← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 16 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 16 Ch. 187-188

အခန်း ၁၈၇ -

ငါ့သွေးနဲ့အရိုးက ငရဲကမ္ဘာကိုနင်းချေမယ်။

လေးယောက်သား နောက်ထပ် မိုင်သုံးဆယ်ဧရိယာအတွင်း လှည့်ပတ်ရှာဖွေ၏။ ချန်ချွမ်သည် ဝိညာဉ်အသိကို ဖြန့်ကျက်ကာ အမှားအယွင်းတစ်စုံတစ်ရာ မရှိကြောင်း သေချာစေခဲ့သည်။

ထို့ကြောင့် စိတ်ဝင်စားမှု ပျောက်ဆုံးကာ ကူချန်ထံလှည့်ကြည့်ပြီး ထွက်ခွာရန်ပြင်နေစဉ် တစ်ဖက်လူသည် ဦးတည်ရာတစ်ရပ်ထံ ကြည့်နေသည်ကို မြင်လိုက်ရ၏။

“ ငါတို့နောက်ကို သူတကယ် လိုက်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ”

ထိုစကားကြောင့် ချန်ချွမ်မှ အံ့အားသင့်လာပြီး ကူချန်စိုက်ကြည့်နေခဲ့သော အရပ်ထံ ပြန်ကြည့်လိုက်ကာ ဝိညာဉ်အသိကို ဂရုတစိုက် ဖြန့်ကျက်တော့၏။

အဖြေသည် ပြောင်းလဲခြင်းမရှိချေ။ သူ့ဝိညာဉ်အသိသည် ယွမ်ဖူနယ်ပယ်၌ရှိသော ဤလူငယ်ကဲ့သို့ ထက်ရှခြင်းမရှိသည့်အပေါ် မယုံကြည်နိုင်ဟန်ဖြင့် ကူချန်ထံပြန်ကြည့်၏။

“ တာအိုချန်ချွမ် ... ငါ့နောက်လိုက်ခဲ့ ... ။ ”

ကူချန်မှ စကားဆုံးသည်နှင့် ချက်ချင်းပျောက်ကွယ်သွားသည်။ ချန်ချွမ်က စိတ်ဝင်တစားဖြင့် ပြေးလိုက်သွား၏။

“ အစ်မချင်း ... စီနီယာအစ်ကိုချန်ချွမ်က တကယ်ပဲ ဘာမှမတွေ့ဘူးလား။ ”

ချူဟွာရီက လေသံတိုးတိုးဖြင့် မေးသည်။ ချင်းရွှမ်းခမျာ အနည်းငယ်ရှုပ်ထွေးပြီး ပဟေဋ္ဌိ ဖြစ်နေသည့်အသွင်ဖြင့်၊

“ အရင်ဆုံး သွားကြည့်ရအောင် ... ။ ”

-ဟု ပြောကြားလိုက်သည်။

မိုင်နှစ်ဆယ်ခန့် ပျံသန်းပြီးနောက် ကူချန်တစ်ယောက် ရေကန်တစ်ကန်အထက် ရပ်တန့်ကာ ငုံ့ကြည့်နေ၏။

ရေကန်သည် စိမ်းလန်းစိုပြေသော တောင်တန်းတစ်နေရာ၌တည်ရှိပြီး ရွှေရောင် အကြေးခွံများအလား တောက်ပနေ၏။

ချန်ချွမ်ရောက်ရှိသွားချိန်တွင် ကူချန်သည် ထိုနေရာ၌ အချိန်ကြာမြင့်စွာတည်းက ရောက်ရှိ နေသကဲ့သို့ ငြိမ်သက်နေသဖြင့် ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

တစ်ဖက်လူသည် အဘယ့်ကြောင့် သူ့ထက်မြန်နေသည်ကို ယခုအချိန်မေးမြန်းရန် မသင့်သေးကြောင်း နားမလည်နိုင်၏။

“ တာအိုချန်ရှန့် ... ငါ့ရဲ့ နတ်ဆိုးခြေရာခံကိရိယာက နတ်ဆိုးတွေရဲ့ ရောင်ဝါကို ရှာမတွေ့ဘူး။ ”

ချန်ချွမ်မှ လက်ဖဝါးအရွယ် သံလိုက်အိမ်မြှောင်ကဲ့သို့ ရှာဖွေရေးကိရိယာကို ပြသကာ မေးမြန်းလိုက်သည်။

“ နတ်ဆိုးမဟုတ်ဘူး ... ။ ”

