← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇) - ဆိုင်ရှင်မကြီး

‎

‎"မင်း ဘာဖြစ်တာလဲ"

‎

‎ဘေးပတ်ပတ်လည်ရှိ ဓားကိုင်ရဲမက်များမှာ ဝိုင်းအုံလာကြသည်။

‎

‎ရဲမက်တစ်ဦးက လုပ်ဖော်ကိုင်ဖက်၏ နှာခေါင်းနားတွင် လက်တင်၍ စမ်းသပ်ကြည့်လိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့်

‎

‎ "သေ... သေပြီ၊ သူ သေသွားပြီ"

‎

‎အိမ်ထဲတွင် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

‎

‎ကျောက်ဝူကျူးသည် မျက်မှောင်ကို တင်းတင်းကြုတ်ထားမိသည်၊ လူကောင်းတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ရုတ်တရက် သေသွားနိုင်ရတာလဲ။

‎

‎"ဗုန်း"

‎

‎နောက်ထပ် ရဲမက်တစ်ဦးမှာလည်း မည်သည့်အသံမျှမထွက်ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြန်သည်။

‎

‎ကျောက်ဝူကျူးသည် ကျောရိုးတစ်လျှောက်မှနေ၍ ဦးခေါင်းအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

‎

‎အိမ်ထဲရှိ မီးရောင်များမှာလည်း ရုတ်တရက် မှိန်လိုက် လင်းလိုက်နှင့် မငြိမ်မသက် ဖြစ်လာတော့သည်

‎

‎မျက်စိတစ်မှိတ်အတွင်းမှာတင် အိမ်ထဲဝင်လာသော ရဲမက်များထဲမှ နှစ်ဦးမှာ မျက်စိရှေ့တင် သေဆုံးသွားခဲ့ပြီ

‎

‎"ကျောက်အရာရှိ... ဒီအိမ်က မသန့်ဘူးထင်တယ်ကျွန်တော်တို့ မမြင်ရတဲ့ အညစ်အကြေးတွေ ရှိနေတာလား"

‎

‎ရဲမက်တစ်ဦး၏ အသံမှာ တုန်ရီနေသည်။

‎

‎ထိုကဲ့သို့သော မသန့်သည့်အရာများကို ဘုန်းကြီးများနှင့် တာအိုဆရာများသာ မြင်နိုင်သည်ဟု ဆိုကြသည်။

‎

‎"ဒီနေရာက အန္တရာယ်များတယ် အရင်ဆုတ်ကြစို့"

‎

‎ဟု ကျောက်ဝူကျူးက ဆိုလိုက်သည်။

‎

‎"ဗုန်း"

‎

‎ခုနက စကားပြောနေသည့် ရဲမက်မှာလည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားပြန်သည်။

‎

‎ကျောက်ဝူကျူးမှာ အလွန်အမင်း အမျက်ထွက်သွားရသည်

‎

‎ "ငါက ဝေမြို့ရဲ့ အရာရှိပဲ ဘယ်က မိစ္ဆာကောင်လဲအစိုးရလူတွေကိုတောင် သတ်ရဲတာလား"

‎

‎သူသည် သွေးလေအဟုန်ကို လှည့်ပတ်လိုက်ရာ အရိုးအဆစ်များဆီမှ အသံများ ထွက်ပေါ်လာသည်။

‎

‎

‎ဤသိုင်းပညာ မြင့်မားလှသော ဝေမြို့အရာရှိသည် ကျန်ရှိနေသော ညီအစ်ကိုများကိုခေါ်၍ ဤနေရာမှ အမြန်ထွက်ခွာရန် ပြင်လိုက်သည်။

‎

‎ကျောက်ဝူကျူး အိမ်တံခါးကို ကျော်ဖြတ်ရန် ခြေလှမ်းလိုက်သည့် နောက်တစ်စက္ကန့်မှာပင် ရုတ်တရက် နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

‎

‎အိမ်ထဲတွင် မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်

‎

‎မျက်စိဖြင့်မမြင်နိုင်သော လက်ကြီးတစ်ဖက်က သိုင်းပညာမြင့်မားလှသည့် ကျောက်ဝူကျူးကို အိမ်ထဲသို့ တိုက်ရိုက် ပြန်လည် ဆွဲခေါ်သွားသကဲ့သို့ပင်

‎

‎ထို့နောက်တွင်တော့။

‎

‎အိမ်ထဲရှိ မီးများ ငြိမ်းသွားကာ မှောင်အတိ ကျသွားတော့သည်၊ မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာတော့ပေ

‎

‎ခြံဝင်းတစ်ခုလုံးနှင့် အိမ်အတွင်းမှာ ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

‎

‎သို့သော်လည်း

‎

‎ယခင်က အိမ်နောက်ဘက်တွင် ဓားကိုင်၍ စောင့်နေသော ရဲမက်များနှင့် မြို့စောင့်တပ်သားများမှာမူ မည်သည့်အသံမျှ မကြားလိုက်ကြပေ။

‎

‎အထဲတွင် ထိုမျှလောက် ဆူညံသွားသည်ကို သူတို့ အနည်းငယ်မျှ မကြားလိုက်ရသကဲ့သို့ပင်။

‎

‎အိမ်အတွင်းနှင့် အိမ်အပြင်မှာ အလင်းနှင့်အမှောင် (သို့မဟုတ်) အသက်နှင့်သေခြင်းတရား ကမ္ဘာနှစ်ခုကဲ့သို့ လုံးဝ ခြားနားသွားခဲ့ပြီ

‎

‎လုံးဝကို အဆက်အသွယ် ပြတ်တောက်သွားခြင်းပင်

‎

‎အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက်မူလက မှောင်အတိကျနေသော အိမ်ထဲတွင် ရုတ်တရက် မီးများ ပြန်လည် လင်းထိန်လာခဲ့သည်။

