီကို ဝတ်ထားတာဆိုတော့ ရှင် ဘာကိုဝတ်မှာလဲ”

စုန့်ယီသည်လည်း လင်းမိန်ဟွေ့ကို မျက်နှာချင်းဆိုင်ရန် အနည်းငယ်ရှက်ရွံ့နေသည့်အတွက် ချောင်းဟန့်လိုက်သည်။

“ဝမ်ဟန်က အပြင်မှာ စောင့်နေတုန်းပဲ၊ သူ အပေါ်ထပ်အင်္ကျီဝတ်ထားလားဆိုတာ သွားကြည့်လိုက်မယ်၊ ဝတ်ထားရင် သူ့ဆီကနေ တစ်ထည်လောက်တော့ ငှားပေးလောက်မှာပါ”

ထိုသို့ပြောပြီးသည်နှင့် စုန့်ယီက ဇလုံးထဲမှ အလျင်အမြန်ထွက်ပြီး အိမ်တံခါးကိုဖွင့်ကာ အပြင်သို့ထွက်သွားခဲ့လေ၏။

လင်းမိန်ဟွေ့လည်း သူမ၏ ခြေထောက်များကို ငုံ့ကြည့်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

ပြီးခဲ့သည့်ညက ရှုပ်ထွေးနေခဲ့သော မှတ်ဉာဏ်များကို သူမ ဝိုးတိုးဝါးတား မှတ်မိနေသေးပေ၏။

ထိုအကြောင်းကို တွေးမိလျှင် သူမ အနည်းငယ် စိတ်တိုလာခဲ့ရ၏။ ထိုခွေးကောင် ကျန်းကျစ်ကုန်းက သူမကို သေလုနီးပါး ဖြစ်စေခဲ့သည်။

သူမ မနေ့ညက တစ်ခုခုလုပ်ခဲ့မိသေးလားဆိုသည်ကို သူမကိုယ်တိုင်လည်း မသိတော့ပေ။

စုန့်ယီ အိမ်ထဲမှ ထွက်လာချိန်တွင် နေရောင်ခြည်မှာ ခြံထဲသို့ ညင်သာစွာ ဖြာကျနေခဲ့ပြီး မြက်ပင်လေးများမှာ စိမ်းစို၍ ယိမ်းနွဲ့နေခဲ့၏။

စုန့်ယီ၏ ရင်ထဲ၌ ပြောမပြတတ်သည့် ပြီးပြည့်စုံမှုတစ်မျိုးကို ခံစားနေရသည်။

သူ ခြံတံခါးထံလျှောက်သွားပြီး ဖွင့်လိုက်သည့်အချိန်၌ ခြံတံခါးအပြင်ဘက်တွင်ထိုင်ကာ တံခါးကိုမှီထားသော ဝမ်ဟန်တစ်ယောက် ခြံထဲသို့ လိမ့်ကျလာခဲ့၏။

ဝမ်ဟန်အနေဖြင့် ညမှစ၍ မနက်မိုးလင်းသည်အထိ၊ အလုပ်သမားများ အလုပ်သွားသည့် အသံများကို ကြားသည်အထိ မအိပ်ဘဲ စောင့်နေခဲ့သည်။

ထို့နောက်မှသာ မျက်လုံးများ မှေးစင်း၍ ခဏမျှ မှေးနေခဲ့ခြင်းဖြစ်၏။

မထင်မှတ်ဘဲ သူ ရုတ်တရက် အိပ်ပျော်သွားခြင်းပင်။ ဝမ်ဟန်တစ်ယောက် အနည်းငယ် အပြစ်ရှိစိတ်ဖြင့် မတ်တပ်ရပ်ကာ စုန့်ယီအား ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်တော် တမင်အိပ်တာ မဟုတ်ပါဘူး…ကျွန်တော် အရမ်းပင်ပန်းသွားလို့ပါ”

စုန့်ယီက သူ့ကို အပြစ်မတင်ခဲ့ပါချေ။ သူ ဝမ်ဟန်၏ ရှပ်အင်္ကျီ ကော်လံကို ဖွင့်ကြည့်လိုက်သော် အတွင်း၌ နောက်ထပ်အင်္ကျီတစ်ထည် ဝတ်ထားသည်ကို တွေ့လိုက်ရ၏။

