အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
🍁 Chapter 31
[ဒါပေမဲ့... ဒီအမျိုးသမီးဆီမှာ မျက်နှာဖြူလေးရှိသေးတယ်ဆိုတော့ အရှုးမပေါ်ပါဘူး၊ ချမ်းသာတဲ့ မိသားစုကနေ အနှင်ခံရရင်တောင်... ချမ်းသာတဲ့ အမျိုးသမီးတွေကိုအဖော်လုပ်ပေးပြီး အပိုဝင်ငွေရှာဖို အဲဒီမျက်နှာဖြူလေးကို အားကိုးလို ရသေးတာပဲ... အဲ့ဒါက သူ့ကို ကောင်းမွန်တဲ့ ဘဝတစ်ခုရောက်အောင် ဆက်ပံ့ပိုးပေးနိုင်မှာပါ၊ အချုပ် ပြောရရင်တော့ ထွက်ပေါက်တစ်ခု ရှိနေသေးတယ်]
လူတိုင်း၏တိတ်ဆိတ်မှုက နားကန်းလောက်အောင် ကျယ်လောင်လိုနေသည်။
ရှန်ရှန်း အယ်လီအား ဒေါသတကြီး စိုက်ကြည့်လိုက်ရာ သူမက သူ့ နာကြည်းနေသော အကြည့်များအောက်တွင် အပြစ်ရှိသလို ခေါင်းငုံသွားတော့သည်။
အတင်းအဖျင်းစားခြင်း အဆုံးသတ်သွားသည်ကိုမြင်သောအခါ ကောလျန် လည်ချောင်းရှင်းလိုက်ပြီး သတိပေးလိုက်သည်။
"အင်း... လူစုံပြီဆိုမှတော့ ကလေးတွေရဲ့ ကိစ္စကို ဆွေးနွေးကြတာပေါ့"
ရှန်ရှန်းမှာ ထိုအချိန်တွင် ရှက်ရွံမှုနှင့် ဒေါသများပြည့်နှက်နေရာ သူ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် မည်သို စိတ်ဝင်စားနိုင်မည်နည်း။
အပြင်မှာရော အတွင်းမှာပါ စားပေါက်ရှာနေသော ဤအမျိုးသမီးကိုဖယ်ရှားရန် ဖခင်ဖြစ်သူအား အမြန်တောင်းဆိုရ မည်ဖြစ်သည်။
သူ တစ်ဖက်လူ၏လက်ကို ဆွဲကိုင်ကာ လူကို အတင်းဆွဲခေါ်သွားတော့သည်။
[ဟယ်... ဘာလို ရုတ်တရက်ကြီးထွက်သွားတာလဲ၊ စောစောကမှ အရှိန်အဝါတွေပြန်ရလာတာ မဟုတ်ဘူးလား]
ပတ်ဝန်းကျင်ရှိ လူများက နားမလည်နိုင်အောင် ဖြစ်နေသော ရှုယင်းယင်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြ သည်။ ဒါတွေ အကုန်လုံးက နင့်ကျေးဇူးကြောင့်လေ... အိမ်မြန်မြန်ပြန်ပြီး ပြဿနာ သွားရှင်းမလိုပေါ့။
"အဲဒါ... တစ်ဖက်လူက အပြစ်မယူတော့ဘူးဆိုရင်၊ ကျွန်တော်တို ဒီကိစ္စကို နှစ်ဖက်ပြေလည်သွားတယ်လိုပဲ သတ်မှတ်လိုက်မယ်၊ ခင်ဗျားတို လူကို ပြန်ခေါ်သွားလိုရပါပြီ"
