← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅) - လမ်းပြများ

ဒီတစ်ခေါက် ဝူဟူဂိုဏ်းကို ဝိုင်းရံချေမှုန်းဖို့ဆိုရင် ဝူဟူဂိုဏ်းရဲ့ ပတ်ဝန်းကျင်အခြေအနေကို ကျွမ်းကျင်တဲ့ လမ်းပြတစ်ယောက် အသေအချာ လိုအပ်ပါတယ်။

လီယန်ချူ ဖမ်းဆီးခဲ့တဲ့ အရပ်ပုပု ပိန်ပိန်ပါးပါး လူဖြစ်တဲ့ ကျန်းကျစ်လျန်ဟာ ဒီအလုပ်အတွက် အံကိုက်ပါပဲ။

သူက ဝမ်ဝမ်ရုံနဲ့ မတူပါဘူး သူက ဝူဟူဂိုဏ်းထဲမှာ အဆင့်အတန်း သိပ်မနိမ့်လှဘဲ သာမန် ဂိုဏ်းသားလေး မဟုတ်ဘဲ အလယ်အလတ်အဆင့် ခေါင်းဆောင်ငယ်တစ်ယောက် ဖြစ်ပါတယ်။

ရုံးတော်က လမ်းပြတစ်ယောက် လိုအပ်နေတယ်လို့ ကြားတာနဲ့ ကျန်းကျစ်လျန်က ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့ တက်ကြွစွာ ရှေ့ထွက်လာပါတယ်။

လီယန်ချူက အာမခံထားပေးသလို၊ သူကိုယ်တိုင်လည်း ဖြစ်ကြောင်းကုန်စင်ကို ဝန်ခံထားပြီးသား ဖြစ်ပေမဲ့၊ ကျန်းကျစ်လျန်ကတော့ ဒီအခွင့်အရေးကို အသုံးချပြီး အပြစ်ကို ကုသိုလ်နဲ့ ဆေးကြောကာ ရုံးတော်ရဲ့ ခြေထောက်ကို ဖက်ထားချင်နေတာပါ။

ဘယ်နေရာမှာမဆို မှောင်မိုက်တဲ့ နေရာတွေ ရှိစမြဲပါ၊ ရုံးတော်ဟာ စီမံခန့်ခွဲရ လွယ်ကူစေဖို့အတွက် စည်းကမ်းလိုက်နာတဲ့ ဂိုဏ်းအချို့ကို ပံ့ပိုးကူညီပြီး အင်အားကြီးထွားအောင် လုပ်ပေးလေ့ရှိပါတယ်။

ကျန်းကျစ်လျန်ဟာ ဒီအခွင့်အရေးကို မြင်သွားတာဖြစ်ပြီး၊ ဒီတစ်ခေါက် စွမ်းဆောင်ရည်ပြနိုင်ရင် ရုံးတော်က လူကြီးမင်းတွေရဲ့ မျက်စိကျခြင်းကို ခံရဖို့ မျှော်လင့်နေတာပါ။

ဒါကြောင့် သူဟာ ပြတ်ပြတ်သားသားပဲ လမ်းပြတစ်ယောက် ဖြစ်လာပါတော့တယ်။

ဂိုဏ်းတူညီမလေး ဝမ်ဝမ်ရုံကလည်း အတူတူ လိုက်ပါလာခဲ့ပါတယ်၊ သူမကတော့ အပြစ်ကို ကုသိုလ်နဲ့ ဆေးကြောဖို့ မဟုတ်ဘဲ ဝူဟူဂိုဏ်းကို ကလဲ့စားချေဖို့ပါ။

သူမဟာ ဂိုဏ်းအတွက် အသက်အန္တရာယ်ကြားကနေ အမှုထမ်းခဲ့တာ ဖြစ်ပါတယ်။

မမျှော်လင့်ဘဲ သူတစ်ပါးရဲ့ အသုံးချတာ ခံရပြီး ကိုယ်ပေါ်မှာ ဝိညာဉ်အရိပ် မြှုပ်နှံခံရကာ နှုတ်ပိတ်သတ်ဖြတ်ခြင်း ခံရလုနီးပါး ဖြစ်ခဲ့ရပါတယ်။

ဝမ်ဝမ်ရုံ ဒီတစ်ခေါက် လိုက်လာတာကတော့ ကလဲ့စားချေဖို့သက်သက်ပါပဲ။

လီယန်ချူ စီးနင်းလာတဲ့ မြင်းဘေးမှာ ဒီဂိုဏ်းတူ နှစ်ယောက်က လိုက်ပါလာကြပါတယ်။

သူတို့နှစ်ယောက် ပြန်ပြီး သစ္စာဖောက်မှာကိုတော့ လီယန်ချူ စိုးရိမ်မနေပါဘူး။

ဝူဟူဂိုဏ်းဟာ ဝေမြို့မှာ အင်အားကြီးဂိုဏ်း ဖြစ်ပေမဲ့ အစိုးရနဲ့ ရုံးတော်အတွက်တော့ ထည့်တွက်စရာ မဟုတ်ပါဘူး။

ဦးနှောက်ထဲမှာ ပြဿနာမရှိတဲ့ ဘယ်သူမဆို ဒီလောက်အထိ အပြစ်ကြီးလေးတဲ့ ဝူဟူဂိုဏ်းနဲ့အတူ အသေခံဖို့ ရွေးချယ်မှာ မဟုတ်ပါဘူး။

"မင်းပြောစမ်းပါဦး ဝူဟူဂိုဏ်းက ဝေမြို့မှာ ဒီလောက် မျက်နှာပန်းလှနေတာကို ဘာဖြစ်လို့ ယမ်းတွေ လျှို့ဝှက်သိမ်းဆည်းပြီး ချင်းယီမယ်တော် ဘုရားကျောင်းကို ဒုက္ခပေးချင်ရတာလဲ"

