← Chapters

အခန်း (၃၁၁)

Vol. 29 Ch. 311

အခန်း (၃၁၁)

Vol. 29 Ch. 311

အပိုင်း (၃၁၁)

​ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒုတိယဂိုဏ်းခေါင်းဆောင် ဝမ်ထုံကျန်းမှာ ဒေါသချောင်းချောင်း ထွက်သွားပြီး - "ကောင်းတယ်… သိပ်ကောင်းတယ်... မင်းတို့အားလုံး သူဖုန်းစားဂိုဏ်းကို သစ္စာဖောက်ကြပြီပေါ့လေ။ အကြီးအကဲ ၁၈ ယောက်လုံးတောင်လား... ငါ့ဂိုဏ်းမှာ ဒီလောက်တောင် သစ္စာဖောက်တွေ များနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"

​ "ရှေးလူကြီးတွေ ပြောဖူးတယ်... 'ပညာရှိဆိုတာ အခြေအနေကို ကြည့်ပြီး အညံခံတတ်ရတယ်' တဲ့"

​ အကြီးအကဲချန်းက ရယ်မောရင်း - "အရှင်မင်းကြီးက ကျုပ်တို့အပေါ် ရက်ရောလွန်းလှတယ်၊ ကျုပ်တို့က သူ့အတွက် အမှုထမ်းတာဟာ သဘာဝကျပါတယ်"

​ "ဟုတ်တယ်... ကျုပ်တို့တစ်သက်လုံး ဂိုဏ်းအတွက်ပဲ ပင်ပန်းခံခဲ့တာ၊ အခုတော့ နည်းနည်းပါးပါး စည်းစိမ်ခံစားခွင့် မရှိတော့ဘူးလား"

​ "အရှင်မင်းကြီးနောက် လိုက်မှပဲ ကျုပ်တို့အတွက် သာယာတဲ့နေ့ရက်တွေ ရောက်လာမှာ"

​ "အရှင်မင်းကြီးနောက် လိုက်မှသာ သူဖုန်းစားဂိုဏ်းရဲ့ အနာဂတ်က လင်းလက်တောက်ပလာမှာ"

​ "တော်ကြစမ်း….!"

​ ကျိုးတာ့အိုက - "ဝမ်ထုံကျန်းကို အရင်သတ်ကြမယ်၊ ဒါဆိုရင် သူဖုန်းစားဂိုဏ်းတစ်ခုလုံး ငါတို့လက်ထဲ ရောက်ပြီ"

​ "သတ်ကြ..!" အကြီးအကဲ ၁၈ ယောက်လုံး တညီတညွတ်တည်း တိုက်ခိုက်လိုက်ကြပြီး ထွက်ပေါ်လာသော သိုင်းကွက်တိုင်းမှာ အသက်ကို ရန်ရှာနိုင်သည့် သေကွင်းသေကွက်များ ဖြစ်ကြသည်။

​ ထိုစဉ် ဝမ်ထုံကျန်း၏ ကိုယ်ရောင်ကိုယ်ဝါမှာ ရုတ်တရက် မြင့်တက်လာပြီး သူ၏ အစွမ်းထက်လှသော ချီစွမ်းအားများကို စုစည်းကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

​ "နဂါးနိုင်လက်ဝါး ၁၈ ကွက်"

​ “ဘုန်း!”

​ ပြင်းထန်လှသော လက်ဝါးအားကြောင့် အကြီးအကဲတွေအားလုံး လွင့်ထွက်သွားကြတော့သည်။ အကြီးအကဲများမှာ ထိတ်လန့်သွားကြပြီး -

​ "ဒီလောက် ကြောက်စရာကောင်းတဲ့ လက်ဝါးအားဆိုရင်... မင်းက ကောင်းကင်အဆင့်ကို ရောက်နေပြီလား"

​ "ကောင်းကင်အဆင့်ကို ခြေတစ်လှမ်းအလိုပဲ၊ သူက သူ့ခွန်အားတွေကို တော်တော် လျှို့ဝှက်ထားတာပဲ"

​ "ဒါတော့ မလွယ်တော့ဘူး"

​ "ဟုတ်တယ်... ငါက အင်ပါယာချီအဆင့်ရဲ့ အထွတ်အထိပ်မှာ ကျင့်ကြံနေခဲ့တာ ကြာပြီ၊ အခုဆိုရင် ကောင်းကင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ မင်းတို့အားလုံး စုပေါင်းတိုက်ရင်တောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး"

