← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) သရဲပူးတာလား

‎

‎

‎

‎ချန်နိုင်ငံ၊ ပေဖုန်းစီရင်စု၊ ဝေမြို့။

‎

‎

‎ဟောင်းနွမ်းပျက်စီးနေသည့် တာအိုဘုန်းကြီးကျောင်းတစ်ကျောင်း။

‎

‎

‎ဆိုင်းဘုတ်ပေါ်တွင်

‎

‎

‎"ချင်းယွန်းကျောင်း"

‎

‎

‎ ဟူသည့် စာလုံးကြီးသုံးလုံးကို ခပ်ဝါးဝါး မြင်တွေ့နိုင်သည်။

‎

‎

‎အရှေ့ဘက်ကောင်းကင်တွင် အလင်းရောင်ဖျော့ဖျော့ ပေါ်ထွက်လာသည်။

‎

‎

‎ဒုန်း ဒုန်း ဒုန်း

‎

‎

‎

‎အိပ်ရာမှ မထသေးသည့် လီယန်ချူသည် အလွန်အမင်း အလျင်စလိုဖြစ်နေသည့် တံခါးထုသံကို ကြားလိုက်ရသည်။

‎

‎

‎"တာအိုဆရာလေး လီ တာအိုဆရာလေး လီ ကယ်ပါဦးဗျ"

‎

‎

‎တံခါးပြင်ပမှ စိုးရိမ်တကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

‎

‎

‎ချင်းယွန်းကျောင်း၏ တစ်ဦးတည်းသော တာအိုရဟန်းဖြစ်သည့်အတွက် လီယန်ချူသည် ထိုကဲ့သို့သော အသံမျိုးကိုပင် တော်တော်လေး စိမ်းနေခဲ့ပြီဖြစ်သည်။

‎

‎

‎

‎စောစောပိုင်းနှစ်များက တာအိုဆရာကြီးဖြစ်သူ ဆရာဖြစ်သူ ရှိစဉ်တုန်းကတော့ အိမ်တွင် တစ်စုံတစ်ခု ထူးဆန်းမှုဖြစ်၍ဖြစ်စေ၊ ထူးဆန်းသောကိစ္စများ ပေါ်ပေါက်၍ဖြစ်စေ လူများ တစ်ခါတစ်ရံ ရောက်လာတတ်ကြသည်။

‎

‎

‎

‎လီယန်ချူသည် အိပ်ရာမှ ထ၍ တာအိုဝတ်စုံကို ကောက်စွပ်ကာ တံခါးမကြီးဆီသို့ လျှောက်သွားလိုက်သည်။

‎

‎

‎ဒုန်း ဒုန်း ဒုန်း

‎

‎

‎တံခါးထုသံမှာ အဆက်မပြတ်ဘဲ အလွန်အမင်း အလျင်စလို ဖြစ်နေဆဲပင်။

‎

‎

‎"လာပြီ"

‎

‎

‎ ဟု လီယန်ချူ လှမ်းအော်လိုက်သည်။

‎

‎

‎တံခါးမင်းတုပ်ကိုဖြုတ်၍ တံခါးကိုဖွင့်လိုက်သည့်အခါ လီယန်ချူ၏ မျက်လုံးထဲတွင် အံ့သြသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

‎

‎

‎အပြင်ဘက်တွင် အစေခံဝတ်စုံဝတ်ထားသည့် လူငယ် ၄-၅ ယောက် ရပ်နေပြီး ခေါင်းဆောင်ဖြစ်သူ တည်ငြိမ်သည့်ပုံစံရှိသော လူငယ်က စိုးရိမ်တကြီးဖြင့် ပြောလာသည်။

‎

‎

‎"တာအိုဆရာလေး လီ ကျွန်တော်က ချန်မိသားစုကပါ အိမ်မှာ ကိစ္စတစ်ခုဖြစ်လို့ တာအိုဆရာလေးကို ကူညီပေးဖို့ လာပင့်တာပါ"

‎

‎

‎အလုပ်ဝင်ပြီပဲ... လီယန်ချူ မျက်လုံးဝင်းခနဲဖြစ်သွားပြီး

‎

‎

‎

‎ "ဘာဖြစ်တာလဲ"

‎

‎

‎ဟု မေးလိုက်သည်။

‎

‎

‎ထိုတည်ငြိမ်သည့် လူငယ်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အသံကိုနှိမ့်ကာ

‎

‎

‎"တာအိုဆရာလေး ကျွန်တော်နဲ့ လိုက်ခဲ့ပါ အိမ်တော်ရောက်ရင် တစ်ချက်ကြည့်လိုက်တာနဲ့ သိပါလိမ့်မယ်"

‎

‎

‎ ဟု ဆိုသည်။

‎

‎

‎

‎လျှို့ဝှက်ချက်တွေနဲ့ပါလား... လီယန်ချူ ခေါင်းညိတ်လိုက်ပြီး

‎

‎

‎ "ခဏစောင့်ဦး"

‎

‎

‎ဟု ပြောကာ အခန်းထဲသို့ ပြန်လှည့်ဝင်သွားသည်။

‎

‎

‎ယခုအချိန်တွင် တစ်ကိုယ်လုံး၌ ကြေးပြား ၁၃ ပြားသာ ကျန်ရှိတော့သဖြင့် ထိုမျှအထိ ဆင်းရဲနေချိန်တွင် အလုပ်ရှိလျှင် မယူစရာ အကြောင်းမရှိပေ။

‎

‎

‎အသက်မရှိလျှင် နောက်ဘဝတွင် ပြန်စ၍ရသည်။

‎

‎

‎

‎ပိုက်ဆံမရှိလျှင် သေလျှင်ပင် စိတ်ဖြောင့်မည်မဟုတ်။

‎

‎

‎

‎အခန်းထဲသို့ပြန်ဝင်၍ တာအိုဝတ်စုံကို သေချာဝတ်၊ မက်မွန်သားဓားကို ကျောမှာလွယ်၊ ဆရာကြီး ချန်ထားပေးခဲ့သည့် ရွှေရောင်အလင်း မန္တန်စက္ကူအချို့ကို ထည့်လိုက်သည်။

‎

‎

‎ခဏစဉ်းစားပြီးနောက်...

