← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

🍁 Chapter 14

[ဟင်း... ကြည့်ရတာ အဘိုးရဲ့ သားသမီး သုံးယောက်လုံးက တစ်ယောက်ထက် တစ်ယောက်ပိုပြီးထုံကြတာပဲ]

-

နောက်တစ်နေ့ မနက်တွင် ညီမဖြစ်သူ ရှု‌ယောင်ယာင်က ညလုံးပေါက် ပြင်ဆင်ထားသော အချက်အလက်များကို သူမ အခန်းသို့ ယူဆောင်လာပေးသည်။ ရှုယောင်‌ယောင် မျက်နှာလေးမှာ နွမ်းနယ်နေသည်ကို မြင်ရသည့် အခါ ရှုယင်းယင်းက စိတ်မကောင်းဖြစ်သွားရသည်။

"ညီမလေး... ညက မအိပ်ဘူးလား၊ မျက်ကွင်းတွေတောင် ညိုနေပြီ"

ရှုယောင်ယောင်က "ညက မအိပ်တာ မဟုတ်ပါဘူး ၊ နည်းနည်း နောက်ကျသွားတာပါ၊ မမ အလုပ်မဝင်ခင်မှာ ကုမ္ပဏီရဲ့ အခြေအနေကို သိထားဖို့က ပိုအရေးကြီးတယ်လေ"

ရှုယင်းယင်းက အချက်အလက်များကို ကြည့်လိုက်ရာ ဘယ်သူက ဘယ်သူ့ရဲ့ ဘက်တော်သားလဲဆိုသည်ကို ဇယားများဖြင့် သေသေချာချာ ပြင်ဆင်ပေးထားသည်ကို တွေ့ရသည်။

[ညီမလေးက ငါ့အပေါ် အရမ်းကောင်းတာပဲ၊ ဒီလောက် ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ နတ်သမီးလေးက သူ့အမေအရင်းနဲ့ ပေါင်းပြီး ငါတို့အိမ်ကို လုမှာ မဟုတ်ပါဘူး၊ ရှောင်ချီ... နင့်ရဲ့ သတင်းက အမှားကြီးလား..???]

ရှုယောင်ယောင် မှာ အစ်မဖြစ်သူ၏ ထောက်ခံအားပေးမှုများကို ကြားလိုက်ရသဖြင့် ဝမ်းသာပြီးမျက်ရည်ဝဲသွားသည်။ ရှုယင်းယင်းက သူမ မျက်နှာလေးကိုကိုင်ကာ အမြန်ဆရာဝန်ခေါ်ပေးလိုက်သည်။

"ညီမလေး... စောင့်နေဦးနော်၊ မမ ဆရာဝန်ခေါ်ပေးမယ်"

ရှုယောင်ယောင်မှာ မျက်ရည်များကို အမြန်သုတ်လိုက်ရင်း 'မမက ငါ့အပေါ် အရမ်းကောင်းတာပဲ၊ ငါ.. မမကို သေချာ စောင့်ရှောက်ရမယ်' ဟု သူမ စိတ်ထဲ ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် သူမ ဖုန်းထဲသို့ အမေအရင်းဆိုသူထံမှ မက်ဆေ့ချ်တစ်ခု ရောက်လာသည်။ မြို့ပြင်ရှိ အပန်းဖြေစခန်းတစ်ခုတွင် တွေ့ရန် ချိန်းဆိုထားသည့် မတ်ဆေ့ခ်ျ တစ်ခုဖြစ်သည်။

ရှုယောင်ယောင်မှာ ပြတ်သားသော မျက်ဝန်းများဖြင့် ထိုကိစ္စကို သူ ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်တော့သည်။

မိသားစုဆရာဝန်က ရှုယောင်ယောင်ရဲ့မျက်လုံးကို စစ်ဆေးနေစဉ်မှာ ရှုယင်းယင်းက အနားကနေ မခွာဘဲ ဆရာဝန်မှာကြားသမျှကို ဖုန်းထဲမှာ သေသေချာချာ မှတ်သားထား‌နေသည်။

ဆရာဝန်ပြန်သွားတော့လည်း အိမ်အကူကို ညီမလေးကို ဂရုစိုက်ပေးဖို့ ထပ်ဆင့်မှာကြားပြီးမှ သူ့အခန်းထဲ စိတ်ချလက်ချနဲ့ ပြန်ဝင်လာခဲ့သည်။

