အခန်း (၃၂၀)
Vol. 29 Ch. 320
အပိုင်း (၃၂၀)
ဒီအချိန်မှာတော့ မဟာရှနိုင်ငံရဲ့ နန်းတော်အတွင်းတွင်...။
ယောင်ယောင်က သူမရဲ့ ဝမ်းဗိုက်လေးကို နှိပ်ပြီး တဟားဟား ရယ်မောနေလေ၏။ "ငတုံးဧကရာဇ်လေး... ရှင်သိလား။ မဟာလော့ဧကရာဇ်က ရှင့်ရဲ့ မဟာရှနိုင်ငံက ထုတ်လုပ်တဲ့ နည်းလမ်းကို အတုယူပြီး ဘိလပ်မြေအိမ်တွေ ဆောက်ချင်နေတာလေ။ ဒါပေမဲ့ ပိုက်ဆံတွေသာ ဝေပေးလိုက်ရတယ်၊ ပြန်သိမ်းလို့မရတော့ဘဲ နိုင်ငံတော် ဘဏ္ဍာတိုက်ကြီး ပြောင်သလင်းခါသွားပြီတဲ့.."
"မဟာလော့ဧကရာဇ်ကလည်း ဒါကို အရှုံးမပေးနိုင်တော့ အလုပ်သမားတွေရဲ့ လစာကို ဖြတ်ပြီး အိမ်တွေကို အတင်းဝယ်ခိုင်းတယ်၊ ပြီးတော့ မဟာလော့ကနေ ထွက်ခွာခွင့်ကိုပါ ပိတ်ပင်လိုက်တာပဲ။ အဲဒီမှာတင် ပြည်သူတွေ ဒေါသပေါက်ကွဲပြီး လမ်းပေါ်ထွက် လုယက်ဖျက်ဆီးကြတာပေါ့။ ကုန်သည်တွေလည်း အရှုံးကြီးရှုံးပြီး မြို့ပျက်ကြီးလို ခြောက်ကပ်သွားတာပဲတဲ့"
"ဒါဟာ ကိုယ့်ခြေထောက်ကိုယ် ကျောက်ခဲနဲ့ ထုသလိုပဲ။ မယားလည်းဆုံး၊ စစ်လည်းရှုံး ဆိုသလို အရာအားလုံး ဆုံးရှုံးသွားတာပေါ့၊ ဟားဟား…"
"အခုတော့ မဟာလော့ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာလည်း မြေကျပြီး 'ငတုံးဧကရာဇ်' လို့ အခေါ်ခံနေရပြီ။ တာအိုဂိုဏ်းက နောက်ဆုံးမှ 'ပညာရှိမင်း' တစ်ပါးကို ရွေးချယ်လိုက်ပါပြီဆိုမှ ငတုံးကြီး ဖြစ်နေတာကတော့ တကယ်ကို ရယ်ရတယ်…"
"အခု တစ်လောကလုံးက သူတို့ကို ဝိုင်းရယ်နေကြပြီ၊ ဟားဟား…."
လင်းပိုင်ဖန်ကလည်း ရယ်မောရင်း "ငါလည်း ဒါကို ကြားပါတယ်။ မဟာလော့ကတော့ တကယ်ကို ကံဆိုးမိုးမှောင်ကျနေတာပဲ"
"ဘာကံဆိုးတာလဲ၊ ဒါက တုံးအတယ်လို့ ခေါ်တယ်"
ယောင်ယောင်က ဆက်ပြီး ရယ်မောရင်း "ရှင့်ရဲ့ မဟာရှနိုင်ငံရဲ့ အောင်မြင်မှု သာဓကကြီးက ရှေ့မှာ အထင်အရှား ရှိနေတာတောင် အတုခိုးတာတောင်မှ သေချာမခိုးတတ်လို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်သလို ဖြစ်သွားတာလေ။ ရှင်ကော အဲ့လိုမထင်ဘူးလား"
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး "အတုမခိုးတတ်တာ မဟုတ်ဘူး၊ သူတို့အတွက် အတုခိုးတာက အသုံးမဝင်လို့ပဲ။ ငါတို့ မဟာရှရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံစံက အရမ်းထူးခြားတယ်၊ တခြားနိုင်ငံတွေမှာ သွားလုပ်လို့ မရဘူး"
