← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 35 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 35 Ch. 341-342

ဖန့်ချန်

ဘာသာပြန် အရှင်ငယ်

​အခန်း ၃၄၁ - ဒီလူက တကယ်တော့ ဘယ်သူလဲ

​လူအုပ်ကြီးသည် ဘေးသို့ ဆုတ်ပေးလိုက်ကြပြီး ဖန့်ချန်နှင့် ဖန့်လင်ရှင်းတို့အတွက် နေရာလွတ် ပေးလိုက်ကြသည်။

​ဖန့်လင်ရှင်းသည် အချိန်ဆွဲမနေဘဲ သူမ၏ ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ လက်ကို အသာအယာ မြှောက်လိုက်သည်။

ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် တောက်ပသော ရွှေရောင်ဓားတစ်လက် ပေါ်လာပြီး ဖန့်ချန်ထံသို့ ပိုင်းချလိုက်တော့သည်။

​ဘေးပတ်လည်ရှိ တပည့်များမှာ ထိတ်လန့်သွားကြသည်

"ဒါက ကြောက်စရာကောင်းတဲ့ ရွှေဓာတ် ရဲ့ စွမ်းအားပဲ ပါရှိတဲ့ အရှိန်အဝါက တကယ့်ကို လွှမ်းမိုးနိုင်လွန်းတယ်"

​ကျင့်ကြံသူများ အသုံးပြုသည့် နည်းစနစ်များထဲတွင် ဓာတ်ကြီးငါးပါး အတတ်ပညာ သည် အသုံးအများဆုံးနှင့် အထိရောက်ဆုံး ဖြစ်သည်။

တကယ်လို့ ထိုပညာရပ်ကို ကျွမ်းကျင်ပါက အဆင့်တူပြိုင်ဘက်များကို အလွယ်တကူ ကိုင်တွယ်နိုင်သည်။

ဥပမာအားဖြင့် ဖန့်လင်ရှင်း ပြသလိုက်သော ရွှေဓာတ်မှာ ငါးပါးထဲတွင် ထိန်းချုပ်ရန် အခက်ခဲဆုံး ဖြစ်သည်။

ကျင့်ကြံသူ အများစုမှာ မြေဓာတ် သို့မဟုတ် ရေဓာတ်ကိုသာ အာရုံစိုက်လေ့ရှိပြီး အနည်းငယ်သာ မီးဓာတ်ကို လေ့လာကြသည်။

ရွှေဓာတ်မှာမူ သင်ယူရန် အလွန်ခက်ခဲပြီး အချိန်ကုန်လွန်းသဖြင့် ကျင့်ကြံသူ အများအပြားက လက်လျှော့ထားကြခြင်း ဖြစ်သည်။

​သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ ဖန့်လင်ရှင်းသည် ရွှေဓာတ်စွမ်းအားဖြင့် ဓားကြီးတစ်လက်ကို အားစိုက်စရာမလိုဘဲ ဖန်တီးနိုင်ခဲ့ခြင်းပင်။

၎င်းမှာ သူမ၏ ကျွမ်းကျင်မှုကို သက်သေပြနေသည်။

အကယ်၍ ဝိညာဉ်စွမ်းအင် မသန်မာပါက ထိုတိုက်ကွက်ကို ခုခံရန် မဖြစ်နိုင်ပေ။

တစ်ခါတစ်ရံတွင် ရွှေဓာတ်၏ တိုက်စစ်စွမ်းအားမှာ ဝိညာဉ်ရတနာများထက်ပင် သာလွန်တတ်သည်။

​"ဒီတိုက်ကွက်ကို ခုခံဖို့ မလွယ်ဘူး"

ဖန့်ကျွယ်၏ မျက်နှာ လေးနက်သွားသည်။ ဖန့်ယွင်ကလည်း ခေါင်းငြိမ့်ပြသည်၊ သူမသည်လည်း ရွှေဓာတ် မည်မျှ အစွမ်းထက်ကြောင်း ကောင်းကောင်းသိသည်။

​ဖန့်ချန်က ထိုဓားကို ရှောင်ရှားလိမ့်မည်ဟု အားလုံးက ထင်မှတ်ထားချိန်တွင် ဖန့်ချန်သည် လက်ကို အသာအယာ မြှောက်လိုက်သည်၊ ကြည့်ရသည်မှာ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်နေပုံရသည်။

​"သူ ဘာလုပ်နေတာလဲ"

လူအုပ်ကြီး အံ့ဩသွားသည်။ ဖန့်အောက်တို့ အကြီးအကဲများပင် မျက်မှောင်ကြုတ်သွားကြသည်။

သူက ဝိညာဉ်စွမ်းအင် သက်သက်နဲ့ပဲ ခုခံမလို့လားအကယ်၍ သူသာ ကျရှုံးသွားပါက ရလဒ်က ဆိုးဝါးလိမ့်မည်... အနည်းဆုံးတော့ လက်တစ်ဖက် ဆုံးရှုံးသွားနိုင်သည်

