← Chapters

အခန်း (၃၇၁-၃၇၂)

Vol. 38 Ch. 371-372

အခန်း (၃၇၁-၃၇၂)

Vol. 38 Ch. 371-372

ဖန့်ချန်

ဘာသာပြန် အရှင်ငယ်

​အခန်း ၃၇၁ - လောင်းကြေး

​ချန်းဖုန်းမှာ ထိတ်လန့်သွားပြီး အလျင်အမြန်ပင်

"ဖန့်ချန် သူ့ကို ဒဏ်ရာမရစေနဲ့ဦး မဟုတ်ရင် ဒီနေ့ မင်း နွေဦးအရုဏ်ဦးမျှော်စင် ကနေ အကောင်းအတိုင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး"

ဟု သတိပေးလိုက်သည်။

​ဖန့်ချန်က ချန်းဖုန်းကို ကြည့်ကာ အသာအယာ ပြုံးလိုက်သည်

"သူကျတော့ သူတစ်ပါးကို ဒဏ်ရာရအောင် လုပ်လို့ရပြီး ငါကကျတော့ သူ့ကို ဘာလို့ ပြန်မလုပ်ရတာလဲ ဒီစည်းမျဉ်းကို ဘယ်သူက သတ်မှတ်ထားတာလဲ"

​ချန်းဖုန်းက အကြံပြုသည်

"ဘယ်သူမှ သတ်မှတ်ထားတာ မဟုတ်ဘူး ဒါပေမဲ့ ကျွယ်ဝူတီ ရဲ့ အဆင့်အတန်းက ထူးခြားတယ် မင်းသိထားတာတွေက ရေခဲတောင်ရဲ့ ထိပ်ဖျားလောက်ပဲ ရှိသေးတာ၊ တစ်ခုလုံးကို မမြင်ရသေးဘူး"

" အခုချိန်မှာ မင်းရပ်လိုက်ရင် မနှောင်းသေးဘူး မဟုတ်ရင် ဖန့်မိသားစုတစ်ခုလုံးကို ဒုက္ခရောက်အောင် လုပ်မိလိမ့်မယ် မဟာချန်း အင်ပါယာတောင်မှ ဒီတာဝန်ကို အနည်းနဲ့အများ ထမ်းရလိမ့်မယ်"

​ကျွယ်ဝူတီသည် ငယ်စဉ်ကပင် အဆင့် ၃ အင်ပါယာမှ စီနီယာတစ်ဦး၏ တပည့်အဖြစ် လက်ခံခြင်းခံခဲ့ရသည်ဟု လျီချန်း ပြောဖူးသည်ကို ဖန့်ချန် သတိရသွားသည်။

မဟာချန်း အင်ပါယာရှိ လူအများစုမှာလည်း ထိုအချက်ကို သိရှိထားပုံရသော်လည်း ဤအခွင့်အရေးမှာ သွေးဝိညာဉ်ဂိုဏ်း ထံမှ လာသည်ကိုမူ သူတို့ သိကြဦးမည်မဟုတ်ပေ။

​"သူ အရှုံးကို ဝန်ခံသရွေ့ အားလုံး အဆင်ပြေမှာပါ"

ဖန့်ချန်က ပြုံးလျက် ကျွယ်ဝူတီကို ကြည့်လိုက်သည်

"မင်းရဲ့ ပါရမီတွေ ထူးချွန်နေရင်ရော ဘာဖြစ်လဲ မင်းရဲ့ အခွင့်အရေးတွေက ကြီးမားနေရင်ရော ဘာဖြစ်လဲ မင်းသာ သေသွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရင် အရာအားလုံးက အချည်းနှီးပဲ ငါ မင်းကို တကယ် သတ်ရဲလား မသတ်ရဲဘူးလားဆိုတာ မင်း လောင်းကြေးထပ်မလား"

​ကျွယ်ဝူတီ၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲနေသည်။

သူသည် စိတ်ထဲမှ အရှက်ရမှုကို ဖိနှိပ်ကာ ခံစားချက်ကင်းမဲ့သော လေသံဖြင့်

"ငါ အရှုံးကို ဝန်ခံတယ်"