ကူချန်မှ ငြိမ်သက်နေသော ရေကန်ကို ကြည့်နေလျက်ဖြင့် ပြန်ဖြေ၏။

“ နတ်ဆိုး မဟုတ်ဘူးလား။ ”

ငြိမ်သက်နေသော ရေကန်ဆီသို့ လိုက်ပါကြည့်ရှုလျက် ချန်ချွမ်တစ်ယောက် တုန်လှုပ်သွားသည်။

“ နတ်ဆိုးမဟုတ်ဘူးဆိုရင် ... မကောင်းဆိုးရွားကျင့်ကြံသူ တစ်ယောက်လား ... ။ ”

“ ဖြစ်နိုင်ပါတယ် ... သူ့ဆီက သွေးရနံ့ပြင်းပြင်းရပြီး နာကြည်းမှုကိုလည်း ခံစားနေရတယ်။ ”

ကူချန်စကားကြောင့် ချန်ချွမ်မှ တိတ်ဆိတ်သွားသည်။ ရေမျက်နှာပြင်သည် တည်ငြိမ်လျက် ထိုသို့သော လျှို့ဝှက်ချက် တစ်စုံတစ်ရာမရှိဟု ခံစားရစေသည်။

တစ်ဖက်တွင် ကူချန်ပြောသကဲ့သို့ ရေကန်ကြမ်းပြင်၌ သွေးများပေကျံနေသော ဝတ်စုံဖြင့် ခပ်ပိန်ပိန်အဘိုးအိုတစ်ဦးရှိနေ၏။

“ ငါ့ကို တွေ့သွားတာလား။ ”

မျက်ဝန်းများသည် မှုန်မှိုင်းနေသော အသွင်ဖြင့် လေထုအလယ်ရပ်နေသည့် ပုံရိပ် နှစ်ရိပ်ထံ ကြည့်နေချေပြီ။

သူသည် ချင်းယွမ်အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ဤနတ်ဆိုးနှင့် လိုက်ပါလာခြင်းဖြစ်သည်။

ဤနတ်ဆိုးသည် အသိညာဏ်ကို ဆုံးရှုံးထားသဖြင့် ရူးရူးမိုက်မိုက်ပြေးလွှားရန်သာ အတွေးများရှိ၏။

ထို့ကြောင့် နှင်းပန်းဓားကျောင်းမှ တပည့်များသည် အဆိုပါနတ်ဆိုးအပေါ်သာ အာရုံရှိပေမည်။ ထိုနတ်ဆိုးနှင့် မိုင်(၂၀)အကွာမှ လိုက်ပါနေသောသူ့အပေါ် မည်သူမျှ သတိ ပြုမိနိုင်မည် မဟုတ်ချေ။

ဤနည်းဖြင့် ဝေးလံသော အရပ်သို့ ထွက်ပြေးလွတ်မြောက်နိုင်ပေမည်။ ယခုမူ ဤလူငယ်နှစ်ယောက်သည် သူ့အပေါ် ရှာတွေ့သွားပုံပေပင်။

“ ဗွမ်း ... ။ ”

အဆုံး၌ သည်းခံနိုင်ခြင်းမရှိတော့ဘဲ ရေမျက်နှာပြင်ကိုခွဲကာ လေထဲပျံတက်လိုက်၏။ တစ်ဆက်တည်းမှာပင် သတ်ဖြတ်လိုသော အကြည့်များဖြင့် ကူချန်နှင့်ချန်ချွမ်းထံ စိုက်ကြည့်လေသည်။

ရေကန်ထဲမှ တစ်စုံတစ်ယောက် ထွက်လာသဖြင့် ချန်ချွမ်မှ အံ့အားသင့်သွား၏။ ကူချန်သည် ထိုသူကို မည်သို့ရှာတွေ့ခဲ့မှန်း နားမလည်နိုင်ချေ။

ဤသည်မှာ အမှန်ပင် သွေးညှီရနံ့များ လှိုင်လှိုင်ထွက်နေသော နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ဖြစ်နေသည်။

အထူးသဖြင့် အဘိုးအိုခန္ဓာကိုယ်၌ ဝတ်ဆင်ထားသော သွေးစွန်းနေသည့် အင်္ကျီ ပေပင်။ ၎င်းသည် သွေးစွန်းထင်းခြင်းသည်လော ဝိညာဉ်အစီရင်တစ်ခုပင်လော မသိနိုင်ချေ။