“မင်းရဲ့ အင်္ကျီတစ်ထည်လောက်ကို ခဏလောက်ငှားပေးလို့ရလား၊ မိန်ဟွေ့က ငါ့အင်္ကျီကို ယူဝတ်ထားလို့”

“ဟုတ် ဟုတ်”

ဝမ်ဟန်တစ်ယောက် အိပ်ချင်မူးတူးဖြင့် သူ၏ အပေါ်ထပ်အင်္ကျီကို ချွတ်၍ စုန့်ယီ့အား ပေးလိုက်လေသည်။

ထို့နောက်တွင် စုန့်ယီ အကျီကို ခေါင်းပေါ်မှစွပ်၍ ဝတ်နေသည်ကို ငေးကြည့်နေရင်းဖြင့် စုန့်ယီ၏ လည်ပင်းရှိ အနီကွက်အချို့ကို မြင်သွားခဲ့လေ၏။

“အစ်ကိုစုန့်၊ ညတုန်းက ကျန်းကျစ်ကုန်း ရိုက်တာကို ခံလိုက်ရသေးလား… ဒဏ်ရာတွေ ရှိနေတယ်၊ ခင်ဗျား အဆင်ပြေရဲ့လား…အတွင်းဒဏ်ရာတွေ ဘာတွေရထားတာတော့ မဟုတ်ပါဘူးနော်”

ဝမ်ဟန် အံဩတကြီးဖြင့် အော်မေးလိုက်သည်။

လင်းမိန်ဟွေ့သည်လည်း အိမ်ထဲတွင်ရှိနေစဥ် စုန့်ယီတစ်ယောက် ဒဏ်ရာရသွားသည်ဟူသောစကားသံကို ကြားသောကြောင့် တံခါးဖွင့်၍ ပြေးထွက်လာခဲ့လေ၏။

စုန့်ယီ၏ လည်ပင်းတွင်ရှိနေသော အနီကွက်များမှာ နေရောင်အောက်၌ ထင်ရှားခဲ့သည်။ လင်းမိန်ဟွေ့တစ်ယောက် ထိုအနီကွက်များကို မြင်လိုက်သည့်အခိုက်တွင် ရှက်ရွံ့ကြောင်အမ်းသွားခဲ့ရလေ၏။

သူမ အနောက်ကို ပြန်လှည့်၍ အိမ်ထဲသို့ ပြန်ဝင်ချင်ခဲ့သော်လည်း ထိုသို့လုပ်ခဲ့ပါလျှင် တမင်သက်သက် အပြစ်ရှိကြောင်းကို ဖော်ပြရာရောက်သွားပေလိမ့်မည်။

ဝမ်ဟန်က အစပိုင်းတွင် မသိသော်လည်း သူမသာ အမြန် ထွက်ပြေးသွားမည်ဆိုပါက ပေ တ်ဖက်လူက ဉာဏ်ကောင်းသူဖြစ်သောကြောင့် ချက်ချင်းပဈ် ထိုအရာများက မည်သည့်အရာဖြစ်ကြောင်းကို နားလည်သွားပေလိမ့်မည်။

ဒီလိုသာဆိုရင် နောက်ကျရင် အစ်မစုန့်နဲ့ အခြားလူတွေကို ဘယ်လိုများ မျက်နှာပြရဲတော့မှာလဲ။

လင်းမိန်ဟွေ့၏ အမူအရာကို မြင်လိုက်ရလျှင် စုန့်ယီသည်လည်း သဘာဝကျစွာဖြင့် နားလည်သွားခဲ့သည်။ သူက သူ၏ အင်္ကျီကို အေးဆေးတည်ငြိမ်စွာ ဝတ်လိုက်ပြီး ပြောလိုက်၏။

“ဘာမှမဖြစ်ဘူး နည်းနည်းလောက်တိုက်မိသွားရုံပဲ၊ ရက်နည်းနည်းလောက်ကြာရင် ကောင်းသွားလိမ့်မယ်…မင်း အရမ်းကြီး စိတ်ပူစရာမလိုဘူး”