‎

‎ပြတင်းပေါက်တွင် လူရိပ်တစ်ခု ပြန်လည် ပေါ်လာပြန်သည်။

‎

‎သို့သော်

‎

‎ဤတစ်ကြိမ်တွင် လူရိပ်မှာ လှုပ်ရှားလာသည်။

‎

‎သူသည် ထရပ်ကာ အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။

‎

‎ထိုသူမှာ အံ့သြစရာကောင်းလောက်အောင် ကျောက်ဝူကျူး ပင် ဖြစ်နေတော့သည်

‎

‎နောက်တစ်နေ့တွင်

‎

‎လီယန်ချူ၏ နေ့စဉ်ဘဝမှာ အလွန်ပင် စနစ်ကျလှသည်၊ လျိုယန်ဓားသိုင်းကို ကျင့်ကြံခြင်းမှလွဲလျှင် တင်ပလ္လင်ခွေထိုင်၍ အသက်ရှူခြင်း ကိုသာ ပြုလုပ်လေ့ရှိသည်။

‎

‎နှစ်ပေါင်းရာချီသက်တမ်းရှိ နတ်ဆေး၏ အကူအညီကြောင့် သူသည် လျိုယန်အတွင်းအား ပဉ္စမအဆင့် (၅) သို့ လျင်မြန်စွာ တိုးတက်ရောက်ရှိသွားခဲ့ပြီ

‎

‎ထို့အပြင် မနေ့ကမှ တာအိုပညာရပ်တစ်ခုကို နောက်ဆုံးတွင် တတ်မြောက်သွားခဲ့သည်။

‎

‎ အရှိန်အဝါကြည့်ပညာ

‎

‎ဒါဟာ ဟွမ်ထင် တာအိုကျမ် ထဲမှာ မှတ်တမ်းတင်ထားတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။

‎

‎လူတိုင်းတွင် မိမိတို့၏ ကံကြမ္မာ အရှိန်အဝါ ရှိကြပြီး၊ မတူညီသော လူများတွင် အရှိန်အဝါများလည်း ကွဲပြားကြသည်။

‎

‎၎င်းတို့အနက် စာပေတတ်ကျွမ်းသူများ၏ အရှိန်အဝါမှာ ဦးခေါင်းထက်တွင် တောက်ပသော အလင်းတန်းများ ရှိနေတတ်သည်၊ ဒါဟာ သူတို့ သူတော်စင်တို့၏ ကျမ်းစာများကို ဖတ်ရှုထားခြင်းကြောင့်ပင် ဖြစ်သည်။

‎

‎ဘွဲ့ထူးဂုဏ်ထူးရှိသော စာပေပညာရှင်ဆိုလျှင် မိုင်ပေါင်းများစွာ အကွာအဝေးမှပင် သူတို့၏ တောက်ပလှပသော စာပေအရှိန်အဝါကို မြင်တွေ့နိုင်သည်။

‎

‎ဒါ့အပြင်

‎

‎အရှိန်အဝါကြည့်ပညာသည် လူတစ်ဦး၏ ကံကောင်းကံဆိုးကိုလည်း အကြမ်းဖျင်း မြင်တွေ့နိုင်သည်။

‎

‎ ဥပမာ အနက်ရောင်အငွေ့များ ဝိုင်းရံနေပါက ကံကြမ္မာ မကောင်းခြင်း ဖြစ်ပြီး၊ အနီရောင်အငွေ့များ ရောနှောနေပါက မကြာမီ သွေးထွက်သံယို ဘေးအန္တရာယ် ကြုံရနိုင်ခြင်းမျိုး ဖြစ်သည်။

‎

‎လီယန်ချူ၏ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်မှာ များများစားစား မရှိသေးသဖြင့် အရှိန်အဝါကြည့်ပညာကို သုံးနိုင်သည့် အကြိမ်ရေကို ကန့်သတ်ထားသလို ဖြစ်နေသည်။

‎

‎သို့သော်

‎

‎ထိုပညာရပ်ကို တတ်မြောက်ကာစဖြစ်သဖြင့် လီယန်ချူသည် မစမ်းသပ်ဘဲ မနေနိုင်ပေ။

‎

‎သူသည် အရှိန်အဝါကြည့်ပညာကို အသုံးပြုလိုက်ရာ၊ သူ၏ မျက်စိရှေ့ရှိ ကမ္ဘာကြီးမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

‎

‎မိမိရှိနေသော ချင်းယွန်းကျောင်းမှာ သန့်စင်သော အလင်းတန်းများ ဝိုင်းရံနေပြီး ကြည့်လိုက်ရုံနှင့်ပင် ကျင့်ကြံရာနေရာမှန်း သိသာလှသည်။

‎

‎သူသည် စိတ်လှုပ်ရှားသွားပြီး တစ်ဖက်ရှိ ထိုက်ဖင်တည်းခိုခန်းဆီသို့ ပို့လိုက်သည်။

‎

‎အရှိန်အဝါများမှာ ရောထွေးနေသည်။

‎

‎ထိုအထဲတွင် တောက်ပလှပသော ကံကြမ္မာအရှိန်အဝါ တစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်နေပြီး အလွန်ပင် ခမ်းနားလှသဖြင့် လီယန်ချူကို အံ့သြသွားစေသည်။

‎

‎"ဘယ်သူ့ရဲ့ အရှိန်အဝါက ဒီလောက်တောင် ထူးခြားနေရတာလဲ "

‎

‎သို့သော် သူ သေသေချာချာ မမြင်ရသေးခင်မှာပင် ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ကုန်ခမ်းသွားခဲ့ပြီ။

