အခန်း (၃၄၇-၃၄၈)
Vol. 35 Ch. 347-348
အခန်း ၃၄၇ - ဆရာဝူ
ကျောက်စိမ်းမြစ်ခန်းမ အနီးတွင် ကြည့်ရှုသူများမှာ တိုးဝှေ့နေကြသည်။
အပြာရောင်ဝတ်စုံဝတ်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် သူ၏လက်ထဲရှိ တစ်ဝက်ခန့်ပွင့်နေသော ဝိညာဥ်ရင်းမြစ်ကျောက်တုံးကို ကြည့်ကာ ကျေနပ်စွာ ပြုံးနေသည်။
ကျောက်တုံးအတွင်း၌ တောက်ပသော မျက်နှာပြင်ရှိပြီး ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသည့် နီရဲသော အသီးတစ်လုံး ရှိနေသည်။
မြင်လိုက်ရုံနှင့်ပင် တစ်စုံတစ်ယောက်က မျိုချချင်စိတ် ပေါက်သွားစေနိုင်သည်။
"ဒါက ဝိညာဉ်အဆီအနှစ်သီး ပဲ အဝါရောင်အဆင့် မြင့်မားတဲ့ ဝိညာဉ်သစ်ဥသစ်ဖုပဲ"
ဟု အတွေ့အကြုံရှိသော ကြည့်ရှုသူတစ်ဦးက အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
"ဒီလောက် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအားနဲ့ဆိုရင် ဒါက အနည်းဆုံး သက်တမ်း နှစ်တစ်ရာကျော်နေပြီ!"
"ဒါကို ဒီအတိုင်း စားလိုက်ရင်တောင် အဝါရောင်အဆင့်မြင့် ဆေးလုံးတွေထက် မနိမ့်ဘူး မဟုတ်လား"
"အတိအကျပဲ အဲဒါကြောင့်ပဲ ဒါကို ဝိညာဉ်ကျောက်တုံး သုံးရာ ဈေးသတ်မှတ်ထားတာပေါ့ ဒါက အမြဲတမ်း ရနိုင်တာလည်း မဟုတ်ဘူး"
"ဝိညာဉ်အဆီအနှစ်သီးက ဘက်စုံသုံး ဆေးဘက်ဝင်တယ် အဝါရောင်အဆင့် အနိမ့် အလတ် အမြင့် ဒါမှမဟုတ် ထိပ်တန်းအဆင့် ဆေးလုံးတွေ ဖော်စပ်ရာမှာ သုံးလို့ရတယ်"
"အကယ်၍ ဆေးဖော်စပ်သူ တစ်ယောက်သာ ဒီနားမှာရှိရင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးရာပေးပြီး ဝယ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး"
"ဆရာဝူက ဆိုင်သေးသေးလေးတစ်ခုကနေ ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ထဲနဲ့ ဒီလောက် ကောင်းတဲ့ ဝိညာဥ်ရင်းမြစ်ကျောက်တုံးကို ဝယ်နိုင်ခဲ့တာပဲ ဆရာ့ရဲ့ အမြင်က တကယ်ကို ထူးချွန်ပါတယ် ကျွန်တော် တကယ် လေးစားမိတယ်"
ဆိုင်ရှင်က မြှောက်ပင့်ကာ
"ဒီ ဝိညာဉ်အဆီအနှစ်သီးကို ကျွန်တော့်ကို ပြန်ရောင်းပေးလို့ ရမလား ကျွန်တော် ဈေးကောင်းပေးပါ့မယ်"
ဟု ဆိုသည်။
"ဆိုင်ရှင်ကတော့ စီးပွားရေး တွက်ခြေကိုက်တာပဲကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲက စတော့မယ် အဲဒီမှာ အားကောင်းတဲ့ ဆေးဖော်စပ်သူတွေ လာကြလိမ့်မယ် အဲဒီအချိန်ကျရင် ဒီအသီးရဲ့ တန်ဖိုးက နှစ်ဆ တက်သွားနိုင်တယ် မဟုတ်လား"
ဆရာဝူက ခပ်ပြုံးပြုံးဖြင့် ဆိုင်ရှင်၏ တောင်းဆိုမှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
ထိုစဉ် လက်ခုပ်သံများ လေထဲတွင် ပျံ့လွင့်လာသည်။
လူတိုင်း လှမ်းကြည့်လိုက်သောအခါ မင်းသား ချန်းဖုန်း လာနေသည်ကို မြင်ရသဖြင့် အမြန် လမ်းဖယ်ပေးလိုက်ကြသည်။