“တိုက်မိရင် ပြာနှမ်းနေမှာမဟုတ်ဘူးလား…ဘာလို့ ဒီလောက် နီနေတာလဲ”

ဝမ်ဟန်သည်ကား လူပျိုပေါက်အရွယ်လေးသာဖြစ်သောကြောင့် မည်သည့်အရာကိုမှ မသိသေးဘဲ ဆက်မေးနေခဲ့သည်။

စုန့်ယီက သူ့ကို အသာတွန်းပြီး ပြောလိုက်၏။

“ခြံထဲမှာ စားစရာတွေ ရှိလားဆိုတာ သွားကြည့်လိုက်ဦး တစ်ခုခုရှိနေရင် နည်းနည်းလောက် ယူလာခဲ့၊ မြန်မြန်စားရအောင်… ခဏနေရင် ချန်အန်းသယ် လာခေါ်တော့မှာ”

“ကောင်းပြီ၊ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်”

ဝမ်ဟန်တစ်ယောက် စုန့်ယီက သူ့အား ပထုတ်နှင်လွှတ်သည်ကို မသိဘဲ ပျော်ရွှင်စွာဖြင့် အပြေး ထွက်သွားခဲ့သည်။

စုန့်ယီသည်လည်း ဝမ်ဟန့် ထွက်သွားသည်ကို ကြည့်နေခဲ့ပြီးနောက် လင်းမိန်ဟွေ့နှင့် တစ်ပေအကွာအဝေးလောက်တွင် သတိထား၍ သွားရပ်နေ၏။

“မိန်ဟွေ့… မနေ့ကဖြစ်ခဲ့တာတွေနဲ့ပက်သတ်ပြီး မစိုးရိမ်ပါနဲ့၊ ကိုယ်တို့က ဇနီးမောင်နှံတွေပဲ‌လေ…အခုကစပြီး ကိုယ် မင်းကို အရင်ကထက်ဂရုစိုက်ပေးပြီး ချစ်မြတ်နိုးပါ့မယ်”

“ ဘယ်သူက စိုးရိမ်နေလို့လဲ”

လင်းမိန်ဟွေ့အနေဖြင့် အလွန်ပင်ရှက်ရွံနေမိခဲ့ပြီး တစ်ဖက်လူကို မည်သို့ဆက်ဆံရမည်ကိုပင် မသိတော့ချေ။

သို့သော် ယခုအချိန်၌ စုန့်ယီဘက်မှ ဖွင့်ပြောလာခြင်းမှာ အလွန်ပင်မျက်နှာပူစရာကောင်းလွန်းသည်။

လင်းမိန်ဟွေ့ အိမ်ထဲသို့ ပြန်ဝင်သွားခဲ့ပြီး အိပ်ရာပေါ်မှ ရှုပ်ပွနေသည့်အရာများကို မြင်လိုက်ချိန်တွင် သူမ၏ မျက်နှာက ပို၍ပင် ရှက်ရွံ့သွားခဲ့၏။

စုန့်ယီ၏ကိုယ်ပေါ်မှ အနီကွက်များက အလွန် နာကျင်နေမည်လားဆိုသည်ကို သူမ မသိပါချေ။

သူမ ညတုန်းက အားထည့်၍ အရမ်းကိုမိသွားသည်များလား။

ဤအတွေးများက လင်းမိန်ဟွေ့အား စိတ်မအေးအောင် လုပ်နေသည်။

သူမ တွေးတောနေစဉ်တွင် အပြင်ဘက်မှ ဝမ်ဟန့်၏ အော်သံကို ကြားလိုက်ရ၏။

“အစ်ကိုစုန့်ယီ…ဟိုဘက်မှာ မြစ်တွေရှိလို့ ကျွန်တော် ငါးနည်းနည်းလောက် ဖမ်းလာခဲ့တယ်.. အိုးတစ်လုံး ရှာကြည့်ပြီး ငါးစွပ်ပြုတ်ဟင်းချို လုပ်သောက်ရအောင်”

စုန့်ယီလည်း အိမ်ခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး ဗီရိုအား ဖွင့်၍ မွှေနှောက်ရှာနေလေသည်။