‎

‎လီယန်ချူ သက်ပြင်းချမိသည်။

‎

‎ထိုကျင့်စဉ်၏ တိုးတက်မှုနှုန်းမှာ အလွန်ပင် နှေးကွေးလှသည်၊ ဤအတိုင်းဆိုလျှင် ကျမ်းစာထဲရှိ ထူးဆန်းသော မှော်ပညာရပ်များကို သူ မည်သည့်အချိန်မှ ကျင့်ကြံနိုင်မည်နည်း။

‎

‎လီယန်ချူသည် ဆေးဆိုင်သို့သွား၍ ကွေ့ယွမ်ဒန်ဖော်စပ်ရန် ဆေးမြစ်များ ရှိမရှိ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

‎

‎ထိုအတိုင်းသာ ဆက်သွားနေပါက ဝိညာဉ်ကိုယ်ပွားခြင်း ၊ အဝေးမှ ပစ္စည်းယူခြင်း ၊ လျှပ်စီးပညာ စသည့် မှော်ပညာရပ်များကို သူ စိတ်ကူးပင် ယဉ်နိုင်မည် မဟုတ်ပေ။

‎

‎ထို့ကြောင့် သူသည် ဆရာဖြစ်သူ ပေးခဲ့သော ဟွမ်ထင်တာအိုကျမ်းမှာ တာအိုကျင့်စဉ်များထဲတွင် အဆင့်မြင့်ကျင့်စဉ် မဟုတ်ဘူးလားဟုပင် တစ်ခါတစ်ရံ သံသယဖြစ်မိသည်။

‎

‎ချင်းယွန်းကျောင်းမှာ ယခုကဲ့သို့ နိမ့်ကျနေသည်ဖြစ်ရာ၊ အရေးကြီးသော ဂိုဏ်းခွဲတစ်ခုလည်း မဖြစ်နိုင်ပေ။

‎

‎သို့သော်

‎

‎တာအိုကျင့်စဉ်ကို သင်ယူခွင့်ရခြင်းမှာပင် လီယန်ချူအတွက် အလွန်ခက်ခဲလှသဖြင့် ကျင့်စဉ်ကို ရွေးချယ်နေရန် အချိန်မရှိပေ။

‎

‎ကွေ့ယွမ်ဒန် ဖော်စပ်ရန်မှာ အလွန်ပင် အရေးကြီးနေပြီ

‎

‎ထိုရက်ပိုင်းအတွင်း ဝေမြို့တစ်ခွင် လုံခြုံရေး တင်းကြပ်ထားကာ ဝရမ်းပြေး လျံချီကို ရှာဖွေနေကြသည်။

‎

‎ဖန့်ချင်လန်မှာလည်း ရဲမက်တစ်ဦး ဖြစ်သည်နှင့်အညီ အလွန်ပင် အလုပ်များနေသည်။

‎

‎သို့သော်လည်း

‎

‎သူမသည် လီယန်ချူကို လာရောက်ရှာဖွေခဲ့သည်။

‎

‎"ဘာ မင်းက ငါ့ကို တည်းခိုခန်းမှာ လာနေစေချင်တာလား"

‎

‎ဖန့်ချင်လန်က တည်းခိုခန်း စီးပွားရေး တိုးချဲ့ချင်လို့လားဟု လီယန်ချူ သံသယဝင်သွားသည်။

‎

‎"ဟုတ်တယ် ကျွန်မ ဒီရက်ပိုင်း တည်းခိုခန်းမှာ မရှိဘူး အစ်မတစ်ယောက်တည်းဆိုတော့ စိတ်မချလို့ပါ"

‎

‎ဟု ဖန့်ချင်လန်က ဆိုသည်။

‎

‎သူမ၏ အမြင်အရ အနည်းဆုံးတော့ လီယန်ချူမှာ သိုင်းပညာ အနည်းငယ် တတ်မြောက်ပြီး လျိုယန်ဓားသိုင်းလည်း အခြေခံရနေပြီ ဖြစ်သည်။

‎

‎သာမန်လူထက်စာလျှင် အများကြီး ပို၍ အားကိုးရသည်။

‎

‎"ဒီကိစ္စကို မင်းအစ်မ သိလား"

‎

‎လီယန်ချူ မေးလိုက်သည်။

‎

‎ဖန့်ချင်လန်၏ အစ်မဆိုသည်မှာ ထိုက်ဖင်တည်းခိုခန်း၏ ရင့်ကျက်လှပသော ဆိုင်ရှင်မကြီး ဖြစ်ကာ သူမ၏ အပြုံးတိုင်းတွင် ဆွဲဆောင်မှုများ ရှိနေသူဖြစ်သည်။

‎

‎သူမနှင့် လီယန်ချူမှာ သိပ်ပြီး အဆင်ပြေလှသည်တော့ မဟုတ်ပေ။

‎

‎"မလာခင်ကတည်းက ပြောပြထားပြီးသားပါ သူမလည်း သဘောတူပါတယ်"

‎

‎ ဖန့်ချင်လန်က ဆိုသည်။

‎

‎"ဒါပေမဲ့ ဒါက နည်းနည်းတော့ အဆင်မပြေဘူးလေ ငါက ယောက်ျားတစ်ယောက် မင်းအစ်မနဲ့ အိမ်တစ်လုံးတည်းမှာ အတူနေရမှာဆိုတော့..."