‎

‎

‎လီယန်ချူသည် ခေါင်းအုံးအောက်ရှိ ပစ္စည်းများကို ထုတ်ယူလိုက်သည်။

‎

‎

‎သစ်သားဖြင့်လုပ်ထားသည့် သံလက်သီး တစ်စုံကို ရင်ဘတ်ထဲထည့်၊ ထက်မြက်သည့် သားသတ်ဓား တစ်လက်ကို ခါးနောက်တွင် ထိုးလိုက်သည်။

‎

‎

‎ပြင်ဆင်ပြီးသည်နှင့် တံခါးဝသို့ လျင်မြန်စွာပြန်ထွက်လာပြီး ချန်မိသားစုမှ အစေခံများနှင့်အတူ ချန်အိမ်တော်သို့ အပြေးအလွှား လိုက်ပါသွားတော့သည်။

‎

‎

‎လမ်းတွင် လီယန်ချူက ဘာကိစ္စဖြစ်သည်ကို အသံတိုးတိုးဖြင့် မေးမြန်းသည်။

‎

‎

‎အစေခံခေါင်းဆောင် ချန်ယွမ်သည် ဘေးဘီတွင် လူမရှိသည်ကို မြင်သောအခါမှ လီယန်ချူအား အဖြစ်အပျက်ကို အသံနှိမ့်၍ ပြောပြသည်။

‎

‎

‎လီယန်ချူသည် ကြားလိုက်ရသည်နှင့် ချက်ချင်း ထိတ်လန့်သွားသည်။

‎

‎

‎မျက်လုံးများထဲတွင်လည်း စဉ်းစားတွေးတောသည့် အရိပ်အယောင်များ ပေါ်လာသည်။

‎

‎

‎ချန်မိသားစုသည် ဒေသခံ သူဌေးကြီးဖြစ်ပြီး ပိုင်ဆိုင်မှု များပြားသည်။

‎

‎

‎

‎ချန်အဘိုးကြီးမှာ အသက် ၅၀ ရှိပြီဖြစ်ပြီး အမြဲတမ်း အပြင်တွင်သာ ရှိနေတတ်သည်။

‎

‎

‎

‎သူ့တွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက် ရှိသည်။

‎

‎

‎

‎ယခုတစ်ကြိမ် ပြဿနာဖြစ်နေသူမှာ ချန်မိသားစု၏ တတိယသခင်မလေးပင် ဖြစ်သည်။

‎

‎

‎

‎"ဒါကြောင့်လည်း ဒီလူက ပြောရမှာကို ဖုံးဖုံးဖိဖိ လုပ်နေတာကိုး"

‎

‎

‎ဟု လီယန်ချူ စိတ်ထဲမှ တွေးလိုက်သည်။

‎

‎

‎

‎ချန်မိသားစု၏ တတိယသခင်မလေးမှာ အိမ်တွင် သရဲပူးသလိုဖြစ်ကာ စကားများ ရောင်ယမ်းပြောနေပြီး ရူးသွပ်နေသကဲ့သို့ ဖြစ်နေသည်။

‎

‎

‎

‎အခန်းထဲတွင် အမျိုးသားတစ်ဦး၏ ရယ်မောသံများ ခဏခဏ ထွက်ပေါ်လာတတ်သော်လည်း လူဝင်ကြည့်သည့်အခါ သခင်မလေး တစ်ဦးတည်းသာ ရှိနေတတ်သည်။

‎

‎

‎"ဒါက ကာမရမ္မက် သရဲ နှောင့်ယှက်နေတာနဲ့ တူလှချည်လား"

‎

‎

‎လီယန်ချူ စိတ်ထဲမှ ဆိုသည်။

‎

‎

‎

‎လွန်ခဲ့သည့် တစ်နှစ်က သူသည် ချန်နိုင်ငံ ဟုခေါ်သည့် ရှေးဟောင်းပဒေသရာဇ် လူ့အဖွဲ့အစည်းနှင့်တူသော နေရာသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

‎

‎

‎

‎ချန်မိသားစု၏ တတိယသခင်မလေးမှာ ကာမရမ္မက်သရဲ နှောင့်ယှက်ခြင်းကို ခံနေရသဖြင့် အဝတ်အစားများ ဖရိုဖရဲဖြစ်ကာ စကားများ ရောင်ယမ်းပြောနေသောကြောင့် အိမ်တော်ရှိ အမျိုးသားများမှာ အနားသို့ မကပ်ရဲကြပေ။

‎

‎

‎

‎ထို့ကြောင့် ချန်မိသားစုသည် ချက်ချင်းပင် တာအိုဆရာများနှင့် ဘုန်းကြီးများကို ပင့်၍ ယတြာခြေ၊ အခမ်းအနားများ ပြုလုပ်စေခဲ့သည်။

‎

‎

‎လီယန်ချူ နားမလည်သည်မှာ အဘယ်ကြောင့် ချန်မိသားစုသည် မြို့ထဲရှိ နာမည်ကြီး တာအိုကျောင်းများနှင့် ဘုန်းကြီးကျောင်းများသို့ မသွားဘဲ သူ့ထံသို့ လာရှာရသနည်း ဟူသည့်အချက်ပင်။

‎

‎

‎

‎"သတင်းတွေ ပြန့်သွားရင် သခင်မလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးရိမ်လို့လား"

‎

‎

‎ဟု လီယန်ချူ တွေးလိုက်မိသည်။

‎

‎

‎ချန်မိသားစု၏ အိမ်တော်ထိန်းနှင့်တွေ့၍ စကားအနည်းငယ် ပြောဆိုပြီးသည့်နောက်မှသာ သူ ချက်ချင်းပင် နားလည်သွားတော့သည်။

‎

‎

‎

‎သူနှင့်ပေါင်းလျှင် ယခုသည် စတုတ္ထမြောက် ရောက်ရှိလာသည့် ပုဂ္ဂိုလ်ဖြစ်နေပြီဖြစ်သည်။

‎

‎

‎

‎သို့သော်လည်း...

