← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅) - မိစ္ဆာနှောင့်ယှက်ခြင်း ထူးဆန်းသောခြေရာ သဲလွန်စ

ဝူကျေးရွာ

မြင်းခွာသံများမှာ မိုးကြိုးပစ်သံကဲ့သို့ပင်၊ ဝေးဝေးမှ ကြည့်လိုက်လျှင် မြင်းစီးသူ ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ မောင်းနှင်လာကြသည်

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အရာရှိဝမ် ဖြစ်သည်။

ဘေးတစ်ဖက်တစ်ချက်တွင် ပိုင်ဟုန်းထူနှင့် လီယန်ချူတို့ ရှိနေကြသည်။

၎င်းတို့နောက်တွင်မူ သန်မာထွားကျိုင်းပြီး ဓားကိုယ်စီ လွယ်ထားကြသည့် အစိုးရလက်ရုံးစစ်သည်များ ပါဝင်သည်။

အုပ်စုမှာ ကိစ္စဖြစ်ပွားခဲ့သည့် အိမ်သုံးအိမ်ထံသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

မူလက ကိုယ်ဝန်ဆောင်ခြင်းဆိုသည်မှာ မင်္ဂလာသတင်းကြီးတစ်ခုဖြစ်သော်လည်း၊ တစ်ညအတွင်းမှာပင် မင်္ဂလာသတင်းမှာ နာရေးသတင်းအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

အလောင်းတစ်ခုထဲတွင် အသက်နှစ်ချောင်း ဆုံးရှုံးခဲ့ရသည်

အထူးသဖြင့် သေဆုံးသူ ကိုယ်ဝန်ဆောင် သုံးဦး၏ ခင်ပွန်းများမှာ

တစ်ရေးနိုးချိန်၌ မိမိဘေးတွင် အိပ်ပျော်နေသော ဇနီးသည်မှာ ဗိုက်ဖောက်ခံထားရသည်ကို တွေ့လိုက်ရသည့် ထိတ်လန့်တုန်လှုပ်ဖွယ် ခံစားချက်

ထို့ပြင် ဇနီးနှင့် သားသမီး ဆုံးရှုံးခဲ့ရသည့် ဝမ်းနည်းပူဆွေးမှုတို့က ဖခင်လောင်းဖြစ်တော့မည့် ထိုယောကျာင်္း များကို ရူးမတတ် ဖြစ်စေခဲ့သည်။

ဝူကျေးရွာတွင် အစိုးရလက်ရုံးစစ်သည် ဆယ်ဂဏန်းကျော် ရှိနေပြီးဖြစ်ကာ၊ မမျှော်လင့်ဘဲ လိုအပ်လာပါက အသုံးပြုရန်အတွက် အစွမ်းထက် လေးမြားများကိုလည်း တပ်ဆင်ထားကြသည်။

ထိုလက်ရုံးစစ်သည်များက ဤနေရာရှိ အခြေအနေများကို အကြမ်းဖျင်း မေးမြန်းစုံစမ်းထားပြီးဖြစ်ကာ၊ အရာရှိဝမ်ကမူ လီယန်ချူကို အထူးတလည် သွားရောက်ပင့်ဖိတ်ခဲ့ခြင်း ဖြစ်သည်။

ဟွေ့ကျိန်းဆရာတော်နှင့် ပတ်သက်၍မူ၊ တစ်စုံတစ်ရာသော သဲလွန်စကို တွေ့ရှိသွားသည်မသိဘဲ တစ်ဦးတည်း တောင်ထဲသို့ ဝင်သွားခဲ့ကာ လက်ရှိတွင် မည်သည့်နေရာသို့ ရောက်နေသည်ကို မသိရသေးပေ။

ကျန်ရှိနေသော လက်ရုံးစစ်သည်များ၏ ပြောကြားချက်ကို ကြားသောအခါ အရာရှိဝမ်က မေးလိုက်သည်

"ဟွေ့ကျိန်းဆရာတော် တောင်ထဲဝင်သွားတာ ဘယ်လောက်ကြာပြီလဲ"

ထိုဓားကိုင်စစ်သည်က ပြန်ဖြေသည်

"တစ်နာရီ လောက် ရှိပါပြီ၊ ညီနောင်တွေကို လိုက်ခွင့်မပြုပါဘူး"

အရာရှိဝမ်က ခေါင်းညိတ်လိုက်သည်။

ဝူကျေးရွာမှ ဝေမြို့သို့ မြင်းအမြန်စီးလျှင် နှစ်နာရီခန့် ကြာမြင့်နိုင်သည်။

လီယန်ချူသည် ထိုအချိန်အတောအတွင်း ဝူကျေးရွာကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဤရွာကို လေးဘက်လေးလံတွင် မြင့်မားသော တံတိုင်းများဖြင့် တည်ဆောက်ထားပြီး၊ အပေါ်တွင် ရိုးရှင်းသော ကာရံမှုများ ရှိနေသည်။

ကြည့်ရသည်မှာ ဓားပြနှင့် တောင်သူပုန်များကို ကာကွယ်ရန် တည်ဆောက်ထားပုံရသည်။

ရွာထဲသို့ ဝင်ပြီးနောက်တွင်လည်း ထိုရွာသည် သာမန်ကျေးရွာများနှင့် ကွဲပြားသည့်အချက်ကို သူတွေ့လိုက်ရသည်။

ဤရွာရှိ လူငယ်အများစုမှာ သိုင်းပညာကျင့်ကြံကြပြီး ခန္ဓာကိုယ် သန်စွမ်းကြသည်။

ဝူ (သိုင်း) ကျေးရွာဟု အမည်တွင်ထိုက်ပေသည်။

လီယန်ချူသည် ဝူကျေးရွာအပေါ်သို့ အရှိန်ဝါကြည့်အတတ် ကို အသုံးပြုကြည့်လိုက်သော်လည်း ဤရွာတွင် ထူးခြားချက် မတွေ့ရပေ။

