← Chapters

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

​အခန်း ၃၅၉ - ကောင်လေး မင်း ဘယ်လိုတောင် ဝံ့ရဲတာလဲ

​ဖန့်ချန် တတိယမျိနွယ်ဆီသို့ ပြန်ရောက်လာချိန်တွင် ပထမဆုံး မြင်လိုက်ရသည်မှာ လျီချန်း ၏ ကြည်ညိုလေးစားနေသော မျက်နှာပင် ဖြစ်သည်။

​"သခင်လေး ဒီနေ့ ဝိညာဥ်ရင်းမြစ်ရပ်ကွက်မှာ သခင်လေးရဲ့ အစွမ်းကို ပြသခဲ့တာကို ကြားလိုက်ရပါတယ်"

"သတင်းက တစ်မိသားစုလုံး ပြန့်နေပြီဗျ ပထမဒုတိယနဲ့ စတုတ္ထမျိုးနွယ်က သခင်လေးတွေ သခင်မလေးတွေတောင် ဒီအကြောင်းပဲ ပြောနေကြတာ"

​"သတင်းက တကယ် မြန်တာပဲ"

ဖန့်ချန်က ပြုံးကာ ပြောလိုက်သည်

"ငါ အခု ရက်ပိုင်းအတွင်း တံခါးပိတ်ကျင့်ကြံတော့မယ် တကယ်လို့ ဧည့်သည်တွေ လာခဲ့ရင် မင်း ဘယ်လို ကိုင်တွယ်ရမလဲ သိတယ်မဟုတ်လား"

​ခေတ္တမျှ ရပ်ပြီးနောက် သူက ထပ်ပြောသည်

" တကယ်လို့ စွမ်းအားမြင့် ဗလာ ကျောင်းတော် က လူတွေ လာရင်တော့ ဝင်ခွင့်ပေးလိုက်ပါ"

​လီချန်း၏ မျက်နှာမှာ တည်ကြည်သွားပြီး

"နားလည်ပါပြီဗျ"

ဟု အရိုအသေပေးလိုက်သည်။

​ဖန့်ချန်သည် သူ၏ ဆိတ်ငြိမ်သော အခန်းထဲသို့ ပြန်ရောက်လာသည်။

​သူ၏ စိတ်အာရုံ စေ့ဆော်မှုဖြင့် ဓားငယ်လေး သည် သူ၏ ကိုယ်ထဲမှ ထွက်လာပြီး စိတ်လှုပ်ရှားစွာ ပတ်ချာလည် ပျံသန်းနေသည်။

​"ချန်လေး ထမင်းစားရမယ့် အချိန်ရောက်ပြီလား"

​ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး ခုနကရရှိခဲ့သော အဆင့်မြင့် အဝါရောင်အဆင့်မြင့် ဓားကို ထုတ်ယူလိုက်သည်။

ထိုဓားသည် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ဖြာထွက်နေသော်လည်း ဓားငယ်လေး အနားသို့ ချဉ်းကပ်လိုက်သည်နှင့် ၎င်း၏ တောက်ပမှုများမှာ ပျောက်ကွယ်သွားပြီး သာမန်ဓားတစ်စင်းကဲ့သို့ ဖြစ်သွားတော့သည်။

​ဓားငယ်လေးသည် မစောင့်နိုင်တော့ဘဲ ထိုဓားကို စတင် ဝါးမြိုတော့သည်။

၎င်း စားသောက်နေစဉ် ဖန့်ချန်သည် သူ၏ သိုလှောင်လက်စွပ်ကို စတင် ရှင်းလင်းလိုက်သည်။

​အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းနီးပါးကို သူ၏ရှေ့တွင် စနစ်တစ်ကျ စီထားပြီး အစီအရင် ကျောက်စာချပ်များ စကြဝဠာမှန်ချပ် အဆောင် စာရွက် ကုန်ကြမ်းများနှင့် ဆေးဖက်ဝင် အပင်အချို့လည်း ရှိနေသည်။

ထိုအရာအားလုံးမှာ ဖန့်ချန်၏ ပိုင်ဆိုင်မှုများပင်။

အကယ်၍ သခင်လေးကျား က ချုပ်နှောင်ခြင်းအဆောင် ကိုသာ ရောင်းချနိုင်လျှင် သူ၏ ကြွယ်ဝမှုမှာ သိသိသာသာ တိုးတက်လာပေလိမ့်မည်။

​ထိုစဉ် ဝိညာဉ်စွမ်းအားများ ပေါများနေသောကြောင့်လားမသိ၊ စကြဝဠာမှန်ချပ်မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။

ရုတ်တရက် အလွန်စိမ်းသက်သော အသံတစ်သံသည် ဖန့်ချန်၏ နားထဲတွင် ပဲ့တင်ထပ်လာသည်

​"အစ်ကို ငါ့ကို ဝိညာဉ်ကျောက်တုံး အချို့လောက် ပေးလို့ရမလား"