‎

‎လီယန်ချူ ခပ်ရဲရဲပင် ဆိုလိုက်သည်။

‎

‎"ဘာလဲ... ကျွန်မရဲ့ အကူအညီတောင်းတာကို မကူညီချင်ဘူးလား"

‎

‎ဖန့်ချင်လန်က မေးသည်။

‎

‎"မင်းက ပါးစပ်ကနေ ထုတ်ပြောလာပြီဆိုမှတော့ ငါက ငြင်းလို့မရတော့ဘူးပေါ့ ဒီနေ့ညပဲ ပြောင်းလာခဲ့ပါ့မယ်"

‎

‎လီယန်ချူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

‎

‎ဖန့်ချင်လန်၏ စရိုက်မှာ အေးစက်သော်လည်း လီယန်ချူနှင့် ဆက်ဆံရေး ကောင်းမွန်သည်၊ ဆိုင်ရှင်မကြီးမှာလည်း စိတ်ထားကောင်းပြီး သဘောထားကြီးသူ ဖြစ်သဖြင့် လီယန်ချူအနေဖြင့် သူမကို ဘေးဒုက္ခ မကြုံစေချင်ပေ။

‎

‎မူလကတော့ အခကြေးငွေအကြောင်း ပြောဦးမလို့ ဖြစ်သော်လည်း၊ မကြာသေးမီက သရဲနှင်ပေးပြီး ငွေတစ်ရာ ရထားသေးသည်။

‎

‎ယခုအချိန်တွင် လီတာအိုဆရာသည် ငွေအကြောင်း ပြောနေရန် ပျင်းနေမိသည်။

‎

‎ဖန့်ချင်လန်၏ နှုတ်ခမ်းထောင့်တွင် ချိုသာသော အပြုံးလေးတစ်ခု ပေါ်လာသည်၊ ဒါဟာ ဆီးနှင်းတွေ အရည်ပျော်သွားသလိုမျိုးပင်။

‎

‎သူမ၏ မျက်နှာမှာ အလွန်ပင် ကျနလှပလှသည် မပြုံးသောအခါတွင်ပင် လှပနေသူဖြစ်ရာ ယခုကဲ့သို့ ပြုံးလိုက်သော အလှကိုတော့ တခြားသူတွေ မြင်တွေ့နိုင်ဖို့ ခဲယဉ်းလှသည်။

‎

‎ဤသို့ဖြင့်

‎

‎လီယန်ချူသည် ထိုက်ဖင်တည်းခိုခန်းသို့ ယာယီ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

‎

‎ရေဆေးငါး ဆိုင်ရှင်မကြီးမှာ ခြံဝင်းပါသော အိမ်တစ်လုံးတွင် နေထိုင်ပြီး ပုံမှန်အားဖြင့် သူမတစ်ဦးတည်းသာ နေခြင်းဖြစ်သည်။

‎

‎လီယန်ချူမှာ ထိုအိမ်ထဲသို့ ပထမဆုံး ဝင်ရောက်နေထိုင်ခွင့်ရသော အမျိုးသား ဖြစ်လာသည်။

‎

‎"ကျွန်မက တကယ်တော့ မကြောက်ပါဘူး ချင်လန်ကပဲ အတင်းပူဆာနေလို့ ရှင်လာနေတာပါ ရှင် တခြားတွေ လျှောက်မတွေးနဲ့ဦး"

‎

‎ ဆိုင်ရှင်မကြီးက သူမ၏ လှပသော မေးစေ့လေးကို မော့၍ ဆိုသည်။

‎

‎"ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော် သိပါတယ်"

‎

‎လီယန်ချူက အလိုက်သင့် ပြန်ဖြေလိုက်သည်။

‎

‎"ဟွန်း"

‎

‎ ဆိုင်ရှင်မကြီးက မျက်နှာလွှဲသွားပြီး လူကို စိတ်တိုအောင်လုပ်တတ်တဲ့ ဒီလူကို ဂရုမစိုက်တော့ပေ။

‎

‎သူမ၏ အသက်အရွယ်အရ တည်ငြိမ်သင့်သော်လည်း တစ်ခါတစ်ရံတွင် ချစ်စဖွယ်ကောင်းသော အမူအရာလေးများ ရှိနေတတ်ရာ ၎င်းကပင် ဆွဲဆောင်မှုကို ပိုစေသည်။

‎

‎လီယန်ချူ၏ အမြင်အရဆိုလျှင်တော့ အဓိကက ဆိုင်ရှင်မကြီးက လှပပြီး ကိုယ်လုံးကိုယ်ပေါက် ကောင်းနေလို့ပင် ဖြစ်သည်။

‎

‎အကယ်၍သာ ရုပ်ဆိုးဆိုး မိန်းမတစ်ယောက်ဆိုလျှင်တော့ ခေါင်းကိုက်စရာ ဖြစ်နေပါလိမ့်မည်။

‎

‎အခန်းထဲတွင် ထိုင်ရင်း လီယန်ချူသည် ဆိုင်ရှင်မကြီး၏ ပြည့်ဖြိုးရင့်ကျက်သော ခန္ဓာကိုယ်ကို တွေးတောမိသည်။

‎

‎စိတ်ထဲတွင်လည်း အနည်းငယ် ပူလောင်သွားသလို ခံစားရသည်။

‎

‎အကြောင်းမှာ သူတို့နှစ်ဦးကြားတွင် နံရံတစ်ခုသာ ခြားပြီး ခြံဝင်းတစ်ခုတည်းတွင် အတူနေနေရသောကြောင့်ပင်။

‎

‎တစ်ဖက်မှာ နှုတ်ခမ်းနီရဲရဲ၊ မျက်နှာချောချောနှင့် သူဌေးသား သို့မဟုတ် စာသင်သားလေးနှင့် တူသော တာအိုဆရာလေး။

‎

‎တစ်ဖက်မှာ ကိုယ်လုံးကိုယ်ပေါက် ပြည့်ဖြိုးကာ ရင့်ကျက်လှပပြီး အသားဖြူဖြူ၊ မျက်လုံးအစုံမှာ ဆွဲဆောင်မှုရှိသော ရေဆေးငါး ဆိုင်ရှင်မကြီး။