အရှိန်အဝါများမှာ ရှုပ်ထွေးနေပြီး ယင် နှင့် မိစ္ဆာငွေ့ ရှိသည့် နေရာအချို့လည်း ရှိသော်လည်း

အားလုံးမှာ မပြင်းထန်လှပေ။

ယင် နှင့် မိစ္ဆာငွေ့ရှိနေခြင်းက မိစ္ဆာရှိနေသည်ဟု အသေအချာ မဆိုလိုနိုင်ပေ။

သို့သော်လည်း တောင်ထဲတွင် သစ်ပင်များပြားပြီး ကောင်းကင်ယံကို ဖုံးအုပ်ထားပါက မိစ္ဆာများ ပေါက်ဖွားရန် လွယ်ကူတတ်သည်။

ဝူကျေးရွာ၏ ခြုံငုံကြည့်လျှင် ဖုန်ရွှေ မှာ အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။

စိမ်းလန်းသော တောင်တန်းကို ကျောကုန်းထားပြီး၊ အခြားနေရာများမှာ အတားအဆီးမရှိ ပြန့်ပြူးသော မြေပြင်ဖြစ်သည်။

ဤကဲ့သို့သော နေရာမျိုးမှာ နေရောင်ခြည် အပြည့်အဝရရှိသဖြင့် ယန် အားကောင်းကာ လူနေထိုင်ရန် အလွန်သင့်တော်သည်။

ဝူကျေးရွာထဲတွင်လည်း သွေးသားထူထပ်ပြီး၊ မြင်းစီးနိုင် လေးပစ်နိုင်သော ယောင်္ကျားရင့်မာများ ရှိနေသဖြင့် သွေးချီ အားကောင်းလှသည်။

ထိုကဲ့သို့သော နေရာမျိုးမှာ ပုံမှန်အားဖြင့် မိစ္ဆာနှောင့်ယှက်ခြင်း မရှိသင့်ပေ။

ပြီးခဲ့သည့် လုံမန်ရွာတုန်းကမူ လျှိုမြောင်ထူထပ်သော တောင်ကြီးများနှင့် ကပ်နေသော်လည်း

တစ်ရွာလုံးတွင် ယင် အစအနမျှမရှိဘဲ ထူးဆန်းစွာ သန့်ရှင်းနေခဲ့သည်။

၎င်းနှင့် နှိုင်းယှဉ်ပါက

ဝူကျေးရွာက ပို၍ သဘာဝကျလှသည်။

အသတ်ခံရသော ကိုယ်ဝန်ဆောင်အိမ်သို့ ရောက်သောအခါ လီယန်ချူသည် ချက်ချင်းပင် အရှိန်ဝါကြည့်အတတ်ကို အသုံးပြုလိုက်သည်။

ထိုတာအိုပညာရပ်မှ ဆင်းသက်လာသော ရှေးဟောင်းအတတ်သည် အရာခပ်သိမ်း၏ အရှိန်အဝါ ကို ခွဲခြားနိုင်စွမ်း ရှိသည်။

လီယန်ချူမှာ အမြဲတမ်းလိုလို ပိတ်ဆို့ခံရခြင်းများနှင့် ကြုံတွေ့ရတတ်သော်လည်း

၎င်းမှာ ဤအရှိန်ဝါကြည့်အတတ် ညံ့ဖျင်းခြင်းကြောင့် မဟုတ်ဘဲ၊ သူကြုံတွေ့ရသည့် အခြေအနေများမှာ အလွန်ထူးခြားလွန်းနေခြင်းကြောင့်သာ ဖြစ်သည်။

ထို့ပြင် သူ၏ ကျင့်စဉ်အဆင့်မှာလည်း အနည်းငယ် နိမ့်ပါးနေသေးသည်။

ယခုတစ်ကြိမ်တွင်မူ

လီယန်ချူသည် သေဆုံးသူကိုယ်ဝန်ဆောင်အိမ်ရှိ သွေးချီနှင့် မိစ္ဆာငွေ့များကြားထဲတွင် သိမ်မွေ့လှသော မိစ္ဆာအငွေ့အသက်တစ်ခုကို တွေ့ရှိခဲ့သည်။

အလွန်ပင် အားနည်းလှသည်။

လီယန်ချူသည် မကြာသေးမီက စွမ်းအင်တိုးဆေး များကို မှီဝဲခဲ့သဖြင့် လေ့ကျင့်မှု တိုးတက်လာခြင်း မရှိပါက ထိုအရာကို တွေ့ရှိနိုင်မည် မဟုတ်ပေ။

ပြတင်းပေါက်ရှိ ထိုခြေရာမှ စတင်ကာ သူ၏ မျက်လုံးများတွင် ကြည်လင်သောအလင်းများ ဝန်းရံလာပြီး ဤအငွေ့အသက်အတိုင်း ကိုယ်ဝန်ဆောင်ကို သတ်ဖြတ်သည့် တရားခံရှိရာသို့ စတင် ရှာဖွေတော့သည်။

ပိုင်ဟုန်းထူ၏ မျက်လုံးများ လင်းလက်သွားပြီး လီယန်ချူသည် မိစ္ဆာ၏ အစအနကို တွေ့ရှိသွားပြီဖြစ်ကြောင်း သိလိုက်သည်။

အခြားသူများကို မနှောင့်ယှက်ရန် အချက်ပြလိုက်ပြီး သူ့ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည်။