လီယန်ချူက ဘေးက ကျန်းကျစ်လျန်ကို မေးလိုက်ပါတယ်။

ကျန်းကျစ်လျန်က ခဏတာ စဉ်းစားပြီးမှ ပြန်ဖြေပါတယ်

"ဒီကိစ္စရဲ့ အတွင်းရေးကိုတော့ ကျွန်တော်မျိုး မသိပါဘူး၊ ဒါပေမဲ့ မကြာသေးမီ နှစ်တွေအတွင်းမှာ ဂိုဏ်းထဲမှာ တကယ်ပဲ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့တယ်၊ ဂိုဏ်းချုပ်ရဲ့ စိတ်နေစိတ်ထားကလည်း လုံးဝ ပြောင်းလဲသွားခဲ့တယ်"

"မူလက စည်းကမ်းလိုက်နာတဲ့ အကြီးကဲတွေ အားလုံး အနှင်ထုတ်ခံရတာ ဒါမှမဟုတ် ပဋိပက္ခတွေထဲမှာ သေကုန်ကြတယ် ရာထူးတက်လာတဲ့သူတွေကလည်း ရက်စက်ကြမ်းကြုတ်သူတွေချည်းပဲ ဂိုဏ်းစည်းကမ်းတွေလည်း ပျက်ပြားကုန်တယ်"

ကျန်းကျစ်လျန်က သူ့ကိုယ်သူ အရင်ဆုံး အပြစ်က ကင်းအောင် ပြောဆိုလိုက်ပါတယ်။

လီယန်ချူရဲ့ မေးခွန်းတွေအပေါ် ကျန်းကျစ်လျန်က အလွန် သတိထားပြီး ဖြေပါတယ်။

လီယန်ချူက ဆက်မေးပါတယ်

"ဝူဟူဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်လိုလူမျိုးလဲ"

ကျန်းကျစ်လျန်က

"ကုန်းစုန့်ဟုန်း က ပုံမှန်ဆိုရင် သိုင်းလောကရဲ့ သစ္စာတရားကို လေးစားတဲ့သူပါ ငယ်စဉ်က လက်ရည် တော်တော်ကောင်းခဲ့လို့ ဝူဟူဂိုဏ်းကို တည်ထောင်နိုင်ခဲ့တာ၊ နောက်ပိုင်း အသက်ကြီးလာမှ မိန်းမကိစ္စကို နည်းနည်း မက်မောလာတာကလွဲလို့ ကျန်တာတော့ ထွေထွေထူးထူး စည်းကမ်းဖောက်တာမျိုး မရှိပါဘူး"

"မိန်းမကိစ္စ မက်မောတယ် ဟုတ်လား"

လီယန်ချူက ဆိုပါတယ်။

ဒီ ဂိုဏ်းချုပ် ကုန်းစုန့်ဟုန်းက အသက် မနည်းတော့ဘူး ဖြစ်ရပါမယ်။

ကျန်းကျစ်လျန်က

"ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ တစ်နှစ်က ကုန်းစုန့်ဟုန်းဟာ အပြင်ကနေ လှပတဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်လာခဲ့တယ်၊ အဲဒီကတည်းက သူဟာ အပြင်မထွက်တော့ဘဲ ဂိုဏ်းရဲ့ ကိစ္စတွေကိုလည်း ဂရုမစိုက်တော့ပါဘူး"

"အော်..."

လီယန်ချူက စိတ်ဝင်စားသွားပြီး

"အဲဒီမိန်းကလေးရဲ့ နောက်ကြောင်းကို မင်း သိလား"

ကျန်းကျစ်လျန်က

"အဲဒီမိန်းကလေး နာမည်က စူးစူး တဲ့ အပြစ်ရှိတဲ့ အရာရှိတစ်ယောက်ရဲ့ သမီးလို့ ပြောကြတယ်၊ အလွန်ကို လှပတယ်လို့ ကြားတယ် ကျန်တာကိုတော့ ကျွန်တော်မျိုးလည်း သိပ်မသိပါဘူး"

သူ့ရဲ့ ဂိုဏ်းထဲက အဆင့်အတန်းက အလယ်အလတ်ပဲ ရှိတာမို့ အရမ်း လျှို့ဝှက်တဲ့ ကိစ္စတွေကိုတော့ ကျန်းကျစ်လျန် မသိပါဘူး။

"ဘယ်လောက်တောင် လှလို့လဲ"

လီယန်ချူက ဝမ်ဝမ်ရုံကို လက်ညှိုးထိုးပြီး မေးလိုက်ပါတယ်

"မင်းရဲ့ ညီမလေးထက်တောင် လှသေးလား"

ဝမ်ဝမ်ရုံရဲ့ မျက်နှာဟာ ချက်ချင်း နီမြန်းသွားပါတယ်။

ကျန်းကျစ်လျန်ကတော့ ဒီ တာအိုဆရာ လီယန်ချူကလည်း မိန်းမကိစ္စ စိတ်ဝင်စားတဲ့ လူမျိုးတူပဲလို့ ထင်သွားပြီး

"အဲဒီမိန်းကလေးကို ကျွန်တော်မျိုးက အဝေးကနေ တစ်ခါပဲ မြင်ဖူးတာပါ၊ လှတာတင် မကဘူး အရမ်းကို မြူဆွယ်နိုင်တဲ့ မြေခွေး အငွေ့အသက် မျိုး ရှိတယ်လို့ ခံစားရတယ်"

"အော်"

လီယန်ချူက ထူးဆန်းသွားပြီး

"ဘယ်လိုမျိုး မြူဆွယ်တာလဲ"

