← Chapters

အခန်း (၃၁၄)

Vol. 29 Ch. 314

အခန်း (၃၁၄)

Vol. 29 Ch. 314

အပိုင်း (၃၁၄)

​စုန့်ယွီဖေး ထွက်ခွာသွားသည်ကို ကြည့်ပြီး ယောင်ယောင်က လင်းပိုင်ဖန်၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အနာဂတ်မှာ ငါတို့က ရန်သူတွေ ဖြစ်လာတော့မှာဆိုမှတော့... လက်ဦးမှုယူပြီး မဟာလော့မင်းဆက်ကို အမြစ်ပြတ်အောင် အရင် ရှင်းပစ်လိုက်ရင် မကောင်းဘူးလား။ အဲဒီ ဧကရာဇ်ကို လုပ်ကြံဖို့ သိုင်းပညာရှင်တစ်ယောက် လွှတ်လိုက်ရုံပဲလေ။ သူယုံကြည် အားကိုးနေတဲ့ 'အမျှော်အမြင်ကြီးမားတဲ့ မင်းကောင်းမင်းမြတ်' သာ မရှိတော့ရင် အဲဒီမိန်းမ ရှုံးမှာပဲ။ ငါ ယောင်ယောင်ကို သူ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး... ဟားဟားဟား..."

​ လင်းပိုင်ဖန်က အနည်းငယ် စိတ်ဆိုးသွားဟန်ဖြင့် "ယောင်ယောင်... မင်းကလည်း ဘယ်လိုတွေ ပြောလိုက်တာလဲ"

​ "အို... သနားသွားတာလား" ယောင်ယောင်က သရော်ပြုံး ပြုံးလိုက်ပြီး လင်းပိုင်ဖန်၏ ရင်ဘတ်ကို လက်ညှိုးလေးဖြင့် ထိုးကာ ပြောလိုက်သည်။ "အမှန်အတိုင်း ပြောစမ်းပါ... ရှင် သူ့အလှအပကို မက်မောနေလို့ လက်မပါရက်တာ မဟုတ်လား"

​ "မင်း ငါ့ကို အထင်လွဲနေပြီ ယောင်ယောင်"

​ လင်းပိုင်ဖန်က လေသံကို လျှော့ကာ တိုးတိုးလေး ပြောလိုက်သည်။ "ငါ ဆိုလိုတာက 'သေနတ်တစ်ချက် မဖောက်ဘဲ ရွာကို သိမ်းပိုက်တာ' က ပိုကောင်းတယ်လို့ ပြောတာပါ။ သူ့ကို ဒီတိုင်း သတ်ပစ်လိုက်ရင် ပျင်းစရာကြီးပေါ့။ အသံတိတ်လေးနဲ့ပဲ ကစားရင်း သေအောင် သတ်ရတာကမှ ပိုပြီး အရသာရှိတာ..."

​ ယောင်ယောင် : "..."

​ "မရုန်းကန်ရဘဲနဲ့တော့ တကယ့် စိတ်ပျက်အားငယ်မှု ဆိုတာ ဘာလဲဆိုတာ သူ သိမှာ မဟုတ်ဘူးလေ" လင်းပိုင်ဖန်က ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်သည်။

​ ယောင်ယောင် : "..."

​ ယောင်ယောင် ထွက်သွားပြီးနောက် လင်းပိုင်ဖန်က ချက်ချင်းပင် အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ "မဟာလော့မင်းဆက်ရဲ့ လှုပ်ရှားမှု မှန်သမျှကို အမြဲမပြတ် စောင့်ကြည့်နေပါ။ ဘာထူးခြားမှုပဲရှိရှိ ငါ့ကို ချက်ချင်း သတင်းပို့ရမယ်"

​ "အမိန့်အတိုင်းပါ အရှင်မင်းမြတ်"

​

​ သုံးရက်အကြာတွင် စုန့်ယွီဖေးသည် မဟာလော့မင်းဆက်၏ နန်းတော်သို့ ရောက်ရှိသွားပြီး လူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

