← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇) - လောင်းကစားသမားများ ရုတ်တရက်သေဆုံးခြင်း

ပိုင်ဟုန်းထူက ဓားပျံကို ပြန်ခေါ်လိုက်ပြီး လူအများရှေ့တွင် ဓားပျံအတတ် ကို ထုတ်ပြလိုက်သောအခါ ချက်ချင်းပင် သောင်းသောင်းဖျဖျ ချီးကျူးသံများ ထွက်ပေါ်လာတော့သည်။

ပိုင်ဟုန်းထူက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်ရာ၊ ဓားကိုင်အစောင့်အကြပ်များက လမ်းကိုချက်ချင်းပိတ်ဆို့ပြီး စုန်စန်းလန်၏ အလောင်းကို သယ်ဆောင်သွားရန် လူလွှတ်လိုက်ကြသည်။

"နေဦး"

လီယန်ချူက အစောင့်အကြပ်များကို ရုတ်တရက် လှမ်းတားလိုက်သည်။

"မြို့ပြင်က တောင်စောင့်နတ်ဆိုး မိစ္ဆာတွေကို မင်းမေ့နေပြီလား၊ ပြီးတော့ ဒီလူက နှစ်ပိုင်းပြတ်အလောင်းလို မိစ္ဆာမျိုးကိုတောင် ထိန်းချုပ်နိုင်တာဆိုတော့ မပေါ့သင့်ဘူး"

လီယန်ချူက ပိုင်ဟုန်းထူကို ပြောလိုက်သည်။

ပိုင်ဟုန်းထူ ခေတ္တကြောင်သွားပြီးမှ သဘောပေါက်သွားကာ

"တော်တော်လေး သတိကြီးတာပဲ"

ဟု ချီးကျူးလိုက်သည်။

လီယန်ချူက ခဏမျှ စဉ်းစားပြီးနောက်

"မင်းတို့ညီအစ်ကိုတွေ သွားပြီး အရာရှိဝမ်ကို သက်သေအဖြစ် လာဖို့ ဖိတ်ပေးပါဦး"

ဟု ပြောလိုက်သည်။

ထို့နောက် ဆက်လက်ရှင်းပြသည်မှာ

"ဒီလူက မိစ္ဆာလမ်းစဉ်လိုက်သူဖြစ်လို့ အလောင်းက နောက်ပိုင်းမှာ ထူးဆန်းတာတွေ ဖြစ်လာနိုင်တယ်၊ အဲဒီအခါကျရင် စောင့်ကြပ်နေတဲ့ ညီအစ်ကိုတွေ အသက်အန္တရာယ် ရှိလာနိုင်တယ် "

"အရာရှိဝမ်ကို သက်သေအဖြစ်ခေါ်ပြီး၊ ဒီမိစ္ဆာကောင်ကို အစအနမကျန် ပြာဖြစ်သွားအောင် ပိုင်သခင်လေးက အစီရင်ပြုပေးလိမ့်မယ်၊ ဒါမှ ဘေးကင်းမှာ"

ထိုစကားကိုကြားသော် ဓားကိုင်အစောင့်အကြပ်မှာ မျက်နှာပျက်သွားပြီး၊ ဝေမြို့အကျဉ်းထောင်အတွင်းမှ အကျဉ်းသားများ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သည်ကို သတိရကာ ကျောချမ်းသွားတော့သည်။

"ကျွန်တော်တို့ကို ထည့်စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုဆရာလီ၊ အခုပဲ အရာရှိဝမ်ကို သွားပင့်ပါ့မယ်"

ထိုနေရာရှိ အစောင့်အကြပ်များနှင့် ဒေသခံရဲမက်များအားလုံး လီယန်ချူကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ပုံမှန်ဆိုလျှင် ပိုင်ဟုန်းထူသည် လီယန်ချူ နာမည်ကြီးသွားသည်ကို မနာလိုဖြစ်ကောင်းဖြစ်မည်။

သို့သော် ယနေ့ညတွင်မူ ကြောက်စရာကောင်းသော မိစ္ဆာအလောင်းထမ်းသမားကို သူကိုယ်တိုင် ဓားပျံအတတ်ဖြင့် လူအများရှေ့တွင် နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။

ကြားထဲတွင် လီယန်ချူက မနေနိုင်ဘဲ ဓားတစ်ချက် ဝင်ပိုင်းလိုက်သည့် အသေးအဖွဲကိစ္စလေး ရှိခဲ့သော်လည်း ပိုင်ဟုန်းထူက ထိုအချက်ကို အလိုအလျောက် မေ့ပျောက်ပေးလိုက်သည်။

လူအများ၏ ကြည်ညိုလေးစားသော အကြည့်များနှင့် လီယန်ချူ၏ "ပိုင်သခင်လေး" ဟူသော ခေါ်ဝေါ်မှုကြောင့်၊ ယခုအခါ ပိုင်ဟုန်းထူမှာ ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးပျော်နေတော့သည်။

သို့သော် သူက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လီယန်ချူကို မေးလိုက်သည်

"ငါတို့ ဘာလို့ အစိုးရရုံးကို လိုက်မသွားဘဲ ဒီအလောင်းကို ဒီမှာပဲ ထားခဲ့ရတာလဲ"

လီယန်ချူက အေးဆေးပင်

"တကယ်လို့ ဒီအလောင်းက တကယ်ပဲ ပြဿနာရှိနေရင်၊ လမ်းခုလတ်မှာ ရုတ်တရက် ထကြွပြီး လူတွေကို ဒဏ်ရာရအောင် လုပ်ရင် ဘယ်လိုလုပ်မလဲ၊ ဒါကြောင့် ဒီနေရာမှာတင် အပြီးသတ် ကိုင်တွယ်လိုက်တာက ပိုပြီးသေချာတယ်"

