← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

🍁 Chapter 75

[နည်းတောင်နည်းသေး၊ အဲ့လို စောက်ကောင်တွေက ဥပဒေကိုသိထားမှ ရမ်းကားရဲမှာ မဟုတ်ဘူး၊ မိန်းမငယ်လေးလည်း အဆင်ပြေနေပြီဆိုတော့ သူက ဘာလို့ ဒီလောက်တောင် မျက်နှာထား တင်းမာနေရသေးတာလဲ]

[ဘာလို့လဲဆိုတော့ သူ့မှာ နောက်ထပ် အရှုပ်တော်ပုံကြီး တစ်ခုရှိနေသေးလို့လေ]

[ဘာလဲ ဘာလဲ]

ရှုယင်းယင်းသည် အလိုလိုပင် ကျောကို မတ်လိုက်ပြီး သူမအာရုံများ လွင့်ပျံသွားလေသည်။ စာရွက်စာတမ်းများကို လှန်လှောနေသော ယန်ဖုန်းလက်သည် ရုတ်တရက် တုန်ခါသွားသည်။ ငါ့မှာ အရှုပ်တော်ပုံ ရှိတယ် ဟုတ်လား၊ သူသည် ရိုးသားဖြောင့်မတ်စွာ နေထိုင်တက်ပြီး ကိုယ့်ကိုယ်ကိုယ် တင်းကျပ်စွာ ထိန်းချုပ်ထားသည့်သူဖြစ်သောကြောင့် မည်သည့်အရှုပ်တော်ပုံများ ရှိနိုင်မည်နည်း။

ဤသည်ကို ကြားလိုက်ရသောအခါ ထိုနေရာရှိ လက်အောက် ငယ်သားများ အားလုံးသည် တိတ်တဆိတ် နားစွင့်လိုက်ကြပြီး ဘုန်းကြီးတစ်ပါးထက်ပင် ခံစားချက်ကင်းမဲ့လှသော သူတို့၏ တည်ကြည်ပြီး စည်းကမ်းကြီးသော သူဌေးထံတွင် မည်သို့သော အတင်းအဖျင်းမျိုး ရှိနိုင်မည်နည်းဟု သိချင်စိတ် ပြင်းပြနေကြတော့သည်။

[ဒါပေမယ့် အဲ့ဒါက သူမဟုတ်ဘူး၊ သူ့ညီအစ်ကိုတွေရဲ့ဟာပဲ၊ အဲ့တာက ပေါက်ကွဲထွက်လောက်တဲ့ ဖရဲသီးပဲ၊ နင့်နှလုံးသားကို သေချာထိန်းထားနော်]

ဤသည်ကို ကြားလိုက်ရသောအခါ အတင်းအဖျင်းကြိုက်များ၏ မျက်လုံးများသည် တူညီသော အစိမ်းရောင်အလင်းဖြင့် တောက်ပသွားကြသည်။ ထိုအတွေးအား သူတို့ လုံးဝ ထူးဆန်းသည်ဟု မခံစားရပေ။ လစာရပြီး သူတို့သူဌေးအကြောင်းအတင်းပြောရသည်မှာ စိတ်လှုပ်ရှားစရာကောင်းပြီး ရင်ခုန်စရာကောင်းသည်ဟုသာ ခံစားကြရသည်။

[ယန်ဖုန်းမှာ ညီနှစ်ယောက်နဲ့ ညီမတစ်ယောက် ရှိတယ်၊ အားလုံးက သူတို့ ဇာတိရွာမှာပဲ နေကြတာ၊ ဒုတိယညီရဲ့ မိသားစုမှာ သားသုံးယောက်ရှိပေမယ့် တတိယညီရဲ့ မိသားစုကတော့ ကလေးမရတာ ကြာပြီ၊ တတိယညီရဲ့ မိသားစုက သားတစ်ယောက်ရဖို့ အိပ်မက်မက်နေကြတာ လင်မယားနှစ်ယောက်က နာမည်ကြီး ဆရာဝန်တွေဆီ အကူအညီတောင်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘူး၊ ဒါနဲ့ သူတို့နှစ်ယောက်က အကြံတစ်ခု ထုတ်လိုက်ကြတယ်]

[အဲ့ဒီအကြံက အငှားကိုယ်ဝန်ဆောင်တာလား၊ ဒါမှမဟုတ် ဖန်ပြွန်သန္ဓေသား လုပ်တာလား]

ရှုယင်းယင်းက လူတိုင်း အတွေးနှင့် ထပ်တူကျစွာ မသေချာမရေရာစွာ မေးလိုက်သည်။

[မဟုတ်ဘူး၊ သားအများဆုံးရှိတဲ့ ဒုတိယအစ်ကိုဆီကနေ သုက်ကောင် ယူလိုက်တာ]