ကျန်းကျစ်လျန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး အသံတိုးတိုးနဲ့

"အဲဒီမိန်းကလေးကို မြင်လိုက်ရင် ဘယ်သူမဆို ပိုင်ဆိုင်ချင်စိတ် ပေါက်သွားစေတယ် ဂိုဏ်းသား တော်တော်များများကလည်း သူမရဲ့ အလှအပမှာ နစ်မွန်းနေကြတာ"

လီယန်ချူကတော့ ကျန်းကျစ်လျန် ထင်သလို ယောက်ျားတစ်ယောက်အနေနဲ့ တောင့်တတဲ့ အမူအရာမျိုး မပြခဲ့ပါဘူး။

အဲဒီအစား မျက်မှောင်ကိုသာ ကြုတ်လိုက်ပါတယ်။

ကျန်းကျစ်လျန်ရဲ့ ရင်ထဲမှာတော့ ဒုတ် ခနဲ ဖြစ်သွားပြီး ငါ ဘယ်စကားမှားသွားတာလဲလို့ တွေးပူသွားပါတယ်။

လီယန်ချူကတော့ စိတ်ထဲမှာ ဝူဟူဂိုဏ်းရဲ့ အပြောင်းအလဲတွေက အဲဒီ ခေါ်လာတဲ့ မိန်းကလေးနဲ့ ပတ်သက်နေမလားလို့ တွေးနေပါတယ်။

ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား လုံးဝ ပြောင်းလဲသွားတာက အခြေအနေ သုံးမျိုး ရှိနိုင်ပါတယ်

၁။ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခုခုနဲ့ ကြုံတွေ့ရပြီး စိတ်ဒဏ်ရာ အကြီးအကျယ် ရသွားတာ။

၂။ တစ်စုံတစ်ယောက်ရဲ့ ခြိမ်းခြောက် ထိန်းချုပ်မှုကို ခံနေရတာ ဒါမှမဟုတ် ကိုယ်ထဲကို ဝိညာဉ် ပူးကပ်ခံထားရတာ။

၃။ ကုန်းစုန့်ဟုန်းက အတုဖြစ်နေပြီး တစ်စုံတစ်ယောက်က ရုပ်ဖျက်ထားတာ။

လီယန်ချူရဲ့ မျက်လုံးတွေက စဉ်းစားနေတဲ့ အမူအရာ ဖြစ်နေတာကြောင့် ဘေးက ကျန်းကျစ်လျန်ကလည်း စကားမပြောရဲပါဘူး။

ဝမ်ဝမ်ရုံကတော့ လီယန်ချူကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ မသိမသာ ခိုးကြည့်နေမိပါတယ်။

အခုအချိန်မှာ လီယန်ချူရဲ့ ဘေးတိုက်မျက်နှာပြင်က ဝမ်ဝမ်ရုံရဲ့ မျက်လုံးထဲမှာ စာပေပညာရှင် သမားရိုးကျ လူငယ်တွေနဲ့မတူဘဲ တည်ကြည်ပြတ်သားတဲ့ လုံခြုံမှု အငွေ့အသက်ကို ပေးစွမ်းနေပါတယ်။

လီယန်ချူကတော့ ဝမ်ဝမ်ရုံရဲ့ မျက်နှာက ထူးဆန်းတဲ့ အမူအရာကို သတိမထားမိပါဘူး။

အားလုံးက ဝူဟူဂိုဏ်းချုပ်ရုံး ဆီကို ရောက်တဲ့အခါ။

အဲဒါက ကုန်းပေါ်က ခံတပ်တစ်ခု မဟုတ်ဘဲ မြစ်ကမ်းဘေးက ဧရာမ ရေပေါ်စခန်းကြီး တစ်ခု ဖြစ်နေပါတယ်။

အဝေးကနေ ကြည့်ရင် ရှေးဟောင်း သားရဲကြီးတစ်ကောင် မြစ်ကမ်းဘေးမှာ ဝပ်နေသလိုပါပဲ။

မှောင်မိုက်တဲ့ ညထဲမှာ ဒီဧရာမ သင်္ဘောကြီး (စခန်းကြီး) ဟာ မီးထိန်ထိန်လင်းနေပြီး အလွန်ပဲ ခန့်ညားထည်ဝါနေပါတယ်။

အလံတိုင်ကြီးက လေထဲမှာ တဖျတ်ဖျတ် မြည်နေပြီး အဲဒီအပေါ်မှာ ဝူဟူ ဆိုတဲ့ စာလုံးကြီး နှစ်လုံးကို ဝိုးတဝါး မြင်နေရပါတယ်။

လီယန်ချူဟာ ဝူဟူဂိုဏ်းချုပ် ကုန်းစုန့်ဟုန်းဟာ ငယ်စဉ်က ပင်လယ်ပြင်မှာ ကျင်လည်ခဲ့ပြီး နောက်ပိုင်းမှ ချောင်ဂိုဏ်း လိုမျိုး အဖွဲ့အစည်းကို တည်ထောင်ခဲ့တယ်လို့ ကြားဖူးပါတယ်။

ဒီနေ့ မြင်လိုက်ရတော့မှ တကယ့်ကို ခန့်ညားထည်ဝါတဲ့ အရှိန်အဝါ ရှိတာပဲ။

"ဝူဟူဂိုဏ်းရဲ့ ဒီ ဂိုဏ်းချုပ်ရုံးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ"

လီယန်ချူက ဆိုပါတယ်။

"ဒါကြီးက ရွေ့လို့မရပါဘူး ရေပေါ်မှာ ခံတပ်တစ်ခုလို တိုက်ရိုက် တည်ဆောက်ထားတာပါ"

ကျန်းကျစ်လျန်က ဘေးကနေ ရှင်းပြပါတယ်။

ဝမ်အရာရှိက

"ကျွန်တော် ပထမဆုံးအကြိမ် ဝူဟူဂိုဏ်းချုပ်ရုံးကို ရောက်တုန်းကလည်း အတော်လေး အံ့ဩသွားတယ်၊ တစ်စုံတစ်ယောက်က ဒီလောက်ကြီးမားတဲ့ ရေပေါ်ခံတပ်ကြီးကို ဆောက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး..."