ပိုင်ဟုန်းထူ၏ မျက်လုံးများထဲတွင် လေးစားရိပ်များ ပေါ်လာပြီး

"ကောင်းတယ်ကွာ"

ဟု ဆိုလိုက်သည်။

လီယန်ချူက အသာအယာ ပြုံးလိုက်သော်လည်း သူ၏အကြည့်မှာမူ အဝေးရှိ ချင်းယီမယ်တော် နတ်ကျောင်းရှိရာဘက်သို့ ဦးတည်နေသည်။

ဝိညာဉ်မွေးမြူသော မြို့စောင့်နတ်အတု၊ စက္ကူရုပ်လုပ်သူနှင့် အလောင်းထမ်းသမားတို့ သေကုန်ကြပြီ၊ ဝေမြို့ထဲတွင် အခြားသော မိစ္ဆာပညာရှင်များ ကျန်ရှိနေသေးသလား သူ မသိပေ။

ထို့ပြင် သွေးစွန်းဒဂင်္ါး ပြဿနာမှာလည်း ယနေ့ညက စက္ကူရုပ်လုပ်သူ၊ အလောင်းထမ်းသမားတို့နှင့် မပတ်သက်ဘဲ အခြားတစ်ယောက်ယောက် ဖြစ်နေနိုင်သည်ဟု သူ ယူဆသည်။

အရာရှိဝမ် ရောက်လာပြီးနောက်၊ ပိုင်ဟုန်းထူက စုန်စန်းလန်၏ အလောင်းကို အစီရင်ပြု၍ မီးရှို့လိုက်ပြီး၊ သူတို့နှစ်ဦးမှာ တာအိုကျောင်း သို့ ပြန်လာခဲ့ကြသည်။

ပွဲကြည့်စင်တွင် သီချင်းနားထောင်မည့် အစီအစဉ်မှာ နောက်တစ်ကြိမ် ထပ်မံရွှေ့ဆိုင်းခံလိုက်ရပြန်သည်။

တာအိုကျောင်းသို့ ပြန်ရောက်သောအခါ လီယန်ချူသည် ယနေ့ည ရရှိခဲ့သော ကုသိုလ်မှတ် များကို စစ်ဆေးကြည့်လိုက်သည်။

အလွန်ဝမ်းသာသွားသည်။

ယနေ့ည နှိမ်နင်းမှုမှ ရရှိသော ကုသိုလ်မှတ်မှာ ၅၀၀၀ နီးပါး ရှိသည်

သူ့တွင် မူလရှိပြီးသား ကုသိုလ်မှတ်များနှင့် ပေါင်းလိုက်သောအခါ လီယန်ချူမှာ ချက်ချင်းပင် သူဌေးကြီးတစ်ဦး ဖြစ်သွားတော့သည်။

လီယန်ချူသည် တာအိုကျောင်းအတွင်း၌ မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို တည်ငြိမ်စွာဖြင့် ပြန်လည်သုံးသပ်နေသည်။

သူ၏ တောက်ပသော မျက်လုံးများထဲတွင် စဉ်းစားဆင်ခြင်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

စုန်စန်းလန်၏ ကိုယ်ပေါ်တွင် အရှိန်အဝါကြည့်အတတ် ၏ အာရုံခံမှုကို ဖုံးကွယ်နိုင်သော နည်းလမ်းတစ်ခု ရှိနေသည်၊ နှစ်ပိုင်းပြတ်အလောင်းကဲ့သို့ ကြမ်းတမ်းသော အရာကို ခန္ဓာကိုယ်ထဲတွင် ဝှက်ထားသော်လည်း မိစ္ဆာအငွေ့အသက် အနည်းငယ်မျှပင် ထွက်မလာခဲ့ပေ။

"ဝူဟူဂိုဏ်း ကို ပစ်မှတ်ထားတဲ့ အစီအစဉ်က လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက စတင်ခဲ့တာ၊ ဒါပေမဲ့ စုန်စန်းလန်က ဝေမြို့ကို မကြာခင်ကမှ ရောက်လာတာ၊ မြို့စောင့်နတ်အတုကရော ဝေမြို့မှာ ဘယ်လောက်တောင် ပုန်းအောင်းနေခဲ့သလဲ မသိဘူး "

"ဒီသုံးယောက်ကြားမှာ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေတယ်၊ ဒါက ခဏတာ ပူးပေါင်းကြတာလား၊ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုတည်းကလား "

လီယန်ချူ တွေးလိုက်မိသည်မှာ၊ အကယ်၍ ဒုတိယအချက်သာ ဖြစ်ခဲ့လျှင် ထိုကိစ္စမှာ ထင်သလောက် မရိုးရှင်းတော့ပေ၊ နောင်တစ်ချိန်တွင် ထိုအဖွဲ့အစည်းမှ အခြားသူများ ဝေမြို့သို့ ရောက်လာကြဦးမည်မှာ မလွဲပေ။

သူ၏လက်ချောင်းလေးများက စားပွဲပေါ်သို့ အသာအယာ ခေါက်နေပြီး မျက်နှာထားမှာ အနည်းငယ် လေးနက်နေသည်။

"မြို့ဝန် ရှု က ဒီကိစ္စတွေကို အထက်ကို တင်ပြထားပြီးပြီ၊ ဒါပေမဲ့ အစိုးရက ဘယ်တော့မှ လူလွှတ်ပြီး စစ်ဆေးမလဲဆိုတာ မသိရသေးဘူး"