ရှုယင်းယင်း အလျင်စလို ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့... ပြဿနာ မရှိပါဘူး၊ ဆရာတိုနှစ်ယောက် အလုပ်ရှုပ်သွားရပြီ"
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... အားနာစရာ မလိုပါဘူး၊ ဒါ ဆရာတွေရဲ့ တာဝန်ပါပဲ"
ရှုယင်းယင်း ပြုံး၍ လူများကိုလက်ဆွဲနှုတ်ဆက်ပြီးနောက် ရှုယောင်ကိုခေါ်ကာ ထွက်ခွာသွားတော့သည်။
သူတိုနှစ်ဦး၏ ပုံရိပ်များ အရှေ့မှလုံးဝပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကောလျန်နှင့် ဖုန်းယွဲတို သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ဒီနေ့ အတင်းအဖျင်းက တကယ်ကိုပေါက်ကွဲဖိုကောင်းတာပဲ... ဟစ်~
ရှုယောင်သည် ရှုယင်းယင်းနောက်မှ ထပ်ကြပ်မခွာလိုက်ပါလာပြီး သူ့ စူးစမ်းလိုသောအကြည့်များက သူမကို ခေါင်းမှ ခြေဖျားအထိ ထပ်မံအကဲခတ်နေပြန်သည်။
အိမ်သို ခေါ်ဆောင်လာခြင်းခံရသော ဝမ်းကွဲအစ်မမှာ အမြဲတမ်း ကြောက်ရွံတုန်ရီပြီး နာခံတတ်သူ ဖြစ်လိမ့်မည်ဟု သူ အမြဲ ထင်ထားခဲ့သော်လည်း သူမက တော်တော်လေးသန်မာပြီး ရှန်ရှန်းကိုပင် ဒေါသထွက်အောင် လုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုထက် သူ့ကို ပိုစူးစမ်းချင်စိတ်ဖြစ်စေသည်မှာ သူမနှင့်အတူ အတင်းအဖျင်းစားနေသော အသံပင်။ သူ သေချာ ပေါက် ခံစားမိသည်မှာ သူမတွင် အမည်းစက်များစွာရှိနေပြီး၊ သေသည်အထိ အတင်းအဖျင်းစားနိုင်လိမ့်မည်ဟူ၍ ဖြစ်သည်။
ဘာလို သူ့မှာ ဒီလိုအရာမျိုးမရှိရတာလဲ... သူ လိုချင်တယ်လေ!"
သူမနောက်မှ အကြည့်များကိုသတိထားမိလိုက်သဖြင့် ရှုယင်းယင်း ရုတ်တရက် ရပ်တန့်ကာ လှည့်ကြည့်လိုက်ရာ ထိုအချိန်မှသာ သူ၏ မျက်နှာပေါ်တွင် ဒဏ်ရာဒဏ်ချက်များရှိနေပြီး နှုတ်ခမ်းထောင့်များကွဲနေသည်ကို သူမ သတိထားမိလိုက်သည်။
သူမက ညင်သာစွာ သတိပေးလိုက်သည်။
"ကျောင်းဆေးခန်းကိုအရင်သွားပြီး ဆေးထည့်ချင်သေးလား၊ ပြီးမှ အိမ်ပြန်ကြမလား"
"မလိုဘူး... အိမ်တန်းပြန်မယ်"
"အော်"
[ငါ့ရဲ့ ဝမ်းကွဲမောင်လေးက အရမ်းအေးစက်တာပဲ... သူ့မိသားစုပိုင်ဆိုင်မှုတွေကို ငါ လုယူမယ်လို သူ ထင်နေလိုများ လား]
ရှုယောင် : "..."
[ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဘိုးအိုတောင်မှ သူက မိသားစုနဲ့အဆက်အသွယ်ဖြတ်ပြီး သူ့ကိုယ် သူ သက်သေပြဖို စိတ်အားထက်သန်နေတယ်လိုမပြောဘူးလား၊ ပြီးတော့ မိသားစုထဲက ပစ္စည်းတွေကိုလည်း သူက အထင်သေးတာလေ]
[ဟုတ်သား... လူမှုအသိုင်းအဝိုင်းရဲ့ ရိုက်နှက်မှုကို မခံရသေးဘဲ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ချည်း စိတ်ကူး ယဉ်နေတဲ့ ဒီချမ်းသာတဲ့ သူပုန်လေးကို ငါ တစ်ချက်ပဲကြည့်ရသေးတယ်... လူမှုအသိုင်းအဝိုင်းရဲ့ အနိုင်ကျင့်မှုကို ခံရမယ့် ချမ်းသာတဲ့မိသားစုက သူပုန်သားလေး ဘယ်လိုပုံစံရှိလဲဆိုတာကို သိချင်နေပေမဲ့၊ အတင်းအဖျင်းစားဖို့ပဲ အာရုံရောက်နေလို့ သေချာတောင်မကြည့်ရသေးဘူး]
ရှုယင်းယင်းအကြည့်များက သူ့ မျက်နှာပေါ်ရှိ ဒဏ်ရာများမှ ရွေ့လျားသွားပြီး သူ့ တစ်ကိုယ်လုံးကို တဖြည်းဖြည်း ဝေ့ကြည့်လိုက်ကာ ကောက်ချက်ချလိုက်သည်။
[သူ့ပုံစံက အပြစ်ပြောစရာမရှိပေမဲ့၊ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ တကယ်အားရစရာမကောင်းဘူး... ရှန်ရှန်းရဲ့ ရိုက်နှက်မှုကြောင့် ဝက်ခေါင်းလိုဖြစ်နေတာတောင် လူမှုအသိုင်းအဝိုင်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ သတ္တိရှိသေး တယ်ပေါ့]
ရှုယောင် ပထမဆုံးအကြိမ် ထိုးနှက်ခံရခြင်း!
[ငါ့ဘဝမှာ အမုန်းဆုံးကတော့ အဝတ်အစားကောင်းကောင်း ဝတ်ပြီး အရသာရှိတာတွေကို စားနေရတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေပဲ... သူတို့က မိသားစုကပေးထားတဲ့ ကြွယ်ဝတဲ့ အခြေအနေတွေကနေ ဝေးဝေးနေဖို့၊ အိပ်မက်တွေနဲ့ လွတ်လပ်ခွင့်ကိုရှာဖွေဖို့၊ ပြီးတော့ ကိုယ်ပိုင်အင်ပါယာတစ်ခုကို တည်ဆောက်ဖို့ အမြဲတမ်း အော်ဟစ် နေကြတာ... သူတို့မှာပဲ အရေးတကြီးအသုံးချဖို့ လိုအပ်နေတဲ့ ကိုယ်ပိုင်စွမ်းရည်တွေ ရှိနေသလိုမျိုးလေ]
[တကယ်တော့ သူတို့ရဲ့ သားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဆက်ခံသူဆိုတဲ့ နာမည်တွေကိုဖယ်ရှားလိုက်ရင်... သူတို့က ဘယ်သူမှန်း မသိတဲ့ လူတစ်ယောက်ပါပဲ၊ သူတို့ မိသားစုရဲ့ချမ်းသာကြွယ်ဝမှုနဲ့ ပညာရေး အရင်းအမြစ်တွေရဲ့ ထူးချွန်မှုကို ဖယ်ထားလိုက်ရင်... သူတို့ ဘာလုပ်နိုင်မှာလဲ ? ပခုံးနဲ့လည်း မထမ်းနိုင်၊ ကျောနဲ့လည်း မပိုးနိုင်ဘူးဆိုရင်... အလုပ်ကြမ်းလုပ်တဲ့သူတွေက အနိုင်ကျင့်တဲ့အခါ၊ လမ်းဘေးလေလွင့်နေတဲ့ အချိန်မှာ ခွေးနဲ့တောင် အစာလုစားနိုင်မှာ မဟုတ်ဘူး!]
ရှုယောင် ဒုတိယအကြိမ် ထိုးနှက်ခံရခြင်း!
[ချမ်းသာတဲ့ မိသားစုကပေးထားတဲ့ ကြွယ်ဝတဲ့ အရင်းအမြစ်တွေကို ခံစားနေရပြီးတော့ အဲဒီ ချမ်းသာတဲ့ မိသားစု ကိုပဲ ပြန်ပြီးအထင်သေးနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဒါက ကိုယ့်အရင်းအမြစ်ကို မေ့သွားတာ မဟုတ်ဘူးလား၊ ငါသာ အဘိုးနေရာမှာဆိုရင်... သူ့ကို သွားခိုင်းလိုက်မယ်၊ ရှုမိသားစုကပေးထားတဲ့ နာမည်၊ အဆင့်အတန်းနဲ့ ပညာရေးကိုပြန်ရုပ်သိမ်းပြီး အိမ်ထောင်စုစာရင်းထဲကနေ သူ့နာမည်ကိုဖျက်ပစ်လိုက်မယ်... အဲဒါမှ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး တိုးတက်အောင်လုပ်တယ်လို့ ခေါ်တာ]
ရှုယောင် တတိယအကြိမ် ထိုးနှက်ခံရခြင်း!