‎

‎လီယန်ချူမှာ စိတ်အာရုံများ လွင့်ပျံ့နေမိတော့သည်။

‎

‎‎

‎အခန်း (၈) - မသန့်ဘူး

‎

‎နောက်တစ်နေ့

‎

‎ဆိုင်ရှင်မကြီးသည် ထမင်းစားပွဲတွင် ထိုင်ကာ ဂေါ်ဖီထုပ် ဝက်သားအစာသွတ် ပေါက်စီပူပူလေးများကို စားနေသည်၊ ၎င်းတို့မှာ အလွန်ဖြူဖွေးကာ နူးညံ့လှသည်။

‎

‎လီယန်ချူသည်လည်း ဝင်ထိုင်လိုက်သည်။

‎

‎အားနာမနေတော့ဘဲ ပေါက်စီတစ်လုံးကို ကောက်ယူကာ စားလိုက်တော့သည်။

‎

‎ဝေမြို့၏ နာမည်ကြီး ပေါက်စီကြီးများမှာ လီယန်ချူ၏ လက်တစ်ဖက်ဖြင့်ပင် အုပ်မမိလောက်အောင် ကြီးမားနူးညံ့လှသည်။

‎

‎တစ်ကိုက်ကိုက်လိုက်လျှင် အရည်ရွှမ်းကာ လတ်ဆတ်ချိုမြိန်လှသည်။

‎

‎"ဒီပေါက်စီက မဆိုးဘူးပဲ တကယ့်ကို စားလို့ကောင်းတယ်"

‎

‎ဟု လီယန်ချူက ဆိုသည်။

‎

‎"ဒါပေါ့ ဒါက ကျွန်မကိုယ်တိုင် လုပ်ထားတာလေ"

‎

‎ဟု ဆိုင်ရှင်မကြီးက ဂုဏ်ယူစွာ ဆိုသည်။

‎

‎"ဒီလက်ရာကတော့ တကယ့်ကို ပြိုင်ဘက်ကင်းပဲ ဝေမြို့မှာတင်မကဘူး ပေဖုန်း ခရိုင်လုံးမှာတောင် ထိပ်ဆုံးကပဲ"

‎

‎ဟု လီယန်ချူက ချီးကျူးလိုက်သည်။

‎

‎ဆိုင်ရှင်မကြီးမှာ ပန်းလေးတစ်ပွင့် လေထဲတွင် လှုပ်ခတ်သွားသလိုမျိုး တခစ်ခစ် ရယ်မောတော့သည်။

‎

‎"ဒါနဲ့... ရှင့်ရဲ့ အကြည့်တွေကတော့ မဆိုးဘူးပဲ"

‎

‎ဟု ဆိုင်ရှင်မကြီးက သဘောကျစွာ ဆိုသည်။

‎

‎သူမ၏ အကြည့်မှာ အလွန်သိမ်မွေ့စွာဖြင့် တစ်ချက်ဝဲကြည့်လိုက်သော်လည်း လီယန်ချူမှာမူ ပေါက်စီကိုသာ ငုံ့စားနေတော့သည်။

‎

‎တကယ့်ကို ဆွဲဆောင်မှုအပြည့်ပါပဲ။

‎

‎ဆိုင်ရှင်မကြီးသည် လီယန်ချူ၏ အကြည့်ကို ခံစားမိသော်လည်း ရှောင်ဖယ်ခြင်း မပြုပေ။

‎

‎တခြားဧည့်သည်များကို ဆက်ဆံသလိုမျိုး မိုင်ပေါင်းများစွာ ဝေးကွာနေသည့် အမူအရာမျိုး လုံးဝမရှိဘဲ သူမ၏ ခန္ဓာကိုယ်ကို ရှေ့သို့ အသာကိုင်းလိုက်ရာ စားပွဲပေါ်တွင် တင်မိလျက်သား ဖြစ်သွားသည်။

‎

‎လီယန်ချူမှာ ပေါက်စီနင်မတတ် ဖြစ်သွားရသည်။

‎

‎ထိုအမူအရာက ဆိုင်ရှင်မကြီးကို ခါးလေးကိုင်းသည်အထိ ရယ်မောသွားစေသည်။

‎

‎"လီတာအိုဆရာ... ရှင့်မျက်လုံးတွေက မရိုးသားဘူးနော်"

‎

‎ဆိုင်ရှင်မကြီးက ထွက်သွားစဉ် ရယ်မောရင်း ပြောခဲ့သည်။

‎

‎ဒါဟာ ဘာမှမသိသေးတဲ့ လူငယ်လေးတစ်ယောက်ကို ကြည့်သလိုမျိုးပင်။

‎

‎လီယန်ချူမှာ စိတ်ထဲတွင် အောင့်သက်သက် ဖြစ်သွားရသည်၊ သူ့ကို ဘာမှမသိတဲ့ အတွေ့အကြုံမရှိသူ တစ်ယောက်လို လုံးဝ သတ်မှတ်ထားခြင်း မဟုတ်ပါလား။

‎

‎"အခွင့်အရေးရရင်တော့ ငါ့ရဲ့ အစွမ်းကို မင်းကို မြည်းစမ်းခိုင်းရမယ်"

‎

‎လီယန်ချူသည် ပေါက်စီကြီးကို အားရပါးရ တစ်ကိုက် ကိုက်လိုက်သည်။

‎

‎ဝေမြို့တွင် မကြာသေးမီက ကိစ္စများ တကယ်ပင် ဖြစ်ပျက်နေသည်

‎

‎ဓားပြ လျံချီ ထောင်ဖောက်ပြေးသွားရုံသာမက

‎

‎

‎အရာရှိကြီးနှစ်ဦးထဲမှ တစ်ဦးဖြစ်သော ကျောက်ဝူကျူးသည် လူများကို ဦးဆောင်ကာ ဝရမ်းပြေးကို လိုက်လံဖမ်းဆီးစဉ် ခြုံခိုတိုက်ခိုက်ခံရပြီး၊ ရဲမက်အချို့ သေဆုံးကာ ကျောက်ဝူကျူးမှာမူ ဒဏ်ရာဖြင့် အသက်ဘေးမှ လွတ်မြောက်လာခဲ့သည်။