သွေးစွန်းနေသော အင်္ကျီမှရေစက်များ စီးကျနေသည်။ ၎င်းသည် သွေးကဲ့သို့ အနီရောင် အရည်များဖြစ်၏။ ကူချန်မှ အဘိုးအိုအပေါ် စစ်ဆေးလိုက်သည်။

ကံကြမ္မာမျက်လုံးအောက်တွင် မရေမတွက်နိုင်သော နာကျည်းခြင်း ဝိညာဉ်များ အဘိုးအိုတဝိုက် ဝိုင်းရံနေသည်ကို မြင်၏။

ဆိုလိုသည်မှာ ဤအဘိုအိုးသည် အသက်ပေါင်းများစွာကို ရူးသွပ်စွာ သတ်ဖြတ်ခဲ့ သူ တစ်ဦးပေပင်။

ချန်ချွမ်တစ်ယောက် နတ်ဆိုးဝိညာဉ်နှင့် တိုက်ခိုက်နေချိန် ဤအဘိုးအိုအသက်ရှူသံကို ယောင်ဝါးဝါး သူကြားလိုက်ရခြင်းဖြစ်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်း ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားသဖြင့် အထင်မှားနေကြောင်း ယူဆခဲ့သည်။

“ နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ပဲ ... တာအိုချန်ရှန့် နောက်ဆုတ်ပြီး ကျန်တဲ့တာဝန် ငါ့ဆီထားခဲ့ပါ။ ”

ချန်ချွမ်က အံ့အားသင့်စွာ အဖိုးအိုကို ကြည့်ပြီးနောက် ပြောကြားလိုက်၏။ အဖိုးအိုမှ သူ့ကို မြင်သွားသူသည် ကူချန်ဖြစ်ကြောင်း နားလည်လိုက်သည်။

“ ဒါဆို ... မင်းပဲပေါ့။ ”

သူ့မျက်ဝန်းများသည် အမုန်းတရားနှင့် သတ်ဖြတ်လိုသော ခံစားချက်များ ပြည့်နှက်လာ တော့၏။

ထိုစဉ်က နတ်ဆိုးသည် ဝိညာဉ်ကို ဆုံးရှုံးသွားသော်လည်း အသိဉာဏ်အနည်းငယ် ရှိနေသေးသည်။

သူနှင့်အတူ ပူးပေါင်းလျက် ဂိုဏ်းငယ်တစ်ခုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ဆေးဘက်ဝင်အပင်နှင့် သွေးစွမ်းအင်များ စုဆောင်းခဲ့သည်။

ယခုမူ ဤလူငယ်နှစ်ယောက်၏ သတ်ဖြတ်ခြင်းခံရကာ သူ့ကိုပင် ရှာတွေ့ခဲ့၏။ အမုန်းတရားသည် နှလုံးသားကို လောင်ကာ ကူချန်ထံ တိုက်ခိုက်လိုက်သည်။

“ သေလိုက်စမ်း ... ။ ”

သူ့ခန္ဓာကိုယ်မှ ထွက်လာသော သွေးရောင်ချီစွမ်းအင်သည် ပေဒါဇင်များစွာ မြင့်မားသော သွေးအရိုးစုကြီးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ထိုသွေးအရိုးစုက လက်ဖဝါးကို ဆန့်ထုတ်လျက် ကူချန်အပေါ် ချက်ချင်း ဖမ်းယူ ‌တော့၏၊ ထိုလက်ဖဝါးသွားရာ လမ်းတလျှောက် သွေးစွမ်းအင်များသည် သွေးမိုးရွာနေသကဲ့သို့ တဟုန်ထိုးကျဆင်နေသည်။

“ ဟမ့် ... လူယုတ်မာ ... ။ ”

ချန်ချွမ်က ‌နောက်ကျောတွင် လွယ်ထားသောငရဲဓားကို ချက်ချင်းထုတ်လျက် ထိုလက်ဖဝါးထံ ပိုင်းချလိုက်သည်။

အဝါနှင့်အနက်ရောင် ဓားအလင်းသည် အရိုးစုလက်ဖဝါးကို လျှပ်စီးကဲ့သို့ ထိုးဖောက်ပြီး အဆုံး၌ရပ်တန့်သွား၏။

“ ဟမ့် ... ။ ”

နတ်ဆိုးခန္ဓာကိုယ်ကို အလွယ်တကူ ချိုးဖောက်နိုင်သော ငရဲဓားသည် အရိုးလက်ဖဝါး အပေါ်သာ အပိုင်းပိုင်းဖြတ်တောက်နိုင်ပြီး ပျက်ပြယ်သွားသည်။ ရှေ့ဆက်မတိုးနိုင်ချေ။

