← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁) - ခေါင်းဖြတ်သရဲ

လီယန်ချူက ပြောပါတယ်။

"ကျုပ်တို့တွေ ကျေးလက်ပုံပြင်တွေထဲကလို သရဲဈေး ဒါမှမဟုတ် သရဲရွာ လိုမျိုး နေရာထဲကို ရောက်နေတာ ဖြစ်နိုင်တယ်"

ဝမ်အရာရှိဟာ ထိုစကားကို ကြားလိုက်ရတော့ လက်တွေ တုန်သွားပါတယ်။

လီယန်ချူက

"ဝမ်အရာရှိတို့ လူတွေကိုခေါ်ပြီး အရင်ထွက်သွားတာ ပိုကောင်းမယ် မြင်းလှည်းတွေကို သွားကြည့်ထားလိုက်ပါ ကျုပ်ပဲ အထဲကို သွားစစ်ဆေးလိုက်မယ်"

လို့ ဆိုပါတယ်။

ဝမ်အရာရှိက တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ လီယန်ချူက

"ဒီနေရာက ကျုပ်ထင်ထားတာထက် ပိုထူးဆန်းနေတယ် လူကယ်ဖို့ မဟုတ်ရင်တော့ အခုချက်ချင်း ထွက်သွားတာကပဲ အကောင်းဆုံး နည်းလမ်းပဲ"

လို့ ဖြတ်ပြောလိုက်ပါတယ်။

ဝမ်အရာရှိက သက်ပြင်းတစ်ချက်ချပြီး

"ဒါဆိုရင်လည်း လီတာအိုဆရာ သတိထားပါဦး"

လို့ ပြောလိုက်ပါတယ်။

အဘိုးကြီး ဝမ်က အပိုတွေ ပြောနေတတ်သူ မဟုတ်ပါဘူး၊ ကျောက်ဝူကျုတောင်မှ စက္ကူအရုပ်ကပ်ခံရတဲ့ မိစ္ဆာအလောင်း ဖြစ်သွားခဲ့ရတာပါ။

သူ့ရဲ့ သိုင်းပညာကလည်း ကျောက်ဝူကျုနဲ့ အဆင့်တူတူပဲ ဖြစ်ပြီး သရဲတစ္ဆေတွေကို နှိမ်နင်းနိုင်တဲ့ နည်းလမ်း မရှိတာကြောင့် အတင်းလိုက်ဝင်သွားရင်လည်း ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်မှာကို သူ သိပါတယ်။

စုန့်စန်းလောင်က လက်နှစ်ဖက်ကို ဆုပ်ကိုင် ဂါရဝပြုပြီး

"လီတာအိုဆရာက တကယ့်ကို သူရဲကောင်းပါပဲ ကျုပ်မှာလည်း ထူးခြားတဲ့ အတတ်ပညာ အနည်းငယ် ရှိတာကြောင့် ဆရာ့ကို တစ်ဖက်တစ်လမ်းက ကူညီပါရစေ"

လို့ ဆိုပါတယ်။

လီယန်ချူက ခေါင်းညိတ် လက်ခံလိုက်ပါတယ်။

အလောင်းထမ်းသမားဆိုတဲ့ အလုပ်မှာ တားမြစ်ချက်တွေ အများကြီး ရှိသလို၊ ကြောက်စရာကောင်းတဲ့ အလောင်းတွေကို ထိန်းချုပ်နိုင်တာကြောင့် အစွမ်းအစ တစ်ခုခုတော့ ရှိမှာ အသေအချာပါပဲ။

ဒါကြောင့် သူလည်း ငြင်းမနေတော့ပါဘူး။

ဝမ်အရာရှိနဲ့ စစ်သည်တွေ ထွက်သွားပြီးနောက်မှာတော့ လီယန်ချူနဲ့ စုန့်စန်းလောင်တို့ဟာ ခြေရာတွေ ပျောက်ကွယ်သွားတဲ့ ဘက်ကို လျှောက်သွားကြပါတယ်။

အခု သူတို့ မျက်လုံးထဲမှာ မြင်နေရတာကတော့ လုံးဝကို အခြားကမ္ဘာတစ်ခုပါ။

အဲဒီလိုနဲ့

သူတို့ နှစ်ယောက် ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်တာနဲ့ ကျန်တဲ့လူတွေရဲ့ မျက်စိရှေ့တင်တင်မှာပဲ ပျောက်ကွယ်သွားပါတော့တယ်။

ဝမ်အရာရှိဟာ တံတွေးတစ်ချက် မျိုချလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ လက်ကို ဝေ့ယမ်းလိုက်တယ်

"သွားကြစို့၊ မြန်မြန် ဆုတ်ကြမယ်၊ လီတာအိုဆရာရဲ့ စေတနာကို အလဟဿ မဖြစ်စေနဲ့ "

သူတို့အဖွဲ့ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားကြပါတယ်။

လီယန်ချူတို့ နှစ်ယောက် ရွာထဲကို ဝင်လာခဲ့ကြပေမဲ့ အခုမြင်နေရတဲ့ ရွာက အသက်ဝင်နေပုံ ပေါ်ပေမဲ့ သက်ရှိတစ်ကောင်တစ်လေမှ မတွေ့ရပါဘူး။

ဒါက အရင်ကထက်တောင် ပိုပြီး ခြောက်ခြားစရာ ကောင်းနေပါတယ်။

ခြေသံကို ထပ်ကြားလိုက်ရပြန်ပါတယ်။

လီယန်ချူနဲ့ စုန့်စန်းလောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နောက်ကနေ တိုက်ရိုက် လိုက်သွားကြပါတယ်။