ရှုယင်းယင်းနှင့် နားထောင်နေသူများသည် တစ်ပြိုင်နက်တည်း လန့်ဖြန့်သွားကြသည်။ ယန်ဖုန်းမှာ ကြောင်အမ်းသွားခဲ့သည်။ ဒါက သူတို့ရဲ့ ဘိုးဘေးတွေ သင်္ချိုင်းထဲက ထလာအောင်လုပ်နိုင်လောက်တဲ့ အတင်းမျိုးလဲ။

[ဘုရားရေ... မျိုးစေ့ငှားတယ်ဆိုတဲ့ အသုံးအနှုန်းကြီးက ဟိုးအရင် ခေတ်ဟောင်းက ဇာတ်လမ်းတွေထဲမှာပဲ ကျန်ခဲ့သင့်တာ မဟုတ်ဘူးလား၊ ဒီလို ခေတ်နောက်ကျပြီး ဖောက်ပြန်တဲ့ အရာတွေက ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ဘယ်လိုလုပ် ရှိနေနိုင်သေးတာလဲ]

[ဟူး... ငါအရင်က ပြောခဲ့ဖူးတယ်မလား၊ လူတွေရဲ့ စိတ်က နက်နဲလွန်းပါတယ်၊ သူတို့က အံ့သြစရာကောင်းတဲ့ အရာမှန်သမျှ လုပ်နိုင်စွမ်းရှိကြတယ်၊ ငါ့ကို အတင်းအဖျင်းစားတဲ့ စနစ်တစ်ခုလို့ပဲ မထင်နဲ့နော်၊ တချို့ အတင်းအဖျင်းတွေကို ငါကိုယ်တိုင်တောင် လက်မခံနိုင်ဘူး]

[အေးပါ၊ ဆက်ပြော၊ ကြားဖြတ်မပြောနဲ့]

အတင်းကြိုက်သူများသည် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်တယ် ဟုတ်တယ်၊ ဆက်ပြောပါ...

[အစကတော့ ဘယ်ပုံမှန်လူကမှ ဒီကိစ္စကို သဘောတူမှာ မဟုတ်ဘူး၊ ဒါပေမယ့် ညီအစ်ကို နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာလေ၊ ဒုတိယအစ်ကိုကလည်း သားတစ်ယောက်ရဖို့အတွက် နတ်ဘုရားတွေဆီ ဆုတောင်းပြီး ကြိုးစားနေတဲ့ သူ့ညီလေးကို သနားသွားတာ၊ ပြီးတော့ သူ့မိသားစုမှာလည်း သားသုံးယောက် ဆက်တိုက် ရထားတော့ တစ်ဖက်လူက အတန်တန် တောင်းပန်တာကို မခံနိုင်ဘဲ သဘောတူလိုက်တာ]

[သူက ဒီလိုကြီး သဘောတူလိုက်တယ်ပေါ၊ ငါ ဒုတိယအစ်ကိုက အရမ်းသဘောကောင်းတယ်လို့ ပြောရမလား :)]

ရှုယင်းယင်း၏ လှောင်ပြောင်သလိုစကားသည် အမျိုးသားများအပေါ် အနည်းငယ် အထင်သေးစရာ အချက်တစ်ခုလည်း ဖြစ်သွားခဲ့သည်။ ယောကျာ်းတွေများ... ဟား...

[အဲ့ဒုတိယအစ်ကိုက စကားပြောရ လွယ်တယ်ဆိုရင်တောင် သူ့ခယ်မက သဘောတူပါ့မလား]

[သူမ သဘောတူတယ်]

[ဟင်၊ သူ့ခယ်မက တကယ်ကြီး သဘောတူဖို့ လွယ်တာလား၊ ဒါက ဆွေမျိုးရင်းချာအချင်းချင်း အတွင်းကြိတ်ပြီးဖောက် ပြန်တာလေ၊ သူတို့တွေ အရင်ကတည်းက ငြိစွန်းနေကြတာများလား]

ရှုယင်းယင်းက သူမ သံသယများကို ထုတ်ဖော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အတင်းသမားများသည် ပြင်းပြင်း ထန်ထန် ခေါင်းညိတ်လိုက်ကြသည်။ တိတ်တိတ်ပုန်း ဖောက်ပြန်မှုမရှိဘဲ ဒီလောက် ချောချောမွေ့မွေ့ ဖြစ်သွားမှာ မဟုတ်ဘူး...

