← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) - စုန့်စန်းလောင်

“အထူးသဖြင့် ဒုတိယအချက်ပေါ့ နေရာတော်တော်များများမှာ ကိုယ်ပိုင်ဥပဒေတွေက ပြင်းထန်ပြီး ပြစ်ဒဏ်တွေကလည်း အရမ်းရက်စက်တယ် ကိုယ်လက်အင်္ဂါ ငါးမျိုးဖြတ်တောက်တာ လွှနဲ့တိုက်တာ မီးကင်တာ ဝက်လိုဖြစ်အောင် ခြေလက်ဖြတ်တာရေနွေးပူနဲ့ပြုတ်တာ အရေခွံနွှာတာ စသဖြင့်ပေါ့ ”

“ဒီလူတွေ သေပြီးတဲ့အခါ ရန်ငြိုး က အရမ်းကြီးပြီး တစ်ခါတလေကျရင် သရဲခြောက်တတ်တယ် သေတာရက်စက်လေလေ ပိုခြောက်လေလေပဲ”

“ဒီလိုအချိန်မျိုးမှာ အလောင်းထမ်းသမား ဆိုတဲ့ ဒီအလုပ်က လိုအပ်လာတာပဲ တချို့ကလည်း အလောင်းမောင်းသမား လို့ ခေါ်ကြတယ်"

“အလုပ်တိုင်းမှာ သူ့စည်းကမ်းနဲ့သူ ရှိကြတယ်ဥပမာ အလောင်းထမ်းသမားတွေအတွက်ဆိုရင် ခါးဖြတ်သတ်ခံထားရသူ ရဲ့ အလောင်းကို အထူးဂရုစိုက်ရတယ် ”

“တချို့လူတွေက ခါးဖြတ်ခံရပြီးနောက်မှာ ရန်ငြိုးက အရမ်းကြီးတယ် ဒီလို နှစ်ပိုင်းပြတ်နေတဲ့ အလောင်းကို တစ်နေရာတည်းမှာ အတူတူမြှုပ်လို့ မရဘူး မဟုတ်ရင် ကျိန်းသေပေါက် သရဲခြောက်လိမ့်မယ် ”

“ဒီလို နှစ်ပိုင်းပြတ်အလောင်းတွေကို မြှုပ်မယ့်နေရာက အရမ်းစဉ်းစားချင့်ချိန်ရတယ် အမင်္ဂလာအရှိန်အဝါတွေကို တားဆီးနိုင်တဲ့နေရာ ဖြစ်ရမယ် ချောင်းဘေး မြစ်ဘေးတွေကတော့ အတွေ့ရအများဆုံး နေရာတွေပေါ့ ”

လီယန်ချူက အကျဉ်းချုံး ရှင်းပြလိုက်ပေမဲ့ ဝမ်အရာရှိရဲ့ အကြည့်တွေက ပြောင်းလဲသွားပါပြီ။

သူက စမ်းသပ်ရုံပဲ မေးကြည့်တာပါ၊ လီယန်ချူက ငယ်ငယ်လေးနဲ့ ဒီလောက်အထိ နားလည်ထားလိမ့်မယ်လို့ မထင်ထားဘူးလေ။

ဝမ်အရာရှိက

“လီတာအိုဆရာက တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ”

လို့ ဆိုပါတယ်။

ဝမ်အရာရှိရဲ့ မြှောက်ပင့်မှုတွေကို ယဉ်ပါးနေပြီဖြစ်တဲ့ လီယန်ချူဟာ စိတ်ထဲမှာ တစ်ခုခုကို သတိပြုမိလိုက်ပါတယ်။

လီယန်ချူက

“ဝမ်အရာရှိ တစ်ခုခုနဲ့ ကြုံနေရလို့လား”

လို့ မေးလိုက်ပါတယ်။

ဝမ်အရာရှိက ခေါင်းညိတ်ပြီး ခါးခါးသီးသီး ပြုံးလျက်

“ဟုတ်ပါတယ် လီတာအိုဆရာသာ လမ်းညွှန်မှု မပေးရင် ကျုပ်လည်း တစ်ဝက်တစ်ပျက်ပဲ နားလည်ထားတာဆိုတော့ အမှားကြီးတစ်ခုခု ကျူးလွန်မိတော့မှာပဲ ”

“ဒီနေ့ အစိုးရရုံးကို အမှုလာတိုင်တာတစ်ခု ရှိတယ် အလောင်းထမ်းသမား ကြီးငယ် နှစ်ယောက် ဝေမြို့ကို ဖြတ်လာရင်းနဲ့ တစ်ယောက်က ရုံးတော်ကို လာတိုင်တာ သူ့ဦးလေး ပျောက်ဆုံးနေလို့ ရှာပေးဖို့တဲ့ အဲဒီကျမှပဲ အလောင်းထမ်းသမားဆိုတဲ့ အလုပ်အကိုင်ရှိမှန်း ကျုပ်သိတာ ခုနက လီတာအိုဆရာ ရှင်းမပြရင်တော့ ကျုပ်ကိစ္စကြီးတစ်ခု လွဲချော်တော့မှာပဲ ”

လီယန်ချူ - “...”

