အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
🍁 Chapter 47
"ယင်းယင်း၊ ယင်းယင်း... လူချောလေးကို မြင်ပြီးပြီလား"
ရွှယ်ဝေဝေသည် သူမ ဘေးတွင် အလုပ်များနေသယောင်ဖြင့် ဝင်ထိုင်လိုက်ကာ သူမ မျက်လုံးများမှာ အတင်းအဖျင်းပြောချင်စိတ်များ တောက်ပနေလေသည်။
"အင်း မြင်ပြီးပြီ၊ အချိန်မတိုင်ခင် ထိပ်ပြောင်နေတဲ့ လူငယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီလိုလုပ်ငန်းခွင်မှာဆိုရင်တော့ သူ့ရဲ့ အချက်အလက်တွေက တော်တော်လေးကိုမိုက်တယ်"
ရှုယင်းယင်း လက်မထောင်ပြလိုက်သည်။
"ဒါဆို၊ နင်က သူ့ကို အိုကေတယ်လို့ ထင်တာပေါ့"
ရွှယ်ဝေဝေ အကဲစမ်းကာ မေးလိုက်သည်။
"သူက အိုကေပါတယ်၊ အနည်းဆုံးတော့ ကုမ္ပဏီထဲရောက်ကတည်းက ငါတွေ့ဖူးသမျှ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ချက်ချင်းစတားတစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာရှိသူက သူတစ်ယောက်တည်းပဲ ရှိတယ်"
"နင်က ဒီလိုမျိုး လူချောလေးတွေကို သဘောကျတာလား"
"ငါ သဘောကျတယ်လို့တော့ မပြောလိုပါဘူး၊ ဒါပေမဲ့ ငါ သူ့ကို လေးစားလို့တော့ ရပါတယ်"
[ဒီလိုလူမျိုးနဲ့ တစ်နေကုန် အလုပ်အတူတွဲလုပ်ရမှာဆိုတော့ ပျင်းစရာတော့ ကောင်းမှာမဟုတ်ဘူး]
"ငါတို့ကုမ္ပဏီက ဒီလို အရည်အသွေးမြင့်တဲ့ အမျိုးသားတွေကို ပိုပြီး ခေါ်ယူသင့်တယ်၊ သူတို့ကို ငါတို့ မပိုင်ဆိုင်နိုင်ရင် တောင်မှ အဝေးကနေ ငေးကြည့်နေလို့တော့ ရတာပဲလေ၊ သူ့ရဲ့ ပညာအရည်အချင်းနဲ့ ရုပ်ရည်က ကောင်းပေမယ့် မာနမကြီးဘူးလို့ အေမီဆီကကြားတယ်၊ သူက တော်တော်လေး ခင်မင်ဖို့ကောင်းတယ်တဲ့"
ရှုယင်းယင်း ခေါင်းညိတ်သည်။
"သူကြည့်ရတာ တကယ်ကို မာနမကြီးဘဲ အပေါင်းအသင်း ဆံ့မယ့်ပုံပါပဲ"
"ဒါပေမဲ့ လက်ထောက်ရာထူးကို လျှောက်တာတော့ သူ့အရည်အချင်းကို နည်းနည်းလေး နှမြောစရာကောင်းတယ်လို့ နင် မထင်ဘူးလား"
"နည်းနည်းတော့ နှမြောစရာကောင်းတယ်၊ ဒါပေမဲ့ သူက အောက်ခြေကနေ စရတာရယ်၊ စိန်ခေါ်မှုတွေနဲ့ တိုးတက်ရတဲ့ စိတ်လှုပ်ရှားမှုတွေကို သဘောကျနေရင်ရော ဘယ်လိုလုပ်မလဲ၊ ထိပ်တန်းကျောင်းသားတစ်ယောက်ရဲ့ တွေးခေါ်ပုံက သာမန်လူတွေနဲ့ ကွာခြားတယ်လေ"
ရွှယ်ဝေဝေသည် တိတ်ဆိတ်စွာ စိုးရိမ်ပူပန်နေခဲ့သည်။ သူမသည် အတင်းအဖျင်းသမားများထံမှ မစ်ရှင်တစ်ခုဖြင့် ရောက်လာခြင်းဖြစ်ပြီး ဤအမျိုးသားသည် ဥက္ကဋ္ဌကြီးမှ မင်းသမီးလေးအတွက် အမှန်တကယ် ပြင်ဆင်ပေးထားသူ ဟုတ်၊ မဟုတ် သိလိုနေသည်။
ထို့ကြောင့် သူမသည် စကားဝိုင်းကို ဤအကြောင်းအရာဆီသို့ ဆက်လက်ဦးတည်စေကာ သူတို့နှစ်ဦးကို မည်သူက တွဲစေချင်နေသည်ကို စောင့်ကြည့်ချင်မိသည်။ သို့သော် မင်းသမီးလေးမှာ လုံးဝစိတ်ဝင်စားပုံမပေါ်သဖြင့် စိတ်ပျက်စရာပင်။
"ဒီလူမှာ ထောက်ခံပေးတဲ့သူရှိတယ်လို့ HR က ငါ့သူငယ်ချင်းဆီက ကြားတယ်၊ ဒါပေမဲ့ သူတို့ရဲ့သရုပ်မှန်ကိုတော့ ဖော်ပြမထားဘူး၊ အဆင့်မြင့်ပိုင်းကတစ်ယောက်ဆိုတာလောက်ပဲ သိရတယ်"
ရွှယ်ဝေဝေ လျှို့ဝှက်စွာ အရိပ်အမြွက်ပစ်ပေးလိုက်သည်။
"အဆင့်မြင့်ထဲက တစ်ယောက်?"