ဒါက ကိုယ်ကျင့်တရား ကိစ္စသက်သက် မဟုတ်ဘူး၊ လူ့ကျင့် ဝတ်နဲ့ ဆန့်ကျင်နေတာပဲ။

ယန်ဖုန်းသည် လက်သီးကို တိတ်တဆိတ် ဆုပ်ထားလိုက်သည်။ သူက သူ့ညီအစ်ကိုများအား ရုပ်ဝတ္ထုဆိုင်ရာ ထောက်ပံ့မှု များများပေးထားသဖြင့် သူတို့သည် ဘိုး‌ဘေးများ အရှက်ကွဲမည့် အံ့သြတုန်လှုပ်ဖွယ် လုပ်ရပ်မျိုးကို ကျူးလွန်ဖို့ကလွဲလျှင် အခြားဘာမှ မလုပ်နိုင်ကြဟန်တူသည်။

[တရားမဝင် ဖောက်ပြန်တာမရှိဘူး၊ သူတို့က လုံးဝရိုးသားတယ်၊ သားတစ်ယောက်ရဖို့ မဟုတ်ရင် ဘယ်သူက ဒီလောက် အန္တရာယ်များတဲ့ အလုပ်ကို လုပ်မှာလဲ]

[ပြီးတော့၊ ပြီးတော့ရော]

[ပြီးတော့ ဒုတိယအစ်ကိုက သူ့မိန်းမကွယ်ရာမှာ သူ့ခယ်မနဲ့ ကိုယ်ဝန်ရအောင် တိတ်တိတ်လေး စကြိုးစားတော့တာပဲ]

[အိုမိုင်ဂေါ့၊ အဲ့ဒါက တကယ် ခေါင်းပူသွားစေတာပဲ၊ သူ အောင်မြင်သွားလား]

[အဲ့ဒီလောက်တော့ မလွယ်ဘူး၊ အစကတော့ ဒုတိယအစ်ကိုက ညဘက်မှ တိတ်တိတ်လေးသွားတာ၊ နှစ်လလောက် ဘာရလဒ်မှ မထွက်လာတော့၊ ညီဖြစ်သူက စိတ်မရှည်တော့ဘဲ နေ့ခင်းဘက်ပါ သွားဖို့ ပြောတော့တာပဲ၊ သူ့မိန်းမကို မြန်မြန်နဲ့ ခဏခဏကိုယ်ဝန်ရအောင် လုပ်ဖို့ကြိုးစားတာလေ]

[ဘုရားရေ၊ သူ့ခန္ဓာကိုယ်က ဒီလောက် ခဏခဏကိုယ်ဝန်ယူတာကို ခံနိုင်ရည်ရှိပါ့မလား၊ ဒုတိယအစ်ကိုရဲ့ မိန်းမက တစ်ခုခု မှားနေတာကို သတိမထားမိဘူးလား]

အတင်းသမားများသည် ခေါင်းကို တဆက်ဆက်ညိတ်လိုက်ကြသည်။ ဟုတ်ပါ့ ဟုတ်ပါ့၊ ဒုတိယမရီးက တကယ်ပဲ အဲ့လောက်တောင် အကင်းမပါးတာလား ?

[သေချာတာပေါ့... သူမ သတိထားမိတာပေါ့၊ ဒုတိယအစ်ကိုရဲ့မိန်းမ လိုအပ်တဲ့အချိန်မှာ ဒုတိယအစ်ကိုက သူ့ရဲ့လင်ဝတ္တရားကို မကျေပွန်နိုင်တော့ဘူးလေ၊ သူက ဆန္ဒရှိပေမယ့် မစွမ်းဆောင်နိုင်တော့တဲ့ အကျိုးဆက်ကြောင့် အတွေ့အကြုံရှိတဲ့ သူ့မိန်းမက သံသယဝင်လာတာပေါ့]

[ပြီးတော့ ဒုတိယအစ်ကိုရဲ့ မိန်းမက သူ့ကို လက်ပူးလက် ကြပ် မိသွားလား]

အတင်းသမားများသည် နောက်ဆက်တွဲ ဇာတ်လမ်းကို အသက်ရှူအောင့်ကာ စောင့်နေမိကြသည်။

[ဒုတိယအစ်ကိုရဲ့ ဇနီးက သူ့ကို တိတ်တိတ်လေး စတင်နောက်ယောင်ခံလိုက်ပြီးတော့ သူမယောကျာ်းက တတိယအစ်ကိုအိမ်ကို အမြဲတမ်းသွားပြီး နေ့တစ်ဝက်လောက် အမြဲနေနေတာကို တွေ့သွားတယ်၊ တစ်ခုခုတော့ သေချာပေါက် မှားနေပြီဆိုတာ သူမသိသွားတယ်၊ ဒါနဲ့သူ နောက်ထပ် အကြောင်းပြချက် တစ်ခုပေးပြီး တတိယအစ်ကိုအိမ်ကို သွားတဲ့အခါ၊ ဒုတိယအစ်ကိုရဲ့မိန်းမ စတင် လှုပ်ရှားတော့တာပဲ]