​လူတိုင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဟင်းလင်းပြင်ထဲတွင် ရွှေရောင်လက်မောင်းကြီး တစ်ဖက် ပေါ်လာပြီး ဖန့်ချန် လုပ်သကဲ့သို့ ပုံစံတူ လှုပ်ရှားလိုက်သည်။

​ဂလန်း

​ထိုလက်မောင်းကြီးက ဓားကို ဖမ်းယူလိုက်သည်။

ထိုမျှနှင့် မရပ်တန့်ဘဲ လက်မောင်းမှာ ဆက်လက် ရှည်ထွက်လာပြီးနောက် မကြာမီမှာပင် ပေ ၁၀ ခန့် မြင့်သော ရွှေချပ်ဝတ် စစ်သည်တော် ကြီးတစ်ဦး လူတိုင်း၏ ရှေ့တွင် ပေါ်ထွက်လာတော့သည်။

ထိုစစ်သည်တော်ကြီးသည် ရွှေရောင်ဓားကို လက်ထဲတွင် ချေမှုန်းပစ်လိုက်ပြီးနောက် အခြားသော ရွှေရောင်ဓားရှည်ကြီးတစ်လက်ကို ဖန်တီးလိုက်သည်။

​"ဒါ... ဒါကလည်း ရွှေဓာတ်စွမ်းအားပဲလား"

လူတိုင်း မယုံနိုင်ဘဲ အသက်ရှူမှားသွားကြသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ပေ ၁၀ မြင့်တဲ့ ရွှေချပ်ဝတ် စစ်သည်တော်ကြီးလား ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးက ရွှေဓာတ်စွမ်းအားအပေါ် ဒီလောက်အထိ နက်နဲတဲ့ နားလည်မှု ရှိနေတာလား

​"သူက တကယ်ပဲ ချီသန့်စင်ခြင်း အဆင့်လား အခြေခံတည်ဆောက်ခြင်း အဆင့်များ ဖြစ်နေမလား"

တစ်ယောက်က အော်ဟစ်လိုက်သည်။

သူတို့သည် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးက ရွှေဓာတ်စွမ်းအင် အမြောက်အမြားကို ဤမျှ လွယ်ကူစွာ ထိန်းချုပ်နိုင်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

​ဖန့်လင်ရှင်း ဖန်တီးခဲ့သော ဓားလေးမှာပင် သူတို့ကို ထိတ်လန့်စေခဲ့ပြီးပြီ။

ယခုမူ ရွှေချပ်ဝတ် စစ်သည်တော်ကြီး၏ လက်ထဲရှိ ဓားရှည်မှာ ဖန့်လင်ရှင်း၏ ဓားထက် အဆပေါင်းများစွာ ပိုကြီးမားနေသည်။

သူတို့သာ အစွမ်းကုန် ကြိုးစားလျှင်ပင် ထိုစစ်သည်တော်ကြီး ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာ၏ အပိုင်းအစလေးတစ်ခုကိုပင် မနည်း ဖန်တီးယူရမည် ဖြစ်သည်။

​"ဖန့်အောက် မင်း ဒါကို လုပ်နိုင်လား"

အခြေခံတည်ဆောက်ခြင်း အဆင့် ပညာရှင်တစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။

ဖန့်အောက်က သူ့ကို ကြည့်ကာ

"ငါ မလုပ်နိုင်ဘူး မင်းလည်း မလုပ်နိုင်ပါဘူး"

ဟု ပြန်ဖြေသည်။

"ငါတို့ထဲက ဘယ်သူမှ ဓာတ်ကြီးငါးပါးအပေါ်မှာ ဒီလောက်အထိ တိကျတဲ့ ထိန်းချုပ်မှု မရှိကြဘူး"

ဟု နောက်တစ်ဦးက အက်ရှရှအသံဖြင့် ပြောသည်။

​အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်များ ဖြစ်သော်လည်း ဓာတ်ကြီးငါးပါး ထိန်းချုပ်မှုပိုင်းတွင် ချီသန့်စင်ခြင်း အဆင့် လူငယ်တစ်ဦးကို မယှဉ်နိုင်ခြင်းမှာ ယုံရခက်သော်လည်း သူတို့ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။

ထိုရွှေချပ်ဝတ် စစ်သည်တော်ကြီးသည် သူတို့ကဲ့သို့ အဆင့်ရှိသူများကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။

​ဖန့်လင်ရှင်း၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

သူမ၏ ပြိုင်ဘက်က ဓာတ်ကြီးငါးပါး ထိန်းချုပ်မှုတွင် သူမထက် မည်သို့ ထိုမျှ သာလွန်နေရသနည်းဆိုသည်ကို သူမ နားမလည်နိုင်တော့ပေ။