လီယန်ချူက

"ဒါပေမဲ့ ဒီ ဝူဟူဂိုဏ်းက သိပ်ကို တိတ်ဆိတ်လွန်းမနေဘူးလား၊ ဘာလို့ ဂိုဏ်းသား အစောင့်အကြပ်တွေတောင် မတွေ့ရတာလဲ "

ဝမ်အရာရှိက မျက်မှောင်ကြုတ်လိုက်ပါတယ်၊ လီယန်ချူရဲ့ သတိပေးချက်ကြောင့် သူလည်း ဒီပြဿနာကို သတိထားမိသွားပါတယ်။

ကျန်းကျစ်လျန်ကလည်း နားမလည်နိုင်ဘဲ

"မဖြစ်နိုင်တာ၊ ဆိပ်ခံတံတား လမ်းလျှောက်လမ်းတွေမှာ အမြဲတမ်း ဂိုဏ်းသားတွေ စောင့်နေရတာ၊ လမ်းတစ်ခုစီမှာလည်း ဓားကိုင်ထားတဲ့ ဂိုဏ်းသားတွေ ကင်းလှည့်နေရမှာလေ"

"ဒါမှမဟုတ် ဝူဟူဂိုဏ်းမှာ တစ်ခုခု ဖြစ်နေတာလား "

လီယန်ချူနဲ့ ဝမ်အရာရှိတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှာ ဒီအတွေး ပေါ်လာပါတယ်။

မကြာသေးမီက ကျန်းကျစ်လျန်နဲ့ ဝမ်ဝမ်ရုံတို့ကို နှုတ်ပိတ်ဖို့ ကြိုးစားတာတွေ၊ ပြီးတော့ ဝေမြို့ အကျဉ်းထောင်ထဲမှာ ထူးဆန်းစွာ သေဆုံးသွားတဲ့ လျံချီ ။

လုပ်နည်းလုပ်ဟန်တွေက အလွန်တူညီနေပါတယ်၊ ဒါက ဝိညာဉ်နဲ့ လူသတ်တာလို့ပဲ တွေးလို့ရပါတယ်။

အခု ကိစ္စတွေ ပေါက်ကြားသွားပြီဆိုတော့၊ ဝူဟူဂိုဏ်းထဲက ဝိညာဉ်အရိပ် မြှုပ်နှံတဲ့သူက ကြိုတင် မသိနိုင်ဘူးလို့ မပြောနိုင်ပါဘူး။

ကြိုတင် ပြင်ဆင်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ဝမ်အရာရှိက ရာဇဝတ်သားတွေကို ဖမ်းဆီးရတဲ့ အလုပ်ကို လုပ်လာတာဖြစ်လို့ ဒီလို လူမိုက်တွေနဲ့ အမြဲ ထိတွေ့နေရသူပါ။

သိုင်းလောကထဲ စဝင်တုန်းက သူတစ်ယောက်တည်းနဲ့ ဓားပြစခန်း နှစ်ခုကို ခြေမှုန်းခဲ့ဖူးပါတယ်။

စစ်ရေးဆိုတာ မြန်ဆန်ဖို့ လိုတယ် ဆိုတဲ့ အမှန်တရားကို သူ ကောင်းကောင်း သိပါတယ်။

လက်ဝှေ့ယမ်းပြီး အချက်ပြလိုက်တဲ့အခါ၊ ဓားလွယ်အရာရှိနဲ့ ရဲမက် အချို့ကို ချန်ထားပြီး ဝူဟူဂိုဏ်းချုပ်ရုံးရဲ့ ထွက်ပေါက်တွေကို ပိတ်ဆို့ခိုင်းလိုက်ပါတယ်။

ဒီလူတွေက သန်မာတဲ့ လူငယ်တွေ ဖြစ်ကြပြီး၊ အားကောင်းတဲ့ မြားတွေကို ကိုင်ဆောင်ထားကာ လေ့ကျင့်သားရနေသူတွေမို့ သာမန် သိုင်းလောကသားတွေကို ကိုင်တွယ်ဖို့ လုံလောက်ပါတယ်။

သူကိုယ်တိုင်ကတော့ ကျန်တဲ့လူတွေနဲ့ လီယန်ချူကို ဦးဆောင်ပြီး ဂိုဏ်းချုပ်ရုံးထဲကို ကိုယ်တိုင် ဝင်ရောက် ရှာဖွေ ဖမ်းဆီးပါတော့တယ်

"သတိထားကြ၊ ချုံခိုတိုက်ခိုက်တာ ခံရနိုင်တယ်"

ဝမ်အရာရှိက လေးနက်တဲ့ အသံနဲ့ သတိပေးလိုက်ပါတယ်။

"ဟုတ်ကဲ့"

သူ့နောက်က ရဲမက်တွေဟာ ဓားတွေကို အိမ်ထဲက ဆွဲထုတ်၊ မြားတွေကို အဆင်သင့်ပြင်ပြီး သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေနဲ့ ဝူဟူဂိုဏ်းချုပ်ရုံးထဲကို တိုက်ရိုက် စီးနင်းဝင်ရောက်သွားပါတော့တယ်။