"ဒီဝေမြို့ရဲ့ အရေးက ထင်သလောက် မရိုးရှင်းဘူး၊ ဝူလင်စန်းရန် က ဘုန်းကြီးကြီးဆီ ပေးတဲ့စာက မကြာခင်ကမှ ပေးပို့ခဲ့တာ၊ ဒါပေမဲ့ ဝူဟူဂိုဏ်း ကိစ္စကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက စီစဉ်နေခဲ့တာ "

"ဒါဆိုရင် စက္ကူရုပ်လုပ်သူနဲ့ မြို့စောင့်နတ်အတုက ဝေမြို့မှာ မသေဆေး ရှိနေတာကို စောစောကတည်းက သိထားကြတာပေါ့၊ တိတ်တဆိတ်လည်း ရှာဖွေခဲ့ကြပြီး နောက်ဆုံးမှာ ချင်းယီမယ်တော် နတ်ကျောင်းကို ပစ်မှတ်ထားလိုက်ကြတာ"

"မသေဆေးက လက်ရှိမှာ ချင်းယီမယ်တော် နတ်ကျောင်းထဲမှာ ဝှက်ထားတာလား... မဟုတ်ဘူး၊ ဒါကလည်း မသေချာသေးဘူး "

"ဝူဟူဂိုဏ်းက ယမ်းတွေကို ဝှက်ထားတာက ချင်းယီမယ်တော် နတ်ကျောင်းကို ဖောက်ခွဲပစ်ဖို့ပဲ၊ မြို့စောင့်နတ်အတုက သွေးပိုက်ဆံရဲ့ နောက်ကွယ်မှာ ချင်းယီမယ်တော် ရှိတယ်လို့ ငါ့ကိုပြောခဲ့တာကလည်း၊ ငါ့လက်ကို အသုံးချပြီး အစိုးရကတစ်ဆင့် နတ်ကျောင်းကို ဖျက်ဆီးပစ်ချင်လို့ပဲ "

"ဒါက သူတို့ယူဆချက်အရ မသေဆေးကို ရှာဖို့ဆိုရင် ချင်းယီမယ်တော် ကျောင်းကို ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်လို့ ဆိုလိုတာလား၊ နတ်ကျောင်းရဲ့ အောက်မှာ ဝှက်ထားတာများလား "

"ဒါပေမဲ့ တကယ်လို့ အဲဒီလိုဆိုရင် တိတ်တဆိတ် မြေအောက်လှိုဏ်ခေါင်း တူးတာက ပိုမကောင်းဘူးလား ကြာတော့ ကြာနိုင်ပေမဲ့ နတ်ကျောင်းကို ဖောက်ခွဲပစ်တာထက်တော့ ပိုသေချာပါတယ်၊ နတ်ကျောင်းမှာ ပြဿနာတက်သွားရင် အစိုးရက စစ်သည်တွေ အခိုင်အမာ ချထားမှာဆိုတော့ မသေဆေးရှာဖို့ ပိုခက်သွားလိမ့်မယ် "

"ပြီးတော့ တကယ်လို့ မသေဆေးကို တခြားလူက အရင်တွေ့သွားရင် ဘယ်လိုလုပ်မလဲ "

လီယန်ချူက သူ၏ မျက်ခုံးကြားကို လက်ဖြင့် ပွတ်လိုက်သည်၊ ထိုမိစ္ဆာလမ်းစဉ်လိုက်သူများ၏ စိတ်ကူးကို တွေးရသည်မှာ ခေါင်းခဲစရာပင်။

မသေဆေးက ကျောင်းအောက်မှာ ရှိနေတာထက်၊ ဒီမိစ္ဆာတွေက ချင်းယီမယ်တော်ကို ကိုင်တွယ်ချင်နေတာလို့ သူက ပိုပြီး ယူဆမိသည်။

"မြို့စောင့်နတ်အတုက ဝေမြို့မှာ လူတွေအများကြီး သတ်ခဲ့တာတောင် ချင်းယီမယ်တော်က ဘာမှဝင်မလုပ်ခဲ့ဘူး၊ ဒါကိုကြည့်ရင် ချင်းယီမယ်တော်က နတ်ကောင်းနတ်မြတ် မဟုတ်တာ သေချာသလောက်ပဲ၊ မိစ္ဆာမဟုတ်ရင်တောင်မှ သူတော်ကောင်းတော့ မဟုတ်နိုင်ဘူး "

လီယန်ချူသည် ဤဝေမြို့၏ ချင်းယီမယ်တော်ကို အလွန်သတိထားနေသည်၊ ထိုမျှလောက် အမွှေးတိုင်မီး ခမ်းနားထည်ဝါသော နတ်ကွန်းကြီးတစ်ခု ဖြစ်သော်လည်း သူ့ကို အလိုအလျောက် စိတ်မသက်မသာ ဖြစ်စေသည်။

သူ ဝိညာဉ်အပြင်ထွက်စဉ်က ချင်းယီမယ်တော် နတ်ကျောင်းအနားသို့ ချဉ်းကပ်ရန် ကြိုးစားဖူးသော်လည်း၊ စေးကပ်လေးလံသော ဖိအားတစ်ခုကို ခံစားခဲ့ရပြီး ခြေလှမ်းရွှေ့ရန်ပင် ခက်ခဲခဲ့သည်။

အမွှေးတိုင်မီး ခမ်းနားသော နေရာများသည် ဝိညာဉ်များနှင့် နာနာဘာဝများအပေါ် ဖိနှိပ်မှု အလွန်ပြင်းထန်လှသည်။