"ဘာလို့လဲ" ယောင်ယောင်က နားမလည်သလို မေးလိုက်၏။
"ဘာလို့လဲဆိုတော့ ငါတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကသော့ချက်က 'အိမ်' ပဲလေ။ အိမ်ဈေးတွေက မသက်သာဘူးဆိုရင် ဒီပုံစံက အလုပ်မဖြစ်ဘူး" ဟု လင်းပိုင်ဖန်က ပြုံးလျက် ရှင်းပြလိုက်သည်။
"အဲဒါ ဘာဖြစ်လို့လဲ၊ ငါ့ကို အသေးစိတ် ရှင်းပြဦးလေ" ယောင်ယောင်က စပ်စုချင်စိတ်ဖြင့် မေးပြန်သည်။
"ကောင်းပြီ... ငါ ရှင်းပြမယ်"
လင်းပိုင်ဖန်က စကားပြောချင်စိတ် ပေါက်လာပြီး "ယောင်ယောင်... ငါ အရင်မေးပါရစေဦး၊ လူတစ်ယောက်ရဲ့ ဘဝမှာ အကုန်အကျ အများဆုံးက ဘာလို့ ထင်လဲ"
"လူဆိုတာ စားဝတ်နေရေးမှာ စားဖို့က အဓိကဆိုတော့... စားတာသောက်တာ ဖြစ်မှာပေါ့" ယောင်ယောင်က ခဏစဉ်းစားပြီး ဖြေလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါပြကာ "မဟုတ်ဘူး... စားသောက်တာက အရေးကြီးပေမဲ့ အကုန်အကျ အများဆုံးက အဲဒါ မဟုတ်ဘူး၊ အိမ်ပဲ"
"အိမ် ဟုတ်လား"
"လူတစ်ယောက်ရဲ့ ဘဝမှာ အခြေခံ လိုအပ်ချက် လေးခုရှိတယ်၊ အဝတ်အထည်၊ အစားအစာ၊ နေထိုင်စရာနဲ့ သွားလာရေးပေါ့။ ဒီထဲက ပထမဆုံး သုံးခုကို ဖြေရှင်းနိုင်ရင် အဲဒီလူက အဆင်ပြေပြေ နေနိုင်ပြီး အောင်မြင်တယ်လို့တောင် ဆိုနိုင်တယ်"
"အဝတ်အထည်နဲ့ အစားအစာကတော့ ရှင်သန်ဖို့အတွက် မရှိမဖြစ်ပဲ။ ဒါပေမဲ့ ဒီအသုံးစရိတ်တွေကို ထိန်းချုပ်လို့ ရတယ်။ သာမန်လူတစ်ယောက်အနေနဲ့ ပိုက်ဆံရှိရင် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစားမယ်၊ ပိုက်ဆံမရှိရင်တော့ ချွေတာစားသောက်လို့ ရတယ်။ ထိန်းချုပ်လို့ မရတာက နေထိုင်စရာ 'အိမ်' ပဲ"
"ဘာလို့လဲဆိုတော့ အိမ်ဈေးက အရမ်းကြီးလွန်းလို့လေ။ ဘိလပ်မြေအိမ်တွေ မပေါ်ခင်က ရိုးရိုး အုတ်နီခဲအိမ်တစ်လုံးတောင် ငွေတေး ၄၀ ကျော် ပေးရတယ်၊ တောင့်တင်းခိုင်မာတဲ့ အုတ်ပြာအိမ်ဆိုရင် ၅၀၊ ၆၀ လောက်အထိ ရှိတယ်"
"ဒါပေမဲ့ သာမန်ပြည်သူတစ်ယောက်ရဲ့ လစာက တစ်လမှ ဝမ် ၂၀၀ ပဲ ရှိတာ။ အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ဆိုရင် သူတို့ဟာ မစားမသောက်ဘဲ နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်မှ ရနိုင်မှာ"
"လူဆိုတာ မစားမသောက်ဘဲ မနေနိုင်ဘူးလေ၊ မိသားစုကိုလည်း ကျွေးမွေးရသေးတယ်၊ ဆိုတော့ အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံစုတာဟာ နှစ်ပေါင်း ၃၀၊ ၄၀ လောက် ကြာတတ်တယ်။ တစ်သက်လုံး အဲဒီအတွက်ပဲ ရုန်းကန်နေရတာ"