ရှုယင်းယင်း အံ့ဩသွားသည်။
[အခုအချိန်မှာ ငါတို့ တကယ်စကားထဲထည့်ပြောနိုင်တဲ့ အဆင့်မြင့်ထဲကသူတွေက ဝူယိုသဲ့နဲ့ ကျောက်ရှင်းပဲ၊ သူတို့က အရင်တုန်းက ဟိုလူယုတ်မာနဲ့ ပူးပေါင်းကြံစည်ခဲ့ဖူးတယ်ဆိုတာ ငါ မှတ်မိတယ်၊ ဖြစ်နိုင်တာက... ရှောင်ချီရေ]
[ငါ စစ်ဆေးပြီးပြီ၊ အဲ့လူနဲ့ ဝူယိုသဲ့ရဲ့သားက အတန်းဖော်တွေ၊ သူတို့က အထက်တန်းကျောင်းတုန်းကတည်းက သိကြတာ၊ သူတို့မိသားစုတွေရဲ့ ငွေကြေးအခြေအနေက အရမ်းကွာခြားတော့ သိပ်ပြီး အဆက်အဆံမရှိခဲ့ဘူး၊ ဒါပေမဲ့ တစ်ခါတုန်းက ဝူကျွင်းက လူတစ်ယောက်ကို စော်ကားမိလို့လမ်း ကြားလေးတစ်ခုထဲမှာ ဝိုင်းရိုက်ခံရလုနီးပါးဖြစ်ခဲ့တယ်၊ အဲဒီအချိန်မှာ မုန့်စဲက အမှတ်မထင်ဖြတ်သွားရင်း သူ့ကို ဝင်ကူညီခဲ့တယ်၊ သူတို့နှစ်ယောက် ဝိုင်းရံထားတာကနေ ဖောက်ထွက်နိုင်ခဲ့ပြီးတော့ သူငယ်ချင်းကောင်းတွေ ဖြစ်သွားကြတာ]
[အလိုလိုက်ခံထားရတဲ့ ကလေးဆိုးတွေနဲ့ ယှဉ်ရင် ဝူယိုသဲ့က သူ့သားကို ပညာရေးနဲ့ ကိုယ်ကျင့်တရားပိုင်းမှာ ထူးချွန်တဲ့ ကျောင်းသားတွေနဲ့ပဲ ပေါင်းသင်းစေချင်တယ်၊ ဒါကြောင့် သူက မုန့်စဲကို ခဏခဏ မျက်နှာသာပေးတတ်တယ်၊ မုန့်စဲရဲ့ အဖေက ကျောက်ကပ်ဆေးဖို့ လိုအပ်နေမှန်းသိတော့ ကျောက်ကပ်အစားထိုးကုသဖို့အတွက် လိုအပ်တဲ့ ငွေကြေးနဲ့ အဆက်အသွယ်တွေကို တိုက်ရိုက်ပံ့ပိုးပေးပြီး မိသားစုကို ကယ်တင်ခဲ့တယ်၊ အဲ့အတွက် မုန့်စဲရဲ့ မိသားစုတစ်ခုလုံးက ဝူမိသားစုအပေါ် အရမ်းကိုကျေးဇူးတင်နေကြတာ]
[ဝူယိုသဲ့မှာ ဒီလောက်သဘောထားကောင်းတဲ့ ဘက်ရှိတယ်ဆိုတာ ငါ ဘယ်တုန်းကမှ မသိခဲ့ဘူး]
[သဘောထားကောင်းတာတော့ မဖြစ်နိုင်ဘူး၊ သူ့ရဲ့ ကြင်နာမှုတိုင်းက ပိုကောင်းကောင်း ထိန်းချုပ်နိုင်ဖို့အတွက်ပဲ]
[ဘယ်လိုမျိုးလဲ]
ရှုယင်းယင်းနှင့် ရွှယ်ဝေဝေတို့ နှစ်ဦးစလုံး စိတ်ဝင်တစား နားစွင့်လိုက်ကြသည်။
[မုန့်စဲနဲ့ ဝူကျွင်းတို့ တွေ့ဆုံခဲ့တာက မုန့်စဲက ဝူကျွင်းကို ဓားနဲ့အထိုးခံရမယ့်အရေးကနေ ကာကွယ်ပေးခဲ့လို့လို့ ငါတို့ အရင်က မပြောခဲ့ဘူးလား၊ ဒါကြောင့် ဝူယိုသဲ့ မျက်လုံးထဲမှာ မုန့်စဲက သက်တော်စောင့်တစ်ယောက်၊ နောက်လိုက်တစ်ယောက်လိုပဲ၊ ဝူယိုသဲ့က သူ့သားကို နိုင်ငံခြားမှာ ကျောင်းသွားတက်စေချင်ပေမယ့် လုံခြုံရေးနဲ့ သူ့ရဲ့အဖိုးတန်သားလေးက ဟိုမှာ နေထိုင်မှုပုံစံနဲ့ အစားအသောက်တွေနဲ့ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေခဲ့တယ်၊ ဒါကြောင့် သူက မုန့်စဲကို အဖော်အဖြစ်ရော သူ့သားကိုစောင့်ရှောက်ဖို့အတွက်ပါ အတူတူ သွားစေချင်ခဲ့တာ]