ဟု ပြောလိုက်တော့သည်။

​လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်

"ကျွယ်ဝူတီက အရှုံးကို ဝန်ခံလိုက်ပြီ"

​ဖန့်ချန်က ပြုံးကာ ဓားငယ်လေး ကို ပြန်သိမ်းလိုက်ပြီး ကျွယ်ဖေးအန်း ကို ကြည့်ကာ

"စီနီယာ ကျွယ်ဝူတီက အရှုံးကို ဝန်ခံပြီဆိုတော့ ကျွန်တော် သူမကို ခေါ်သွားလို့ ရပြီလား"

ဟု မေးလိုက်သည်။

​ကျွယ်ဖေးအန်းမှာ အကြာကြီး တိတ်ဆိတ်နေပြီးမှ ရုတ်တရက် ရယ်မောလိုက်သည်

"ကောင်းပြီ မင်း သူမကို ခေါ်သွားနိုင်တယ် ဒါပေမဲ့ တစ်ခုတော့ မှတ်ထားပါ"

​"လမ်းညွှန်ပေးပါဦး"

​ကျွယ်ဖေးအန်းက ကျန်းထျန်းအိုက် ကို လက်ညွှန်ပြကာ

"သူမက မင်းနဲ့အတူ လိုက်သွားလို့ ရပေမဲ့ မင်း သူမကို တော်ဝင်မြို့တော် အပြင်ဘက်ကိုတော့ ခေါ်မသွားရဘူး"

ဟု ဆိုသည်။

​ဖန့်ချန်က ပြုံးလိုက်သည်

"စီနီယာက ကတိဖျက်တော့မလို့လား"

​"မင်းကို သူမကို မြို့ပြင်ခေါ်သွားခွင့် ပေးမယ်လို့ ငါ ဘယ်တုန်းက ကတိပေးခဲ့လို့လဲ"

ကျွယ်ဖေးအန်းက အေးဆေးစွာပင်

"ငါ အဲ့ဒါကို ကတိမပေးခဲ့ဘူး ဒါကြောင့် ငါ ကတိဖျက်တာ မဟုတ်ဘူး"

​ပွဲကြည့်ပရိသတ်များကလည်း

"ဟုတ်တယ် ကျွယ်မိသားစုရဲ့ ဘိုးဘေးက ဖန့်ချန်ကို ခေါ်သွားခွင့်ပေးမယ်လို့ပဲ ပြောခဲ့တာ"

ဟု ထောက်ခံကြသည်။ ဖန့်ချန်က ခေတ္တမျှ စဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်

"ကောင်းပါပြီ ဒါဆိုလည်း ဒါပဲပေါ့"

​ထို့နောက် ဖန့်ချန်သည် ကောင်းကင်ယံမှတစ်ဆင့် လမ်းလျှောက်ကာ ကျန်းထျန်းအိုက်၏ လက်ကိုဆွဲ၍ ကျွယ်မိသားစုဆီမှ ထွက်ခွာလာခဲ့သည်။

ဖန့်ရှု နှင့် အခြားသူများလည်း အလျင်အမြန် လိုက်ပါသွားကြသည်။

​ကျွယ်ဝူတီသည် တိတ်ဆိတ်နေဆဲ ဖြစ်သည်။

ရုတ်တရက် သူသည် ဖန့်ချန်၏ ကျောပြင်ကို ကြည့်ကာ အော်ပြောလိုက်သည်

"ဖန့်ချန် ကုန်သွယ်ရေး ညီလာခံ အစမှာ မင်းနဲ့ ငါ နောက်တစ်ကြိမ် တိုက်ပွဲဝင်ချင်တယ် အကယ်၍ မင်း နိုင်ခဲ့ရင် ငါ ကျွယ်ဝူတီဟာ နှစ်တစ်ရာအတွင်း မဟာချန်းမြေပေါ်ကို ဘယ်တော့မှ ခြေမချတော့ဘူး"

