အခန်း (၁၈)
Vol. 2 Ch. 18
🍁 Chapter 18
ချစ်လှစွာသော အမျိုးသမီး၏တိုက်ပွဲဝင်စိတ်ဓာတ်များ ပြန် လည်တောက်လောင်လာသည်ကို ကြည့်ရင်း ချန်ချွမ် ပြုံးကာ သူမကို ရင်ခွင်ထဲသို့ဆွဲဖက်လိုက်သည်။
သူ နူးညံ့စွာ ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ မင်း ရှုဟုန်ရှန်းနဲ့ သူ့သားဆီက ခံစားခဲ့ရတဲ့ စော်ကားမှုတွေအတွက် ငါ ကလဲ့စားချေပေးပါ့မယ်၊ အဲဒီမတိုင်ခင်တော့ မင်း ယောင်ယောင့်ကို အရင်ဆုံးချော့မော့ထားဖို့ပဲ လိုတယ်"
"သူမ အခုလို အေးစက်နေတာက နာကြည်းမှုတွေကြောင့်ပါ၊ မင်းရဲ့ အစားထိုးပေးချင်တဲ့ ရိုးသားမှုနဲ့ မေတ္တာကို သူ ခံစားရတဲ့အခါ သဘာဝအတိုင်း သတိထားမှုတွေလျော့ကျသွားလိမ့်မယ် ၊ ရှုယင်းယင်း ပြဿနာ စမရှာသေးတော့ ယောင်ယောင့်မှာ သူ့ရဲ့ ကံဆိုးတဲ့ ဘဝအကြောင်းတွေးဖို့ အချိန်ရနေသေးတယ်၊ ရှုယင်းယင်း သူ့ကို ပစ်မှတ်ထားပြီး ဖယ်ထုတ်လာတဲ့အခါ ရှုမိသားစုမှာ သူ အပိုလူဖြစ်နေပြီဆိုတာကို သိလာတဲ့ အချိန်ကျရင် သူ ငါတို့ကို ကယ်တင်ရှင်အဖြစ် သဘာဝကျကျနဲ့ လက်ခံလာလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက်တည်းကသာ သူ့ရဲ့အနီးကပ်ဆုံး မိဘအရင်းတွေ ဖြစ်နေလို့ပဲ၊ ဒါကြောင့် ဖြည်းဖြည်းချင်း လုပ်ပါ၊ မလောနဲ့
အချစ်လေး.."
"အင်း... ကျေးဇူးတင်ပါတယ် အားချွမ်၊ ရှင်သာ မရှိရင် ကျွန်မ စောစောကတည်းက သေနေလောက်ပြီ၊ ရှင်က ကျွန်မကို ဒုတိယဘဝပြန်ပေးခဲ့တာပါ၊ ပြီးတော့ ကလဲ့စားချေတတ် အောင်လည်း သင်ပေးခဲ့တယ်၊ မစိုးရိမ်ပါနဲ့၊ ကျွန်မ ယောင်ယောင့်ဆီ ဆက်ပြီးချဉ်းကပ်သွားပါ့မယ်၊ ကျွန်မတို့ရဲ့ အနှစ်နှစ်ဆယ်ကျော် အစီအစဉ်ကို ဘယ်တော့မှ အဖျက်ဆီးမခံပါဘူး"
ချန်ချွမ်က ခပ်တိုးတိုး ညည်းတွားလိုက်ပြီး သူမကိုပိုတင်း ကျပ်စွာ ဖက်ထားလိုက်သည်။
---------
ဆေးရုံ စစ်ဆေးရေးခန်း အပြင်ဘက်တွင်
ရှုယန်ဝေသည် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်နေပြီး၊ တစ်ခါတစ်ရံ လက်ချောင်းများကို ကိုက်ကာ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်၍ တွေးတောနေသည်။ သူမ၏ တစ်ကိုယ်လုံးကို မီးပုံပေါ် မှာ လမ်းလျှောက် နေသကဲ့သို့ စိတ်ထဲတွင် ပူပြင်းပြီး လောင်မြှိုက်နေသည်။
ကူးချန်မှာ ပြဿနာ တစ်ခုခု ရှိသွားမည်ကို သူမ တကယ်ပဲ ကြောက်နေမိသည်။ အကယ်၍ သူတို့၏အိမ်ထောင်ရေးက ကလေးမရနိုင်ဘူးလို့ ကံကြမ္မာ သတ်မှတ်ထားရင် သူမ ဘယ်လို ရှေ့ဆက်ရမလဲ?