ဒီတစ်ခါတော့ ဘယ်သူက သရဲလုပ်ပြီး ခြောက်နေတာလဲဆိုတာ သူတို့ သေချာပေါက် ကြည့်ရပါမယ်။

"လီတာအိုဆရာ ထူးဆန်းလိုက်တာ ကျုပ်စောစောက ပိန်ပိန်ပါးပါး လူတစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်တာ ဘာလို့ ဒီရောက်တော့ ပျောက်သွားတာလဲ မသိဘူး"

လို့ စုန့်စန်းလောင်က မျက်မှောင်ကြုတ်ရင်း ပြောပါတယ်။

လီယန်ချူက ခေါင်းခါပြီး

"ဒီနေရာက အရမ်းအန္တာရယ်များတယ် အရာရာကို သတိထားပါ"

လို့ ဆိုပါတယ်။

သူတို့ နှစ်ယောက် ခြံဝင်းတစ်ခုထဲကို ယှဉ်ပြီး ဝင်လာခဲ့ကြပါတယ်။

ခြံဝင်းထဲမှာတော့ လူတစ်ယောက် ရှိနေတယ်

အဲဒီလူက လခြမ်းရောင် ဝတ်စုံရှည်ကို ဝတ်ထားတဲ့ စာပေပညာရှိတစ်ယောက်ပါ။

သူတို့ နှစ်ယောက်ကို မြင်တော့ အဲဒီစာပေပညာရှိက ကျယ်လောင်စွာ ရယ်မောပြီး

"အဝေးက မိတ်ဆွေတွေ ရောက်လာတာ တကယ့်ကို ဝမ်းသာစရာပါပဲ ကြွကြပါဦး"

လို့ ဖိတ်ခေါ်ပါတယ်။

လီယန်ချူနဲ့ စုန့်စန်းလောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာမှာ နှစ်ယောက်စလုံး အံ့သြသွားကြပါတယ်။

လီယန်ချူက လက်နှစ်ဖက်ကို ဆုပ်ကိုင် ဂါရဝပြုပြီး

"ဒီမိတ်ဆွေက ယဉ်ကျေးလှချည်လား မိတ်ဆွေရဲ့ နာမည်ကို သိခွင့်ရှိမလား "

လို့ မေးပါတယ်။

စုန့်စန်းလောင်ကတော့ လီယန်ချူက ဒီလောက်အထိ တည်တည်ငြိမ်ငြိမ် ရှိနေတာကို တွေ့တော့ အံ့သြသွားပါတယ်။

စာပေပညာရှိက ပြုံးပြီး

"ကျုပ်ရဲ့ မျိုးရိုးက ကျန်း ပါ အမည်က ကျန့် ကလောင်အမည်က ဝမ်ကျီ လို့ ခေါ်ပါတယ်မိတ်ဆွေတို့ နှစ်ယောက်ကိုရော ဘယ်လို ခေါ်ရမလဲ "

ကျန်းကျားကျွမ်းက လူလား လို့ လီယန်ချူက တွေးလိုက်ပြီး

"ကျုပ်နာမည်က လီစစ် ပါ သူကတော့ ဝမ်ဝူ လို့ ခေါ်ပါတယ် ဒါနဲ့ မိတ်ဆွေကျန်း အသက် ၅၀ ကျော်လောက်ရှိတဲ့ မျက်လုံးတစ်ဖက်တည်းပါတဲ့ ပြင်ပက လူစိမ်းတစ်ယောက်ကို တွေ့မိသေးလား "

ဒါက စုန့်စန်းလောင် ပြောပြထားတဲ့ အလောင်းထမ်းသမားရဲ့ ပုံပန်းသဏ္ဌာန်ပါ။

စာပေပညာရှိက ခေါင်းခါပြီး

"မတွေ့မိဘူးဗျ"

လို့ ဖြေပါတယ်။

လီယန်ချူက

"ဒါဆိုရင်တော့ ခွင့်ပြုပါဦး"

လို့ ပြောပြီး ထွက်သွားဖို့ ပြင်ပါတယ်။

စုန့်စန်းလောင် ကြောင်သွားပါတယ်။

ဒါပေမဲ့ ပညာရှိက ကျယ်လောင်စွာ ရယ်မောပြီး

"ရောက်တုန်းရောက်ခိုက် ကျုပ်ရဲ့ အိမ်ငယ်လေးမှာ အရက်ကလေး ဘာလေး သောက်သွားပါဦးလား"

လို့ ဆိုပါတယ်။

လီယန်ချူက လှည့်ကြည့်လိုက်ပြီး သက်ပြင်းချကာ

"မင်းကတော့ တကယ့်ကို သက်ရှည်နတ်မင်း ကြိုးဆွဲချနေသလို ပဲ (သေချင်ဇောနဲ့ သွားရှာနေတာ)"

လို့ ဆိုပါတယ်။

စာပေပညာရှိက မျက်မှောင်ကြုတ်ပြီး

"မိတ်ဆွေ... ဘာကို ဆိုလိုတာလဲ "

လီယန်ချူက အေးစက်စွာ ပြုံးပြီး

"မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ"

လို့ ပြောလိုက်ပါတယ်။

ပြောပြောဆိုဆိုနဲ့ပဲ သူ ရှေ့ကို ပြေးဝင်သွားပါတယ်။

သူ့ရဲ့ လက်သီးမှာ မိုးကြိုးပစ်သစ်သား လက်သီးစွပ်ကို ဝတ်ထားပြီး လှုပ်ရှားလိုက်တာနဲ့ မိုးကြိုးလျှပ်စီးတွေ ဝန်းရံနေပါတယ်။