"မျက်လုံးကိစ္စက သေးသေးလေးဆိုပေမဲ့ ပေါ့လို့မရဘူးလေ၊ တော်သေးတာပေါ့ သမီးက ဆရာဝန်ခေါ်လိုက်လို့ မဟုတ်ရင် ညီမလေးမှာ ရာသီ အကူးအပြောင်းမှာ ဖြစ်တတ်တဲ့ မျက်စိနာရောဂါဖြစ်နေရင် သိမှာမဟုတ်ဘူး၊ အိမ်မှာ ပန်းပင်တွေမရှိလို့ တော်သေးတယ် ရှိရင် ပိုဆိုးသွားမှာ"

ရှုယောင်ယောင်က အစ်မဖြစ်သူကို ကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ ကြည့်ပြီး

"မမကို စိတ်ပူအောင် လုပ်မိလို့ အားနာလိုက်တာ"

"ဘာလို့ အားနာနေတာလဲ၊ ဒါ ညီမလေးအမှားမှမဟုတ်တာ မမ အတွက် အချက်အလက်တွေ ပြင်ပေးရင်း ညနက်သွားလို့ အခုလို ဖြစ်တာလေ၊ မမတို့က ညီအစ်မတွေပဲကို ၊ ဘာမှ အားနာစရာမလိုပါဘူး"

"တကယ်တော့ ညီမလေးက မမ ညီမလေးကို အပြစ်တင်မှာကို အမြဲစိုးရိမ်နေခဲ့တာ၊ ညီမလေးကသာ မမရဲ့နေရာမှာ မရှိခဲ့ရင် အခု ညီမလေးဆီမှာရှိတဲ့ အရာအားလုံးက မမဟာ ဖြစ်နေမှာ မမ ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကလည်း ညီမလေး ကြုံရမှာလေ"

ရှုယောင်ယောင် သူမရင်ထဲက စကားတွေကို အခုမှ ဖွင့်ပြောခွင့် တော့သည်။

"ကောင်မလေးရယ်... မမက ဘာလို့ အပြစ်တင်ရမှာလဲ ? အဲဒီတုန်းက မမတို့က တစ်နှစ်သားလေးတွေပဲ ရှိသေးတာ၊ ဘာမှမသိတဲ့ ကလေးတွေက ဘာလုပ်နိုင်မှာလဲ အဖေနဲ့အမေတို့ ပြောသလိုပဲ၊အခုလို မမ အိမ်ပြန်ရောက်လာရတာနဲ့တင် ကျေနပ်လှပါပြီ"

ရှုယင်းယင်းက ညီမလေးရဲ့လက်ကို ဆုပ်ကိုင်ပြီး နှစ်သိမ့်လိုက်ပါတယ်။

"ညီမလေးက မမရောက်လာလို့ မကျေမနပ်မဖြစ်သလို၊ မမကလည်း ညီမလေးရှိနေလို့ ရန်ငြိုးမထားဘူး၊ ဒါဟာ အကြီးမားဆုံး ကံကောင်းခြင်းပဲ။ ဒါကြောင့် မမတို့ အတိတ်ကိုမကြည့်ဘဲ ရှေ့ဆက်ကြရအောင်လေ.."

ရှုယောင်ယောင်က ဝမ်းသာလွန်းလို့ မျက်ရည်တွေဝဲပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်မိသည်။

"ဟုတ်ကဲ့ မမ၊ ညီမလေး မမစကားကို နားထောင်ပါ့မယ် နောက်ကို အဲလို စိတ်မကောင်းစရာတွေကို လျှောက်မတွေးတော့ပါဘူး.."

[နင့်အမေရဲ့ သွေးဆောင်မှုကို နင် ကြံ့ကြံ့ခံနိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်၊ မိဘတွေက ငါတို့နှစ်ယောက်လုံးကို တန်းတူပဲချစ်တယ်ဆိုတာကိုအမြံ ယုံကြည်ထားပါ၊ နင်သာ သူစိမ်းဘက်ပါသွားရင် အဖေနဲ့အမေက အဝမ်းနည်းဆုံးဖြစ်မှာ အမေက နင့်ကို အနှစ် ၂၀ ကျော် တယုတယပြုစုပျိုးထောင်လာခဲ့တာလေ၊ ဒီသံယောဇဉ်ကို အမေအရင်းက ဘယ်လိုမှ အစားထိုးလို့မရနိုင်ဘူး]

[အဖေက အဘိုးကို အမြဲကြောက်ရပေမဲ့ အမေ့ အတွက်ဆိုရင် အဘိုးကို ပြန်အံတုခဲ့တာ၊ နင့်အမေအရင်းကရော နင့်အဖေကို ဘယ်လောက်ချစ်လို့လဲ၊ တကယ်လို့ တစ်နေ့နေ့မှာ အမေအရင်းက အဖေနဲ့ပြန်ဆုံပြီး အချစ်ဟောင်းတွေ ပြန်နိုးထလာရင် ငါ့အမေ ဘယ်လိုလုပ်မလဲ?]