"ဒါကြောင့် စားဝတ်နေရေး ပြေလည်တဲ့ ပြည်သူတွေအတွက် အကြီးမားဆုံး အခက်အခဲက အိမ်ပဲ"
"သူတို့မှာ ကိုယ်ပိုင်အိမ်တစ်လုံး ရှိကိုရှိရမယ်"
"အိမ်ရှိမှ အိမ်ထောင်ပြု၊ သားသမီးယူ၊ လူကြီးမိဘတွေကို ပြုစုပြီး နေပူမိုးရွာ မရှောင် ဂုဏ်သိက္ခာရှိရှိ နေနိုင်မှာလေ။ ဒါက လူတိုင်းရဲ့ စိတ်ထဲမှာ စွဲမြဲနေတဲ့ အခြေခံ လိုအပ်ချက်ပဲ"
ယောင်ယောင်က ခေါင်းညိတ်လိုက်ပြီး "အင်း... အဲဒါတော့ ဟုတ်တယ်"
"ဒါပေမဲ့ အိမ်တစ်လုံးရဖို့က မလွယ်ဘူးလေ"
လင်းပိုင်ဖန်က ပြုံးလိုက်ပြီး "ငါ အရင်က ပြောသလိုပဲ၊ အိမ်တစ်လုံးရဖို့ တစ်သက်လုံး အလုပ်လုပ်ရသလို ဘာမတော်တဆမှုမှလည်း မဖြစ်ဖို့ လိုတယ်။ ဒီတော့ လူအများစုက မတတ်နိုင်ရင် မဝယ်တော့ဘူး၊ အိုစာမင်းစာအတွက်ပဲ ပိုက်ဆံစုမယ်လို့ တွေးလိုက်ကြရော"
"အဲဒီတော့ အိမ်ဈေးက မကျဘူးဆိုရင် ဒီဖွံ့ဖြိုးတိုးတက်မှုက စလို့မရဘူး။ မင်းက ပိုက်ဆံတွေ ဝေပေးပေမဲ့ အဲဒီပိုက်ဆံက စီးပွားရေး စက်ဝန်းထဲ ပြန်မဝင်လာတော့ဘူးလေ"
"ဒါကြောင့် အိမ်ဈေးနှုန်းကို လျှော့ချရတာပဲ"
"သဘောပေါက်ပြီ”
ယောင်ယောင်က ရုတ်တရက် နားလည်သွားပြီး "ဒါကြောင့် ရှင်က အိမ်ဈေးကို ၂၅ တေးပဲ သတ်မှတ်လိုက်တာကိုး၊ ဒါကို ထည့်တွက်ထားတာပဲ"
လင်းပိုင်ဖန်က ခေါင်းညိတ်ပြကာ "ဟုတ်တယ်၊ ၂၅ တေးဆိုတာ သင့်တော်တဲ့ ဈေးနှုန်းပဲ။ သာမန်လူတစ်ယောက် ဆယ်နှစ်လောက် ကြိုးစားရင် အိမ်ဝယ်နိုင်တယ်။ အိမ်မှာ အလုပ်လုပ်တဲ့သူ နှစ်ယောက်ရှိရင် ၁၀ နှစ်တောင် မကြာဘူး။ လူတွေက မျှော်လင့်ချက် မြင်လာတဲ့အခါ လိုလိုလားလားနဲ့ ပိုက်ဆံသုံးကြတော့တာပဲ"
"အိမ်ရပြီဆိုရင်တော့ အိမ်ထောင်ပြုဖို့၊ သားသမီးယူဖို့ တွေးလာမယ်။ မယားနဲ့ ကလေးရှိလာရင် ပိုကောင်းကောင်း ထားချင်လာမယ်။ အိမ်ထောင်ပရိဘောဂ၊ အဝတ်အထည်၊ အိုးခွက်ပန်းကန်တွေ ဝယ်လာမယ်။ အဲဒီမှာတင် စားသုံးမှုတွေ မြင့်တက်လာတော့တာပဲ"
"စားသုံးမှုတွေ မြင့်လာတော့ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း အလိုလို လည်ပတ်လာတာပေါ့"
"မှန်တယ်... ရှင်ပြောတာ မှန်တယ်..." ယောင်ယောင်က တတွတ်တွတ် ခေါင်းညိတ်နေတော့သည်။
"ဒီနည်းလမ်းကို ငါတို့ မဟာရှနိုင်ငံပဲ သုံးလို့ရတာ"