ဝမ်အရာရှိရေ... ခင်ဗျားက ဘယ်လို လူမျိုးလဲ၊ အတူတူ ထမင်းစားတိုင်း ဘာလို့ အမှုတွေက တစ်ခုပြီးတစ်ခု ပေါ်နေရတာလဲ။

ဝမ်အရာရှိထက်စာရင် လီယန်ချူက အလောင်းထမ်းသမားတွေရဲ့ တားမြစ်ချက်တွေကို ပိုနားလည်ပါတယ်။

ဒီလိုမျိုး ခရီးဝေး အလောင်းထမ်းလာရတယ်ဆိုရင် သေသူဟာ မသေခင်က ရန်ငြိုးအရမ်းကြီးတာ ဒါမှမဟုတ် အရမ်းရက်ရက်စက်စက် သေဆုံးခဲ့ရတာ ဖြစ်နိုင်ပါတယ်။

ဒီလိုအလောင်းမျိုးက ပြဿနာတက်ဖို့ အရမ်းလွယ်ပါတယ်။

လီယန်ချူက မျက်မှောင်ကြုတ်ပြီး

“ဒီတစ်ခါ အလောင်းထမ်းသမား ပျောက်သွားတဲ့ အလောင်းက ဘယ်လိုအလောင်းမျိုးလဲ ”

လို့ မေးလိုက်ပါတယ်။

ဝမ်အရာရှိက သက်ပြင်းချရင်း

“ဘယ်ကမှန်းမသိတဲ့ နှစ်ပိုင်းပြတ်အလောင်း တစ်လောင်းပဲ”

လို့ ဆိုပါတယ်။

လီယန်ချူရဲ့ စိတ်က လေးလံသွားပြီး

“ဘယ်လိုဖြစ်တာလဲ”

လို့ ထပ်မေးပါတယ်။

ဝမ်အရာရှိက

“အမှုလာတိုင်တဲ့ အလောင်းထမ်းသမား ပြောပြချက်အရ သူတို့က ယန်ခရိုင် လျိုကျားရွာက လာတာတဲ့ ”

“အဲဒီနေ့က လျိုကျားရွာမှာ ရွာသားတစ်ယောက် မင်္ဂလာဆောင်ရှိတော့ တစ်ရွာလုံး မင်္ဂလာဆောင်သွားသောက်ကြတယ် လွန်ခဲ့တဲ့ ရက်ပိုင်းက တောင်ပေါ်ဆေးမြစ်တူးရင်း ပြုတ်ကျသေသွားတဲ့ လူရဲ့အိမ်မှာပဲ အလောင်းစောင့်ပေးမယ့်လူ ကျန်ခဲ့တယ်"

“မထင်မှတ်ဘဲ ခုနစ်ရက်ပြည့်မှ သင်္ဂြိုဟ်မယ့် အလောင်းက ရုတ်တရက် ပျောက်သွားပြီး အဲဒီနေရာမှာ ထူးဆန်းတဲ့ နှစ်ပိုင်းပြတ်အလောင်းကြီး ရောက်နေတာပဲ ”

“အလောင်းစောင့်တဲ့ ရွာသားဆိုရင် သေမတတ် ကြောက်သွားတာပဲ ရွာသူကြီးက ချက်ချင်း အမှုတိုင်ပေမဲ့ ပြုတ်ကျသေတဲ့လူရဲ့ အလောင်းကိုတော့ ရှာမတွေ့တော့ဘူး ”

“ပြီးတော့ ဒေသခံအစိုးရရုံးမှာလည်း ခါးဖြတ်စီရင်ထားတဲ့ ရာဇဝတ်သား မရှိဘူး ဒီနှစ်ပိုင်းပြတ်အလောင်းက ဘယ်ကလာသလဲဆိုတာ ဘယ်သူမှ မသိဘူး ”

“ဒါပေမဲ့ ရွာထဲမှာတော့ ထူးဆန်းတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတယ် အရင်ဆုံး တိရစ္ဆာန်တွေ အကြောင်းမဲ့ သေကုန်တယ် နောက်တော့ ရွာသားအများအပြား ဖျားပြီး သတိလစ်ကုန်ကြတယ် ”

“ရွာက လူကြီးတွေက ဒီထူးဆန်းတဲ့အလောင်းက အမင်္ဂလာတွေ ယူလာတယ်လို့ ယူဆပြီး အနီးနားမှာ နာမည်အကြီးဆုံး အလောင်းထမ်းသမားကို ပင့်ပြီး ဒီအလောင်းကို ကိုင်တွယ်ခိုင်းတာပဲ”

“ဒီအလောင်းထမ်းသမား နှစ်ယောက်က ဦးလေးနဲ့ တူအရင်းတွေပဲ ဝေမြို့အပြင်ဘက်ကို ဖြတ်လာတဲ့အချိန်မှာ အသက်ကြီးတဲ့ အလောင်းထမ်းသမားတင်မကဘဲ အဲဒီထူးဆန်းတဲ့ နှစ်ပိုင်းပြတ်အလောင်းပါ အကုန်ပျောက်သွားတာပဲ ”

