Mirror Novel MyanmarMIRRORNOVEL← All Novels
အပယ်ခံသမီးအစစ်ရဲ့ အတွေးတွေကြားပြီးနောက်

အပယ်ခံသမီးအစစ်ရဲ့ အတွေးတွေကြားပြီးနောက်

真千金被聽到心聲

81 chapters· Completed· ★ 7.6
ComedyDramaSystem

ရှုယင်းယင်းသည် သူဌေးအသိုင်းအဝိုင်း နောက်ခံဝတ္ထုတစ်ပုဒ်ထဲ သို့ အမြောက်စာဇာတ်ကောင် သမီးအရင်းလေးအဖြစ် မှားယွင်းစွာနှင့် ကူးပြောင်း‌ ရောက်ရှိသွားခဲ့သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏မိဘအရင်းများက သမီးအတုကို ပိုမိုဦးစားပေးသည်အား မနာလိုဖြစ်ကာ၊ မျက်နှာရစေရန် နည်းလမ်းမျိုးစုံဖြင့် သေမထူးနေမထူးယှဉ်ပြိုင်ခဲ့ရာ၊ နောက်ဆုံးတွင် လူတိုင်း၏ရွံရှာမုန်းတီးမှုကို ခံရပြီး သူဌေးမိသားစုထံမှ နှင်ထုတ်ခံရကာ လမ်းဘေး၌ ပင်ပန်းဆင်းရဲစွာ နေထိုင်ရသည့်ဘဝသို့ရောက်ရှိခဲ့ရသည်။ ထို့နောက် 'အတင်းအဖျင်း စနစ်' နှင့် ချိတ်ဆက်မိသွားကာ ရှုယင်းယင်းတစ်ယောက် သူဌေးအိမ်၌နေရသည်မှာ စားရေးသောက်ရေး ပူပန်စရာမလို‌သဖြင့် အဘယ်‌ကြောင့် မျက်နှာသာာရရန်ယှဉ်ပြိုင်နေရမည်နည်း။ ၎င်းတို့၏ အတင်းအဖျင်းများကို ခံစားပြီး ဇာတ်လမ်းထိုင်ကြည့်နေခြင်းကသာ အကောင်းဆုံး မဟုတ်ပါလောဟု စတင်တွေးမိလာသည်။ မိခင်ဖြစ်သူမှ "အမေက ယောင်ယာင်ကို ကိုယ့်သမီးအရင်းလို အမြဲတမ်းပျိုးထောင်လာခဲ့တာ၊ သမီးရောက်လာလို့ ဆိုပြီး ‌ယောင်ယောင့်ကို အမေ အဝေးပို့လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ၊ ဒါပေမယ့် သမီးကိုလည်း အမေက အကောင်းဆုံးကြိုးစားပြီး ကောင်းပေးပါ့မယ်" ရှုယင်းယင်းသည် လိမ္မာစွာဖြင့် ပြုံးပြကာခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ" သူမ စိတ်ထဲမှာမူ အသံတိတ် ရေရွတ်လေမိသည်။ "အိုး... ဒီမွေးစားညီမရဲ့ အမေအရင်းက တကယ်တော့ အဖေ့ ငယ်ချစ်ဦးဖြစ်နေတာလား ? ကံကြမ္မာအလှည့် အပြောင်းကလည်း ဒရမ်မာဆန်လိုက်တာ၊ ဒါပေမယ့် အချောသတ်လိုက်ရင်တော့ သူ့ကို သွေးသားရင်းလိုမွေး ထားတာက မမှားဘူးပေါ့" အမေရှု မှာသမီးဖြစ်သူ စိတ်ထဲကအသံကို ကြားလိုက်ရသဖြင့် ခြေထောက်များပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။ ရှုယင်းယင်း "ဟေ? ဘာလို့ အမေက ရုတ်တရက် ငါ့ကို Black Card ပေးပြီး ဖြုန်းချင်သလောက်သာ ဖြုန်းပစ်လိုက်လို့ ပြောရတာလဲ" ဖခင်ဖြစ်သူကမူ "‌‌‌‌‌‌‌ယောင်ယောင်က ငယ်ငယ်ကတည်းက သဘောကောင်းပြီး ကြောက်တတ်တယ်၊ သူ့ကို စကားပြောရင် လေသံအေးအေးနဲ့ပြော၊ သွားမခြောက်မိစေနဲ့" ရှုယင်းယင်းသည် နူးညံ့သိမ်မွေ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ" သူမ စိတ်ထဲကမူ "ညီမက တကယ်ကြောက်တတ်ပါတယ်၊ သူ့အမေရင်းကို ခိုးကူညီဖို့လောက်ပဲ သတ္တိရှိတာလေ၊ နောက်ဆို အဖေ့အမွေတွေကိုပါ သူ့အဖေအရင်းဆီလွှဲပေးဦးမှာ၊ အဖေကတော့ တကယ့်ကိုမတရားခံရသူကြီးပါပဲ၊ သူများသားမယားကို လုပ်ကျွေးနေရတယ်၊ အဖေ့ရဲ့ ရန်သူကတော့ ညတိုင်းအိပ်မက်ထဲတောင် အကြိမ်ရှစ်ရာလောက် ထ ထရယ်နေလောက်ပြီ!" ထိုအရာကို ကြားလိုက်ရသဖြင့် နာကြည်းနေသောဖခင်ဖြစ်သူမှာ ဒေါသသွေးများဆူပွက်လာကာ ဆိုဖာပေါ်သို့ ပစ်လဲကျသွားလေသည်။ ရှုယင်းယင်း "ဟေ? ဘာလို့ အဖေက ရုတ်တရက် ငါ့ကို ကုမ္ပဏီရှယ်ယာတွေပေးပြီး၊ ပိုက်ဆံများများသုံး လျှောက်မတွေးနဲ့လို့ ပြောနေတာလဲ" အဘိုးဖြစ်သူကမူ ရှုယင်းယင်းအား ကုမ္ပဏီတွင် အတွေ့အကြုံယူစေရန် စီစဉ်နေခဲ့သည်။ အထွေထွေမန်နေဂျာဖြစ်သူ ဒုတိယအဒေါ်က "နင်က နာမည်ကြီးတက္ကသိုလ်ကဘွဲ့ရတာ မဟုတ်ဘူး၊ ကုမ္ပဏီကိုလာမယ်ဆိုရင် ဧည့်ကြိုကစလုပ် တာက ပိုပြီးယုံကြည်လက်ခံနိုင်စရာဖြစ်လိမ့်မယ်၊ အဆင်ပြေရဲ့လား" ရှုယင်းယင်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "ပြဿနာမရှိပါဘူး" သူမ စိတ်ထဲတွင်မူ "ဒေါ်လေးနဲ့ ဦးငယ်လေးတို့ ဖောက်ပြန်နေတာကို ကျွန်မ မတော်တဆမိသွားမှာ ကြောက်နေတာ လား ? ကျွတ်... ကျွတ်... ကျွတ်... ကိုယ့်အသိုက်အမြုံနားက မြက်ကို ပြန်စားတယ်ဆိုတာ ဒါမျိုးကိုး" "ဘုရားရေ... ဦးငယ်လေးက သုတ်ပိုးမရှိဘူးတဲ့၊ သနားစရာ ဒေါ်လေးက ဒါကို ကိုယ့်ပြဿနာလို့ထင်ပြီး၊ အားနာစိတ်နဲ့ ဦးလေးလေး ဖောက်ပြန်သမျှကို အကြိမ်ကြိမ်သည်းခံနေရရှာတယ်၊ တရားမဝင်ရတဲ့ ကလေးကို မွေးစားဖို့တောင် အပြောခံလိုက်ရသေးတယ်၊ ဒါလူတစ်ယောက်ရဲ့လုပ်ရပ်ကောဟုတ်ရဲ့လား ? ဒေါ်လေးခမျာတော့ လှိမ့်ခံနေရရှာတာပဲ!" "ဟေ? ဘာလို့ ဒေါ်လေးက ရုတ်တရက် ဦးလေးကိုပစ်ချပြီး ဘာမှမပါဘဲ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာလဲ" ရှုယင်းယင်းသည် အတင်းအဖျင်းများကိုစွဲလမ်းနှစ်သက်ပြီး အထက်တန်းလွှာ ဧည့်ခံပွဲအမျိုးမျိုးကို မကြာခဏ သွားရောက်လေ့ရှိသည်။ တစ်လကြာသောအခါ… အချမ်းသာဆုံး သူဌေးကြီးက သူမအား ကျွန်းပေါ်ရှိအဆောက်အဦးအချို့ကို လက်ဆောင်ပေးလာသည်။ သူဌေးကြီးတစ်ဦးကမူ သူ့ကလေးအားမွေးပေးရန် သူမအား ဒူးထောက်အသနားခံလာကာ တားဆီးလို့ပင်မရနိုင်တော့ချေ။ ရှုယင်းယင်း (မျက်နှာပေါ်တွင် အမေးသင်္ကေတများစွာဖြင့်) "ဟမ်... ဒါကတော့......"