ဟန်ဆောင်ထားတဲ့ စာပေပညာရှိရဲ့ မျက်လုံးထဲမှာ ထိတ်လန့်ရိပ်တွေ ပေါ်လာပါတယ်။

မိုးကြိုးပညာ ဆိုတာကတော့ လောကကြီးမှာ အားအကောင်းဆုံးသော ယန်စွမ်းအင်ဖြစ်ပြီး မိစ္ဆာအပေါင်းတို့ရဲ့ ရန်သူတော်ပါ။

လီယန်ချူရဲ့ လှုပ်ရှားမှုက အရမ်းမြန်တာကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာပဲ စာပေပညာရှိရဲ့ ရှေ့ကို ရောက်သွားပါတယ်။

"အား"

စာပေပညာရှိက နာကျင်စွာ အော်ဟစ်လိုက်ရပါတယ်။

သူဟာ လီယန်ချူရဲ့ အထိုးခံလိုက်ရပြီး လဲကျသွားပါတယ်။

"ကဗျာတွေ ရွတ်ချင်သေးလား"

"လိ့ပဲကွာ..."

လီယန်ချူရဲ့ လက်သီးတွေက မိုးကြိုးနတ်မင်းရဲ့ လက်နက်လိုပဲ ပြင်းထန်လှပါတယ်။

ပူနွေးတဲ့ သွေးသားအရှိန်အဝါတင်မကဘဲ မိုးကြိုးစွမ်းအင်တွေပါ ပါဝင်နေပါတယ်။

မကြာခင်မှာပဲ စာပေပညာရှိက အရှုံးပေး တောင်းပန်လာပါတယ်။

"တာအိုဆရာလေး... အသက်ချမ်းသာပေးပါ ကျုပ်က ဒီနေရာမှာ ပိတ်မိနေတဲ့ ကံဆိုးတဲ့ သရဲတစ်ကောင်ပါ ဘယ်သူ့ကိုမှ ဒုက္ခမပေး ခဲ့ပါဘူး"

လို့ စာပေပညာရှိက အော်ဟစ်တောင်းပန်ပါတယ်။

လီယန်ချူက စာပေပညာရှိကို ခြေထောက်နဲ့ နင်းထားပြီး အေးစက်စွာ မေးလိုက်တယ်

"ဒီရွာက ဘာတွေ ဖြစ်နေတာလဲ"

"ကျုပ် တစ်ခါပဲ မေးမယ် သေချာ မပြောရင်တော့ မင်းကို ဝိညာဉ်ပါ လွင့်သွားအောင် လုပ်ပစ်မယ်"

ပညာရှိက ခေါင်းကို လက်နဲ့အုပ်ထားပြီး စောစောကလို ခန့်ညားတဲ့ အသွင်အပြင် မရှိတော့ပါဘူး သူ စကားတွေကို မြန်မြန်ပြောလိုက်ပါတယ်

"ဒီမှာ အစွမ်းထက်တဲ့ သရဲတစ်ကောင် ရှိတယ် သူက လူတွေရဲ့ ခေါင်းကို ဖြတ်ရတာ ဝါသနာပါတယ်"

"လွန်ခဲ့တဲ့ နှစ်တွေက ကျန်းကျားကျွမ်းက ရွာသားတွေလည်း ဒီသရဲရဲ့ လက်ချက်နဲ့ သေခဲ့ရတာပဲ ကျုပ်လည်း ဒီနေရာမှာပဲ အသတ်ခံရပြီး ကျွတ်လွတ်မှု မရနိုင်ဘဲ ဖြစ်နေတာ "

"တာအိုဆရာပြောတဲ့ အဘိုးကြီးကို ကျုပ်တွေ့လိုက်ပါတယ် သူက အဲဒီသရဲရဲ့ လှည့်စားမှုကို ခံလိုက်ရပြီး ခေါင်းဖြတ်ခံလိုက်ရပြီ သူ့အလောင်းက ရွာနောက်ဖက်က တောအုပ်ထဲမှာ ရှိတယ် "

လီယန်ချူ စိတ်ထဲမှာ တစ်ခုခုကို သတိပြုမိလိုက်ပါတယ် ခေါင်းဖြတ်သရဲ လား

စုန့်စန်းလောင်ကတော့ အလန့်တကြား အော်ဟစ်ပြီး ဝမ်းနည်းပူဆွေးသွားပါတယ်။

လီယန်ချူက ထပ်မေးတယ်

"အဲဒီအဘိုးကြီး သယ်လာတဲ့ အလောင်းကိုရော မင်းတွေ့လား "

စာပေပညာရှိက ကြောင်သွားပြီး

"ဘာအလောင်းလဲ တစ်ခါမှ မတွေ့ဖူးဘူး"

လို့ ဖြေပါတယ်။

လီယန်ချူက စုန့်စန်းလောင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ မပြောတော့ပါဘူး။

အဲဒီအချိန်မှာပဲ အပြင်ဘက်မှာ လေပြင်းတွေ ရုတ်တရက် တိုက်ခတ်လာပါတယ်။

စာပေပညာရှိရဲ့ မျက်နှာက ချက်ချင်း ပျက်သွားပြီး တုန်တုန်ယင်ယင်နဲ့ ကြောက်လန့်နေပါတယ်။

"အဲဒီ သရဲကြီး လာနေပြီ မင်းတို့ မြန်မြန် ပြေးကြတော့"

လို့ စာပေပညာရှိက အော်ပြောပါတယ်။

ပြောရမယ်ဆိုရင်တော့ ဇာတ်ကောင်ကြီး တွေ ထွက်လာရင်တော့ ဟန်ပန်က အပြည့်ပါပဲ။

ကြည်လင်နေတဲ့ ကောင်းကင်ကြီးက ရုတ်တရက် အမည်းရောင် တိမ်တိုက်တွေ ဖုံးလွှမ်းသွားပါတယ်။