​ ထိုသူမှာ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး လေးထောင့်ကျကျ မျက်နှာထား၊ ထူထဲသော ဆံပင်နှင့် မုတ်ဆိတ်မွေးများ ရှိသည်။ သူ၏ မျက်လုံးများမှာ တောက်ပကာ ထက်မြက်လှပြီး သူတစ်ပါးကို လွှမ်းမိုးနိုင်သော အရှိန်အဝါမျိုး ရှိလေရာ မြင့်မြတ်သော အဆင့်အတန်း ရှိသူဖြစ်ကြောင်း သိသာလှသည်။

​ ထိုသူမှာ မဟာလော့မင်းဆက်၏ လက်ရှိဧကရာဇ် 'လော့ကျွင်း' ပင် ဖြစ်သည်။

​ စုန့်ယွီဖေးကို မြင်သောအခါ သူက အလွန်ဝမ်းသာသွားပြီး "နတ်သမီးလေး ယွီဖေး... နောက်ဆုံးတော့ ရောက်လာပြီပဲ" ဟု ဆိုလိုက်သည်။

​ စုန့်ယွီဖေးက ခေါင်းညိတ်ပြကာ "အရှင်မင်းမြတ်... ကျွန်မမျိုးမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အားလုံး ပြီးပြတ်သွားပါပြီ။ ဒီနေ့ကစပြီး အရှင်မင်းမြတ် အင်ပါယာ တည်ထောင်နိုင်ဖို့နဲ့ သမိုင်းမှာ မှတ်တမ်းတင်ခံရမယ့် မင်းကောင်းမင်းမြတ် ဖြစ်လာဖို့ အစွမ်းကုန် ကူညီပေးသွားပါ့မယ်" ဟု ပြောလိုက်သည်။

​ "ကောင်းလှပြီ။ နတ်သမီးလေးရဲ့ အကူအညီနဲ့ တာအိုဂိုဏ်းရဲ့ ထောက်ခံမှုသာ ရှိရင် ငါ့ရဲ့ မဟာလော့က မကြာခင်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ" လော့ကျွင်းက အလွန်ကျေနပ်သွားကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

​ နှစ်ဦးသား ထိုင်လိုက်ကြပြီး လက်ဖက်ရည် တစ်ခွက် သောက်ပြီးနောက် စုန့်ယွီဖေးက လေးနက်စွာ မေးလိုက်သည်။ "အရှင်မင်းမြတ်... ရှေ့ဆက်ဖို့ ဘာအစီအစဉ်တွေ ရှိပါသလဲ"

​ မဟာလော့ဧကရာဇ်၏ မျက်နှာထားကလည်း လေးနက်သွားပြီး "ပထမဆုံးအနေနဲ့ ပြည်သူတွေကို ချမ်းသာအောင် လုပ်ပေးရမယ်။ တိုင်းပြည်ရဲ့ အင်အားဆိုတာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ခွဲခြားလို့ မရဘူး။ တိုင်းပြည်က ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲနေရင် ပြည်သူ့မေတ္တာကို မရနိုင်သလို ပြည်သူတွေရဲ့ စွန့်ပစ်တာကိုလည်း ခံရလိမ့်မယ်"

​ "ပြည်သူ့ထောက်ခံမှု ရဖို့ဆိုရင် သူတို့ ဝဝလင်လင် စားရပြီး စိတ်အေးချမ်းမှ ရမယ်။ ဒါမှ သူတို့က တိုင်းပြည်ကို ရင်ထဲကနေ ထောက်ခံမှာ။ ဒါဟာ မင်းဆက်နိုင်ငံကနေ အင်ပါယာအဆင့်ကို ကူးပြောင်းဖို့အတွက် အခြေခံအုတ်မြစ်ပဲ"

​ စုန့်ယွီဖေး ခေါင်းညိတ်လိုက်သည်။ "အရှင်မင်းမြတ် ပြောတာ မှန်ပါတယ်။ ပြည်သူတွေကို ရင်ထဲမှာ ထားမှသာ သူတို့က အရှင်မင်းမြတ်ကို ထောက်ခံမှာပါ"