​ဘယ်သူလဲ

​ဖန့်ချန် အံ့သြသွားသော်လည်း မတုန်လှုပ်ပေ။

တစ်စုံတစ်ယောက်က သူ မသိအောင် ထိုအခန်းထဲသို့ ခိုးဝင်လာနိုင်ပါ့မလား သူ၏ ဝိညာဉ်အာရုံသည် ပတ်ဝန်းကျင်ကို အာရုံခံရာတွင် မျက်လုံးထက်ပင် ပို၍ ထက်မြက်သည်။

ဖန့်ချန်၏ အကြည့်သည် စကြဝဠာမှန်ချပ်ပေါ်သို့ ကျရောက်သွားသည်။

​"မင်း ငါ့ကို စကားပြောနေတာလား"

ဟု သူက တိုးတိုးလေး မေးလိုက်သည်။

​ဓားငယ်လေးလိုမျိုးပဲလား ဒီမှန်ထဲမှာလည်း ဝိညာဉ် ရှိနေတာလား ဤမှန်ကို ရှေးဟောင်း မိသားစုကြီးဖြစ်သော ကျန်းမိသားစု မှ ရရှိခဲ့ခြင်းဖြစ်ရာ ဖြစ်နိုင်ခြေ အလွန်များသည်။

​ထိုအသံက ထပ်ထွက်လာသည်

"ဟုတ်တယ် ငါပဲ"

​ဓားငယ်လေးသည် ခုနက ဓားကို စားပြီးသွားပြီဖြစ်ရာ ၎င်း၏ အရှိန်အဝါမှာ ပို၍ အားကောင်းလာပြီး နှစ်ပေခန့် ရှည်လျားလာသည်။

၎င်းသည် မှန်ချပ်အနားသို့ ပျံသန်းသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်

"ချန်လေး ငါ ဒါကို စားပါရစေ ဒါက ကောင်းတဲ့အရာပဲ ငါသာ ဒါကို စားလိုက်ရင် ချက်ချင်း အဆင့်တက်နိုင်ပြီး မင်းလည်း တတိယအဆင့် ဓားခန္ဓာ ကို ရနိုင်လိမ့်မယ်"

​ထိုစိမ်းသက်သော အသံသည် ဒေါသထွက်သွားပုံရပြီး အော်ဟစ်လိုက်သည်

"ကောင်လေး မင်း ဘယ်လိုတောင် ဝံ့ရဲတာလဲ"

​ဖန့်ချန်က မျက်မှောင်ကြုတ်ကာ ထိုရတနာနှစ်ခုကို ကြည့်လိုက်သည်

"မင်းတို့နှစ်ယောက်က တစ်ယောက်ပြောတာ တစ်ယောက် ကြားနေရတာလား"

​"အစ်ကို မင်းရဲ့ ဓားကို ထိန်းလိုက်စမ်း သူသာ ငါ့ကို ထပ်စော်ကားရင် ဓား ဖြစ်ရတာ နောင်တရအောင် ငါ လုပ်ပစ်မယ်"

​"ချန်လေး ဒီအရာက ငါ့ကို ခြိမ်းခြောက်နေတာလား စာအုပ်အဆင့်လောက်ရှိတဲ့ အရာက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့ ငါ့ကို စားခွင့်ပေး"

​"စာအုပ်အဆင့် ဟုတ်လာ မင်းက ဘာမှမသိဘဲ လျှောက်ပြောနေတာပဲ ကောင်လေး တကယ့်ကို မောက်မာတာပဲ"ာ

​နှစ်ခုစလုံး ငြင်းခုံနေကြသည်ကို မြင်သောအခါ ဖန့်ချန်က လက်ဝှေ့ယမ်းကာ တားလိုက်ရသည်။

"တော်ကြတော့ ဓားငယ်လေး ခဏ ငြိမ်နေဦး ငါ သူ့ကို မေးစရာ ရှိလို့"

​"ချန်လေး မင်း အရင်မေးလိုက် ပြီးရင်တော့ ငါ စားမှာပဲ"

ဟု ဓားငယ်လေးက ပြန်ပြောသည်။

​စကြဝဠာမှန်ချပ်ကလည်း အလျှော့မပေးဘဲ

"ငါ့ကို စားမယ် ဟုတ်လား မင်းရဲ့ သွားတွေ ကျိုးသွားမှာ မကြောက်ဘူးလား"

​ဖန့်ချန်က မှန်ချပ်ကို အာရုံစိုက်ကာ

"မင်းလည်း ခဏ ငြိမ်ငြိမ်နေဦး ငါ မင်းကို မေးစရာ ရှိတယ်"