[လူတစ်ယောက် ဖြစ်ရခြင်းဆိုတာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သိဖို့ပဲ... ငါ့လို ရည်မှန်းချက်မရှိတဲ့ လူတွေက ကိုယ့်ကိုယ်ကိုယ် အားကိုးမယ်လို့ ဘယ်တော့မှမပြောရဲဘူး၊ ငါက မိသားစုကို အားကိုးပြီးချမ်းသာတဲ့ မိသားစုရဲ့ အသုံးမကျတဲ့သူပဲဖြစ်ချင်တာ... ဘယ်လို စံပြပုဂ္ဂိုလ်၊ ရည်မှန်းချက်၊ ဒါမှမဟုတ် လွတ်လပ်တဲ့ အိပ်မက်တွေကမှ အဝတ်အစားတွေက သူ့အလိုလိုရောက်လာပြီး အစားအသောက်တွေက ပါးစပ်ထဲ အသင့်ဝင်လာတဲ့ နေ့ရက်တွေလောက် မလန်းဆန်းဘူးလေ]
[ရှုယောင် အခုနားမလည်တာက... သူက ရောမမြို့ထဲမှာရှိနေပြီး အာဏာပိုင်တွေက သူ့ကို စွဲဆောင်ထားလို့ပဲ... လူမှုအသိုင်းအဝိုင်းရဲ့ ရိုက်နှက်မှုကို ခံရတဲ့အခါ ချမ်းသာတဲ့မိသားစုရဲ့ ထမင်းအပျော့စားရတဲ့အရသာကို သူ အလိုလို သိလာလိမ့်မယ်]
ရှုယောင် သူမကို ဒေါသတကြီး ပြုံးပြလိုက်ပြီး ပြန်လည်ချေပရန်ပြင်လိုက်သော်လည်း စကားတစ်ခွန်းမျှ ပြောမထွက် သဖြင့် ပိုလို့ဒေါသထွက်လာတော့သည်။
ကားနားသို့ ရောက်သောအခါ ရှုယင်းယင်း သူ့ကို မေးလိုက်သည်။
"နင် ပုံမှန်ဆို ကျောင်းကို ဘယ်လိုအသွား အပြန်လုပ်လဲ... ယာဉ်မောင်း ရှိလား"
"ယာဉ်မောင်း မရှိဘူး... လမ်းလျှောက် သွားတာ"
ရှုယင်းယင်း ခေါင်းညိတ်လိုက်သည်။
"ဒါဆိုလည်း ကိုယ့်ဘာသာ အိမ်ပြန်လိုက်တော့... လမ်းမှာ သတိထားသွားနော်"
ရှုယောင်မှာ တစ်ခဏမျှ အံ့ဩမှင်သက်သွားသည်။
"ဒါဆို... မင်း ငါ့ကို လိုက်ပို့ဖို့ အစီအစဉ် မရှိဘူးလား"
"နင်ပဲ လမ်းလျှောက်သွားတာဆို... နင့်ရဲ့ ရွေးချယ်မှုကို ငါ လေးစားပါတယ်"
[ရယ်ရလွန်းလို့ သေတော့မယ်... နင်က လွတ်လပ်ခွင့်ကို ရှာဖွေရတာသဘောကျတယ် မဟုတ်ဘူးလား... ဘာတွေ ဟန်ဆောင်နေတာလဲ]
ရှုယောင် ဒေါသတကြီး အံကြိတ်လိုက်ပြီး ရှုယင်းယင်း တံခါးမပိတ်မီ ခရီးသည်ထိုင်ခုံ တံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက် သည်။
"နင်..."