လူတိုင်း၏ နှလုံးသားများ လည်ချောင်းဝသို့ပင် ရောက်လာကြတော့သည်။

[သူမက သူမယောကျာ်းကို တိတ်တိတ်လေး နောက်ယောင်ခံလိုက်တယ်၊ သူတို့ အိမ်ထဲဝင်ပြီး လိင်ဆက်ဆံဖို့ စလုပ်တဲ့အချိန်မှာ သူမက အတင်းဝင်သွားပြီး သူတို့နှစ်ယောက်ကို ကုတင်ပေါ်မှာ လက်ပူးလက်ကြပ် ဖမ်းမိလိုက်တယ်၊ ပြီးတော့ ဘာဖြစ်လဲ သိလား၊ တတိယအစ်ကိုက တံခါးအပြင်ဘက်မှာ စောင့်ပေးနေတာ၊ အခြေအနေကို ကြည့်ရတာ ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာ သေချာတယ်၊ လွန်လွန်းလိုက်တာ]

[အီးယား... သူ့မိန်းမနဲ့ သူ့အစ်ကိုက ကလေး ရဖို့လုပ်နေတာကို သူက တံခါးအပြင်ဘက်ကနေ ခိုးနားထောင်နေတယ်၊ ဒါက ဘယ်လို အတွေးမျိုးလဲ၊ ငါ့နားတွေတောင် ညစ်ပတ်သွားပြီ]

နားထောင်နေသူများသည် အလိုလိုပင် လက်မောင်းကို ပိုက်လိုက်ကြပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကြသည်။ ဒါက အရမ်းကို ပေါက်ကွဲထွက်လောက်စရာ ကောင်းလွန်းတဲ့ သတင်းကြီးပဲ....

ယန်ဖုန်း၏ တစ်ကိုယ်လုံးမှာ ဒေါသကြောင့် တုန်ရီသွားပြီး မျက်နှာတစ်ပြင်လုံးလည်း သွေးဆုတ်ကာ ပြာနှမ်းသွားတော့သည်။ ရှုယင်းယင်း၏ အ‌တွေးများကို လူတိုင်းကြားနေရသည်ဆိုသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူ ချက်ချင်းဒေါသတကြီး ထွက်သွားမည်ဖြစ်သည်။

သို့သော် သူ ကိစ္စသေးသေးလေးတစ်ခုကြောင့် အရာအားလုံးအား ပျက်စီးမခံနိုင်ချေ။ ရှုယင်းယင်းသာ သူမ အတွေးများကို သူတို့ကြားနိုင်သည်ဆိုတာသိပါက ထိုအတွေးများကို ထပ်ကြားရတော့မည်မဟုတ်ပေ။ သူ သည်းခံရမယ်...

[မပြီးသေးဘူး၊ နောက်ထပ် ပေါက်ကွဲထွက်လောက်တဲ့ အချက်တစ်ခု ရှိသေးတယ်]

[နောက်ထပ် ရှိသေးတယ်လား]

ရှုယင်းယင်း၏ အံသြတကြီးသံကြောင့် လူတိုင်း ပြန်လည် နိုးကြားလာကြသည်။

[မိသွားပြီးတဲ့နောက်မှာ ဒုတိယမရီးက အံ့သြစရာကောင်းလောက်အောင် ဘာမှကို မတုံ့ပြန်ခဲ့တာ၊ ပြဿနာလည်း မရှာဘူး၊ စကားတစ်ခွန်းမှလည်း မပြောဘဲ လှည့်ထွက်သွားခဲ့တာတဲ့]

[ဘာလို့လဲ၊ သူမက ပါးမချလိုက်ဘူးလား၊ မဟုတ်မှ မျက်နှာ ပြောင်တိုက်ပြီး အစိမ်းရောင်ဦးထုပ်ဆောင်းခံလိုက်တာလား]

နားထောင်နေသူများသည် ဒေါသထွက်နေသည့် အမူအရာများကို ပြသကြသည်။ ဤသည်မှာ လုံးဝကို သည်းခံနိုင်စရာ မရှိပေ။