‎

‎

‎ခြွင်းချက်မရှိဘဲ၊ ပုံမှန်အချိန်တွင် မိမိကိုယ်ကို တန်ခိုးစွမ်းအားကြီးသည့် ရဟန်းကြီးများ၊ တာအိုဆရာများဟု ကြွေးကြော်နေသူအားလုံးမှာ...

‎ချန်မိသားစု တတိယသခင်မလေး အခန်းထဲရှိ အရာ၏ အရိုက်အနှက်ကို ခံရ၍ ထွက်ပြေးခဲ့ကြရသည်။

‎

‎

‎အဝတ်အစားများ စုတ်ပြတ်သတ်ကာ အကြီးအကျယ် ကြောက်လန့်သွားခဲ့ကြရသည်။

‎

‎

‎ချန်မိသားစု၏ အိမ်တော်ထိန်းသည် ရှေးယခင်က လီယန်ချူ၏ ဆရာဖြစ်သူနှင့် တွေ့ဖူးသဖြင့် ထိုဆရာကြီးမှာ အရည်အချင်းရှိသည့် တာအိုဆရာဖြစ်မှန်း သိထားသည်။

‎

‎

‎

‎ထို့ကြောင့်လည်း ဆရာအိုကြီး၏ တစ်ဦးတည်းသော တပည့်ဖြစ်သည့် လီယန်ချူကို လာပင့်ခိုင်းခြင်း ဖြစ်သည်။

‎

‎

‎

‎ဒါဟာ သေခါနီးမြင်းကို အရှင်ကုသသည့်နည်း (မျှော်လင့်ချက်မရှိသော်လည်း စမ်းကြည့်သည့်သဘော) သာ ဖြစ်သည်။

‎

‎

‎လီယန်ချူကို မျှော်လင့်ချက် သိပ်မရှိသော်လည်း ချန်မိသားစု အိမ်တော်ထိန်းသည် အလွန်ယဉ်ကျေးပျူငှာပြီး မည်သည့် မောက်မာစော်ကားသည့် အမူအရာမျိုးကိုမျှ မပြသခဲ့ပေ။

‎

‎

‎"တာအိုဆရာလေး ဆရာကြီးက တကယ့်ကို အရည်အချင်းရှိတဲ့ ပညာရှင်တစ်ဦးပါ ဒါကို ကျွန်တော် ကိုယ်တိုင် မြင်ဖူးပါတယ် အခု သခင်မလေးက မိစ္ဆာနှောင့်ယှက်တာကို ခံနေရလို့ တာအိုဆရာလေး ကူညီပေးဖို့ မျှော်လင့်ပါတယ်၊ ကိစ္စပြီးရင်တော့ ဆုလာဘ် အကြီးအကျယ် ပေးပါ့မယ် "

‎

‎

‎ချန်အိမ်တော်ထိန်းမှာ ချန်မိသားစု၏ အိမ်တော်ထိန်းဖြစ်သည့်အတွက် လူမှုဆက်ဆံရေးတွင် တကယ်ကို ကျွမ်းကျင်လှသည်။

‎

‎

‎လီယန်ချူအား အရင်ဆုံး အဆင့်မြှင့်တင်ပြောဆိုပြီး လေးစားမှု အပြည့်ပေးထားသည်။

‎

‎

‎လီယန်ချူ စိတ်ထဲမှ ရေရွတ်လိုက်မိသည်မှာ၊ ထိုကဲ့သို့သော ချမ်းသာသည့် အိမ်တော်ကြီးများတွင် မည်သူမျှ ရိုးရှင်းသူမရှိကြပေ။

‎

‎

‎"အိမ်တော်ထိန်း ချန်ကလည်း အားနာစရာကြီးပါ ကျွန်တော် တတ်နိုင်သမျှ ကြိုးစားပေးပါ့မယ်"

‎

‎

‎ဟု လီယန်ချူ ဆိုလိုက်သည်။

‎

‎

‎မကြာမီ...

‎

‎

‎သူသည် အိမ်တော်ထိန်း ချန်နောက်မှ လိုက်၍ နောက်ဖေးဆောင်သို့ ရောက်လာသည်။

‎

‎

‎ချန်မိသားစု၏ ကြွယ်ဝမှုမှာ ပြောင်မြောက်လှသည်၊ ပြာသာဒ်ဆောင်များ၊ ဥယျာဉ်များနှင့် ရေကန်များမှာ ကိုယ်ပိုင် အရှိန်အဝါ တစ်မျိုးရှိနေသည်။

‎

‎

‎ သို့သော်လည်း ထိုအရာများကြောင့် လီယန်ချူမှာ အမူအရာ ပျက်ယွင်းသွားခြင်း မရှိပေ။

‎

‎

‎အကြောင်းမှာ...

‎

‎

‎အရင်ဘဝတွင် မိုးမျှော်တိုက်ကြီးများကိုပင် သူ မြင်ဖူးခဲ့ပြီဖြစ်ရာ ဤမျှလောက် တည်ငြိမ်မှုမျိုးတော့ သူ့တွင် ရှိနေသည်။

‎

‎

‎သို့သော်လည်း အိမ်တော်ထိန်း ချန်က လီယန်ချူ၏ တည်ငြိမ်မှုကို မြင်သောအခါ စိတ်ထဲမှ သူ့အပေါ်ထားသည့် အကဲဖြတ်မှုမှာ အနည်းငယ် ပိုမြင့်တက်သွားသည်။

‎

‎

‎တတိယသခင်မလေး နေထိုင်သည့် နောက်ဖေးဆောင်တွင် လက်ပံပင်များနှင့် ပန်းပွင့်များ စိုက်ပျိုးထားကာ ပတ်ဝန်းကျင်မှာ အေးချမ်းဆိတ်ငြိမ်လှသည်။