ရှုယင်းယင်း မျက်ခုံးပင့်ကာ သူ့ကို ကြည့်ပြီး မျက်ဝန်းများဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဒီနေ့ ငါ လမ်းမလျှောက်ချင်ဘူး"
ရှုယောင်၏အသံမှာ ရေခဲကဲ့သို့ အေးစက်နေသည်။
ရှုယင်းယင်း သူ့ခြေထောက်ကို အလျင်စလိုငုံ့ကြည့်လိုက်သည်။
"ရှန်ရှန်း နင့်ခြေထောက်ကို ကန်လိုက်လို့... ဒဏ်ရာရသွားလို့ လမ်းမလျှောက်နိုင်တော့တာလား"
"မဟုတ်ဘူး... လမ်းလျှောက်နိုင်တယ်!"
ရှုယင်းယင်း နှုတ်ခမ်းကို တွန့်လိုက်ပြီး ဘာမှ ထပ်မမေးတော့ပေ။
[ခက်ခဲတဲ့ဘဝကို သူ အသားမကျဘူးဆိုတာ ငါ သိသားပဲ... ဟင်း~ ယောက်ျားတွေများ!]
🍁 Chapter 32
ရှုယောင် ဘေးတွင်ချထားသော လက်သီးမှာ တင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။ သူမက ဘယ်လိုလုပ် ဒီလောက်ထိ ဒေါသထွက်အောင် လုပ်နိုင်ရတာလဲ!
"ဦးလေးကျန်း... ဒါဆို ရှုယောင်ကို အရင်လိုက်ပို့ပေးလိုက်ပါ၊ ပြီးရင် ကျွန်မ ကုမ္ပဏီကိုပြန်မယ်"
"ဟုတ်ကဲ့ပါ"
ကားသည် ပင်မလမ်းမကြီးပေါ်ရှိ ယာဉ်ကြောထဲသို့ဝင်ရောက်သွားပြီး ရှုယောင် ရုတ်တရက် စကားစလိုက်သည်။
"နောက်ဆို ငါ့အမေ မင်းကို ဒီလိုအလုပ်မျိုးခိုင်းရင်... မင်း ငြင်းလိုက်လို့ ရတယ်"
"အင်း... ငါ ငြင်းပါ့မယ်"
ရှုယောင် : သူမက နှိမ့်ချတဲ့ စကားအနည်းငယ်လောက်တောင် မပြောဘူးလား ? နာကျင်ရတယ်
[ငါလည်း ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကိုဝင်မပါချင်ပါဘူးနော် ဒီနေ့ နင့်ကို စိတ်ဝင်စားလို့ လာကြည့်တာပါ၊ အခု မြင်ဖူးသွားပြီဆိုတော့ ဒီလောက်ပါပဲ... ကျွတ်... အဘိုးက တော်တော်သနားဖို့ကောင်းတာပဲ၊ မိသားစုထဲမှာ အားကိုးရလောက်တဲ့ ဆက်ခံသူတစ်ယောက်မှ မရှိဘူးဆိုတော့... တကယ်သနားစရာပဲ!]
"မင်း!"
ရှုယောင်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီသွားသည်။
"ငါက ဘာဖြစ်လဲ"
"ငါ ယဉ်ကျေးမှုအရပြောနေတာကို မင်း မသိဘူးလား၊ ပုံမှန်ဆိုရင် လူတွေကနှိမ့်ချပြီး ပြောရမှာကို... မင်းက ဘာလို့ ချက်ချင်းသဘောတူလိုက်ရတာလဲ" ရှုယောင် ပြဿနာစရှာတော့သည်။
သူ ဒီလောက်ကြီးလာတဲ့အထိ... လူတွေကိုဒေါသထွက်ပြီး ကြောက်ရွံ့သွားအောင်လုပ်နိုင်တဲ့ သူမလို လူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
"ဒါဆို နင် ငါ့ကို ပုံမှန်လူ မဟုတ်ဘူးလို့ သဘောထားလိုက်လေ"
"..." အား...
