← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁) - ကိုယ်ပွားများ

ချင်းယီဘုရားကျောင်းအတွင်း၌ လေထုမှာ အနည်းငယ် ထူးဆန်းနေသည်။

လီယန်ချူသည် နည်းလမ်းမျိုးစုံ ပြောင်းလဲနိုင်စွမ်းရှိသော ထိုအမျိုးသမီးမှာ ၁၂ နှစ်၊ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ပြင် ပိုင်ဟုန်းထူနှင့်လည်း အတော်လေး ပတ်သက်မှုရှိနေသည်။

လီယန်ချူက မျက်မှောင်ကြုတ်ကာ

"တကယ်တမ်း ဘာတွေဖြစ်နေတာလဲ"

ပိုင်ဟုန်းထူက လင်းစု ဟု ခေါ်ဆိုသည့် မိန်းကလေးငယ်က ပြုံးလျက်

"ကျွန်မ ခုနကပြောတာတွေက အမှန်တွေပါ တကယ်လည်း တာအိုဆရာ လီယန်ချူကို ကူညီပေးဖို့ တောင်းဆိုချင်တာပါ"

ပိုင်ဟုန်းထူက သက်ပြင်းချကာ

"လင်းစု... နင် ဘယ်လိုလုပ် ဒီလိုနည်းလမ်းတွေကို တတ်နေရတာလဲ "

ရွှီလင်းစုက မျက်တောင်လေး ခတ်လိုက်ပြီး အသံချိုချိုလေးဖြင့်

"ဒါကတော့ ပညာရှင်ကြီးတစ်ဦးက သင်ပေးထားတာပေါ့၊ ဟုန်းထူကိုကို မှာပဲ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ရှိရမှာလား ကျွန်မမှာရော ရှိလို့မရဘူးလား "

ပိုင်ဟုန်းထူက

"ဘာလို့ ငါ့ကို တိုက်ရိုက်မပြောဘဲ ပုံစံတွေ ပြောင်းနေရတာလဲ"

ရွှီလင်းစုက အနားသို့ လျှောက်လာပြီး ပိုင်ဟုန်းထူ၏ လက်မောင်းကို ဖက်တွယ်လိုက်သည်။

လိမ္မာယဉ်ကျေးသော ညီမလေးတစ်ဦးအလား ချွဲနွဲ့စွာဖြင့်

"ဟုန်းထူကိုကိုက ကချေသည်ခန်းမတွေမှာ သီချင်းနားထောင်ရတာ ဝါသနာပါတာဆိုတော့၊ ကျွန်မကလည်း အပျော်သဘောနဲ့ နောက်ပြောင်လိုက်တာပါ"

လီယန်ချူ ကြောင်သွားသည်၊ မူလက ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသော အနီရောင်ဝတ် သတို့သမီးမှာ ရုတ်တရက်ဆိုသလို အပြစ်ကင်းစင်သော မိန်းကလေးငယ်လေးအဖြစ် ပြောင်းလဲသွားသည်။

ဤအပြောင်းအလဲမှာ မြန်ဆန်လွန်းလှသည်။

မိစ္ဆာမလေး...

လီယန်ချူ၏ စိတ်ထဲတွင် ဤအတွေး ရုတ်တရက် ဝင်လာသည်။

"ပိုင်ဟုန်းထူ ဒီမိန်းကလေးကို ယုံလို့ရရဲ့လား သူများရဲ့ လှည့်ကွက်ထဲ မိမနေအောင် သတိထားဦး"

ဟု လီယန်ချူက မသိမသာ ပြောလိုက်သည်။

ရွှီလင်းစုက တခိခိ ရယ်မောကာ

"တာအိုဆရာ လီယန်ချူ ပြောတာလည်း အကျိုးအကြောင်း ရှိပါတယ် ဟုန်းထူကိုကို... ရှင် ကျွန်မကို ယုံလား"

ပိုင်ဟုန်းထူမှာ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ပေ၊ လက်မောင်းကို အဖက်ခံထားရသော်လည်း သူ မရုန်းကန်ခဲ့ပါ။

"ရပါတယ်၊ သူမကိုတော့ ငါမှတ်မိတယ်၊ ပြီးတော့ သူမက ငါ့ကို ဒုက္ခပေးမယ့်သူ မဟုတ်ပါဘူး"

ဟု ပိုင်ဟုန်းထူက ခေါင်းညိတ် ပြောဆိုသည်။

လီယန်ချူ မျက်ခုံးပင့်လိုက်သည်၊ ပိုင်ဟုန်းထူ၏ စကားထဲမှ အချက်အလက်များစွာကို သူ သတိပြုမိလိုက်သည်။

ပိုင်ဟုန်းထူ က ဒီမိန်းကလေးကို တော်တော်ယုံကြည်ပုံရတယ်၊ ပြီးတော့ အရမ်းလည်း ရင်းနှီးနေတာပဲ

လီယန်ချူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ ရွှီလင်းစုနှင့် ပိုင်ဟုန်းထူတို့ဘက်သို့ မျက်နှာမူပြီး ပြုံးလျက်

"ကိုယ့်လူတွေပဲဆိုတော့လည်း ပြောရဆိုရ လွယ်သွားတာပေါ့"

"ခုနကတော့ ပြစ်မှားမိတာတွေ ရှိသွားတယ်"