" တကယ်လို့ မင်း ရှုံးခဲ့ရင်တော့ ဒီကောင်မလေးကို ငါတို့ဆီ ပြန်အပ်ရမယ် ပြီးတော့ မင်းလည်း မဟာချန်းကနေ ထွက်သွားရမယ် မင်းလည်း နှစ်တစ်ရာအတွင်း ဒီမှာ ပေါ်မလာရဘူး"

​လူအုပ်ကြီးမှာ အံ့ဩသွားကြသည်။

လောင်းကြေးက အလွန်ကြီးလှသည်။ မည်သူနိုင်သည်ဖြစ်စေ တစ်ဖက်မှာ တော်ဝင်မြို့တော်မှ နှစ်တစ်ရာအထိ ထွက်ခွာပေးရမည်ဖြစ်သည်။

ဖန့်မိသားစုဝင်များက ဖန့်ချန်ကို မသဘောတူရန် တားမြစ်ကြသော်လည်း ဖန့်ချန်က ရယ်မောလိုက်သည်

"ကျွယ်ဝူတီသာ ရှုံးသွားပြီး နှစ်တစ်ရာအတွင်း မြို့ထဲ ခြေမချနိုင်ရင် တော်တော် စိတ်ဝင်စားဖို့ ကောင်းမှာပဲ"

​လူတိုင်းက ထူးဆန်းစွာ ကြည့်နေကြသည်။

သူတို့အမြင်တွင် ဖန့်ချန်သည် ယနေ့တွင် လှည့်ကွက်ဖြင့် နိုင်ခဲ့ခြင်းဖြစ်ပြီး ကျွယ်ဝူတီက နောက်တစ်ကြိမ်တွင် အလားတူ လှည့်ကွက်မျိုးကို ခံတော့မည် မဟုတ်ပေ။

ထိပ်တိုက်ရင်ဆိုင်ပါက ဖန့်ချန် နိုင်ခြေမှာ သုညနီးပါးဟု သူတို့ ယူဆကြသည်။

​ဖန့်ချန်က ကျွယ်ဝူတီကို ကြည့်ကာ

"မင်းသတ်မှတ်တဲ့ လောင်းကြေးက မတရားဘူး ငါရှုံးရင် မိန်းကလေးကို ပြန်ပေးရမယ် မြို့ထဲက ထွက်သွားရမယ် ဟုတ်လား အဲ့ဒါဆို နောက်ထပ် အခြေအနေတစ်ခု ထပ်ပေါင်းရအောင်"

​ကျွယ်ဝူတီက ဖန့်ချန် ငြင်းမှာကို ကြောက်နေသဖြင့်

"ပြောစမ်း"

ဟု အလျင်အမြန် ဆိုသည်။

​"မင်း ရှုံးခဲ့ရင် ရှကျီ က မင်းကို ပါး ဆယ်ချက် ရိုက်ရမယ်"

ဟု ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

​ပရိသတ်များမှာ ထူးဆန်းသော အကြည့်များဖြင့် ကြည့်ကုန်ကြသည်။

ရှကျီနှင့် ဖန့်ချန် ရင်းနှီးသည်ဆိုသော ကောလာဟလမှာ အမှန်ဖြစ်ပုံရသည်။

ကျွယ်ဝူတီ၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသော်လည်း သူကိုယ်သူ ထိန်းချုပ်ကာ

"ကောင်းပြီ၊ အဲ့ဒီအတိုင်း ဖြစ်စေရမယ်"

ဟု သဘောတူလိုက်လေသည်။

​ကောင်းကင်ယံထက်တွင် ရွှေအမြုတေအဆင့် ပညာရှင်များလည်း လူစုခွဲသွားကြသည်။

မင်းသမီး ရှင်းလုံ က ဖန့်ဝမ်လီ ကို ကျွယ်မိသားစု၏ ကိစ္စတွင် ဝင်မပါရန် သတိပေးကာ ထွက်ခွာသွားသည်။ ဖန့်ဝမ်လီကမူ

"ငါ ရွှေအမြုတေ အလယ်လတ်ကို ရောက်တဲ့အထိ စောင့်ကြည့်ဦးမှာပါ"