လေပြင်းတွေကလည်း တရဟော တိုက်ခတ်လာပါတယ်။

အမည်းရောင် အငွေ့အသက်တွေကြားမှာ အစွမ်းထက်တဲ့ သရဲကြီးတစ်ကောင် တိုက်ရိုက် ပျံသန်းလာပါတယ်။

သူ့လက်ထဲမှာတော့ ဧရာမ ဓားရှည်ကြီးတစ်လက်ကို ကိုင်ထားပါတယ်။

ပတ်ဝန်းကျင်က လေထုကလည်း အေးစိမ့်သွားပါတယ်။

စုန့်စန်းလောင်ရဲ့ မျက်လုံးထဲမှာ ထိတ်လန့်ရိပ်တွေ ပေါ်လာပေမဲ့ လီယန်ချူကတော့ တစ်ချက်ကြည့်ပြီး မျက်နှာလွှဲလိုက်ပါတယ်။

"သက်ရှိလူသားရဲ့ အနံ့ပဲ"

လို့ အမည်းရောင် တိမ်တိုက်ထဲက ဧရာမ သရဲကြီးက ပြောလိုက်ပါတယ်။

လီယန်ချူကတော့ အလွန် တည်ငြိမ်နေပါတယ်။

သူ့လက်ထဲမှာ အဆောင်စာရွက်တွေ ဒါမှမဟုတ် မက်မွန်သစ်သားဓားတွေကို ထုတ်မလာပါဘူး။

မိုးကြိုးပစ်သစ်သား လက်သီးစွပ် မဝတ်ထားတဲ့ သူ့ရဲ့ ညာဘက်လက်က ခါးကြားဆီကို လှမ်းလိုက်ပါတယ်။

သူ့ခါးမှာတော့ ဝက်သတ်ဓား တစ်လက် ရှိနေပါတယ်။

ဒါကတော့ သူ့ဆရာ ရွှမ်ချိန်တာအိုဆရာ ခေါ်တဲ့ နာမည်ပေါ့။

ဒီဓားက ဓားကျောက ထူပြီး ဓားသွားက ပါးလွှာပါတယ်၊ အရှည်က နှစ်ပေတောင် မရှိပေမဲ့ ထက်မြက်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေပါတယ်။

ဓားရိုးကိုတော့ လျှော်ကြိုးအနုစားတွေနဲ့ ပတ်ထားပြီး ကိုင်ရတာ အရမ်း သက်သောင့်သက်သာ ရှိပါတယ်။

ဒီဓားဟာ သာမန်အရာ မဟုတ်ဘူးဆိုတာ လီယန်ချူ သိပါတယ်။

ဒါက သတ်ဖြတ်မှုတွေ များခဲ့တဲ့ အငွေ့အသက် တွေ အရမ်းပြင်းထန်ပြီး ကိုင်လိုက်တာနဲ့ အေးစိမ့်နေတဲ့ အစစ်အမှန် သတ်ဖြတ်ရေးလက်နက် ပါပဲ။

အိမ်မှာ ထားထားရင်တောင် မိစ္ဆာတွေကို နှိမ်နင်းနိုင်တဲ့ အစွမ်း ရှိပါတယ်။

လီယန်ချူက ဒီကျိုးနေတဲ့ဓားနဲ့ တူတဲ့ လက်နက်ကို ဆွဲထုတ်လိုက်ပါတယ်။

ဒါပေမဲ့ သူဟာ မိစ္ဆာအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ ဓားကိုင်သရဲကြီးကို ဂရုမစိုက်ပါဘူး။

သူဟာ လှည့်ပြီး မျက်နှာပျက်နေတဲ့ စာပေပညာရှိကို ကြည့်လိုက်ပါတယ်။

"ဒီလို ကလေးကစားစရာ လှည့်ကွက်လေးတွေကို လာမထုတ်ပြနဲ့တော့ မင်းက တကယ့်ကို စရိုက်ဆိုးတဲ့ သရဲပဲ"

လို့ လီယန်ချူက အေးစက်စွာ ပြုံးပြီး ပြောလိုက်ပါတယ်။

စာပေပညာရှိက ထပ်ပြီး ကြောင်သွားပါတယ်။

ပြီးတော့ သူက ရုတ်တရက် ပြုံးလိုက်ရာ သူ့ရဲ့ အမူအရာတွေကလည်း ချက်ချင်း ပြောင်းလဲသွားပါတယ်။

အေးစိမ့်တဲ့ ခံစားချက်က အရင်ကနဲ့ လုံးဝကို မတူတော့ပါဘူး။

"မင်း ဘယ်လို သိလိုက်တာလဲ"

လို့ စာပေပညာရှိက မေးပါတယ်။

လီယန်ချူက အေးစက်စွာ ပြုံးပြီး

"ဒီလောက်ကြီးတဲ့ ရွာမှာ မင်းတစ်ယောက်တည်း ရှိနေပြီး ဒီမှာ ဟန်လုပ်နေနိုင်တာက ဘယ်လိုကြည့်ကြည့် ပြဿနာ ရှိနေတာပဲ"

လို့ ဆိုပါတယ်။

စာပေပညာရှိက တည်ငြိမ်သွားပြီး

"မင်းလို စိတ်ဝင်စားဖို့ကောင်းတဲ့လူမျိုးနဲ့ မတွေ့ရတာ ကြာပြီ"

လို့ ပြောပါတယ်။

လီယန်ချူက မိုးကြိုးသံလို ဟိန်းဟောက်လိုက်တယ်

"စကားတွေ အများကြီး ပြောမနေနဲ့တော့ လာစမ်း"