မင်းသား ချန်ဖုန်းသည် ဝိညာဥ်ရင်းမြစ် ရပ်ကွက်သို့ မကြာခဏ လာတတ်သူဖြစ်သဖြင့် အဲဒီက ကျွမ်းကျင်သူများနှင့်လည်း ရင်းနှီးပြီးသား ဖြစ်သည်။
"ဆရာဝူယ ဝိညာဥ်ရင်းမြစ်ရပ်ကွက်မှာ ဆရာ့ရဲ့ အောင်မြင်မှုတွေကို ကျွန်တော် တကယ် ချီးကျူးပါတယ်"
ဟု မင်းသား ချန်းဖုန်းက ပြုံးရွှင်စွာ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ သာမန်အရည်အချင်းကို ခွင့်လွှတ်ပေးပါဦး ဒါက ကျွန်တော့်အတွက် ဝါသနာတစ်ခုပါပဲအားလပ်တဲ့ အချိန်လေးမှာပဲ နည်းနည်းပါးပါး လေ့လာတာပါ"
" ကျွန်တော်တို့ ကျင့်ကြံသူတွေအတွက်တော့ ကျင့်ကြံခြင်းက နံပါတ်တစ် ဦးစားပေးပဲလေ ဒါကို လျစ်လျူရှုလို့ မရဘူး"
ဟု ဆရာဝူက နှိမ့်ချစွာ ပြောဆိုသည်။
အားလပ်တဲ့ အချိန်လေး ဟုတ်လား
ဘေးပတ်ဝန်းကျင်က လူများမှာ ပို၍ အံ့သြသွားကြသည်။
သူတို့မှာ တစ်နေ့လုံး အချိန်ပေးနေသော်လည်း ဆရာဝူကဲ့သို့ ထက်မြက်သော အမြင်မျိုး မရရှိနိုင်ကြသေးပေ။
လူအုပ်ထဲမှနေ၍ ဆရာဝူကို ကြည့်နေသော ချန်းကျိုယဲ့ ၏ မျက်နှာမှာ အနည်းငယ် တည်ကြည်နေသည်။
ဖန့်ကျွယ် နှင့် ဖန့်ယွမ် တို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ဖက်သား၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များကို မြင်နေရသည်။
အကယ်၍ ချန်းကျိုယဲ့သာ ယနေ့ ရှုံးသွားခဲ့လျှင် နောက်နောင် ချန်းဖုန်းနှင့် တွေ့သည့်အခါတိုင်း လှောင်ပြောင်မှုကို ခံရတော့မည်ဖြစ်သည်။
"ဆရာဝူက အရမ်း နှိမ့်ချတာပဲ ဒီနေ့ ကျောက်စိမ်းမြစ်ခန်းမ မှာ ဆရာဝူရော၊ ဆရာဖန့်ရော နှစ်ယောက်လုံး ဝိညာဥ်ရင်းမြစ် ကျောက်တုံးတွေ ဖွင့်ကြမှာဆိုတော့ ဒါက တကယ့် ပွဲကြီးပွဲကောင်းပဲ"
ဟု ထုံပိုင်ကျိုး က ရုတ်တရက် ပြုံး၍ ပြောလိုက်သည်။
ဆရာဖန့် ဟုတ်လား
ဆရာဝူသည် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး သူ၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်သွားသည်။
မျက်စိလျင်သူတစ်ယောက်က ဖန့်ချန်ကို မြင်လိုက်ပြီး အော်ပြောလိုက်သည်။
"ဖန့်မိသားစုက လူလည်း ဒီမှာ ရှိနေတာပဲ"
"သူပဲ သူက မကြာသေးခင်ကမှ အဆင့်လတ် ဝိညာဉ်ကျောက်တုံးကို ဖွင့်နိုင်ခဲ့ပြီး ဝိညာဥ်ရင်းမြစ်ရပ်ကွက်ရဲ့ စံချိန်ကို ချိုးခဲ့တဲ့သူလေ"
လူများက စိတ်လှုပ်ရှားစွာ ဆွေးနွေးလာကြသည်။
ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနှင့် ဝယ်ခဲ့သော ဝိညာဥ်ရင်းမြစ်ကျောက်တုံးမှ ဝိညာဉ်ကျောက်တုံး တစ်သောင်းတန် အဆင့်လတ်ကျောက်တုံး ထွက်လာခြင်းမှာ ဒဏ္ဍာရီဆန်လှပြီး မြို့ထဲတွင် ရေပန်းစားနေသည့် သတင်းဖြစ်သည်။
ထို့အပြင် ဖန့်ချန်သည် မျက်စိမမြင်သော်လည်း အသံကို နားထောင်ပြီး ကျောက်တုံးရွေးသည်ဟူသော သတင်းက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းနေသည်။
"သူကိုး..."