ဟု တစ်ကိုယ်တည်း ရေရွတ်နေသည်။

​လက်ဖက်ရည်ဆိုင်တွင် ကျွယ်ဖေးအန်းသည် ကျန်းကျုံး ဆီသို့ ချဉ်းကပ်ကာ ပြုံးလျက်

"မင်းရဲ့ သခင်မလေးကို သူ ခေါ်သွားတာကို မင်း တကယ် ပျော်နေတာလား"

ဟု မေးသည်။

​ကျန်းကျုံးက ပြုံးကာ

"ဘာလို့ မပျော်ရမှာလဲ မင်း တို့ ကျွယ်မိသားစုရဲ့ ပါရမီရှင်ဆိုသူက အကစားခံလိုက်ရတာလေ မင်းတို့ ဘိုးဘေးတွေက ငါတို့ဆီမှာ ကျွန်ခံခဲ့တုန်းက စုဆောင်းခဲ့တဲ့ ကုသိုလ်တွေကြောင့်သာ မဟုတ်ရင် အခုလို အခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး"

ဟု ပြန်လည် ထိုးနှက်လိုက်သည်။

​ကျွယ်ဖေးအန်းမှာ ဒေါသထွက်မသွားဘဲ

"မင်းရဲ့ သခင်မလေးက မြို့ထဲက ထွက်လို့ မရဘူး ကုန်သွယ်ရေး ညီလာခံ ပြီးတာနဲ့ ငါတို့ သူမကို ပြန်ခေါ်မယ် အဲ့ဒီအချိန်ကျရင် သူမကို ပိုပြီး ကြောက်စရာကောင်းတဲ့ အဆုံးသတ်က စောင့်ကြိုနေလိမ့်မယ်"

ဟု အေးစက်စွာ ပြောဆိုလိုက်တော့သည်။

​​အခန်း ၃၇၂ - သူ ငါ့ကို တကယ် မြင်နိုင်တာပဲ

​ဖန့်လင်ရှင်း ၏ ဘေးတွင် ဖန့်မိသားစုဝင် အချို့ ဝိုင်းအုံကာ သူမ၏ အခြေအနေကို စစ်ဆေးနေကြသည်။

ဖန့်မိုရှန်း အပြေးအလွှား ရောက်ရှိလာပြီး သတိလစ်နေသော သမီးဖြစ်သူကို မြင်လိုက်ရသောအခါ မျက်နှာ ပျက်သွားတော့သည်။

​"ငါ့သမီးကို ဘယ်သူ ဒဏ်ရာရအောင် လုပ်တာလဲ"

​ဖန့်မိသားစုဝင်များက အဖြစ်အပျက်ကို ပြန်ပြောပြရာ ဖန့်မိုရှန်းမှာ အံ့ဩတုန်လှုပ်သွားရသည်။

သူက ကျွယ်ဝူတီ ကို အဲ့ဒီလောက် အရှက်ရအောင် ဘယ်လို နိုင်လိုက်တာလဲ ကျွယ်ထျန်းကန်း ကိုတောင် သူ နိုင်ခဲ့တာလား

​ဖန့်မိုရှန်းသည် သူ၏ ထိတ်လန့်မှုကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း ဖန့်လင်ရှင်း၏ ရောင်ကိုင်းနေသော ပါးပြင်ကို မြင်သောအခါ ဒေါသနှင့် အမုန်းတရားများ ရင်ထဲတွင် ပြည့်လျှံလာသည်

"ငါတို့အားလုံးက မိသားစုဝင်တွေပဲလေ သူက လင်ရှင်းအပေါ်မှာ ဘာသံယောဇဉ်မှ မရှိဘူး တကယ့်ကို ယုတ်မာတဲ့ ကောင်ပဲ"

​ဖန့်မိုရှန်းသည် သမီးဖြစ်သူကို ကိုယ်တိုင် ပွေ့ချီကာ အိမ်တော်သို့ ပြန်လာခဲ့သည်။

သူ၏ စိတ်ထဲတွင် ဖန့်ချန်ကို လက်စားချေရန်နှင့် ဖန့်ချန်ဘက်မှ ရပ်တည်သော တတိယနှင့် စတုတ္ထအကိုင်းခက် မှ လူများကို အခက်တွေ့အောင် လုပ်ရန် ကြံစည်နေတော့သည်။

