← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

🍁 Chapter 20

သူတို့နှစ်ဦးမှာ ပြိုင်ဘက်များ ဖြစ်ကြသော်လည်း ဘုံရန်သူ ပေါ်လာချိန်တွင်မူ ပြင်ပရန်ကို အရင်ရှင်း ပြီးမှ အတွင်းရေးကို ရှင်းရန် သဘောတူထားကြသည်။ လက်ရှိ အခြေအနေကို ထိန်းသိမ်းပြီး နောက် မိမိတို့၏ စွမ်းရည်အလိုက် အာဏာလုကြမည် ဖြစ်သည်။

အလုပ်ပြင်ပမှ ပတ်သက်မှုများကတော့ စိတ်အပန်းဖြေရန်နှင့် စိတ်လှုပ်ရှားမှုအတွက် သက်သက် သာဖြစ်သည်။

"ကျွန်တော့် အစီအစဉ်ကတော့ အဆင်ပြေပြေ သွားနေပြီ၊ ခင်ဗျားကော ဘယ်လိုလဲ၊ ခဏနေရင် လူတွေ ရောက်လာတော့မယ်... ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

ကူးချန်၏ စူးစမ်းလိုသည့် လေသံတွင် မြှူဆွယ်ချင်စိတ်များ အပြည့်ပါဝင်နေသည်။

သူ ဆိုဖာပေါ်တွင် မှီထိုင်လိုက်ပြီး နက်တိုင်ကို ဖြေလျှော့ကာ ရှပ်အင်္ကျီ ကြယ်သီးများကို ဖြည်းညှင်းစွာဖြုတ်လိုက်သည်။

ထန်ဝမ်သည် ပရော်ဖက်ရှင်နယ် ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံပင်များကို အနောက်ဘက်တွင် သပ်ရပ်စွာ ထုံးဖွဲ့ထားကာ ထက်မြက်သော အထက်တန်းလွှာအသွင်ကိုဆောင်နေသည်။

သူမက သူ၏အနားသို့ လျှောက်သွားပြီး ပျားရည်ကဲ့သို့ ချိုသာသော အသံဖြင့် တောင်းဆိုလိုက်သည်။

"ရှင် သိချင်ရင်တော့... ရှင့်ရဲ့ စွမ်းဆောင်ရည်ကို အရင်ကြည့်ရမှာပေါ့"

ကူးချန်က နှာမှုတ်လိုက်ပြီး ခလုပ်နှိပ်ကာ လျှပ်စစ်လိုက်ကာများကို ပိတ်ချလိုက်သည်။

_

ဖုန်းရိကားပါကင်တွင် ရှုယင်းယင်း ဖခင်နှင့် ညီမဖြစ်သူတို့နှင့်အတူ မသွားချင်သော်လည်း သူတို့က လုံးဝလက်မခံကြပေ။

ဖခင်နှင့် ညီမဖြစ်သူတို့က ရှုယင်းယင်းသည် ကုမ္ပဏီသို့ သူတို့နှင့်အတူ ဝင်ရောက်လာပြီး လူတိုင်း၏အာရုံစိုက်မှုနှင့် အလေး‌ပေးမှုတို့ကို ခံယူရမည်ဟု တညီတညွတ်တည်းဆုံး ဖြတ်ထားကြသည်။ ထိုသို့မှသာ သူမသည် လူတိုင်း၏စိတ်ထဲသို့ လျင်မြန်စွာနေရာယူနိုင်ပြီး ဝန်းထမ်းများနှင့် လိုက် လျောညီ‌ထွေစွာ ဆက်ဆံရေးတစ်ခုကို ဖန်တီးနိုင်မည် မဟုတ်ပါလား။

အဘယ်ကြောင့်ဆိုသော် မခန့်မှန်းနိုင်လေလေ၊ မသိသူများကပိုကြောက်လေလေ ဖြစ်ပြီး ကုမ္ပဏီ၌ သူမ ခြေကုပ်ယူနိုင်ရန် အထောက်အကူဖြစ်စေသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် ဤနည်းဖြင့် ကုမ္ပဏီရှိ လူများကို 'ငါ ငါ့သမီးလေးကို အမြဲစောင့်ကြည့်နေတယ်၊ ဒါကြောင့် မင်းတို့ ဆင်ခြင်နေတာ ကောင်းမယ်' ဟု သတိပေးလိုက် ရာလည်းကျသည်။

ဖခင်နှင့် ညီမဖြစ်သူတို့၏စေတနာကို သိရှိပြီးနောက် ရှုယင်းယင်းသည် အရှုံးပေးလိုက်ရပြီး သူတို့နှင့်အတူ သီးသန့် ဓာတ်လှေကားထဲသို့ နာခံစွာ လိုက်ဝင်သွားတော့သည်။