​ထိုစဉ် ဖန့်ချန်က ပိုင်းချသည့် အမူအရာ လုပ်လိုက်ရာ ရွှေချပ်ဝတ် စစ်သည်တော်ကြီးက လက်ထဲရှိ ဓားရှည်ကြီးကို ဝှေ့ယမ်းကာ ဖန့်လင်ရှင်းထံ ပိုင်းချလိုက်သည်။

လေထုထဲရှိ စိုထိုင်းဆများ ချက်ချင်း အငွေ့ပျံသွားပြီး ဝိညာဉ်စွမ်းအင်များ ဆူပွက်လာသည်။

ဓားအရှိန်ကြောင့် မြေပြင်များ လန်ထွက်သွားပြီး ဖန့်လင်ရှင်းက သူမကိုယ်သူမ ကာကွယ်ရန် ဝိညာဉ်စွမ်းအင် ဒိုင်းကို အလျင်အမြန် ဖန်တီးလိုက်သော်လည်း ၎င်းမှာ ဓား၏ အရှိန်အဝါကြောင့်ပင် ချက်ချင်း ကြေမွသွားသည်။

ဖန့်လင်ရှင်းမှာ အောက်သို့ လူးလိမ့်ကာ ရှောင်တိမ်းလိုက်ရသည်။

​ဓားရှည်ကြီးမှာ ဖန့်လင်ရှင်း၏ နောက်ကွယ်ရှိ နံရံကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

၎င်းမှာ အစီရင်ခံ ကာကွယ်ရေးစနစ် အလုပ်လုပ်သွားခြင်း ဖြစ်သည်။

သို့သော် ထိုနံရံပေါ်တွင် ဓားရာထင်ကျန်ရစ်သည်ကို မြင်လိုက်ရသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

ထိုအစီရင်ခံမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်များက အမြဲတစေ ခိုင်ခံ့အောင် ပြုလုပ်ထားခြင်းဖြစ်ရာ ၎င်းကို ဓားရာထင်အောင် လုပ်နိုင်သည်မှာ ထိုတိုက်ကွက်၏ စွမ်းအား မည်မျှ ကြောက်စရာကောင်းကြောင်း ပြသနေသည်။

​ဖန့်ချန်သည် ဖန့်လင်ရှင်း ရှိရာဘက်သို့ လှည့်ကာ လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

စစ်သည်တော်ကြီးက ထပ်မံ ပိုင်းချရန် ပြင်လိုက်ရာ ဖန့်လင်ရှင်း၏ ရင်ထဲတွင် ထိတ်လန့်မှုများ ပေါ်လာပြီး ရေဓာတ်ကို အလျင်အမြန် စုစည်းကာ ခုခံရန် ကြိုးစားသည်။

ရေသည် အပျော့ဖြင့် အမာကို နိုင်သည်ဟူသော သဘောအရ ရေဓာတ်သည် ရွှေဓာတ်ကို ခုခံရာတွင် အကောင်းဆုံး ဖြစ်သည်။

သို့သော် ဖန့်ချန်နှင့် ဖန့်လင်ရှင်းကြားရှိ စွမ်းအားကွာခြားချက်မှာ ကြီးမားလွန်းလှသဖြင့် အပျော့ဖြင့် အမာကို နိုင်သည်ဆိုသည့် အချက်မှာ အသုံးမဝင်တော့ပေ။

​ဖန့်လင်ရှင်း၏ ကြိုးစားမှုများမှာ ပိုမို အားနည်းလာသည်။

ဖန့်မိသားစု၏ အတော်ဆုံး ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူမှာ ဖန့်ချန်၏ ရှေ့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိတော့ပေ။

ဒါက တစ်ဖက်သတ် အရိုက်ခံနေရခြင်းသာ ဖြစ်သည်။

​"ငါက သူ့ကို ခြိမ်းခြောက်ဖို့တောင် တွေးခဲ့မိတာလား"

ဖန့်ဟောင် တစ်ယောက်တည်း ရေရွတ်နေမိသည်။

​"ဘိုးဘေး ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်က တကယ်ကို ထူးခြားတာပဲ"

ဖန့်အောက်က တိုးတိုးလေး ဆိုသည်။

​ဖန့်လင်ရှင်း အသက်အန္တရာယ် ရှိနိုင်သည်ကို မြင်လိုက်ရသော ဖန့်မိုရှန့်မှာ ဆက်၍ ကြည့်မနေနိုင်တော့ဘဲ လက်ကို မြှောက်ကာ ဖန့်ချန်ထံသို့ ဓား တစ်လက် စေလွှတ်လိုက်သည်

"တော်တော့ ဒီလောက်ဆို ရပြီ"