သူသည် အဓိက မျိုးနွယ်စုမှ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင် ဖြစ်သလို မိသားစုခေါင်းဆောင်နှင့်လည်း သွေးနီးစပ်သူ ဖြစ်သဖြင့် မိသားစုအတွင်း အာဏာရှိသူ ဖြစ်သည်။

​"သွားကြစို့ ဒီမှာ ကြည့်စရာ ဘာမှမရှိတော့ဘူး"

သခင်လေးကျား က လက်ဖက်ရည်ခွက်ကို ချကာ သူ၏ နောက်လိုက်များနှင့်အတူ အေးဆေးစွာ ထွက်ခွာလာခဲ့သည်။

​အိမ်တော်သို့ ပြန်ရောက်သောအခါ သခင်လေးကျား ၏ ဘေးတွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်

"အစ်ကိုကြီး သူက ဘာလို့ ရိပ်ခြေဗုဒ္ဓ ကျင့်စဉ် ကို တတ်နေတာလဲ"

​ကျားမင်းမှာ လန့်သွားပြီး ရင်ဘတ်ကို ဖိကာ

"ငါ့ကို အဲ့လို လာမလန့်ပါနဲ့လို့ ငါပြောထားတယ် မဟုတ်လား စတုတ္ထညီ"

ဟု အော်လိုက်သည်။

​သခင်လေးကျား၏ ဘေးတွင် သာမန်အရပ်သား တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေသည်။

သူ၏ ကိုယ်ပေါ်တွင် ကျင့်ကြံသူတစ်ဦး၏ အငွေ့အသက် လုံးဝ မရှိပေ။

​"ထားလိုက်ပါတော့..."

သခင်လေးကျား က သက်ပြင်းချကာ

"အမှန်အတိုင်း ပြောရရင် သူက ငါတို့ရဲ့ အကြီးအကဲ ပဲ"

ဟု ဆိုလိုက်သည်။

​ထိုအမျိုးသားမှာ အံ့ဩသွားပြီး

"သူက အကြီးအကဲလား"

ဟု မေးသည်။

​"ဒါနဲ့ မင်း ဘာလို့ မထွက်သွားသေးတာလဲ"

ကျားမင်းက မျက်မှောင်ကြုတ်ကာ

"မင်း ဖန့်လင်ရှင်းကို သတ်ဖို့ ပျက်ကွက်ခဲ့တာပဲ မင်း တော်ဝင်မြို့တော်ကနေ ထွက်သွားတာ ကြာလှပြီ ထင်နေတာ"

​"တာဝန် ပျက်ကွက်ခဲ့လို့ပဲ နောက်ထပ် သတ်ဖို့ အခွင့်အရေး ရှိမလားဆိုတာ စောင့်ကြည့်နေတာပါ"

ဟု ထိုအမျိုးသားက ဆိုသည်။

​သခင်လေးကျား က ဆက်ပြောသည်

"သူ့အကြောင်းကို ငါပြောဖူးသားပဲ သူက တကယ့်ကို ထူးခြားတဲ့သူပဲ မင်း မြို့တော်ထဲ ရောက်လာတာနဲ့ သူ မင်းကို တန်းမြင်တာ သူ ငါ့ဆီ လာပြီး မင်းရဲ့ ကျင့်စဉ်တွေအကြောင်း မေးသွားသေးတယ်"

​"အဲ့ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

ထိုအမျိုးသားမှာ မယုံနိုင် ဖြစ်သွားသည်

"သူက ငါ့ကို ဘယ်လို ခံစားမိတာလဲ ရိပ်ခြေဗုဒ္ဓ ကျင့်စဉ် က အရမ်း လျှို့ဝှက်တာ ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တွေတောင် ငါ့ကို ရှာတွေ့ဖို့ ခက်တယ်"