ထို့ကြောင့် အစီရင်ချပ်ပြားတစ်ခုကို ထုတ်ယူလျက် ကူချန်အပေါ်ကာကွယ်ပေးရန် ကြိုးစား လိုက်သည်။

“ တာအိုချန်ရှန့် ... ဒီလူယုတ်မာက လှည့်စားနေတယ် သူ့ကျင့်ကြံမှု စင်ကြယ်ခြင်း နယ်ပယ်မှာရှိနေတယ်။ ”

တစ်ဆက်တည်းမှာပင် ကူချန်ကို သတိပေးလိုက်တော့၏။ ထိုစဉ်အဘိုးအိုသည် နာကျည်းနေသော အသွင်ဖြင့်၊

“ မင်းတို့ နှင်းပန်းဓားကျောင်းရဲ့ တပည့်တွေကို ငါအတတ်နိုင်ဆုံးရှောင်ရှားဖို့ ကြိုးစားခဲ့တယ် ဒါပေမယ့် ...

... ဒီနေ့ မင်းတို့တွေ ငါ့ဆီကို ရောက်လာခဲ့တယ် ဒါဆို ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့။ ”

-ဟု ပြောကြားလိုက်သည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် ကြီးမားသောအရိုးစုကြီး အထက်သို့ ပျံတက်ကာ ကူချန်နှင့် ချန်ချွမ်အပေါ် သတ်ဖြတ်လိုသည့် အကြည့်ဖြင့်ကြည့်လိုက်၏။

တစ်ဆက်တည်းမှာပင် သွေးချီဖြင့်ဖန်တီးထားသော အလွှာတစ်ခုက အရိုးစုအပေါ် ဖုံးအုပ်သွားသည်။

“ ဝူး ... ။ ”

‌ရေကန်မျက်ပြင်သည်လည်း သွေးရောင်ပြောင်းကုန်၏။ အရိုးစုကလက်ကို ဝှေ့ယမ်းလိုက်သည်။ ပေပေါင်းများစွာရှည်သည့် အရိုးလှံတစ်စင်း ထွက်ပေါ်လာ၏။

အရိုးလှံတဝိုက် လေချွန်သံများကဲ့သို့ လေပြင်းများ တိုက်ခတ်လာပြီး ရေမျက်နှာပြင်၌ လှိုင်းထန်လာတော့သည်။ ရေကန်ဘေးရှိ သစ်ပင်များအားလုံး လဲပြိုကုန်၏။

“ တာအိုချန်ရှန့် ... ကျေးဇူးပြုပြီး အစီရင်အတွင်းမှာ သတိထားပါ ဒီအဘိုးကြီးကို ငါကိုင်တွယ်မယ်။ ”

ချန်ချွမ်က ကူချန်ကို လေးနက်စွာ သတိပေးလိုက်သည်။ ကူချန်မှ အဖိုးအိုအပေါ် တိုက်ခိုက်လိုသော်လည်း ခေါင်းညိတ်လျက် အသာနောက်ဆုတ်လိုက်၏။

အဖြူရောင်ဝတ်လုံစများ လေထဲ တဖျပ်ဖျပ်ခတ်လျက် ချန်ချွမ်က အရိုးစုကြီးထံ တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး၊

“ တစ္ဆေတစ်သောင်း ဝတ်ရုံကို ငါဝတ်ဆင်ထားတယ် မကောင်းဆိုးရွာ နတ်ဆိုး ကျင့်ကြံသူတွေကို ငါမကြောက်ဘူး ... ငါ့သွေးနဲ့ အရိုးတွေက ငရဲကမ္ဘာကိုနင်းချေမယ်။ ”

-ဟု ကြွေးကြော်သည်။

“ ရွှပ် ... ။ ”

ကြောက်လန့်မှုကင်းပြီး သူရဲကောင်း တစ်ယောက်အလား ငရဲဓားဖြင့် လေထုအတွင်း လွှဲရမ်းလိုက်တော့၏။

“ ဘရူး ... ။ ”

မျက်ဝန်းများသည် မီးရှူးတိုင်ကဲ့သို့ စူးရှတောက်ပလာခဲ့ပြီး ငရဲဓားသည်လည်း လိုက်ပါ မြည်ဟည်းလေသည်။

“ ငရဲဓား ... ။ ”

“ ဘရူး ... ။ ”

အဆုံး၌ ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အလင်းတန်းအလား အရိုးစုကြီးထံ ပြေးဝင်ခုတ်ပိုင်းချလိုက်၏။