သို့သော်လည်း ထိုအငွေ့အသက်သည် သေဆုံးသူကိုယ်ဝန်ဆောင်အိမ်မှ ထွက်ခွာသွားသောအခါ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

လီယန်ချူသည် အရှိန်ဝါကြည့်အတတ်ကို ပြန်သိမ်းလိုက်ပြီး ပိုင်ဟုန်းထူကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။

အခြားသော အိမ်နှစ်အိမ်တွင်လည်း ထိုအခြေအနေမျိုးပင် ဖြစ်သည်။

ထိုမိစ္ဆာ၏ ထူးခြားသော အငွေ့အသက်မှာ သေဆုံးသူအိမ်မှ ထွက်လာပြီးနောက် ဝူကျေးရွာအတွင်းသို့ ရောက်သည်နှင့် ရုတ်တရက် ပျောက်ကွယ်သွားခြင်းပင်။

လီယန်ချူ၏ အမူအရာ လေးနက်သွားသည်

အငွေ့အသက်ကို ဖမ်းယူနိုင်သည့် မိစ္ဆာဖြစ်ပါလျက်နှင့်၊ ဘာကြောင့် ရွာထဲရောက်မှ ပြတ်တောက်သွားရသနည်း။

တစ်စုံတစ်ခုက ဖုံးကွယ်လိုက်ခြင်းလား။

ပြတ်တောက်သွားသည့် နေရာတွင် လီယန်ချူ သေချာစွာ စစ်ဆေးကြည့်သော်လည်း ထူးခြားချက် မတွေ့ရပေ။

သေဆုံးသူ ကိုယ်ဝန်ဆောင် အိမ် သုံး အိမ်လုံးတွင်လည်း တစ်ဖက်လူမှာ မည်သည့် သဲလွန်စမျှ ချန်ထားခဲ့ခြင်း မရှိပေ။

ခုတင်ပေါ်တွင် မျက်စိစူးဖွယ်ရာ သွေးကွက်များဖြင့် ပြည့်နှက်နေသည် ကိုယ်ဝန်ဆောင်မှာ ဗိုက်ဖောက်ခံထားရပြီး သေဆုံးပုံမှာ အလွန်ပင် ရက်စက်လှသည်

သို့သော်လည်း

ခုတင်မှလွဲ၍

အခြား မည်သည့်နေရာတွင်မှ သွေးကွက် မရှိပေ။

လီယန်ချူက မျက်မှောင်ကြုတ်ကာ ဆိုသည်

"ဒီအရာက ရုပ်ခန္ဓာရှိနေပြီး ပြတင်းပေါက်မှာ ခြေရာချန်ထားခဲ့တယ်ဆိုရင် သူ ကိုယ်ဝန်ဆောင်ဗိုက်ထဲက ကလေးကို ယူသွား ဒါမှမဟုတ် စားသွားပြီးနောက်မှာ ဘာကြောင့် တခြားနေရာတွေမှာ ခြေရာမတွေ့ရတာလဲ"

"ပြီးတော့ တခြားဘယ်နေရာမှာမှလည်း သွေးကွက်တွေ ချန်မထားခဲ့ဘူးလား"

ပိုင်ဟုန်းထူသည် စဉ်းစားခန်း ဝင်သွားသည်၊ အမှုပေါင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသည့် အရာရှိဝမ်ပင်လျှင် ဤကိစ္စတွင် အခက်တွေ့နေရသည်။

သေဆုံးသူအိမ်၏ တံခါးနှင့် ပြတင်းပေါက်များကို အမှန်တကယ် ပိတ်ဆို့ထားခြင်း ဖြစ်သည်။

သို့သော်လည်း မိစ္ဆာသရဲများအတွက်မူ ၎င်းမှာ တားဆီးနိုင်စွမ်း မရှိပေ။

သို့သော်

ထိုကဲ့သို့ ရုပ်ခန္ဓာရှိသော မိစ္ဆာမျိုးက ဤမျှ သိသာသော ခြေရာကို ချန်ထားခဲ့ပါလျက်၊ သွေးကွက်နှင့် အခြားခြေရာများကိုမူ ချန်မထားခဲ့ခြင်းက လူကို အလွန်ပင် နားမလည်နိုင်အောင် ဖြစ်စေသည်။

မြို့နယ်ရုံး မှ မှူခင်းစစ်ဆရာ ၏ စစ်ဆေးချက်အရ သေဆုံးသူမှာ သတိရှိနေစဉ်အတွင်း အသတ်ခံရခြင်းဖြစ်ပြီး၊ ဗိုက်ကို အတင်းအဓမ္မ ခွဲထုတ်ခံရခြင်းဖြစ်သည်။

ထို့ပြင် ဗိုက်ပေါ်မှ ဒဏ်ရာမှာ ထက်မြက်သော လက်နက်ဖြင့် တစ်ခဏအတွင်း လှီးဖြတ်ခံရခြင်းဖြစ်ကာ၊ အရာမှာ ညီညာပြီး အတိမ်အနက်ကိုလည်း အလွန်ကောင်းမွန်စွာ ထိန်းချုပ်ထားသဖြင့် ဝမ်းဗိုက်အတွင်းရှိ သန္ဓေသားကို အနည်းငယ်မျှ ထိခိုက်ခြင်း မရှိစေခဲ့ပေ။

အကယ်၍ လူသား၏ လက်ချက်ဆိုပါက ဓားသိုင်းပညာရှင် သို့မဟုတ် အတွေ့အကြုံရှိသော သားသတ်သမား ဖြစ်ပေလိမ့်မည်။