ဟု ဆိုသည်။

​"အစ်ကို မင်း ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ ပေးသရွေ့ မင်းမေးသမျှကို ငါ ဖြေပါ့မယ်"

​"ကျောက်တုံးကိစ္စ ခဏထားပါဦး"

ဖန့်ချန်က ပြုံးလိုက်သည်

"မင်းက ငါနဲ့ အမြဲတမ်း ဆက်သွယ်နိုင်နေတာလား ဘာလို့ ဒီနေ့မှ ရုတ်တရက် စကားပြောရတာလဲ"

​စကြဝဠာမှန်ချပ် ခဏမျှ တိတ်ဆိတ်သွားပြီး

"ငါ စကားမပြောရဲခဲ့တာပါ မင်းဘေးက ကောင်လေးက အခြေအနေကို နားမလည်ဘဲ ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မှာ ကြောက်လို့"

​ကြည့်ရသည်မှာ ၎င်းသည် ဓားငယ်လေးကို ကြောက်နေခြင်း ဖြစ်သည်။

​"ဒါဆို ဘာလို့ ဒီနေ့မှ စကားပြောတာလဲ မင်းသာ ဆက်ပြီး ဟန်ဆောင်နေရင် ငါရော ဓားငယ်လေးရော မင်းအကြောင်း သိမှာ မဟုတ်ဘူးလေ"

ဟု ဖန့်ချန်က မေးလိုက်သည်။

​"ဝိညာဉ်ကျောက်တုံးတွေက အရမ်းများနေတော့ ငါ မအောင့်နိုင်တော့လို့ပါ အစ်ကို"

ဟု မှန်ချပ်က ဆိုသည်

"မင်း မသိပါဘူး ငါ ဝိညာဉ်ကျောက်တုံးတွေ မစားရတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဒီအတိုင်းသာဆိုရင် ငါ မကြာခင်မှာ အိပ်မောကျသွားတော့မှာ"

​"ကျန်းကျုံး က မင်း စကားပြောနိုင်တာကို သိလား"

ဖန့်ချန်က စဉ်းစားကာ မေးလိုက်သည်။

​"သူသာ သိရင် ငါ့ကို မင်းဆီ ဒီလောက်လွယ်လွယ် ပေးပါ့မလား သူတို့ မသိတာက ငါဟာ ကျန်းမိသားစု ကျဆင်းသွားတဲ့ အချိန်ကစပြီး အဖိုးတန်ဆုံး အမွေအနှစ်ပဲ ဟိုမိန်းကလေး ကျန်းထျန်းအိုက် ဆီက ဆေးဖော်စပ်နည်းတွေ မဟုတ်ဘူး"

"သူတို့နဲ့သာ ဆက်နေရင် ငါ အငတ်ဘေးနဲ့ သေမှာ သေချာတယ် ဒါပေမဲ့ အစ်ကိုကတော့ မတူဘူး အစ်ကို့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှာနိုင်တဲ့ ပထမတန်းစား ပါရမီရှိတာကို ငါ စောင့်ကြည့်နေခဲ့တာ မင်း ငါ့ကို ကျွေးနိုင်တယ်"

​"မင်းရဲ့ နောက်ခံအကြောင်း ပြောပြဦး"

​ဖန့်ချန်သည် ထိုမှန်ကို အရင်က သန့်စင် ရန် ကြိုးစားခဲ့ဖူးသော်လည်း ၎င်းမှာ ဝိညာဉ်လက်နက် မဟုတ်သဖြင့် မအောင်မြင်ခဲ့ပေ။

သို့သော် ဝိညာဉ်လက်နက် မဟုတ်ဘဲနှင့် မည်သို့ ဝိညာဉ် ရှိနေနိုင်မည်နည်း။

​"မေးခွန်းတွေ မေးပြီးရင် ငါ့ကို ကျောက်တုံးတွေ ပေးမှာလား ငါ အရမ်း ဆာနေပြီ စကားတောင် သိပ်မပြောနိုင်တော့ဘူး"

​"မင်း ဝိညာဉ်ကျောက်တုံး ဘယ်လောက် လိုလဲ"

​"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းလောက် ဆိုရင်ကော"

ဟု မှန်ချပ်က စမ်းသပ်သလို မေးလိုက်သည်။

​ဖန့်ချန်က ရယ်မောလိုက်သည်

"မင်း နောက်နေတာပဲ ဒီကျောက်တုံးတွေက ဓားငယ်လေးအတွက် ရတနာတွေ ဝယ်ဖို့ ချန်ထားရမှာ"

​"ဒီကောင်လေးကို ဘာလို့ ကျွေးနေတာလဲ သူက တန်လို့လား သူက ဓားသန္ဓေခဲ လေးပဲ ရှိသေးတာ ငါနဲ့ မတူဘူး ငါက အင်မော်တယ်ဘုံ က တကယ့် အင်မော်တယ် ရတနာပဲ ငါ မွေးကတည်းက အရာအားလုံးကို သိခဲ့တာ"