ဆရာဝူက ဖန့်ချန်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် လှောင်ပြောင်ရိပ် အနည်းငယ် ပါနေသည်။
"ဆရာ ဟုတ်လား သူက ဒီဘွဲ့နဲ့ ထိုက်တန်လို့လား"
ကံကိုသာ ကိုးစားပြီး ဝိညာဥ်ရင်းမြစ်ကျောက်တုံးတွေ ဖွင့်နေခြင်းမှာ တစ်နေ့မဟုတ် တစ်နေ့ အကြီးအကျယ် ရှုံးနိမ့်သွားရန်သာ ရှိသည်။
"စီနီယာအစ်ကိုကျွယ် မင်းသားကျိုယဲ့က သူ့ကို အကူအညီတောင်းဖို့ ခေါ်လာပုံရတယ် ကြည့်ရတာ သူလည်း တခြားနည်းလမ်း မရှိတော့ဘူးထင်တယ်"
ဟု ဖန့်လင်ရှင်းက ကျွယ်ဝူတိဆီ အသံလှိုင်း ပို့လိုက်သည်။
ဖန့်ချန်က တိုက်ခိုက်ရေးမှာ အားကောင်းသော်လည်း ကျောက်တုံးပညာရပ်ကို လေ့လာထားသည်ဟု သူမ မယုံကြည်ပေ။
ကျွယ်ဝူတိက ခေါင်းညိတ်သည်။
"ကံတရားဆိုတာ တစ်ခါပဲ ကိုးစားလို့ ရတာပါ"
ဖန့်လင်ရှင်း၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ် အနည်းငယ် ပေါ်လာသည်။
"စီနီယာအစ်ကိုကျွယ် လင်းမိသားစုခေါင်းဆောင်တို့ ပျောက်သွားတယ်လို့ ကြားတယ် ဆရာတော် ချန်ယွမ်ကကော ကျောင်းကို ပြန်သွားပြီလား"
ကျွယ်ဝူတိက မျက်မှောင်ကြုတ်ကာ
"ဆရာတော်က မနေ့က ပြိုင်ပွဲပြီးကတည်းက ကျွယ်မိသားစုဆီမှာပဲ ရှိနေတာပါ လင်းမိသားစုခေါင်းဆောင် ပျောက်သွားတာက တခြားအကြောင်း ရှိနိုင်တယ်"
"ဘယ်သူကများ နောက်ကွယ်ကနေ လက်ဦးသွားတာလဲ"
ဖန့်လင်ရှင်းက စိတ်တိုတိုဖြင့် မေးသည်။
"တစ်စုံတစ်ယောက်က ကြားဖြတ်နှောက်ယှက်တာ မဟုတ်နိုင်ပါဘူး ဖြစ်နိုင်တာက လင်းမိသားစုခေါင်းဆောင်က ဆရာတော် ချန်ယွမ်ကို ရန်မစချင်လို့ သူ့လူတွေကို ခေါ်ပြီး ငါ့ဆီကနေ ပုန်းနေတာလည်း ဖြစ်နိုင်တယ်"
ဟု ကျွယ်ဝူတိက အေးစက်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဆရာဝူ. ဆရာဖန့်အကြောင်း ကြားဖူးလားမင်းသားကျိုယဲ့က ဒီနေ့ သူ့ကို ကူညီပေးဖို့ ဖိတ်ထားတာလေ"
ဟု ချန်းဖုန်းက လှောင်ပြုံးဖြင့် မေးလိုက်သည်။
ဆရာဝူက ရယ်မောလိုက်သည်။
"ကျွန်တော် ကြားဖူးပါတယ် ဆရာဖန့်ရဲ့ နည်းလမ်းတွေက တကယ့်ကို နက်နဲပါတယ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနဲ့ တစ်သောင်းအထိ အမြတ်ရခဲ့တာပဲ"
"ဒီလိုကိစ္စမျိုးမှာ ဒီနေ့ ဒီမှာရှိတဲ့ ဘယ်သူကများ သူ့ကို ယှဉ်နိုင်မှာလဲ နှစ်ပေါင်း ရာချီ ဒီပညာရပ်မှာ နစ်မြုပ်နေတဲ့ စီနီယာကြီးတွေတောင် သူတို့ ငယ်ငယ်တုန်းက ဒီလောက် ထူးခြားတဲ့ ရလဒ်မျိုး မရခဲ့ဖူးပါဘူး"
လူအုပ်ကြီး၏ အမူအရာများမှာ ထူးဆန်းသွားသည်။
ဆရာဝူ၏ စကားထဲတွင် ရွဲ့ခြင်း၊ စောင်းခြင်းများ ပါနေသည်ကို အားလုံး သိလိုက်ကြသည်။
ချန်းကျိုယဲ့က ရုတ်တရက် ပြုံးလိုက်သည်။
"ဒါဆိုရင် ဆရာဖန့်ချန်က အဲဒီ စီနီယာကြီးတွေထက်တောင် ပိုပြီး အစွမ်းထက်တာပေါ့ ဆရာဝူလည်း ဒါကို မငြင်းဘူး မဟုတ်လား"
ဆရာဝူမှာ အနည်းငယ် ဆွံ့အသွားပြီး ဘာမှ ဆက်မပြောတော့ဘဲ နေလိုက်သည်။
ထုံပိုင်ကျိုးက ကြားဝင်ပြီး