အခန်း (၄၆) - အကြီးအကဲ ဝူ

ဒီသင်္ဘောကြီးဟာ အဝေးကကြည့်စဉ်ကပင် အလွန်တရာ ကြီးမားလှသော်လည်း၊ အနားသို့ ချဉ်းကပ်ကြည့်လိုက်သောအခါမှ ပို၍ပင် ခန့်ညားထည်ဝါမှုကို တွေ့ရှိရသည်။

သင်္ဘောကိုယ်ထည်မှာ ပေနှစ်ရာကျော် ရှည်လျားပြီး၊ ကုန်းပတ်ပေါ်ရှိ သင်္ဘောခန်းများမှာ သုံးထပ်ရှိကာ ပြတင်းပေါက်ပေါင်း သုံးဆယ်ကျော် ရှိသည်။

ထိုအထဲမှ အခန်းအချို့တွင် မီးလင်းနေပြီး လူသံများလည်း ထွက်ပေါ်နေသည်။

သို့သော် ကုန်းပတ်ပေါ်တွင်မူ တိတ်ဆိတ်ခြောက်ကပ်နေ၏။

ဝမ်အရာရှိက မျက်မှောင်ကြုတ်ကာ

"ဒီလို ဂိုဏ်းချုပ်ရုံးရှိတဲ့နေရာမှာ အစောင့်အကြပ်တွေ၊ ကင်းပုန်းတွေ ရှိနေရမှာ၊ ဒါပေမဲ့ ဒီမှာကတော့ အရမ်းကို တိတ်ဆိတ်လွန်းနေတယ်"

ဟု ဆိုသည်။

သူ့စိတ်ထဲတွင် မကောင်းသော အငြိမ်းဓာတ်တစ်ခုကို ဝိုးတဝါး ခံစားနေရသည်။

ယနေ့ကိစ္စမှာ သာမန် သိုင်းလောကဂိုဏ်းကို ချေမှုန်းရုံတင်မကဘဲ၊ မကောင်းဆိုးဝါးများ၏ ပယောဂ ပါဝင်နေနိုင်သည်ဟု သူ ထင်သည်။

အဘယ်ကြောင့်ဆိုသော် ယခုသိရှိရသလောက် ဝူဟူဂိုဏ်းထဲတွင် အနည်းဆုံး တစ်ယောက်မှာ သရဲမွေးသည့်ပညာကို ကျွမ်းကျင်ပြီး၊ သာမန်လူများ၏ ကိုယ်ပေါ်တွင် ဝိညာဉ်အရိပ်များကို မြှုပ်နှံထားနိုင်သည်။

ဤအချက်မှာ သူ၏ မယားငယ် လင်နောင် ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် တူညီနေသည်။

လီယန်ချူက

"ကျွန်တော် သွားကြည့်လိုက်မယ်"

ဟု တိုးတိုးလေး ပြောလိုက်သည်။

စကားဆုံးသည်နှင့် လီယန်ချူ၏ ခန္ဓာကိုယ်မှာ မြေပြင်နှင့်ကပ်ကာ အသံတစ်စုံတစ်ရာ မထွက်ဘဲ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။

ပြတင်းပေါက်နှင့် တစ်လံခန့်အကွာသို့ ရောက်သောအခါ လီယန်ချူက ရုတ်တရက် လက်ဝါးဖြင့် စောင်းကာ ခုတ်ချလိုက်၏

ဒုန်း

သစ်သားစများ လွင့်စင်သွားပြီး လီယန်ချူက အခန်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

သို့သော် မူလက လူသံများ ထွက်ပေါ်နေခဲ့သော အခန်းထဲတွင် ယခုအခါ မည်သူမျှ မရှိတော့ပေ။

လီယန်ချူ၏ မျက်လုံးများ တည်ကြည်သွားကာ တစ်ကိုယ်လုံးကို ရှေးဦးသားရဲကြီးတစ်ကောင်ကဲ့သို့ အရှိန်ယူပြီး အခန်းထဲရှိ နံရံကို တိုက်ရိုက် တိုက်မိလိုက်ပါတော့သည်

ဘုန်း

နံရံပေါ်တွင် လူတစ်ကိုယ်စာ အရွယ်အစားရှိသော အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး လီယန်ချူက ထိုအပေါက်မှတစ်ဆင့် ပြေးထွက်သွားသည်။

ဘုန်း

အခန်းသုံးခန်းကို ဆက်တိုက် ရှာဖွေခဲ့သော်လည်း မူလက လူသံများ ကြားနေရသော အခန်းများမှာ ယခုအခါ တိတ်ဆိတ်နေလေပြီ။

ကုန်းပတ်ပေါ်ရှိ ဝမ်အရာရှိမှာ လီယန်ချူ၏ လှုပ်ရှားမှုများကို မြင်တွေ့ရသောအခါ အားကျသော အမူအရာများ ပေါ်လာသည်။

ချင်းယီမယ်တော် ဘုရားကျောင်းတွင် ကျောက်ဝူကျူး၏ အလောင်းကောင်ဆိုးကို နှိမ်နင်းခဲ့စဉ်ကထက်စာလျှင်၊ တာအိုဆရာ လီယန်ချူ၏ သိုင်းပညာမှာ ပို၍ပင် အစွမ်းထက်လာခဲ့သည်။