[ယင်းယင်း... နင် စိတ်လှုပ်ရှားနေလား] စနစ်၏ မေးခွန်းတွင် စိတ်လှုပ်ရှားမှုများ အပြည့်ပါဝင်နေသည်။

[နင် နည်းနည်းလောက် ပုံမှန်အတိုင်းနေပေးရင် နင့်ရဲ့ စိတ်လှုပ်ရှားမှုကို ငါ လျစ်လျူရှုပေးနိုင်တယ်၊ ကျေးဇူးပြုပြီး... ဒါက အလုပ်ခွင်လေ၊ အမှားအမှန် အများဆုံးနဲ့ငြင်းခုံ ပေါက်ကွဲမှု အများဆုံးဖြစ်နိုင်တဲ့ နေရာသန့်သန့်လေးပါ]

[အပေါ်ယံ မှာတော့ ရိုးသားမှုတွေကို ဟန်ဆောင်ထားပြီး ကွယ်ရာမှာ ရာထူးကြီးတဲ့သူနဲ့အိပ်တဲ့သူ၊ မထိန်းချုပ်နိုင်ဘဲ လှေကားထစ်တွေမှာ အမြဲ သွားသွားပြီး ခိုးစားတတ်တဲ့ကြသူ‌တွေ၊ ကုတင်ပေါ် တက်နိုင်လို့ ရာထူးတိုးသွားတဲ့သူ၊ မယား/လင်က ရုံးခန်းထဲမှာ ဖောက်ပြန်နေတာကို လက်ပူး လက်ကြပ်မိလို့ ရာထူးကျသွား ဘဝပျက်သွားတဲ့သူတွေမှ အများကြီးပဲ]

ရှောင်ချီ ထံမှစကားတွေက အိပ်ချင်နေသည့် သူထံ ခေါင်း အုံးပေးလိုက်သလိုပင်။ ဇိမ်ရှိလှပေစွ...

[အိုးမိုင်ဂေါ့... ဒါက အလုပ်ခွင်လား? မဟုတ်ဘူး... ဒါက အဆုံးအစမရှိတဲ့ ဖရဲခင်းကြီးပဲ၊ ငါတို့လို အတင်းအဖျင်းသမားတွေရဲ့ သုခဘုံကြီးလေ! ငါက စိတ်လှုပ်ရှားရမှာလား?..ဟုတ်တာပေါ့..အခုဆို..ငါ့ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုဆီ တိုင်းက လှုပ်ရှားဖို့အဆင်သင့်ဖြစ်နေပြီ သိလား!]

ရှုယင်းယင်းမျက်လုံးများမှာ ဓာတ်လှေကား နံပါတ်များကို ကြည့်ရင်း တောက်ပနေတော့သည်။

သူမအတွက် စိုးရိမ်ပူပန်နေကြသော ဖခင်နှင့် ညီမဖြစ်သူ : "..."

(ဆောရီးပါ... ငါတို့က အပေါ်ယံပဲ မြင်တတ်လို့ပါ :) )

"ဒင်" ဟူသော အသံလေးနှင့်အတူ အလို ရှိရာ အထပ်သို့ ရောက်ရှိလာခဲ့သည်။

ဓာတ်လှေကားတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ရှုယင်းယင်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး [ဖရဲခင်းကြီးရေ... ငါ လာပြီ..ဟေ့....] ကျုံးဝါးလိုက်သည်။

အ‌ရှေ့မှာရှိနေသည့် ဖခင်နှင့် ညီမဖြစ်သူတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အကူအညီမဲ့စွာဖြင့် ချစ်စနိုးပြုံးလိုက်ကြသည်။

ရှုယန်ဝမ် ခန့်မှန်းထားသည့်အတိုင်းပင် သူတို့သုံးဦး ရုံးခန်းဧရိယာထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း မတ် တတ်ရပ်ကာ နှုတ်ဆက်ကြသည်။

"မင်္ဂလာပါ ဥက္ကဋ္ဌကြီး" ဟု ရိုသေလေးစားမှုများနှင့် နှုတ်ဆတ် လိုက်သည်။ ထိုသို့ နှုတ်ဆတ် လိုက်ကြသော်လည်း မျက်လုံးများစွာ၏အကြည့်များက ဥက္ကဠအ‌နောက်တွင် ရှိနေ‌သော ယင်းယင်းအပေါ်သို့ သိချင်စိတ်ပြင်းစွာနဲ့ စတင်စူးစမ်းလေ့လာနေကြသည်။

ထန်ဝမ်၏အတွင်းရေးမှူး စွင်းမင်မှာ တံခါးဝတွင် စောင့်နေပြီးဖြစ်ရာ သူတို့ကို မြင်သည်နှင့် အမြန် ရှေ့တိုးလာကာ ရှုယန်ဝမ်ကို ဦးစွာနှုတ်ဆက်ပြီးနောက် ရှုယင်းယင်းကို