‎

‎ယခုအခါ အိမ်တွင် ဒဏ်ရာကုသနေရသည်။

‎

‎ထိုအချိန်တွင်

‎

‎ဝေမြို့အတွင်း၌ အမျိုးသမီး ပျောက်ဆုံးမှု (၃) ခု ပေါ်ပေါက်လာခဲ့သည်

‎

‎ပျောက်ဆုံးသွားသူများမှာ အရွယ်ကောင်း အမျိုးသမီးငယ်လေးများ ဖြစ်ကြပြီး အိမ်ထဲမှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

‎

‎ထို့အပြင် မိသားစုဝင်များ၏ ပြောကြားချက်အရ ပျောက်ဆုံးခြင်းမရှိမီတွင် ထူးဆန်းသော ခြေသံအချို့ကို ကြားရသော်လည်း မည်သူ့ကိုမျှ မမြင်တွေ့ခဲ့ရပေ။

‎

‎ထိုအချိန်တွင် ပြင်ပတွင် လွတ်မြောက်နေသော ဓားပြ လျံချီကို မတွေးမိရန် ခဲယဉ်းလှသည်

‎

‎တစ်မြို့လုံး လူအများ ထိတ်လန့်တုန်လှုပ်နေကြသည်။

‎

‎အစိုးရရုံး နောက်ခန်း

‎

‎အရာရှိဝတ်စုံ ဝတ်ဆင်ထားသော မြို့ဝန်မင်း ရှူး သည် လက်အောက်ငယ်သားများကို ဆူပူကြိမ်းမောင်းနေသည်။

‎

‎"အသုံးမကျတဲ့ကောင်တွေ အကုန်လုံး အသုံးမကျဘူး လျံချီကို မျက်စိရှေ့တင် ထွက်ပြေးခွင့်ပေးလိုက်ရုံတင်မကဘူး ဒီလောက်ရက်ပေါင်းများစွာ တစ်မြို့လုံး ပိုက်စိပ်တိုက် ရှာနေတာတောင် ဘာမှ အစအန မတွေ့ဘူးလား "

‎

‎မြို့ဝန်မင်း ရှူးမှာ ယခုနှစ်တွင် အသက် ၄၀ ရှိပြီဖြစ်ကာ အမျိုးသားတစ်ဦး၏ ဆွဲဆောင်မှု အရှိဆုံးအချိန်တွင် ရှိနေသည်၊ စာမေးပွဲအောင်မြင်ထားသော ပညာတတ်တစ်ဦးဖြစ်ပြီး ရိုးသားဖြောင့်မတ်ကာ ပြည်သူကို ချစ်ခင်သူ ဖြစ်သည်။

‎

‎သူ၏ တစ်ခုတည်းသော အားနည်းချက်မှာ စကားပြောလျှင် ဆဲဆိုတတ်ခြင်းပင် ။

‎

‎အစိုးရရုံး၏ စစ်ဆေးရေးမှူး၊ ဖမ်းဆီးရေးအရာရှိနှင့် ထောင်မှူးများမှာ ရင်ပြင်တွင် ရပ်နေကြပြီး မြို့ဝန်မင်း၏ ခွေးမသားဟု ဆဲဆိုခြင်းကို ခေါင်းငုံ့ခံနေကြရသည်။

‎

‎ထိုအထဲတွင် အရာရှိကြီးနှစ်ဦးထဲမှ တစ်ဦးဖြစ်သော ဝမ်ရွှန်းရှန်း လည်း ပါဝင်သည်။

‎

‎သူသည် မြင့်မားပိန်ပါးသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ကာ၊ လက်ဖျံနှင့် လက်ဆစ်များမှာ ကြီးမားပြီး သံလက်ဝါး သိုင်းကို ကျင့်ကြံထားသူ ဖြစ်သည်။

‎

‎ကျောက်ဝူကျူး ဒဏ်ရာရသွားသဖြင့် ဝရမ်းပြေးကို လိုက်လံရှာဖွေသည့် တာဝန်မှာ သူ၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့သည်။

‎

‎ဆဲဆိုရတာ ဝါသနာပါတဲ့ အထက်လူကြီးနဲ့ တွေ့နေရတာက ဝမ်အရာရှိအတွက်တော့ ဖိအားတွေက တောင်လိုပုံနေပါပြီ။

‎

‎"သတင်းပို့ပါတယ် "

‎

‎ရဲမက်တစ်ဦးမှာ ပျာပျာသလဲ ပြေးလာပြီး ရင်ပြင်တွင် ဒူးထောက်လိုက်သည်။

‎

‎အစိုးရရုံး၏ အဆင့်မြင့်အရာရှိအားလုံးဖြစ်သော အတွင်းရေးမှူး၊ မှတ်တမ်းအရာရှိ၊ မြို့ဝန်မင်း၊ ဖမ်းဆီးရေးအရာရှိနှင့် စစ်ဆေးရေးမှူးတို့မှာ ဤနေရာတွင် ရှိနေကြသည်။

‎

‎"ပြောစမ်း"

‎

‎မြို့ဝန်မင်း ရှူးက တည်ကြည်သော လေသံဖြင့် ဆိုသည်။

‎

‎"မြို့ဝန်မင်းကို တင်ပြပါတယ် အိမ်တစ်အိမ်က လာရောက်တိုင်ကြားပါတယ်၊ နောက်ထပ် အမျိုးသမီးငယ်တစ်ဦး ထပ်မံ ပျောက်ဆုံးသွားပြန်ပါပြီ "