ကျန်းကျစ်လျန်မှာမူ ထိတ်လန့်တုန်လှုပ်သော အမူအရာ ပေါ်နေ၏။

ဒီလှုပ်ရှားမှုတွေက တကယ့်ကို သူတစ်ယောက်တည်း လုပ်တာ ဟုတ်ရဲ့လား

ဒါက တောထဲက သောင်းကျန်းနေတဲ့ သားရဲတစ်ကောင် မဟုတ်ဘူးလို့ သေချာရဲ့လား။

မဟုတ်သေးဘူး၊ ခန္ဓာကိုယ် သန်မာလှပါတယ်ဆိုတဲ့ ဝက်ဝံကြီးတွေ ဒါမှမဟုတ် ပိဿာလေးငါးရာရှိတဲ့ တောဝက်ဘုရင်တွေတောင်မှ လီယန်ချူရဲ့ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါမျိုး မရှိပါဘူး။

လီယန်ချူက ပြန်ပြီး ခုန်ထွက်လာကာ မျက်မှောင်ကြုတ်လျက်

"ဘယ်သူမှ မရှိဘူး ခုနက အခန်းထဲမှာ လူတစ်ယောက်မှ မရှိဘူး"

ဟု ဆိုသည်။

ဝမ်အရာရှိ၏ မျက်နှာ ပျက်သွား၏။

ယနေ့ည ချေမှုန်းရေး လှုပ်ရှားမှု၏ ပထမခြေလှမ်းမှာတင် ထူးဆန်းသောကိစ္စနှင့် ကြုံနေရပြီလော

"တာအိုဆရာ လီ ဒါက လူဖန်တီးတဲ့ ဘေးအန္တရာယ်လား ဒါမှမဟုတ် မကောင်းဆိုးဝါး ပယောဂလား"

ဟု ဝမ်အရာရှိက မေးသည်။

လီယန်ချူက ခုနကတင် အရှိန်အဝါကြည့်မျက်လုံးကို အသုံးပြုခဲ့သော်လည်း ထိုဧရာမ သင်္ဘောကြီး၏ ပြဿနာကို မမြင်တွေ့ရပေ။

"ကျွန်တော်လည်း အသေအချာ မပြောနိုင်ဘူး ဒီနေရာက နည်းနည်း ထူးဆန်းတယ်၊ ဘာပဲဖြစ်ဖြစ် ညီအစ်ကိုတွေကို သတိထားခိုင်းပါ"

ဟု လီယန်ချူက ဆိုသည်။

ဝမ်အရာရှိက ခေါင်းညိတ်ကာ

"ဝင်ပြီး ရှာကြ သုံးယောက်တစ်ဖွဲ့ခွဲ သီးသန့် လှုပ်ရှားတာမျိုး မလုပ်နဲ့၊ လူတွေကို ရှာထုတ်စမ်း"

ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

သူ့နောက်မှ ဓားလွယ်ရဲမက်များနှင့် ရဲရဲတောက်လူငယ်များသည် မီးတုတ်များကို မြှောက်ကိုင်ကာ ရှာဖွေမှုကို စတင်ပါတော့သည်။

ဒေါက် ဒေါက် ဒေါက်

လေးလံသော ခြေသံများ ထွက်ပေါ်လာပြီး လူတစ်စုမှာ ဝံပုလွေများ၊ ကျားများကဲ့သို့ တိုက်ရိုက် လှုပ်ရှားကြသည်။

သို့သော်။

ဧရာမ ဝူဟူဂိုဏ်းချုပ်ရုံးကြီးတစ်ခုလုံးမှာ လူတစ်ယောက်မှ မရှိဘဲ ဗလာဖြစ်နေသည်

ဓားကိုင်ကာ ကင်းစောင့်ရမည့် သာမန်ဂိုဏ်းသားများသာ ပျောက်ကွယ်နေသည်မဟုတ်ဘဲ၊ ဂိုဏ်း၏ အဆင့်မြင့်လူကြီးများနှင့် ဂိုဏ်းချုပ် ကုန်းစုန့်ဟုန်းတို့ပါ အစအန ပျောက်ကွယ်နေသည်။

"ကုန်းစုန့်ဟုန်းက သတင်းကြိုရပြီး ညတွင်းချင်း ထွက်ပြေးသွားတာလား မသိဘူး"

ဟု ရဲမက်တစ်ဦးက ဆိုသည်။

ဝမ်အရာရှိက မျက်မှောင်ကြုတ်လိုက်၏။

ယနေ့ည လှုပ်ရှားမှုမှာ မြို့စားမင်း ရှု၏ ရုတ်တရက် ဆုံးဖြတ်ချက်ဖြစ်ပြီး၊ သူကိုယ်တိုင် လူများကို ဦးဆောင်ကာ မြို့ပြင်သို့ တိုက်ရိုက် လာခဲ့ခြင်း ဖြစ်သည်။

အတွင်းလူ ပေါက်ကြားနေ၍လော

သူက စိုးရိမ်မှုကို ပြောပြသောအခါ လီယန်ချူက ခေါင်းခါလျက်

"မဖြစ်နိုင်ဘူး၊ မြို့ထဲမှာ ကျန်းကျစ်လျန်တို့ ဂိုဏ်းတူ ညီအစ်ကိုတွေ ပုန်းနေမှတော့၊ တခြား ဂိုဏ်းသားတွေလည်း ရှိဦးမှာပဲ"

"တံတိုင်းကျော်၊ ခေါင်မိုးတက် ကျွမ်းကျင်တဲ့ ပညာရှင်တွေက မြို့ပြင်ကို ကြိုပြီး သတင်းသွားပေးတာလည်း ဖြစ်နိုင်သလို..."