"မစ်ရှု... ရှင့်ရဲ့ အလုပ်စားပွဲကို ပြင်ဆင်ထားပြီးပါပြီ၊ ကျေး ဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ" ဟု တည်ငြိမ်စွာ ဆိုလိုက်သည်။

အတွင်းရေးမှူးစွင်းမင်က 'မစ်ရှု' ဟု ခေါ်လိုက်သည်မှာ ရှုယောင်ယောင်ကို ခေါ်သည်ဟု အားလုံးက ထင်မှတ်ကြ‌ သော်လည်း အတွင်းရေးမှူးစွန်း နောက်သို့ လိုက်သွားသူမှာ

၎င်းတို့သိသည့် သူမဟုတ်ပဲ အခြား ဝန်ထမ်းသစ်တစ်ဦးဖြစ်နေသည်။

ထိုအချိန်တွင် လူတိုင်း၏ စပ်စုစူးစမ်းလိုစိတ်များ နိုးကြားလာပြီး သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရုံးခန်းတစ်ခုလုံး ဆူညံသွားတော့သည်။

"ဘာတွေ ဖြစ်နေတာလဲ၊ နောက်ထပ် မစ်ရှု တစ်ယောက်လား၊ အဝေးက ဆွေမျိုးလား"

"ဘယ်ဆွေမျိုးက အတွင်းရေးမှူးစွင်း ကိုယ်တိုင် လာကြိုရလောက်အောင် အရေးပါလို့လဲ၊ ရှုယောင်ယောင် လာတုန်းကတောင် သူမ ဒီလို မလုပ်ခဲ့ဘူး"

"ဒါဆို ဒီဝန်ထမ်းသစ်က ဘယ်ကလာတာလဲ"

"ဥက္ကဋ္ဌရဲ့ တရားမဝင် သမီးများလား"

"ဟဲ့... မဟုတ်လောက်ပါဘူ.ဟ..ဒီလို အချိန်ကြီးမှာ တရားမဝင် သမီးကို ကုမ္ပဏီထဲဇွတ်သွင်းလာ တယ်ဆိုတော့ ဥက္ကဋ္ဌက နောက်ဆုံးတော့ ပုန်ကန်ချင်စိတ်တွေ ပေါက်လာတာလား"

"အိုးမို...အိုမို..၊ ဒီကိစ္စကို ဥက္ကဋ္ဌကတော် သိရဲ့လား"

"ရှုယောင်ယောင်က သူနဲ့ အတူတူ လာတာဆိုတော့ မသိဘဲ နေမလား"

"ငါတော့ သွားပြီ...စားလိုက်ရတဲ့ ဖရဲသီးက အရမ်းကြီးလွန်းလို့ ငါပြည့်အင့် နေပါပြီ၊ဒါက.. အရမ်း ပေါက်ကွဲဖို့ကောင်းတဲ့ သတင်းပဲ၊ ဂုဏ်သရေရှိတဲ့ ဇနီးမယားက ဘယ်လိုလုပ် တရား မဝင်သမီးကို အိမ်ထဲဝင်ခွင့်ပြုနိုင်ရတာလဲ"

"ဒါက အထက်တန်းလွှာတွေရဲ့ တရားဝင်ဇနီးမယားကြီး တွေရဲ့..ကျင့်ဝတ်များလား"

"အဟမ်း... နားမလည်နိုင်လို့ ခွင့်လွှတ်ပါ"

"ကျွတ်..ကျွတ်... ဒီလို ချမ်းသာတဲ့ ကတော်ဖြစ်ရတာလည်း အဆင်မပြေပါဘူး၊ အရမ်း ကို..အနိုင်ကျင့်ခံရတာပဲ!"

"ဟင်း... အောက်ပိုင်းကို မထိန်းချုပ်နိုင်တဲ့သူတွေကို ယောက်ျားလို့ မခေါ်ထိုက်ဘူး၊ လူယုတ်မာတွေ အကုန်သေသင့်တယ်!"

"ဟဲ့..ထွက်လာပြီ..ထွက်လာပြီ... အတွင်းရေးမှူးစွင်းက လက်ဖက်ရည်သောက်ခန်းဘက် ထက်သွားပြီ၊ လာ..လာ..ငါတို့.. သွားမေးကြည့်ရ အောင်"

ဝန်ထမ်း အုပ်စုလိုက်ကြီးသည် ခွက်ထဲမှ ဖျော်ထားခါစကော် ဖီများကို တစ်ကျိုက်တည်း မော့သောက်ကာ ဘေးရှိ အမှိုက်ပုံးထဲသို့ ကော်ဖီခွက်များအား လွှင့်ပစ်လိုက်ပြီး.. လက် ဖက်ရည်သောက်ခန်းဆီသို့ ချီတတ်ကာပြေးသွားကြတော့သည်။

All Chapters