နောက်တစ်နေ့တွင်

လီယန်ချူ အိမ်ပြင်ထွက်လိုက်သည်နှင့် အံ့သြစရာ ကိစ္စတစ်ခုကို ကြားလိုက်ရသည်။

မနေ့ညက မြို့ထဲရှိ တာ့ရှင်း လောင်းကစားရုံတွင် လောင်းကစားသမား သုံးဦး ရုတ်တရက် သေဆုံးသွားခဲ့သည်၊ ခန္ဓာကိုယ်အပြင်ဘက်တွင် မည်သည့်ဒဏ်ရာမျှ မရှိဘဲ ကြိုတင်လက္ခဏာလည်း မရှိခဲ့ပေ။

ဆူညံလှသော လောင်းကစားရုံအတွင်း ထိုသုံးဦးမှာ မတူညီသော လောင်းကစားဝိုင်းများတွင် ရှိနေကြသော်လည်း သေဆုံးသည့်အချိန်မှာမူ တစ်ချိန်တည်း ဖြစ်နေသည်။

လီယန်ချူ ထိုကိစ္စကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။

"ဒီလိုသေပုံမျိုးက သွေးစွန်းဒဂင်္ါး က လူရဲ့ ဝိညာဉ်သုံးပါးနဲ့ လိပ်ပြာခုနစ်ပါးကို စုပ်ယူလိုက်လို့ အသက်ဓာတ် ကုန်ခန်းပြီး သေသွားတဲ့ ပုံစံမျိုးပဲ။"

သူ သက်ပြင်းချလိုက်မိသည်၊ အစိုးရရုံးကတစ်ဆင့် သွေးစွန်းဒဂင်္ါး ရဲ့ အန္တရာယ်ကို အသိပေးထားပါလျက်နှင့်၊ လောင်းကစားရုံတွေထဲမှာတော့ လူသေဆုံးမှုတွေ ဖြစ်လာခဲ့ပြီ။

လီယန်ချူ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရလိုက်သည်။

သွေးစွန်းခဲ့ပြီ

ထိုနေ့တွင် သွေးဒဂင်္ါး များကို လာရောက်စစ်ဆေးသော ပြည်သူများမှာ အလွန်ပင် များပြားလှသည်၊ တာ့ရှင်းလောင်းကစားရုံက ကိစ္စကို စစ်ဆေးစရာမလိုဘဲ မကြာသေးမီက ဆူညံနေသည့် သွေးစွန်းဒဂင်္ါး ကိစ္စနှင့် ဆက်စပ်တွေးတောနေကြသည်။

တစ်နေ့လုံးတွင် သွေးစွန်းဒဂင်္ါး စုစုပေါင်း ၅၀၀ ကျော်ကို တွေ့ရှိခဲ့ရသည်။

ယခုတစ်ကြိမ်တွင်မူ လီယန်ချူက သွေးပိုက်ဆံများကို အဆောင်ဖြင့် မဖျက်ဆီးတော့ဘဲ၊ အားလုံးကို တာအိုကျောင်းသို့ စုပေါင်းယူဆောင်လာပြီး သိမ်းဆည်းထားလိုက်သည်။

"ယန်ချူ၊ မင်း... ဒါကို မဟုတ်မှလွဲရော..."

ပိုင်ဟုန်းထူက စကားကို ရပ်လိုက်သည်။

လီယန်ချူက သွေးစွန်းဒဂင်္ါး ပေါ်က မိစ္ဆာအငွေ့အသက်တွေကို ဖျက်ဆီးဖို့ အချိန်အတော်ကြာအောင် ဘာမှမလုပ်ဘဲ နေနေသည်ကို မြင်သောအခါ သူ သဘောပေါက်သွားသည်။

လီယန်ချူက အေးဆေးပင်

"အရင်က ငါတွေးခဲ့တဲ့ နည်းလမ်းက မှားနေတယ်လို့ ထင်တယ်၊ သွေးစွန်းဒဂင်္ါး ပေါ်က နာကျင်မှုတွေကို ဖျက်ဆီးပစ်တာက နောက်ကွယ်ကအရာကို ထွက်လာအောင် မဆွဲဆောင်နိုင်ဘူး "

"အဲဒီတော့ သွေးစွန်းဒဂင်္ါး တွေကို တစ်နေရာတည်းမှာ စုထားလိုက်မယ်၊ အဲဒီအရာက ဘယ်လောက်အထိ အောင့်ထားနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

အခန်း (၆၈) - အကြီးစား အစီစဥ်ဖြင့် နှိမ်နင်းခြင်း

ပိုင်ဟုန်းထူက သူ့ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်

"မင်း အခုလိုလုပ်တာက အရမ်းအန္တရာယ်များတယ်"

လီယန်ချူက အေးဆေးတည်ငြိမ်စွာ ပြန်ပြောသည်

"ဒီအရာက လူတွေကို ဒုက္ခပေးနေတာ မြင်နေရတာပဲ၊ လျစ်လျူရှုထားလို့ မရဘူးလေ သွေးစွန်းဒင်္ဂါးတွေက လူထုကြားထဲ ပျံ့နှံ့နေတာ၊ တစ်နေ့နေ့မှာသာ ဒီဘေးအန္တရာယ်က ပေါက်ကွဲထွက်လာရင် အကြီးအကျယ် ဒုက္ခရောက်ကုန်ကြလိမ့်မယ်"