လေပြင်း မိုးကြိုးအရှိန်အဝါနဲ့အတူ ဓားတစ်ချက်ဟာ စာပေပညာရှိဆီကို လျင်မြန်စွာ ပိုင်းဖြတ်လိုက်ပါတော့တယ်။

အခန်း (၂၂) - မိစ္ဆာနှိမ်နင်းခြင်း

ဒေါင်

စာပေပညာရှိရဲ့ လက်ထဲမှာ မိစ္ဆာအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ ဓားရှည်တစ်လက် ပေါ်လာပြီး လီယန်ချူကို တိုက်ရိုက် ခုခံလိုက်ပါတယ်။

သူတို့နှစ်ယောက် လက်ဖျားချင်း ထိလိုက်တာနဲ့ လေထဲမှာရှိနေတဲ့ ကြောက်မက်ဖွယ် ဓားကိုင်သရဲကြီးက ပျောက်ကွယ်သွားပါတယ်။

ဒေါင်

ဒေါင်

ဒေါင်

လီယန်ချူနဲ့ စာပေပညာရှိတို့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်လိုက်ကြရာ ဓားချင်းထိသံတွေက သံချင်းရိုက်သံလို ထွက်ပေါ်လာပါတယ်။

မီးပွင့်တွေလည်း လွင့်စင်ကုန်ပါတယ်။

ဒေါက် ဒေါက် ဒေါက်

လီယန်ချူက နောက်ကို သုံးလှမ်း ဆုတ်သွားရပေမဲ့ အစက အားနည်းပုံပေါ်တဲ့ စာပေပညာရှိကတော့ နောက်ကို တစ်လှမ်းပဲ ဆုတ်သွားပါတယ်။

"မင်းလို တာအိုဆရာလေးမှာ ဒီလောက် အစွမ်းရှိမယ်လို့ မထင်ထားဘူး"

စာပေပညာရှိက အံ့သြသွားပါတယ်။

လီယန်ချူကတော့ သူ့ခန္ဓာကိုယ်ထဲက သွေးသားအရှိန်အဝါထဲကို အေးစိမ့်တဲ့ အငွေ့အသက်တစ်ခု ဝင်လာတာကို ခံစားလိုက်ရပြီး အတော်လေး နေရခက်သွားပါတယ်။

ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ကျင့်ကြံထားတဲ့ ဟွမ်ထင်တာအိုကျမ်း ရဲ့ ဝိညာဉ်စွမ်းအင်တွေက အလိုအလျောက် လည်ပတ်လာပြီး ဒီထူးဆန်းတဲ့ မိစ္ဆာအငွေ့အသက်တွေကို တိုက်ရိုက် ချေဖျက်ပစ်လိုက်ပါတယ်။

လီယန်ချူရဲ့ သွေးသားအရှိန်အဝါက အလွန် ပြင်းထန်လာပါတယ်။

ဘုန်း ဘုန်း ဘုန်း

သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက လျှပ်စီးလို မြန်ဆန်လှပါတယ်။

လီယန်ချူက အစပိုင်းမှာ အသာမရခဲ့ပေမဲ့ ဝိညာဉ်စွမ်းအင်တွေ လည်ပတ်လာပြီးနောက်မှာတော့ ခန္ဓာကိုယ်ထဲမှာ မကုန်ခမ်းနိုင်တဲ့ စွမ်းအင်တွေ စီးဆင်းနေသလို ခံစားလိုက်ရပါတယ်။

ဒါက သူ့ကို ပိုတိုက်လေ ပိုရဲလေ ဖြစ်စေပါတယ်။

"လာစမ်း"

လီယန်ချူဟာ နောက်တစ်ကြိမ် အဆုတ်ခံလိုက်ရပေမဲ့ တိုက်ချင်ခိုက်ချင်စိတ်တွေကတော့ ပိုပြီး ထက်သန်လာပါတယ်။

တကယ့်ကို တိုက်လေ ပိုရဲလေပါပဲ

ယန်စွမ်းအင် တွေကို လက်ထဲက ဓားတိုထဲကို လောင်းထည့်လိုက်ရာ အလွန် ပူပြင်းလာပါတယ်။

ရှဲ... ရှဲ...

ပတ်ဝန်းကျင်က လေထုတောင် လောင်ကျွမ်းသွားသလိုပါပဲ။

စာပေပညာရှိ လက်ထဲက မိစ္ဆာဓားရှည်က သွေးရောင်တွေ တောက်နေပေမဲ့ လီယန်ချူရဲ့ နှိမ်နင်းမှုကို ခံလိုက်ရပါတယ်။

လျိုယန်ဓားသိုင်း က သုံးစားမရတဲ့ အဆင့်နိမ့်သိုင်းလို့ ထင်ရပေမဲ့ လွန်စွာ ပြင်းထန်ပြီး ယန်ဓာတ် အပြည့်ရှိတာကြောင့် မိစ္ဆာတွေကို နှိမ်နင်းတဲ့နေရာမှာ အစွမ်းထက်ပါတယ်။

လီယန်ချူလို အဆင့်အထိ ကျင့်ကြံနိုင်ရင်တော့ မိစ္ဆာတွေကို ပြန်ပြီး ဖိနှိပ်နိုင်ပါတယ်။

စုန့်စန်းလောင်ကတော့ ဘေးမှာပဲ ရပ်ကြည့်နေပြီး ဝင်မတိုက်သေးပါဘူး။

လီယန်ချူရဲ့ ကိုယ်ဟန်က လျှပ်စီးလို မြန်ပါတယ်။

လက်မောင်းက ကြွက်သားတွေ ရုန်းထွက်လာပြီး အကြောတွေ ထောင်လာကာ သွေးကြောထဲက သွေးတွေက ပိုပိုပြီး မြန်မြန် စီးဆင်းလာပါတယ်။