[မျက်နှာပန်းလှဖို့အတွက်လေ၊ ဘာပဲဖြစ်ဖြစ် ဒါက မိသားစု အရှုပ်တော်ပုံဆိုတာ နင်သိတယ်မလား၊ ဒါကြီးသာ ပေါက်ကြားသွားပြီး အန်တီတွေ၊ ဦးလေးတွေရဲ့ ပါးစပ်ကတစ်ဆင့် ပျံ့သွားရင် ရွာမြို့လုံးက တိရစ္ဆာန်တွေကအစ သိသွားကြမှာ၊ ဘယ်လောက်တောင် ရှက်စရာကောင်းလဲ]

[ဒါဆို ဒုတိယမရီးက အဲ့ဒါကို ဘယ်လို သည်းခံခဲ့တာလဲ]

[သူမက သည်းခံရုံကလွဲလို့ ဘာလုပ်နိုင်မှာလဲ၊ ကလေးတွေရဲ့ ဂုဏ်သိက္ခာအတွက်မို့ သူမရဲ့ မာနကို မျိုချပြီး သည်းခံရမှာပဲလေ]

[ဟူး... ငါ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး]

ရှုယင်းယင်း မတတ်နိုင်စွာ သက်ပြင်းချလိုက်သည်။

[အခု အရှုပ်တော်ပုံ ပေါ်သွားပြီဆိုတော့ တတိယအစ်ကိုရဲ့ မိသားစုက ဒီလို ယုတ်မာတဲ့ အလုပ်တွေကို ဆက်မလုပ်သင့်တော့ဘူး မဟုတ်လား]

[ဟား... လူတွေရဲ့ အစွဲအလမ်းကြီးမှုက ကြောက်စရာကောင်းတယ် အိုကေ၊ ဒုတိယအစ်ကိုရဲ့ မိသားစုက အလုပ်မဖြစ်တော့လို့ သူက သူ့ယောက်ဖဆီကို အကူအညီတောင်းလို့ ရသေးတာပဲ၊ ဘာပဲဖြစ်ဖြစ် သူ့ယောက်ဖ မိသားစုမှာက သားနှစ်ယောက်နဲ့ သမီးတစ်ယောက်တောင်ရှိတာ]

"..." ဤအချိန်တွင် တိတ်ဆိတ်မှုကြီးက ကြီးစိုးသွားပြန် သည်။

ယန်ဖုန်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့မျက်နှာမှာ ပိုမို ပြာနှမ်းသွားလေသည်။

🍁 Chapter 76

[ဟင်၊ အဲ့ယောက်ဖက ကလေးရအောင် လုပ်ပေးနိုင်ခဲ့တယ်လို့တော့ မပြောနဲ့နော်]

[ဒါက ဇာတ်လမ်းတစ်ပုဒ်လုံးရဲ့ ပေါက်ကွဲမှု အပြင်းဆုံးအပိုင်းပဲ၊ ယောက်ဖက သူ့ရဲ့ တတိယခယ်မကို တကယ်ပဲ ကိုယ်ဝန်ရအောင် လုပ်ပေးနိုင်ခဲ့ပြီး သူ့ရုပ်နဲ့ တစ်ထပ်တည်းတူတဲ့ သားတစ်ယောက် မွေးလာတာ၊ လူတွေက သူတို့ ကလေးကို သူတို့ရဲ့အမွှာလို့တောင် ထင်ကြတာ]

"..." အဲ့ဒါကတော့ လွန်လွန်းသွားပြီ။

[အာ... အဲ့ဒီလောက် သိသာနေတဲ့ သက်သေကို ဖုံးကွယ်ဖို့က ခက်တယ်မလား]

[ဟူး... လူတိုင်းက အဲ့ဒါကို ဒီတိုင်းပဲ လွှတ်ထားလိုက်ဖို့လောက်တော့ အကင်းပါးကြပါတယ်]

"..." ဒါကတော့ လုံးဝကို အံ့သြတုန်လှုပ်စရာပဲ။

ယန်ဖုန်းသည် သူ့တူဖြစ်သူ ရုတ်တရက် ဝင်လာသော ဗီဒီယိုကောလ် တစ်ခုကို ရုတ်တရက် သတိရလိုက်သည်။ ကလေး၏ မျက်နှာသွင်ပြင်များသည် ယောက်ဖဖြစ်သူနှင့် လုံးဝကို တစ်ထပ်တည်းကျနေသည်။ သူ ထိုအကြောင်းကို မေးခဲ့ဖူးသော်လည်း သူ့တတိယညီက ရေရေရာရာ မဖြေခဲ့သည်ကို သူမှတ်မိသည်။ ဒါက ဒီလောက်တောင် ယုတ္တိမရှိနိုင်ဘူးလို့ သူ တစ်ခါမှ မတွေးမိခဲ့ဘူး၊ ဘုရားရေ၊ ဒါက ဘယ်လို ဝဋ်လည်တာမျိုးလဲ...