‎

‎

‎

‎ထိုအချိန်တွင် တတိယသခင်မလေး၏ မိခင်ဖြစ်သူ ချန်ကတော်သည် အစေခံမလေးများ ခြံရံလျက် စိုးရိမ်တကြီးဖြင့် သခင်မလေး၏ အဆောင်ထဲတွင် စောင့်ဆိုင်းနေသည်။

‎

‎

‎သူမ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး မျက်မှောင်ကြုတ်လျက် အလွန်ပူပန်နေသည့် အရိပ်အယောင်များ ရှိနေသည်။

‎

‎

‎ချန်ကတော်သည် အလှအပနှင့် ပြည့်စုံသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ မြင့်မြတ်သည့် အရှိန်အဝါရှိကာ ဆွဲဆောင်မှုရှိသော အလှတရားတစ်မျိုး ရှိနေသည်။

‎

‎

‎

‎"သခင်မ... ဒါက ကျွန်တော် ပြောပြဖူးတဲ့ တာအိုဆရာကြီး ရွှမ်ချန်ရဲ့ တပည့် တာအိုဆရာလေး လီ ပါပဲ"

‎

‎

‎ဟု အိမ်တော်ထိန်း ချန်က မိတ်ဆက်ပေးလိုက်သည်။

‎

‎

‎"ရွှမ်ချန်" ဆိုသည်မှာ လီယန်ချူ ဆရာ၏ တာအိုဘွဲ့အမည်ပင် ဖြစ်သည်။

‎

‎

‎

‎ချန်ကတော်က ခေါင်းညိတ်ပြပြီး လီယန်ချူအား

‎

‎

‎ "သမီးလေးရဲ့ ကိစ္စအတွက် တာအိုဆရာလေးကိုပဲ အားကိုးရပါတော့မယ်"

‎

‎

‎ဟု ဆိုသည်။

‎

‎

‎မိခင်တစ်ဦးအနေဖြင့် ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများကို ပြင်ပလူအား ထုတ်ဖော်မပြောပြနိုင်ပေ။

‎

‎

‎ထိုမျှ ငယ်ရွယ်သည့် တာအိုဆရာလေးကို မြင်ရသောအခါ သူမ အနည်းငယ် စိတ်ပျက်သွားသော်လည်း၊ ယခုအချိန်မှာ ဘာမှမတတ်နိုင်သဖြင့် ကြုံရာနှင့် စမ်းကြည့်ရသည့် အခြေအနေဖြစ်၍ တစ်ခါလောက်တော့ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎လီယန်ချူသည် ချန်ကတော်၏ မျက်လုံးများကို ကြည့်လိုက်ရုံဖြင့် တစ်ဖက်လူက မိမိအား ငယ်လွန်းသည်ဟု ထင်ကာ အထင်သေးနေမှန်း သိလိုက်သည်။

‎

‎

‎သို့သော် သူ ဂရုမစိုက်ပေ၊ ဒါက လူ့သဘာဝပင် ဖြစ်သည်။

‎

‎

‎သူသည် မိမိ၏ ဒေါသကြောင့် မည်သည့် ပြင်းထန်သော တုံ့ပြန်မှုမျိုးကိုမျှ ပြုလုပ်မည်မဟုတ်။

‎

‎

‎ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး လီယန်ချူသည် နောက်လှည့်ကာ ဒုတိယထပ်သို့ တက်သွားလိုက်သည်။

‎

‎

‎ဒါက သီးသန့် အဆောင်လေးတစ်ခု ဖြစ်ပြီး အစေခံမလေးများက ပထမထပ်တွင် နေထိုင်ကာ၊ တတိယသခင်မလေးက ဒုတိယထပ်တွင် တစ်ဦးတည်း နေထိုင်ခြင်းဖြစ်သည်။

‎

‎

‎ ယခုအချိန်တွင် အစေခံများအားလုံး အပြင်ဘက်၌သာ ရှိနေကြပြီး အပေါ်သို့ မတက်ရဲကြပေ။

‎

‎

‎အကြောင်းမှာ ဤကဲ့သို့သော သရဲတစ္ဆေနှင့် ပတ်သက်သည့် ကိစ္စမျိုးမှာ သာမန်လူများအတွက် အကြောက်ဆုံးအရာ ဖြစ်နေသောကြောင့်ပင်။

‎

‎

‎

‎အရင် လာတဲ့သူတွေက အရိုက်ခံရတာဆိုတော့ ဒီသရဲက သိပ်တော့ မကြမ်းလောက်ပါဘူး... လီယန်ချူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခိုင်မာသည့် အကြည့်ဖြင့် အပေါ်သို့ တက်သွားလိုက်သည်။

‎

‎

‎ဒုတိယထပ် အခန်းထဲမှ မိန်းကလေးတစ်ဦး၏ ရယ်မောသံ ထွက်ပေါ်လာသည်။

‎

‎

‎ကြည်လင်ပြတ်သားသည်၊ နားဝင်ချိုသည်၊ သို့သော် အနည်းငယ် ရမ္မက်ဆန်သည့်ပုံစံမျိုး ဖြစ်နေသလား

‎နားထောင်ရသည်မှာ စိတ်ကို လှုပ်ရှားလာစေသည်။

‎

‎

‎သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး လီယန်ချူသည် စိတ်ထဲမှ အတွေးများကို တည်ငြိမ်အောင် ထားကာ တံခါးကို တွန်းဖွင့်၍ ဝင်သွားလိုက်သည်။

‎

‎

‎

‎အခန်းထဲသို့ ဝင်လိုက်သည်နှင့် စိတ်ကို ကြည်လင်စေသည့် အမွှေးနံ့တစ်ခုကို ရလိုက်သည်။

‎

‎

‎အခန်းတွင်း အပြင်အဆင်မှာ အလွန်ယဉ်ကျေးသိမ်မွေ့လှပြီး နေရာတိုင်းတွင် အမျိုးသမီးငယ်တစ်ဦး၏ နူးညံ့သိမ်မွေ့မှုကို ဖော်ပြနေသည်။