ပိုင်ဟုန်းထူ နှုတ်ဆိတ်သွားသည်။

သူသည် လီယန်ချူ ဆိုလိုသည်ကို နားလည်ပါသည်၊ သွေးစွန်းဒင်္ဂါးသည် မူလက လူ၏ အသက်ဓာတ်၊ စွမ်းအင်နှင့် ဝိညာဉ်ကို တဖြည်းဖြည်းချင်း ဝါးမြိုရုံသာ ဖြစ်သည်။

သို့သော် ထိုအခြေအနေသည် တစ်နေ့နေ့တွင် ရုတ်တရက် အရှိန်မြင့်တက်လာပြီး လူကို ချက်ချင်း သေဆုံးသွားစေနိုင်သည့် အန္တရာယ်လည်း ရှိနေသည်။

နောက်ကွယ်က အရာသည် အမြဲတမ်း ဤမျှ ငြိမ်သက်နေလိမ့်မည်ဟု မျှော်လင့်ချက် ထားနေ၍ မရပေ။

ထို့ပြင် မနေ့ညက တာ့ရှင်းလောင်းကစားရုံတွင် လူသုံးဦး သေဆုံးခဲ့ပြီးပြီ ဖြစ်သည်။

သွေးစွန်းဒင်္ဂါး နောက်ကွယ်က အရာသည် လူစသတ်နေပြီ ဖြစ်သည်။

ပိုင်ဟုန်းထူသည် သူ၏ ကစားလိုသော အမူအရာကို ဖျောက်ပစ်လိုက်ပြီး လီယန်ချူ၏ စိတ်ထဲက တရားမျှတမှုအပေါ် စိတ်လှုပ်ရှားသွားမိသည်။

"ငါ ဒီရက်ပိုင်း သီချင်းသွားနားမထောင်တော့ဘူး၊ တာအိုကျောင်းမှာပဲ နေပြီး မင်းကို တစ်ဖက်တစ်လမ်းက ကူညီပေးမယ်"

ဟု ပိုင်ဟုန်းထူက တည်ကြည်စွာ ပြောလိုက်သည်။

လီယန်ချူက ပြန်မေးသည်

"စက္ကူရုပ်တွေနဲ့ နှစ်ပိုင်းပြတ်အလောင်းတွေက ကချေသည်တွေကြားမှာ ပုန်းနေလို့ မင်း စိတ်ဒဏ်ရာရသွားတာကြောင့်တော့ မဟုတ်ပါဘူးနော်"

"အာ... ဒါက..."

ပိုင်ဟုန်းထူ အနည်းငယ် ပျာယာခတ်သွားပြီးမှ ပြန်ရှင်းပြသည်

"လုံးဝမဟုတ်ဘူး၊ အဲဒါက ကိစ္စအသေးအဖွဲလေးပါ၊ ငါ မေ့တောင်မေ့နေပြီ မင်းကလည်း အဲဒါကို ခဏခဏ ပြန်မပြောနဲ့လေ"

လီယန်ချူက မျက်တောင်ခတ်လိုက်ပြီး အဖွားကြီး တစ်ယောက်၏ လေသံကို အတုယူကာ

"ကောင်းပါပြီ ပိုင်သခင်လေးရှင့်"

ဟု ပြောလိုက်သည်။

ပိုင်ဟုန်းထူ ဒေါသထွက်သွားသည်၊ ငါ ခုနက ဘာလို့များ စိတ်လှုပ်ရှားသွားမိပါလိမ့်၊ သွေးစွန်းဒင်္ဂါး နောက်ကွယ်က အရာက သူ့ကို အသက်စုပ်သတ်သွားတာကိုပဲ ကြည့်နေလိုက်ရမှာ

သူသည် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်သွားတော့သည်။

လီယန်ချူမှာမူ သွေးစွန်းဒင်္ဂါးပုံကြီးကို စောင့်ကြပ်ရင်း တည်ငြိမ်စွာ တရားထိုင်ကာ အနားယူနေခဲ့သည်။

တစ်ညလုံး ဘာမှမထူးခြားဘဲ ကုန်ဆုံးသွားသည်။

နောက်တစ်နေ့

အရာရှိဝမ် က လီယန်ချူထံ ရောက်လာသည်၊ သူ၏ မျက်နှာထားမှာ အလွန်ပင် လေးနက်နေသည်။

မနေ့ညက ဝေမြို့ထဲတွင် လူများ ထပ်မံသေဆုံးပြန်ပြီ

လမ်းဘေးဈေးသည်တစ်ဦး၊ ပန်းချီဆွဲ စာဖတ်နေသည့် ပညာရှိ တစ်ဦး၊ ဆိုင်ရှင်တစ်ဦး၊ ဆိုင်အကူတစ်ဦးနှင့် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး။

စုစုပေါင်း ၅ ဦး

အားလုံးသည် ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ပြီး ခန္ဓာကိုယ်အပြင်ဘက်တွင် မည်သည့်ဒဏ်ရာမျှ မရှိပေ၊ မနေ့က တာ့ရှင်းလောင်းကစားရုံတွင် သေဆုံးခဲ့သည့် လောင်းကစားသမား ၃ ဦးနှင့် လက္ခဏာချင်း ထပ်တူကျနေသည်။

"အဲဒီကလေးက ၁၃ နှစ်ပဲ ရှိသေးတာ၊ မိဘတွေလည်း မရှိတော့ဘူး၊ တောင်းရမ်းစားသောက်ပြီး ရှင်သန်နေရတဲ့ လမ်းဘေးက မိမဲ့ဘမဲ့ကလေးပါ ဒီနေ့မနက် အစောကြီး လမ်းဘေးမှာ သေနေတာကို တွေ့ခဲ့တာ၊ သူ့တစ်ကိုယ်လုံးမှာ ကြေးဒင်္ဂါး ၂ ပြားနဲ့ မာတောင့်နေတဲ့ မုန့်တစ်ဝက်ပဲ ရှိတယ်"