ဓားရှည်သည် ဝိညာဉ်ရေးအသိရှိပြီး ကျယ်လောင်သော တိုက်ပွဲဝင်ကြွေးကြော်သံ မြည်ဟည်းလျက် သူနှင့်အတူ လေဟာနယ်ကို ဖြတ်ကျော်သွားသည်။

ထိုမြင်ကွင်းကြောင့် ကူချန်တစ်ယောက် မျက်လုံးအတွင်း ထူးဆန်းသော အရိပ်အယောင် အချို့ လင်းလက်သွားတော့၏။

“ ဒါ ... နှင်းပန်းဓားကျောင်းရဲ့ တပည့်တစ်ယောက်လား။ ”

***

အခန်း ၁၈၈ -

အရိုးတစ်သောင်း နည်းစနစ်။

“ ဝုန်း ... ။ ”

ချန်ချွမ်လက်မှ ပေပေါင်းဆယ်ဂဏန်းခန့် ဓားအလင်းတစ်လက်ထွက်လာပြီး အရိုးလှံနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

ငရဲဓားသည် အဝါရောင်နွေဦးစမ်းရေ ရောင်ဝါကို ထုတ်လွှတ်၏။ အဝါရောင်နွေဦး စမ်းရေသည် သန့်ရှင်းသောရေဖြစ်သည်။

မြေအောက်ကမ္ဘာတွင် အဝါရောင် နွေဦးစမ်းရေဟူသော တန်ခိုးကြီးမားလွန်းသည့် မြစ်တစ်စင်းရှိသည်ဟု ဒဏ္ဍာရီများမှဆို၏။

မြေအောက်ကမ္ဘာသို့ ပြန်လည်မွေးဖွားရန် သွားရောက်သူတိုင်းသည် သူတို့၏အပြစ်များနှင့် သတ်ဖြတ်မှုများကို ဆေးကြောရန် အဝါရောင် စမ်းရေမြစ်ကို ဖြတ်ကူးရပေမည်။

သွေးနီရောင် ဝတ်ရုံဝတ်ဆင်ထားသော ဤအဘိုးအိုသည် လူသတ်မှုများစွာ ကျူးလွန်ခဲ့ သည်မှာ ထင်ရှားသည်။ သူ အသုံးပြုသော လျှို့ဝှက် နည်းစနစ်များသည် မကောင်းဆိုးရွား နည်းစနစ်များပင်ဖြစ်၏။

“ ကလန် ... ။ ”

သူတို့နှစ်ဦးကြား ထိတွေ့မှုသည် သတ္ထုရိုက်သံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီ ကြီးမားသောအရိုးလှံကြီးသည် ငရဲဓား စွမ်းအင်အောက်၌ အရည်ပျော်သွားသည်။

အကျိုးဆက်အနေဖြင့် ချန်ချွမ်ခမျာ အရိုးလှံစွမ်းအားကြောင့် လွင့်ပါးသွားတော့၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်၍ထိန်းယူရန် ပေပေါင်းပေရာနှင့်ချီ ဆုတ်ခွာလိုက်ရသည်။

ချန်ချွမ်တစ်ယောက် လေးနက်စွာ ပြန်ကြည့်လိုက်သည်။ ပြိုင်ဘက်၏ စစ်မှန်သော စွမ်းအင်သည် သူ့ထက်ပို၍သိပ်သည်း၏။ အနိုင်ယူရန် မလွယ်ချေ။

ဤအဖိုးအိုသည် နတ်ဆိုးဝိညာဉ်ကဲ့သို့ မဟုတ်ဘဲ ဒဏ်ရာကင်းရှင်းနေသည်။ နတ်ဆိုး ဝိညာဉ်သည် ဝိညာဉ်အားနည်းကာ တိုက်ပွဲဝင် စွမ်းအားသည် (၄၀%)သာ ပြနိုင်၏။

“ ဟမ့် ... ။ ”

ဤအဘိုးအိုမှာမူ ပွဲဝင်ဝင်စွမ်းအား (၈၀%)အထိ ထုတ်ဖော်နိုင်သည်။ အဖိုးအိုထံမှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်လာ၏။

“ မင်းက နှင်းပန်းဓားကျောင်းရဲ့ တပည့်ဖြစ်နေရင်တောင် ငါက စင်ကြယ်ခြင်း နယ်ပယ် ကျင့်ကြံသူပဲ ... ငါ့ရှေ့မှာ မင်းက ပုရွက်ဆိတ်ထက် မပိုပါဘူး ...