ယင်းယင်း စိတ်ထဲကအသံက သူမရဲ့ လုပ်ရပ်များကို အပြစ် တင်နေသကဲ့သို့ ခံစားရစေသည်။ ကူးချန်ကို ချည်နှောင်ထားရန် ကလေးများကို အသုံးမချသင့်သလို ကလေးများကို အပေးအယူတစ်ခုအဖြစ် သက်မှတ် ထားသည်မှာလည်း မဖြစ်သင့် ပေ။
ကလေးများဆိုသည်မှာ ချစ်ခြင်း၏သက်သေ၊ ချစ်ခြင်း၏ အဆက်အနွယ်သာ ဖြစ်သင့်သည်။ ထိုအရာများမှ လွဲ၍ တခြားအရာများကို ပြောဆိုခြင်းက ကလေးများအတွက် ဖြက်မရသည့် အမည်းစက် နစ်နာမှုများသာ ဖြစ်စေလိ့မ်မည်။
သို့သော်လည်း သူမသည် ကူးချန်ကို လက်လွှတ်ရမည်ကို ကြောက်နေသည်။ နှစ်ပေါင်းများစွာ ချစ်မြတ်နိုးပြီး တန်ဖိုးထားခဲ့ရမှုများက နောက်ဆုံးတွင် အရှက်ရစရာ ဟာသတစ်ခု ဖြစ်သွားမည်ကို သူမ ကြောက်ရွံ့နေသည်။
ကူးချန်ကို သူမ ဘယ်လောက်တောင် အားတက်သရောလိုက်ခဲ့ရသလဲ၊ ကူးချန်နှင့် သူမ မင်္ဂလာအခမ်းအနား ကိုလည်း နိုင်ငံတစ်ဝှမ်းရှိ မီဒီယာများက နေလည်း တခမ်းတနားနှင့်
သတင်းဖော်ပြခဲ့ကြသည်။
တက်ရောက်လာသူများမှစ၍ မင်္ဂလာပွဲ၏ ကြီးကျယ်ခမ်းနားမှု၊ အခမ်းအနား၏ အပြင် အဆင်နှင့် ဒီဇိုင်းများကလည်း အဆိုပါနှစ်ရဲ့ အခမ်းနားဆုံးနဲ့ အကောင်းဆုံး မင်္ဂလာပွဲ တစ်ပွဲဖြစ်ခဲ့သည်။
ထိုအခမ်းနားဆုံး မင်္ဂလာပွဲက အကယ်၍ တစ်နေ့နေ့တွင်
"ဇနီးဖြစ်သူက ခင်ပွန်း၏ ထပ်တလဲလဲ ဖောက်ပြန်မှုများကို မခံနိုင်တော့ သဖြင့် ကွာရှင်းခြင်း" ဟူသော ပုံစံဖြင့် အဆုံး သတ်သွားပါက အဆုံးမရှိတဲ့ ဝေဖန် ကဲ့ရဲ့ရှုပ်ချကြမည့်
လူထုရဲ့ ထင်မြင်ချက်များက သူ့အားစောင့်ကြိုနေမည်နည်း။
မဟုတ်ဘူး... မဖြစ်ရဘူး!..အဲလို.ဖြစ်မလာစေရဘူး..
အဆိုပါ မြင်ကွင်းကို အနည်းငယ် တွေးမိလိုက်ရုံဖြင့် ခေါင်းကနေ ရေခဲရေများ ပုံးလိုက် လောင်းချသကဲ့သို့ အေးစက်တောင့်တင်းမှု့ မျိုးကိုခံစားလိုက်ရသည်။ ထိုနေ့သာ တကယ်ရောက်လာပါက သူမ သေချာပေါက် ရှက်ရွံ့ပြီး ဒေါသထွက်ကာ သေသွားရလိမ့်မည်။
သေရမည်ဆိုလျှင်တောင် သူမ ထိုအခြေအနေမျိုးသို့ ကိုယ့်ကိုယ်ကိုယ် အရောက်မခံနိုင်ပေ။
ဆေး စစ်ဆေးရေးခန်း တံခါးပွင့်လာပြီး ကူးချန် ရှပ်အင်္ကျီ လက်စကို ခေါက်တင်ရင်း သူမဆီသို့ လျှောက်လာသည်။ ဒေါက်တာရှုလည်း အနောက် မှာ လိုက်ပါလာခဲ့သည်။
သူ့ကို မြင်သည်နှင့် ရှုယန်ဝေက ချက်ချင်းဆီးကြိုကာ စိတ်အားထက်သန်စွာဖြင့် ပြေးဖက်လိုက်ရင်း အနောက်မှာ လိုက်ပါလာသည့် ဒေါက်တာရှု့ ကိုလည်း မေးလိုက်သည်။
"ဆရာရှု... စစ်ဆေးမှု ရလဒ်တွေက ဘယ်လိုလဲဟင်"
ဒေါက်တာရှုက နူးညံ့စွာ ပြုံးလိုက်ပြီး "မစ်ရှု... မစိုးရိမ်ပါနဲ့၊ ခင်ပွန်းဖြစ်သူအတွက် စစ်ဆေးဖို့ လိုအပ်တဲ့ နမူနာတွေကို ယူထားပြီးပါပြီ၊ တိကျတဲ့ အချက်အလက်တွေကို သေချာသ်ိရဖို့ စမ်းသပ်စစ်ဆေးတာက တစ်ရက်ကနေ နှစ်ရက်အထိ ကြာပါလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျွန်တော် ထပ်ပြီး အကြောင်းကြားပေးပါ့မယ်"