သတိရှိနေစဉ် အခြေအနေ

လူတိုင်း ဤသတင်းကို ကြားသောအခါ ကြက်သီးထသွားကြသည် စိတ်ထဲတွင် အအေးဓာတ်တစ်ခု ဖြတ်ပြေးသွားသည် အမှန်တကယ်ပင် ဤမြင်ကွင်းမှာ ထိတ်လန့်စရာ ကောင်းလွန်းလှသည်သန်းခေါင်ယံ နိုးလာချိန်တွင် မိမိ၏ ဗိုက်ကို မိစ္ဆာက ခွဲနေသည်ကို တွေ့လိုက်ရခြင်း

မိမိ အစွမ်းကုန် အော်ဟစ်သော်လည်း ဘေးနားရှိ ခင်ပွန်းမှာမူ မကြားနိုင်ဘဲ အခြားကမ္ဘာတစ်ခုတွင် ရောက်နေသကဲ့သို့ ဖြစ်နေခြင်းပင်။

ဝူကျေးရွာတွင် ဖြစ်ပျက်နေသည့် အရာများက လူကို တုန်လှုပ်စေသည်။

လီယန်ချူသည် ဦးစွာပထမ အရာရှိဝမ်ကို ရွာထဲတွင် ကျန်ရှိနေသော ကိုယ်ဝန်ဆောင် အမျိုးသမီးများကို အခန်းတစ်ခုထဲတွင် စုစည်းထားခိုင်းပြီး လူလွှတ်၍ စောင့်ကြပ်ခိုင်းလိုက်သည်။

ထို့နောက် သူနှင့် ပိုင်ဟုန်းထူတို့က အပြင်ဘက်မှ စောင့်ကြပ်နေကြသည်။

အခန်းအတွင်းတွင် သူသည် တာအိုကျောင်းတော်၏ မိစ္ဆာနှိမ်နင်းရေး အဆောင်များကို ရေးဆွဲထားပြီး၊ ဟင်္သာပြဒါးမှင် နှင့် ကြက်ဖသွေးကို ရောစပ်ကာ နံရံပေါ်တွင် တိုက်ရိုက် ရေးသားထားသည်။

သူသည် တာအိုဆရာတစ်ဦး ဖြစ်သော်လည်း

သိုင်းသမား တစ်ဦးဟုလည်း ဆိုနိုင်သည်

အမှုဖော်ထုတ်ခြင်းတွင်မူ ထူးခြားသော ပါရမီ မရှိပေ။

အထူးသဖြင့် မိစ္ဆာသရဲများ သောင်းကျန်းနေသည့် ထိုကဲ့သို့သော လောကကြီးတွင် သူ ပိုမိုကျွမ်းကျင်သည်မှာ တာအိုအတတ်ဖြင့် မိစ္ဆာကို ရှာဖွေပြီးထို့နောက်... တိုက်ရိုက် တစ်ချက် ခုတ်လိုက်ရန်သာ ဖြစ်သည် ရုပ်ပိုင်းဆိုင်ရာ မိစ္ဆာနှိမ်နင်းခြင်း ပင်။

ယခုအခါ ဤဘက်တွင် သဲလွန်စ များများစားစား မတွေ့ရသဖြင့်၊ ခပ်အအ နည်းလမ်းဖြစ်သည့် ယုန်စောင့်ဖမ်းခြင်း နည်းလမ်းကိုသာ သုံးရတော့မည်။

သို့မဟုတ်... ထိုဟွေ့ကျိန်းဆရာတော် တောင်ထဲမှ ပြန်လာသည်ကို စောင့်ပြီး တစ်ဖက်လူ တစ်စုံတစ်ရာ တွေ့ရှိခဲ့ခြင်း ရှိမရှိကို ကြည့်ရမည်။

အတတ်ပညာချင်း မတူလျှင် လုပ်ဆောင်ပုံချင်း ကွဲပြားသည် ဆိုသည့်အတိုင်း၊ တာအိုဘာသာဝင် အချင်းချင်း ဖြစ်သော်လည်း တတ်မြောက်ထားသည့် ပညာမတူလျှင် အလုပ်လုပ်ရာတွင် ကွဲပြားသော ရလဒ်များ ထွက်ပေါ်တတ်သည်။

မိုးချုပ်လာသည်

တစ်နာရီခန့် ကြာပြီးနောက်

လင်ရှီးဘုရားကျောင်းမှ ဟွေ့ကျိန်းဆရာတော် တောင်ထဲမှ ပြန်ရောက်လာသည်။

ဤလင်ရှီးဘုရားကျောင်းမှ သက်လတ်ပိုင်း ရဟန်းမှာ တည်ကြည်သော အမူအရာ ရှိသည်။

မျက်ခုံးကြားတွင် အားမလိုအားမရ ဖြစ်နေသည့် အရိပ်အယောင် အနည်းငယ် ရှိနေပြီး၊ လီယန်ချူတို့ နှစ်ဦးကို နှုတ်ဆက်ပြီးနောက် ထိုင်လိုက်သည်။

"ဒကာတော်တို့ နှစ်ဦး အမြော်အမြင် ရှိလှပေတယ် ရွာထဲက ကိုယ်ဝန်ဆောင်တွေကို စုစည်းထားတာဟာ နည်းလမ်းကောင်းပါပဲ၊ ဒါပေမဲ့ အဲဒီအရာက ပါးနပ်လွန်းတယ်၊ ဒီညတော့ ထပ်လာမှာ မဟုတ်ဘူး ထင်ပါရဲ့"

"ဆရာတော် တောင်ထဲဝင်သွားတုန်းက ဘာများ တွေ့ခဲ့လဲ"

လီယန်ချူက မေးလိုက်သည်။

ဟွေ့ကျိန်းဆရာတော်က ခေါင်းခါပြကာ လေးနက်စွာ ဆိုသည်

"အဲဒီအရာက အတော်လေး ပါးနပ်တယ် ကိုယ်တော်မဖမ်းမိခဲ့ဘူး သူ့ရဲ့ အမွှေးအမျှင် တစ်မျှင်ကိုပဲ ဆွဲဖမ်းနိုင်ခဲ့တယ်"