[သူ ဘာလို့ ဒီလောက်တောင်ဂျီးများနေရတာလဲ... အကြောင်းပြချက်လည်း မရှိ]
[ချမ်းသာတဲ့ ယောကျာ်းလေး... အပြင်ပန်းမှာတော့ အေးစက်ပြီးမာနကြီးပေမဲ့ အတွင်းစိတ်ကတော့ နုနယ်တယ်... အပြင်ပန်းမှာ ဟန်ဆောင်နေတာ သက်သက်ပါ]
ရှုယောင် : "..." မင်းမှာ ယဉ်ကျေးမှုရော ရှိသေးရဲ့လား ?
ရှုယင်းယင်းက ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်နေလိုက်ပြီး မီးပွိုင့်စောင့်နေစဉ် ရုတ်တရက် ဈေးဝယ်စင်တာထဲသို့ ဝင်သွားသော ရင်းနှီးသည့်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
[အဲဒါ ယောင်ယောင်လား]
ရှုယင်းယင်း စနစ်ကို မေးလိုက်သည်။
[သူပဲ၊ အလုပ်ချိန်ကြီး ဈေးဝယ်စင်တာထဲ ဘာသွားလုပ်တာလဲ]
[သူ့ အမေအရင်းနဲ့ သွားတွေ့တာ ဖြစ်နိုင်မလား]
ရှုယောင် ရှုယင်းယင်း၏ပြတင်းပေါက်ကို ကြည့်လိုက်ရာ ဈေးဝယ်စင်တာမှန်နံရံများမှတစ်ဆင့် ယောင်ယောင့် ကျောပြင်ကို မြင်လိုက်ရပြီး သူမ အမျိုးသမီးတစ်ဦးနောက်သို့ လိုက်သွားပုံရသည်။
[သူ့နောက်ကိုလိုက်ပြီး သွားကြည့်ကြရအောင်]
စနစ်၏မေးခွန်းထုတ်သံမှာ အလွန်စိတ်အားထက်သန်နေပုံရသည်။
[ဒါပေါ့ သွားရမှာပေါ့... ငါ့အဖေရဲ့အချစ်ဦးမှာ ဘယ်လို လှည့်ကွက်တွေရှိနေလဲဆိုတာ ငါ ကိုယ်တိုင်မြင်ရမှ ဖြစ်မယ်... ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူကို သိမှအနိုင်ရနိုင်မှာလေ]
ဆက်တိုက် ထွက်ပေါ်လာသော ပေါက်ကွဲဖွယ်သတင်းများကြောင့် ရှုယောင်မှာ အံ့ဩခြင်းနှင့် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာပြီး နောက်ယောင်ခံလိုက်ရန် ဆင်ခြေတစ်ခု ရှာတွေ့နိုင်ရန် ဦးနှောက်ကို အတင်းအလုပ်ပေးနေ တော့သည်။
သူ အတင်းအဖျင်း မစားချင်ပါဘူး... အဓိကက သူ့ရဲ့ ရင်းနှီးမှုမရှိသေးတဲ့ ဝမ်းကွဲအစ်မကို ကာကွယ်ပေးချင်လို့ပါနော်
"ဦးလေးကျန်း... ခဏနေ ဒီလမ်းဆုံကိုကျော်သွားရင် ကျွန်မကို ချပေးဖို့ နေရာတစ်ခုရှာပေးပါ၊ ကျွန်မ ကုမ္ပဏီကို ကိုယ့်ဘာသာပဲ ပြန်သွားလိုက်ပါ့မယ်... ဦးလေး ရှုယောင်ကို အိမ်ပြန်ပို့ပေးပြီး အလုပ်ဆင်းလို့ရပါပြီ"
ယာဉ်မောင်း သဘောတူရန် ပြင်လိုက်စဉ် ရှုယောင်က "ကျွန်တော်လည်း အရှေ့နားမှာ ကားပေါ်ကဆင်းမယ်"
ရှုယင်းယင်း သူ့အား စချင်သည့် အကြည့်ဖြင့်ကြည့်ကာ "နင် အိမ်ကို လမ်းလျှောက်ပြန်ချင်သွားပြန်ပြီလား"
"ငါ စဉ်းစားပြီးပြီ... အမေက ငါ့ကို မင်းဆီ အပ်ထားခဲ့မှတော့ ဒီနေ့ မင်းဘယ်သွားသွား ငါ လိုက်မယ်"
[နာနီ...?? ဒါ လူလည်ကျတာ မဟုတ်ဘူးလား!!]