​ရွှေချပ်ဝတ် စစ်သည်တော်ကြီးက ချက်ချင်း လှုပ်ရှားလိုက်ပြီး ဓားကို ပိုင်းချလိုက်သည်။

ဂလန်း

စစ်သည်တော်ကြီး၏ လက်ထဲရှိ ဓားမှာ တစ်လက်မချင်းစီ ကြေမွသွားပြီး သူ၏ ကိုယ်ပေါ်တွင်လည်း အက်ကြောင်းများ ပေါ်လာသည်။

သို့သော် ထိုဓားမှာလည်း လွင့်ထွက်သွားပြီး ဖန့်မိုရှန့်၏ ပါးကို ခြစ်ကာ ပေရာပေါင်းများစွာ မြင့်သော ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

​သွေးစက်တစ်စက်က ဖန့်မိုရှန့်၏ ပါးပေါ်မှ ဖြည်းဖြည်းချင်း စီးကျလာသည်။ ဖန့်မိုရှန့်၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားသည်။

​ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်း ဘာကို မြင်လိုက်ရသနည်း ဖန့်ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင် တစ်ဦး၏ ဓားကို တားဆီးနိုင်ခဲ့ရုံသာမက ထိုသူကို ဒဏ်ရာရအောင်ပင် လုပ်နိုင်ခဲ့သည် ထိုဓားမှာ အနည်းဆုံး ဝိညာဉ်တံဆိပ် ၃၃ ခု ပါဝင်သည့် အဝါရောင်အဆင့် အလယ်လတ်စား ဝိညာဉ်ရတနာ ဖြစ်သည်။

​ဖန့်လင်ရှင်းမှာ မှင်တက်ကာ ရပ်နေမိသည်။

သူက ချီသန့်စင်ခြင်း အဆင့်ပဲ ရှိသေးတာကို အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်ကို ဒဏ်ရာရအောင် လုပ်နိုင်တာလား ဒါက ဘယ်လိုမျိုး ဘီလူးသတ္တဝါလို ပါရမီရှင်မျိုးလဲ

​"မောင်လေး ခုတော့ ငါ နင့်ကို လုံးဝ ယုံသွားပြီ"

ဝူရုန့်ချိုက ရှကျီထံ အသံလွှင့်လိုက်သည်။

"စီနီယာအစ်မ ဝူ ကျွန်တော် ဘယ်သူ့ကိုမှ မလိမ်ပါဘူး အထူးသဖြင့် စီနီယာ့ကိုပေါ့ ဒါက ဖန့်ချန် ရဲ့ တကယ့် စွမ်းအား မဟုတ်သေးဘူး သူက အခုမှ အကြောလျှော့နေတုန်းပဲ ရှိသေးတာ"

ရှကျီက ရယ်မောရင်း အသံပြန်လွှင့်လိုက်သည်။

​ဝူရုန့်ချို၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။

ဖန့်ချန်၏ ဘိုးဘေးများသည် သူတို့၏ ထူးကဲသော သွေးမျိုးဆက်ဖြင့် တောက်ပသော ပါရမီရှင်များကို မွေးထုတ်ပေးခဲ့ကြသည်မှာ အမှန်ပင် ဖြစ်ပေတော့သည်။

​​အခန်း ၃၄၂ - တိုက်ခိုက်ခံရခြင်

​ဖန့်အောက် ၏ အသံမှာ အေးစက်သော တိတ်ဆိတ်မှုကို ဖြတ်သန်းကာ ထွက်ပေါ်လာသည်။

​"ဖန့်မိုရှန့် မင်း ဘာလို့ လူငယ်တစ်ယောက်ကို ရုတ်တရက် တိုက်ခိုက်တာလဲ"

​ဖန့်မိုရှန့်က နှာခေါင်းရှုံ့လိုက်သည်

"ငါသာ ဝင်မပါရင် လင်ရှင်းက သူ့လက်ထဲမှာ သေသွားလိမ့်မယ် ငါတို့က သိုင်းပညာ ဖယ်လှယ် လုပ်ဖို့ပဲ သဘောတူထားတာ ဒါပေမဲ့ သူက တိုက်ကွက်တိုင်းမှာ အသက်ကို ရည်ရွယ်ပြီး တိုက်ခိုက်နေတာ"

​သူ၏ ပါးပေါ်ရှိ ဒဏ်ရာမှာ မြင်သာထင်သာသော အရှိန်ဖြင့် သက်သာသွားပြီး လွင့်ထွက်သွားသော ဓားမှာလည်း သူ၏နောက်တွင် ပြန်လည် ပျံဝဲနေသည်။

​"ကျင့်ကြံခြင်းလောကက အန္တရာယ်တွေနဲ့ ပြည့်နေတာပဲ ကျွန်တော်တို့လို လူငယ်တွေက ဒါကို ကျင့်သားရနေပါပြီ အဲ့ဒီ သိုင်းပညာ ဖယ်လှယ်ဆိုတာကြီးက ဘာမှ အဓိပ္ပာယ်မရှိပါဘူး"