"ကဲ အားလုံးပဲ ကျွန်တော့်ရဲ့ ကျောက်စိမ်းမြစ်ခန်းမ ထဲမှာ ခဏလောက် နားကြရအောင် ကျွန်တော် ဝှက်ထားတဲ့ ဝိညာဥ်ရင်းမြစ်ကျောက်တုံး တစ်ရာကို ထုတ်ပြဖို့ ပြင်ဆင်လိုက်ပါ့မယ်"
ဟု ပြောလိုက်သည်။
"သွားကြတာပေါ့"
ချန်းဖုန်းက ရယ်မောရင်း ချန်းကျိုယဲ့ကို ကြည့်လိုက်သည်။
"ညီငယ် မင်း ဒီတစ်ခါ ရှုံးသွားရင် နောက်နောင် ငါ့ကို တွေ့တဲ့အခါ ဘယ်လို နေမလဲ"
"ကျွန်တော် ရှုံးရင်တော့ နောင်တော်နဲ့ တွေ့တဲ့အခါတိုင်း သုံးကြိမ် ဦးညွှတ်ပြီး ကိုးကြိမ် ကန်တော့ပါ့မယ်"
ဟု ကျိုယဲ့က အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ဟားဟားဟား"
ချန်းဖုန်းက ကျယ်လောင်စွာ ရယ်မောကာ ထုံပိုင်ကျိုး၏ နောက်မှ လိုက်သွားတော့သည်။
ဘေးနားက လူများမှာ ထိုစကားကို ကြားပြီး အံ့သြသွားကြသည်။ ဖန့်ကျွယ်က
"မင်းသားကျိုယဲ့ ဒီလောင်းကြေးက အရမ်းမကြီးလွန်းဘူးလား"
ဟု မေးလိုက်သည်။
ချန်းကျိုယဲ့က အေးဆေးစွာပင်
"ကိစ္စမရှိပါဘူး ငါ တကယ် ရှုံးသွားရင်လည်း နောက်နောင် သူ့ကို ရှောင်နေရုံပေါ့ အဲဒီအခါကျရင် ဦးညွှတ် ကန်တော့စရာ မလိုတော့ဘူး"
ဖန့်ကျွယ်နှင့် ဖန့်ယွမ်တို့မှာ စိတ်ပူနေကြသော်လည်း ချန်းကျိုယဲ့ကတော့ ယုံကြည်မှုရှိရှိ ရယ်မောလိုက်သည်။
"ပြီးတော့ ဆရာဖန့် ရှိနေတာပဲ ငါ ရှုံးချင်မှ ရှုံးမှာပါ"
သို့သော်လည်း ဆရာဝူ၏ အရည်အချင်းကို သိထားကြသဖြင့် ဖန့်ကျွယ်တို့မှာ ချန်းကျိုယဲ့ နိုင်ခြေမှာ အလွန်နည်းပါးသည်ဟု ထင်နေကြသည်။
ဆရာဝူသည် ကျောက်တုံးပညာရပ်တွင် အလွန်ထင်ရှားသော စီနီယာတစ်ဦး၏ တပည့်ဖြစ်သည်ဟု ဆိုကြသည်။
ကျောက်စိမ်းမြစ် အတွင်း၌ ကျင့်ကြံသူ တစ်ထောင်ကျော်ခန့် ရောက်ရှိနေကြသည်။
သူတို့အားလုံးမှာ ရတနာများကို ကြည့်ရှုရမည်ဖြစ်သလို မင်းသားနှစ်ပါး၏ လောင်းကြေးထပ်ပွဲကိုလည်း မြင်တွေ့ရမည်ဖြစ်သဖြင့် စိတ်လှုပ်ရှားနေကြသည်။
ထုံပိုင်ကျိုး၏ အမိန့်နှင့်အတူ ဝိညာဥ်ရင်းမြစ်ကျောက်တုံး တစ်ရာကို ခန်းမရှေ့သို့ သယ်ဆောင်လာကြသည်။
အချို့မှာ သုံးပေခန့်သာရှိပြီး အကြီးဆုံးမှာ ဆယ်ပေခန့်အထိ ရှိကြသည်။
အခန်း ၃၄၈ - ကြီးမားသော လောင်းကြေး
"ကျောက်စိမ်းမြစ် ခန်းမ က ဒီဝိညာဥ်ရင်းမြစ်ကျောက်တုံးတွေကတော့ တကယ့်ကို အလွန်အမင်း ထူးကဲလှပတာပဲ ထိပ်တန်းရတနာတွေရဲ့ ပြယုဂ်ပဲ"
"ကြည့်လိုက်ရုံနဲ့တင် တော်တော်တန်ဖိုးရှိမယ်ဆိုတာ သိသာတယ် ငါတို့လိုလူတွေ ကစားနိုင်မယ့် အဆင့်မဟုတ်ဘူး"
လူအုပ်ကြီးသည် လောင်းကစားသမားများက အဖိုးတန်လောင်းကြေးများကို တွေ့လိုက်ရသကဲ့သို့ သို့မဟုတ် လူမိုက်များက ရှားပါးသောအလှပြင်သူကို တွေ့လိုက်ရသကဲ့သို့ တုံ့ပြန်နေကြသည်။
သူတို့၏မျက်လုံးများမှာ လောဘရိပ်များဖြင့် ပြည့်နှက်နေပြီး အချို့အတွက်မူ ထိုဝိညာဥ်ရင်းမြစ်ကျောက်တုံးများ၏ ဆွဲဆောင်မှုမှာ သိုင်းပညာနှင့် ကျင့်စဉ်များထက်ပင် သာလွန်နေပါသည်။
"မင်းသား ၂ မင်းသား ၉ ခင်ဗျားတို့ရဲ့ သဘောတူညီချက်အရ ကျွန်တော်က ကြားခံလူအဖြစ် ဆောင်ရွက်ပေးပါ့မယ်။"