Chapters (81)

Vol. 1 Ch. 1အခန်း (၁)Vol. 1 Ch. 2အခန်း (၂)Vol. 1 Ch. 3အခန်း (၃)Vol. 1 Ch. 4အခန်း (၄)Vol. 1 Ch. 5အခန်း (၅)Vol. 1 Ch. 6အခန်း (၆)Vol. 1 Ch. 7အခန်း (၇)Vol. 1 Ch. 8အခန်း (၈)Vol. 1 Ch. 9အခန်း (၉)Vol. 1 Ch. 10အခန်း (၁၀)Vol. 2 Ch. 11အခန်း (၁၁)Vol. 2 Ch. 12အခန်း (၁၂)Vol. 2 Ch. 13အခန်း (၁၃)Vol. 2 Ch. 14အခန်း (၁၄)Vol. 2 Ch. 15အခန်း (၁၅)Vol. 2 Ch. 16အခန်း (၁၆)Vol. 2 Ch. 17အခန်း (၁၇)Vol. 2 Ch. 18အခန်း (၁၈)Vol. 2 Ch. 19အခန်း (၁၉)Vol. 2 Ch. 20အခန်း (၂၀)Vol. 3 Ch. 21-22အခန်း (၂၁-၂၂)Vol. 3 Ch. 23-24အခန်း (၂၃-၂၄)Vol. 3 Ch. 25-26အခန်း (၂၅-၂၆)Vol. 3 Ch. 27-28အခန်း (၂၇-၂၈)Vol. 3 Ch. 29-30အခန်း (၂၉-၃၀)Vol. 4 Ch. 31-32အခန်း (၃၁-၃၂)Vol. 4 Ch. 33-34အခန်း (၃၃-၃၄)Vol. 4 Ch. 35-36အခန်း (၃၅-၃၆)Vol. 4 Ch. 37-38အခန်း (၃၇-၃၈)Vol. 4 Ch. 39-40အခန်း (၃၉-၄၀)Vol. 5 Ch. 41-42အခန်း (၄၁-၄၂)Vol. 5 Ch. 43-44အခန်း (၄၃-၄၄)Vol. 5 Ch. 45-46အခန်း (၄၅-၄၆)Vol. 5 Ch. 47-48အခန်း (၄၇-၄၈)Vol. 5 Ch. 49-50အခန်း (၄၉-၅၀)Vol. 6 Ch. 51-52အခန်း (၅၁-၅၂)Vol. 6 Ch. 53-54အခန်း (၅၃-၅၄)Vol. 6 Ch. 55-56အခန်း (၅၅-၅၆)Vol. 6 Ch. 57-58အခန်း (၅၇-၅၈)Vol. 6 Ch. 59-60အခန်း (၅၉-၆၀)Vol. 7 Ch. 61-62အခန်း (၆၁-၆၂)Vol. 7 Ch. 63-64အခန်း (၆၃-၆၄)Vol. 7 Ch. 65-66အခန်း (၆၅-၆၆)Vol. 7 Ch. 67-68အခန်း (၆၇-၆၈)Vol. 7 Ch. 69-70အခန်း (၆၉-၇၀)Vol. 8 Ch. 71-72အခန်း (၇၁-၇၂)Vol. 8 Ch. 73-74အခန်း (၇၃-၇၄)Vol. 8 Ch. 75-76အခန်း (၇၅-၇၆)Vol. 8 Ch. 77-78အခန်း (၇၇-၇၈)Vol. 8 Ch. 79-80အခန်း (၇၉-၈၀)Vol. 9 Ch. 81-82အခန်း (၈၁-၈၂)Vol. 9 Ch. 83-84အခန်း (၈၃-၈၄)Vol. 9 Ch. 85-86အခန်း (၈၅-၈၆)Vol. 9 Ch. 87-88အခန်း (၈၇-၈၈)Vol. 9 Ch. 89-90အခန်း (၈၉-၉၀)Vol. 10 Ch. 91-92အခန်း (၉၁-၉၂)Vol. 10 Ch. 93-94အခန်း (၉၃-၉၄)Vol. 10 Ch. 95-96အခန်း (၉၅-၉၆)Vol. 10 Ch. 97-98အခန်း (၉၇-၉၈)Vol. 10 Ch. 99-100အခန်း (၉၉-၁၀၀)Vol. 11 Ch. 101-102အခန်း (၁၀၁-၁၀၂)Vol. 11 Ch. 103-104အခန်း (၁၀၃-၁၀၄)Vol. 11 Ch. 105-106အခန်း (၁၀၅-၁၀၆)Vol. 11 Ch. 107-108အခန်း (၁၀၇-၁၀၈)Vol. 11 Ch. 109-110အခန်း (၁၀၉-၁၁၀)Vol. 12 Ch. 111-112အခန်း (၁၁၁-၁၁၂)Vol. 12 Ch. 113-114အခန်း (၁၁၃-၁၁၄)Vol. 12 Ch. 115-116အခန်း (၁၁၅-၁၁၆)Vol. 12 Ch. 117-118အခန်း (၁၁၇-၁၁၈)Vol. 12 Ch. 119-120အခန်း (၁၁၉-၁၂၀)Vol. 13 Ch. 121-122အခန်း (၁၂၁-၁၂၂)Vol. 13 Ch. 123-124အခန်း (၁၂၃-၁၂၄)Vol. 13 Ch. 125-126အခန်း (၁၂၅-၁၂၆)Vol. 13 Ch. 127-128အခန်း (၁၂၇-၁၂၈)Vol. 13 Ch. 129-130အခန်း (၁၂၉-၁၃၀)Vol. 14 Ch. 131-132အခန်း (၁၃၁-၁၃၂)Vol. 14 Ch. 133-134အခန်း (၁၃၃-၁၃၄)Vol. 14 Ch. 135-136အခန်း (၁၃၅-၁၃၆)Vol. 14 Ch. 137-138အခန်း (၁၃၇-၁၃၈)Vol. 14 Ch. 139-140အခန်း (၁၃၉-၁၄၀)Vol. 14 Ch. 141-142အခန်း (၁၄၁-၁၄၂)