အရာရှိဝမ်၏ အသံထဲတွင် နှမြောတသမှုနှင့် မထိန်းချုပ်နိုင်သော ဒေါသများ ပါဝင်နေသည်။

"သူက ၁၃ နှစ်ပဲ ရှိသေးတာဗျာ၊ ၁၃ နှစ်ပဲ ရှိသေးတာ"

လီယန်ချူ၏ ရင်ထဲတွင်လည်း ဒေါသများ ပြည့်လျှံလာသည်၊ မနေ့က သေဆုံးသူများမှာ အလုပ်အကိုင်မရှိ လေလွင့်နေသည့် လောင်းကစားသမားများ ဖြစ်သောကြောင့် သူ အခုလောက်အထိ စိတ်မလှုပ်ရှားခဲ့ပေ။

သို့သော် မနေ့ညက သေဆုံးသူများမှာ သာမန်ပြည်သူများ ဖြစ်ကြသည်၊ ဝမ်းရေးအတွက် မိုးမလင်းခင်ကတည်းက ရုန်းကန်နေရသည့် ဈေးသည်များ၊ ဧည့်သည်ကို ပြုံးရွှင်စွာ ကြိုဆိုနေရသည့် ဆိုင်ရှင်နှင့် အကူများ၊ ပညာသင်ကြားနေသည့် ကျောင်းသားများနှင့် မိဘမဲ့ တောင်းရမ်းစားသောက်နေသည့် ကလေးငယ်များ ဖြစ်နေသည်။

ထိုကလေးငယ်အကြောင်းကို တွေးမိသောအခါ လီယန်ချူ၏ စိတ်ထဲတွင် တင်းကျပ်သွားသည်။

"ဒီသွေးစွန်းဒင်္ဂါး နောက်ကွယ်က အရာကိုသာ တွေ့ရင်၊ ငါ သူ့ကို အစအနမကျန် ပြာဖြစ်သွားအောင် လုပ်ပစ်မယ် "

လီယန်ချူက အေးစက်စွာ ပြောလိုက်သည်။

ပိုင်ဟုန်းထူက စိုးရိမ်တကြီး ပြောသည်

"ဒီကိစ္စက တကယ်ပဲ ပေါက်ကွဲထွက်လာပြီ၊ အဲဒီအရာက တကယ့်ဘေးအန္တရာယ်ပဲ၊ အခုဆိုရင် လူတွေကို ခွဲခြားမှုမရှိဘဲ စသတ်နေပြီ"

အရာရှိဝမ်ကလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့်

"သွေးစွန်းဒင်္ဂါး တစ်ခုတည်းနဲ့တင် လူတွေကို အန္တရာယ်ပေးနိုင်တာ၊ ဒီဝိညာဉ်အောက်လမ်းနည်းက ကျောချမ်းစရာပဲဗျာ"

ထိုသို့တွေးမိသောအခါ သူက လီယန်ချူကို တစ်ချက်ကြည့်လိုက်မိသည်၊ အကယ်၍သာ ဤလူက ထိုကိစ္စကို ကြိုတင်မတွေ့ရှိခဲ့ဘဲ ပြည်သူတွေကို အသိမပေးခဲ့လျှင် ယခုအချိန်တွင် သေဆုံးသူအရေအတွက်မှာ ဤမျှလောက်သာ ရှိလိမ့်မည် မဟုတ်ပေ။

လူသုံးဦးသည် သွေးစွန်းဒင်္ဂါးများကို စစ်ဆေးနေသည့် အစိုးရရုံး၏ နေရာဆီသို့ အပြေးအလွှား သွားခဲ့ကြသည်၊ ထိုနေရာတွင် ပြည်သူများမှာ ပင်လယ်ကဲ့သို့ ပြည့်နှက်နေပြီ ဖြစ်သည်။

လူတိုင်းသည် သူတို့၏ လက်ထဲ၊ ရင်ဘတ်ထဲတွင် ကြေးဒင်္ဂါးများကို ကိုင်ကာ စစ်ဆေးရန် တိုးဝှေ့နေကြသည်။

လီယန်ချူ ထိုအခြေအနေကို မြင်သောအခါ စိတ်မကောင်းဖြစ်သွားသည်၊ အစိုးရထံမှ မိစ္ဆာနှိမ်နင်းရေး ကျွမ်းကျင်သူများ ရောက်မလာသေးပေ၊ သူနှင့် ပိုင်ဟုန်းထူ နှစ်ဦးတည်းဖြင့် စစ်ဆေးနေရသည်မှာ အလွန်နှေးကွေးလွန်းလှသည်။

မနေ့က ဝေမြို့ထဲမှ ဘုန်းကြီးများနှင့် တာအိုဆရာအချို့ကို ဖိတ်ခဲ့သော်လည်း သူတို့မှာ အစွမ်းမရှိသူများဖြစ်သဖြင့် သွေးစွန်းဒင်္ဂါးကို ခွဲခြားနိုင်ခြင်း မရှိကြပေ။

"မတတ်နိုင်ဘူး၊ အခုလောလောဆယ်တော့ ဒီနည်းလမ်းနဲ့ပဲ အရင်စစ်ဆေးရမှာပဲ"