ဤလင်ရှီးဘုရားကျောင်းမှ ဆရာတော်တွင်လည်း မိမိ၏ မိစ္ဆာနှိမ်နင်းရေး နည်းလမ်းများ ရှိနေသည်မှာ သိသာလှသည်။

သို့သော် ခုနက အမွှေးအမျှင် တစ်မျှင်ကိုသာ ဖမ်းမိခဲ့ပြီး၊ ကိုယ်ထည်စစ်စစ်မှာ ဘာလဲဆိုသည်ကိုပင် သေချာ မမြင်လိုက်ရပေ။

ထိုကိစ္စက သူ့ကို အနည်းငယ် သက်ပြင်းချမိစေသည်။

အမွှေးအမျှင် တစ်မျှင်တည်း ရတာက ဘာထူးမှာလဲ...

ထိုနေရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူး ပေါ်လာတော့သည်၊ လီယန်ချူ၏ မျက်လုံးများ ချက်ချင်းပင် လင်းလက်သွားသည်။

အခန်း (၉၆) - တာအိုအတတ်ဖြင့် ခြေရာခံခြင်း ဖျားတစ်ချက်ကမ်းပါးနှင့် ယင်သတ္တဝါ

"အဲဒီမိစ္ဆာရဲ့ အမွှေးအမျှင်ရှိရင် သူ့ရဲ့ခြေရာကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မယ်"

လီယန်ချူက တိုးတိုးလေး ဆိုသည်။

"လီတာအိုဆရာက ခြေရာခံတဲ့အတတ်ကို တတ်ကျွမ်းတာလား"

လင်ရှီးဘုရားကျောင်းမှ ထိုသက်လတ်ပိုင်းရဟန်းမှာ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

လီယန်ချူက ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

ဟွေ့ကျိန်းဆရာတော်၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားပြီး

ချက်ချင်းပင်

မိစ္ဆာကိုယ်ပေါ်မှ ဆွဲဖမ်းခဲ့သော ထိုအမွှေးအမျှင်တစ်မျှင်ကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

တကယ်ကြီး အမွှေးအမျှင်ပဲ... လီယန်ချူသည် ထိုအမွှေးအမျှင်ဟု ခေါ်သော အရာကို ကြည့်လိုက်သည်။

ထိုအမွှေးမှာ အလွန်မည်းပြီး အလွန်သေးသွယ်ကာကောက်ကွေးနေသည်မှာ ခန္ဓာကိုယ်၏ အချို့သောနေရာများမှ အမွှေးများနှင့် အလွန်တူနေသည်။

လီယန်ချူသည် စိတ်ကို စုစည်းလိုက်ပြီး ဟွမ်ထင်တာအိုကျမ်း ထဲတွင် မှတ်တမ်းတင်ထားသော ခြေရာခံအတတ်ကို အသုံးပြုလိုက်သည်။

ထိုအမွှေးအမျှင်ပေါ်မှ သာမန်မျက်စိဖြင့် မမြင်နိုင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး လီယန်ချူ၏ လက်ဝါးထဲတွင် တဖြည်းဖြည်း စုစည်းသွားသည်။

ခြေရာခံအတတ် အောင်မြင်သွားသည်နှင့်အမျှ လီယန်ချူနှင့် ထိုအမွှေးအမျှင်ပိုင်ရှင်ကြားတွင် မမြင်နိုင်သော ကြိုးတစ်မျှင်ကဲ့သို့ ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာတော့သည်။

လီယန်ချူက လေပူတစ်ချက်ကို ခပ်ဖွဖွမှုတ်ထုတ်လိုက်ပြီး ပြုံးကာ ဆိုသည်

"အောင်မြင်သွားပြီ"

"သာဓု... သာဓု... တာအိုဆရာက ဒီလိုအတတ်ပညာကို ကျွမ်းကျင်နေတာဟာ ဒီမိစ္ဆာဆိုး နှိမ်နင်းခံရဖို့ ကံပါလာတာပဲ ကိုယ်တော် က လီတာအိုဆရာကို တစ်ဖက်တစ်လမ်းက ကူညီပေးပါရစေ"

ဟု ဟွေ့ကျိန်းဆရာတော်က ဆိုသည်။

လီယန်ချူက ခေါင်းညိတ်လိုက်သည်။

ထို့နောက် လှည့်၍ ပိုင်ဟုန်းထူကို ပြောလိုက်သည်

"ဒါဆို ပိုင်ကြီး မင်းကတော့ ဘာမဆိုဖြစ်လာနိုင်လို့ ဒီမှာပဲ စောင့်နေခဲ့ပါ"

ပိုင်ဟုန်းထူက တည်ငြိမ်စွာပင်

"ကောင်းပြီ"

ဟု ဖြေသည်။

ထိုသို့ဖြင့်

လီယန်ချူနှင့် လင်ရှီးဘုရားကျောင်းမှ ဟွေ့ကျိန်းဆရာတော်တို့မှာ အပြင်သို့ ထွက်ခွာသွားကြပြီး၊ အစိုးရစစ်သည်များနှင့် ပိုင်ဟုန်းထူတို့က ထိုနေရာတွင် စောင့်ကြပ်ကျန်ရစ်ခဲ့သည်။

၎င်းတို့နှစ်ဦး၏ ခြေလှမ်းအရှိန်ဖြင့် မကြာမီမှာပင် ဝေးဝေးသို့ ရောက်ရှိသွားကြသည်။

ဝေါ... ဝေါ...