[အိုးမိုင်ဂေါ့... ဝူယိုသဲ့ အကြံအစည် ဘယ်လောက် ပက်စက်လဲဆိုတာ အခုမှ ငါ့မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်လာတော့တယ်၊ သူက အရမ်းကို ကောက်ကျစ်တာပဲ၊ ထိပ် တန်းကျောင်းသားတွေက ပိုကောင်းတဲ့တက္ကသိုလ်တွေကို တက်ချင်ကြတယ်ဆိုတာ သူသိလို့ အရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကြီးမားတဲ့ သွေးဆောင်ဖြားယောင်းမှုတစ်ခုကို ကမ်းလှမ်းခဲ့တာပြီးတော့ သူတို့ကို သူ့ရဲ့ ထောင်ချောက်ထဲကို အလွယ်တကူ သွင်းလိုက်တယ်၊ တကယ့်အကြံသမားကြီးပဲ၊ ဒါက သူ့ ကျေးဇူးကိုပြန်ပေးဆပ်ဖို့ မျှော်လင့်ချက်နဲ့ ကူညီလလိုက်တာ မဟုတ်လား]
[ဒါက ကူညီတာ ဟုတ်၊ မဟုတ်ဆိုတဲ့ မေးခွန်းကို ဖယ်ထားလိုက်ရင် တကယ်ကို အကျပ်ကိုင်လိုက်တာပဲ၊ မုန့်စဲက သူ့အဖေ့ကိစ္စကြောင့် ဝူမိသားစုကို ကျေးဇူးတင်နေရပြီးသား၊ အခု နိုင်ငံခြားမှာ ပညာသင်ဖို့အတွက် ရက်ရောတဲ့ ကမ်းလှမ်းမှုတွေက သူ့ကိုအကျပ်ရိုက်စေတယ်၊ သူက သူများကို ကျေးဇူးတင်ရတာကို မကြိုက်ပေမယ့် သူ့အဖေက သူတို့မှာ ဒီလိုရည်ရွယ်ချက်ရှိနေမှတော့ ဒီကျေးဇူးကို လက်ခံသင့်တယ်လို့ ပြောခဲ့တယ်၊ ဝူမိသားစုက ချမ်းသာတဲ့ မိသားစုတစ်ခုလေ၊ ငွေနဲ့ ပြန်ဆပ်ရုံနဲ့တင် သူတို့အတွက် လုံလောက်ချင်မှ လုံလောက်မှာ၊ သူတို့က အလုပ်အကျွေးပြုနိုင်မယ့်သူတွေကို လိုအပ်နေတာ၊ အသုံးဝင်တဲ့ စွမ်းရည်တွေကို ပိုလေ့လာထားတာက သူတို့ကို ကျေးဇူးပိုဆပ်နိုင်စေလိမ့်မယ်၊ မုန့်စဲကလည်း နောက်ထပ်ကျေးဇူးကြွေးတစ်ခုကို ထပ်မယူသင့်တော့ဘူးလို့ ထင်ခဲ့တာ]
[မုန့်စဲက သူ့အဖေနဲ့ မငြင်းခုံခဲ့ပေမယ့် သူများကို အားကိုးတာက ကိုယ့်ကိုယ်ကိုယ် အားကိုးတာလောက် မကောင်းဘူးဆိုတာ သူ့စိတ်ထဲမှာ အမြဲတမ်းသိနေတယ်၊ သူတို့ရဲ့ ကျေးဇူးကို လက်ခံပြီး နိုင်ငံခြားကို ကျောင်းသွားတက်ခဲ့ရင်တောင်မှ တစ်သက်လုံး သူတို့ကိုမှီခိုနေဖို့တော့ သူ မလိုချင်ဘူး၊ သူ့ရဲ့ တောင်ပံတွေ လုံလောက်အောင်သန်စွမ်းလာမှသာ လွတ် လွတ်လပ်လပ် ပျံသန်းနိုင်ခွင့်ရှိမှာ]
[ကြည့်စမ်း... ထိပ်တန်းကျောင်းသားတွေ ဘာလို့ ဒီလောက် တော်ရသလဲဆိုရင် သူတို့က ဘာကိုလိုချင်တယ်၊ ဘာကိုမလို ချင်ဘူးဆိုတာကို သိလောက်အောင် ခေါင်းကောင်းနေလို့ပဲ၊ သူဌေးတစ်ယောက်က နောက်မှာရှိပေးနေမယ်ဆိုရင်တောင် အမြဲတမ်း တခြားသူတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေရမယ်ဆိုတဲ့ သဘောပဲ၊ တစ်နေ့ကို သန်းနဲ့ချီပြီးရှာနိုင်ရင် တောင် မင်းပျော်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ တစ်ဖက်လူက မင်းရဲ့အောင်မြင်မှုက သူတို့လုပ်ပေးလို့ ဖြစ်လာတာ၊ ပြီးတော့ မင်းက သူတို့ကို တစ်သက်လုံးအလုပ်အကျွေးပြုရမယ်လို့ အမြဲတွေးနေမှာမို့လို့ပဲ]