‎

‎

‎ကုတင်ကြီးပေါ်တွင် အဝတ်အစားများ ဖရိုဖရဲဖြစ်နေသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။

‎

‎

‎ဘဲဥပုံစံမျက်နှာ၊ မျက်တောင်ရှည်ရှည်၊ လှပသည့် မျက်နှာပေါက်နှင့် အသားအရေ ဖြူဖွေးသူဖြစ်သည်။

‎

‎

‎သူမကတော့ ချန်မိသားစု တတိယသခင်မလေး ဖြစ်သည်။

‎

‎

‎

‎ချန်လော့ရှင်း

‎

‎

‎လီယန်ချူ ဝင်လာချိန်တွင် တတိယသခင်မလေး၏ အခြေအနေမှာ အရင်ကထက် ပိုဆိုးနေပြီး အဝတ်အစားများမှာပင် သေသေသပ်သပ် မရှိတော့ပေ။

‎

‎

‎အင်္ကျီရင်ဘတ်မှာ ဟနေပြီး မျက်လုံးများအား ဖယ်ခွာရန် ခက်ခဲလှသည်။

‎

‎

‎မျက်နှာမှာ နီမြန်းနေပြီး၊ မျက်လုံးများမှာ ရီဝေနေကာ တဟားဟားနှင့် ရယ်မောနေသည်။

‎

‎

‎မျက်လုံးထဲတွင် ချစ်မြတ်နိုးသည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး လေဟာနယ်ထဲသို့ ကြည့်နေသည်။

‎

‎

‎ထိုနေရာတွင် သူမ အလွန်ချစ်မြတ်နိုးရသည့် အမျိုးသားတစ်ဦး ရှိနေသကဲ့သို့ပင်။

‎

‎

‎တစ်ခန်းလုံးရှိ မြင်ကွင်းမှာ ပြောမပြတတ်အောင် ထူးဆန်းပြီး ကျောချမ်းစရာ ကောင်းလှသည်။

‎

‎

‎‎

‎အခန်း (၂) - မိုးကြိုးပစ်ခံသစ်သား သံလက်သီးနှင့် သားသတ်ဓား

‎

‎"တတိယသခင်မလေး"

‎

‎လီယန်ချူက စမ်းတဝါးဝါးဖြင့် ခေါ်လိုက်သည်။

‎

‎ချန်တတိယသခင်မလေးသည် လီယန်ချူကိုကြည့်ကာ တဟားဟားနှင့် ရီဝေစွာ ရယ်မောနေပြီး၊ သူမ၏ နှုတ်ခမ်းကိုပင် လျှာဖြင့် တစ်ချက်သပ်ပြလိုက်သေးရာ ပြောမပြတတ်အောင် ဆွဲဆောင်ညို့ယူလွန်းလှသည်။

‎

‎လီယန်ချူက ခေါင်းကိုခါယမ်းလိုက်ပြီး ထပ်ခေါ်ပြန်သည်။

‎

‎ "တတိယသခင်မလေး"

‎

‎ထိုအချိန်တွင် ချန်မိသားစု တတိယသခင်မလေး၏ အင်္ကျီမှာ ပခုံးပေါ်မှ လျှောကျနေပြီး ဖြူဝင်းဥနေသော ပခုံးသားလေး ပေါ်ထွက်နေရာ တကယ့်ကို တောက်ပြောင်လှပသည့် အလှပန်းတစ်ပွင့်နှင့် တူလှသည်။

‎

‎သို့သော် သူမ၏ မျက်လုံးများထဲတွင်မူ မုန်းတီးရွံရှာမှုများ ပြည့်နှက်နေပြီး၊ ပါးစပ်မှ ထွက်လာသည့်အသံမှာလည်း အမျိုးသားတစ်ဦး၏ အသံဩဩကြီးဖြင့်

‎

‎ "ထွက်သွားစမ်း"

‎

‎ဟု ဖြစ်နေသည်။

‎

‎အခန်းတွင်း အပူချိန်မှာလည်း ရုတ်ချည်း ကျဆင်းသွားပြီး ထူးဆန်းကျောချမ်းစရာ ကောင်းလှသည်။

‎

‎ဒါ ထိန်းချုပ်ခံထားရတာပဲ... လီယန်ချူ မျက်မှောင်ကြုတ်လျက် မျက်လုံးများ အေးစက်နေသည့် သခင်မလေးကို စိုက်ကြည့်ကာ

‎

‎ "ခဏစောင့်ဦးနော် အလုပ်က နည်းနည်း လက်မယဉ်သေးလို့"

‎

‎ဟု ဆိုလိုက်သည်။

‎

‎ပြောပြောဆိုဆိုနှင့် ရင်ဘတ်ထဲမှ ပုလင်းလေးတစ်လုံး ထုတ်လိုက်သည်။

‎

‎ဗြွက်

‎ခနဲ အသံနှင့်အတူ သစ်သားပုလင်းဆို့ကို ဖွင့်လိုက်ပြီး ကြည်လင်သော အရည်နှစ်စက်ကို သူ့မျက်လုံးထဲသို့ ခပ်လိုက်သည်။

‎

‎ချန်တတိယသခင်မလေးသည် ထိုတာအိုဆရာလေးမှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်ပုံရသဖြင့် ချက်ချင်း လက်မပါသေးဘဲ အသာလေး စောင့်ကြည့်နေသည်။

‎

‎လီယန်ချူ မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်ပြီး ပြန်ကြည့်လိုက်သည်။

‎

‎ယခုအခါတွင်မူ သူမြင်ရသည့် မြင်ကွင်းမှာ ပြောင်းလဲသွားပြီဖြစ်သည်။

‎

‎မူလက အခန်းထဲတွင် တတိယသခင်မလေးနှင့် လီယန်ချူ နှစ်ယောက်တည်း ရှိနေခြင်း ဖြစ်သော်လည်း ယခုအခါ သခင်မလေး၏ ဘေးတွင် အရပ်ရှည်ရှည် ရုပ်ရည်ချောမောသော လူငယ်လေးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။