"ဝူဟူဂိုဏ်းထဲက ဝိညာဉ်အရိပ် မွေးမြူထားတဲ့သူမှာ ဘယ်လို နည်းလမ်းတွေ ရှိမလဲ မသိဘူး အဲဒီလူဆီကနေ ပြဿနာ တက်တာလည်း ဖြစ်နိုင်တယ်"

ဝမ်အရာရှိ၏ စိတ် အနည်းငယ် တည်ငြိမ်သွားသည်။

ယနေ့ည ဝေမြို့ရုံးတော်မှ လူအင်အားအလုံးအရင်းဖြင့် မြို့ပြင်သို့ လာရောက်ကာ ဝူဟူဂိုဏ်းကို ချေမှုန်းခြင်းဖြစ်သည်။

အချည်းနှီး ဖြစ်သွားသည်မှာ တစ်ကြောင်း တကယ်လို့ ရုံးတော်ထဲမှာ အတွင်းလူရှိနေလျှင် ထိုကိစ္စမှာ ပို၍ ကြောက်စရာ ကောင်းလှသည်။

"အရာရှိမင်း သင်္ဘောဝမ်းထဲမှာ ဝူဟူဂိုဏ်းသား ဆယ့်တစ်ယောက်ကို တွေ့ပါတယ် အားလုံး လက်ခြေ အချည်ခံထားရပါတယ်"

ဟု ရဲမက်တစ်ဦးက လာရောက် အစီရင်ခံသည်။

ဝမ်အရာရှိ၏ မျက်လုံးများ လင်းလက်သွားကာ

"ခေါ်လာခဲ့စမ်း"

ဟု အော်လိုက်သည်။

မကြာမီ ဓားလွယ်ရဲမက်များသည် သင်္ဘောဝမ်းထဲတွင် ပိတ်လှောင်ခံထားရသော ဝူဟူဂိုဏ်းသားများကို ခေါ်ဆောင်လာကြရာ၊ ထိုအထဲမှ မျက်နှာနီနီနှင့် အဘိုးအိုတစ်ဦးမှာ အလွန် ထင်ရှားလှသည်။

သူ၏ ခန္ဓာကိုယ်မှာ သန်မာထွားကြိုင်းပြီး သာမန်လူထက် ခေါင်းတစ်ဝက်ခန့် ပိုမြင့်သည်။

လက်ဖဝါး အဆစ်အမျက်များမှာလည်း ကြီးမားထူထဲနေပြီး၊ ခန္ဓာကိုယ်မာကျောစေသော ပညာရပ်ကို လေ့ကျင့်ထားကြောင်း ထင်ရှားလှသည်။

၎င်းမှာလည်း အဆင့်မြင့်နေပြီဖြစ်သည်။

"အကြီးအကဲ ဝူ"

ဟု ကျန်းကျစ်လျန်က လွှတ်ခနဲ ပြောလိုက်မိသည်။

လီယန်ချူက သူ့ကို တစ်ချက်ကြည့်ကာ

"မင်း သိလို့လား"

ဟု မေးသည်။

ကျန်းကျစ်လျန်က ခေါင်းညိတ်ကာ

"အကြီးအကဲ ဝူက ဂိုဏ်းရဲ့ ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်ပါ၊ စိတ်ကတော့ မီးလိုပဲ၊ ဂိုဏ်းထဲက ခေါင်းဆောင်ငယ်တွေက သူ့ကို သိပ်မကြည်ကြဘူး လွန်ခဲ့တဲ့ ရက်ပိုင်းက အပြင်ကို အလုပ်သွားလုပ်ရင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားတာ ဒီမှာ အကျဉ်းချခံထားရလိမ့်မယ်လို့ မထင်ထားဘူး"

အကြီးအကဲ ဝူ၏ လက်နှစ်ဖက်မှာ ကျောနောက်တွင် အချည်ခံထားရသော်လည်း၊ အသက် ခြောက်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း ကျားကဲ့သို့၊ နွားကဲ့သို့ သန်မာနေဆဲဖြစ်သည်။

လမ်းတွင် ရဲမက်များ၏ ပြောစကားအရ ရုံးတော်က ဝူဟူဂိုဏ်းကို လာရောက် ချေမှုန်းခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။

ယခုအခါ ကျန်းကျစ်လျန်ကို မြင်သောအခါ သူက တိုက်ရိုက်ပင် အော်ဟစ် ဆဲဆိုလိုက်ပါတော့သည်

"ယုတ်မာတဲ့ကောင် မင်းပဲ ဝူဟူဂိုဏ်းကို သစ္စာဖောက်ပြီး ရောင်းစားလိုက်တာကိုး"

ကျန်းကျစ်လျန်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင် ဖြတ်သန်းသွားပြီး လှောင်ပြုံး ပြုံးလိုက်ကာ

"အကြီးအကဲ ဝူ ဝူဟူဂိုဏ်းက ယမ်းတွေကို လျှို့ဝှက်သိုလှောင်ပြီး မကောင်းတာတွေ ကြံစည်နေတာ ဒါက ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အသတ်ခံရမယ့် အပြစ်ကြီး ခင်ဗျားလည်း အမှားထဲမှာ ဆက်ပြီး နစ်မွန်းမနေပါနဲ့တော့"

"တောက်"

အကြီးအကဲ ဝူက ဒေါသတကြီး ငေါက်လိုက်သည်

"မင်းလို အရှက်မရှိတဲ့ လူယုတ်မာ၊ မင်းက ရန့်အဘိုးကြီးရဲ့ တပည့်ဖြစ်နေတာ သူ့အတွက် ကံဆိုးတာပဲ သူ မျက်စိမှားပြီး မင်းလို တပည့်မျိုးကို လက်ခံခဲ့မိတာ"