[ဟူး... တော်သေးတာပေါ့ ယန်ယီယီရဲ့ အဖေမှာ အဲ့ဒီလို ထူးဆန်းတဲ့ အတွေးတွေ မရှိလို့၊ သူသာ သူ့ဇာတိရွာက သူ့ညီက ဒီလောက်တောင် ယုတ်မာတဲ့ အလုပ်တွေကို လုပ်ခဲ့တယ်ဆိုတာသိရင် မိသားစုကို မျိုးဖြုတ်ပစ်ချင်နေမှာ မဟုတ်ဘူးလား]

[ဒီကိစ္စကို ဘယ်လို ဖြေရှင်းနိုင်မှာလဲ၊ လူကြီးတွေက ညီအစ်ကိုတွေ၊ ကလေးတွေက တူတွေ၊ သူတို့အကုန်လုံးက မိသားစုဝင်တွေချည်းပဲလေ၊ ဥပဒေအရပြောရရင် ဒါက ရာဇဝတ်မှုလည်း မဟုတ်ဘူး ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြဿနာ သက်သက်ပဲ]

[ဘာပဲဖြစ်ဖြစ် ငါကတော့ ဒါကို တကယ် နေမထိထိုင်မသာ ဖြစ်စေတယ်လို့ ခံစားရတယ်၊ အဲ့ဒီအကြောင်းကို တွေးတောင် မတွေးရဲဘူး၊ ကြက်သီးတွေတောင် ထတယ်]

ယန်ဖုန်းသည် ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ ရုတ် တရက် မတ်တပ်ရပ်ကာ ရှုယင်းယင်းအား ပြောလိုက်သည်။

"ဒီနေ့ အစည်းအဝေးကို ခဏရပ်ထားမယ်၊ အစီအစဉ်အကြောင်း နောက်မှ ပြန်ဆွေးနွေးကြတာပေါ့၊ ကျုပ်ကို ခွင့်ပြုပါဦး"

ထိုသို့ပြောပြီးနောက် သူတို့လူစုသည် အလျင်စလို ထွက်သွားကြလေသည်။

ရှုယင်းယင်းလည်း အံ့သြသွားသည်။

[သူက ဘယ်ကို အဲ့ဒီလောက် အလောတကြီး သွားမလို့လဲ]

ထိုအရာကို ကြားသူများ: မင်း ကျေးဇူးကြောင့် ဥက္ကဋ္ဌယန်က သူ့မိသားစုကို ရှင်းလင်းဖို့ ဇာတိရွာကိုပြန်သွားတာလေ။

[သူ့ကို ဘယ်သူက ဂရုစိုက်နေမှာလဲ၊ နင် ဒီနေ့အတွက် နင့်တာဝန်ပြီးပြီလေ၊ အခု အိမ်ပြန်လို့ ရပြီလား]

[ရလောက်ပြီ]

[ဒါဆို မြန်မြန်လုပ်၊ မနေ့က ငါကြည့်နေတဲ့ လျှို့ဝှက်ဆန်း ကြယ် ဇာတ်လမ်းတွဲက တစ်ဝက်ကျော်လောက် ကျန်သေးတယ်၊ ဒီည အဲ့ဒါကို အပြီးကြည့်ရမယ်]

[ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ အိမ်ပြန်မယ်၊ အိမ်ပြန်မယ်၊ ဒီည ငါတို့က ကြယ်တွေပြည့်နေတဲ့ ကောင်းကင်အောက်က အခန်းထဲမှာ အသံစနစ်ကောင်းကောင်းနဲ့ မျက်နှာပြင်ကြီးမှာ ရုပ်ရှင်ကြည့်ကြမယ်၊ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ]

[အိုး... ချမ်းသာတဲ့သူတွေရဲ့ ဘဝက အရမ်းမိုက်တာပဲ၊ ငါလည်း လူဖြစ်ချင်လိုက်တာ]

ရွှယ်ဝေဝေသည်တော့ နံဘေးမှ တိတ်တဆိတ် နှုတ်ခမ်းဆူလိုက်သည်။ ငါလည်း Screen အကြီးကြီးနဲ့ ကြည့်ချင်တာပဲ၊ ဝူးဝူး~~ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့သူတွေ ဒီလောက်အများကြီးရှိတာ၊ တစ်ယောက်လောက် ပိုလာတော့ရော ဘာဖြစ်လဲ ဟွန့် (╯‵□′)╯︵┻━┻"