ရွှီလင်းစုက

"ဒါပေမဲ့... တာအိုဆရာက ကျွန်မကို ဓားနဲ့ခုတ်ဖို့ ပြင်နေတုန်းပဲ"

လီယန်ချူက ပြုံးလျက်

"ဘယ်ကသာ မင်းက ပိုင်ဟုန်းထူရဲ့ ညီမလေးပဲ ငါ့ညီမလေးပဲပေါ့၊ ငါက ဘယ်လိုလုပ် ဓားနဲ့ခုတ်မှာလဲ"

ရွှီလင်းစုက ဝမ်းနည်းဟန်ဖြင့်

"ဒါပေမဲ့ ရှင့်မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်တွေ ရှိနေတယ်၊ အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်နေတာ သိသာတယ်"

ရွှီလင်းစု၏ မျက်ဝန်းလေးများ နီမြန်းလာကာ

"ဟုတ်ပါတယ်၊ ဒါတွေအားလုံးက ကျွန်မအမှားပါ၊ ခုနက တာအိုဆရာကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိလို့ တာအိုဆရာက ဒီလောက်ထိ သတိထားနေရတာ"

"ပြီးတော့... ကျွန်မက သူ့ညီမ မဟုတ်ဘူး၊ ကျွန်မက ဟုန်းထူကိုကိုရဲ့ လက်မထပ်ရသေးတဲ့ ဇနီးလောင်းပါ"

ကြည်လင်အေးမြပြီး အနှိုင်းမဲ့လှပသော မိန်းကလေးငယ်လေးမှာ ငိုတော့မယောင် ဖြစ်နေပြီး နုနယ်အားနည်းသော ပုံစံလေး ပေါ်ပေါက်နေသည်။

မည်သူမဆို မြင်လျှင် သနားဂရုဏာ သက်မိစေမည့် ပုံစံမျိုးဖြစ်သည်။

ဒါ...ဟန်ဆောင်ကောင်းတဲ့မိန်းကလေး ပုံစံမျိုး ခံစားနေရတယ်... လီယန်ချူသည် ထိုလိမ္မာယဉ်ကျေးလှသော မိန်းကလေးငယ်ကို အကဲခတ်နေမိသည်။

ပိုင်ဟုန်းထူက ကြားထဲမှ ဝင်ဖျန်ဖြေပေးသည်

"လီယန်ချူကလည်း တမင်လုပ်တာ မဟုတ်ပါဘူး ခုနက မင်းပေးတဲ့ ခံစားချက်က တကယ်ပဲ ကြောက်စရာကောင်းနေလို့ပါ ကိစ္စရှိရင် တိုက်ရိုက်ပြောလို့ ရတာပဲကို"

ရွှီလင်းစုက တိုးတိုးလေး

"ဒါတွေအားလုံး ကျွန်မအမှားပါ"

လီယန်ချူ အနည်းငယ် အံ့သြသွားသည်၊ ဒါ ၁၂-၁၃ နှစ်ပဲ ရှိသေးတာလေ။

ပိုင်ဟုန်းထူက ရွှီလင်းစုကို နူးညံ့စွာ ချော့မြှူလိုက်ရာ မကြာခင်မှာပင် ရွှီလင်းစု၏ မျက်နှာထက်၌ ချိုသာသော အပြုံးလေး ပြန်လည်ပေါ်ပေါက်လာသည်။

ပိုင်ဟုန်းထူ မိတ်ဆက်ပေးသည့်အခါတွင်တော့ ထိုမိန်းကလေး၏ အမည်မှာ ရွှီလင်းစု ဖြစ်ပြီး၊ ပိုင်မိသားစုနှင့် မိသားစုချင်း ရင်းနှီးသော ရွှီမိသားစုမှ သမီးပျိုလေးဖြစ်ကြောင်းသာ ပြောခဲ့သည်။

ငယ်စဉ်ကတည်းက စေ့စပ်ထားခဲ့ကြသည်မှာ အမှန်ပင်၊ သို့သော် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် စေ့စပ်မှုကို ဖျက်သိမ်းခဲ့ကြသည်။

သူကတော့ ရွှီလင်းစုကို ညီမလေးတစ်ယောက်လိုသာ အမြဲသတ်မှတ်ထားခြင်း ဖြစ်သည်။

လီယန်ချူက ပြုံးလိုက်ပြီး ထပ်မံ၍ အတင်းအကျပ် မမေးတော့ပေ။

ပိုင်ဟုန်းထူ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်နိုင်သည်။

လီယန်ချူသည် ကျန်ကျောင်းဓားကို ဓားအိမ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ထည့်လိုက်ပြီး ရွှီလင်းစုကို အကဲခတ်ကာ မေးလိုက်သည်

"မင်းနဲ့ ချင်းယီမယ်တော်က ဘယ်လိုပတ်သက်တာလဲ၊ ဝေမြို့ထဲက သွေးစွန်းဒင်္ဂါးတွေက ချင်းယီမယ်တော်နဲ့ ဆက်စပ်နေတာလား"