"အစတုန်းက နွားကျောင်းသားလေးတစ်ယောက်က ငါ့ကို ကောက်ရခဲ့ပြီး ငါ့အကူအညီနဲ့ ပထမဆုံး ရှေးဟောင်းမိသားစု ဖြစ်တဲ့ ကျန်းမိသားစုကို တည်ထောင်ခဲ့တာ"

စကြဝဠာမှန်ချပ်က ဂုဏ်ယူစွာ ပြောလိုက်သည်။

​"ငါ ဒါကို စားပစ်မယ်"

ဓားငယ်လေးက ရုတ်တရက် အော်လိုက်သည်။

​"နှိမ့်ချစမ်း ကောင်လေး မင်းက ဓားကြယ်သန္ဓေခဲ သက်သက်ပဲ ငါ့ကို ဝါးလို့တောင် ရမှာ မဟုတ်ဘူး"

ဟု မှန်ချပ်က ပြန်ပက်လိုက်သည်။

​"ငါ စားမယ်"

"ချီးသွားစား"

"..."

​ဖန့်ချန်သည် သူတို့နှစ်ခုကို မယုံနိုင်သလို ကြည့်နေမိသည်။

"တော်ကြတော့ ငါ ရှင်းပါ့မယ်"

ဖန့်ချန်က လက်ဝှေ့ယမ်းကာ တားလိုက်ပြီး မှန်ချပ်ကို ကြည့်ကာ မေးသည်

"မင်းပြောတာက ကျန်းမိသားစုဟာ မင်းကြောင့် ပထမဆုံး ရှေးဟောင်းမိသားစု ဖြစ်လာတာပေါ့"

​"ဒါပေါ့ ငါသာ မရှိရင် အဲဒီနွားကျောင်းသားက နွားကျောင်းသားပဲ ဖြစ်နေမှာပေါ့ သူ ဘယ်မှာ ကျင့်ကြံခြင်းလမ်းစဉ်ကို တွေ့နိုင်မှာလဲ"

ဟု မှန်ချပ်က ဆိုသည်။

​ဖန့်ချန်၏ ရင်ခုန်သံ မြန်လာသည်။

အကယ်၍ ထိုမှန် ပြောနေသည်မှာ အမှန်ဆိုပါက ကျန်းမိသားစု၏ ကြီးပွားမှုတွင် ၎င်း၏ အခန်းကဏ္ဍမှာ ကြီးမားလှပေလိမ့်မည်။

​"မင်း ခုနက ပြောတယ် ဓားငယ်လေးက ဓားကြယ်သန္ဓေခဲ တဲ့ အဲဒါက ဘာကို ဆိုလိုတာလဲ"

​"ကောင်းကင်ဘုံက မရေမတွက်နိုင်တဲ့ ကြယ်တွေထဲမှာ ထူးခြားတဲ့ ကြယ်တွေ ရှိတယ် ဓားကြယ် က အဲဒီထဲက တစ်ခုပဲ ဓားကြယ်တစ်ခုဟာ အချိန်အတိုင်းအတာတစ်ခုထိ တည်ရှိနေရင် ဓားသန္ဓေခဲတစ်ခု မွေးဖွားလာမယ် "

"ဘယ်သူမှ မနှောင့်ယှက်ရင် အဲဒီသန္ဓေခဲကနေ ဓားအင်မော်တယ် တစ်ယောက် ဖြစ်လာလိမ့်မယ်"

ဟု မှန်ချပ်က ရှင်းပြပြီးနောက် ခပ်မထီမဲ့မြင် လေသံဖြင့် ထပ်ပြောသည်

"ဒါပေမဲ့ အဲဒါက အနိမ့်ဆုံးအဆင့် ဓားအင်မော်တယ်ပဲ ဖြစ်မှာပါ ဘာမှ ထူးထူးခြားခြား ရှိမှာ မဟုတ်ဘူး"

​ဖန့်ချန်သည် တွေးတောနေမိသည်။

လက်မည်းကြီးတစ်ခုက ကြယ်တစ်လုံးကို ဓားသန္ဓေခဲအဖြစ် ပြောင်းလဲပစ်ခဲ့သည့် မြင်ကွင်းကို သူ မြင်တွေ့ခဲ့ဖူးသည်။

၎င်းမှာ ဓားငယ်လေး၏ မူလအစပင် ဖြစ်သည်။ မှန်ချပ် ပြောနေသည်မှာ အမှန်ပင်။

​"ဒါဆို မင်းပြောချင်တာက ဟိုလက်မည်းကြီးရဲ့ ပိုင်ရှင်သာ ဝင်မနှောင့်ယှက်ခဲ့ရင် ဓားငယ်လေးဟာ အခုဆိုရင် ဓားအင်မော်တယ် ဖြစ်နေလောက်ပြီပေါ့"