​ မဟာလော့ဧကရာဇ်က တက်ကြွစွာဖြင့် ဆက်ပြောသည်။ "ဒါ့အပြင် ငါတို့ရဲ့ စစ်အင်အားကိုလည်း တောင့်တင်းအောင် လုပ်ရမယ်။ အင်ပါယာ ဖြစ်လာဖို့ဆိုတာ နယ်မြေနဲ့ အရင်းအမြစ်တွေက မရှိမဖြစ် လိုအပ်တာ၊ အဲဒါတွေကို လက်နက်အားကိုးနဲ့ သိမ်းပိုက်ရမှာ။ ဒါကြောင့် ဘယ်သူမှ မယှဉ်နိုင်တဲ့ သံမဏိတပ်မတော်ကြီးကို တည်ဆောက်ရမယ်"

​ "ဒီရည်မှန်းချက်တွေအတွက် အရှင်မင်းမြတ်မှာ ဘယ်လို လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ ရှိပါသလဲ"

​ "ရှိတာပေါ့... ငါ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ဒါက ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမှာမို့ သူတို့က သဘောတူမှာ မဟုတ်ဘူး။ ဒါကြောင့် တာအိုဂိုဏ်းရဲ့ ထောက်ခံမှုကို ငါ လိုအပ်တယ်" ဟု မဟာလော့ဧကရာဇ်က ဦးညွတ်ကာ ပြောလိုက်သည်။

​ စုန့်ယွီဖေးက "ဒါက ပြဿနာမရှိပါဘူး။ တာအိုဂိုဏ်းရဲ့ ကျောထောက်နောက်ခံ ရှိနေရင် သူတို့တွေ မိုက်မိုက်ကန်းကန်း မလုပ်ရဲကြပါဘူး" ဟု ခေါင်းညိတ်လိုက်သည်။

​ "ဒီလိုဆိုရင်တော့ ငါ ရဲရဲဝံ့ဝံ့ ရှေ့ဆက်နိုင်ပြီ" မဟာလော့ဧကရာဇ်က ပြုံးလျက် ဆိုလိုက်သည်။

​ သူ ဧကရာဇ်ဖြစ်လာစဉ်က မျိုးနွယ်စုကြီးတွေရဲ့ ထောက်ခံမှုကို ယူခဲ့ရသည်။ သို့သော် ထိုမျိုးနွယ်စုကြီးများမှာ အလွန်လောဘကြီးလှပြီး သူ၏ လုပ်ဆောင်ချက်မှန်သမျှကို ကန့်သတ်ကာ ချုပ်ချယ်ထားကြသည်။ ယခုမူ တာအိုဂိုဏ်း၏ ထောက်ခံမှုရှိပြီ ဖြစ်သဖြင့် သူ လုပ်ချင်တာတွေကို အဟန့်အတားမရှိ လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။

​ "ငါ့ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကတော့ ဒါတွေပဲ"

​ "အလုပ်လက်မဲ့ဖြစ်နေတဲ့ ပြည်သူတွေကို စုစည်းပြီး မြေရိုင်းတွေဖော်မယ်၊ လမ်းတွေဖောက်မယ်၊ တူးမြောင်းတွေတူးမယ်၊ အိမ်တွေဆောက်မယ်... သူတို့ကို စားနပ်ရိက္ခာပေးမယ့်အပြင် လုပ်ခလစာလည်း ပေးမယ်။ သူတို့ဆီမှာ ပိုက်ဆံရှိလာရင် သဘာဝအတိုင်း ပြန်သုံးစွဲကြမှာပဲ၊ ဒါဆိုရင် ဈေးကွက်က ပြန်လည် တက်ကြွလာပြီး စီးပွားရေးလည်း ကောင်းလာလိမ့်မယ်..."

​ စုန့်ယွီဖေး နားထောင်ရင်းနှင့် တစ်ခုခုကို သတိရသွားပြီး- "ဒါက မဟာရှရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပုံစံနဲ့ တူနေသလိုပဲ"

​ "ဟုတ်တယ်... ဒါ မဟာရှရဲ့ ပုံစံပဲ"

​ မဟာလော့ဧကရာဇ်က ဝန်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ "မဟာရှက နှစ်နှစ်အတွင်းမှာ နိုင်ငံငယ်လေးဘဝကနေ အင်အားကြီး မင်းဆက်နိုင်ငံ ဖြစ်လာတာ ဒီပုံစံကြောင့်ပဲ။ ငါ ဒါကို သေချာလေ့လာကြည့်ပြီးပြီ၊ ဒါဟာ တိုင်းပြည်ချမ်းသာပြီး စစ်အင်အား တောင့်တင်းဖို့အတွက် တကယ့်ကို ထိရောက်တဲ့ မဟာဗျူဟာပဲ"