ရွှီလင်းစုက သူမ၏ တောက်ပသော မျက်ဝန်းလေးများကို ခတ်လိုက်ပြီး ချွဲနွဲ့စွာ

"ကျွန်မနဲ့ ချင်းယီမယ်တော်နဲ့ ဘာမှမပတ်သက်ပါဘူး ဒါပေမဲ့ သွေးစွန်းဒင်္ဂါးတွေကတော့ ချင်းယီမယ်တော်နဲ့ တကယ်ပတ်သက်တယ် အဲဒါက ပေါက်ကြားလာတဲ့ မိစ္ဆာစိတ် တွေက သုံးလိုက်တဲ့ နည်းလမ်းပဲ ဝေမြို့က ဒင်္ဂါးတချို့ကို လွှမ်းမိုးပြီး လူတွေရဲ့ ဝိညာဉ်သုံးပါးနဲ့ လိပ်ပြာခုနစ်ပါး ကို စုပ်ယူကာ နတ်ဘုရားစိတ် ကို ဖိနှိပ်ဖို့ ကြိုးစားတာ"

လီယန်ချူက ထပ်မံမေးမြန်းသည်

"အခု သွေးစွန်းဒင်္ဂါးအန္တရာယ်က ပြေလည်သွားပြီလား ဝေမြို့မှာ သွေးစွန်းဒင်္ဂါးကြောင့် အသက်ဆုံးရှုံးရတာမျိုး ထပ်ရှိဦးမှာလား "

ထိုရွှီလင်းစုမှာ နုနယ်လိမ္မာပြီး အပြစ်ကင်းပုံရသော်လည်း လီယန်ချူကတော့ ထိုသို့ လုံးဝမထင်ပေ။

သူမ၏ နည်းလမ်းများမှာ အလွန် ထူးဆန်းနက်နဲလှသည်၊ သူမသည် အနီရောင်ဝတ်သတို့သမီးကို သုံးပြီး သူ့ကို လှည့်စားခဲ့သည့် နောက်ကွယ်က လက်မည်းကြီး မဟုတ်ပါလား။

စက္ကူလှေပေါ်က ကော်ချိုက်ယွင် ဇနီးမောင်နှံ၊ မင်္ဂလာခန်းဆောင်ထဲက အနီရောင်ဝတ်သတို့သမီး၊ ပြီးတော့ ဝါဂွမ်းရောင်ဝတ် အမျိုးသမီး။

လီယန်ချူ မြင်တွေ့ခဲ့ရသည့် သူမ၏ ကိုယ်ပွား တင် ၃ ခု ရှိနေပြီ။

တကယ့်ကို မိစ္ဆာမလေး တစ်ယောက်ပင်။

ရွှီလင်းစုသည် ပိုင်ဟုန်းထူကို ဖက်တွယ်ထားဆဲဖြစ်ကာ အလွန်လိမ္မာသော ပုံစံဖြင့် ခေါင်းခါပြသည်

"မိစ္ဆာစိတ်နဲ့ နတ်ဘုရားစိတ်တို့ အားပြိုင်နေကြတာဆိုတော့ တိတ်တဆိတ် ဒီလိုနည်းလမ်း သုံးနိုင်တာကပဲ အကန့်အသတ် ရှိနေပါပြီ၊ ပြီးတော့ သွေးစွန်းဒင်္ဂါးရဲ့ အစီအမံက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ မူလစွမ်းအင် တွေ ထိခိုက်သွားပြီ"

"ခေတ္တခဏအတွင်းမှာတော့ သွေးစွန်းဒင်္ဂါးတွေ ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး"

လီယန်ချူက ခေါင်းညိတ်လိုက်သည်

"ချင်းယီမယ်တော်ရဲ့ မိစ္ဆာစိတ်ကို ဖယ်ရှားပေးဖို့ နည်းလမ်း ရှိလား "

ရွှီလင်းစုက သူ့ကို တစ်ချက်ကြည့်လိုက်သည်

"တာအိုဆရာ လီယန်ချူက ကူညီပေးချင်လို့လား"

"သေချာတာပေါ့၊ မိစ္ဆာစိတ်ကို မဖယ်ရှားရင် နောက်ထပ် ဘာပြဿနာတွေ တက်လာဦးမလဲ မသိနိုင်ဘူး"

ဟု လီယန်ချူက လေးနက်စွာ ပြောသည်။

ပိုင်ဟုန်းထူက ကြားထဲမှ

"ငါလည်း ကူညီပေးနိုင်တယ်"

ရွှီလင်းစုက ခေါင်းခါကာ နူးညံ့စွာ

"ဒီကိစ္စကို တာအိုဆရာ လီယန်ချူ တစ်ယောက်တည်းပဲ လုပ်လို့ရမယ် သူ့ရဲ့ ဇာတာကံ က ထူးခြားတယ် ဒီကံကြမ္မာအကျိုးဆက် ကို သူပဲ ခံနိုင်ရည်ရှိတယ်"

"ဟုန်းထူကိုကိုက မွေးရာပါ မြင့်မြတ်တဲ့သူ ဖြစ်ပြီး အနာဂတ်က အလွန်တောက်ပတယ် ဒါပေမဲ့ ဒီကိစ္စကို လုပ်ဖို့တော့ မသင့်တော်ဘူး"