ဟု ဖန့်ချန်က ရေရွတ်လိုက်သည်။

​"အစ်ကို ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ ပေးတော့မလား"

မှန်ချပ်၏ လေသံမှာ အရေးကြီးနေပုံရသည်

"မင်းသာ ငါ့ကို ကျောက်တုံးတွေ ပေးမယ်ဆိုရင် နောင်ကျရင် မင်းသိချင်တဲ့ ဘယ်လို အဆင့်သတ်မှတ်ချက်မျိုးကိုမဆို ကြည့်လို့ရမယ် မင်း လိုချင်တဲ့ ရတနာတွေ၊ ကျင့်စဉ်တွေ ရှာချင်ရင်တောင် ကျောက်တုံးပေးရင် ငါ အကုန်ပြောပြမယ်"

​အခန်း ၃၆၀ - နက်နဲဆန်းကြယ်သော စွမ်းရည်များ

​"မင်းကိုယ်မင်း အင်မော်တယ်ဘုံက လာတာလို့ ပြောတယ်နော် အင်မော်တယ်ဘုံဆိုတာ ဘယ်လိုမျိုးလဲ အင်မော်တယ်တွေကကော ဘယ်လိုလဲ"

ဟု ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

​စကြဝဠာမှန်ချပ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေသည်

"ငါ့ရဲ့ လက်ရှိအခြေခံက အရမ်း အားနည်းလွန်းသေးတယ် အင်မော်တယ်ဘုံအကြောင်းကို ပေါ့ပေါ့တန်တန် ပြောလို့မရဘူး မဟုတ်ရင် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံရလိမ့်မယ်"

​"ငါ ဝိညာဉ်ကျောက်တုံးတွေ ပေးရင်ရော မင်းပြောနိုင်မလား"

ဖန့်ချန်က မေးသည်။

​"ကျောက်တုံးတွေ ပေးလည်း ပြောလို့မရဘူး"

ဟု မှန်ချပ်က ပြတ်ပြတ်သားသား ငြင်းဆိုသည်

"ငါ့အသက်က ပိုအရေးကြီးတယ်လေ"

​"ဒါဆိုရင်တော့ အဲဒါကို မမေးတော့ဘူး မင်းပြောတာတော့ ငါ့ကို ကျင့်စဉ်တွေနဲ့ ရတနာတွေ ရှာပေးနိုင်တယ်ဆို"

ဖန့်ချန်က ဆိုသည်

"အခု ငါ့ကို ကျင့်စဉ်တစ်ခုလောက် ပေးစမ်း ဒါဆိုရင် မင်းကို ငါ ယုံမယ်"

​"ငါက ကျင့်စဉ်ကို တိုက်ရိုက်ပေးလို့ မရဘူး ဒါပေမဲ့ အဲဒီကျင့်စဉ် ရှိတဲ့နေရာကိုတော့ ငါ ပြောပြနိုင်တယ် မင်းဘာသာမင်း သွားယူရမှာ"

​"နေရာကိုပဲ ပြနိုင်ပြီး ကျင့်စဉ်ကို တိုက်ရိုက် မပေးနိုင်ဘူးပေါ့"

ဖန့်ချန်က တွေးတောရင်း ခေါင်းညိတ်လိုက်သည်။

သူက ဆက်မေးသည်

"တစ်ခုတော့ ရှိတယ် မင်းပြောတာ ကျန်းမိသားစုကို တည်ထောင်တဲ့ နွားကျောင်းသားလေးဟာ မင်းကြောင့် ကြီးပွားလာတာဆို ဒါဆို ကျန်းမိသားစုက ဘာလို့ ဆုတ်ယုတ်သွားရတာလဲ ဒါက မင်းပြောတာနဲ့ ဆန့်ကျင်နေသလိုပဲ"

​"အစ်ကို ငါက အရာအားလုံးကို တတ်နိုင်တဲ့ ဘုရားသခင် မဟုတ်ဘူးလေ ငါ့အကူအညီရှိရင်တောင် အဲဒီလူက ကိုယ်တိုင်လည်း အားကိုးထိုက်ရမယ်!"