ထုံပိုင်ကျိုး က ပြုံး၍ ပြောလိုက်သည်
"စည်းကမ်းကတော့ တစ်ဖက်ကို တစ်တုံးစီနဲ့ စုစုပေါင်း ဆယ်တုံးစီ ပြည့်တဲ့အထိ ရွေးရပါမယ်အဲဒီနောက်မှာမှ လောင်းကြေးထပ်ပွဲ စပါမယ် ဘယ်သူ အရင်စမလဲဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်နိုင်ပါတယ်"
ချန်းကျိုယဲ့ က ပြုံးလိုက်သည်။
"နောင်တော် ကျွန်တော့်ကို အရင်ရွေးခွင့်ပေးမလား"
ချန်းဖုန်း က ခေါင်းကို အသာခါလိုက်သည်။
"အဲဒီလို စည်းကမ်းမရှိပါဘူး ဘယ်သူ အရင်စမလဲဆိုတာ မဲနှိုက်ပြီး ဆုံးဖြတ်ကြရအောင်"
မည်သူမျှ အလျှော့မပေးလိုကြသဖြင့် ထုံပိုင်ကျိုးသည် မဲနှိုက်ရန် ပစ္စည်းများကို ချက်ချင်း ပြင်ဆင်လိုက်သည်။
ထိုအတောအတွင်း ဆရာဝူသည် ဝိညာဥ်ရင်းမြစ်ကျောက်တုံးများကို ဂရုတစိုက် စတင်စစ်ဆေးနေပြီ ဖြစ်သည်။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အကြည့်များသည်လည်း ကျောက်တုံးများပေါ်တွင် ဝဲပျံနေကြပြီး တစ်ခါတစ်ရံ အံ့သြချီးကျူးသံများ ထွက်ပေါ်လာတတ်သည်။
"အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့"
ဖန့်မိသားစု၏ မျိုးဆက်သစ်များဖြစ်သော ပထမမျိုးနွယ်၊ ဒုတိယမျိုးနွယ်၊ တတိယမျိုးနွယ်နှင့် စတုတ္ထမျိုးနွယ်မှ လူတစ်စုသည် ကျောက်စိမ်းမြစ်ခန်းမ ထဲသို့ ရုတ်တရက် တိုးဝှေ့ဝင်ရောက်လာကြသည်။
ဖန့်ဟောင် သည် ပွဲမစသေးသည်ကို မြင်သောအခါမှ စိတ်အေးသွားရသည်။
"မင်းသား ၂ ဘေးမှာ ရှိနေတာ ဆရာဝူပဲသူ ကျောက်တုံးတွေကို စစ်ဆေးနေပြီ ဖန့်ချန်က ဘာလို့ ဘာမှမလုပ်သေးတာလဲ"
"သူက မျက်စိမမြင်ဘူးလေ တကယ်ပဲ အသံကို နားထောင်ပြီး ကျောက်တုံးရွေးမှာလား"
"ဖန့်ချန် မင်းလည်း ရှေ့ကိုသွားပြီး တစ်ချက်လောက် မကြည့်ချင်ဘူးလား"
ဖန့်ကျွယ်က တိုးတိုးလေး မေးလိုက်သည်။
ဖန့်ချန်မှာ မလှုပ်မယှက် ရှိနေဆဲပင်။
ဖန့်ကျွယ်၏ စကားကို သူ လုံးဝ တုံ့ပြန်ခြင်းမရှိပေ။
ဖန့်ကျွယ်၏ မျက်နှာတွင် အနေခက်သော အမူအရာ အနည်းငယ် ပေါ်လာသည်။
ကျောက်တုံးများကို စစ်ဆေးနေသော ဆရာဝူသည် ဖန့်ချန်ကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏မျက်နှာတွင် လှောင်ပြောင်ရိပ်များ ပို၍ ထင်ရှားလာသည်။
ကံကိုပဲကိုးစားပြီး ဝိညာဥ်ရင်းမြစ်ကျောက်တုံးတွေနဲ့ ကစားနေတဲ့ကောင်က ကျောက်တုံးအရည်အသွေးကို စစ်ဆေးတာနဲ့ ပတ်သက်လို့ ဘာသိမှာလဲ
ထိုအချိန်တွင် ဖန့်ချန်၏ ဝိညာဉ် သည် ဝိညာဥ်ရင်းမြစ်ကျောက်တုံး တစ်ရာရှေ့တွင် ရပ်နေပြီဖြစ်သည်။
သူ့တွင် ရွေးချယ်ရန် အခွင့်အရေး ဆယ်ကြိမ်သာရှိသည် သို့မဟုတ် ကိုးကြိမ်ဟု ဆိုနိုင်သည်။
အကြောင်းမှာ သူ၏ ဝိညာဉ်အာရုံ စွမ်းအင်ကို အကုန်အစင် မသုံးနိုင်သောကြောင့် ဖြစ်သည်။
ဆရာဝူ၏ ကျောက်တုံးစစ်ဆေးခြင်း ကျွမ်းကျင်မှုမှာ အမှန်တကယ်ပင် ထူးချွန်လှသဖြင့် ဖန့်ချန်သည် ဆရာဝူနှင့် ယှဉ်လျှင် ကျောက်တုံးပညာရပ်အကြောင်း များစွာ မသိပေ။