ဟု ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။

​"ကြားတယ်မလား"

ဖန့်အောက်က လေးနက်သော အသံဖြင့် မေးလိုက်သည်

"ဒါက သူက အတွေ့အကြုံရှိလို့ပဲ အဲ့ဒါက ဖန့်ချန်နဲ့ တခြား မိသားစုတပည့်တွေကြားက ကွာခြားချက်ပဲ သူက ကျင့်ကြံခြင်းလောကရဲ့ ဆင်းရဲဒုက္ခတွေကို တကယ် ကြုံတွေ့ခဲ့ရတာ သူ့ရဲ့ မျက်စိကွယ်သွားတာကလည်း သူဖြတ်သန်းခဲ့ရတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေရဲ့ သက်သေပဲ"

​ဖန့်အောက်က ထိုအချက်ကို ပြန်လည်ပြောပြမှသာ လူတိုင်းက ဖန့်ချန်မှာ မျက်စိကွယ်နေသူဖြစ်ကြောင်း ပြန်သတိရသွားကြသည်။

တစ်နည်းအားဖြင့်ပြောရလျှင် ဖန့်လင်ရှင်းသည် မျက်စိကွယ်နေသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ လက်အောက်တွင် လုံးဝ အရေးနိမ့်ခဲ့ခြင်းပင် ဖြစ်သည်။

​"ဟွန့် ငါသိတာကတော့ ဒီကလေးက သွေးဆာလွန်းတယ် သူသာ မိသားစုထဲမှာ ဆက်ရှိနေရင် တစ်နေ့ကျရင် ငါတို့အတွက် ဒုက္ခတွေ ယူဆောင်လာလိမ့်မယ်"

ဟု ဖန့်မိုရှန့်က ဖန့်အောက်ကို ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

ထို့နောက် သူသည် ဖန့်လင်ရှင်းကို ခေါ်ကာ ချက်ချင်း ထွက်ခွာသွားတော့သည်။

​ဖန့်အောက်နှင့် အခြားသူများ၏ မျက်နှာပျက်သွားကြသည်။

ဖန့်မိုရှန့် ဘာကို ရည်ရွယ်ပြောဆိုသည်ကို သူတို့ သိကြသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ရပ်မှာ အလွန် ထူးဆန်းလှသည်။

ထို့ပြင် ဖန့်ထင်ယွမ် ၏ ကျင့်ကြံမှုကို ဖျက်ဆီးခဲ့သော နောက်ကွယ်က လက်မည်းကြီးမှာ ယခုထိ ပေါ်မလာသေးဘဲ ထိုသူ အသက်ရှင်နေသေးသလား ဆိုသည်မှာလည်း မသေချာပေ။

​တကယ်လို့ ထိုသူသာ ဖန့်ချန်နှင့် ပတ်သက်သည့် သတင်းကို ကြားသွားပါက မိသားစုအတွက် နောက်ထပ် ကပ်ဘေးတစ်ခု ကျရောက်လာနိုင်ပေသည်။

​"ပြိုင်ပွဲကို ဆက်ကြရအောင် နောက်တစ်ဆင့်ကတော့ နည်းစနစ်ပိုင်း ယှဉ်ပြိုင်မှုပဲ"

ဟု ဖန့်အောက်က ဖြည်းဖြည်းချင်း ဆိုလိုက်သည်။

​လူတိုင်း စိတ်ပြန်ငြိမ်သွားပြီးနောက် ပြိုင်ပွဲကို ဆက်လက်လုပ်ဆောင်ကြသည်။

သို့သော် သူတို့၏ စိတ်အခြေအနေမှာ အရင်နှင့် လုံးဝ မတူတော့ပေ။

ဖန့်ချန်နှင့် ဖန့်လင်ရှင်းတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီးနောက် ဖန့်ကျွယ်ကိုယ်တိုင် ဝင်ပြိုင်သည့်တိုင်အောင် အလွန် ပေါ့ပျက်ပျက် ဖြစ်နေတော့သည်။

ပြိုင်ပွဲဝင်များပင်လျှင် ထိုတိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် အစွမ်းကုန် မပြိုင်နိုင်ကြတော့ပေ။

​ရှကျီက ခပ်တိုးတိုး ရယ်မောလိုက်သည်

" ဖန့်လင်ရှင်းရဲ့ မျက်နှာကို မြင်လိုက်လား တစ်ခုခု ရွံစရာကောင်းတာ စားထားရသလိုပဲ"

​ဝူရုန့်ချိုက မျက်မှောင်ကြုတ်လိုက်သည်

"မောင်လေး တို့က ဖန့်မိသားစုမှာ ရောက်နေတာ စကားပြောတာ သတိထားဦး"