ရွှီလင်းစု၏ စကားကြောင့် လူငယ်နှစ်ဦးလုံး တိတ်ဆိတ်သွားကြသည်။

ပိုင်ဟုန်းထူက တစ်ခုခုကို တွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

လီယန်ချူကတော့ မျက်လုံးလေး မှေးလိုက်ပြီး စိတ်ထဲမှ ချီးကျူးမိသည်

ကြည့်စမ်း... ဘယ်လောက်တောင် လူကို ချော့မြှူတတ်တဲ့ မိန်းကလေးလဲ။

"ဘယ်တော့ စလုပ်မလဲ"

လီယန်ချူက မေးသည်။

ရွှီလင်းစုက

"အချိန်ကျရင် ကျွန်မ တာအိုဆရာကို လာခေါ်ပါ့မယ်၊ ကောင်းကင်လျှို့ဝှက်ချက်တွေက ထပ်နေတာမို့ အတိအကျ ပြောပြလို့ မရဘူး ပြောပြလိုက်ရင် အစီအစဉ်တွေ ပျက်သွားနိုင်တယ်"

လီယန်ချူ ခေါင်းညိတ်လိုက်သည်။

စိတ်ထဲတွင်တော့ အံ့သြနေမိသည်၊ ဤမိန်းကလေးမှာ ကြည့်လေလေ မရိုးရှင်းလေလေပင်။

ထိုညတွင်

လီယန်ချူသည် ရွှီလင်းစုထံမှ အချက်အလက်များစွာ သိရှိခဲ့ရပြီး သူ၏ ယခင်အတွေးအမြင်အချို့ကိုလည်း အတည်ပြုနိုင်ခဲ့သည်။

ရွှီလင်းစု၏ နောက်ခံကို သိချင်နေသေးသော်လည်း လီယန်ချူသည် ပိုင်ဟုန်းထူကို အတင်းအကျပ် မမေးခဲ့ပေ။

သူငယ်ချင်းချင်း ဆိုသော်လည်း သူတစ်ပါး၏ လျှို့ဝှက်ချက်ကို အတင်းမစုံစမ်းသင့်ပေ၊ ပိုင်ဟုန်းထူမှာလည်း ပြောရခက်နေသည့် ပုံစံမျိုး ဖြစ်နေသည်။

ချန်နိုင်ငံ၏ ဓလေ့ထုံးတမ်းအရ သူမ၏ အသက်အရွယ်နှင့် အိမ်ထောင်ပြုကြသူများလည်း အများကြီး ရှိပါသည်။

လီယန်ချူ၏ အမြင်တွင် မိစ္ဆာမလေးဟု ထင်ရသော ရွှီလင်းစုသည် သူတို့နှင့်အတူ ပြန်မလိုက်လာခဲ့ပေ။

သူမသည် ဝေမြို့၏ ညမှောင်မှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

ပိုင်ဟုန်းထူမှာ တစ်လမ်းလုံး စိတ်မအေးနိုင်ဘဲ စကားတစ်လုံးမျှ မပြောခဲ့ပါ။

တာအိုကျောင်းတံခါးဝသို့ ရောက်သည့်အခါ ပိုင်ဟုန်းထူက ရုတ်တရက် မေးလိုက်သည်

"မင်း ဘာလို့ ငါနဲ့ လင်းစု ကိစ္စကို ဘာမှမမေးတာလဲ "

လီယန်ချူသည် တည်ငြိမ်အေးဆေးပြီး ပြတ်သားသူဖြစ်ကြောင်း သူသိသည်၊ ဤကဲ့သို့ သိသိသာသာ နောက်ခံမရှင်းသော လူမျိုးနှင့် ပတ်သက်လျှင် စိတ်မဝင်စားဘဲ မနေနိုင်ပေ။

သူပြောပြခဲ့သော အကြောင်းပြချက်များကိုလည်း လီယန်ချူ သေချာပေါက် သံသယရှိမှာပင်။

ဒါကို သူက ဘာလို့ ဒီလောက်တောင် ယုံကြည်ပေးနေရတာလဲ

လီယန်ချူက ခပ်ဖွဖွ ရယ်မောကာ

"အဲဒါက မင်းရဲ့ ဇနီးလောင်းလေ၊ ငါက ဘာကိစ္စ သူများဇနီးအကြောင်း လိုက်စုံစမ်းနေရမှာလဲ "

"..."

ပိုင်ဟုန်းထူ ကြောင်သွားပြီး စိတ်ထဲမှ ဖြစ်ပေါ်လာသော အနည်းငယ်သော ကျေးဇူးတင်စိတ်များမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"ငါပြောပြီးပြီလေ၊ အဲဒါ ငါ့ညီမလေးပါဆို"

ဟု ပိုင်ဟုန်းထူက ပြန်လည်ပြင်ပေးသည်။

လီယန်ချူက ရယ်လျက်

"အေးပါ... ငါသိပါပြီ အဲဒါ မင်းရဲ့ ဇနီးလောင်းပါ"

ပိုင်ဟုန်းထူ

"......."