လီယန်ချူရဲ့ မျက်လုံးတွေက စဉ်းစားဟန် ဖြစ်သွားပါတယ်။

ဒီကိစ္စက ကြည့်ရတာ ထင်သလောက် မရိုးရှင်းဘူး။

ဝေမြို့က ငြိမ်သက်နေတာ နှစ်အတော်ကြာပြီဖြစ်ပေမဲ့ မကြာသေးခင်ကတော့ မတည်မငြိမ် ဖြစ်လာပုံရတယ်။

ဝမ်အရာရှိက

“လီတာအိုဆရာကို ခဏခဏ ဒုက္ခပေးနေရတာ တကယ်ကို အားနာပါတယ် ဒါပေမဲ့ အခုက ချင်းယီပွဲတော် နီးနေပြီဆိုတော့ ဘာပြဿနာမှ တက်လို့မဖြစ်ဘူး အဲဒါကြောင့် အလောင်းထမ်းသမားနဲ့ အဲဒီနှစ်ပိုင်းပြတ်အလောင်းကို လိုက်ရှာဖို့ ကျုပ်နဲ့အတူ လိုက်ပေးပါဦး”

လို့ ပြောလာပါတယ်။

ဝမ်အရာရှိ ဒီလိုပြောလာမယ်ဆိုတာ လီယန်ချူ ကြိုသိနေတာကြောင့် မအံ့သြပါဘူး။

ဒါပေမဲ့ ဝမ်အရာရှိပြောတဲ့ ချင်းယီပွဲတော် ဆိုတဲ့ စကားလုံးက သူ့ရဲ့ အာရုံကို ဆွဲဆောင်သွားပါတယ်။

“မကြာခင်က ဖြစ်နေတာတွေက ချင်းယီပွဲတော်နဲ့ ပတ်သက်နေတာလား ”

လီယန်ချူ စိတ်ထဲက တွေးလိုက်ပါတယ်။

ဝမ်အရာရှိရဲ့ တောင်းဆိုချက်ကို လီယန်ချူ လက်ခံလိုက်ပါတယ်။

သူက ဒီကမ္ဘာထဲကို ရောက်နေပြီဖြစ်ရာ၊ တတ်နိုင်တဲ့အရာတွေကို ကူညီပေးတာက ကောင်းတဲ့အချက်ပဲလေ။

အစိုးရရုံးရဲ့ ဆုလာဘ်နဲ့ မိစ္ဆာနှိမ်နင်းလို့ရမယ့် ကုသိုလ်ကံတွေအတွက်ကြောင့်တော့ လုံးဝ မဟုတ်ပါဘူး။

လမ်းမကြီးပေါ်မှာ ဖုန်လုံးတွေ ထလို့နေပါတယ်။

မြင်းလှည်း နှစ်စီး မြို့ပြင်ကို ထွက်လာခဲ့ပါတယ်။

မြင်းလှည်းတစ်စီးစီကို ဓားလွယ်ထားတဲ့ အစိုးရစစ်သည် တစ်ဦးစီက မောင်းနှင်နေကြပါတယ်။

လီယန်ချူကတော့ ဝမ်အရာရှိနဲ့အတူ ပထမမြင်းလှည်းပေါ်မှာ ထိုင်နေပါတယ်။

လီယန်ချူရဲ့ အကြံပေးချက်အရ ဝမ်အရာရှိက လူအများကြီး ခေါ်မလာခဲ့ပါဘူး။

စစ်သည် လေးယောက်နဲ့ နောက်ထပ် လူငယ်အလောင်းထမ်းသမား တစ်ယောက်ပဲ ပါလာပါတယ်။

ဒီကမ္ဘာမှာ ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝနေလို့လားမသိ၊ မြင်းလှည်းတွေကလည်း တော်တော်လေး မြန်မြန်ပြေးနိုင်ပါတယ်။

မကြာခင်မှာပဲ ကျေးရွာတစ်ခုဆီကို ရောက်လာခဲ့ပါတယ်။

မြင်ကွင်းကတော့ ခြောက်ကပ်ပြီး ပျက်စီးနေပါတယ်၊ နံရံတွေပေါ်မှာ ခြောက်သွေ့တဲ့ နွယ်ပင်တွေ တက်နေပြီး အိမ်တိုင်းမှာ လူသူမရှိပါဘူး၊ တစ်ရွာလုံးက ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေပါတယ်။

မြင်းလှည်းက လမ်းဘေးမှာ ရပ်လိုက်ပါတယ်။

ဒုတိယမြင်းလှည်းထဲကနေ နားရွက်ကားကားနဲ့ မျက်နှာကွက်ကွက် လူငယ်တစ်ယောက် ထွက်လာတယ်၊ ကိုယ်လုံးကတော့ အနည်းငယ် ပိန်လှီပါတယ်။

“ဒါ ကျုပ်ဦးလေး ပျောက်သွားတဲ့နေရာပဲ ”