​ရှကျီသည် သူမအတွက်ကြောင့် ဖန့်လင်ရှင်းနှင့် ရန်ငြိုးရှိနေသော်လည်း ရှကျီတစ်ယောက် လူတိုင်းကို ရန်လိုက်ရှာနေသည်ကို ဝူရုန့်ချို မလိုလားပေ။

ရန်သူများလွန်းလျှင် စွမ်းအားမြင့် ဗလာ ဘုရားကျောင်း ပင်လျှင် သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

​ရှကျီက ပြုံးလျက် ခေါင်းငြိမ့်သည်

"နားလည်ပါပြီ စီနီယာ အစ်မ နောက်ဆို သတိထားပါ့မယ်"

​ဖန့်ချန်က ရှကျီကို ကြည့်ကာ

"လမ်းလျှောက်ထွက်မလား"

​ရှကျီက ခေါင်းငြိမ့်သည်

"ကောင်းသားပဲ"

​"ငါကတော့ ဆရာတော်နဲ့ ဒီမှာပဲ နေခဲ့မယ် ပြန်လာတာ အရမ်းနောက်ကျရင် ဘုရားကျောင်းကိုပဲ တိုက်ရိုက် ပြန်သွားလိုက်တော့"

ဟု ဝူရုန့် ချိုက ရှကျီကို သတိပေးလိုက်သည်။

​ဖန့်ချန်နှင့် ရှကျီတို့ ထွက်သွားပြီးနောက် ပြိုင်ပွဲဝင်နေသော တတိယမျိုးနွယ်စု တပည့်များမှာလည်း စိတ်သက်သာရာ ရသွားကြသည်။

​ရေကန်ဘေးတွင် ရပ်နေရင်း ရှမင်က အံ့ဩစွာ ပြောလိုက်သည်

"မင်းတို့ မိသားစုကတော့ တကယ့်ကိုပဲ ရေကန်တစ်ခုလုံးကိုတောင် ဒီထဲ ရွှေ့လာနိုင်တာလား ငါ့ဆရာ ပြောတာတော့ ဒီရေကန်က မူလက မြို့ပြင်မှာ ရှိတာတဲ့"

​လျီချန်း မှာလည်း အဝေးတွင် ရပ်နေသော်လည်း ဖန့်ချန်က မခေါ်မချင်း အနားသို့ မကပ်ရဲပေ။

​"ကျွယ်ဝူတီနဲ့ ကျောက်စိမ်းမြစ်ဆိုင်ရဲ့ သခင်လေး နှစ်ယောက်လုံးက သွေးဝိညာဉ်ဂိုဏ်း က လူတွေပဲ"

ဟု ဖန့်ချန်က ရှကျီထံ အသံလွှင့်လိုက်သည်။

​ရှမင်၏ မျက်နှာ ပျက်သွားပြီး

"တကယ်လား"

ဟု ပြန်မေးသည် ရှကျီ၏ အမူအရာမှာ ထူးဆန်းနေသည်။

ဖန့်ချန် မြို့တော်ကို ရောက်တာ မကြာသေးသော်လည်း သူတို့၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သည် မဟုတ်ပါလား။

​ဖန့်ချန်က ဆက်လက်ပြောပြသည် "သူတို့က ကုန်သွယ်ရေး ညီလာခံမှာ တုန်းဖန် မိသားစုရဲ့ သခင်လေးကို သတ်ပြီး မဟာဝေ အင်ပါယာနဲ့ ပဋိပက္ခဖြစ်အောင် ဖန်တီးဖို့ ကြံစည်နေကြတယ်"

​ရှကျီ၏ မျက်နှာ တင်းမာသွားသည်

"သူတို့က မဟာချန်းနဲ့ မဟာဝေ ကြားမှာ စစ်ပွဲဖြစ်အောင် လုပ်မလို့လား"

​ဖန့်ချန်က အသာအယာ ခေါင်းငြိမ့်ပြသည်။

​"တုန်းဖန်း မိသားစုက မဟာဝေမှာ တော်ဝင်မိသားစုထက်တောင် ပိုအရေးပါတဲ့ နေရာမှာ ရှိတယ် သူတို့ရဲ့ မျိုးနွယ်စုက အဆင့် ၃ အင်ပါယာကနေ ဆင်းသက်လာတာလို့ ကြားဖူးတယ်"

ဟု ရှကျီက အသံလွှင့်ကာ ပြောသည်

"တကယ်လို့ တုန်းဖန်းသခင်လေးသာ မဟာချန်းမှာ သေသွားရင် မိုးပြာတိမ်တို အင်ပါယာ ဝင်မပါသရွေ့ နိုင်ငံနှစ်ခုကတော့ စစ်ဖြစ်မှာ သေချာတယ်"