‎

‎ရဲမက်က ဆိုသည်။

‎

‎လေထုမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

‎

‎လူတိုင်းမှာ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

‎

‎စတုတ္ထမြောက် တစ်ယောက် ဖြစ်သွားပြီ

‎

‎ဖုန်း

‎

‎မြို့ဝန်မင်း ရှူးသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခွဲလိုက်ပြီး အကြည့်များမှာ ထက်မြက်လာသည်

‎

‎"ရှာစမ်း ဝေမြို့ကို သုံးတောင်လောက်ထိ တူးပြီးရှာရင်တောင်မှ အဲဒီတရားခံကို ငါ့ရှေ့အရောက် ရှာလာခဲ့ကြ "

‎

‎လူတိုင်း နောက်ခန်းမှ ထွက်ခွာသွားပြီး တရားခံကို လိုက်လံဖမ်းဆီးရန် ပြင်ဆင်နေကြစဉ်။

‎

‎စစ်ဆေးရေးမှူး ကျိုး က ဝမ်အရာရှိကို လှမ်းခေါ်လိုက်ပြီး

‎

‎ "ရွှန်းရှန်း... အခုတလော ဖြစ်နေတဲ့ အမှုတွေက နည်းနည်း ထူးဆန်းနေတယ် မင်းမှာ သေချာပေါက် ဖမ်းနိုင်တဲ့ အစီအစဉ် ရှိရဲ့လား"

‎

‎စစ်ဆေးရေးမှူးမှာ ကိုးဆင့်အဆင့်ရှိ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦး ဖြစ်ကာ ဝေမြို့၏ စစ်သည်များကို တာဝန်ယူရသူဖြစ်ပြီး ဝမ်ရွှန်းရှန်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသူဖြစ်သည်။

‎

‎ဝမ်ရွှန်းရှန်းက သက်ပြင်းတစ်ချက်ချကာ

‎

‎ "မူလက ဒီလျံချီကို ဘယ်သူ့နောက်ခံနဲ့များ ချက်ချင်း အဆုံးမစီရင်ဘဲ ထားခဲ့သလဲ မသိဘူး အခုတော့ ဘယ်ရောက်နေမှန်း မသိတော့ဘူး တစ်မြို့လုံး ရှာနေတာ ရက်ပေါင်းများစွာ ကြာပြီ၊ ဒါပေမဲ့ အစအနတောင် မတွေ့သေးဘူး တစ်စုံတစ်ယောက်က သူ့ကို နောက်ကွယ်ကနေ ကာကွယ်ပေးနေတာလားလို့တောင် ငါ သံသယ ဖြစ်မိတယ်"

‎

‎စစ်ဆေးရေးမှူး ကျိုးက လေသံတိုးတိုးဖြင့်

‎

‎ "ရွှန်းရှန်း... မင်း စဉ်းစားမိလား ဒါဟာ တစ်ခုခု (မသန့်တဲ့အရာ) က နှောက်ယှက်နေတာများလားမဟုတ်ရင် ဘယ်လိုလုပ်ပြီး ဘယ်သူမှ မသိအောင် ထောင်ဖောက်ပြေးနိုင်မှာလဲ "

‎

‎"ထောင်မှူးကို လာဘ်ထိုးခဲ့ရင်တောင်မှ ဒီလောက်အရေးကြီးတဲ့ ရာဇဝတ်ကောင်ကို ဒီအတိုင်းကြီး လွှတ်ပေးလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဒါဟာ တကယ်ကို မယုံနိုင်စရာပဲ"

‎

‎ဝမ်ရွှန်းရှန်းက ခေါင်းခါလိုက်ပြီး စဉ်းစားတွေးတောနေသော အကြည့်ဖြင့်

‎

‎ "တကယ်လို့ အဲဒီလိုသာဆိုရင်တော့ ဒီအမှုက ကိုင်တွယ်ရ တော်တော်ခက်သွားလိမ့်မယ်"

‎

‎သာမန်သိုင်းသမားတွေက မသန့်တဲ့အရာတွေကို ဘယ်လိုမှ ရင်မဆိုင်နိုင်ပေ၊ ဒါဟာ ဘုန်းကြီးတွေနဲ့ တာအိုဆရာတွေရဲ့ ကျွမ်းကျင်မှုပဲ မဟုတ်ပါလား။

‎

‎လီယန်ချူသည် ဆိုင်ရှင်မကြီး၏ ခြံဝင်းထဲမှ ထွက်လာသောအခါ တည်းခိုခန်းရှိ အလုပ်သမားလေးမှာ ငေးကြည့်ရင်း ကြောင်သွားရသည်။

‎

‎"တာအိုဆရာ... ခင်ဗျား ဘာလို့ ဒီမှာ ရှိနေတာလဲ"

‎

‎အလုပ်သမားလေးက အံ့သြစွာ မေးသည်။

‎

‎"ချင်လန် က ငါ့ကို အကူအညီတောင်းလို့ ဆိုင်ရှင်မကြီးကို ယာယီ ကာကွယ်ပေးဖို့ လာတာပါ မင်း ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦး"

‎

‎ဟု လီယန်ချူက အေးဆေးစွာ ဆိုသည်။

‎

‎အလုပ်သမားလေးက ပြန်ဖြေသည်

‎

‎ "စိတ်ချပါ ဒီကိစ္စကို ကျွန်တော်တစ်ယောက်တည်းပဲ သိမှာပါ"

‎

‎ထို့နောက်တွင်တော့ တည်းခိုခန်းတစ်ခုလုံးရှိ အလုပ်သမားများ၊ အစေခံမလေးများနှင့် စားဖိုမှူးများအားလုံး ထိုကိစ္စကို သိသွားကြတော့သည်။