လင်းပိုင်ဖန်က ပြုံးရင်း "ဘာလို့လဲဆိုတော့ ဘိလပ်မြေထုတ်ဖို့ ကုန်ကြမ်းတွေက ငါတို့ဆီမှာ အများကြီးပဲလေ၊ ကုန်ကျစရိတ် အများကြီး သက်သာတယ်။ တခြားနိုင်ငံတွေမှာ ဒီအားသာချက်မရှိတော့ သူတို့ ကျရှုံးဖို့ပဲ ရှိတော့တာပေါ့"
ဒီအချိန်မှာတော့ ယောင်ယောင်ရဲ့ မျက်လုံးတွေက တဖျတ်ဖျတ် တောက်ပလာပြီး "ငတုံးဧကရာဇ်လေး... ကျွန်မကို အမှန်အတိုင်း ပြောစမ်း၊ အိမ်တွေ အများကြီး ရောင်းလိုက်ရတော့ ရှင် ပိုက်ဆံတွေ အများကြီး ရလိုက်တယ် မဟုတ်လား"
သူမက မေးရင်း လင်းပိုင်ဖန်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
လင်းပိုင်ဖန်ကတော့ အေးအေးဆေးဆေးပင် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး "ဒါက လျှို့ဝှက်ချက်ပဲ၊ ဘာမှ ပြောစရာမရှိဘူး"
ယောင်ယောင်က ချက်ချင်းပဲ လင်းပိုင်ဖန်ရဲ့ လက်မောင်းကို ဖက်တွယ်ပြီး ကလေးတစ်ယောက်လို ချော့မေးတော့သည်။ "ပြောပါ... ပြောပြပါဦး"
လင်းပိုင်ဖန်က နှာခေါင်းရှုံ့လိုက်ပြီး "ဒီလို ကလေးကလား နည်းလမ်းတွေနဲ့ ငါ့ဆီက အဖြေရမယ် ထင်နေတာလား"
"ဒါဆို နင်က ဘာလိုချင်လို့လဲ" ယောင်ယောင်က မေးလိုက်သည်။
လင်းပိုင်ဖန်က မဲ့ပြုံး ပြုံးလိုက်ပြီး "ကစားချင်ရင် အကြီးကြီး ကစားကြတာပေါ့။ ငါ့ကို ကုတင်ပေါ်မှာ အရှုံးပေးအောင် လုပ်နိုင်ရင် ပြောပြမယ်"
ယောင်ယောင် : "..."
ခဏအကြာမှာတော့...
လင်းပိုင်ဖန် : "အား... အား... နာတယ်..."
ယောင်ယောင် : "ပြောမှာလား၊ မပြောဘူးလား"
လင်းပိုင်ဖန် : "သေတောင် မပြောဘူး၊ ငါ့ကို ကုတင်ပေါ်မှာ အရှုံးပေးအောင် လုပ်နိုင်မှ ပြောမှာ"
ယောင်ယောင် : "ဒီ ငတုံးဧကရာဇ်... ရှင်ကို ဘယ်လိုနှိပ်စက်ရမလဲဆိုတာ ကြည့်ရသေးတာပေါ့"
လင်းပိုင်ဖန် : "အား... အား..."
ခဏလောက် ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ယောင်ယောင်က အရှုံးပေးလိုက်ပုံရသည်။ "ကျွန်မရဲ့ နောက်ဆုံးလက်နက်ကို သုံးရတော့မှာပဲ။ ငတုံးဧကရာဇ်လေး... ရှင်တော့ ကောင်းကောင်းကြီး ခံစားရတော့မယ်"
ခဏအကြာမှာတော့ လင်းပိုင်ဖန်ရဲ့ ပါးပေါ်မှာ နီရဲနေတဲ့ အမှတ်အသားလေးတစ်ခု ထင်ကျန်နေခဲ့သည်။
လင်းပိုင်ဖန်က ကျေနပ်သွားပုံနဲ့ "ဒါမှ ဟုတ်တာပေါ့။ ငါက သွေးသားဆန္ဒကို မလွန်ဆန်နိုင်တဲ့သူပဲ၊ အထူးသဖြင့် အလှအပရဲ့ သွေးဆောင်မှုကိုပေါ့"
ယောင်ယောင်က ပါးလေးတွေ နီမြန်းနေရင်း အံကြိတ်ကာ "အခု ပြောတော့"