[နင်က ဘယ်လိုလုပ် သိတာလဲ၊ ဝူယိုသဲ့မှာ အဲဒီလို စိတ်ရှိတယ်၊ ဒါကြောင့်လည်း ကျောင်းပြီးတာနဲ့ တစ်ဖက်လူကို ချက်ချင်းပြန်ခေါ်ပြီး နင့်ကို မြှူဆွယ်ဖို့ အထူးတလည် လွှတ်လိုက်တာလေ]
[ဟင် ? သူက ငါ့ကို ဘာလုပ်မှာလို့ ပြောလိုက်တာ?!]
[မြှူဆွယ်မှာ!]
ရှုယင်းယင်း : "..."
ရွှယ်ဝေဝေသည် စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ငါ ဒီလိုဖြစ်လာမယ်ဆိုတာ ငါ သိသားပဲ!
အား... မြှူဆွယ်မယ်တဲ့လား၊ သွားရည်ကျစရာပဲ!
[ဒါက ငါနဲ့ ဘာဆိုင်လို့လဲ၊ ငါလေးက ငါးဆားနယ်လေးလေ၊ မြှူဆွယ်ခံရလို့ ဘာအကျိုးအမြတ်ရမှာမို့လို့လဲ]
[အဘိုးရှုက နင့်ကို အလိုလိုက်ထားတယ်လို့ လူတိုင်းထင်နေကြတာလေ၊ နင်က ဘာမှအသုံးမကျတဲ့သူ ဖြစ်နေရင်တောင် နင့်ကို မြေတောင်မြှောက်ပေးချင်နေတဲ့ အဘိုးရှုရဲ့ ဆန္ဒကို ဘယ်သူမှ မလွန်ဆန်ရဲဘူး၊ သူတို့သာ နင့်လို ရွှေကိုင်းကြီးကို လှမ်းတွယ်နိုင်ခဲ့ရင် ဘဝတစ်ဝက်စာလောက် ရုန်းကန်ရမယ့် ဒုက္ခတွေကနေ ကင်းဝေးသွားနိုင်တယ်လေ]
ရှုယင်းယင်းသည် အံ့အားသင့်သွားကာ ရယ်ရခက် ငိုရခက်ဖြင့် ပြောလိုက်သည်။
[ရှုမိသားစုရဲ့အချစ်ရူးသွပ်တဲ့ ဦးနှောက်က မျိုးရိုးလိုက်တယ်လို့ ဝူယိုသဲ့က ထင်နေတာလား၊ ပါးရော ဒေါ်လေးပါ သူတို့ချစ်ရတဲ့သူတွေအပေါ်မှာ အရူးအမူးဖြစ်ခဲ့ကြတော့ ငါ့ လာမြှူဆွယ်ခိုင်းတဲ့ ဘယ်ကောင်ကိုမဆို ငါလေး အလွယ်တကူ ကြွေကျသွားမယ်လို့ ထင်နေတာလား]
ဤစာအုပ်ထဲရှိ ဗီလိန်မှာ ရူးများနေပြီလားမသိ သူ့ ဉာဏ်ရည်ကတော့ အတော်လေးသံသယဖြစ်ဖွယ်ပင်ဟု ရှုယင်းယင်း တွေးလိုက်မိသည်။
[ဒါပေမဲ့ သူက လူကို ရမ်းရွေးလိုက်တာတော့ မဟုတ်ဘူးနော်၊ ဝူကျွင်းက သူ့အချစ်စစ်ကိုနှမြောတသနဲ့ စွန့်လွှတ်လိုက်ရတာ]
ထိုစကားကို ကြားလိုက်ရသောအခါ ရွှယ်ဝေဝေနှင့် ရှုယင်းယင်းတို့ နှစ်ဦးစလုံး နေရာတွင်ပင် အေးခဲသွားကြပြီး မကောင်းသော အတွေးတစ်ခုက သူတို့ စိတ်ထဲသို့ဝင်ရောက် လာသည်။
[ဝူကျွင်းက မုန့်စဲကို သဘောကျနေတာလို့တော့ မပြောနဲ့နော်]
🍁 Chapter 48
[ငါက အတင်းအဖျင်းလောကမှာ ကျင်လည်နေတဲ့ စီနီယာဖြစ်လို့ ပထမဆုံးအကြိမ်မှာတင် ကွက်တိ မှန်အောင် ခန့်မှန်းနိုင်တာပဲ]