​ "ဒီအကြံဉာဏ်ကို ထုတ်ခဲ့တဲ့ မဟာရှဧကရာဇ်က ပါရမီရှင်တစ်ယောက်ပဲလို့ ပြောရမယ်။ ဒါကြောင့် ငါ သူ့ကို အတော်လေး လေးစားမိတယ်။ နှမြောစရာကောင်းတာက သူ့ရဲ့ နည်းလမ်းတွေက ခေတ်ထက် အများကြီး စောနေပြီး လူတွေရဲ့ ရှေးရိုးစွဲ အယူအဆတွေကို ပြောင်းပြန်လှန်ပစ်ခဲ့လို့ နှစ်နှစ်လောက် 'မိုက်မဲတဲ့ ဧကရာဇ်' လို့ ကမ္ဘာ့မှာ အထင်လွဲတာ ခံခဲ့ရတာပဲ... ဟားဟားဟား..."

​ "ဒီနည်းလမ်းက ထိရောက်တာမှန်တော့ ငါ ဒါကို အသုံးပြုမယ်။ အကောင်အထည်ဖော်မှုသာ အောင်မြင်ရင် ငါတို့ မဟာလော့ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာမှာပဲ" မဟာလော့ဧကရာဇ်၏ မျက်လုံးများတွင် ရည်မှန်းချက်များဖြင့် တောက်ပနေသည်။

​ စုန့်ယွီဖေးက အကြံပြုလိုက်သည်။ "ဒါပေမဲ့ အရှင်မင်းမြတ်... ဒီနည်းလမ်းက စွန့်စားမှု များလွန်းသလို စားနပ်ရိက္ခာ အထောက်အပံ့ အများကြီးလည်း လိုအပ်ပါတယ်"

​ "အဲဒါအတွက် စိတ်မပူပါနဲ့ နတ်သမီးလေး ယွီဖေး"

​ လော့ကျွင်းက ပြုံးလျက် ဆိုလိုက်သည်။ "မဟာလော့က သုံးနှစ်လုံးလုံး တိုင်းပြည်ကို စနစ်တကျ အုပ်ချုပ်ပြီး အင်အားစုဆောင်းခဲ့တာ။ ငါတို့မှာ တိုင်းသူပြည်သား အားလုံးကို တစ်နှစ်စာ ကျွေးထားနိုင်တဲ့ စားနပ်ရိက္ခာ အလုံအလောက် ရှိတယ်"

​ စုန့်ယွီဖေးက ဆက်လက် ဖျောင်းဖျပြန်သည်။ "ဒါပေမဲ့ ရန်ပုံငွေလည်း အလုံအလောက် လိုသေးတယ်လေ။ မဟာရှရဲ့ ပုံစံအရဆိုရင် စားနပ်ရိက္ခာတင်မကဘူး၊ စီးပွားရေး လည်ပတ်ဖို့ ပိုက်ဆံပါ ပေးရမှာ။ အရှင်မင်းမြတ်ရဲ့ ဘဏ္ဍာတိုက်က အဲဒါကို တောင့်ခံနိုင်ပါ့မလား"

​ "ဒါကိုလည်း စိတ်မပူပါနဲ့" လော့ကျွင်းက ထပ်မံ ရယ်မောလိုက်သည်။ "ငါတို့ ဘဏ္ဍာတိုက်ထဲမှာ ငွေတွေ သိပ်အများကြီး မရှိပေမဲ့ လအနည်းငယ်တော့ အေးအေးဆေးဆေး တောင့်ခံနိုင်ပါတယ်။ ပိုက်ဆံတွေ ပေးဝေနေရင်းနဲ့ စီမံကိန်းက ထွက်လာတဲ့ အိမ်တွေကို ပြန်ရောင်းပြီး ငွေတွေ ပြန်သိမ်းမယ်။ အခွန်ကနေလည်း ငွေတွေ ပိုရလာမယ်။ ဒါဆိုရင် ပြီးပြည့်စုံတဲ့ သံသရာတစ်ခု ဖြစ်လာပြီး လည်ပတ်လိမ့်မယ်"

​ "ငွေကြေးလည်ပတ်မှု မြန်လာလေလေ ငါတို့ရဲ့ စီးပွားရေးက ပိုဖွံ့ဖြိုးလာလေလေပဲ။ ဒါက မဟာရှရဲ့ ပုံစံကို ငါ အသေအချာ လေ့လာပြီးမှ နားလည်ခဲ့တဲ့ သဘောတရားပဲ... ဟားဟားဟား..."