အခန်း (၈၂) - ပါးရှခုန်းကျောက်ရုပ်တုနှင့် ကျန်းကတော်

"နောင်တစ်ချိန်ကျရင် ငါက အင်္ကျီအပြာဝတ်၊ ဓားတစ်လက်နဲ့ လောကအနှံ့ လှည့်လည်သွားလာဦးမှာ၊ အိမ်ထောင်ပြုဖို့ကိစ္စကို ထည့်မစဉ်းစားသေးဘူး၊ လင်းစုကို ဇနီးအဖြစ် ယူဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေးတယ်"

ဟု ပိုင်ဟုန်းထူက ဆိုသည်။

လီယန်ချူက ဖြည်းညှင်းစွာ ပြောလိုက်သည်

"ငါ ငယ်ငယ်တုန်းကတော့ ငါကိုယ်တိုင်က လေညင်းတစ်ချက်လို့ ထင်ခဲ့ဖူးတယ်၊ လေတိုက်တဲ့ဘက်ကို မြက်ပင်လေးတွေက ယိမ်းနွဲ့သွားကြတာမျိုးပေါ့"

သူ၏အသံမှာ အနည်းငယ် ရင့်ကျက်တည်ငြိမ်နေပြီး မျက်ဝန်းများထဲတွင်လည်း လောကဓံကို နားလည်သွားသည့် အရိပ်အယောင်များ ရှိနေကာ ကြည့်ရသည်မှာ ဇာတ်လမ်းရှိသော အမျိုးသားတစ်ဦးနှင့် တူလှသည်။

ပိုင်ဟုန်းထူမှာ ရုတ်တရက် ကြောင်သွားပြီး မေးလိုက်သည်

"အခုရော "

လီယန်ချူက သူ့ကို တစ်ချက်ကြည့်ကာ

"အခုတော့... ငါ အရမ်းအိပ်ချင်နေပြီ၊ အိပ်တော့မယ် မနက်ဖြန်မှ တွေ့ကြတာပေါ့"

ပြောပြီးသည်နှင့် သူက အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

ပိုင်ဟုန်းထူ တစ်ယောက်တည်း လေထဲတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။

နောက်တစ်နေ့

လီယန်ချူသည် ကျောင်းဝင်းထဲတွင် လန်းဆန်းတက်ကြွစွာဖြင့် သိုင်းကျင့်နေသည်။

သူ၏ လှုပ်ရှားမှုများမှာ ကျယ်ပြောပြတ်သားပြီး ကိုယ်ဟန်မှာလည်း ဖျတ်လတ်ဖျတ်လပ် ရှိလှသည်။

လက်သီးလက်ဖဝါးများထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပါဝင်နေကာ လှုပ်ရှားလိုက်တိုင်း အရိုးအဆစ်များ မြည်ဟည်းပြီး လေတိုးသံများပင် ထွက်ပေါ်နေသည်။

သူ၏ နဖူးထက်တွင် ချွေးစက်များ ထွက်ပေါ်နေကာ ခန္ဓာကိုယ်အတွင်းရှိ သွေးသားစွမ်းအင် များမှာလည်း လျင်မြန်စွာ လည်ပတ်လျက် ပိုမိုတောင့်တင်းလာသည်။

ထျန်းကန်းလက်ဝါး ကို သူက ပထမတန်းစား သိုင်းပညာအဖြစ် အဆင့်မြှင့်တင် ထားသည့်အတွက် အကွက်များမှာ ပိုမိုနက်နဲလာရုံသာမက အစွမ်းလည်း ကြီးမားလာသည်။

အရိုးအဆစ်နှင့် ကြွက်သားများ သန်မာလာမှုမှာလည်း အဆင့်တစ်ခုသို့ ရောက်ရှိသွားကာ သိသာထင်ရှားသော ပြောင်းလဲမှုမှာ လီယန်ချူ၏ ခွန်အားများ ပိုမိုကြီးမားလာခြင်းပင် ဖြစ်သည်။

လက်ဝါးတစ်ချက်ကို ခပ်ဖွဖွ ရိုက်လိုက်ရုံဖြင့် အရှိန်အဝါမှာ ကြောက်စရာကောင်းလှပြီး လေထုကိုပင် တိုးဝှေ့သွားစေသည်။

ကျင့်စဉ်မှတ်တမ်းထဲတွင် ပါရှိသည့်အတိုင်း ကျင့်ကြံမှု အောင်မြင်ပါက နဂါးနှင့် ဆင်၏ ခွန်အား ကို ပိုင်ဆိုင်နိုင်မည်ဆိုသည်မှာ တကယ့်ကို အစွမ်းထက်လှသည်။

ခန္ဓာကိုယ်၊ အရိုးအဆစ်၊ သွေးသားစွမ်းအင်နှင့် ခွန်အားများ ပိုမိုတောင့်တင်းလာသည့် ခံစားချက်ကို လီယန်ချူ အလွန်စွဲလန်းမိသည်။

ကျင့်ကြံမှု တစ်ကြိမ်လုပ်တိုင်း ခွန်အားက အနည်းငယ် ပိုတိုးလာသည်ဟု ခံစားရကာ ကျင့်လေလေ စိတ်ပါလေလေပင်။

ဝေမြို့ထဲတွင် ရုတ်တရက် ပေါ်လာသော ဝတ်ရုံနက်နှင့် အဘိုးကြီး၊ ရှေးဟောင်း ကျောက်စိမ်းကွဲ၊ ပန်းချီအတတ် ကျွမ်းကျင်ပြီး အမှန်တရားများကို သိမြင်နေပုံရသော မိန်းကလေး၊ ချင်းယီမယ်တော် မိစ္ဆာဝင်ခြင်းနှင့် ချိကဲဘက်လမ်းစဉ်၏ အကြွင်းအကျန်များ။