ရှုယောင် မကြားချင်ယောင်ဆောင်နေပြီး ထားစရာနေရာမရှိသော သူ့ လက်ဖဝါးများက သူ့ခြေထောက်များကို အားကိုးရာမဲ့စွာ ပွတ်သပ်နေမိသည်။
"ဒုတိယဒေါ်လေးက နင့်ကျောင်းကိစ္စကို ဖြေရှင်းပေးဖို့ပဲ ငါ့ကိုခိုင်းခဲ့တာ၊ အဲဒါကို ငါ လုပ်ပြီးသွားပြီ... နင် လုပ်စရာရှိ တာ သွားလုပ်လေ၊ ငါ့နောက် မလိုက်ခဲ့နဲ့"
"မရဘူး... ငါ့ကို အမေ့ဆီပို့ပေးတဲ့အထိ ငါ့လုံခြုံရေးအတွက် မင်း တာဝန်ယူရမယ်"
"..."
[အား... သူက မားမားဘွိုင်းများလား... ပြီးတော့ အရှက်လည်း မရှိဘူး၊ ဒါ လိမ်နေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒါ အမှန်ဖြစ်နိုင်မှာလဲ!]
[အော်... သူ လိုက်ချင်ရင်လည်း လိုက်ပါစေပေါ့... သူက သုံးနှစ်သားအရွယ် ကလေးမှမဟုတ်တာ၊ ပျောက်မသွား နိုင်ပါဘူး]
[သူ ပျောက်သွားမှာကို ငါ ကြောက်နေလို့လား ? ယောင်ယောင်နဲ့ သူ့အမေအရင်းရဲ့ ဖရဲသီးစားတာကို သူ လာနှောင့် ယှက်မှာ စိုးလို့ပါ]
'ဖရဲသီး' ဆိုသည့် စကားလုံးက ရှုယောင်ကိုအားတက်သွားစေပြီး သူ သေရင်တောင် နောက်ကနေလိုက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
[ဘာတွေ ကြောက်နေတာလဲ... ခဏနေ သူ့ကို ထားခဲ့ဖို့ အခွင့်အရေးတစ်ခုရှာလိုက်ပေါ့... ပြီးရင် အေးဆေးဖြစ်သွားပြီ]
[အဲဒီလိုပဲ လုပ်ရတော့မှာပေါ့... ဆင်းမယ်!]
ကားရပ်လိုက်သည်နှင့် တပြိုင်နက် ရှုယင်းယင်း တံခါးကို စိတ်မရှည်စွာ ဖွင့်ကာ ကားပေါ်မှဆင်းလိုက်ရာ လူကို ထားခဲ့ချင်သည့် ရည်ရွယ်ချက်မှာ အရမ်းကိုသိသာလွန်းနေသည်။
ရှုယောင်သည် အရပ်ရှည်ပြီးခြေတံရှည်သဖြင့် ခြေလှမ်းနှစ်လှမ်း သုံးလှမ်းခန့်ဖြင့် အမီလိုက်လာပြီးနောက် ရှုယင်းယင်း၏အင်္ကျီစကို တိုက်ရိုက်ဆွဲကိုင်ထားလိုက်သည်။
ရှုယင်းယင်းမှာ စကားပင်မပြောနိုင်တော့ဘဲ ရှုယောင်ကိုမယုံကြည်နိုင်စွာ ကြည့်လိုက်ပြီးနောက် သူမ အင်္ကျီစကို ဆွဲကိုင်ထားသော သူ့ လက်ကို ကြည့်ကာ "နင် ဘာလုပ်နေတာလဲ"
"ငါ လမ်းပျောက်မှာ ကြောက်လို့"
"..."
ရှုယင်းယင်း : ….
ငါ ယုံမယ်လို့ ထင်နေလား?
ရှုယောင် :…
မင်း ယုံရမှာပေါ့၊ ဘာလို့လဲဆိုတော့ ငါ အရင်ဆုံး အရူးဟန်ဆောင်ထားတာလေ