‎

‎သို့သော် ထိုလူငယ်ဝတ်ထားသည့် အဝတ်အစားများမှာ အလွန်တောက်ပြောင်လွန်းလှပြီး မျက်နှာပေါ်တွင်လည်း ပေါင်ဒါမှုန့်များ တင်ထားသကဲ့သို့ ဖြစ်နေရာ ပြောမပြတတ်အောင် ထူးဆန်းကျောချမ်းစရာ ကောင်းလှသည်။

‎

‎သူ၏ အကြည့်များမှာ ကာမရမ္မက်များနှင့် ပြည့်နှက်နေပြီး နှုတ်ခမ်းများမှာလည်း အမျိုးသမီးများထက်ပင် ပို၍ နီရဲနေသည်။

‎

‎"ဆွေးနွေးလို့ ရမလားဗျာ ဒီကလူကြီးမင်း... အသာတကြည် ထွက်သွားပေးလို့ ရမလား"

‎

‎လီယန်ချူက ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။

‎

‎"ဒီတာအိုဆရာလေးမှာ ပညာလေးတော့ ရှိသားပဲ ငါ့ကို မြင်နိုင်တယ်ပေါ့ "

‎

‎ ထိုဝတ်ကောင်းစားလှဝတ်ထားသော လူငယ်က ရယ်မောကာ ပြောလိုက်သည်။

‎

‎ထို့နောက် သူ၏မျက်နှာမှာ ရုတ်ချည်း အေးစက်သွားတော့သည်။

‎

‎တစ်ချိန်တည်းမှာပင် အင်္ကျီဖရိုဖရဲနှင့် ပခုံးသားလေး ပေါ်နေသော တတိယသခင်မလေးနှင့် ထိုထူးဆန်းကျောချမ်းဖွယ် လူငယ်တို့မှာ တစ်သံတည်း ထွက်ပေါ်လာကာ

‎

‎ "ထွက်သွားစမ်း"

‎

‎ ဟု အော်ဟစ်လိုက်ကြသည်။

‎

‎တစ်ခဏအတွင်းမှာပင် လီယန်ချူသည် အခန်းထဲ၌ အေးစိမ့်သော လေကြမ်းများ တိုက်ခတ်လာပြီး အမည်းရောင် အငွေ့အသက်များ ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်။

‎

‎ဒါဆိုရင်တော့ ဆွေးနွေးလို့ မရတော့ဘူးပေါ့... လီယန်ချူသည် ရင်ဘတ်ထဲမှ အဆောင်စက္ကူများကို ထုတ်ယူကာ လက်ချောင်းများကြားတွင် ညှပ်လိုက်သည်။

‎

‎ခဏစဉ်းစားပြီးနောက် ချက်ချင်းပင် ရင်ဘတ်ထဲသို့ ပြန်ထည့်လိုက်ပြန်သည်။

‎

‎ပြီးနောက် တည်ငြိမ်စွာဖြင့် ထိုသစ်သား သံလက်သီး ကို စွပ်လိုက်ပြီး ကာမရမ္မက်သရဲကို ကြည့်ကာ ပြုံးလိုက်သည်။

‎

‎မျက်နှာတွင် ပေါင်ဒါမှုန့်တင်ထားပြီး ရမ္မက်ကြီးသော ထိုသရဲမှာ လှောင်ပြောင်ရယ်မောလိုက်သည်။

‎

‎"တာအိုဆရာလေး... အဲဒီလို အရာမျိုးတွေက ငါ့အတွက် ဘာမှ အသုံးမဝင်ဘူးကွ "

‎

‎သူပြောသည်မှာ အမှန်ပင်ဖြစ်သည်။

‎

‎တာအိုပညာရပ်များဖြင့်သာ သရဲများကို နှိမ်နင်းနိုင်ခြင်း ဖြစ်သည်။

‎

‎သာမန် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးမှာ သရဲများအပေါ် လုံးဝ သက်ရောက်မှု မရှိပေ။

‎

‎"ဟုတ်လား"

‎

‎လီယန်ချူက ပြုံးလိုက်ပြီး

‎

‎ "မစမ်းကြည့်ဘဲ ဘယ်သိမလဲ"

‎

‎ဟု ဆိုလိုက်သည်။

‎

‎ကာမရမ္မက်သရဲမှာ ထိုလူငယ်တာအိုဆရာကို လှောင်ပြောင်သောအကြည့်များဖြင့် စိုက်ကြည့်နေသည်။

‎

‎သူ့အထင်မှာတော့ နောက်ထပ် လိမ်လည်စားသောက်နေသည့် တာအိုဆရာအတုတစ်ယောက်သာ ဖြစ်သည်။

‎

‎သရဲသည် လေကဲ့သို့ပင် လျင်မြန်စွာ ရွေ့လျားသွားပြီး လီယန်ချူ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

‎

‎လီယန်ချူကို အခန်းပြင်သို့ ရိုက်ထုတ်ရန် ပြင်လိုက်သည်။

‎

‎သို့သော် နောက်တစ်စက္ကူတွင်မူ...

‎

‎"အား "

‎

‎လီယန်ချူ၏ လက်သီးမှာ သရဲ၏ မေးစေ့ကို ပြင်းထန်စွာ ထိမှန်သွားပြီး သံလက်သီးပေါ်မှ လျှပ်စီးများပင် ဝင်းခနဲ ထွက်ပေါ်လာသည်။

‎

‎ကာမရမ္မက်သရဲမှာ ရုတ်ချည်း နာကျင်စွာ အော်ဟစ်လိုက်ရသည်။

‎

‎လျှပ်စီးပညာ ဆိုသည်မှာ ကမ္ဘာပေါ်တွင် အတောက်ပဆုံးနှင့် အပူဆုံး စွမ်းအင်ဖြစ်သဖြင့် သရဲတစ္ဆေများကို နှိမ်နင်းရာတွင် အလွန် ထိရောက်လှသည်။

‎

‎သရဲ၏ ခန္ဓာကိုယ်အတွင်းရှိ အငွေ့အသက်များမှာ ထိုလက်သီးတစ်ချက်ကြောင့် ရုတ်ချည်း ကမောက်ကမ ဖြစ်သွားပြီး ခဏတာ ရပ်တန့်သွားသည်။