ဤအကြောင်းအရာများ အားလုံးက လီယန်ချူအား သိသိသာသာ ဖိအားများ ပေးနေသည်။

သူ့ကို အနားမယူရဲအောင် တွန်းအားပေးနေပြီး မိမိကိုယ်ကို ပိုမိုတိုးတက်အောင် ကြိုးစားစေသည်။

တာအိုပညာဖြစ်စေ၊ သိုင်းပညာဖြစ်စေ၊ နည်းလမ်းမျိုးစုံဖြင့် မိမိ၏ အစွမ်းကို မြှင့်တင်ရမည်။

လီယန်ချူ အတတ်ပြောနိုင်သည်မှာ နောင်တစ်ချိန် ဝေမြို့တွင် လှိုင်းလေများ ထန်လာတော့မည်ဖြစ်ကာ ယခုဖြစ်ပျက်နေသည်များမှာ နိမိတ်လက္ခဏာများသာ ဖြစ်သည်။

ကြီးမားသော ကိစ္စများပင် မဟုတ်သေးပေ။

ထို့ကြောင့် ကြိုးစားကျင့်ကြံရန် လိုအပ်သည်။

လီယန်ချူ၏ အတွေးကို အတည်ပြုပေးလိုက်သလိုပင် ယနေ့ ဝေမြို့မှာ ထူးထူးခြားခြား စည်ကားနေသည်

သာမန်အရပ်သားများဖြစ်စေ၊ လောကီလူသားများဖြစ်စေ၊ ပညာရှိများနှင့် သူဌေးများပါမကျန် မြို့ပြင်သို့ စုပြုံထွက်ခွာနေကြသည်။

လီယန်ချူသည် ကျောင်းထဲတွင် ဆူညံသံများ ကြားရသဖြင့် ကျင့်ကြံမှုကို ရပ်တန့်ကာ တံခါးကိုဖွင့်ပြီး အပြင်သို့ ကြည့်လိုက်သည်။

လမ်းမပေါ်ရှိ လူများမှာ အလောတကြီးဖြင့် တစ်စုံတစ်ရာကို သွားကြည့်ကြသည့်အလား မြို့ပြင်သို့ ပြေးလွှားနေကြသည်။

"ဘာတွေဖြစ်နေတာလဲ"

ပိုင်ဟုန်းထူ၏ အသံက နောက်ကွယ်မှ ထွက်ပေါ်လာသည်။

လီယန်ချူက လှည့်ကြည့်ကာ ပြုံးလျက်

"မင်း ဒီနေ့ အခန်းထဲက ထွက်မလာဘဲ အိပ်နေမယ် ထင်နေတာ"

ပိုင်ဟုန်းထူက

"ငါက နောက်ထပ် ဖြစ်လာမယ့် ဝေမြို့ရဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ဖို့ အခန်းထဲမှာ အပိတ်ခံကျင့်ကြံနေတာပါ"

သူသည် အလွန်ထက်မြက်သူဖြစ်ရာ လီယန်ချူကဲ့သို့ပင် တစ်ခုခုလွဲနေသည်ကို ကြိုတင်ခံစားမိနေသည်။

လီယန်ချူက အလောတကြီး သွားနေသော လူတစ်ဦးကို တားဆီးကာ ယဉ်ကျေးစွာ မေးလိုက်သည်

"အစ်ကိုကြီး... အားလုံးက ဘယ်ကို သွားနေကြတာလဲ "

ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသော ထိုလူမှာ အတားခံရသဖြင့် စိတ်မရှည်ဖြစ်သွားသော်လည်း ကြည့်ရှုလိုသော အရာကို မြင်ချင်ဇောဖြင့် စောင့်နေခြင်း ဖြစ်သည်။

သေချာကြည့်လိုက်သောအခါ တာအိုဝတ်စုံဝတ်ထားသည့် ထောင်ထောင်မောင်းမောင်း လူငယ်လေး ဖြစ်နေသည်။

"အော်... တာအိုဆရာ လီယန်ချူပဲ"

ထိုလူ၏ လေသံမှာ ချက်ချင်း နူးညံ့သွားပြီး

"တာအိုဆရာ မသိသေးဘူးလား၊ မြစ်ကမ်းနားမှာ ကြီးမားတဲ့ ကျောက်ရုပ်တုကြီး တစ်ခု တွေ့တယ်လေ"

ကျောက်ရုပ်တု

လီယန်ချူ အံ့သြသွားသည်။

ပိုင်ဟုန်းထူက စိတ်ဝင်တစားဖြင့်

"သွားကြစို့၊ ငါတို့လည်း သွားကြည့်ရအောင်"

သူတို့ လူအုပ်နောက်လိုက်ပြီး မြစ်ကမ်းနားသို့ ရောက်သောအခါ ဝေးဝေးကပင် ကြီးမားလှသော ကျောက်ရုပ်တုကြီးကို လှမ်းမြင်လိုက်ရသည်။

ပုံစံမှာ လိပ်နှင့်တူကာ ခန့်ညားထည်ဝါပြီး တည်ကြည်လှသည်၊ ရှေးဟောင်းဆန်သော သမိုင်းဝင် အငွေ့အသက်များ ထွက်ပေါ်နေသည်။