ထို့ကြောင့် ဆရာဝူနှင့် ယှဉ်လျှင် ဖန့်ချန်တွင် သာလွန်သော အားသာချက် မရှိလှပေ။
ဖန့်ချန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး တွေးလိုက်သည်
ငါ ကောင်းတဲ့ ကျောက်တုံး နှစ်တုံး သုံးတုံးလောက်ပဲ ရွေးလိုက်မယ် အဲဒါနဲ့မှ ထပ်ရှုံးနေဦးမယ်ဆိုရင်တော့ ချန်းကျိုယဲ့ဟာ တကယ့်ကို ကံဆိုးတဲ့သူလို့ပဲ မှတ်ယူရမှာပေါ့
သူသည် ချန်းကျိုယဲ့ကို နိုင်အောင်လုပ်ပေးမည်ဟု ဘယ်တုန်းကမှ ကတိမပေးခဲ့ပေ။
သူ ထိုနေရာသို့ လာရခြင်းမှာ ထုံပိုင်ကျိုးနှင့် ရင်းနှီးခွင့်ရရန် အခွင့်အရေးကို ဆုပ်ကိုင်လိုသောကြောင့်သာ ဖြစ်သည်။
ထို့အပြင် ကျောက်စိမ်းမြစ်ခန်းမ အတွင်းရှိ ထုံပိုင်ကျိုး၏ ဘေးတွင် ဝိညာဉ်သွေးဂိုဏ်းကျင့်ကြံသူများ ရှိ၊ မရှိကိုလည်း သူ သိချင်နေသည်။
ထုံပိုင်ကျိုးသည် သခင်လေးဖြစ်သောကြောင့် သူ၏နောက်ကွယ်တွင် မျိုးနွယ်စုခေါင်းဆောင် သို့မဟုတ် အကြီးအကဲတစ်ဦး ရှိရပေမည်။
ထိုသူမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်ရန် အခွင့်အလမ်း များပါသည်။
ကျွယ်ဝူတိသည် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်းဖုန်းထံသို့ တိုးတိုးလေး အသံလွှတ်လိုက်သည်
"မင်းသား ၂ ဖန့်ချန်က မကြာခင်ကတင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် ရထားတာ ဒီအခွင့်အရေးကို သုံးပြီး သူ့ကိုလည်း လောင်းကြေးထဲ ဆွဲမထည့်ချင်ဘူးလား"
ချန်းဖုန်း၏ မျက်လုံးများ တောက်ပသွားပြီး ချန်းကျိုယဲ့ဘက်သို့ ချက်ချင်းလှည့်ကာ ပြုံး၍ ပြောလိုက်သည်
"ညီတော် လောင်းကြေးက ငါတို့နှစ်ယောက်ထဲဆိုရင် နည်းနည်းတော့ ပျင်းစရာကောင်းမနေဘူးလား"
"နောင်တော် ဘာကို ဆိုလိုတာလဲ"
ဟု ချန်းကျိုယဲ့က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
ချန်းဖုန်းက ပြုံးဖြဲဖြဲဖြင့်
"စိတ်လှုပ်ရှားစရာလေး ပိုတိုးအောင်လို့လေ ဆရာဖန့်နဲ့လည်း လောင်းကြေးတစ်ခု ထပ်ကြည့်ရင် ဘယ်လိုလဲ"
လူအုပ်ကြီးမှာ အံ့သြသွားကြပြီး ဖန့်ချန်ဘက်သို့ မသိမသာ လှမ်းကြည့်လိုက်ကြသည်။
ချန်းကျိုယဲ့၏ မျက်လုံးများ ဝဲသွားသည်။
အကယ်၍ ဖန့်ချန်သာ လောင်းကြေးထဲ ပါလာလျှင် သူလည်း အကျိုးအမြတ် များစွာ ရနိုင်မည်ဖြစ်သည်။
သို့သော် ထိုလောင်းကြေးမှာ မူလက ချန်းဖုန်းနှင့် သူ၏ကြားတွင်သာ ဖြစ်ပြီး အခြားသူကို ပါဝင်ပတ်သက်စေရန် အကြောင်းပြချက် မရှိပေ။
ထိုသို့တွေးတောပြီးနောက် ချန်းကျိုယဲ့က တိုက်ရိုက်ပင် ခေါင်းခါ၍ ငြင်းပယ်လိုက်သည်
"ဆရာဖန့်က ကျွန်တော် ကျောက်တုံးစစ်ဆေးဖို့ ကူညီပေးဖို့ ဖိတ်ထားလို့ လာတာပါ သူ လောင်းကြေးထပ်ဖို့ လာတာ မဟုတ်ဘူး"
ချန်းကျိုယဲ့၏ စကားကို ကြားသောအခါ ဖန့်ကျွယ် စိတ်အေးသွားရသည်။
ချန်းဖုန်းက ဖန့်ချန်ကို လှောင်ပြုံးဖြင့် ကြည့်ကာ
"ညီလေး ဆရာဖန့်က ဘာမှ မပြောရသေးဘူးလေသူ ငါနဲ့ လောင်းကြေးမထပ်ချင်ဘူးလို့ မင်းက ဘယ်လိုသိတာလဲ"