‎

‎လီယန်ချူသည် အခွင့်အရေးကို လက်လွတ်မခံဘဲ သူ၏ မျက်လုံးတွင်းသို့ နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ပြန်သည်။

‎

‎သူ၏ တိုက်ခိုက်မှုမှာ လျင်မြန်ပြတ်သားပြီး ခွန်အားအပြည့် ပါဝင်လှသည်။

‎

‎ဂျောက်

‎

‎လျှပ်စီးမီးပွင့်လေးများ ထွက်ပေါ်လာပြီးနောက် ကာမရမ္မက်သရဲမှာ နာကျင်စွာ အော်ဟစ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

‎

‎လေကဲ့သို့ လျင်မြန်သော သရဲ၏ စွမ်းရည်မှာ ယခု သန့်စင်သော လျှပ်စီးပညာအောက်တွင် လုံးဝ အနှိမ်နင်း ခံလိုက်ရပြီ ဖြစ်သည်။

‎

‎"အား"

‎"အား"

‎"အား"

‎

‎ကာမရမ္မက်သရဲမှာ လီယန်ချူ၏ မြေပြင်ပေါ် ဖိနှိပ်ကာ တရစပ် ထိုးနှက်မှုကို ခံနေရပြီး အော်ဟစ်သံများမှာလည်း တဖြည်းဖြည်း တိုးညင်းလာသည်။

‎

‎

‎ဒါက ဘာတွေလဲ

‎

‎သရဲမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

‎

‎"ဒါ... ဒါက ဘာပစ္စည်းကြီးလဲ"

‎

‎လီယန်ချူက အလွန်တည်ငြိမ်နေပြီး ကြွားဝါခြင်း မရှိဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

‎

‎ "ဒါကို သံလက်သီးလို့ ခေါ်တယ် မိုးကြိုးပစ်ခံထားရတဲ့ သစ်သား နဲ့ လုပ်ထားတာ"

‎

‎မိုးကြိုးပစ်ခံသစ်သားဆိုသည်မှာ တာအိုပညာရပ်တွင် တန်ခိုးရှိသော ပစ္စည်းများ ပြုလုပ်ရာတွင် အလွန်အရေးကြီးသော ကုန်ကြမ်းဖြစ်သည်။

‎

‎ အပူဆုံးနှင့် အစွမ်းဆုံး စွမ်းအင်များ ပါဝင်ပြီး မိုးကြိုးအစစ် ပစ်ထားခြင်း ဖြစ်သဖြင့် လျှပ်စီးစွမ်းအင် အကြွင်းအကျန်များ ပါဝင်နေခြင်း ဖြစ်သည်။

‎

‎မိုးကြိုးပစ်ခံသစ်သား... သရဲ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

‎

‎ ဒီလူက တကယ့်ကို ကောက်ကျစ်လွန်းလှသည်။

‎

‎မိုးကြိုးပစ်ခံသစ်သားမှာ မည်မျှ အစွမ်းထက်ကြောင်း သူသိသော်လည်း၊ ထိုကဲ့သို့ လက်သီးစွပ်ပုံစံ လုပ်ထားလိမ့်မည်ဟု ဘယ်သူက ထင်မှာနည်း

‎

‎"မဟုတ်ဘူး.....အား မင်း... အား ဒါက သာမန် မိုးကြိုးပစ်ခံသစ်သားပဲ မဟုတ်ဘူး"

‎

‎သရဲမှာ လုံးဝ ပြန်မခုခံနိုင်တော့ဘဲ သူ၏ စွမ်းအင်များ တဖြည်းဖြည်း ကုန်ခမ်းလာသည်။

‎

‎"မှန်တယ်၊ ငါက ခွေးနက်သွေးနဲ့လည်း စိမ်ထားသေးတာလေ"

‎

‎လီယန်ချူက ပြုံးလိုက်ပြီး နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးချလိုက်သည်။

‎

‎ထိုသရဲမှာ အသက်ရှူရုံလေးသာ ကျန်တော့သည်အထိ အရိုက်ခံရပြီးနောက်၊ လီယန်ချူသည် ထရပ်ကာ ခါးမှ နှစ်ပေခန့်ရှည်သော သားသတ်ဓား ကို ဆွဲထုတ်လိုက်သည်။

‎

‎သားသတ်ဓားကို "သတ်ဖြတ်ခြင်းဓား"

‎

‎ဟုလည်း ခေါ်ကြပြီး ၎င်းတွင်ရှိသော သွေးညှီနံ့နှင့် အငွေ့အသက်များမှာ မိစ္ဆာများကို နှိမ်နင်းနိုင်သည်။

‎

‎များသောအားဖြင့် လူများမှာ အိမ်တွင် ဘေးရန်ကာကွယ်ရန် ထားရှိတတ်ကြသည်။

‎

‎

‎လီယန်ချူသည် သားသတ်ဓားကို ကိုင်ကာ အားနှင့် ခုတ်ချလိုက်သည်။

‎

‎သရဲ၏ မယုံကြည်နိုင်သော မျက်လုံးများရှေ့မှာပင် ဓားနှင့် တိခနဲ ပိုင်းဖြတ်လိုက်သည်။

‎

‎အတန်အသင့် ပညာရှိသော ကာမရမ္မက်သရဲတစ်ကောင်မှာ ထိုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနှင့်တင် အသေအရိုက်ခံရကာ အဆုံးသတ်သွားတော့သည်။

‎

‎ သူ၏ ခန္ဓာကိုယ်မှာ ဝေဝါးလာပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။

‎

‎ထို့နောက်...