အကြမ်းဖျင်း ကြည့်လိုက်လျှင်ပင် လူငါးယောက်စာ အမြင့်ရှိသည်။

ထုဆစ်ထားပုံမှာ အလွန်လက်ရာမြောက်ပြီး သက်ဝင်လှပလှရာ နောက်တစ်ခဏတွင် အသက်ဝင်လာတော့မည့်အတိုင်းပင်။

သို့သော် ထိုကျောက်ရုပ်တုပေါ်တွင် မီးလောင်ထားသော အမှတ်အသားများ ပြည့်နှက်နေကာ ခြေထောက်တစ်ဖက်လည်း ကျိုးနေသည်၊ ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲတစ်ခုကို ဖြတ်သန်းလာခဲ့သည့်အလား။

"ဟင်... ဒါက ပါးရှ မဟုတ်လား "

လီယန်ချူက အံ့သြစွာ ဆိုသည်။

"မှန်တယ်၊ ဒီထုဆစ်မှုက တကယ့်ကို နတ်ဘုရားလက်ရာပဲ၊ ဒီပါးရှကြီးက ငါ့ကို စိုက်ကြည့်နေသလိုတောင် ခံစားရတယ်"

ဟု ပိုင်ဟုန်းထူက ချီးကျူးသည်။

ပါးရှ ဆိုသည်မှာ နဂါးမှ ပေါက်ဖွားသော သားတော်ကိုးပါးအနက် တစ်ပါးဖြစ်ပြီး မင်္ဂလာရှိသော သတ္တဝါဖြစ်သည်။

၎င်းကို ပိရှိ ဟုလည်း ခေါ်ကြကာ လိပ်နှင့်တူပြီး အလေးအပင်များကို ထမ်းပိုးနိုင်စွမ်းရှိသည်။

ဘုရားကျောင်းများနှင့် ဂူဗိမာန်များစွာတွင် ကျောက်စာတိုင်များကို ထမ်းထားသည့် ပါးရှရုပ်တုများကို မြင်တွေ့ရလေ့ရှိသည်။

ဒါပေမဲ့... ဒီလောက်ကြီးတာမျိုးကိုတော့ သူတို့ ပထမဆုံး မြင်ဖူးခြင်းပင်။

အကယ်၍ ဒါကို ဘုရားကျောင်းထဲမှာ ထားမယ်ဆိုရင် အဲဒီကျောင်းက ဘယ်လောက်တောင် ကြီးမားနေမလဲ။

လီယန်ချူက ရုတ်တရက် သက်ပြင်းချကာ

"ဘာကြောင့်လဲ မသိဘူး၊ ဒီပါးရှ ကျောက်ရုပ်တုကို ကြည့်ပြီး ငါ့စိတ်ထဲမှာ ဖော်ပြမရတဲ့ ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်ပေါ်လာတယ်"

ပိုင်ဟုန်းထူကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်သည်။

မြစ်ကမ်းနားတွင် ရုတ်တရက် ကြီးမားပြီး ပျက်စီးနေသော ပါးရှကျောက်ရုပ်တု ပေါ်လာခြင်းက ဘာကို ဆိုလိုသနည်း

ကံကောင်းသည်မှာ ကျောက်ရုပ်တု ပေါ်လာပြီးနောက် ထူးဆန်းသော မိစ္ဆာကိစ္စများ မဖြစ်ပွားခဲ့ပေ။

ထိုပါးရှရုပ်တုကြီး၏ နောက်ခံသမိုင်းကို မသိရသော်လည်း မြစ်ကမ်းနားတွင် ရုတ်တရက် ပေါ်လာခြင်းမှာ အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ချင်းယီမယ်တော် ဘုရားကျောင်းပွဲတော် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် နယ်ဝေးမှ ခရီးသွားများစွာ ရှိနေကာ ဤသတင်းမှာ တစ်မြို့လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

လီယန်ချူတို့ နှစ်ဦး တာအိုကျောင်းသို့ ပြန်ရောက်သောအခါ ကျောင်းတံခါးဝတွင် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပသော အမျိုးသမီးကြီးတစ်ဦး ရပ်နေသည်ကို တွေ့ရသည်။

သူမ၏ မျက်ခုံးကြားတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုများ ရှိနေသည်။

လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ကို မြင်သောအခါ။

ထိုအမျိုးသမီးမှာ မျက်လုံးများ လင်းလက်သွားပြီး သူတို့ဆီသို့ အလောတကြီး လျှောက်လာသည်။

သူမ၏ လှုပ်ရှားမှုများကြောင့် ရင်ဘတ်ရှိ အစိတ်အပိုင်းများမှာ သိသိသာသာ လှုပ်ခတ်နေသည်။ တုန်...တုန်

"ဒါ တာအိုဆရာ လီယန်ချူ မဟုတ်လား"

ဟု အမျိုးသမီးက ဆိုသည်။

လီယန်ချူက ခေါင်းညိတ်ပြပြီး

"မင်းက ဘယ်သူလဲ"

အမျိုးသမီးမှာ မျက်ဝန်းများ နီမြန်းလာကာ လီယန်ချူ၏ လက်မောင်းကို ဆွဲကိုင်ပြီး အသနားခံလေသည်

"တာအိုဆရာရယ်... ကျွန်မကို ကယ်ပါဦး၊ ကျွန်မကို ကယ်ပါဦး"