ဝူး

စာပေပညာရှိဟာ လီယန်ချူရဲ့ ဓားချက်ကြောင့် နောက်ကို လွင့်ထွက်သွားပါတယ်။

ပတ်ဝန်းကျင်က လေထုထဲမှာ လှိုင်းတွေလို ရိုက်ခတ်သွားပါတယ်။

"လာလေ မင်း သရုပ်ဆောင်ရတာ ဝါသနာပါတာ မဟုတ်လား ဆက်ပြီး ဟန်လုပ်နေဦးလေ မေဘေး... "

လီယန်ချူက စကားနဲ့ပါ ထိုးနှက်လိုက်ပါတယ်။

ဒုန်း ဒုန်း ဒုန်း

သူဟာ အရှိန်အဟုန်နဲ့ ရှေ့ကို ပြေးဝင်သွားပါတယ်။

စာပေပညာရှိရဲ့ မျက်လုံးထဲမှာ နာကျည်းရိပ်တွေ ပေါ်လာပါတယ်။

ဒီတာအိုဆရာလေးက ဒီလောက်အထိ တိုက်နိုင်ခိုက်နိုင်လိမ့်မယ်လို့ သူ မထင်ထားဘူးလေ လက်သီးကနေလည်း မိုးကြိုးတွေ ထွက်နေသေးတယ်။

ဒါက တာအိုဝတ်စုံ ဝတ်ထားတဲ့ သိုင်းလောကက လူကြမ်းတစ်ယောက်နဲ့ တူနေတာပဲ။

ဒါပေမဲ့ သာမန်သိုင်းသမားတစ်ယောက်က သူ့ရဲ့ သရဲအငွေ့အသက်တွေကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိနေတာလဲ။

လီယန်ချူကတော့ တိုက်လေ ပိုရဲလေဖြစ်ပြီး လျိုယန် ယန်ဓားသိုင်းက နောက်ထပ်တစ်ဆင့် ထပ်မံ တက်သွားပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဆေးစွမ်းအင် အမြောက်အမြားက အကြောတွေထဲမှာ ပုန်းအောင်းနေခဲ့ရာက အခု ရန်သူနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ပွင့်ထွက်လာတာပါ။

လီယန်ချူရဲ့ စိတ်က မကြောက်မရွံ့ဘဲ ရဲရဲဝံ့ဝံ့ ရှေ့တိုးနေပါတယ်။

တစ်ကိုယ်လုံးက သွေးသားအရှိန်အဝါက ပိုပြီး ပြင်းထန်လာကာ မျက်လုံးတွေကလည်း ဝင်းလက်နေပါတယ်။

မြန်ဆန်လှတဲ့ ဓားတစ်ချက်က စာပေပညာရှိဆီကို တိုက်ရိုက် ပိုင်းဖြတ်လိုက်ပါတယ်။

ချွပ်

ယန်စွမ်းအင်က ထပ်မံ အစွမ်းပြပြန်ပြီ လေထဲမှာ အနီရောင်အလင်းတန်းတစ်ခု ဖြတ်သွားပါတယ်။

စာပေပညာရှိဟာ အဲဒီ သတ်ဖြတ်ရေးလက်နက်ရဲ့ ပိုင်းဖြတ်မှုကြောင့် ကိုယ်တစ်ခြမ်းနီးပါး ပြတ်ထွက်သွားပါတယ်။

သတ်ဖြတ်ရေးလက်နက်ပေါ်က သတ်ဖြတ်မှုအငွေ့အသက်တွေက အရမ်းပြင်းထန်တာကြောင့် စာပေပညာရှိရဲ့ ခန္ဓာကိုယ်ကို အပြင်းအထန် ဒဏ်ရာရစေပါတယ်။

ထျန်းကန်း ၃၆ လက်ကွက်

တောင်ပေါ်က ဆင်းလာတဲ့ ကျားရဲ

လီယန်ချူရဲ့ ပြင်းထန်တဲ့ လက်သီးချက်က စာပေပညာရှိရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက် အစိမ်းလိုက် ခွဲပစ်လိုက်ပါတယ်။

အရမ်းကို အားပါပြီး ပြင်းထန်လွန်းလှပါတယ်။

စာပေပညာရှိ အသွင်ဆောင်ထားတဲ့ မိစ္ဆာဟာ နောက်ဆုံးမှာတော့ မျက်နှာပျက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်ကာ အဝေးကို ထွက်ပြေးပါတော့တယ်။

လီယန်ချူရဲ့ အကြည့်က တည်ငြိမ်သွားပြီး နောက်ကနေ တိုက်ရိုက် လိုက်သွားပါတယ်။

ကျန်းကျားကျွမ်းက မိစ္ဆာရဲ့ နယ်မြေဖြစ်သလို မိစ္ဆာတွေက နံရံတွေကို ဖြတ်သွားနိုင်ပါတယ်။

ကျင့်ကြံသူတွေဆိုရင်တော့ ဝိညာဉ်ခွဲထွက်နိုင်မှ (သို့) နံရံဖြတ်အတတ် ကျင့်ထားမှ ရတာပါ။

လီယန်ချူကတော့ အဲဒီအတတ်တွေကို မတတ်သေးပါဘူး။

ဒါပေမဲ့ လီယန်ချူက အရမ်းဇွဲကောင်းပါတယ်။

သူ့ရဲ့ လှုပ်ရှားမှုက စာပေပညာရှိထက် ပိုမြန်နေပါတယ်။

ဘုန်း

ခြံတံခါးကြီးကို လီယန်ချူက ဓားတစ်ချက်တည်းနဲ့ အပိုင်းပိုင်း ဖြစ်အောင် ပိုင်းပစ်လိုက်ပါတယ်။