‎

‎တစ်ခါတစ်ရံတွင် လျှို့ဝှက်ချက်ဆိုသည်မှာ ဤသို့ပင် ပျံ့နှံ့သွားတတ်သည်။

‎

‎လူတိုင်းက တစ်ဖက်လူကို "ဘယ်သူ့မှ မပြောနဲ့" ဟု အထပ်ထပ် မှာကြားကြသည်။

‎

‎ထို့ကြောင့် လူတိုင်းက လီယန်ချူကို ကြည့်သော အကြည့်များမှာ အဓိပ္ပာယ်များစွာ ပါဝင်လာတော့သည်။

‎

‎ဆိုင်ရှင်မကြီးက ရင့်ကျက်လှပသော မုဆိုးမလေးဖြစ်ကာ နှစ်ပေါင်းများစွာ တစ်ဦးတည်း နေထိုင်ခဲ့သူ ဖြစ်သည်။

‎

‎ယခုအခါတွင်မူ လူငယ်တာအိုဆရာလေးကို သူမ၏ ခြံဝင်းအတွင်းသို့ ပေးဝင်နေထိုင်ခိုင်းခဲ့ပြီ။

‎

‎ဤကိစ္စ၏ အဓိပ္ပာယ်မှာ ပြင်ပလူများအတွက် ပြောစရာများစွာ ဖြစ်လာတော့သည်။

‎

‎လူအများစုက သူတို့ကိုယ်သူတို့ အားလုံးသိနေသည်ဟု ထင်မှတ်ကာ ပါးစပ်ပိတ်နေကြသည်။

‎

‎ဆိုင်ရှင်မကြီးက နှုတ်ခမ်းကြမ်းသော်လည်း စိတ်ထားကောင်းကာ အလွန်လှပသူ ဖြစ်သည်။

‎

‎မျက်နှာချင်းဆိုင် ချင်းယွန်းကျောင်းမှ တာအိုဆရာမှာလည်း ဖြူဖြူစင်စင်နှင့် ကြည့်ကောင်းသူဖြစ်ရာ သူတို့နှစ်ဦးမှာ တကယ့်ကို လိုက်ဖက်လှသည်။

‎

‎ဒါ့အပြင် အချို့လူများကတော့ ဓားကိုင်ကာ လောကအနှံ့ လှည့်လည်တတ်သော သူရဲကောင်းမလေး ဖန့်ချင်လန်နှင့် တာအိုဆရာကို ပို၍ သဘောတူကြသည်။

‎

‎အုပ်စုနှစ်စုမှာ သူတို့ဘာသာ သီးသန့် ငြင်းခုန်နေကြသေးသည်။

‎

‎ဆိုင်ရှင်မကြီးမှာမူ ထုံးစံအတိုင်းပင် လီယန်ချူကို တွေ့လျှင် ဆူပူကြိမ်းမောင်းဆဲဖြစ်သော်လည်း သူမ၏ မျက်လုံးများထဲတွင်တော့ ဖော်ပြရခက်သော အဓိပ္ပာယ်တစ်မျိုး ပါဝင်နေသည်။

‎

‎ဒါဟာ အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားသဖြင့် သာမန်လူများ မမြင်နိုင်ပေ။

‎

‎တည်းခိုခန်း ခြံဝင်းအတွင်း၌

‎

‎ညဉ့်နက်သောအခါ

‎

‎လီယန်ချူသည် နေ့စဉ် ထမင်းစားသလို မှီဝဲနေသော နှစ်ပေါင်းရာချီသက်တမ်းရှိ နတ်ဆေးများ၏ အကူအညီဖြင့် နောက်ဆုံးတွင် လျိုယန်ဓားသိုင်း၏ ဆဋ္ဌမအဆင့် (၆) သို့ ရောက်ရှိသွားခဲ့ပြီ

‎

‎သွေးလေအဟုန်များမှာ အလွန်ပင် ထူပြောအားကောင်းလာပြီး၊ သူ၏ အရှိန်အဝါမှာလည်း ပို၍ ထက်မြက်လာသည်။

‎

‎သို့သော် ပုံမှန်အချိန်တွင်မူ အရှိန်အဝါကို ထိန်းချုပ်ထားသဖြင့် ထိုမျှလောက် မသိသာပေ။

‎

‎သူ၏ ကိုယ်ဟန်မှာ ဖြောင့်စင်းပြီး မျက်လုံးအစုံမှာလည်း တောက်ပနေသည်။

‎

‎ယခုအခါ သူ၏ အတွင်းအားမှာ တခြားသူများ နှစ်ပေါင်း ၃၀ ကြိုးစားကျင့်ကြံမှုနှင့် ညီမျှနေပြီ ဖြစ်သည်

‎

‎နှစ်တစ်ရာ ဂျင်ဆင်းနှင့် နှစ်တစ်ရာ လင်ဇီးမှို စသည်တို့မှာ သွေးလေကို အားကောင်းစေကာ ခန္ဓာကိုယ်ကို သန်မာစေနိုင်သည်။

‎

‎လီယန်ချူ၏ အရိုးအဆစ်နှင့် သွေးလေမှာ ယခုအခါ လုံးဝကို အသစ်တစ်ဖန် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

‎

‎ညဉ့်နက်သောအခါ

‎

‎ဆိုင်ရှင်မကြီးသည် ကုတင်ပေါ်တွင် တစ်ဦးတည်း လဲလျောင်းနေသည်။

‎

‎အခန်းအတွင်းမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး တောနက်ထဲက ရေကန်ကြီးတစ်ခုလို အေးစက်နေသည်။

‎

‎ရုတ်တရက်

‎

‎အခန်းထဲတွင် ရှိသလိုလို မရှိသလိုလို ခြေသံတစ်သံ ထွက်ပေါ်လာသည်။

‎

‎ကျွီ...

‎

‎မှောင်အတိကျနေသော အိမ်တံခါးမှာ အသာလေး ပွင့်သွားတော့သည်။

All Chapters