ဖန့်ချန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
"ဘယ်လို လောင်းကြေးလဲ"
"ရိုးရှင်းပါတယ် လောင်းကြေး ပမာဏကို တိုးလိုက်ရုံပါပဲ"
ချန်းဖုန်းက ပြုံးသည်။
"ဆရာဖန့် ဘယ်လိုလဲ"
ဖန့်လင်ရှင်းက မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
သူမ စကားပြောရန် ပြင်သော်လည်း ကျွယ်ဝူတိ၏ အကြည့်ကြောင့် တိတ်သွားရသည်။
"အစ်ကိုကျွယ် ဖန့်ချန်က ဘိုးဘေးကတိပေးထားတဲ့ ကျောက်တုံးတွေကို ရဖို့ မရှိတော့ဘူး အကယ်၍ သူသာ မင်းသား ၂ နဲ့ လောင်းပြီး ရှုံးသွားရင် လောင်းကြေးပေးဖို့ ကျောက်တုံးတွေ ရှိမှာ မဟုတ်ဘူး"
ဟု ဖန့်လင်ရှင်းက ကျွယ်ဝူတိထံ အသံပို့လိုက်သည်။
ကျွယ်ဝူတိက ပြန်ဖြေသည်
"အဲဒီလိုဆိုရင် မင်းသား ၂ က သူ့နောက်ကို လိုက်တော့မှာ မဟုတ်ဘူးလား"
ဖန့်လင်ရှင်း၏ အမူအရာမှာ ရုတ်တရက် ထူးဆန်းသွားသည်။
တကယ်လို့ ဖန့်ချန်သာ လောင်းကြေးမပေးနိုင်လျှင် မင်းသား ၂ ၏ ပြင်းထန်သော အပြစ်ပေးမှုကို ခံရပေလိမ့်မည်။
ထိုအခါ သူ မြို့တော်တွင် ဆက်လက်ရှင်သန်ရန် ခက်ခဲသွားပေလိမ့်မည်။
မင်းသား ၂ ကို သုံးပြီး သူ့ကို ဖယ်ရှားပစ်တာ မဆိုးတဲ့ အကြံပဲ ဟု ဖန့်လင်ရှင်း တွေးလိုက်သည်။
ဖန့်ချန်က ပြုံးလိုက်သည်။
"မင်းသား ၂ ဘယ်လောက်အထိ လောင်းဖို့ စိတ်ကူးထားလဲဆိုတာ သိချင်မိတယ်"
ဖန့်ကျွယ်က အမြန်ပင် အသံလှမ်းပို့လိုက်သည်
"ဖန့်ချန် မင်းမှာ ယုံကြည်မှု မရှိရင် သဘောမတူနဲ့ဦး"
ချန်းကျိုယဲ့ကတော့ ဘာမှ မပြောပေ။
ဖန့်ချန် စိတ်ဝင်စားနေသဖြင့် သူလည်း ရှေ့ဆက်ရသည်ကို ဝမ်းသာနေသည်။
ချန်းဖုန်းက ပြုံး၍ ပြောလိုက်သည်
"အများကြီး မဟုတ်ပါဘူး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ ထားကြစို့"
ချန်းကျိုယဲ့မှာ အံ့သြလွန်းသဖြင့် အသက်ပင် ရှူမှားသွားသည်။
"နောင်တော် အဲဒါက တကယ့်ကို ကြီးမားတဲ့ ပမာဏပဲ နောင်တော်ကိုယ်တိုင်ကော ဝိညာဉ်ကျောက်တုံး တစ်သောင်း ထုတ်ပေးနိုင်လို့လား"
လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားမှုများမှာ တဖြည်းဖြည်း မြင့်တက်လာသည်။
ဖန့်ချန်အနေဖြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကို သေချာပေါက် ထုတ်ပေးနိုင်မည်ဟု သူတို့ သိထားကြသည်။
ထုံပိုင်ကျိုး၏ မျက်လုံးများ ဝဲသွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူသည် ချန်းဖုန်းကို တစ်ချက်ကြည့်၊ ကျွယ်ဝူတိကို တစ်ချက်ကြည့်လိုက်သည်။
"ညီလေး မင်းက ငါ့ကို အရမ်းအထင်သေးတာပဲ"
ချန်ဖုန်းက ရယ်မောရင်း ကျောက်စိမ်းအိုး တစ်ခုကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။
"ဒါက မိစ္ဆာချုပ်နှောင်အိုး ပဲ လွန်ခဲ့တဲ့ ဆယ်နှစ်က ခမည်းတော် ဧကရာဇ်က ငါ့ကို ချီးမြှင့်ခဲ့တာ ဝိညာဉ်တံဆိပ် စုစုပေါင်း ၇၀ ပါဝင်တယ် ဒါက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေတောင် ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်နိုင်တဲ့ အရာပဲ ဒါ့ရဲ့ တန်ဖိုးက ဝိညာဉ်ကျောက်တုံး ငါးထောင် ရှိတယ်"