လင်းမိန်ဟွေ့အနေဖြင်် သူမ၏ ယခင်ဘဝ၌ ကျန်းကျစ်ကုန်းက သူ့ မိသားစုအား နွေရာသီ၌ အပူရှောင်ရန် ကျေးလက်သို့ ပြန်ခေါ်လေ့ရှိသည်ကို မှတ်မိနေခဲ့၏။

ခန်ပေါ်ရှိ ဗီဒိုထဲ၌ ပန်းကန်ခွက်ယောက်များကို ထည့်ထားတတ်သည်ပင်။

သူမ ဗီဒိုထံသို့လျှောက်သွားပြီးနောက် တံခါးကို ဖွင့်လိုက်လျှင် အမှန်ပင် အထဲတွင် ပစ္စည်းများ ရှိနေသည်ကို တွေ့လိုက်ရသည်။

သူမ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

သို့သော်လည်း သူမ ချက်ချင်းပင် စိတ်ငြိမ်သွားခဲ့လေ၏။

“အစ်ကိုစုန့်ယီ.. ဒီမှာ ပန်းကန်တွေ ဇွန်း ခက်ရင်းတွေအပြင် သံအိုးလေး တစ်လုံးလည်းရှိတယ်၊ ဒါတွေနဲ့ပဲ ချက်ပြုတ်ပြီး သောက်လိုက်ရအောင်”

စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့ က ဤမျှ လျှင်မြန်စွာ ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက ပန်းကန်လုံးများနှင့် တူများအား ယူလိုက်ပြီး ပြုံးလိုက်သည်။

“ဒီလူယုတ်မာက သူ့ကိုယ်သူ ပျော်အောင်နေခဲ့တာပဲ.. ဒီလို အိမ်အေသးလေးမှာတောင် ပန်းကန်တွေအပြည့်အစုံ ရှိနေသေးတယ်…”

လင်းမိန်ဟွေ့တစ်ယောက် တစ်ဖက်လူ၏ စကားများကို ကြားလိုက်ရပြီးနောက် သူမ၏ နှလုံးသားထဲတွင် တချို့သော ခံစားချက်များ ဝင်ရောက်လာခဲ့လေ၏။

*

အခန်း(98)

လင်းမိန်ဟွေ့ အတွေးထဲတွင် နစ်နေစဉ် ဝမ်ဟန်က ကောက်ရိုးကြိုးဖြင့်သီထားသော ငါးသုံးကောင်ကို ဆွဲ၍ ဝင်လာလေသည်။

“ဒီမှာ ကြည့်လိုက်ဦး.. ဒီကငါးက တော်တော်ကြီးတာ …ရွာထဲကလူတွေ ဖမ်းမစားကြတာလား မသိဘူး၊ ဘာပဲဖြစ်ဖြစ် မပြန်ခင် ကျွန်တော့်ရဲ့အစ်ကိုအတွက် ငါးနည်းနည်းလောက်ဖမ်းသွားလိုက်ဦးမယ်.. သူ့ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်စေမှာပဲ”

ဝမ်ဟန် ဝင်လာသောကြောင့် လင်းမိန်ဟွေ့၏ အတွေးများလည်း ရပ်တန့်သွားခဲ့သည်။

သူမအနေဖြင့် ယခင်ကလောက် မရှက်တော့ပေ။

“ငါ မှတ်မိသလောက်တော့ ကျန်းကျစ်ကုန်းရဲ့ ခြံထဲမှာ ငါးဖမ်းရင်သုံးတဲ့ ခြင်းတောင်း ရှိတယ်၊ မင်း ခဏနေရင် အဲဒါကိုယူပြီး ငါးဖမ်းဖို့ သုံးလို့ရတယ်လေ”

ဝမ်ဟန်က ငါးများကို စွပ်ပြုတ်ဟင်းချိုချက်ပြီး လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို တ်ိုက်လိုက်လေ၏။

ငါးဟင်းချိုမှာ နို့ကဲ့သို့ ဖြူဖွေးနေပြီး သင်းပျံ့သည့် ရနံ့လေး ထွက်နေခဲ့သည်။ တစ်ညလုံး ဗိုက်ဆာနေသည့် လင်းမိန်ဟွေ့အနေဖြင့် ထိုအနံ့ကြောင့် ထပ်မံ၍ မစောင့်နိုင်တော့ပေ။