မှန်ချပ်က ရှင်းပြသည်

"ပါရမီ မရှိရင် ငါ ဘယ်လောက်ကူကူ အပိုပဲ ကျန်းမိသားစု ဆုတ်ယုတ်တာက ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာပဲ"

" ကံကြမ္မာကို ငါ ပြောင်းလဲလို့ မရဘူး မဟုတ်ရင် ကံတရားကို နှောင့်ယှက်သလိုဖြစ်ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်ရာ ရောက်လိမ့်မယ်"

​ဖန့်ချန်သည် ထိုမေးခွန်းများကို ပေါ့ပေါ့ပါးပါး မေးနေခြင်းဖြစ်သော်လည်း အမှန်တကယ်မှာ စကြဝဠာမှန်ချပ်၏ စွမ်းရည်အတိုင်းအတာကို စမ်းသပ်နေခြင်း ဖြစ်သည်။

၎င်းသည် အင်မော်တယ်ဘုံမှ လာသည်၊ မလာသည်ကို ခဏဘေးဖယ်ထားလျှင်ပင် မှန်ချပ်၏ အစွမ်းမှာ အလွန်ပင် ဆန်းကြယ်လှသည်။

၎င်းသည် အရာအားလုံးကို သိနေသကဲ့သို့ ရှိသော်လည်း ကန့်သတ်ချက်များ ရှိသည်။

ဥပမာ - အမွေအနှစ်တစ်ခု၏ အသေးစိတ်ကို မသိသော်လည်း ၎င်းကို မည်သည့်နေရာတွင် ရှာရမည်ကို သိသည်။

တိုက်ခိုက်ရေးစွမ်းရည်မှာမူ လုံးဝ မရှိသလောက်ပင်၊ မဟုတ်လျှင် ဓားငယ်လေးကို ထိုမျှ ကြောက်နေမည် မဟုတ်ပေ။

​"မဟာချန်း အင်ပါယာထဲမှာ ဘယ်သူ့ဆီမှာ ဝိညာဉ်သွေးဆေးလုံး ရှိလဲဆိုတာ မင်းသိလား"

ဖန့်ချန်က မေးသည်။

​"ဒီမေးခွန်းကို ဖြေဖို့ ဝိညာဉ်ကျောက်တုံး လိုအပ်တယ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ပေးရင် ဝိညာဉ်သွေးဆေးလုံး ရှိတဲ့လူကို ငါ ပြောပြမယ်"

​ဖန့်ချန်၏ မျက်လုံးများ တောက်ပသွားသည်

"ဝိညာဉ်ကျောက်တုံး တစ်သောင်းလား မြို့တော်ထဲမှာ ဆေးလုံးရှိတဲ့ လူအားလုံးရဲ့ နာမည်ကို မင်းပြောပြနိုင်လား"

​"တစ်ယောက်တည်းပဲ ပြောပြနိုင်မယ်"

ဟု မှန်ချပ်က ဆိုသည်

"ငါက လောဘကြီးနေတာ မဟုတ်ဘူး ငါ့ရဲ့ စွမ်းရည်ကို သုံးဖို့ ကျောက်တုံးတွေ လိုအပ်လို့ပါ လူအားလုံးကို သိချင်ရင်တော့ ဝိညာဉ်ကျောက်တုံး ပေါင်း သိန်းနဲ့ချီ ကုန်လိမ့်မယ်"

​ဖန့်ချန်က ခေါင်းခါလိုက်သည်

"ဒါဆိုရင်တော့ မင်းက ငါ့အတွက် သိပ်အသုံးမဝင်ဘူးပဲ မေးခွန်းတစ်ခုတည်းကိုတောင် ဒီလောက် ဈေးကြီးနေတာ"

​"အစ်ကို မင်း နားလည်မှု လွဲနေပြီ ဝိညာဉ်သွေးဆေးလုံးဆိုတာ ကြီးမားတဲ့ ကံအကျိုးပေး တွေနဲ့ ပတ်သက်နေလို့ ဈေးကြီးတာပါ တခြားဆေးလုံးအကြောင်းဆိုရင် ဒီလောက် ဈေးမကြီးပါဘူး"

​ဝိညာဉ်သွေးဂိုဏ်းမှာ အစွမ်းထက်တဲ့ ဘိုးဘေးတစ်ယောက် ရှိနေလို့လား ဖန့်ချန် တွေးတောလိုက်သည်။ သူက ထပ်မေးသည်

"မြို့တော်ထဲမှာ ဘယ်သူတွေက ဝိညာဉ်သွေးဂိုဏ်းရဲ့ လက်ပါးစေတွေလဲ"

​"အစ်ကို ဒီမေးခွန်းကလည်း ခုနက မေးခွန်းနဲ့ မထူးပါဘူး ကျောက်တုံး တစ်သောင်းပေးရင် တစ်ယောက်ကို ညွှန်ပြပေးနိုင်မယ်"

​"ဒါဆို အခြေခံတည်ဆောက်ခြင်းဆေးလုံး ကို ဘယ်မှာ ရှာလို့ရမလဲ"

​"ဒါကတော့ ကောင်းတဲ့ မေးခွန်းပဲ ဝိညာဉ်ကျောက်တုံး နှစ်ထောင်ပဲ လိုအပ်မယ်"

​အခြေခံတည်ဆောက်ခြင်းဆေးလုံးက ဝိညာဉ်သွေးဆေးလုံးထက် အများကြီး ပိုဈေးကြီးပေမဲ့ မေးခွန်းအတွက်တော့ ကျောက်တုံး ပိုနည်းတာပဲ