ကျန်းကျစ်လျန်က တည်ငြိမ်စွာ

"ဝူဟူဂိုဏ်းက ကျုပ်ကို ခွေးလို ဝက်လိုပဲ ဆက်ဆံခဲ့တာ၊ ကျုပ်က ဂိုဏ်းအတွက် အသက်နဲ့လဲပြီး အမှုထမ်းခဲ့ပေမဲ့ ဂိုဏ်းချုပ်ကတော့ ကျုပ်ကိုယ်ပေါ်မှာ ဝိညာဉ်အရိပ် မြှုပ်နှံပြီး နှုတ်ပိတ်ဖို့ ကြံစည်ခဲ့တယ် ဒီလိုဂိုဏ်းမျိုးအတွက် ကျုပ် ဘာလို့ ဆက်ပြီး သစ္စာရှိနေရမှာလဲ"

"မင်း"

အကြီးအကဲ ဝူသည် ဂိုဏ်းထဲမှ ကုန်းစုန့်ဟုန်း နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မကျေမနပ် ဖြစ်နေပုံရသဖြင့်၊ ကျန်းကျစ်လျန်၏ စကားကို ချက်ချင်း ပြန်မချေပနိုင်ဘဲ ဖြစ်သွားသည်။

ဝမ်အရာရှိက မျက်ရိပ်ပြလိုက်ရာ၊ သူ့နောက်မှ ရဲမက်တစ်ဦးက ဓားအိမ်ဖြင့် အကြီးအကဲ ဝူ၏ လည်ပင်းကို ရိုက်ချလိုက်သည်။

သန်မာထွားကြိုင်းသော ထိုအဘိုးအိုမှာ ဒဏ်ရာရထားပုံရ၏။

ပြင်းထန်သော ဤရိုက်ချက်ကြောင့် သူသည် ကြမ်းပြင်ပေါ်သို့ တစ်ဝက် ဒူးထောက်ကျသွားသော်လည်း၊ မျက်နှာကမူ ကြမ်းကြုတ်နေဆဲဖြစ်သည်။

"မင်းတို့လို ရုံးတော်ရဲ့ ခွေးတွေ ငါသာ ဒဏ်ရာမရထားရင် မင်းတို့ကို လက်တစ်ဖက်တည်းနဲ့ အပိုင်းပိုင်း ဆွဲဖြဲပစ်တယ်"

ဟု အကြီးအကဲ ဝူက ဆက်ပြီး ဆဲဆိုနေတုန်းပင်။

ဝမ်အရာရှိက အေးစက်စွာ ဟောက်လိုက်သည်

"ဝူချိုးရှန်း မင်းကသာ ဆက်ပြီး မိုက်ရိုင်းနေမယ်အမှားထဲမှာ နစ်မွန်းနေမယ်ဆိုရင်တော့ မင်းနောက်က လူပေါင်း ဆယ်ဂဏန်းရဲ့ အသက်ကို လျစ်လျူရှုရာ ရောက်လိမ့်မယ် "

"ဝူဟူဂိုဏ်းက ယမ်းတွေကို လျှို့ဝှက်သိုလှောင်ထားတာ သက်သေအထင်အရှားပဲ မင်းကသာ ဂိုဏ်းသားတွေ အားလုံး အကွပ်မျက်ခံရတာ သားမယား ဆွေမျိုးတွေပါ ဘေးသင့်တာမျိုး မဖြစ်စေချင်ရင်တော့၊ အဖြစ်မှန်အားလုံးကို ဝန်ခံပြောပြလိုက်စမ်း"

ဝမ်အရာရှိ၏ မျက်နှာမှာ တင်းမာနေသည်။

သူသည် ရာဇဝတ်သားများကို ဖမ်းဆီးလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍၊ ထိုကဲ့သို့ အရိုးမာသော သိုင်းလောကသားများကို ကောင်းကောင်း သိသည်။

အသက်နဲ့ ခြိမ်းခြောက်လျှင် အမြဲတမ်း အလုပ်မဖြစ်နိုင်သော်လည်း၊ သားမယား ဆွေမျိုးများနှင့် ညီအစ်ကို မောင်နှမများကို အသုံးချပြီး ခြိမ်းခြောက်လျှင်မူ များသောအားဖြင့် အောင်မြင်တတ်သည်။

ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်တဲ့ လူဖြစ်ပါစေ သူတို့ရဲ့ စိတ်ထဲမှာ နူးညံ့တဲ့ နေရာလေးတစ်ခုတော့ ရှိစမြဲပါ။

အကြီးအကဲ ဝူသည် စကားမပြောနိုင်ဘဲ ဖြစ်သွားကာ၊ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ရှိနေသော်လည်း ဆက်ပြီး မဆဲဆိုတော့ပေ။

ဝမ်အရာရှိသည် ဝေမြို့နယ်မြေတွင် နာမည်ကျော် တစ်ဦးဖြစ်ပြီး၊ ငယ်စဉ်က ဓားပြစခန်းများကို တစ်ယောက်တည်း ခြေမှုန်းခဲ့သော လူစွမ်းကောင်းဖြစ်သည်။

ဒီနှစ်တွေအတွင်း ဝမ်အရာရှိ လက်ထဲမှာ အဖမ်းခံခဲ့ရတဲ့ လူမိုက်တွေလည်း မနည်းလှပါဘူး။

ဝမ်အရာရှိက အကြီးအကဲ ဝူကို ဟန့်တားနိုင်ပြီဟု သိလိုက်သောအခါ၊ အေးစက်စွာ မေးလိုက်သည်

"ဝူဟူဂိုဏ်းထဲက လူတွေ ဘယ်မှာလဲ မင်းကို ဘယ်သူက ဒဏ်ရာရအောင် လုပ်ပြီး သင်္ဘောဝမ်းထဲမှာ ချည်နှောင်ထားခဲ့တာလဲ"

"ပြီးတော့... ကုန်းစုန့်ဟုန်းကရော ဘယ်ကို ထွက်ပြေးသွားတာလဲ "

All Chapters