​ စုန့်ယွီဖေးကတော့ စိုးရိမ်နေဆဲပင်။ "ဒါပေမဲ့ မဟာရှ အောင်မြင်ရတာက သူတို့ဆီမှာ သယံဇာတတွေ ပေါများလို့ပဲ။ ဥပမာ- အိမ်ဆောက်ဖို့ ဘိလပ်မြေ ထုတ်လုပ်တဲ့နေရာမှာ ကျောက်မီးသွေး၊ ထုံးကျောက်နဲ့ သံရိုင်းတွေက မြို့တွေနဲ့ နီးနီးနားနားမှာ ရှိနေလို့ ကုန်ကျစရိတ် သက်သာတာ။ အရှင်တို့ဆီမှာက..."

​ မဟာလော့ဧကရာဇ်က ယုံကြည်မှုအပြည့်ဖြင့် ကြွေးကြော်လိုက်သည်။ "ငါတို့ဆီမှာလည်း သယံဇာတတွေက အလွန်ပေါများပြီး မြို့တွေ၊ မြစ်တွေနဲ့ နီးပါတယ်။ မဟာရှမှာ ရှိတဲ့ အခြေအနေမှန်သမျှ ငါတို့ မဟာလော့မှာလည်း ရှိတယ်"

​ "မဟာရှ အောင်မြင်နိုင်ရင် ငါ မအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ နတ်သမီးလေး ယွီဖေး... စောင့်ကြည့်နေလိုက်ပါ။ မကြာခင်မှာ အစွမ်းထက်တဲ့ မဟာလော့နိုင်ငံကြီးကို ငါ တည်ဆောက်ပြမယ်"

​ ကြီးမားသော ရည်မှန်းချက်များ၊ တာအိုဂိုဏ်း၏ ထောက်ခံမှုများနှင့်အတူ မဟာလော့ဧကရာဇ်သည် ပြုပြင်ပြောင်းလဲရေးကို ချက်ချင်း စတင်လေတော့သည်။

​ ပထမဦးစွာ တာအိုဂိုဏ်းကို အသုံးချပြီး မျိုးနွယ်စုကြီးများကို နှိမ်နင်းကာ သယံဇာတ အရင်းအမြစ်များကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ရဲရဲဝံ့ဝံ့ ပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့သည်။

​ သူသည် နန်းတွင်းအမိန့်စာများကို ကပ်စေပြီး ပြည်သူအမြောက်အမြားကို စုစည်းကာ အလုပ်ပေးခဲ့သည်။ မြေရိုင်းဖော်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ လမ်းဖောက်ခြင်း၊ တူးမြောင်းတူးခြင်းနှင့် အိမ်ဆောက်ခြင်း... အကျဉ်းချုပ်ပြောရလျှင် မဟာရှ လုပ်ခဲ့သမျှ အကုန်လုံးကို သူ အကုန်ကူးချ လေတော့သည်။

​ မဟာလော့မင်းဆက် တစ်ခုလုံးတွင် အလုပ်လုပ်ကြသည့် အရှိန်အဟုန်များ ပြင်းထန်လာခဲ့သည်။

​ လင်းပိုင်ဖန်က ဤအခြေအနေကို ချက်ချင်း သိရှိသွားပြီး ရယ်မောလိုက်သည်။ "သူတို့ တကယ် လိုက်ကူးချနေတာပဲ။ ဒါဆိုလည်း ငါက မီးလောင်ရာ လေပင့်ပေးရတာပေါ့။ သူဖုန်းစားဂိုဏ်းက အကြီးအကဲ ချန်း ကို ခေါ်လိုက်စမ်း၊ ငါကိုယ်​တော်မှာ သူ့အတွက် ပေးစရာ အမိန့်ရှိတယ်"

All Chapters