... ဒီလိုလူက နတ်ဆိုးတွေနဲ့ မကောင်းဆိုးရွားကို သတ်ချင်နေတာလား ဟာသပဲ ... မင်းကိုယ်တိုင် ငရဲကိုသွားပြီးတော့ နတ်ဆိုးတွေကို သတ်ပစ်ပါ။ ”

အဖိုးအိုမှ အော်ဟစ်လှောင်ပြောင်သည်။ နှင်းပန်းဓားကျောင်းသည် သူ့တို့ကဲ့သို့ နတ်ဆိုး ကျင့်ကြံသူများအပေါ် ပစ်မှတ်ထားသော မစ်ရှင်များ အမြဲထုတ်တတ်သည်။

ထို့ကြောင့် နှင်းပန်းဓားကျောင်း၏ တပည့်များနှင့်ဆုံချိန်၌ ထွက်သွားခွင့် မပြုလို သည်မှာ သဘာဝပေပင်။ အဖိုးအိုမှ လက်ဝှေ့ ရမ်းလိုက်တော့၏။

သူ့ခြေဖဝါးအောက်ရှိ အရိုးစုသည် လှုပ်ရှားမှုအတိုင်း တုပလာသည်။ သွေးရောင် အဝတ်စတစ်ခု ကောင်းကင်ပေါ် လွင့်ထွက်သွား၏။

“ သွေးနီရောင် ပိုက်ကွန် ... ။”

သွေးနီရောင် ပိုက်ကွန်ကြီး ကောင်းကင်တွင်ပြန့်ကားလျက် မျက်စိတစ်မှိတ် အတွင်း ပေပေါင်းထောင်ဂဏန်းကို ဖုံးလွှမ်းလာတော့သည်။

ကူချန်နှင့် ချန်ချွမ်တို့ နှစ်ယောက်စလုံး ထိုသွေးပိုက်ကွန်၏ ဖုံးလွှမ်းမှု ဧရိယာအတွင်းသို့ ကျရောက်သွား၏။

ကူချန်မှ သွေးပိုက်ကွန်ထံ မော့ကြည့်ကာ ခရမ်းရောင်နန်းတော်ရှိ ရွှေရောင်မီးတောက်ကို အသက်သွင်းလျက် ချန်ချွမ်အပေါ် ကယ်တင်ရန် အသင့်ပြင်သည်။

“ ဝှစ် ... ။ ”

ချန်ချွမ်သည် ငရဲဓားကိုရဲဝံ့စွာ ကိုင်ဆွဲလျက်ဖြင့် သွေးပိုက်ကွန်ကြီးအပေါ် ခုတ်ပိုင်းချလိုက်သည်။

အဝါရောင်နွေဦးစမ်းရေ ဓားစွမ်းအင် အကူအညီများဖြင့် ကောင်းကင်၌ လမ်းကြောင်း တစ်ခု ပေါ်လာသည်။

ငရဲဓားသည် အဝါရောင်နွေဦးစမ်းရေ ရည်ရွယ်ချက်ပါရှိ၏။ သွေးပိုက်ကွန်အတွက် တို့ဟူးကဲ့သို့ ပိုင်းဖြတ်နိုင်သည်။

“ သေစမ်း ... ။ ”

အဖိုးအိုမျက်နှာပေါ်၌ အလွန်အမင်း လေးနက်လာပြီး ရူးသွပ်ကြမ်းတမ်းနေသော အမူအရာပြသလာ၏။

သူ့ကို နတ်မုဆိုးများ ဖမ်းဆီးချိန်က ရတနာများသိမ်းယူသွားခြင်း ခံခဲ့ရလေသည်။ ထို့ကြောင့် အလယ်အလတ်တန်းစား ဝိညာဉ် လက်နက်ဖြစ်သည့် ဤသွေးနီရောင် အင်္ကျီတစ်ထည်သာကျန်ရှိ၏။

“ အရိုးတစ်သောင်းစုစည်းခြင်း ... ။ ”

“ ဂျွတ် ... ဂျွတ် ... ။ ”

ရုတ်တရက် ရေကန်အောက်ခြေမှ မြည်သံများထွက်လာပြီး အရိုးစုခြေလက်များ မြေပြင်မှ တွားသွားတက်လာသည်။

“ သွား ... ။ ”