စာပေပညာရှိကတော့ ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်နဲ့ နံရံတွေကို ဖြတ်ပြီး ဆက်ပြေးနေတုန်းပါပဲ။

ဂျိမ်း

နံရံမှာ လူတစ်ကိုယ်စာ အပေါက်ကြီး ပေါ်လာပြီး လီယန်ချူက ထက်မြက်တဲ့ သတ်ဖြတ်ရေးဓားကို ကိုင်ပြီး တိုက်ရိုက် တိုးထွက်လာပါတယ်။

တကယ့်ကို သောင်းကျန်းနေတဲ့ တောရိုင်းတိရစ္ဆာန်ကြီး တစ်ကောင်လိုပါပဲ။

စာပေပညာရှိမှာ ထိတ်လန့်တုန်လှုပ်နေရပါပြီ။

သူ ဘယ်လို လူကြမ်းနဲ့ သွားတိုးမိတာလဲ သောက်ကျိုးနဲ...

စုန့်စန်းလောင်ရဲ့ မျက်လုံးထဲမှာလည်း ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပေါ်နေပြီး ဘာတွေ တွေးနေလဲဆိုတာ မသိနိုင်ပါဘူး။

လီယန်ချူကတော့ သွေးသားအရှိန်အဝါတွေ တောက်လောင်လျက် စာပေပညာရှိနောက်ကို လိုက်လံ သတ်ဖြတ်နေပါတယ်။

နောက်ဆုံးမှာတော့ အိမ်တစ်အိမ်မှာ မိသွားပါတယ်။

"မိပြီကွ"

လီယန်ချူက အေးစက်စွာ ပြုံးလိုက်ပါတယ်။

ချွပ်

ဓားတစ်ချက် ပိုင်းလိုက်ရာ မိစ္ဆာအငွေ့အသက်တွေ ဖုံးနေတဲ့ စာပေပညာရှိဟာ ချက်ချင်းပဲ နှစ်ပိုင်း ပြတ်သွားပါတယ်။

အမည်းရောင် မြူခိုးတွေအဖြစ် ပြောင်းလဲသွားပြီး လောကကြီးထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့တယ်။

ရုတ်တရက်ဆိုသလို။း

လီယန်ချူဟာ တစ်ခုခု ကွဲကြေသွားတဲ့ အသံကို ကြားလိုက်ရပါတယ်။

ပတ်ဝန်းကျင်က မြင်ကွင်းတွေကလည်း ထပ်ပြီး ပြောင်းလဲသွားပြန်ပါတယ်။

လီယန်ချူဟာ အစက ဝင်လာခဲ့တဲ့ ကျန်းကျားကျွမ်းရဲ့ နေရာဟောင်းထဲကို ပြန်ရောက်လာပါတယ်။

ကောင်းကင်နဲ့ မြေကြီးကလည်း ပြန်လည် ကြည်လင်သွားပါတယ်။

စုန့်စန်းလောင်ကလည်း မကြာခင်မှာပဲ လိုက်လာပါတယ်။

"လီတာအိုဆရာ၊ ဘာမှမဖြစ်ဘူး မဟုတ်လား"

လီယန်ချူက ခေါင်းခါပြပြီး

"ဘာမှမဖြစ်ဘူး သွားကြစို့ မင်းဦးလေးရဲ့ အလောင်းကို သွားရှာရအောင်"

လို့ ပုံမှန်အတိုင်းပဲ ပြောလိုက်ပါတယ်။

ဒီလူငယ် အလောင်းထမ်းသမားဟာ စောစောက တိုက်ပွဲမှာ ဘေးကနေပဲ ကြည့်နေခဲ့တာပါ။

လီယန်ချူကတော့ အကျိုးအကြောင်း မမေးတော့ဘဲ လှည့်ထွက်လာပြီး ဝမ်အရာရှိတို့နဲ့ သွားပေါင်းပါတယ်။

လီယန်ချူရဲ့ သတိဝီရိယကြောင့် ဝမ်အရာရှိတို့ ကျန်းကျားကျွမ်းမှာ ဘာအန္တရာယ်မှ မဖြစ်ခဲ့ပါဘူး။

လီယန်ချူ ပြောပြတဲ့ အဖြစ်အပျက်ကို ကြားလိုက်ရတော့ ဝမ်အရာရှိတို့ရဲ့ မျက်လုံးတွေက ပြူးသွားပါတော့တယ်။

"အကယ်၍ လီတာအိုဆရာသာ မပါရင်တော့ ဒီတစ်ခါ ကျုပ်တော့ ဒုက္ခလှလှ ကြုံရတော့မှာပဲ"

ဝမ်အရာရှိက ရင်တုန်ပန်းတုန်နဲ့ ပြောပါတယ်။

သူပြောတာ မမှားပါဘူး။

အစကတည်းက လီယန်ချူကို မဖိတ်ဘဲ သူကိုယ်တိုင် လူတွေခေါ်ပြီး လာခဲ့ရင်တော့ အခုအချိန်မှာ ကျန်းကျားကျွမ်းက သရဲအသစ်တစ်ကောင် ဖြစ်နေလောက်ပါပြီ။

သူတို့ဟာ မကြာခင်မှာပဲ စုန့်စန်းလောင် ဦးလေးရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။