မုန့်စဲနှင့် ဝူကျွင်းတို့ကြားမှ နားလည်မှုလွဲမှားခြင်းများကို ရှုယင်းယင်း တွေးကြည့်လိုက်ရာ ဤသည်မှာ ဇာတ်လိုက်မင်းသားနှစ်ယောက်ပါဝင်သည့် ကျောင်းဝင်းအတွင်းမှ အချစ်ဝတ္ထုတစ်ပုဒ်အတွက် ပြီးပြည့်စုံလွန်းသော ဇာတ်ကွက်တစ်ခု မဟုတ်ပေလား။ အေးစက်စက်နိုင်ကာ သီးသန့်နေတတ်သော ဉာဏ်ကြီးရှင်လေးနှင့် ဆိုးသွမ်းပြီး အလိုလိုက်ခံထားရသော ကျောင်းလူမိုက်လေးတို့၏အချစ်အားပြိုင်မှုသည် စိတ်ကူးယဉ်မှုအတိုင်းအတာတစ်ခုထက်ပင် ကျော်လွန်နေသည်။
ရွှယ်ဝေဝေသည်လည်း ထိုအကြောင်းကို တွေးမိသွားကာ သူမ ခေါင်းထဲတွင် စာလုံးရေ တစ်သိန်းခန့်ရှိမည့် ပရိသတ်ရေးဖွဲ့သည့် BL ဝတ္ထု တစ်ပုဒ်ကို စတင် စိတ်ကူးယဉ်နေမိသဘ်။ ဝူကျွင်းသည် ရုပ်ရည်သန့်ပြန့်ပြီး အလိုလိုက်ခံထားရသည့် စံပြသူဌေးသားလေးတစ်ဦး ဖြစ်သည်ကို ထည့်သွင်းစဉ်းစားလိုက်လျှင် ဤဇာတ်လမ်းမှာ အတော်လေး ယုံကြည်နိုင်စရာ ကောင်းနေပေသည်။
[အယ်... မုန့်စဲက ဂေးများ ဖြစ်နေမလား]
[သေချာပေါက်မဟုတ်ဘူး၊ သူက 24K လောက်ကိုတောင့် တင်းတဲ့ အဖြောင့်စစ်စစ်ကြီးပဲ]
ရွှယ်ဝေဝေသည် သူမ ကျောပြင်ကို အလိုအလျောက်မတ် မတ်ထားလိုက်မိသည်။ အဖြောင့် အမျိုးသားတစ်ဦးကို ဂေးဖြစ်အောင်ပြောင်းခြင်းမှာ မယုံနိုင်လောက်အောင် ခက်ခဲလှပေသည်။ ဝိုး... ဒီအတင်းအဖျင်းက ပိုပိုပြီးချိုလာပြီပဲ...
[အိုမိုင်ဂေါ့... ဒါဆို ဝူကျွင်း သူ့ကို တိတ်တိတ်လေးကြွေနေတာပေါ့၊ ပြီးတော့ ဝူယိုသဲ့က သူ့သားက ဘီရိုထဲမှာ ပုန်းနေတဲ့ ဂေးတစ်ယောက်မှန်းတောင် မသိဘူးပေါ့]
[အင်း၊ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲကြည့်စမ်း ]
[အဖြောင့်တစ်ယောက်ကို ဂေးဖြစ်အောင်ပြောင်းပြီး အတင်း အဓမ္မ သိမ်းပိုက်တာမျိုးလား၊ ဒါက သေချာပေါက် စိတ်လှုပ် ရှားစရာပဲ၊ မိုက်တာဟယ်]
ရွှယ်ဝေဝေ ခေါင်းထဲရှိ အတွေးလေးသည် ချက်ချင်းပင်အော်ဟစ်နေသော ကြက်ကလေးတစ်ကောင်အဖြစ်ပြောင်း လဲသွားပြီး ဤကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်မည့် အရည် ရွှမ်းလှသော အတင်းအဖျင်းကြီးကိုမျှဝေရန် အတင်းအ ဖျင်းချစ်မြတ်နိုးသူများ အဖွဲ့ဆီသို့ အပြေးအလွှားသွားချင်စိတ်များ တဟုန်ထိုးပေါက်လာလေသည်။
[နေဦး... မုန့်စဲက ငါ့ကို မြှူဆွယ်ဖို့ မစ်ရှင်နဲ့ လာတာဆိုတော့ ဝူကျွင်းကလည်း သူ့အချစ်ကို နှမြောတသနဲ့ စွန့်လွှတ်လိုက်ရတာဆိုရင်လေ ငါက သူတို့ သားအဖနှစ်ယောက်စလုံးအတွက် မျက်စိစူးစရာ ဆူးတစ်ချောင်းဖြစ်သွားပြီပေါ့၊ ငါလေးတော့ အန္တရာယ်ရှိနေပြီ!]