[တကယ်လို့ ဒီ သမီးအရင်း/အတု ကိစ္စက တမင်လုပ်ထားတဲ့ ပရိယာယ်ဆိုရင် ဒါဟာ ဘယ်လောက်တောင်နက်ရှိုင်းတဲ့ ရန်ငြိုးဖြစ်မလဲ တစ်ချိန်က ချစ်ခဲ့ကြတဲ့သူတွေက အခုလို ရက်ရက်စက်စက် လုပ်နိုင်ပါ့မလား?]

ရှုယောင်ယောင်ကတော့ အစ်မရဲ့ အတွေးတွေကို နားမလည်ပေမဲ့ သူမစိတ်ထဲမှာလည်း သံသယတွေရှိနေသည်။ အမေအရင်းက အဖေအရင်းကို တကယ်ချစ်ခဲ့တယ်ဆိုရင် ဘာလို့ အခုလို ဒုက္ခပေးရတာလဲ? သူမကို ဘာလို့ ကလဲ့စားချေဖို့ ကိရိယာတစ်ခုလို သုံးရတာလဲ?

"ညီမလေး မမနဲ့အတူ မိဘတွေကို အကောင်းဆုံး လုပ်ကျွေးပြုစုသွားမယ်လို့ ကတိပေးပါတယ်"

ယောင်ယောင်က လက်သန်းချင်းချိတ်ပြီး ကတိပေးလိုက် တော့သည်။

"အင်း... မမ ညီမလေးကို ယုံပါတယ်"

ယင်းယင်းက ညီမလေးကို ဖက်ပြီး ကျောကို အသာအယာ ပုတ်ပေးလိုက်ပါတယ်။

*ဒေါက်... ဒေါက်... ဒေါက်...*

"မမလေး... တတိယအဒေါ် ရောက်နေပါတယ်၊ မမလေးကို တွေ့ချင်တယ်လို့ ပြောပါတယ်" ဟု အိမ်အကူက ပြောလာသည်။

[အဒေါ်က ငါ့ဆီကို ဘာလာလုပ်တာလဲ?]

ရှုယင်းယင်း စိတ်ထဲ ထင့်သွားသည်။

"ညီမလေး ဒေါ် လေး နဲ့တွေ့ဖို့ ငါနဲ့အတူ လိုက်ခဲ့မလား?"

ယင်းယင်းက ညီမလေးကို ချန်မထားချင်လို့ မေးလိုက်သည်။

"မလိုက်တော့ဘူးမမ..၊ ညီမလေး အိပ်ချင်သေးလို့၊ ဒေါ်လေးကို ညီမလေးကိုယ်စား နှုတ်ဆက်ပေးပါဦး"

ရှုယောင်ယောင်က ဒေါ် လေးနဲ့ ဦးလေးတို့ကြားထဲက ကိစ္စကို ရိပ်မိပုံရတာကြောင့်မလိုက်သွားပဲ ရှောင်‌နေလိုက်တာသည်။

---

ရှုယင်းယင်း အောက်ထပ်ဆင်းလာတော့ ဒေါ်လေးရှုယန်ဝေရဲ့ကောင်းမွန်‌နေတဲ့ ပုံစံကောင်းကို တွေ့လိုက်ရသည်။

"နေကောင်းလား ဒေါ်လေး.."

[အဒေါ်က စိတ်ကြည်လင်နေပုံပဲ၊ ကြည့်ရတာ အဲလူယုတ်မာ ဦးလေးက ချိုချိုသာသာစကားလုံးတွေနဲ့ ချော့လိုက်ပြန်ပြီ ထင်တယ်၊ ဟင်း!]

ထိုအသံကိုကြားပြီး လက်ဆောင်ဘူးကိုင်ထားတဲ့ ရှုယန်ဝေ ရဲ့လက်လေးက တုန်သွားသည်။

"ဒါက..‌‌. ဒေါ်လေး ပြင်ထားတဲ့ တွေ့ဆုံခြင်းလက်ဆောင်လေးပါ၊ မနေ့က ပေးဖို့ မေ့သွားလို့ ဒီနေ့မှ သီးသန့်လာပေးတာ"

ယန်ဝေ အလှပဆုံးထုပ်ပိုးထားတဲ့ C Brand လက်ဆောင်ဘူးလေးကို တူမဖြစ်သူထံ လှမ်းပေးလိုက်သည်။

All Chapters