ထို့နောက် ချန်းဖုန်းသည် သူ၏ သိုလှောင်လက်စွပ် ထဲမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်ကိုလည်း ထုတ်ပြလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ အသက်ပင် ပြင်းပြင်းရှူလိုက်ကြပြီး မျက်လုံးများမှာ ရဲတက်လာသည်။
အဝါရောင်အဆင့်မြင့် ဝိညာဉ်ရတနာတစ်ခုနှင့်အတူ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်
ဤပစ္စည်းများထဲမှ တစ်ခုခုမှာ သူတို့ တစ်သက်လုံး ရှာဖွေလျှင်ပင် တွေ့နိုင်ခဲသော အရာများ ဖြစ်သည်။
သို့သော် ချန်းဖုန်းကမူ မဟာချန်း တော်ဝင်မိသားစု၏ ထိတ်လန့်ဖွယ်ရာ ကြွယ်ဝမှုကို ပြသသည့်အနေဖြင့် အလွယ်တကူ ထုတ်ပြနိုင်ခဲ့သည်။
ချန်းကျိုယဲ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ဒါတွေ အားလုံးပေါင်းမှ ဝိညာဉ်ကျောက်တုံး ရှစ်ထောင်ပဲ ရှိသေးတယ်"
ဆရာဝူက ရုတ်တရက် စကားပြောလာသည်။
"ကျွန်တော့်မှာ ဝိညာဉ်တံဆိပ် ၄၀ ပါတဲ့ ဝိညာဉ်ရတနာတစ်ခု ရှိပါတယ် ဒါကလည်း အဝါရောင်အဆင့်မြင့် ရတနာဖြစ်ပြီး ဝိညာဉ်ကျောက်တုံး နှစ်ထောင် တန်ဖိုးရှိပါတယ် အားလုံးပေါင်းလိုက်ရင် တစ်သောင်း ပြည့်သွားပါပြီ ဆရာဖန့် လောင်းကြေးထပ်ဖို့ အဆင်သင့်ပဲလား"
"တကယ့်ကို ကြီးမားတဲ့ လောင်းကြေးပဲ"
"ဝိညာဥ်ရင်းမြစ်ရပ်ကွက်မှာ ဒီလောက်ကြီးတဲ့ လောင်းကြေးမျိုး မတွေ့ရတာ ဘယ်နှစ်နှစ် ရှိပြီလဲ"
ဆွေးနွေးသံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။
"ကောင်းပြီလေ လောင်းကြေးထပ်ကြတာပေါ့"
ဟု ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"သူ ဘာလို့ သဘောတူလိုက်တာလဲ"
ဖန့်ယွင် ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဖန့်ကျွယ်ကို မသိမသာ လှမ်းကြည့်လိုက်သည်။
ဖန့်ကျွယ်၏ မျက်နှာမှာ တည်ကြည်နေပြီး ဘာမှမပြောဘဲ သက်ပြင်းကိုသာ ခပ်ဖွဖွ ချလိုက်သည်။
လူအုပ်ကြီးထဲမှ ဖန့်မိသားစုဝင်များမှာလည်း စိုးရိမ်တကြီးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။
ဤသည်မှာ ဝိညာဉ်ကျောက်တုံး တစ်သောင်းတန် လောင်းကြေးဖြစ်ရာ မည်သူရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ယနေ့တွင် တစ်စုံတစ်ယောက်ကတော့ နောင်တကြီးစွာဖြင့် ပြန်သွားရပေလိမ့်မည်။
ဖန့်ချန် သဘောတူသည်ကို မြင်သောအခါ ချန်းဖုန်းက အားရပါးရ ရယ်မောလိုက်ပြီး ဆရာဝူဘက်သို့ လှည့်လိုက်သည်။
"ဆရာဝူ ကျွန်တော့်ရဲ့ ကံကြမ္မာနဲ့ စည်းစိမ်တွေက ဆရာ့လက်ထဲမှာပဲ ရှိတော့တယ် ကျွန်တော့်ကို စိတ်မပျက်စေပါနဲ့နဲ့"
ဆရာဝူ၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်သွားပြီး သူ၏ မျက်လုံးထဲတွင် ယုံကြည်မှုများ လက်ခနဲ ဖြစ်သွားသည်။
"မင်းသား ၂ စိတ်ချယုံကြည်ထားလိုက်ပါ"