သူမ၏ ဟင်းချိုပန်းကန်ကို ပါးစပ်နားသို့ ကပ်တော့မည်အချိန်တွင် စုန့်ယီက တားဆီးလိုက်လေသည်။

“ခဏစောင့်ဦး၊ လည်ချောင်းထဲကို ငါးရိုး မစူးအောင် ကိုယ် မင်းအတွက် အရိုးတွေကို ဖယ်ထုတ်ပေးမယ်”

“အစ်ကိုစုန့်ယီ.. ဒါကို ကျွန်မ ကိုယ့်ဘာသာ လုပ်လို့ရပါတယ်၊ ရှင် ဒီလိုမျိုး ကျွန်မကို ဂရုစိုက်နေစရာ မလိုပါဘူး… ကျွန်မက ကလေးလေးလည်း မဟုတ်တော့ဘူးလေ”

လင်းမိန်ဟွေ့တစ်ယောက် သူမက ကလေးမဟုတ်တော့ကြောင်း ပြောလိုက်ချိန်တွင် တစ်စုုံတစ်ခုကို သတိရသွားပြီး သူမ၏ မျက်နှာလေးက အနည်းငယ်နီရဲသွားခဲ့၏။

မနေ့ညတုန်းက အရာများဖြစ်ပျက်ပြီးနောက်တွင် သူမမှာ အမှန်ပင် ကလေးမဟုတ်တော့ပေ။

စုန့်ယီကတော့ လင်းမိန်ဟွေ့၏ စိတ်ခံချက်များ ပြောင်းလဲနေသည်ကို သတိမထားမိပါချေ။

သူက တူနှင့် ငါးအရိုးလေးများအား တစ်ခုချင်းရွေးထုတ်ပြီး ငါးအရိုးမရှိကြောင်း သေချာမှသာ လင်းမိန်ဟွေ့အား ပေးလိုက်သည်။

“ကိုယ့်ရဲ့ ရင်ထဲမှာတော့ မင်းက သတ္တိရှိပြီး တောက်ပလင်းလက်တဲ့ လင်းသိုက်ယွီ အမြဲတမ်းဖြစ်နေမှာပဲ”

( T/n: လင်းသိုက်ယွီ : Dream of the Red Chamber ဆိုတဲ့နိုဗယ်ထဲက ကာရိုက်တာပါ

သိုက်ယွီဆိုတာက အနက်ရောင်ကျောက်စိမ်းလို့ အဓိပ္ပါယ်ရပြီး ဇာတ်လမ်းထဲမှာတော့ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခတွေကြုံတွေ့ရပါစေ နောက်ဆုံးမှာတောက်ပနေဦးမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်လိမ့်မယ်)

လင်းမိန်ဟွေ့တစ်ယောက် လင်းသိုက်ယွီဟူသော နာမည်ကြားသည်နှင့် သူမ လင်းမိသားစုမှ ထွက်ပြေးလာချိန်တွင် ကျန်းမိသားစု၏ လက်မှ လွတ်မြောက်ရန်အတွက်သာ စဉ်းစားနေခဲ့သည်ကိုသာ ပြန်တွေးမိသည်။

ထိုအချိန်က သူမ စုန့်ယီ၏ အိမ်၌ ခဏတာလောက်ပုန်းအောင်းပြီး ငွေအလုံအလောက် စုမိလျှင် ကျောင်းတက်ရန် စဉ်းစားခဲ့မိသည်။

ယခုတွင် သူမ၏ ထိုဆန္ဒမှာ မပြည့်သေးဘဲ သူမနှင့် စုန့်ယီက ဇနီးမောင်နှံ ဖြစ်သွားခဲ့ပေပြီ။

“ကျေးဇူးတင်ပါတယ် အစ်ကိုစုန့်ယီ”

လင်းမိန်ဟွေ့၏ အသံက တိုးလျနေခဲ့သည်။

စုန့်ယီကတော့ လင်းမိန်ဟွေ့မှ အရသာမရှိသော ငါးဟင်းချိုအား မသောက်ချင်သောကြောင့်ဟု ထင်သွားလေ၏။