အဖိုးအိုမှ အရိုးစု ပခုံးပေါ်မှနေပြီး အမိန့်ပေးလိုက်သည်နှင့် သွေးရောင်အရိုးစုများ အဖြစ် မြေပြင်ပေါ် ခုန်တတ်လာစဉ် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများက ရေကန်ထဲပြုတ်ကျကုန်သည်။

“ဒါ ဘာတွေလဲ ... ။ ”

မြေပြင်ပေါ်ရှိ များပြားလှသော သွေးရောင်အရိုးစုများထံကြည့်ကာ ကူချန်ခမျာ မျက်မှောင်ကြုတ်သွား၏။

“ မကောင်းတော့ဘူး ... ။ ”

ချန်ချွမ်မှ အော်ဟစ်လိုက်သည်။

“ တာအိုချန်ရှန့် ... မင်း ခုခံကာကွယ်ရေးအစီရင်နဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ထားပါ။ ”

ထိုစကားကြောင့် ကူချန်မှ ခေါင်းညိတ်လိုက်ကာ အစီရင်ကို အသက်သွင်း လိုက်တော့သည်။ မြေပြင်အနှံ့အလင်းများ တောက်ပါလာပြီး သူ့ခြေဖျားဖြင့် စတင်ချိတ်ဆက်လာ၏။

အဆုံးတွင် မြေပြင်သည် ရုတ်တရက် တုန်ခါလျက် ထူထဲသောမီးကျောက်သားနံရံများ တိုးထွက်လာကာ ကူချန်ကိုအပြည့်အဝ သိုင်းခြုံသွားတော့သည်။

“ ‌ကျောက်သားအစီရင် ... ။ ”

ချန်ချွမ်၏မျက်လုံးများ တောက်ပလာလျ်က သဘောကျစွာ ရယ်မောလိုက်သည်။

“ ဟားဟားဟား ... တာအိုချန်ရှန့်ရဲ့ အစီရင်အပေါ် အောင်မြင်မှုတွေက တကယ်ကို အံ့သြစရာကောင်းပါတယ်။ ”

ဤကျောက်သားနံရံများသည် မြေကြီး၏ အနှစ်သာရများပါဝင်ကာ ပေသုံးဆယ်အထူရှိပြီး ခုခံနိုင်စွမ်းမြင့်မားသည်။

“ တာအိုချန်ချွမ် ... မင်းဘာလို့ ဒီကိုဝင်မလာရတာလဲ။ ”

ကူချန်က ဝိညာဉ်အသိဖြင့် မြေပြင်အနှံ့ ပြည့်နှက်နေသော သွေးနီရောင်အရိုးများထံ ငုံ့ကြည့်ကာမေးသည်။

ဤသွေးနီရောင် အရိုးစုများသည် တစ်ခုခုမှားယွင်းနေကြောင်း မြင်သာနေသည်။ အဖိုးအိုက ကူချန်ရှေ့ရှိ ‌ကျောက်သားအစီရင်ထံ စိုက်ကြည့်နေသည်။

“ ပုန်းချင်နေတာလား ... မင်းတို့အတွက် ပုန်းစရာနေရာ မရှိဘူး။ ”

စကားဆုံးသည်နှင့် ရုတ်တရက် သွေးရောင်အရိုးစုများက ကျိုင်းကောင်များကဲ့သို့ ချန်ချွမ်နှင့် ကူချန်ဆီသို့ ပြေးတက်လာကြ၏။

ဤသွေးနီရောင် အရိုးစုများသည် ကောင်းကင်တွင်ပျံသန်းနိုင်ပြီး မြေကြီးအတွင်း တိုးဝင်နိုင်သည်။ ၎င်းတို့ နီးကပ်လာသောအခါ အရိုးများက အနီရောင်အလင်းများ ထွက်ပေါ်လာ၏။

“ ဘောင်း ... ဘောင်း ဘောင်း ။ ”

ထိုနောက် ပြင်းထန်သော အပူလှိုင်းများ ပြန့်ကားလျက် ကောင်းကင်နှင့် မြေကြီးကြား ပေါက်ကွဲမှုများ ဖြစ်ပွားတော့သည်။

ထိုသွေးနီရောင် အရိုးစုများသည် အသေခံ ဖောက်ခွဲရေးပစ္စည်းများနှင့်တူသည်။ ပေါက်ကွဲမှု အတွင်း မြေပြင်သည် ပေတစ်ရာအချင်းရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်လာ၏။

ထိုအဖျက်စွမ်းအားသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည်ပင် အပိုင်းအပိုင်း ပြတ်တောက်စေနိုင်မည်။