နောက်တစ်နေ့ နံနက်ခင်းခင်းတွင် ရှုယင်းယင်းတစ်ယောက် သူမ၏အတင်းအဖျင်း အဖွဲ့သားများကို စုစည်းနေခိုက် ရုံးခန်းတံခါးမှာ ပြင်းထန်သော ခြေကန်ချက်နှင့်အတူ ဝုန်းခနဲ ပွင့်ဟသွားလေသည်။ ထိုစဉ် ရှုယန်ရွေ့သည် ဒေါသတကြီးဖြင့် အခန်းတွင်းသို့ ခြေဆောင့်ဝင်လာတော့သည်။

"အားလုံး အခုချက်ချင်းထွက်သွားကြစမ်း"

သူ၏ စူးရှရက်စက်သော အကြည့်များက ရှုယင်းယင်းမှလွဲ၍ ကျန်လူများအားလုံးထံသို့ ရန်ရှာမတတ် ဝေ့ဝဲသွားသည်။ အစပိုင်းတွင် လူအုပ်ကြီးမှာ မှင်သက်သွားကြသော်လည်း မကြာမီတွင်ပင် ရွှယ်ဝေဝေမှ ဦးဆောင်ကာ အသက်လုပြေးရသည့်အလား အခန်းထဲမှ အလုအယက် ထွက်ပြေးသွားကြတော့သည်။

"ဒုတိယဦးလေး... ဘာတွေဖြစ်လာလို့လဲ"

ရှုယင်းယင်းသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။

[သူ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ]

[ဘယ်သူက သိမှာလဲ၊ ယောကျာ်းတွေမှာလည်း သွေးဆုံးတာ ရှိတယ်လို့ ပြောကြတာပဲ၊ အဲ့ဒါများထလာရင် မိန်းမတွေထက်တောင် ပိုရူးသေးတယ်တဲ့]

"ရှုယင်းယင်း"

ရှုယန်ရွေ့က ဟိန်းဟောက်လိုက်သည်။ ရှုယင်းယင်းတစ်ယောက် အခြေအနေများ အတော်ဆိုးတော့မည်ဟု တွေးလိုက်မိချိန်မှာပင် ရှုယန်ရွေ့သည် လေပေါက်သွားသော ပူဖောင်းတစ်လုံးကဲ့သို့ ရုတ်တရက် ပျော့ခွေကျသွားကာ ဆိုဖာပေါ်သို့ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်လေသည်။ သူ့ပုံစံမှာ လုံးဝ မျှော်လင့်ချက်မဲ့နေပုံ ပေါက်နေတော့သည်။

"ဈေးခေါ်လိုက်၊ မင်းရဲ့ အစီရင်ခံစာကို ငါ့ကိုရောင်း"

သူက အားအင်ကုန်ခမ်းနေသော အသံဖြင့် ပြောလိုက်သည်။ ရှုယင်းယင်းက လုံးဝ အံ့သြသွားပုံမရဘဲ "အို... အဲ့ဒါက နည်းနည်း လွန်မသွားဘူးလား"

ရှုယန်ရွေ့က သူမကို မော့ကြည့်ကာ "ဘာလဲ... မင်းက ဈေးတင်ချင်လို့လား"

ရှုယင်းယင်းက အလျင်အမြန် လက်ကာပြလိုက်သည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ အဓိကက အဲ့အစီရင်ခံစာကို ကျွန်မ ရေးခဲ့တာမှ မဟုတ်တာ၊ ကျွန်မက ဒီအတိုင်းကြီး ဦးလေးကို ရောင်းလိုက်ရင် တကယ်ကြိုးစားပမ်းစား လုပ်ခဲ့တဲ့သူကို မျက်ကွယ်ပြုရာ ကျမနေဘူးလား"

ရှုယန်ရွေ့သည် သူမ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားသည်။

"ဒါဆို မင်း ဘာလိုချင်တာလဲ"

"ဦးလေးက ပရောဂျက်ရော အစီရင်ခံစာကိုပါ တစ်ခါတည်း ယူသွားပေးဖို့ ကျွန်မ လိုချင်တယ်၊ ပြီးတော့ ပရောဂျက်ကနေပဲဖြစ်ဖြစ်၊ နောက်ဆက်တွဲ အကျိုးအမြတ်တွေကနေပဲဖြစ်ဖြစ် ကျွန်မ တစ်ပြားမှမယူဘူး"

"ဟင်"