ထို့ကြောင့် ခဏမျှစဥ်းစား၍ ပြောလာခဲ့သည်။

“ဒီမှာရှိနေတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက သက်တမ်းကုန်နေလို့ ဆားနည်းနည်းပဲ ထည့်ထားတာ၊ မိန်ဟွေ့…မင်း မသောက်တတ်ရင် ပြန်ရောက်မှ ကိုယ် မင်းအတွက် အရသာရှိတဲ့စွပ်ပြုတ်တစ်ခွက် ချက်ပေးမယ်”

“မဟုတ်ဘူး ဒါကလည်းကောင်းပါတယ်”

လင်းမိန်ဟွေ့ပ စုန့်ယီ ထပ်မံ၍ နားလည်မှုလွဲမည်ကို စိုးရိမ်သည့်အတွက် ပန်းကန်ကို အချှင််အမြန် ကောက်ကိုင် အနည်းငယ်စီ သောက်လိုက်လေ၏။

ထို့အပြင် ပန်းကန်ထဲမှ ငါးကိုလည်း တူနှင့် ယူစားခဲ့သည်။

သူတို့သုံးယောက် စားသောက်ပြီးနောက်တွင် ဝမ်ဟန်က ငါးဖမ်းခြင်းတောင်းကိုယူကာ မြစ်ထဲသို့ သွားကာ ငါးများ ထပ်ဖမ်းခဲ့ပြန်သည်။

သူက ငါးများကို ကောက်ရိုးကြိုးများဖြင့် သီထားခဲ့ပြီး သူ၏ အစ်ကိုနှင့် မရီးတို့မှ သူ့ကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့သည့် ကျေးဇူးကို ဆပ်ရန်အတွက် ပြန်ယူသွားဖို့ တွေးလိုက်၏။

မနက်ပိုင်းတွင်ပင် ချန်အန်းသယ်က သူငယ်ချင်းဖြစ်သူထံမှ ဗင်ကားတစ်စီးကို ငှားကာ ယွမ်ဟဲရွာသို့ ရောက်လာခဲ့သည်။

စုန့်ယီနှင့် လင်းမိန်ဟွေ့တို့ အဆင်ပြေနေသည်ကို မြင်လျှင် သူက အခြေအနေအား မေးမြန်းရန် အပြေးအလွှား လျှောက်လာခဲ့၏။

လင်းမိန်ဟွေ့က ရှက်ရွံ့နေခဲ့ပြီး မျက်နှာနီမြန်းနေခဲ့ကာ စုန့်ယီ၏ဘေးတွင် ပုန်းနေခဲ့သည်။

သူက စကားပြောချင်စိတ်မရှိနေခဲ့ပေ။

ရန် ငြင်းဆန်နေသည်။

တစ်ဖက်တွင်ရှိနေသော စုန့်ယီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

“ဝမ်ဟန်က ခုနက ငါးစွပ်ပြုတ်ဟင်းချို ချက်ပေးထားလို့ ငါတို့တွေ မနက်စာ စားပြီးပြီ.. အခု ပြန်ရအောင်လေ”

ချန်အန်းသယ်အနေဖြင်် လင်းမိန်ဟွေ့၏ နီရဲနေသောပါးကို တွေ့မြင်ခဲ့ရပြီးနောက်တွင် ယမန်နေ့ညက မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို သဘာဝကျစွာပင် သိလိုက်သည်။

သူက စုန့်ယီအတွက် တိတ်တဆိတ် ပျော်ရွှင်နေခဲ့၏။ ထိုသို့ဖြစ်သွားသောကြောင့် စုန့်ယီအနေဖြင်် လင်းမိန်ဟွေ့မှ သူ့ကို မကြိုက်မည့်အရေးကိုစိတ်ပူနေစရာ မလိုတော့ပေ။

“အဲဒီလူယုတ်မာ ကျန်းကျစ်ကုန်းကို ဖမ်းထားတယ်၊

ငါ ခေါင်းဆောင်လျိုကို မေးကြည့်တော့ ဒီအမှုက ခုနစ်နှစ်ကနေ ဆယ့်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်တဲ့၊ သူ အဲဒီလောက်ကတော့ ဒုက္ခခံရမှာပဲ”

“ဘယ်အမှုနဲ့ ပြစ်ဒဏ်ချမှာလဲ”

စုန့်ယီအနေဖြငာ် ကျန်းကျစ်ကုန်းအား ထောင်ထဲတွင်သာ တစ်သက်လုံး နေစေချင်ခဲ့သည်။

“မနေ့က ထွက်ဆိုချက်ကို မှတ်တမ်းတင်တော့ ရဲတပ်ဖွဲ့ဝင်တွေဆီက ကြားခဲ့တယ်..