နာရီအနည်းငယ် ကြာပြီးနောက်တွင် ၎င်းတို့နှစ်ဦးမှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ရေသံကို ကြားလိုက်ရသည်။

နှစ်ဦးသား၏ အမူအရာမှာ တစ်ပြိုင်နက်တည်း တင်းမာသွားသည် ထိုမိစ္ဆာမှာ ရေထဲမှ ကုန်းပေါ်တက်လာသည့် မိစ္ဆာတစ်ကောင် ဖြစ်နေသလား။

ရေဆိုသည်မှာ အလွန်ပင် ယင် နှင့် မိစ္ဆာငွေ့ ထူထပ်သော အရာဖြစ်ပြီး၊ ယင်ဓာတ်ကို ကာကွယ်ပေးနိုင်သလို ရေနစ်သူများကိုလည်း ရေနက်ထဲတွင် ပိတ်မိစေကာ နောက်ဘဝသို့ မကူးပြောင်းနိုင်အောင် လုပ်ဆောင်နိုင်သည်။

ထို့ကြောင့် ရေပြင်များစွာ၏ အောက်တွင် ကြီးမားသော ကြောက်မက်ဖွယ်ရာများ ကိန်းအောင်းနေတတ်သော်လည်း လူအများကမူ မသိရှိကြပေ။

ရှေ့မှ အရှိန်ပြင်းစွာ စီးဆင်းနေသော မြစ်ရေပြင်ပေါ်တွင် မြူနှင်းပါးပါးများ ဖုံးလွှမ်းနေပြီး အေးစက်မှောင်မိုက်နေသည်။

လီယန်ချူ ထိုနေရာသို့ စတင်ရောက်ရှိချိန်တွင် မြူနှင်းများကြားမှ တစ်ဖက်ကမ်း၏ ပုံသဏ္ဌာန်ကို ဝိုးတဝါး မြင်နေရသေးသည်။

သို့သော် နှစ်ဦးသား ဆက်လက် တိုးဝင်လာပြီးနောက် ထိုမြစ်ကြောင်းအတိုင်း တောင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

တောင်ထဲတွင် မူလကပင် အဆိပ်ငွေ့နှင့် မြူနှင်းများ ပေါများလှရာ၊ ခြေဖဝါးအောက်မှ လမ်းမှာ ကြမ်းတမ်းခက်ခဲလာရုံတင်မကဘဲ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မြူနှင်းများ စတင်ဖုံးလွှမ်းလာသည်။

ယခုအခါ ဘေးနားရှိ ဟွေ့ကျိန်းဆရာတော်မှလွဲ၍ လီယန်ချူသည် အခြားအရာများကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ၊ မြင်ကွင်းမှာ အလွန်ပင် ကျဉ်းမြောင်းသွားပြီး တစ်ဖက်ကမ်းကို မြင်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။

နားထဲတွင်မူ တစ်ရှဲရှဲ အသံများကို ကြားနေရသည်၊ အမှောင်ထဲတွင် တစ်စုံတစ်ရာက တွားသွားနေသကဲ့သို့ပင်။

သို့မဟုတ် လူအမြောက်အမြားက သင့်နားနားကပ်ပြီး တိုးတိုးလေး ပြောနေကြသကဲ့သို့လည်း ရှိသည်။

တောင်ထဲတွင် ညအချိန်၌ ထိုကဲ့သို့သော ထူးဆန်းသည့် အသံများ ကြားရတတ်သည်မှာ ဓမ္မတာပင်၊ တစ်ခါတစ်ရံ လေတိုက်သံ ဖြစ်နိုင်သော်လည်း... တစ်ခါတစ်ရံတွင်မူ... မစင်ကြယ်သော အရာများက သင့်နောက်မှ လိုက်နေခြင်းလည်း ဖြစ်နိုင်သည်။

လီယန်ချူမှာ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းဖူးသဖြင့် ရှေ့မှ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကြောင့် ထိတ်လန့်သွားခြင်း မရှိပေ။

သူ၏ လက်ထဲတွင် ထိုအငွေ့အသက်စုကို အမြဲ ဆုပ်ကိုင်ထားပြီး မိစ္ဆာ၏ အရှိန်အဝါကို အာရုံခံနေသည်။

ဟွေ့ကျိန်းဆရာတော်နှင့်အတူ နှစ်ဦးသား လမ်းတစ်လျှောက် လိုက်လံရှာဖွေနေကြသည်။

လမ်းခရီးတွင် မဖြစ်မနေ စကားပြောရမည့် အခြေအနေမှလွဲ၍ ၎င်းတို့နှစ်ဦးမှာ စကားနည်းကြပြီး စိတ်အာရုံအားလုံးကို မိစ္ဆာခြေရာခံခြင်းပေါ်တွင်သာ ထားရှိကြသည်။

မိုင်အနည်းငယ် ခန့် ဆက်သွားပြီးနောက် ၎င်းတို့နှစ်ဦးသည် အလွန်မတ်စောက်သော နေရာတစ်ခုသို့ ရောက်ရှိလာသည်။

ခြေဖဝါးအောက်ရှိ ကျောက်တောင်လမ်းမှာ လူတစ်ဦးစာသာ ဖြတ်သန်းနိုင်လောက်အောင် ကျဉ်းမြောင်းပြီး၊ အောက်ဘက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ချောက်ကမ်းပါးကြီး ရှိနေကာ၊ ၎င်းအောက်တွင် တစ်ဟုန်ထိုး စီးဆင်းနေသော မြစ်ကြီး ရှိသည်။

ထိုတောင်လမ်းကို ရွာသားများက ဖျားတစ်ချက်ကမ်းပါး ဟု ခေါ်ဆိုကြပြီး၊ အတော်ဆုံးသော ဆေးမြစ်ရှာသမားများပင် ဤလမ်းကို မသွားရဲကြပေ။