လူငယ်ရဲ့ အသံက အနည်းငယ် အက်ရှရှ ဖြစ်နေပါတယ်။

သူကတော့ အစိုးရရုံးကို အမှုလာတိုင်တဲ့ လူငယ်အလောင်းထမ်းသမားဖြစ်ပြီး၊ ပျောက်သွားတဲ့သူကတော့ သူ့ရဲ့ တတိယဦးလေး ဖြစ်ပါတယ်။

လီယန်ချူနဲ့ ဝမ်အရာရှိတို့ ဆင်းလာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြပါတယ်။

ဝမ်အရာရှိက လီယန်ချူကို ပြောတယ်

“လီတာအိုဆရာ၊ ဒီနေရာက မူလက ကျန်းကျားကျွမ်း လို့ ခေါ်တယ် ဒါပေမဲ့ တစ်ခါက ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်ခဲ့ဖူးတယ် ရွာသား ၁၀ ယောက်ကျော်က တစ်ညတည်းမှာ ခေါင်းဖြတ်သတ်ခံရပြီး ခေါင်းတွေကို တံခါးရှေ့မှာ အစီအရီ တင်ထားတာ ခံခဲ့ရတယ် ”

“အဲဒီတုန်းက ဒီအမှုက ဟိုးဟိုးကျော်သွားခဲ့တာဒါပေမဲ့ ရက်ပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးတာတောင် တရားခံကို ရှာမတွေ့ခဲ့ဘူး ”

“လှည့်လည်သွားလာနေတဲ့ တာအိုဆရာတစ်ယောက်ကတော့ သရဲခြောက်တာ မိစ္ဆာက အသက်နှုတ်တာလို့ ပြောတယ် ဒီစကားတွေနဲ့ ကျန်းကျားကျွမ်းက သွေးပျက်စရာ အမှုကြောင့် ရွာသားတွေဟာ တဖြည်းဖြည်း ပြောင်းရွှေ့ကုန်ကြပြီး အခုတော့ စွန့်ပစ်ခံထားရတဲ့ ရွာပျက်ကြီး ဖြစ်နေတာပဲ ”

ဝမ်အရာရှိဟာ ကျောက်အရာရှိ မိစ္ဆာအလောင်း ဖြစ်သွားတဲ့ကိစ္စကို ကြုံပြီးကတည်းက အခုလို သရဲတွေ အလောင်းတွေအကြောင်း ကြားရင်ကို စိတ်ထဲမှာ ထိတ်လန့်နေမိပါတယ်။

ခရိုင်ရုံးမှာ အထူးသွားစစ်ကြည့်တော့မှ အလောင်းထမ်းသမား ပျောက်သွားတဲ့နေရာက ကျိန်စာသင့်ရွာ ဖြစ်နေတာကို သိလိုက်ရတာပါ။

အခု ပြောနေတဲ့အချိန်မှာတောင် ဝမ်အရာရှိရဲ့ အသံထဲမှာ မသိမသာ တုန်လှုပ်မှုတွေ ပါနေပါတယ်။

လီယန်ချူကတော့ ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး ထွေထွေထူးထူး ခံစားချက် မရှိပါဘူး။

သရဲတစ္ဆေ မိစ္ဆာဆိုတာတွေကို သူက သာမန်လူတွေထက် ပိုပြီး အေးအေးဆေးဆေး သဘောထားနိုင်ပါတယ်။

ဘယ်လိုပြောရမလဲ။

သူ့အလုပ်က ဒါတွေကို ကိုင်တွယ်ရတာလေ၊ သရဲကြောက်နေလို့ ဘယ်ဖြစ်မလဲ

လီယန်ချူက အရှိန်ဝါကြည့်အတတ် ကို သုံးပြီး ဒီရွာကို စစ်ဆေးကြည့်ပေမဲ့ ဘာမှ ထူးထူးခြားခြား ရှာမတွေ့ပါဘူး။

ဒီနေရာမှာ ပြဿနာမရှိတာ ဖြစ်နိုင်သလို၊ ဒီနေရာက မိစ္ဆာက သူ့ထက်အများကြီး သာလွန်နေလို့ သူ မမြင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။

သူက ဝမ်အရာရှိကို အမှန်အတိုင်း မပြောဘဲ

“သတိထားပါ”

လို့ပဲ မှာလိုက်ပါတယ်။

လူငယ်အလောင်းထမ်းသမားရဲ့ အမည်က စုန့်စန်းလောင် ပါ၊ လီယန်ချူက ထပ်မံ အတည်ပြုလိုက်ပါတယ်

“မင်း သေချာလား အိပ်ရာနိုးလာတော့မှ မင်းဦးလေး မရှိတော့တာလား ”

စုန့်စန်းလောင်က ခေါင်းညိတ်ပြီး

“ဟုတ်ပါတယ်”

လို့ ဖြေပါတယ်။

“အလောင်းထမ်းသမားတွေက လူသေတွေနဲ့ အမြဲထိတွေ့နေရတာဆိုတော့ ကိုယ်ပိုင် အစွမ်းအစတွေ ရှိကြတာပဲ သာမန်အားဖြင့်တော့ မိစ္ဆာတွေရဲ့ လက်ချက်ကို အလွယ်တကူ မမိနိုင်ဘူး”