သူတို့က သူ့ကို ပြန်ပေးဆွဲမှု၊ အဓမ္မပြုကျင့်ဖို့ ကြိုးစားမှု‌တွေနဲ့ စွဲချက်တင်ထားတယ်တဲ့၊ ဒါပေမဲ့ ပြစ်ဒဏ်မချမှတ်ခင် တရားရုံးမှာ စစ်ဆေးဖို့ လိုသေးတယ်၊

စိတ်မပူပါနဲ့…ဒီတစ်ခါ ကျန်းကျစ်ကုန်းကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ ငါ စိတ်ချရတဲ့လူတစ်ယောက်ကို ရှာလိုက်မယ်”

ချန်အန်းသယ်အနေဖြင့် မနေ့ညက အတော်လေးနောက်ကျမှ ပြန်ရောက်ခဲ့သော်လည်း ရဲစခန်းရှိလူများနှင့် သူ၏ သူငယ်ချင်းများ အားလုံးကို နှိုးခဲ့၏။

သူက ကျန်းကျစ်ကုန်းအား မသနားရန်အတွက် သေသေချာချာ ဂရုတစိုက်ဖြင့် မှာထားခဲ့သည်။

ထိုသို့သော ခွေးကောင်များမှာ ငရဲသို့ သွားသင့်လေ၏။

သူတို့နဲ့ အချိန် ခဏမျှ ပြောပြီးနောက် ချန်အန်းသယ်က သူ၏ မွေးစားအစ်မ ထည့်ပေးလိုက်သော အဝတ်အစားတချို့ကို ကားထဲမှ ထုတ်၍ လင်းမိန်ဟွေ့အား ပေးလိုက်သည်။

“မိန်ဟွေ့…ငါ အလျင်လိုနေလို့ မင်းအတွက် အသစ်တွေ ဝယ်မလာခဲ့ရဘူး၊ မွေးစားအစ်မရဲ့ အဝတ်အစားတွေကိုပဲ အရင်ဝတ်လိုက်ဦး”

လင်းမိန်ဟွေ့ပ အဝတ်အစားများကို လှမ်းယူလိုက်ပြီး ရှက်ရွံ့စွာပြုံးလိုက်လေ၏။

“ဒုက္ခပေးမိလို့ တောင်းပန်ပါတယ် ”

လင်းမိန်ဟွေ့က အဝတ်အစားများကို ဝတ်ဆင်ပြီးနောက် ကားလေးနှင့်အတူ ယွမ်ကျန်းမြို့သို့ ပြန်လာခဲ့ကကြလေသည်။

ယမန်နေ့က လင်းမိန်ဟွေ့ ပျောက်ဆုံးသွားသည့် သတင်းမှာ မြို့တစ်မြို့လုံးတွင်ပျံ့နှံ့နေပြီပင်။

ဘေးအိမ်မှ အစ်မဝမ်မေ့လီနှင့် သူမ၏ ခင်ပွန်းအပြင် ကျန်းရှို့ရှန်သည်ပင် ရောက်လာခဲ့သည်။

လင်းမိန်ဟွေ့ ပြန်ရောက်လာသည်ကို မြင်သည်နှင့် သူတို့က ချက်ချင်း ဝိုင်းအုံလာကြလေ၏။

“မိန်ဟွေ့၊ ဘယ်လိုလဲ ဒဏ်ရာရထားသေးလား… ဆေးရုံသွားချင်လား”