ရှုယန်ရွေ့ လန့်သွားသည်။ ဒီလောက် တန်တဲ့ အပေးအယူ ဘယ်မှာထပ်ရှိမှာလဲ။

သူ့ စူးစမ်းနေသော အကြည့်များသည် ရှုယင်းယင်း မျက်နှာပေါ်တွင် ဝေ့ဝဲသွားပြီး သူမ အမူအရာနောက်ကွယ်မှ လျှို့ဝှက်ကြံစည်မှုကို ရှာဖွေရန် အသည်းအသန် ကြိုးစားနေလေသည်။ မနေ့ညက ယန်ဖုန်းသည်ရှုယင်းယင်း စာချုပ်ကို အပြီးသတ်ချုပ်ဆိုလိုက်ပြီး သူဘ ပူးပေါင်းဆောင်ရွက်မှုကိုမူ တိုက်ရိုက် ပယ်ချလိုက်ကြောင်း သိလိုက်ရသောအခါ သူသည် ထိုနေရာတွင်ပင် ပေါက်ကွဲထွက်ချင်လောက်အောင် ဒေါသထွက်ခဲ့ရသည်။

မနေ့က သူယန်ဖုန်းကို တွေ့ခဲ့စဉ်က တစ်ဖက်လူမှာ မျက်နှာ ထား တင်းမာနေပြီး ငါ လက်စားချေတော့မယ်ဟု အော်ဟစ်နေသည့် ပုံပေါက်နေသည်။ ယန်ဖုန်းက ရှုယင်းယင်း ဘယ်မှာရှိနေလဲဆိုတာကိုတောင် စိတ်အားထက်သန်စွာ စပ်စုခဲ့သေးပြီး သူ့ လုပ်ရပ်တိုင်းက ရှုယင်းယင်း သေချာပေါက်သေရတော့မည့်အလား ဦးတည်နေခဲ့သည် မဟုတ်ပါလား။

သူတို့က မျက်တောင်တစ်ခတ်အတွင်းမှာ ဘယ်လိုလုပ် သဘောတူညီမှု ရသွားကြတာလဲ။ ယုံနိုင်စရာကိုမရှိတာ...

ရှုယင်းယင်းက မည်သူ့အကြောင်းကိုပဲ ဖွင့်ချခဲ့သည်ဖြစ်စေ ထိုအရှက်ကွဲမှုနှင့် ဒေါသကြောင့် သားကောင်ဖြစ်သူက သူမအား ပွဲချင်းပြီး သတ်ပစ်ချင်လောက်အောင် လုံလောက်နေပြီ ဖြစ်သော်လည်း သူမသည်တော့ ဘာအန္တရာယ်မှမရှိဘဲ လွတ်မြောက်သွားခဲ့သည်။

ဖွင့်ချခံရသည့် အရှက်ကွဲမှုထက် မိသားစုကို ရှင်းလင်းရေးလုပ်ရခြင်းက ပို၍ အရေးကြီးနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရယ်စရာကောင်းလိုက်တာ...

အဘိုးရှုက ဘာအကာအကွယ်မှမရှိတဲ့ ရှုယင်းယင်းကို ကုမ္ပဏီရဲ့ အတွင်းရေးတိုက်ပွဲ ဝဲဂယက်ထဲကို ရဲရဲဝံ့ဝံ့ လွှတ် လိုက်တာ အံ့သြစရာတော့ မဟုတ်တော့ဘူး၊ သူက ဒီအရာအားလုံးကို ကြိုမြင်နေခဲ့တာပဲ၊ အတွေ့အကြုံဆိုတာ အကောင်းဆုံး ဆရာပဲလို့ ပြောကြတဲ့အတိုင်းပဲ ရှုယင်းယင်းရဲ့ စွမ်းရည်တွေနဲ့ ယှဉ်လိုက်ရင် အဘိုးရှုရဲ့ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းက တကယ်ကို ကြောက်ခမန်းလိလိပဲ။

သူ့ကိုယ်ပိုင် အကန့်အသတ်များကို သူသည့်အပြင် အဘိုးရျုကလည်း သူ့အပေါ် မျှော်လင့်ချက် သိပ်မထားဘူးဆိုတာ သူသိသည်။ သူ့အား တကယ့်လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းမှာ သားအဖဆက်ဆံရေးကို ထောက်ထား၍သာ။

သူ့ စိတ်ပျက်မှုမှာ တဖြည်းဖြည်း မျှော်လင့်ချက်မဲ့ခြင်းအဖြစ် ပြောင်းလဲသွားပြီး မျှော်လင့်ချက်မဲ့ပြီးနောက် နာကျင်မှုသို့ ပြောင်းသွားရသည်။

ထိုပြိုင်ပွဲသည် အဘိုးအို၏နောက်ဆုံးရာဇသံဖြစ်ရာ သူသာ ရှုံးခဲ့ပါက သူတကယ် အထုပ်အပိုးသိမ်းပြီး ထွက်သွားရတော့မည်ပင်။

All Chapters