လို့ လီယန်ချူက ဆိုပါတယ်။

သူပြောတာ မှန်ပါတယ်။

အလောင်းထမ်းသမားတွေဆိုတာ အတတ်ပညာ တစ်ခုခု ရှိကြသူတွေဖြစ်ပြီး ကံကြမ္မာ ကလည်း အလွန်မာကျောသူတွေ ဖြစ်ရပါမယ်၊ မဟုတ်ရင် ဒီအလုပ်ကို လုပ်လို့မရနိုင်ပါဘူး။

အခန်း (၂၀) - ကျန်းကျားကျွမ်း

စုန့်စန်းလောင်က ပြောပါတယ်။

“ကျုပ်တို့ ဦးလေးနဲ့တူ နှစ်ယောက်စလုံး တစ်လမ်းလုံး သတိထားခဲ့ကြတာပါ ဒီနေရာမှာ မအိပ်ခင်ကလည်း လမ်းမေးအမွှေးတိုင် ထွန်းပြီး ဘာပြဿနာမှမရှိတာ သေချာမှ ဒီမှာ တစ်ညအိပ်ခဲ့တာပါ “

“ပြီးတော့ ကျုပ်က အိပ်ပျော်နေရင်လည်း အသံကြားတာနဲ့ နိုးတတ်တဲ့သူပါ အဲဒီညက ဘာထူးခြားမှုမှ မရှိခဲ့ဘဲနဲ့ ကျုပ်ရဲ့ တတိယဦးလေးက ပျောက်သွားတယ် အဲဒီ နှစ်ပိုင်းပြတ်အလောင်းနဲ့အတူ ပျောက်သွားတာပဲ “

လီယန်ချူက ခေါင်းညိတ်လိုက်ပါတယ်။

လမ်းမေးအမွှေးတိုင် ဆိုတာကတော့ အရပ်ထဲက ထူးခြားတဲ့ အတတ်ပညာရှင်တွေ သုံးလေ့ရှိတဲ့ အမွှေးတိုင်တစ်မျိုးပါ။

တောတောင်လျှိုမြောင်တွေဆီ သွားတဲ့အခါ ဒါကို ထွန်းလေ့ရှိပါတယ်။

အကယ်၍ ဒီနေရာမှာ မိစ္ဆာရှိနေရင် အမွှေးတိုင်က အတိုနှစ်ချောင်း အရှည်တစ်ချောင်း ပုံစံမျိုး လောင်ကျွမ်းသွားတတ်ပြီး၊ ဒီနေရာက မသန့်ရှင်းဘူး၊ အမြန်ဆုံး ဆုတ်ခွာပါလို့ အဓိပ္ပာယ်ရပါတယ်။

ဝမ်အရာရှိက

“ဒါဆိုရင် လူခွဲပြီး လိုက်ရှာကြမလား”

လို့ မေးပါတယ်။

လီယန်ချူက သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်တယ်

“မရဘူး အားလုံး အတူတူ လှုပ်ရှားရမယ် ဘယ်တော့မှ လူခွဲလို့ မဖြစ်ဘူး “

ဝမ်အရာရှိက ခဏ ကြောင်သွားပြီး၊ ဒီလိုဆိုရင် အရမ်းနှေးကွေးသွားမှာ မဟုတ်လားလို့ ပြောဖို့ ပြင်လိုက်ပေမဲ့ လီယန်ချူက သရဲနှိမ်နင်းတဲ့ ပညာရှင် တာအိုဆရာဖြစ်တာကြောင့် သူ ပြန်မပြောတော့ပါဘူး။

လီယန်ချူက ဝမ်အရာရှိကို လူမခွဲခိုင်းတာက ဒီကိစ္စဟာ မိစ္ဆာနဲ့ ပတ်သက်နေတာ သေချာသလောက် ရှိနေလို့ပါ။

လူခွဲလိုက်တာနဲ့ ထိတ်လန့်စရာ ရုပ်ရှင်တွေထဲကအတိုင်း တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရမယ့် အကွက်မျိုး ဖြစ်သွားနိုင်လို့ပါ။

အဲဒီလိုနဲ့၊ လီယန်ချူ အပါအဝင် လူခုနစ်ယောက်ဟာ ဓားတွေကိုင်ပြီး ကျန်းကျားကျွမ်းလို့ ခေါ်တဲ့ နေရာထဲကို ဝင်လာခဲ့ကြပါတယ်။

အခုက မွန်းတည့်ချိန်ဖြစ်ပြီး တစ်နေ့တာအတွင်း ယန်ဓာတ် အားအကောင်းဆုံး အချိန်ဖြစ်ပါတယ်။

ဒါ့အပြင် သိုင်းပညာကျင့်ထားသူတွေရဲ့ သွေးသားအရှိန်အဝါက ပြင်းထန်ပြီး ယန်ဓာတ်ကြွယ်ဝတာကြောင့် မသန့်ရှင်းတဲ့အရာတွေ အနားမကပ်ရဲပါဘူး။