ရှုယင်းယင်း၏ စိတ်လှုပ်ရှားနေသော နှလုံးသားသည် ရုတ် တရက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ဟုတ်ပေသည်။ ဤသည်မှာ မင်းသမီးလေးအန္တရာယ်ရှိနေပြီဟု ဆိုလိုခြင်းဖြစ်သည်။ ဝူကျွင်း သေချာပေါက်ဝင်ရောက်စွက်ဖက်လာပေလိမ့်မည်။
နေဦး... မဟုတ်သေးဘူး၊ အန္တရာယ်ရှိတယ်ဆိုပေမယ့် ဒါက သွေးထွက်သံယိုမရှိတဲ့ စစ်တလင်းတစ်ခုပဲ၊ တစ်ယောက်က ချစ်နေတယ်၊ တစ်ယောက်က အလိုက်သင့်လေး ကစားချင်နေတယ် ပြီးတော့ ဒီစိတ်ပျက်အားငယ်မှုတွေကြားထဲမှာ သူ့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသလာပြီး ထွက် ပြေးလို့မလွတ်နိုင်တဲ့ လိုက်ဖမ်းခြင်းမျိုးဆီကို ဦးတည်သွားနိုင်တယ်၊ အား ကယ်ကြပါဦး! ဒါက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းလွန်းနေပြီ!
【ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး၊ ဘာလို့ဆို ဒါက နင့်ရဲ့ အထူးအနေအထားကြောင့်ပဲ】
【ဟင့်အင်း၊ ငါ့ကိုယ်ငါ ကယ်တင်ရမယ်၊ ဒီအမုန်းတရားကို အစကတည်းက နှိမ်နင်းပစ်ရမယ်】
【နင် ဘာလုပ်ဖို့ စီစဉ်ထားလို့လဲ】
ရှုယင်းယင်း ပြန်မဖြေခဲ့ချေ။ အကြောင်းမှာ သူမ ထိုအရာကို မစဉ်းစားရသေးသောကြောင့်ဖြစ်သည်။ ဤအခြေအနေတွင် ရန်သူဘက်မှ အရင်လှုပ်ရှားလာမည့်အချိန်ကိုသာ သူမ စောင့်ဆိုင်းပေမည်။ ရှုယန်ဝေနှင့် မုန့်စဲတို့၏စကားပြောဆိုမှုသည် ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း သူထွက်သွားပြီးနောက် မုန့်စဲ နောက်ကွယ်တွင် မည်သူရှိနေသနည်းဆိုသည်ကို သူမ ချက်ချင်းခန့်မှန်းမိသွားသည်။
သူမ သံသယများကို အတည်ပြုနိုင်ရန်အတွက် သူမယုံကြည်ရသော လူယုံထံသို့ဖုန်းဆက်ကာ မုန့်စဲ နောက်ခံကိုအသေး စိတ် စုံစမ်းရန်တောင်းဆိုလိုက်သည်။
မုန့်စဲသည် ရုံးခန်းထဲမှ ထွက်လာပြီးနောက် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်လေသည်။ သူသည် သူတို့နှင့် အလွန်သတိထား၍ဆက်ဆံနေခဲ့ရပြီး သူတို့၏ကျေနပ်နေသော မျက်နှာအမူအရာများအရ သူ့ရည်ရွယ်ချက်များကို သံသယဝင်မည်မဟုတ်ဟု ယူဆလိုက်သည်။
လက်ရှိတွင် သူသည် အောက်ခြေမှစ၍အတွေ့အကြုံများကို ရယူရန် ဆန္ဒပြင်းပြနေကာ အခြားဘွဲ့ရများနည်းတူရည် မှန်းချက်များရှိသည့် လူသစ်တစ်ဦးသာ။ ရှုယင်းယင်း၏ စိတ်ကို သိမ်းပိုက်ရေးနှင့် ပတ်သက်၍မူ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘာဝကျကျပင် လုပ်ငန်းခွင်မှတစ်ဆင့် အချင်းချင်းသိကျွမ်းလာခြင်းဖြင့် စတင်ရပေမည်။
အေမီသည် သူ့အား ရှုယန်ဝေနှင့် မမိတ်ဆက်ပေးမီကတည်း က ရှုယင်းယင်း၏ဘေးတည့်တည့်ရှိနေရာတွင် သူ့ အလုပ်ခုံကို စီစဉ်ပေးထားခဲ့ပြီးဖြစ်သည်။ ထိုသည်မှာအရမ်းလည်းမနီးသလို၊ အရမ်းလည်းမဝေးကွာလှဘဲ အနေတော်ဖြစ်သည်။