​သခင်လေးကျား က ရယ်မောကာ

"ငါလည်း အဲ့လိုပဲ ထင်ခဲ့တာလေ ဒါပေမဲ့ သူက မင်းကို မြင်ရုံတင် မဟုတ်ဘူး အဲ့ဒီကျင့်စဉ်ကို ငါ့ဆီက ဝယ်ခဲ့တာ"

"လူတစ်သောင်း မှာ မင်းတစ်ယောက်ပဲ တတ်တဲ့ ဒီကျင့်စဉ်ကို သူက တစ်ထိုင်တည်းနဲ့ ကြည့်ပြီး တတ်သွားတာ အဲ့ဒါကြောင့် ကျွယ်ဝူတီသာ သူ့ကို သွားယှဉ်ရင် သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ"

​ခေတ္တအကြာတွင် ထိုအမျိုးသား ပျောက်ကွယ်သွားသည်ကို သခင်လေးကျား သတိပြုမိသွားသည်။

သူ၏ ညီဖြစ်သူမှာ အရှုံးမပေးတတ်သူ ဖြစ်သဖြင့် ဖန့်ချန်ကို သွားရောက် စမ်းသပ်မည်ကို သခင်လေးကျား စိုးရိမ်သွားတော့သည်။

​"မင်း ဒီမှာပဲ ခဏနေပါ"

ဖန့်ချန်က ကျန်းထျန်းအိုက် ကို သူ၏ အခန်းနှင့် မနီးမဝေးရှိ အခန်းတစ်ခုသို့ ခေါ်လာခဲ့သည်။

​ကျန်းထျန်းအိုက်က တိုးတိုးလေး မေးသည်

"ဂိုဏ်းချုပ်ဖန့် ကျွယ်မိသားစုက ကျွန်မတို့ မိသားစုဆီက ကောင်းကင်ဘုံ အထွတ်ထိပ် ဆေးနည်း ကို လိုချင်နေတာ အဲ့ဒါကို ပေးလိုက်ရင် ကျုံးဦးလေးကို လွှတ်ပေးမှာလား"

​"သူတို့က ကျုံးဦးလေးကို ချက်ချင်း သတ်လိမ့်မယ်ပြီးရင် မင်းကို သတ်မယ် ပြီးရင် ငါ့ကိုပါ သတ်လိမ့်မယ်"

ဟု ဖန့်ချန်က ပြတ်သားစွာ ပြောလိုက်သည်

"အသက်နဲ့လဲပြီးတော့တောင် အဲ့ဒီကျမ်းကို ဖွင့်မပြောရဘူး နားလည်လား"

​ကျန်းထျန်းအိုက်က မျက်လုံးဝိုင်းလေးဖြင့် ခေါင်းငြိမ့်ပြသည်။

လျီချန်း ကလည်း ရောက်ရှိလာပြီး ကျန်းထျန်းအိုက်ကို စောင့်ရှောက်ရန် ကတိပေးသည်။

​လျီချန်း ထွက်သွားပြီးနောက် ဖန့်ချန်သည် ခြံဝင်းအတွင်းရှိ ကျောက်ခုံတန်းလေးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်။

သူ၏ ဝိညာဉ်အာရုံမှာမူ ကောင်းကင်ယံထက်တွင် ရပ်နေပြီး နံရံထောင့်ရှိ အရိပ်တစ်ခုကို စိုက်ကြည့်နေသည်။

​ခေတ္တမျှ ကြာပြီးနောက် ဖန့်ချန်က အသာအယာ ပြောလိုက်သည်

"ဒါက ဖန့်မိသားစုရဲ့ နယ်မြေလေ မင်း ဒီထဲကို ခိုးဝင်လာတာကို ငါတို့ရဲ့ ဘိုးဘေးကြီး ထွက်လာပြီး မင်းကို အပိုင်းပိုင်း ချေမွပစ်မှာ မကြောက်ဘူးလား"

​နံရံထောင့်မှ အရိပ်အတွင်းရှိ လူတစ်ယောက်မှာ တုန်လှုပ်သွားပြီး ဖန့်ချန်ကို မယုံနိုင်စွာ ကြည့်လိုက်သည်

​"သူ... သူ ငါ့ကို တကယ် မြင်နိုင်တာပဲ"

All Chapters