လူစုလူဝေးနဲ့ဆိုရင် ယန်ဓာတ်က ပိုပြီး အားကောင်းပါတယ်။

လီယန်ချူဟာ လူကို ကယ်ဖို့ စိတ်ကူးထားပေမဲ့ မသိတဲ့ အလောင်းထမ်းသမား တစ်ယောက်ကို ကယ်ဖို့အတွက်နဲ့တော့ ဝမ်အရာရှိနဲ့ စစ်သည်တွေကို အန္တရာယ်ထဲ မတွန်းပို့ချင်ပါဘူး။

ဇာတ်လမ်းတွေထဲမှာ လူတစ်ယောက်ကို ကယ်ဖို့အတွက် ဘာလို့ လူအများကြီး အနစ်နာခံကြသလဲဆိုတာ သူ အမြဲတမ်း နားမလည်နိုင်ခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် သူ့ဘေးကလူတွေကိုတော့ သူ အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင် ထားမှာပါ။

သူတို့ ရွာထဲကို အနက်ရှိုင်းဆုံးအထိ ဝင်လာခဲ့ကြပြီး မကြာခင်မှာပဲ စုန့်စန်းလောင် လမ်းပြတဲ့အတိုင်း သူတို့ ဦးလေးနဲ့တူ တစ်ညအိပ်ခဲ့တဲ့ နေရာကို ရောက်လာခဲ့ပါတယ်။

ဒါက ဟောင်းနွမ်းနေတဲ့ ခြံဝင်းတစ်ခုပါ။

တကယ်တော့ သစ်သားခြံစည်းရိုးတွေနဲ့ ဝိုင်းထားတဲ့ ခြံဝင်းတစ်ခုဖြစ်ပြီး အခုတော့ ပျက်စီးယိုယွင်းနေပါပြီ။

အထဲက အိမ်ကိုတော့ အပြင်ကနေ တန်းမြင်နေရပါတယ်။

လီယန်ချူတို့ တစ်ဖွဲ့လုံး အထဲမှာ အနည်းငယ် စစ်ဆေးကြည့်ပြီးနောက် ခြံဝင်းထဲကို ပြန်ထွက်လာကြပါတယ်။

“လီတာအိုဆရာ ဒီမှာတော့ ဘာသဲလွန်စမှ ရှိပုံမရဘူး ကျုပ်တို့ တခြားနေရာမှာ သွားရှာကြတာပေါ့”

လို့ ဝမ်အရာရှိက ဓားကို ကိုင်ရင်း ပြောပါတယ်။

“ခဏလေး”

လီယန်ချူက အသံနက်ကြီးနဲ့ ပြောလိုက်ပါတယ်။

ဟွမ်ထင်တာအိုကျမ်း ကို ကျင့်ကြံထားတာကြောင့် လီယန်ချူရဲ့ အာရုံငါးပါးဟာ သာမန်လူထက် အများကြီး ပိုထက်မြက်ပါတယ်။

ဒီနေရာမှာ တစ်ခုခု မူမမှန်တာကို သူ အာရုံရလိုက်ပါတယ်။

သူက ခါးကြားက အိတ်ထဲကနေ ပုလင်းလေးတစ်လုံးကို ထုတ်ပြီး မျက်လုံးထဲကို အရည်အစက်အနည်းငယ် ထည့်လိုက်ပါတယ်။

ဒါက နွားမျက်ရည် ပါ။

ဒါကို သုံးရင် သာမန်လူတွေ မမြင်နိုင်တဲ့ မသန့်ရှင်းတဲ့အရာတွေကို မြင်နိုင်ပါတယ်။

လီယန်ချူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပေမဲ့ ဘာမှ ထူးခြားတာ မတွေ့ရသေးပါဘူး။

အခုက မွန်းတည့်ချိန် ယန်ဓာတ် အားအကောင်းဆုံး အချိန်ဆိုတော့ မိစ္ဆာတွေ ရှောင်တိမ်းနေကြတာလည်း ဖြစ်နိုင်ပါတယ်။

“ငါ အရမ်းများ စိတ်လှုပ်ရှားနေတာလား”

လီယန်ချူ စိတ်ထဲက တွေးလိုက်မိပါတယ်။

ဝမ်အရာရှိက စိုးရိမ်တကြီးနဲ့

“လီတာအိုဆရာ တစ်ခုခု တွေ့လိုက်လို့လား”

လို့ မေးပါတယ်။

လီယန်ချူက ခေါင်းခါပြပြီး

“ဒီနေရာက တစ်ခုခု ထူးဆန်းနေတယ် အမှောင်မကျခင်မှာ ကျုပ်တို့ စောစော ပြန်ထွက်သွားတာ ပိုကောင်းမယ်လို့ ထင်တယ်”

လို့ ဆိုပါတယ်။

ဝမ်အရာရှိ စကားမပြောရသေးခင်မှာပဲ ဘေးက စုန့်စန်းလောင်က ပြာပြာသလဲ ဖြစ်လာပါတယ်။

သူက အရှေ့ကို တစ်လှမ်းတိုးလာပြီး

“လီတာအိုဆရာ ကျုပ်ဦးလေးက အသက်ရှင်လား သေလားတောင် မသိရသေးဘူး အစိုးရဘက်က ကူရှာပေးဖို့ လိုပါတယ် အခုလို ပြန်ထွက်သွားရင်တော့ သူ့အသက် အာမခံချက် မရှိတော့ဘူး”