​"သူတို့ ဝင်မပါနိုင်အောင် လုပ်ထားကြမှာပါ အဲ့ဒီမှာလည်း သွေးဝိညာဉ်ဂိုဏ်းဝင်တွေ ရှိနေမှာပဲ"

​သူတို့နှစ်ဦး ခဏမျှ တိတ်ဆိတ်သွားကြသည်။

​"သွေးဝိညာဉ်ဂိုဏ်းကတော့ နေရာတိုင်းမှာ ရှိနေတာပဲ"

ရှကျီက အေးစက်စွာ လှောင်ပြောင်လိုက်သည်

"အဆင့် ၁ အင်ပါယာတွေက အစွမ်းထက် ဂိုဏ်းကြီးတွေက ဘာလို့ ဒါကို မျက်ကွယ်ပြုထားကြတာလဲ မသိဘူး သွေးဝိညာဉ်ဂိုဏ်းက သာမန်လူတွေကို သုံးပြီး သွေးဝိညာဉ်ဆေးလုံးတွေ ဖော်စပ်နေတာကို သူတို့ တကယ်ပဲ မသိတာလား"

​"သိချင်လည်း သိမှာပေါ့ ဒါမှမဟုတ် မသိတာလည်း ဖြစ်နိုင်တယ် ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်းမှာ အစွမ်းထက်တဲ့ ဘိုးဘေး တစ်ယောက် ရှိနေနိုင်တယ် အဲ့ဒါကြောင့် သူတို့က နေရာတိုင်းမှာ အမြစ်တွယ်နေတာ ဖြစ်လိမ့်မယ်"

ဟု ဖန့်ချန်က ပြန်ဖြေသည်။

​ရှမင်က ဇဝေဇဝါ ဖြစ်သွားသည်

"ဘိုးဘေး ဟုတ်လား"

​ဖန့်ချန်က ပြုံးကာ ပြောပြသည်

"ကျင့်ကြံခြင်းမှာ အောက်ပိုင်းသုံးဆင့် အလယ်ပိုင်းသုံးဆင့် အထက်ပိုင်းသုံးဆင့် ဆိုတာ ရှိတယ် အဲ့ဒီအထက်မှာမှ ဘိုးဘေး အဆင့် ဆိုတာ ရှိတာ အဲ့ဒါက ဒီလောကရဲ့ ထိပ်တန်း အစွမ်းထက်ဆုံး ပညာရှင်တွေပဲ သူတို့က နတ်ဘုရားတွေ မဟုတ်သေးပေမဲ့ နတ်ဘုရားနဲ့ အနီးစပ်ဆုံးပဲ"

​"ဟူး..."

ရှကျီ က အသက်ကို ပြင်းပြင်းရှူလိုက်သည်

" ဖန့်ချန် ဒါတွေကို မင်း း ဘယ်လို သိတာလဲ"

​"စီနီယာ တစ်ယောက် ပြောပြတာပါ"

ဟု ဖန့်ချန်က ဖြေလိုက်သည်။

​ဖန့်ချန်၏ စိတ်ထဲတွင် ပုဒုမသေမျိုးကို မြင်ယောင်လာသည်။

နောက်တစ်ကြိမ် သူ့ကို ပြန်တွေ့သည့်အခါ အဆင့် ၄ အင်ပါယာမှာလား အဆင့် ၃ လား အဆင့် ၂ လား ဒါမှမဟုတ် အဆင့် ၁ အင်ပါယာမှာလား ဆိုသည်ကို သူ တွေးတောနေမိသည်။

​ရှကျီက မျက်မှောင်ကြုတ်လိုက်သည်

"သွေးဝိညာဉ်ဂိုဏ်းက မင်း ပြောသလို တကယ် အစွမ်းထက်နေရင်တော့ ဒုက္ခပဲ"

​ဖန့်ချန်က ပြုံးလျက်ာ

"ငါ သစ္စာဆိုထားပြီးသား ငါ တတ်နိုင်သလောက် အကုန်သတ်မယ် အဲ့ဒီနှစ်ယောက် လှုပ်ရှားတဲ့အချိန်ကျရင် မြို့တော်ထဲက သွေးဝိညာဉ်ဂိုဏ်းဝင်တွေ အကုန် ထွက်လာကြလိမ့်မယ် အဲ့ဒီအချိန်ကျရင် ငါတို့ သူတို့ကို အတူတူ အမြစ်ပြတ် သုတ်သင်ကြတာပေါ့"

​ဤတစ်ကြိမ်တွင် သူက နောက်ကွယ်တွင် ပုန်းနေသူ ဖြစ်သည်။

သွေးဝိညာဉ်ဂိုဏ်းက သိသွားရင်တောင် နောက်ကွယ်က ဘယ်သူလဲဆိုတာ ရှာနိုင်မှာ မဟုတ်ပေ။

​သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဖန့်မိသားစုအတွင်း၌ ခေါင်းလောင်းသံ တစ်ခု ရုတ်တရက် မြည်လာသည်။