မုန့်စဲသည် သူတွေ့သမျှ လူတိုင်းကို လိုက်လံနှုတ်ဆက်ခဲ့ပြီး သူဘ လှုပ်ရှားမှုတိုင်းတွင် ယဉ်ကျေးသိမ်မွေ့မှုများ ဖြာထွက်နေကာ သူနှင့် ရွယ်တူ လူလွတ် အမျိုးသမီးလုပ်ဖော်ကိုင် ဖက်များကိုပါ တိတ်တဆိတ် ရင်ခုန်သွားစေခဲ့သည်။
သူ့ပစ်မှတ်မှာ မင်းသမီးလေး ယင်းယင်းဖြစ်သည်ကို ရွှယ်ဝေဝေထံမှ သူတို့ကြိုတင်သိရှိထားနှင့်ပြီးဖြစ်သော်လည်း ထိုအချက်က သူတို့နှစ်ဦးကို စုံတွဲတစ်တွဲအဖြစ် သဘောတူပေးနေခြင်းမှ မတားဆီးနိုင်ခဲ့ချေ။
ယခုခေတ်တွင် သူများ ရည်းစားထားသည်ကို ထိုင်ကြည့်နေရခြင်းက ကိုယ်တိုင်ရည်းစားထားရခြင်းထက် များစွာပို၍ ပျော်စရာကောင်းလှသည်။ အကယ်၍သာ ထိုစုံတွဲက ကြည် နူးစရာကောင်းနေလျှင် သူတို့မှာပိုပျော်ရွှင်ကြရသည်။
အကယ်၍ ထိုစုံတွဲက ဒုက္ခရောက်နေလျှင်လည်း သူတို့က စိတ်သက်သာရာရကြမည်။ အကယ်၍ ဇာတ်သိမ်းက အဖြစ်ဆိုးနှင့် အဆုံးသတ်သွားပါကလည်း ခပ်ဖွဖွသက်ပြင်းချကာ နှမြောမိရုံမျှသာဖြစ်ပြီး ကိုယ်တိုင်အသည်းကွဲခံစရာမလိုသည့်အပြင် စွန့်စားစရာမလိုချေ။ ဤသည်မှာ သေချာပေါက် အရှုံးမရှိသော ကစားပွဲပင်။
မုန့်စဲ ရောက်လာသည့် အချိန်မှစ၍ ရှုယင်းယင်းသည် သူ့ကို တိတ်တဆိတ် လေ့လာအကဲခတ်နေခဲ့သည်။ သူ့ ရုပ်ရည်နှင့် အမူအကျင့်များသည် သိမ်မွေ့ပညာတတ်ဆန်သော အငွေ့ အသက်များကို ဖြာထွက်နေလေသည်။
သူ့ နောက်ကွယ်မှ မစ်ရှင်ကိုသာ ဘေးဖယ်ထားလိုက်မည်ဆိုလျှင် သူသည် အရည်အချင်းရှိပြီး ရုပ်ရည်သန့်ပြန့်သော ကောင်းမွန်သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်သည်။ နှမြောစရာကောင်းတာက...
ရှုယင်းယင်း အနည်းငယ် နှမြောမိသွားသည်။ သို့သော် ပဋိပက္ခ ဂယက်များမှ ကင်းဝေးစွာ နေထိုင်နိုင်ရန်အတွက် သူမ၏ သစ္စာရှိမှုနှင့် ပတ်သက်၍ ရှုမိသားစုမှ မေးခွန်းထုတ်စရာ အကြောင်းပြချက် တစ်စုံတစ်ရာကိုမျှ သူမ လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။ အကယ်၍ သူက ကောင်းကင်ဘုံမှ ဆင်း သက်လာသည့် နတ်သားတစ်ပါး ဖြစ်နေလျှင်တောင်မှ ပူးပေါင်းကြံစည်မှု မှန်သမျှကို သူမ တားဆီးဖျက်ဆီးပစ်မည်သာ ဖြစ်သည်။
[သူ့ရဲ့အလုပ်ခုံက နင့်ဘေးနား ကပ်လျက်မှာလေ၊ နီးနီးကပ်ကပ် နေထိုင်တာက မိန်းကလေးတွေကို မြှူဆွယ်တဲ့ ပထမဆုံး လှည့်ကွက်များလား]
စနစ်က ပြောသည်။
ရှုယင်းယင်း စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ သူမသည် သူတစ်ပါး၏ဖရဲသီးကိုစားရန် အနှစ်နှစ်ဆယ်တိုင်တိုင် မြုပ်နှံထားခဲ့သူဖြစ်ရာ မည်သူ့ကိုမျှမကြောက်ပေ။