လီယန်ချူ မျက်မှောင်ကြုတ်ကာ

"ဘာဖြစ်လို့လဲ၊ မစိုးရိမ်ပါနဲ့ အထဲဝင်ပြီး အေးအေးဆေးဆေး ပြောပါ"

သူ၏ တည်ငြိမ်အေးဆေးသော အမူအရာက အကျိုးသက်ရောက်မှု ရှိပုံရသည်။

အမျိုးသမီး၏ စိတ်များ အနည်းငယ် တည်ငြိမ်သွားပြီးနောက် သူမအိမ်မှ ကိစ္စများကို ရှင်းပြတော့သည်။

သူမ၏ ခင်ပွန်းမှာ ကျန်း မျိုးရိုးဖြစ်ပြီး ရှေးဟောင်းပစ္စည်းဆိုင် တစ်ခု ဖွင့်ထားသည်။

စီးပွားရေးမှာ အလွန်ကြီးကျယ်ခြင်း မရှိသော်လည်း အဆင်ပြေလှသည်။

သူမ၏ ခင်ပွန်းမှာ နယ်ဘက်သို့ ရှေးဟောင်းပစ္စည်းများ သွားရောက်ဝယ်ယူလေ့ရှိကာ တစ်ခါသွားလျှင် ရက်ပေါင်းများစွာ ကြာလေ့ရှိသည်။

သို့သော် ယခုတစ်ခေါက် ပြန်လာသည့်အခါတွင်တော့ သူမ၏ ခင်ပွန်းထံတွင် ထူးဆန်းသော ကိစ္စများ ဖြစ်ပေါ်လာသည်။

ညဖက်ရောက်လျှင် အလွန်အမင်း ကြောက်လန့်နေတတ်ကာ အိမ်၏ ထောင့်တိုင်းတွင် မီးထွန်းထားမှသာ နေရဲတော့သည်။

ပြီးလျှင် တစ်ယောက်တည်း စကားများပြောနေကာ

"နောက်ဆုံးတော့ အဲဒီ တစ္ဆေနေရာကနေ ထွက်လာနိုင်ပြီ၊ ငါ ထပ်မသွားချင်တော့ဘူး"

စသဖြင့် ရေရွတ်နေတတ်သည်။

လွန်ခဲ့သော နှစ်ရက်က ညသန်းခေါင်တွင် ကျန်းကတော် နိုးလာသည့်အခါ ခင်ပွန်းဖြစ်သူမှာ ဘေးတွင် မရှိဘဲ မှန်ရှေ့၌ တစ်ယောက်တည်း ရပ်နေသည်ကို တွေ့လိုက်ရသည်။

မျက်နှာမှာ ထုံထိုင်းနေပြီး မျက်လုံးများမှာလည်း အသက်မဲ့နေကာ

"ဒီလိုဆိုရင်တော့ ငါ့နောက်မှာ လူရှိမရှိ မြင်ရပြီ"

ဟု တစ်တွတ်တွတ် ပြောနေသည်။

ကျန်းကတော်က သွားရောက်ခေါ်ယူသည့်အခါ ခင်ပွန်းဖြစ်သူမှာ မျက်လုံးများ နီမြန်းသွားကာ သူစိမ်းတစ်ဦးကဲ့သို့ သူမကို ထူးဆန်းစွာ စိုက်ကြည့်ပြီး ရယ်မောလိုက်သည်။

ထို့နောက်တွင်တော့ သူ၏ မျက်နှာမှာ ဒေါသထွက်လာပြီး ဆဲဆိုကြိမ်းမောင်းတော့သည်။

"ငါ့နောက်ကို ထပ်မလိုက်ပါနဲ့တော့၊ ငါ့မိသားစုကိုလည်း ဒုက္ခမပေးပါနဲ့တော့"

ဟု အော်ဟစ်နေသည်။

ရူးသွပ်သွားသည့်အလားပင်

ကျန်းကတော်က ထိတ်လန့်သွားပြီး သွားရောက်ချော့မြှူသည့်အခါ ခင်ပွန်းဖြစ်သူက သူမ၏ လည်ပင်းကို အသေအလဲ ညှစ်တော့သည်။

သူ၏ မျက်နှာမှာ အလွန် ရူးသွပ်နေကာ ငရဲမှ တစ္ဆေတစ်ကောင်အလားပင်။

ကျန်းကတော် သတိလစ်တော့မည့် အချိန်တွင် ရုတ်တရက် လန့်နိုးလာသည်။

ခင်ပွန်းဖြစ်သူမှာ သူမ၏ ဘေးတွင် ဘာမှမဖြစ်သလို အေးအေးဆေးဆေး အိပ်ပျော်နေသည်။

ကျန်းကတော်သည် အိမ်မက်ဆိုးတစ်ခုဟု ထင်ခဲ့သော်လည်း သူမ၏ လည်ပင်းတွင်တော့ အမှန်တကယ် လက်ညှစ်ရာများ ကျန်ရစ်နေသည်ကို တွေ့လိုက်ရသည်

ကျန်းကတော်က ပြောပြပြီးနောက် ခေါင်းငုံ့ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

နေ့ခင်းကြောင်တောင် အချိန်ဖြစ်သော်လည်း လူများမှာ မဖော်ပြနိုင်သော အေးစိမ့်မှုကို ခံစားလိုက်ရသည်။

All Chapters