ဟု လီယန်ချူ စိတ်ထဲက တွေးလိုက်သည်။

ထိုထူးဆန်းသော လူသတ်နည်းလမ်းမှာ တကယ်ပင် ကာကွယ်ရ ခက်ခဲလှသည်။

ပိုင်ဟုန်းထူ၏ မျက်နှာမှာလည်း မကောင်းလှပေ၊ ဤရက်ပိုင်းအတွင်း ဝေမြို့ထဲရှိ သွေးစွန်းဒင်္ဂါး အချိုးအစားမှာ မများလှသော်လည်း ဝေမြို့ကြီးတစ်မြို့လုံးအတွက် သူတို့နှစ်ဦးတည်းဖြင့် စစ်ဆေးနေရသည်မှာ အလွန်နှေးကွေးနေသည်။

သွေးစွန်းဒင်္ဂါး ကိစ္စက အခုလောက်အထိ အရှိန်မပြင်းသေးဘဲ အသက်ဓာတ်ကို တဖြည်းဖြည်း စုပ်ယူနေရုံသာဆိုလျှင် တော်သေးသည်၊ သို့သော် နောက်ကွယ်က မိစ္ဆာက ပို၍ ပို၍ ကြမ်းတမ်းလာနေသည်။

မနေ့ညကတင် လူ ၅ ဦး သေခဲ့ရပြီ၊ လူ့အသက်မှာ မြက်ပင်လေးတစ်ပင်ကဲ့သို့ပင်။

ဝေမြို့သူ ဝေမြို့သားများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်၊ ဤခံစားချက်မှာ အလွန်ပင် ဖိနှိပ်မှုကြီးလှသည်၊ မည်သူမျှ ကိုယ့်အသက်သည် ယနေ့ညတွင် သေဆုံးမည်လား မသိနိုင်ကြပေ။

လက်ကလေးများ အနည်းငယ် ပေကျံနေသည့် မိန်းကလေးငယ်တစ်ဦးက ကြေးဒင်္ဂါး နှစ်ပြားကို လီယန်ချူ၏ ရှေ့သို့ ချလိုက်သည်၊ လီယန်ချူ၏ စိတ်ထဲတွင် ရုတ်တရက် နူးညံ့သွားမိသည်။

"နောက်ထပ် ဘဝဆိုးလှတဲ့ ကလေးလေးတစ်ယောက်ပါလား"

လီယန်ချူက ထိုကြေးဒင်္ဂါးများကို ကြည့်လိုက်သောအခါ တစ်ပြားပေါ်တွင် သွေးစွန်းနေသည်ကို တွေ့လိုက်ရသည်။

သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ခဏမျှ ဖြတ်ပြေးသွားသည်။

အကယ်၍သာ ယခု မစစ်ဆေးမိလျှင် ဤမိန်းကလေးငယ်သည် ယနေ့ညတွင် သေဆုံးသွားနိုင်ချေ ရှိသည်။

သူက ထိုဒင်္ဂါးကို အကောင်းစားဒင်္ဂါးဖြင့် လဲပေးလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

လောကကြီးက ထိုသို့ဖြစ်နေသည်၊ လူတစ်ယောက်အနေဖြင့် လုပ်ဆောင်နိုင်သော အရာမှာ အလွန်ပင် နည်းပါးလှသည်။

နေဝင်ပြီးနောက် ညမထွက်ရအမိန့် သည် ချန်နိုင်ငံ ၏ ဥပဒေဖြစ်သလို၊ မသမာသူများ ညမှောင်စဉ် ဒုက္ခမပေးနိုင်အောင် တားဆီးထားခြင်းလည်း ဖြစ်သည်။

ယခုအခါ သွေးစွန်းဒင်္ဂါးကြောင့် လူများသေဆုံးနေသော်လည်း အစိုးရက ညမထွက်ရအမိန့်ကို မရုပ်သိမ်းသေးပေ။

မဟုတ်လျှင် မသမာသူများကြောင့် ဖြစ်လာမည့် အန္တရာယ်သည် သွေးစွန်းဒင်္ဂါးထက်ပင် ပိုကြီးမားသွားနိုင်သည်။

ဤရက်ပိုင်းအတွင်း သူ သတိထားမိသည်မှာ သွေးစွန်းဒင်္ဂါးများ ပျံ့နှံ့ပုံမှာ ပုံသေမရှိခြင်းပင်။

အချို့အိမ်တွင် ၃ ပြား ၅ ပြား ရှိနေသော်လည်း၊ အချို့အိမ်တွင် တစ်ပြားမျှ မရှိကြပေ။

လီယန်ချူ စိတ်ထဲတွင် ရုတ်တရက် အကြံတစ်ခု ရလိုက်သည်၊ သူ၏ တာအိုကျောင်းရှိ ခုတင်အောက်မှ အဆောင်စာရွက်များကို သွားယူရန် လူလွှတ်လိုက်သည်။

ထို့နောက် အစောင့်အကြပ်များကို ထိုအဆောင်စာရွက်များကို ကိုင်ခိုင်းပြီး သွေးစွန်းဒင်္ဂါးများကို စစ်ဆေးခိုင်းလိုက်သည်။

ဤရဲမက်များမှာ သာမန်လူသားများ ဖြစ်သဖြင့် သွေးစွန်းဒင်္ဂါးကို မမြင်နိုင်ကြသော်လည်း၊ အဆောင်စာရွက်များကမူ သွေးစွန်းဒင်္ဂါးကို ခွဲခြားနိုင်စွမ်း ရှိသည်။