​ ဝမ်ထုံကျန်းက အောင်နိုင်သူအလား တဟားဟား ရယ်မောလိုက်ပြီး - "ဂိုဏ်းခေါင်းဆောင်လည်း မရှိတော့ဘူး။ ဒီနေ့ကစပြီး ငါပဲ သူဖုန်းစားဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ။ မင်းတို့လို သစ္စာဖောက် တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး၊ ငါကိုယ်တိုင် ဂိုဏ်းကို သန့်စင်ပစ်မယ်"

​ သူသည် နဂါးနိုင်လက်ဝါးကို ထပ်မံထုတ်ဖော်လိုက်ရာ အကြီးအကဲများမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

​ ထိုအခြေအနေကို ကြည့်ပြီး ကျိုးတာ့အိုက အံကို တင်းတင်းကြိတ်လျက် ရင်ဘတ်ထဲမှ အမည်းရောင် ဓားအသေးတစ်ချောင်းကို ထုတ်ယူကာ - "အရှင်မင်းကြီး... ကျေးဇူးပြုပြီး ကူညီပေးပါဦး"

​ ထိုခဏတွင် ဓားငယ်လေးမှာ တုန်ခါသွားပြီး တုံ့ပြန်လိုက်သည်။

​

​ မိုင်ပေါင်း ၃,၀၀၀ ကျော် ဝေးကွာသော မဟာရှ နန်းတော်အတွင်းရှိ 'ရွှမ်ရှောင်' နတ်ဘုရားဓားမှာလည်း သိသိသာသာ တုန်ခါလာခဲ့သည်။

​ ဓားအဖိုးအိုက ဒါကိုမြင်ပြီး အံ့သြတကြီး ရေရွတ်လိုက်သည် - "ဆရာ"

​ လင်းပိုင်ဖန်က ခေါင်းညိတ်ပြလိုက်ပြီး - "ကျိုးတာ့အိုတို့ အုပ်စု အန္တရာယ်နဲ့ တွေ့နေပြီထင်တယ်။ သွားပြီး ကူညီပေးလိုက်ဦး"

​ "ဟုတ်ကဲ့ပါ ဆရာ" ဓားအဖိုးအိုက ရွှမ်ရှောင်ဓားကို ကိုင်လိုက်သောအခါ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအင်များ ဓားအတွင်းသို့ စီးဝင်သွားသည်။

​ ထို့နောက် ထိုစွမ်းအင်များသည် နတ်ဘုရားဓား၏ လမ်းညွှန်မှုဖြင့် မိုင်ပေါင်း ၃,၀၀၀ ဝေးသော နေရာရှိ ဓားငယ်လေးထံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

​ ထိုစွမ်းအင်မှာ လမ်းခရီးကြောင့် ၇၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားသော်လည်း ဒါကပင် လျှော့တွက်၍ မရနိုင်သော စွမ်းအားမျိုး ဖြစ်သည်။

​ ကျိုးတာ့အိုက ထိုဓားငယ်လေးကို ကိုင်လျက် ဒုတိယဂိုဏ်းခေါင်းဆောင် ဝမ်ထုံကျန်းထံသို့ အရှိန်အဟုန်ဖြင့် ထိုးစိုက်လိုက်ပြီး - "သေပေတော့"

​ “ချွင်” ဟူသော အသံနှင့်အတူ ဓားငယ်လေးမှ ပေပေါင်း ရာချီရှည်လျားသော ကြောက်မက်ဖွယ် ဓားချီများ ထွက်ပေါ်လာပြီး ဝမ်ထုံကျန်းနှင့် သူ၏ နဂါးနိုင်လက်ဝါးတို့ကို တို့ဟူးကို လှီးဖြတ်လိုက်သကဲ့သို့ အလွယ်တကူပင် နှစ်ပိုင်းပိုင်းပစ်လိုက်လေသည်။

​ မြေပြင်ပေါ်ရှိ နက်ရှိုင်းလှသော ဓားရာနှင့် နှစ်ပိုင်းပြတ်နေသော အလောင်းကို ကြည့်ပြီး အကြီးအကဲများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

​ "အရှင်မင်းကြီးရဲ့ ဓားသိုင်းက... တကယ်ကို ကြောက်စရာကောင်းလိုက်တာ…!!!"