လို့ ပြောပါတယ်။

လီယန်ချူကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေပါတယ်။

ဝမ်အရာရှိက စဉ်းစားလိုက်ပါတယ်။

တကယ်တော့ စိတ်ထဲမှာ လီယန်ချူရဲ့ အကြံကို ပိုလက်ခံပါတယ်။

ဒါပေမဲ့ ဝေမြို့ရဲ့ ဖမ်းဆီးရေးမှူးတစ်ယောက်အနေနဲ့ အမှုကို အဆုံးအထိ စုံစမ်းချင်တဲ့ အလေ့အထက ရှိနေပြန်ပါတယ်။

အထူးသဖြင့် နှစ်ပိုင်းပြတ်အလောင်း ပျောက်ဆုံးနေတဲ့ ကိစ္စက ချင်းယီပွဲတော် နီးကပ်နေချိန်မှာ ပြဿနာတက်ရင် သူတင်မကဘဲ မြို့ဝန်မင်းပါ အပြစ်က လွတ်မှာ မဟုတ်ပါဘူး။

ဝမ်အရာရှိက

“ဒီလိုလုပ်မယ် ကျုပ်တို့ နောက်ထပ် တစ်နာရီလောက် ထပ်ရှာကြည့်မယ် ရလဒ်မထွက်ရင်တော့ အရင်ပြန်ကြတာပေါ့”

လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

အစိုးရဘက်က ဒီလိုပြောလာတော့ စုန့်စန်းလောင်လည်း ဘာမှ ထပ်မပြောတော့ပါဘူး။

သူတို့အဖွဲ့ ရှေ့ကို ဆက်သွားကြပါတယ်။

အစိုးရစစ်သည် လေးယောက်ကတော့ လီယန်ချူဟာ သူတို့ရဲ့ အသက်အန္တရာယ်ကို အမြဲငဲ့ညှာပေးတာကို တွေ့ရတော့ စိတ်ထဲမှာ အတော်လေး လေးစားသွားကြပါတယ်။

အစကတည်းက လူအများကြီး ခေါ်မလာခိုင်းတာကနေ မွန်းတည့်ချိန် ယန်ဓာတ်အားကောင်းချိန်ကို ရွေးလာတာတွေအထိ သူတို့ရဲ့ အသက်ကို တန်ဖိုးထားပေးတယ်ဆိုတာ သူတို့ သိကြပါတယ်။

ရှောက်... ရှောက်...

ခြေသံလိုလို တစ်ခုခု ကြားလိုက်ရပါတယ်။

“ဘယ်သူလဲ အဲဒီမှာ”

“ဘယ်သူက သရဲလုပ်ပြီး ခြောက်နေတာလဲ”

ဝမ်အရာရှိက ဓားကို ဆွဲထုတ်ပြီး အသံလာရာဘက်ကို ချက်ချင်း လိုက်သွားပါတယ်။

လူငယ်အလောင်းထမ်းသမား စုန့်စန်းလောင်ကလည်း အစွမ်းအစ မညံ့တာကြောင့် နောက်ကနေ ကပ်လိုက်သွားပါတယ်။

လီယန်ချူရဲ့ မျက်လုံးထဲမှာတော့ ဝေခွဲမရတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။

ပုံမှန်အားဖြင့် ဒီလိုအခြေအနေမျိုးမှာ လိုက်သွားတဲ့လူကပဲ ဒုက္ခရောက်တတ်သလို၊ ကျန်ခဲ့တဲ့လူကပဲ အန္တရာယ်ကြုံတတ်ပါတယ်။

သူက

“သတိထားကြဦး”

လို့ လှမ်းမှာလိုက်ပြီး နောက်ကနေ တိုက်ရိုက် လိုက်သွားပါတယ်။

မတတ်နိုင်ဘူးလေ၊ လူဆိုတာကတော့ ဘက်လိုက်မှု ရှိတာပဲ။

ဘာပဲဖြစ်ဖြစ် သူနဲ့ ဝမ်အရာရှိကတော့ နှစ်ခါလောက် ထမင်းအတူတူ စားဖူးတဲ့ သံယောဇဉ် ရှိနေတာကိုး။

စစ်သည်လေးယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဓားတွေကို ဆွဲထုတ်ကာ နောက်က လိုက်လာကြပါတယ်။

လီယန်ချူရဲ့ လှုပ်ရှားမှုက အရမ်းမြန်ပါတယ်။

အရိပ်တစ်ခုလိုပဲ ခဏချင်းမှာ ဝမ်အရာရှိတို့ နှစ်ယောက်နောက်ကို မှီသွားပါတယ်။

ဒါပေမဲ့ သုံးယောက်စလုံး ရုတ်တရက် ရပ်တန့်သွားကြပါတယ်။

နေခင်းကြောင်တောင် အလင်းထဲမှာ ဖြစ်ပေမဲ့ တစ်ကိုယ်လုံး ကြက်သီးထစရာ မြင်ကွင်းပါ။

လူသူမရှိတဲ့ မြက်ခင်းပြင်ပေါ်မှာ လူတစ်ယောက်ရဲ့ ခြေရာတွေက အလိုအလျောက် ပေါ်ပေါ်လာပြီး အဝေးကို လျှောက်သွားနေတာပါ။