ယခင်က နှစ်စဉ်နှစ်တိုင်း ထိုဖျားတစ်ချက်ကမ်းပါးပေါ်မှ လူအများအပြား ပြုတ်ကျသေဆုံးခဲ့ကြပြီး၊ မြစ်ကြီးထဲသို့ ကျကာ အလောင်းပင် ရှာမရအောင် မျောပါသွားခဲ့ကြသည်။

ယခုအခါ ဝူကျေးရွာ အပါအဝင် အနီးအနားရှိ ရွာအတော်များများမှ ဆေးမြစ်ရှာသမားများမှာ ဤလမ်းကို မသွားရဲကြတော့ပေ။

ညအချိန် တောင်လမ်းမှာ မူလကပင် သွားလာရ ခက်ခဲလှရာ၊ ထိုဖျားတစ်ချက်ကမ်းပါးမှာ ပို၍ပင် ကျဉ်းမြောင်းလှသည်၊ ထို့ပြင် စိုထိုင်းဆ မြင့်မားသဖြင့် ခြေဖဝါးအောက်တွင် အနည်းငယ် ချော်နေသည်။

ကံကောင်းထောက်မစွာဖြင့် လီယန်ချူမှာ ယခုအခါ ပထမတန်းစား သိုင်းသမား တစ်ဦး ဖြစ်နေသဖြင့်အရှိန်၊ တုံ့ပြန်မှု၊ ခွန်အားနှင့် ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းတို့မှာ ထိပ်တန်းအဆင့်တွင် ရှိနေသည်။

ထို့ကြောင့် ဤဖျားတစ်ချက်ကမ်းပါးပေါ်တွင်လည်း ကျောက်ဆောင်ကြီးကဲ့သို့ ခိုင်မြဲနေသည်။

လီယန်ချူကို အံ့အားသင့်စေသည်မှာ ဟွေ့ကျိန်းဆရာတော်မှာ လေးလံသော သံတောင်ဝှေးကို ကိုင်ဆောင်ထားသော်လည်း သူ့နောက်မှ မနှေးမမြန် အေးအေးဆေးဆေး လိုက်ပါလာခြင်းပင်။

သိသာလှသည်မှာ သူ၏ ကိုယ်ခံပညာမှာ မနိမ့်ပါးပေ။

ထိုမျှ ဝေးကွာသော တောင်လမ်းကို အရှိန်ဖြင့် လာခဲ့သော်လည်း ဟွေ့ကျိန်းဆရာတော်မှာ အသက်ရှူမှန်နေဆဲဖြစ်ပြီး မျက်နှာအမူအရာလည်း မပျက်ပေ။

လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသော ဟွေ့ကျိန်းဆရာတော်က ရုတ်တရက် စကားစလာသည်

"မကြာသေးခင်က မြစ်ကမ်းဘေးမှာ ပါးရှကျောက်ရုပ်ကြီး တစ်ရုပ် ပေါ်လာတယ်၊ တာအိုဆရာက ဝေမြို့သားဆိုတော့ ဒီကျောက်ရုပ်ရဲ့ နောက်ကြောင်းကို သိသလား"

လီယန်ချူ၏ နားထဲတွင် တဝေါဝေါ တိုက်ခတ်နေသော တောင်လေသံနှင့် မြင်းပေါင်းသောင်းခြောက်ထောင် ပြေးလွှားနေသကဲ့သို့ ပြင်းထန်သော မြစ်ရေစီးသံများ ရှိနေသည်။

သို့သော်လည်း ဟွေ့ကျိန်းဆရာတော်၏ အသံမှာ လီယန်ချူ၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာသည်။

လီယန်ချူသည် ခြေလှမ်းမရပ်ဘဲ ခေါင်းခါကာ

"မသိဘူး"

ဟု ဖြေလိုက်သည်။

ခဏကြာသည်အထိ ဟွေ့ကျိန်းဆရာတော်မှာ စကားထပ်မပြောဘဲ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

လီယန်ချူသည် မနေနိုင်ဘဲ နောက်သို့ စောင်းငဲ့ကြည့်လိုက်ရာ၊ ဆရာတော်ကြီးမှာ သူ့နောက်တွင် တကယ်ရှိနေဆဲဖြစ်ပြီး အောက်သို့ ပြုတ်မကျသွားကြောင်း အတည်ပြုလိုက်သည်။

"ဒီဆရာတော်ကြီးက ဒီတစ်ခွန်းပဲ မေးပြီး ငါ့ကို ပြန်မပြောတော့ဘူးလား"

သူသည် တစ်ချက်ရယ်လိုက်ပြီး လက်ထဲမှ မိစ္ဆာအငွေ့အသက်ကို ဆက်လက် အာရုံခံကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

"ကိုယ်တော် သိတယ်"

ဟု ဟွေ့ကျိန်းဆရာတော်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

လီယန်ချူ၏ ကိုယ်လုံးမှာ အနည်းငယ် တုန့်ကနဲ ဖြစ်သွားပြီး၊ မယုံနိုင်သလိုမျိုး ထိုလင်ရှီးဘုရားကျောင်းမှ ဆရာတော်ကြီးကို လှည့်ကြည့်လိုက်သည်။

ဆရာတော်ကြီး... ကိုယ်တော်က ငါ့ကို ကြွားနေတာလား။

ဒါမှမဟုတ် တရားစကားတွေနဲ့ ပဟေဠိ လုပ်နေတာလား။

ကံကောင်းစွာဖြင့် သူသည် ပိုင်ကြီး နှင့် အတူနေလာသည်မှာ ကြာပြီဖြစ်သဖြင့်၊ စကားထောက်ပေးခြင်းမှာ ဗီဇတစ်ခုလို ဖြစ်နေပြီဖြစ်သည်။