ရှုယန်ဝေ မျက်ဝန်းထဲတွင် စိတ်ပျက်သွားသည့် အရိပ်အ ယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမ ဒီနေ့ချက်ချင်း ရလဒ်ထွက်လာလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
"ဟုတ်ကဲ့... ဒါဆို ဆရာရှုကိုပဲ ဒုက္ခပေးရတော့မှာပေါ့"
ကူးချန်က သူမကိုယ်စား ဆရာဝန်ကို ကျေးဇူးတင်စကား ပြောလိုက် တော့ ရှုယန် ဝေ လည်း မနေသာတော့ပဲ "ကျေးဇူးတင်ပါတယ်" အတင်းပြုံးကာ ပြောလိုက်သည်။
ဒေါက်တာရှု ထွက်သွားပြီးနောက် ကူးချန်က သူမ၏ ပုခုံးကို အသာအယာ သိုင်းဖက်ကာ ညင်သာစွာဖြင့် နှစ်သိမ့်လိုက်သည်။
"မစိုးရိမ်ပါနဲ့ ဇနီးလေးရယ်၊ ကိုယ်က တစ်နှစ်ပတ်လုံးလေ့ ကျင့်ခန်း လုပ်လာတာ၊ ကိုယ့် ခန္ဓာကိုယ်မှာ ဘာမသက်မသာမှ မခံစားရပါဘူး၊ မင်းက အရမ်း စိတ်လှုပ်ရှားနေလို့ပါ၊ အဖေ ပြောသလိုပဲ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အများကြီးမပေးပါနဲ့၊ ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့... ဟုတ်ပြီလား"
"အင်း.." ရှု့ယန်ဝေက ခပ်တိုးတိုးသာ အသံပြုလိုက်သည်။
" ဒါဆို..သွားရအောင်လေ ၊ ကိုယ် မင်းကို အိမ်အရင်ပို့ပေးမယ်၊ ပြီးမှ ကုမ္ပဏီသွားမယ်"
ထိုစဉ် ဖုန်းမြည်လာလို့ သူက ဖုန်းကို ထုတ်ကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူ အမည်တွင် ကူးချန်၏အတွင်းရေးမှူးများထဲမှ တစ်ဦးဖြစ်သော 'ရှန်လင်း' ဟု ပေါ်နေသည်။
ရှုယန်ဝေသည် သစ်ပင်ရိပ်လမ်းနှင့် ကားပေါ်က ကိစ္စကို မသိစိတ်မှ သတိရသွားပြီး သူမ၏ အပြုံးများ တောင့်တင်းသွားသည်။
ကူးချန်က ဘာမျှမတွေးဘဲ ဖုန်းချလိုက်ပြီးအသံပိတ်ထားလိုက်ပြီး အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
"ဘာလို့ ဖုန်းမကိုင်တာလဲ" ရှုယန်ဝေက ဘာမှမသိသယောင် ဟန်ဆောင်ကာ မေးလိုက်သည်။
"ဒီနေ့က အရေးကြီးတဲ့နေ့လေ၊ ဇနီးလေးကို အိမ်အရင်ပို့ပေးဖို့က ကိုယ့် တာဝန်ပဲ ဒါကြောင့် ဘယ်လို နှောင့်အယှက် တွေမှ ပေးမဝင်နိုင်ဘူး"
အကယ်၍ ဤစကားကို အရင်ကဆိုလျှင် သူမ မျက်ရည်ကျလောက်အောင် ပီတိဖြစ်မိမည်မှာ သေချာသော်လည်း ယခုအခါတွင်မူ သူမ မသက်မသာမှုကိုသာ ခံစားနေရသည်။
ရှောင်ချီ ပြောနေသည့် အတွင်းရေးမှူးမှာ မည်သူမည်ဝါဖြစ်ကြောင်း သေချာမသိရသော်လည်း ကူးချန်၏အပြုအမူကိုကြည့်ခြင်းအားဖြင့် ဤအရာဖြစ်နိုင်ခြေများသည်။
ကူးချန် သူမကို အိမ်တံခါးဝအထိလိုက်ပို့ပြီးမှ အလုပ်ရှိရာကို ထွက်ခွာသွားသည်။
ရှုယန်ဝေ စာကြည့်ခန်းသို့ ပြန်ရောက်သည်နှင့် သူမငှားထားသော စုံထောက်ထံသို့ ရှန်လင်းအကြောင်းကို စုံစမ်းပေးရန် မက်ဆေ့ချ် တစ်ဆောင် သူမ ပို့လိုက်တော့သည်။