တကယ်ပဲ တစ်စုံတစ်ယောက်က လမ်းလျှောက်နေသလိုပါပဲ။

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ ဝမ်အရာရှိနဲ့ စုန့်စန်းလောင်ရဲ့ မျက်လုံးထဲမှာတော့ ထိတ်လန့်ရိပ်တွေ တွေ့နေရပါတယ်။

လီယန်ချူကတော့ တည်ငြိမ်နေပေမဲ့ မျက်လုံးထဲမှာတော့ နားမလည်နိုင်တဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။

“ဒီနေရာက... တကယ် ထူးဆန်းနေပြီ”

လို့ လီယန်ချူ တွေးလိုက်ပါတယ်။

နေခင်းကြောင်တောင်ကြီးမှာ သရဲခြောက်နေတာ၊ သူကိုယ်တိုင်တောင် ဘာမှ မမြင်ရတာက တကယ့်ကို ထူးဆန်းလွန်းပါတယ်။

လီယန်ချူက ခဏစဉ်းစားပြီး အိတ်ထဲကနေ ငါးပါးဧကရာဇ် ကြေးပြား အချို့ကို ထုတ်ပြီး ဝမ်အရာရှိနဲ့ စုန့်စန်းလောင်ကို ဝေပေးလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ စစ်သည်လေးယောက်က မှီလာကြပါတယ်။

စစ်သည်တစ်ယောက်က မျက်စိလျင်ပြီး မြက်ခင်းပေါ်က ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတဲ့ ခြေရာတွေကို မြင်သွားတော့

“သရဲ... သရဲရှိနေတယ် ဒီမှာ မသန့်ရှင်းတာတွေ တကယ် ရှိနေတာပဲ “

လို့ အလန့်တကြား အော်လိုက်ပါတယ်။

စစ်သည်တွေဟာ ကြောက်လန့်ပြီး ဓားကိုင်ထားတဲ့ လက်တွေတောင် တုန်လာကြပါတယ်။

“မြန်မြန် ပြေးကြရအောင် ဒီနေရာက အရမ်း ထူးဆန်းလွန်းတယ် “

ဝမ်အရာရှိက

“လီတာအိုဆရာ၊ အခု ဘာလုပ်ကြမလဲ”

လို့ မေးပါတယ်။

လီယန်ချူက

“ဒီအထိ ရောက်မှတော့ ကြောက်နေလည်း မထူးတော့ဘူး ဒီကြေးပြားကို ပါးစပ်ထဲမှာ ငုံထားကြအစွမ်းရှိမရှိ ကြည့်ရအောင်”

လို့ ဆိုပါတယ်။

“တကယ်လို့ အစွမ်းမရှိရင်တော့ အားလုံး စောစော ပြန်ထွက်ကြတာပေါ့ မဟုတ်ရင် ဒီမှာ နေတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူလိမ့်မယ် “

သူက အရင်ဆုံး ကြေးပြားကို ပါးစပ်ထဲ ငုံလိုက်ပါတယ်။

ဒီကြေးပြားက ခန္ဓာကိုယ်ထဲက ယန်ဓာတ်ကို ခဏတာ ထိန်းချုပ်ပေးပြီး သာမန်အချိန်မှာ မမြင်ရတဲ့ အရာတွေကို မြင်စေနိုင်ပါတယ်။

ခဏချင်းမှာပဲ သူ့မျက်စိရှေ့က မြင်ကွင်းက ပြောင်းလဲသွားပါတယ်။

မူလက ပျက်စီးယိုယွင်းနေတဲ့ ရွာပျက်ကြီးက လုံးဝ ပျောက်ကွယ်သွားပြီး အခြားကမ္ဘာတစ်ခု ဖြစ်သွားပါတယ်။

လေထဲမှာ လတ်ဆတ်တဲ့ သစ်ပင်နံ့တွေ ရနေပြီး ပတ်ဝန်းကျင်က စိမ်းလန်းစိုပြည်နေပါတယ်။

အဝေးမှာရှိတဲ့ စပါးခင်းတွေကိုတောင် အထင်အရှား မြင်နေရပါပြီ။

ဝမ်အရာရှိလည်း ကြေးပြားကို ပါးစပ်ထဲ ငုံလိုက်ရာ လေအေးတစ်ချက် ဖြတ်တိုက်သွားပြီး မျက်စိရှေ့က မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွားပါတယ်။

“လီတာအိုဆရာ... ဒါက...”

စုန့်စန်းလောင်ရဲ့ မျက်လုံးထဲမှာလည်း အံ့သြတုန်လှုပ်တဲ့ အရိပ်အယောင်တွေ ပေါ်နေပါတော့တယ်။

All Chapters