​ဖန့်ချန်က ခေတ္တမျှ စဉ်းစားပြီးနောက်

"ဝိညာဉ်သွေးဆေးလုံးနဲ့ ဂိုဏ်းဝင်တွေအကြောင်း သိဖို့ ဘာလို့ ဒီလောက် ဈေးကြီးရတာလဲ ဝိညာဉ်သွေးဂိုဏ်းမှာ အစွမ်းထက်တဲ့ ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက် ရှိနေလို့လား"

​"မင်း သိရင် ပြီးတာပဲ"

​ဖန့်ချန် သက်ပြင်းချလိုက်သည်။

လက်ရှိတွင် ဝိညာဉ်သွေးဂိုဏ်းဝင်များကို ရှာရန် စကြဝဠာမှန်ချပ်ကို သုံးခြင်းမှာ မဖြစ်နိုင်သေးပေ။ သူ၏ ကျောက်တုံးများကို ဤသို့ မဖြုန်းတီးနိုင်ပေ။

​"အစ်ကို မေးခွန်းတွေ အများကြီး မေးထားတော့ ငါ့ပါးစပ်တွေ ခြောက်နေပြီ ငါ့ကို ကျောက်တုံး အချို့ အရင်ပေးပါဦ နှစ်သောင်း မဟုတ်ရင်တောင် နှစ်ထောင် ဒါမှမဟုတ် တစ်ထောင်လောက် ဖြစ်ဖြစ်"

မှန်ချပ်က တောင်းပန်တိုးလျှိုးနေသည်။

​ဖန့်ချန် ခေါင်းညိတ်ကာ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ထုတ်ယူ၍ မှန်ချပ်ပေါ်သို့ ပစ်တင်လိုက်သည်။

ကျောက်တုံးများသည် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး မှန်ချပ်ထဲသို့ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရသည်။ ခဏအကြာတွင် ၎င်းက ကျေနပ်စွာ သက်ပြင်းချလိုက်သည်

"အိုး ရက်စ် အရမ်းကောင်းသွားတာပဲ ဒီလို မခံစားရတာ ကြာပြီ"

​"ငါ့ကို အဆင့်သတ်မှတ်ချက် တွေထဲက ပထမစာမျက်နှာအချို့ကို ပြနိုင်မလား"

​"ဒါပေါ့ အခု ကျောက်တုံးတွေ စားထားတော့ ငါ့စွမ်းရည်အချို့ ပြန်ရနေပြီ"

မှန်ချပ်က ဆက်ပြောသည်

"ဒါပေမဲ့ ငါ့ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် ဝိညာဉ်ရတနာ အဆင့်သတ်မှတ်ချက် ကောင်းကင် ဝိညာဉ်ဆေးပင် အဆင့်သတ်မှတ်ချက် စတာတွေကိုပဲ ပြနိုင်ဦးမယ်"

"'ဧကရာဇ် အဆင့်သတ်မှတ်ချက် နဲ့ ဘိုးဘေးမှတ်တမ်း တွေကို ကြည့်ချင်ရင်တော့ ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီ လိုအပ်လိမ့်မယ် အစ်ကို ကြည့်ချင်လား"

​"ဒီအဆင့်သတ်မှတ်ချက်တွေက အလယ်ပိုင်းတိုက်ကြီးမှာ လျှို့ဝှက်ချက် မဟုတ်လောက်ပါဘူ ဘာလို့ ဝိညာဉ်ကျောက်တုံး အများကြီး ပေးရမှာလဲ"

ဖန့်ချန်က ခပ်အေးအေး ပြောသည်

"မင်း ငါ့ကို ကျောက်တုံးတွေ ရဖို့ လိမ်နေတာလား မေဘေး ငါ့ကို လူအ တစ်ယောက်လို့ မထင်နဲ့"

​စကြဝဠာမှန်ချပ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး

"အစ်ကို မင်း နားလည်မှု လွဲနေပါပြီ မင်းရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်က နိမ့်လွန်းနေလို့ပါ မင်းကို အဲဒါတွေ ပြဖို့ဆိုရင် နည်းလမ်းအချို့ သုံးရပြီး အဲဒါတွေက ကျောက်တုံး ကုန်ပါတယ်"

"တကယ်လို့မင်းသာ ဝိညာဥ်သန္ဓေသားအဆင့် ကို ရောက်သွားရင် ဧကရာဇ် အဆင့်သတ်မှတ်ချက်ကို အလကား မြင်ရပါလိမ့်မယ်"