​ဖန့်မိသားစုဝင် အားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာကြသည်။

၎င်းမှာ ဖန့်မိသားစု၏ ရန်သူသတိပေး ခေါင်းလောင်းသံ ဖြစ်သည်။

ရန်သူနှင့် ရင်ဆိုင်ရမှသာ ဤခေါင်းလောင်းကို တီးလေ့ရှိသည်။

​"မကောင်းတော့ဘူး ဖန့်လင်ရှင်းက တံခါးဝမှာ ချောင်းမြောင်း တိုက်ခိုက်ခံရတယ်"

ဟု တစ်ယောက်က အော်ဟစ်လိုက်သည်။

​လျီချန်းမှာ မှင်တက်သွားသည်။ ဖန့်လင်ရှင်း တိုက်ခိုက်ခံရတယ် ဖန့်မိသားစု တံခါးဝရှေ့မှာတင်လား

​ရှကျီက ရယ်မောလိုက်သည်

"ဖန့်ချန် ဖန့်လင်ရှင်းကို ကြည့်ဦး သူ့အိမ်တံခါးဝမှာတင် တိုက်ခိုက်ခံရတာ ဘာမှ မဆန်းပါဘူး သူ့မှာ ရန်သူတွေမှ အများကြီး သူ အသက်ရှင်ရဲ့လား မသိဘူး"

​ဖန့်ချန်က ပြုံးလျက်

"သွားကြည့်ရင် သိရမှာပေါ့"

ဟု ဆိုသည်။

​ဖန့်မိသားစု၏ ပင်မတံခါးဝ

​တံခါးကြီးမှာ လုံးဝ ပြိုကျပျက်စီးနေသည်။

လမ်းပေါ်တွင်လည်း ပွဲကြည့်ပရိသတ်များ ပြည့်နှက်နေသည်။

အချို့မှာ မြို့တော်ထဲမှာ ဘယ်သူကများ ဖန့်မိသားစုကို ရန်စရဲတာလဲဟု အံ့ဩနေကြသည်။

၎င်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်း မဟုတ်ပါလား။ တံခါးမကြီးကိုပါ ဖျက်ဆီးပစ်သည်မှာတော့ လုံးဝ ပြေလည်နိုင်စရာမရှိသည့် ရန်ငြိုးပင် ဖြစ်သည်။

​ဖုန်မှုန့်များနှင့် အပျက်အစီးများကြားတွင် ဖန့်လင်ရှင်း ထိုင်နေသည်။

သူမ၏ မျက်နှာမှာ ဖြူလျော့နေပြီး ကိုယ်တွင်းအင်္ဂါ ခုနစ်ပါးမှ သွေးများ စီးကျနေသည်။

သူမ၏ အကြည့်မှာ ဗလာဖြစ်နေပြီး စောစောက ဘာဖြစ်သွားသည်ကို မသိသေးပုံရသည်။

​ဖန့်မိုရှန့်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီး သားကောင်ကို ရှာနေသည့် သိန်းငှက်ကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသည်။

မကြာမီမှာပင် အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်များစွာ ရောက်ရှိလာကြသည်။

​ဖန့်ချန် ရောက်လာချိန်တွင် ဖန့်မိသားစုမှ အခြေခံတည်ဆောက်ခြင်းအဆင့်ဝင် ၁၀ ဦးကျော်နှင့် ဝိညာဉ်သန့်စင်ခြင်းအဆင့် ၁၂ ရှိသော တပည့်များစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။

​"သူ မသေသေးဘူးပဲ"

ရှကျီက ဖန့်လင်ရှင်းကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

သခင်လေး ကျား ကိုလည်း စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

ဝိညာဉ်ကျောက်တုံး ၁၀၀၀ တောင် ပေးထားတာကို မသတ်နိုင်ခဲ့ဘူး မဟုတ်ပါလား။

​"ဘာဖြစ်တာလဲ ငါတို့ တံခါးဝရှေ့မှာတင် ငါတို့ရဲ့ ပါရမီရှင်ကို ဘယ်သူက ချောင်းတိုက်ရဲတာလဲ"

​ဖန့်မိသားစု အကြီးအကဲချုပ် ရောက်ရှိလာပြီး ဒေါသထွက်နေသည့် အမူအရာဖြင့် မေးလိုက်သည်။

ဘေးနားရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်များမှာ ဦးညွှတ်နှုတ်ဆက်ကြသော်လည်း အသေးစိတ်ကို မသိရှိသဖြင့် ဘာမှ ပြန်မပြောနိုင်ကြပေ။

All Chapters