​ ထို့နောက်တွင် သူတို့သည် ဝမ်ထုံကျန်း၏ ကျန်ရှိနေသော လက်ပါးစေများကို ဝိုင်းဝန်းဖမ်းဆီးလိုက်ကြသည်။ သူ၏ လူယုံ ၆ ဦးအနက် ၂ ဦးမှာ အညံမခံဘဲ အသေခံသွားကြပြီး ကျန် ၄ ဦးမှာမူ အခြေအနေကို ကြည့်ကာ သစ္စာခံလာကြသည်။

​ ဤသို့ဖြင့် သူဖုန်းစားဂိုဏ်း၏ အဆင့်မြင့်ခေါင်းဆောင် ၂၂ ဦးလုံး လင်းပိုင်ဖန်၏ လက်အောက်သို့ ရောက်ရှိလာပြီး သူဖုန်းစားဂိုဏ်းတစ်ခုလုံးမှာလည်း သူ၏ လက်ထဲသို့ အပြီးအပိုင် ကျရောက်သွားတော့သည်။

​

​ ရက်အနည်းငယ်အကြာတွင် သူဖုန်းစားဂိုဏ်း အကြီးအကဲအားလုံးမှာ မဟာရှနိုင်ငံရှိ လင်းပိုင်ဖန်ထံသို့ တိတ်တဆိတ် လာရောက်ဂါရဝပြုကြသည်။

​ "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

​ ထိုအချိန်တွင် လင်းပိုင်ဖန်၏ စိတ်ထဲ၌ အသံတစ်ခု ထွက်ပေါ်လာသည်။

​ "ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသောကြောင့် သင်၏ ခွန်အားများလည်း မြင့်တက်လာခဲ့သည်။ ဆုလာဘ်အဖြစ် 'နဂါးနတ်ဘုရား ကျင့်စဉ်' ကို ရရှိခဲ့သည်"

​ "နဂါးနတ်ဘုရားကျင့်စဉ်ကို မိမိကိုယ်ကိုယ် နဂါးနတ်ဘုရားဟု သမုတ်ခဲ့သော အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးက တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဤကျင့်စဉ်သည် အလွန်မာကျောထက်မြက်သော သိုင်းပညာဖြစ်ပြီး တတ်မြောက်သွားပါက အဆိပ်ကို ထုတ်ခြင်း၊ ဒဏ်ရာကုသခြင်းနှင့် ခုခံကာကွယ်မှုတွင် ပြိုင်ဘက်ကင်း စွမ်းအားကို ရရှိစေမည် ဖြစ်သည်"

​ "ထို့ပြင် နဂါးနတ်ဘုရားအဖြစ် အသွင်ပြောင်းလဲနိုင်ကာ လေ၊ မိုး၊ လျှပ်စီးနှင့် မိုးကြိုးများကို စေခိုင်းပြီး ရန်သူများကို ပြိုင်ဘက်ကင်းစွမ်းအားဖြင့် သုတ်သင်နိုင်သည်"

​ လင်းပိုင်ဖန်မှာ မျက်လုံးကို မှိတ်လိုက်ပြီး ဤပြိုင်ဘက်ကင်း နတ်ဘုရားကျင့်စဉ်ကို လျင်မြန်စွာ စုပ်ယူလိုက်သည်။

​ လင်းပိုင်ဖန် သင်ယူခဲ့သမျှ ကျင့်စဉ်များထဲတွင် ဤကျင့်စဉ်မှာ အထူးခြားဆုံးဟု ဆိုရပေမည်။ အဆိပ်ထုတ်ခြင်း၊ ဒဏ်ရာကုသခြင်းနှင့် အရာဝတ္ထုများကို လှမ်းယူနိုင်ခြင်းတို့အပြင်...

​ အရေးကြီးဆုံးမှာ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းပြီး သဘာဝတရားကို စေခိုင်းနိုင်ခြင်းပင် ဖြစ်ချေသည်။ ၎င်းက သူ့ကို စစ်မှန်သော "နဂါးဧကရာဇ်" ဖြစ်စေသည်။

​ လင်းပိုင်ဖန်မှာ ဤဆုလာဘ်ကြောင့် အလွန်ပင် ကျေနပ်သွားသည်။ သူ့အတွက် ဤအကျိုးအမြတ်များကို ယူဆောင်လာပေးသော အကြီးအကဲများကို ကြည့်ကာ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး - "အသစ်ရောက်လာတဲ့ အကြီးအကဲတွေကို ကြိုဆိုပါတယ်။ မောင်မင်းတို့ ငါကိုယ်တော်ကို သစ္စာခံဖို့ ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ၊ ငါကိုယ်တော် မောင်မင်းတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး"

​ သူ လက်ခုပ်တီးလိုက်သောအခါ မိန်းမစိုးတစ်စုမှာ သေတ္တာငယ်လေးများကို ကိုင်ဆောင်ကာ ထွက်လာကြသည်။