​ဖန့်ချန်သည် ထ်ညမှန်ချပ်မှာ ရိုးသားမှု မရှိကြောင်း ခံစားမိသည်။

၎င်းသည် သူ့ကို အစ်ကို ဟု ခေါ်နေသော်လည်း သူ၏ ကျောက်တုံးများကိုသာ မျက်စိကျနေခြင်း ဖြစ်သည်။

၎င်းကို ဓားငယ်လေးကို ကျွေးလိုက်ခြင်းက ပိုကောင်းမလားဟုပင် ဖန့်ချန် တွေးမိသည်။

ဓားငယ်လေးကသာ ၎င်းကို စားလိုက်ပါက တတိယအဆင့် ဓားခန္ဓာကို ရရှိမည် မဟုတ်ပါလား။

​"ထားလိုက်ပါတော့ သူ့မှာလည်း အသုံးဝင်တဲ့ နေရာတွေ ရှိဦးမှာပါ လောလောဆယ်တော့ သိမ်းထားလိုက်မယ်"

​ဖန့်ချန်သည် မှန်ချပ်နှင့် ဓားငယ်လေးကို သိမ်းဆည်းလိုက်ပြီးနောက် ရိပ်ခြေဗုဒ္ဓကျင့်စဉ် ကို အသုံးပြုကာ အရိပ်များထဲတွင် ပုန်းကွယ်လျက် ဖန့်မိသားစု အိမ်တော်မှ တိတ်တဆိတ် ထွက်လာခဲ့သည်။

​သခင်လေးကျား ၏ အိမ်တော်တွင်

​သခင်လေးကျားသည် သီချင်းတညည်းညည်းဖြင့် စိတ်အခြေအနေ ကောင်းနေပုံရသည်။

ဖန့်ချန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်

"သခင်လေးကျား ဟိုကိစ္စ ဘယ်လိုရှိလဲ"

"အမလေး....ဆိုင်းဘုတ်"

​သခင်လေးကျား လန့်သွားပြီး ကြည့်လိုက်သောအခါ ဖန့်ချန်မှာ သူ၏ ရှေ့တွင် ထိုင်နေပြီ ဖြစ်သည်။

သူသည် အလေးအနက် ပြောလိုက်သည်

"မိတ်ဆွေဖန့် ငါ မင်းကို စိတ်မပျက်စေရပါဘူး မြို့ပြင်က ကျင့်ကြံခြင်း မိသားစု ၁၃ စု နဲ့ ဂိုဏ်းပေါင်း ၂၁ ဂိုဏ်းကို ငါ ဆက်သွယ်ပြီးပြီ သူတို့အားလုံး ချုပ်နှောင်ခြင်းအဆောင် ရဖို့အတွက် ပူးပေါင်းဖို့ အသင့်ပဲ"

​"မိသားစု ၁၃ စု ဂိုဏ်း ၂၁ ဂိုဏ်း သခင်လေးကျာ မင်း နောက်နေတာလား ဒါဆိုရင် အဲဒီအမွေအနှစ်က နေရာတကာ ပြန့်ကုန်မှာပေါ့"

​သခင်လေးကျားက ခါးသက်သက် ပြုံးကာ

"မိသားစု တစ်စု နှစ်စုတည်းနဲ့ဆိုရင် ဒီဈေးကို တတ်နိုင်ဖို့ ခက်တယ် ပြီးတော့ ဖန့်မိသားစု ကျွယ်မိသားစုနဲ့ တော်ဝင်မိသားစုတွေကို သွားမဆက်သွယ်ရဲဘူး သူတို့က အတင်းအဓမ္မ လုယူသွားမှာ စိုးလို့"

​ဖန့်ချန်က ခေတ္တမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်

"ကောင်းပြီ အရောင်းအဝယ် ကိစ္စတွေကို ငါ ဝင်မစွက်ဖက်တော့ဘူး ငါ အမွေအနှစ်ကို မင်းကို ပေးခဲ့မယ် ခင်ဗျားကတော့ ငါ့ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ပြန်ပေးရင် ရပြီ"

​သခင်လေးကျား ဝမ်းသာသွားသည်။

ဤသည်မှာ သူသည် အခမဲ့ ချုပ်နှောင်ခြင်းအဆောင်ကို ရရှိလိုက်ခြင်း မဟုတ်ပါလား။

​ဖန့်ချန်သည် ကျောက်စာချပ်တစ်ခုကို ပစ်ပေးကာ အရိပ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

သူ၏ အခန်းသို့ ပြန်ရောက်သောအခါ ဖန့်ချန်သည် အမြင်မှားခြင်းအဆောင် အချို့ကို ရေးဆွဲရန် ပြင်ဆင်လိုက်သည်။

ထိုအဆောင်မှာ အခြားအင်းများထက် ပို၍ အန္တရာယ်များသဖြင့် ၎င်းကို လူအများကြားသို့ မပြန့်နှံ့စေရန် သူ ဆုံးဖြတ်ထားသည်။

​

​

All Chapters