သူ့ရဲ့ ခေါင်းကတော့ ဓားနဲ့ အပိုင်းခံထားရသလို အလွန် တိတိရိရိ ပြတ်နေပါတယ်။

ဒါပေမဲ့ အဲဒီ ထူးဆန်းတဲ့ နှစ်ပိုင်းပြတ်အလောင်းကတော့ ဘယ်ရောက်သွားလဲ မသိဘဲ ပျောက်ဆုံးနေပါတယ်။

ဒါတင်မကသေးပါဘူး။

ကျန်းကျားကျွမ်းထဲမှာ အခြား လူသေအရိုးစုတွေ အများကြီး ရှိနေပါသေးတယ်။

အရင်က သူတို့ ဝင်လာတုန်းက သရဲပုံရိပ်ယောင် (သို့) သရဲတံတိုင်း ကြောင့် ဒီအရိုးစုတွေကို မမြင်ခဲ့ရတာပါ။

အခု လီယန်ချူက မိစ္ဆာကို သတ်ပစ်လိုက်ပြီဖြစ်ရာ ဒီအရိုးစုတွေက အကုန် ပေါ်လာတာဖြစ်ပါတယ်။

ဝမ်အရာရှိကတော့ အံ့သြထိတ်လန့်သွားပါတယ်။

ဝေမြို့အနီးအနားမှာ ဒီလို ကြောက်စရာကောင်းတဲ့ နေရာရှိနေမယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူးလေ။

လူတွေဟာ အလောင်းပေါ်က သဲလွန်စတွေကို လိုက်ရှာကြပါတယ်။

ကြည့်ရတာ လမ်းသွားလမ်းလာ ကုန်သည်တွေ၊ သူဌေးသား သမီးပျိုတွေရဲ့ အလောင်းတွေအပြင် သိုင်းလောကက လူတွေရဲ့ အလောင်းတွေပါ ရှိနေပါတယ်။

အားလုံးဟာ ခေါင်းဖြတ် အသတ်ခံထားရတာပါ။

လီယန်ချူကတော့ အလောင်းတစ်လောင်းပေါ်ကနေ အိတ်ထဲထည့်ထားတဲ့ စာအုပ်နှစ်အုပ်ကို တွေ့ရှိသွားပြီး ဘယ်သူမှ မသိအောင် သူ့ရင်ခွင်ထဲကို ထည့်လိုက်ပါတယ်။

စစ်သည်တစ်ယောက်က မြင်းနဲ့ မြို့ကိုပြန်ပြီး သတင်းပို့လိုက်ရာ မြို့ဝန်မင်း ရှု က လူအမြောက်အမြားကို ချက်ချင်း လွှတ်လိုက်ပါတယ်။

လီယန်ချူကတော့ မြင်းလှည်းနဲ့ ဝေမြို့ကို ပြန်လာခဲ့ပါတယ်။

နောက်ပိုင်းကိစ္စတွေကတော့ အစိုးရရဲ့ အလုပ်တွေပါပဲ။

သေချာတာကတော့ လီယန်ချူဟာ အစိုးရရဲ့ ဆုလာဘ်တွေကို ရရှိတော့မှာပါ။

ချင်းယွန်းကျောင်း ရဲ့ နာမည်ကလည်း ဝေမြို့မှာ တစ်ကျော့ပြန် ဟိုးဟိုးကျော်သွားတော့မှာ အမှန်ပါပဲ။

ဝေမြို့

လီယန်ချူဟာ ကိုယ်လက်သန့်စင်ပြီး သန့်ရှင်းတဲ့ တာအိုဝတ်စုံသစ်ကို လဲလှယ်ဝတ်ဆင်လိုက်ပါတယ်။

အရင်က သူ့ဆရာ ရွှမ်ချိန်တာအိုဆရာနဲ့ အတူနေတုန်းက ဘဝက အရမ်းကို ဆင်းရဲခဲ့တာပါ။

စစ်မှန်တဲ့ ရဟန်းတစ်ပါးလို နေခဲ့ရတာပေါ့။

တာအိုကျောင်းရဲ့ မြေကတောင် ကိုယ်ပိုင်မဟုတ်ဘဲ ဆိုင်ရှင်မကြီးရဲ့ နှုတ်ခမ်းကလည်း စောင်း၊ နှလုံးသားကလည်း ကောင်းနေလို့သာ မဟုတ်ရင် အနှင်ခံရတာ ကြာပါပြီ။

စားရတာဆိုရင်လည်း ဟင်းသီးဟင်းရွက်နဲ့ ပဲပြား၊ မုန်လာဥနဲ့ ဆားနယ်သီးတွေပဲ စားခဲ့ရတာမို့ ပါးစပ်တောင် ပေါ့ရွှတ်နေပါပြီ။

အဝတ်အစားဆိုရင်လည်း ဖာရာထုပ်တွေ မပါပေမဲ့ အတော်လေးကို ဟောင်းနွမ်းနေပါပြီ။

လီယန်ချူ ချမ်းသာလာပြီးနောက်မှာတော့ အဝတ်အစား အသစ်တွေ အများကြီး ဝယ်ခဲ့ပါတယ်။

အခု လဲဝတ်ထားတဲ့ တာအိုဝတ်စုံသစ်ကတော့ သန့်ရှင်းပြီး နူးညံ့ကာ အသားကလည်း အရမ်းကောင်းပါတယ်။

ဒါက လီယန်ချူရဲ့ ထင်ရှားလှတဲ့ ရုပ်ရည်ကို ပိုပြီးတော့ သိသိသာသာ ပေါ်လွင်စေပါတယ်။

နှုတ်ခမ်းနီ၊ သွားဖြူပြီး မျက်နှာချိုတဲ့ တာအိုဆရာလေး တစ်ယောက်ပေါ့။

All Chapters