လင်းပိုင်ဖန်က လက်ဖက်ရည် ထပ်သောက်လိုက်ပြီး "တကယ်တော့ ငါတို့ရဲ့ ဘိလပ်မြေအိမ်တွေက တစ်လုံးကို ငွေတေး ၂၀ နဲ့ ရောင်းရင် အရင်းပဲရှိတာ။ အခု ၂၅ တေးနဲ့ ရောင်းတာဆိုတော့ နင်ပဲ တွက်ကြည့်တော့လေ"
"ဒါဆို... အိမ်တစ်လုံးကို ၅ တေးလောက် မြတ်တာပေါ့"
ယောင်ယောင်က သူမရဲ့ လက်ကွက်လေးကို ထုတ်ပြီး တကောက်ကောက် တွက်နေတော့သည်။ "ရှင် အိမ် ဘယ်လောက်တောင် ရောင်းလိုက်ရပြီလဲ"
"သေချာတော့ မမှတ်မိဘူး။ လူတိုင်းက အိမ်ဝယ်ချင်နေကြတာဆိုတော့ ၁၀ သန်းလောက်တော့ ရှိပြီထင်တယ်"
"၁၀ သန်း၊ အိမ်တစ်လုံးကို ၅ တေး မြတ်တယ်ဆိုတော့... နင် စုစုပေါင်း ငွေတေး သန်း ၅၀ တောင် မြတ်တာပေါ့..!!!" ယောင်ယောင်ရဲ့ မျက်လုံးတွေက ငွေမက်တဲ့စိတ်ကြောင့် အရောင်တွေတောက်ပလာသည်။
လင်းပိုင်ဖန်က အရေးမစိုက်သလို လက်ခါပြပြီး "အဲဒီလောက် မဟုတ်ပါဘူး။ လူအများစုက အရစ်ကျ ပေးနေကြတာလေ"
"အရစ်ကျလည်း ပိုက်ဆံပဲလေ၊ အခုမရလည်း နောက်တော့ ရမှာပဲ။ ရှင့်နိုင်ငံရဲ့ လူဦးရေနဲ့ဆို အိမ် သန်း ၂၀ လောက် ရောင်းရဖို့က မခက်ဘူး၊ ဒါဆို အိမ်ရောင်းတာတစ်ခုတည်းနဲ့တင် ရှင် ငွေတေး သန်းတစ်ရာလောက် မြတ်မှာပေါ့"
ယောင်ယောင်ရဲ့ မျက်လုံးတွေက မနာလိုစိတ်ကြောင့် ပြူးထွက်မတတ် ဖြစ်နေပြီ ဖြစ်သည်။
သူမက လင်းပိုင်ဖန်ကို စူးစူးစိုက်စိုက် ကြည့်ပြီး အနားကို ဖြည်းဖြည်းချင်း တိုးလာသည်။
လင်းပိုင်ဖန်က မကောင်းတဲ့ နိမိတ်တစ်ခု ခံစားလိုက်ရပြီး "မင်း ဘာလုပ်မလို့လဲ၊ လျှောက်မလုပ်နဲ့နော်"
"ကျွန်မ ရှင့်ကို အခုပဲ ကိုက်သတ်ပစ်ချင်နေပြီ" ယောင်ယောင်က ပါးစပ်လေးဟပြီး သူ့ဆီ ခုန်အုပ်လိုက်တော့သည်။
လင်းပိုင်ဖန်က "အား... မလုပ်နဲ့" လို့ အော်ဟစ်လိုက်ရလေ၏။
အရှုပ်အထွေးတွေ ပြီးသွားတဲ့နောက် သူတို့နှစ်ဦး မဟာလော့အကြောင်း ပြန်ပြောဖြစ်ကြသည်။
ယောင်ယောင်က လင်းပိုင်ဖန်ရဲ့ မျက်နှာပေါ်က တံတွေးတွေကို သုတ်ပေးရင်း "မဟာလော့က အထိနာသွားတယ်ဆိုပေမဲ့ ပေါ့ဆလို့တော့ မရဘူးနော်။ သူတို့နောက်ကွယ်မှာ တာအိုဂိုဏ်း ရှိနေသေးတယ်"
လင်းပိုင်ဖန်က ခေါင်းတငြိမ့်ငြိမ့်နဲ့ "မှန်တယ်... ဘယ်အချိန်ပဲဖြစ်ဖြစ် ပေါ့ဆလို့ မရဘူး"
သူက စိတ်ထဲကနေ အင်ပါယာ မြေပုံ ထဲကို ဝင်လိုက်ပြီး သူ့ရဲ့ နယ်နိမိတ်ထဲမှာ လေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်ကာ မဟာလော့ နယ်မြေထဲကို ပစ်ထည့်လိုက်တော့သည်။
မဟာလော့ဧကရာဇ် : F**k