"အော်... ဆရာတော်က အဲဒီကျောက်ရုပ်ရဲ့ နောက်ကြောင်းကို သိတာလား"

"မှန်တယ်"

နောက်ထပ် တိတ်ဆိတ်မှုတစ်ခု။

ဟွေ့ကျိန်းဆရာတော်က စကားမပြောတော့ရာ၊ လီယန်ချူက စိတ်ပျက်လက်ပျက်ဖြင့်

"ဆရာတော်... အဲဒီကျောက်ရုပ်က ဘယ်လို နောက်ကြောင်းရှိတာလဲဆိုတာ သိပါရစေဦး"

စကားထောက်ပေးသူတစ်ဦး၏ အတတ်ပညာအရ ထိုကဲ့သို့ မတ်စောက်သော မြစ်ကမ်းဘေး ချောက်ကမ်းပါးပေါ်တွင်၊ ထူထပ်သော မြူနှင်းများကြားရှိ ညမှောင်မှောင်တွင်လည်း စကားပြတ်မသွားအောင် ထိန်းထားရသည်။

"တောင်းပန်ပါတယ် တာအိုဆရာ၊ ခုနက ကိုယ်တော်စိတ်လွင့်သွားလို့ပါ အဲဒီ ပါးရှကျောက်ရုပ်ဟာ ကျင့်ကြံသူတို့အတွက် နိဗ္ဗာန်ဘုံတစ်ခု နဲ့ ဆက်စပ်နေတယ်၊ ဒီညကိစ္စပြီးရင် ကိုယ်တော် က တာအိုဆရာကို အသေးစိတ် ရှင်းပြပေးပါ့မယ်"

နိဗ္ဗာန်ဘုံ လီယန်ချူ၏ မျက်ခုံးများ ပင့်တက်သွားပြီး ခပ်ဖွဖွ ခေါင်းညိတ်ကာ

"ကောင်းပါပြီ"

ဟု ဆိုလိုက်သည်။

ဖျားတစ်ချက်ကမ်းပါးပေါ်တွင် ဆယ့်ငါးမိနစ်ခန့် လျှောက်ပြီးနောက် ခြေဖဝါးအောက်မှ လမ်းမှာ ရုတ်တရက် ပိုမိုကျဉ်းမြောင်းလာသည်။

ကျောက်တောင်နံရံကို ကပ်၍သာ သွားလာနိုင်သည်။

ထိုခဏ၌

လီယန်ချူ၏ နားထဲတွင် ရုတ်တရက် ရက်စက်သော ကျိန်ဆဲသံများ၊ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်သံများ၊ စစ်မြေပြင်တွင် သတ်ဖြတ်နေသံများမှာ အလွန်ပင် ရှင်းလင်းစွာ ကြားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ မြူနှင်းများကြားတွင် အရာတစ်ခုက သူ့ကို စူးစိုက်ကြည့်နေသကဲ့သို့ ခံစားရသည်။

နားထဲတွင် တစ္ဆေများ ငိုကြွေးသံ၊ ဝံပုလွေများ ဟိန်းသံများ ပေါ်လာတော့သည်

သူ၏ မျက်လုံးထဲတွင် ငါးပါးမိုးကြိုးနိယာမ ၏ အရှိန်အဝါများ စတင်ပျံ့နှံ့လာပြီး မိစ္ဆာအုပ်စုကို နှိမ်နင်းရန် ပြင်ဆင်လိုက်သည်။

"အမိတ္တာဗုဒ္ဓ"

ဗုဒ္ဓဂုဏ်တော်သံ တစ်ချက် ထွက်ပေါ်လာပြီး၊ မရေမတွက်နိုင်သော ရန်ငြိုးများ၊ တစ္ဆေများ၏ တိုးတိုးပြောသံများ အားလုံးမှာ ဆုတ်ခွာသွားတော့သည်။

ပတ်ဝန်းကျင်မှာ ချက်ချင်းပင် ငြိမ်သက်သွားသည်။

ဟွေ့ကျိန်းဆရာတော်၏ ကိုယ်ပေါ်တွင် နူးညံ့သော ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး လူကို အေးချမ်းတည်ငြိမ်စေသည်။

"ပညာရှင် ပါလာတာကတော့ ခံစားချက် တကယ်ကို မတူဘူးပဲ"

ဟု လီယန်ချူ စိတ်ထဲက တွေးလိုက်သည်။

ဝေါင်းးးး

မြစ်ထဲမှ ရုတ်တရက် အသံနက်ကြီးဖြင့် ဟိန်းသံတစ်ချက် ထွက်ပေါ်လာသည်၊ နားကွဲလုမတတ်ပင်၊ ထိုအသံမှာ တစ်ဟုန်ထိုး စီးဆင်းနေသော မြစ်ရေသံကိုပင် လွှမ်းမိုးသွားသည်။

ဝေါင်းးး

နောက်ထပ် အသံနက်ကြီးဖြင့် ဟိန်းသံတစ်ချက်။

လီယန်ချူ၏ စိတ်ထဲတွင် လှုပ်ခတ်သွားပြီး ခြေဖဝါးအောက်မှ မြစ်ပြင်ကို ငုံ့ကြည့်လိုက်မိသည်၊ ဤမြစ်ထဲတွင် အမှန်တကယ် မည်သို့သော မိစ္ဆာသတ္တဝါကြီး ရှိနေသနည်း။

ခုနက ဟိန်းသံ၏ အရှိန်အဝါမှာ သာမန် ယင်မိစ္ဆာ သရဲတစ္ဆေများ ထုတ်နိုင်သော အသံမျိုး မဟုတ်ပေ။

All Chapters