မုန့်စဲသည် ရှုယင်းယင်းအပေါ် များစွာ စိတ်အားထက်သန်မှု မပြဘဲ သူ့ အလုပ်ခုံတွင် တိတ်ဆိတ်စွာထိုင်လျက် တာဝန်များနှင့် ရင်းနှီးကျွမ်းဝင်စေရန်သာ လုပ်ဆောင်နေခဲ့သည်။
သူ ဝူယိုသဲ့ထံမှ အတိတ်ကရရှိခဲ့သော အကူအညီများကို တွေးတောရင်း ဆုံးဖြတ်ချက်တစ်ခုမချမီ ရက်အတော်ကြာမျှ တုံ့ဆိုင်းနေမိသည်။ ဝူယိုသဲ့သည် သူ့အား ရှုယင်းယင်းထံ ချဉ်းကပ်ရန်သာ ခွင့်ပြုခဲ့သော်လည်း မည်မျှအထိ ကျေးဇူး ဆပ်ရမည်ဆိုသည့် အတိုင်းအတာကိုမူ တိတိကျကျသတ် မှတ်မထားခဲ့ချေ။
ဤသည်မှာ သူ့ကို ရွေးချယ်ခွင့်ပေးထားသကဲ့သို့ ထင်ရသော် လည်း အမှန်တွင်မူ သိမ်မွေ့သော အရိပ်အမြွက်ပြခြင်းသာ ဖြစ်သည်။ မင်း ငါတို့ ကျေးဇူးကို ပြန်လည်ပေးဆပ်ရမယ်ဆိုသော စကားအား သူတို့နှုတ်မှထုတ်ပြောမည် မဟုတ်သော် လည်း သူ ကိုယ်တိုင် သတိပြုမိရမည်ဖြစ်သည်။
ဝူကျွင်းနှင့်အတူ နိုင်ငံခြားတွင် ပညာသွားသင်ခဲ့ရသည့် အချိန်အတွင်းကတည်းက ဝူယိုသဲ့၏ခြေလှမ်းများကို မုန့်စဲ ရိပ်စားမိခဲ့ပြီးဖြစ်သည်။
အရည်အချင်းများကို ပြုစုပျိုးထောင်ပေးသည်ဟူသော ခေါင်းစဉ်တပ်ကာ မုန့်စဲကို သူနှင့်အတူ နိုင်ငံခြားသို့ စေလွှတ်ခဲ့ခြင်းမှာ အခြေခံအားဖြင့် သူ့ကို အစေခံတစ်ဦး၊ သူဌေးသားလေးတစ်ဦး၏နောက်လိုက်ငယ်တစ်ဦးအဖြစ် ဆက်ဆံခြင်းသာ ဖြစ်သည်။
သူ့ မိသားစုနောက်ခံမျိုးရှိသူ တစ်ယောက်အတွက် ထင်ရှားကျော်ကြားသော ဘွဲ့တစ်ခုတည်းနှင့် အောင်မြင်ရန် မလုံ လောက်ကြောင်းကို သူ သိထားသည်။ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍတွင် အဆက်အသွယ် ကွန်ရက်များလိုအပ်ပြီး ထိုအရာများကို ဝူမိသားစုက ပိုင်ဆိုင်ထားပေသည်။
သူတို့က သူ့ကိုစာသင်ဖော်အဖြစ် အသုံးပြုနိုင်ပြီး သူလည်း သူ့ကိုယ်ပိုင် အရည်အချင်းများကို မြှင့်တင်ရန်အတွက် သူတို့ အဆက်အသွယ်များနှင့် ကြွယ်ဝချမ်းသာမှုများကို အသုံးချနိုင်သည်။ သူ့ တောင်ပံများ လုံလောက်စွာ သန်စွမ်းလာသော အခါ သဘာဝကျကျပင် ကောင်းကင်ယံသို့ လွတ်လပ်စွာ ပျံသန်းနိုင်သည့် အစွမ်းများရရှိလာမည်ဖြစ်သည်။
သူလိုအပ်သည်မှာ ဝူမိသားစု၏ဩဇာလွှမ်းမိုးမှု နယ်ပယ်မှ ထွက်ခွာသွားရန် အခွင့်အရေးတစ်ခုကို ရှာဖွေဖို့သာဖြစ် သည်။
'လောကကြီးက ဒီလောက်ကျယ်တာ၊ အားလုံးက ဝူမိသားစု ပိုင်တာမှ မဟုတ်တာ...'
ထိုသို့သော စိတ်ကူးမျိုးဖြင့်ပင် ဝူယိုသဲ့ ပေးအပ်သောတာဝန်ကို သူ လက်ခံခဲ့ခြင်းဖြစ်သည်။ မည်မျှအထိ ခရီးရောက်မည်ဆိုသည်မှာ သူ ထွက်ခွာရန် နည်းလမ်းများ ပြင်ဆင်ဖို့အချိန်မည်မျှကြာမည်ဆိုသည့် အပေါ်တွင်သာ မူတည်နေပေသည်။ ထိုအချိန်အထိ သူသည် တစ်ဖက်လူကို အချိန်ဆွဲထားမည်ဖြစ်သည်။