သွေးနီရောင် အရိုးစုများသည် သောင်းဂဏန်းကျော်ရှိ၏။ ၎င်းတို့အားလုံးကို စစ်မှန်သောချီဖြင့် ဖန်တီးထားခြင်းပေပင်။

စစ်မှန်သောချီဟူသည် အတုအယောင်များကို လက်တွေ့အဖြစ်သို့ ပြောင်းလဲပြီး လှည့်စားနိုင်ခြင်းရှိ၏။

အရိုးစုပေါင်း (၁၀၀၀၀၀)နီးပါးကို တပြိုင်နက်တည်း ခေါ်ယူထိန်းချုပ်နိုင်သော ဤအဘိုးအို၏ စစ်မှန်သောချီပမာဏသည် မယုံနိုင်စရာပေပင်။

“ ဟမ့် ... ။ ”

ချန်ချွမ်က လေထဲသို့ ရုတ်တရက် ပျံတက်လာသော သွေးနီရောင်အရိုးစုများအပေါ် ကြည့်ကာ နှာခေါင်းရှုံ့လျက် ရယ်မောသည်။

“ ဟားဟားဟား ... ဘယ်သူက ပုန်းချင်နေလို့လဲ ငါတို့ကအစီရင်သခင်တွေပဲ အသက်ဝင် ... ။ ”

တစ်ဆက်တည်းမှာပင် ကျောက်စိမ်း တံဆိပ်တစ်ခုကိုထုတ်ယူကာ စစ်မှန်သောချီများ သွန်းလောင်းလိုက်တော့သည်။

ရုတ်တရက် သူ့ခြေထောက်အောက်၌ ကြီးမားသောအစီရင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကူချန်မှ ထိုအစီရင်ထံ ငဲ့စောင်းကြည့်၏။

ယင်နှင့်ယန်သည် ငါးနှစ်ကောင်ကဲ့သို့ အဖြူအမည်းပုံသဏ္ဍန်အမြီးများကို လိုက်လံ ဖမ်းဆီးနေသည်။ ၎င်းထံမှ ဆိတ်သုဉ်းခြင်းနှင့် ဖျက်ဆီးခြင်းရောင်ဝါကို ရရှိစေ၏။

“ သတ္တမတန်း အစီရင်။”

ဤအစီရင်သည် အဆင့်မြင့် သတ္တမတန်းအစီရင်ပေပင်။ ယင်နှင့်ယန်သည် အပြန်ပြန်အလှန်လှန် စီးဆင်းနေခြင်းပေပင်။

“ ဘောင်း ... ။ ”

“ ဘောင်း ... ။ ”

ပေတစ်သောင်းဧရိယာကို လွှမ်းခြုံလျက် ပျံသန်းလာသော သွေးရောင်အရိုးစုများအားလုံး ယင်ယန်ဖြစ်စဉ် အတွင်းဝင်လာကာ ကျိုးကျေပျက်စီးသွားပြီး ပေါက်ကွဲကုန်သည်။

သို့တိုင် သွေးရောင်အရိုးစုများမှာ ပျံသန်းလာနေဆဲဖြစ်၏။ ထိုမြင်ကွင်းသည် မီးလျှံထဲတိုးဝင်သော ပိုးဖလံများကဲ့သို့ပင်။

“ ပေါင်းစည်း ... ။ ”

အရိုးစုပေါ်ရှိ အဘိုးအိုသည် လုံးဝ ထိတ်လန့်ခြင်းမရှိဘဲ ကျန်ရှိနေသော သွေးရောင် အရိုးစုများကို ပေါင်းစပ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း သောင်းနှင့်ချီ ကျန်ရစ်နေသော သွေးအရိုးစုများအားလုံးသည် အရိုးစုငါးခုအဖြစ်သို့ ပေါင်းစပ်ကုန်၏။

၎င်းတို့၏အရွယ်အစားသည် ပေနှစ်ဆယ်မြင့်ကာ စစ်မှန်သောစွမ်းအင်များက အရိုးစုပတ်ပတ်လည်၌ အသွေးအသားများ အလား ရစ်ဝဲနေချေပြီ။

ဤမြင်ကွင်းသည် ကူချန်ကို အနည်းငယ်မျှ မျက်ခုံးပင့်စေသည်။ နတ်နဂါးမြို့တော် အထက် ကောင်းကင်၌သာ ဤအရိုးစုများပေါက်ကွဲသော် မြို့တော်တစ်ဝက်ခန့် ပျက်စီးနိုင်ရပေမည်။

***

All Chapters