​ လင်းပိုင်ဖန်က ပြုံးလျက် - "ဒါတွေက မောင်မင်းတို့အားလုံးအတွက် ငါကိုယ်တော် ပြင်ဆင်ထားတဲ့ လက်ဆောင်တွေပဲ၊ လက်ခံလိုက်ကြပါဦး"

​ "ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး" အကြီးအကဲများမှာ စိတ်လှုပ်ရှားသွားကြသည်။

​ ပထမဆုံးအနေဖြင့် အသစ်ဝင်လာသော အကြီးအကဲချန်းယွမ်နှင့် အဖွဲ့မှာ သူတို့ အလိုချင်ဆုံးဖြစ်သည့် နတ်ဆေးလုံးများနှင့် 'ယင်းကိုးပါးသိုင်းကျမ်း' ထဲမှ အရိုးတည်ဆောက်ပုံ ကျင့်စဉ်ကို ရရှိသွားကြသည်။

​ "ရွှေ၊ ငွေ၊ ရတနာတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်တွေကိုတော့ နောက်မှ လူလွှတ်ပြီး ပေးပို့ခိုင်းလိုက်မယ်" ဟု လင်းပိုင်ဖန်က ဆိုလိုက်သည်။

​ "ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး" အကြီးအကဲများမှာ အလွန်ပင် ဝမ်းသာသွားကြသည်။

​ "ဒါတင် မကသေးဘူး" လင်းပိုင်ဖန်က လက်ခုပ် ထပ်တီးလိုက်ပြန်သည်။

​ နောက်ထပ် မိန်းမစိုးတစ်စုက ပိုမိုလှပသော သေတ္တာများကို သယ်ဆောင်လာကြပြန်သည်။

​ "ဒါကတော့ ကျိုးတာ့အို အပါအဝင် အကြီးအကဲ ၈ ယောက်အတွက်ပဲ။ မောင်မင်းတို့က သူဖုန်းစားဂိုဏ်းကို ငါကိုယ်တော်လက်ထဲ ရောက်အောင် ကူညီပေးခဲ့လို့ ဒါဟာ မောင်မင်းတို့ရဲ့ ကြိုးစားမှုအတွက် ဆုလာဘ်ပဲ။ မောင်မင်းတို့ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

​ "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ကျိုးတာ့အိုနှင့် အဖွဲ့က သေတ္တာများကို စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်လိုက်ကြသည်။

​ အတွင်း၌ တန်ဖိုး ဖြတ်မရနိုင်ဘဲ ပြင်ပလောကတွင် ရှာဖွေရန် မဖြစ်နိုင်သော ပိုမိုအဆင့်မြင့်သည့် နတ်ဆေးလုံးများကို တွေ့လိုက်ရသည်။ ထို့ပြင် အကြွေးမှတ်တမ်း ( IOU) တစ်စောင်ကိုလည်း တွေ့လိုက်ရသည်။ ( မှတ်ချက်- IOU ရဲ့ အရှည်က I Owe yoU )

​ လင်းပိုင်ဖန်က ပြုံးကာ - "ဒါက မောင်မင်းတို့အတွက် ငါကိုယ်တော်ရဲ့ ကတိပဲ။ မောင်မင်းတို့ သင်ယူချင်တဲ့ ဘယ်လို နတ်ဘုရားအဆင့် သိုင်းကျင့်စဉ်ကိုမဆို ဒီထဲမှာ ရေးလိုက်ပါ။ အဲဒီကျင့်စဉ်ရဲ့ ပထမ အဆင့်နှစ်ဆင့်ကို ငါကိုယ်တော် ကိုယ်တိုင် သင်ပေးမယ်"

​ "အရှင်မင်းကြီးရဲ့ ဂရုဏာတော်က ကြီးမားလှပါတယ်" ကျိုးတာ့အိုနှင့် အကြီးအကဲ ၈ ဦးတို့မှာ ရှေ့ဆက်၍ မပြောနိုင်လောက်အောင်ပင် စိတ်လှုပ်ရှားသွားကြသည်။

​ နတ်ဘုရားအဆင့် ကျင့်စဉ်များကို မကြာခင် သင်ယူရတော့မည် မဟုတ်ပါလော။

​ အရှင်မင်းကြီးအား သစ္စာခံရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူတို့တစ်သက်တာတွင် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ဖြစ်သည်ဟု သူတို့အားလုံး တစ်ညီတည်း တွေးတောမိလိုက်ကြသည်။

All Chapters