မူလက သူသည် သွေးစွန်းဒင်္ဂါးပေါ်က မိစ္ဆာအငွေ့အသက်ကို ဖျက်ဆီးပစ်ရန်သာ စိတ်ရောက်နေသဖြင့် ဤအချက်ကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒီရက်ပိုင်းအတွင်း ကိစ္စများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေသဖြင့် သူ ချက်ချင်း စဉ်းစားမမိခဲ့ပေ။

သူ၏ အခန်းထဲတွင် အဆောင်စာရွက်များစွာ ရှိနေသဖြင့် ထိုနည်းလမ်းသည် စစ်ဆေးမှုနှုန်းကို အကြီးအကျယ် မြန်ဆန်စေမည် ဖြစ်သည်။

ပိုင်ဟုန်းထူ ထိုအကြောင်းကို ကြားသောအခါ မျက်လုံးများ ဝင်းလက်သွားပြီး ဝမ်းသာအားရ ပြောလိုက်သည်

"ဒီနည်းလမ်းက တကယ့်ကို ကောင်းတယ်"

သူလည်း အစောပိုင်းက ဒီအချက်ကို မတွေးမိခဲ့ပေ။

ထို့ကြောင့်

အစိုးရရုံးက လီယန်ချူ၏ အဆောင်စာရွက်များကို ယူဆောင်လာပြီး၊ ရဲမက် ၁၀ ဦးကို ထိုအဆောင်များ ကိုင်ခိုင်းကာ ပြည်သူများ၏ ကြေးဒင်္ဂါးများကို စစ်ဆေးခိုင်းလိုက်သည်။

စစ်ဆေးမှုနှုန်းမှာ ချက်ချင်းပင် မြန်ဆန်လာတော့သည်။

လီယန်ချူက ပြောသည်

"အရာရှိဝမ်၊ ဒါတောင် နှေးနေသေးတယ်၊ နောက်ထပ် ညီအစ်ကိုတွေကိုပါ အဆောင်တွေ ကိုင်ခိုင်းပြီး စစ်ဆေးခိုင်းလိုက်ပါ"

အရာရှိဝမ်က ခေါင်းညိတ်လိုက်သည်

"ကောင်းပါပြီ၊ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"

ထိုသို့ဖြင့် ညရောက်သောအခါ ထိုနေရာသို့ လာရောက်သူများ၏ ကြေးဒင်္ဂါးအားလုံးကို စစ်ဆေးပြီးစီးသွားခဲ့သည်။

လီယန်ချူတို့ တစ်ဖွဲ့လုံးမှာ တစ်နေ့လုံး ထမင်းမေ့ ဟင်းမေ့ လုပ်ဆောင်ခဲ့ကြသော်လည်း၊ ရလဒ်မှာလည်း အံ့မခန်းပင်။

ပုံမှန်ဆိုလျှင် တစ်နေ့လုံးမှ ၃ ရာ၊ ၄ ရာ ခန့်သာ စစ်ဆေးနိုင်သော်လည်း၊ ယနေ့တွင်မူ သွေးစွန်းဒင်္ဂါးပေါင်း ၂၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်

လီယန်ချူ၏ အဆောင်စာရွက်များမှာ အလွန်ပင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

နောက်ဆုံးလူ၏ ကြေးဒင်္ဂါးကို စစ်ဆေးပြီးသွားသောအခါ၊ ထိုနေရာရှိ ပြည်သူများကြားမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

လူအများအပြားမှာ မပြန်ကြသေးဘဲ ထိုနေရာတွင် ဝိုင်းအုံကြည့်ရှုနေကြခြင်း ဖြစ်သည်။

ထိုဝေမြို့သူ ဝေမြို့သားများသည် လီယန်ချူ၊ ပိုင်ဟုန်းထူနှင့် ရဲမက်အားလုံးကို ကြည့်ကာ၊ တိုက်ရိုက်ပင် ဒူးထောက်ချလိုက်ကြတော့သည်

ကျေးဇူးတင်စကားသံများမှာလည်း မပြတ်မကွက် ထွက်ပေါ်နေတော့သည်။

ပိုင်ဟုန်းထူမှာ အလွန်ပင် စိတ်လှုပ်ရှားသွားမိသည်၊ မရေမတွက်နိုင်သော ပြည်သူများမှာ အဆုံးမရှိအောင် ပြည့်နှက်နေပြီး ယခုအခါ အားလုံးမှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်မှာ အလွန်ပင် ခမ်းနားလှသည်။

ရဲမက်များနှင့် ဖမ်းဆီးရေးမှူးများမှာလည်း မျက်ဝန်းများ နီမြန်းနေကြသည်၊ သူတို့မှာ အစိုးရဝန်ထမ်းများ ဖြစ်ကြသော်လည်း ပုံမှန်အားဖြင့် ပြည်သူများ၏ ထိုမျှလောက်အထိ လေးစားမှုကို မရရှိဖူးကြပေ။

ယခုအခါ လီယန်ချူ၏ ဘေးတွင် ရပ်နေရင်းဖြင့် ဤပြည်သူတို့၏ မေတ္တာနှင့် ယုံကြည်မှုကို သူတို့ ခံစားနေရသည်။

သူတို့၏ စိတ်ထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အရာအချို့၊ စိတ်ဓာတ်အချို့မှာ ရုတ်တရက် ပြန်လည် နိုးထလာသလို ခံစားလိုက်ရသည်။

လီယန်ချူသည်လည်း သက်ပြင်းအကြိမ်ကြိမ် ချမိသည်၊ မြို့လုံးကျွတ် ပြည်သူများကို ကြည့်ရင်း အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်နေတော့သည်။

All Chapters