ကျန်းရှို့ရှန်က ဦးဆောင်ပြီး လင်းမိန်ဟွေ့အား အပေါ်အောက် ကြည့်လိုက်သည်။

လင်းမိန်ဟွေ့က ကျန်းရှို့ရှန်၏ လက်အား ဆုပ်ကိုင်‌၍ ပြောလေ၏။

“အစ်မကျန်း.. ကျွန်မ အဆင်ပြေပါတယ်”

ဝမ်မေ့လီမှာ လင်းမိန်ဟွေ့၏ မျက်နှာပေါ်ရှိ အနီကွက်များကိုမြင်လိုက်ရလျှင် မျက်လုံးများ နီရဲလာခဲ့ပြီး ရှေ့သို့တိုးလာခဲ့ကာ လင်းမိန်ဟွေ့အား ပွေ့ဖက်လိုက်သည်။

“မိန်ဟွေ့.. မင်းလို စိတ်ရင်းကောင်းတဲ့မိမ်းကလေးကို အဲဒီလူယုတ်မာက ဘယ်လိုများ နာကျင်အောင်လုပ်ဖို့ တွေးတောနိုင်ရတာလဲ၊ ငါ မနေ့က တစ်ညလုံးနင့်အကြောင်းတွေကို တွေးနေခဲ့တာ တစ်ညလုံး အိပ်တောင်မပျော်ဘူး၊ တစ်ခုခု ဖြစ်သွားမှာကို ငါ ကြောက်နေခဲ့တာ”

ယခင်ဘဝကတည်းက လင်းမိန်ဟွေ့အနေဖြင့် လူများအကြောင်းကို သိလာခဲ့သည်။

လူအများစုမှာ တခြားလူ ဒုက္ခရောက်သည်ကို မြင်ရလျှင် ပျော်ရွှင်ဝမ်းမြောက်လေ့ရှိသည်။

သို့သော်လည်း ကျန်းရှို့ရှန်နှင့် ဝမ်မေ့လီတို့၏ မျက်လုံးထဲမှ အကြည့်များကို မြင်လိုက်ရလျှင် သူတို့က သူမကို အမှန်တကယ် ဂရုစိုက်ကြောင်းကို နားလည်လိုက်ခေ၏။

လင်းမိန်ဟွေ့လည်း ဝမ်မေ့လီကို ပြန်လည်ကွေ့ဖက်လိုက်သည်။

“အစ်မ၊ ကျွန်မ အဆင်ပြေပြေနဲ့ ပြန်ရောက်လာပါပြီ ကျွန်မ အကုန် အဆင်ပြေပါတယ်၊ အဲဒီလူယုတ်မာကိုလည်း ဖမ်းလိုက်ပြီ…နောက်ထပ် ရက်နည်းနည်းအတွင်း သူ ပြစ်ဒဏ်ချမှတ်ခံရတော့မှာ”

“ကောင်းပြီလေ.. သွားရအောင်၊ နင်အကြိုက်ဆုံး ခေါက်ဆွဲနဲ့ ပန်ကိတ်တွေ လုပ်ထားတယ်၊ ထမင်းကလည်း အများကြီးချက်ထားတာ.. နင်တို့အကုန်လုံး ငါ့အိမ်မှာ လာစားလို့ရတယ်”

“ကောင်းပါပြီ”

ယခင်ဘဝက လင်းမိန်ဟွေ့အနေဖြင့် လူ့လောက၏ နွေးထွေးမှုအား တစ်ခါမျှ မခံစားခဲ့ဖူးပေ။

ကျန်းမိသားစုမှာ သူမအား ကြောင်တစ်ကောင်၊ ခွေးတစ်ကောင်ကဲ့သို့ မွေးမြူခဲ့ခြင်းပင် ဖြစ်သည်။

သူတို့ မကျေနပ်လျှင်ပင် သူမအား အေးစက်စွာ ကြည့်၍ ထိုးကြိတ်ကန်ကြပေလိမ့်မည်။

ယခုတွင်မူ သူမ၏ ပတ်ဝန်းကျင်မှ လူများက သူမအား အလွန်ပင် ဂရုစိုက်နေခဲ့ကြပြီး နွေးထွေးမှုကို ခံစားလိုက်ရသောကြောင့် မျက်ရည်များပင် မထိန်းနိုင်ဘဲ ကျလာခဲ့သည်။

All Chapters