‎

‎လီယန်ချူ၏ ဦးနှောက်ထဲတွင် ခမ်းနားထည်ဝါပြီး တည်ကြည်လှသော တာအိုအသံ တစ်ခု ထွက်ပေါ်လာသည်။

‎

‎ဘွဲ့ထူးပေးအပ်ခြင်း

‎

‎ကုသိုလ် : သုံးရာ

‎

‎ထိုခမ်းနားသော အသံမှာ ဒီရေကဲ့သို့ပင် ရုတ်ချည်း ပြန်လည် ဆုတ်ခွာသွားသည်။

‎

‎လီယန်ချူမှာမူ ခဏတာ ကြောင်သွားသည်။

‎

‎ကုသိုလ်

‎

‎ဟွမ်ထင် တာအိုကျမ်း ထဲတွင်လည်း ကုသိုလ်အကြောင်း ဖော်ပြထားသော်လည်း ၎င်းမှာ အလွန်ပင် နက်နဲဆန်းကြယ်လှသည့် အရာဖြစ်သည်။

‎

‎လောကရှိ သတ္တဝါတိုင်းမှာ ကုသိုလ်ရယူရန် အခွင့်အရေးရှိသော်လည်း ကံတရား၏ စီမံမှုကြောင့် သာမန်လူများမှာ ထိုလျှို့ဝှက်ချက်ကို မသိနိုင်ကြပေ။

‎

‎သာမန်ကာလျှံကာ ဘဝထဲသို့ နောက်ဆုံးတော့ အပိုဆောင်း စွမ်းအား တစ်ခု ဝင်လာသည့် လက္ခဏာပင် ဖြစ်သည်။

‎

‎သူသေချာ အာရုံခံကြည့်သော်လည်း လောလောဆယ်တွင် သူ၏ ခန္ဓာကိုယ်၌ ထူးထူးခြားခြား ပြောင်းလဲမှုကို မတွေ့ရသေးပေ။

‎

‎သို့သော် ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ထိုမိစ္ဆာနှိမ်နင်းရေးကို အဆုံးသတ်ရန်ပင်။

‎

‎ချန်မိသားစု တတိယသခင်မလေးမှာ ကာမရမ္မက်သရဲ အသတ်ခံလိုက်ရပြီးနောက် မျက်လုံးများမှာ ပြန်လည်ကြည်လင်လာပြီး၊ ခန္ဓာကိုယ်မှာ အလွန်အားနည်းသွားကာ ကုတင်ပေါ်သို့ ပျော့ခွေလဲကျသွားသည်။

‎

‎လီယန်ချူသည် သားသတ်ဓားကို ခါးတွင်ပြန်ထိုး၊ သံလက်သီးကို ချွတ်၍ ရင်ဘတ်ထဲထည့်ကာ တာအိုဝတ်စုံကို ပြန်ပြင်ပြီး စည်းကမ်းရှိသော တာအိုဆရာလေးပုံစံ ပြန်လုပ်လိုက်သည်။

‎

‎ထို့နောက်မှ တတိယသခင်မလေး၏ အခြေအနေကို သွားရောက်ကြည့်ရှုကာ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်သည်။

‎

‎သရဲပူးခံရသူများမှာ မျက်လုံးအဖြူနေရာတွင် အမည်းရောင် အငွေ့အသက်များ ရှိတတ်ပြီး သေချာကြည့်လျှင် မြင်နိုင်သည်။

‎

‎ထို့အပြင် ဂျိုင်းကြားနှင့် ရင်ဘတ်အလယ်တို့တွင်လည်း အကျိတ်အခဲများ ပေါ်လာတတ်သည်။

‎

‎သခင်မလေး၏ အခြေအနေမှာမူ မျက်လုံးထဲမှ အမည်းရောင် အရိပ်အယောင်များမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီဖြစ်ရာ မိစ္ဆာကို အောင်မြင်စွာ နှိမ်နင်းလိုက်နိုင်ပြီ ဖြစ်သည်။

‎

‎ယခုအခါတွင် သေချာပြုစုစောင့်ရှောက်ရုံဖြင့် ဘာမှ စိုးရိမ်စရာ မရှိတော့ပေ။

‎

‎သာမန်လူများ သရဲခြောက်ခံရလျှင် ရက်အနည်းငယ် အားနည်းပြီး ကံနိမ့်တတ်ကြသော်လည်း ပြင်းထန်ပါက အသက်အန္တရာယ်အထိ ရှိနိုင်သည်။

‎

‎တကယ်တမ်း ပြောရလျှင် လီယန်ချူသာ လက်မပါခဲ့ပါက ထိုသရဲသည် သခင်မလေး၏ အသက်ကိုပါ နှုတ်ယူသွားနိုင်ချေ ရှိသည်။

‎

‎သရဲ၏ အအေးဓာတ် နှင့် လူသားတို့၏ အပူဓာတ် မှာ ရေနှင့်မီးကဲ့သို့ပင်။

‎

‎သရဲပူးခံရသူများမှာ ခန္ဓာကိုယ်အတွင်းရှိ အပူဓာတ်များ အဖိနှိပ်ခံရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ် ပျက်စီးသွားမည် ဖြစ်သည်။

‎

‎လီယန်ချူသည် သခင်မလေးကို ကုတင်ပေါ်တွင် ကောင်းမွန်စွာ ပြန်သိပ်ပေးလိုက်သည်။

‎

‎ထို့နောက် အောက်ထပ်သို့ဆင်းကာ မိစ္ဆာနှိမ်နင်းခြင်း အောင်မြင်သွားပြီဖြစ်ကြောင်း လူတိုင်းကို အသိပေးလိုက်သည်။

‎

‎ချန်သခင်မ မှာ အလွန်ဝမ်းသာသွားပြီး သခင်မလေးအတွက် အင်အားဖြည့်ဆေးများ ဖော်စပ်ရန် ဆေးဆရာကို လွှတ်ခေါ်ခိုင်းလိုက်သည်။

‎

‎ထို့အပြင် လီယန်ချူကိုလည်း ဆုလာဘ်များစွာ အခိုင်အမာ ပေးအပ်လိုက်ပါတော့သည်။

‎

‎ထိုမျှ ငယ်ရွယ်သော တာအိုဆရာလေးမှာ ဤမျှအထိ အရည်အချင်းရှိလိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပေ။

All Chapters