အခန်း (၃၇၉-၃၈၀)
Vol. 38 Ch. 379-380
အခန်း ၃၇၉ - ပညာရှိသည် အသုံးမကျပေ
"ဘ-ဘုရားရှင်"
အရာရှိသည် ခဏမျှ မှင်သက်သွားပြီးနောက် သတိပြန်ဝင်လာကာ နောက်မှစစ်သားများကို မေးလိုက်သည်
"ခုနက ကျင့်ကြံသူတစ်ယောက် ပျံလာပြီး ဓားနဲ့ ဘုရားရှင်ကို သတ်သွားတာလား"
"ဟု-ဟုတ်ပါတယ် အဲဒီလိုပဲ ထင်ရတာပဲ"
ဟု စစ်သားက ထစ်ထစ်ငေါ့ငေါ့ ဖြေသည်။
အရာရှိက ရေရွတ်သည
"ဘယ်လိုကျင့်ကြံသူက ဒီလောက်တောင် မောက်မာရတာလဲ လမ်းပိတ်နေရုံလေးနဲ့ ဘုရားရှင်ကို သတ်သွားတယ်ပေါ့"
လူအုပ်ထဲတွင် လူငယ်အုပ်စုမှာလည်း ရုတ်တရက် ဖြစ်ပျက်သွားမှုကြောင့် အံ့အားသင့်နေကြသည်။
"စီနီယာအစ်ကို ခုနက ဘယ်သူလဲဟင်"
"ဒီလမ်းက ဖြတ်သွားတဲ့ ဘုရားရှင်ထက် ပိုသန်မာတဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက်ယောက် ဖြစ်မှာပါသူ မျက်စိဆံမွှေးစူး လို့ သတ်သွားတာ ဖြစ်နိုင်တယ်"
ဟု လူငယ်က ဆိုသည်။
"ဒါပေမဲ့ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ "
"ဘာဖြစ်နိုင်လို့လဲ"
"မတရားမှုကို မကြည့်ရက်တဲ့ လမ်းမှန်ကျင့်ကြံသူတစ်ဦးက ဘုရားရှင်ကို သတ်ဖို့ အကြောင်းပြချက် ရှာလိုက်တာလည်း ဖြစ်နိုင်တာပဲ"
မိန်းကလေးက ဇဝေဇဝါဖြင့်
"လမ်းမှန် ကျင့်ကြံသူက ဘာလို့ အကြောင်းပြချက် ရှာနေရဦးမှာလဲ"
လူငယ်က သက်ပြင်းချကာ
"ဘာလို့လဲဆိုတော့ အဲဒီကျင့်ကြံသူက တရားမျှတမှုအတွက် သတ်တယ်လို့ ဗြောင်ပြောရင် ဘုရားရှင်ရဲ့ နောက်ကွယ်ကလူက ဒီကလူသားတွေအပေါ် ဒေါသပုံချမှာ စိုးလို့လေ"
လူတိုင်း သဘောပေါက်သွားကြသော်လည်း သူ၏ရှင်းပြချက်ကို သံသယရှိနေကြဆဲ ဖြစ်သည်။
သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် မိစ္ဆာတစ်ကောင် အလွယ်တကူ အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် ကျင့်ကြံခြင်းလောကအပေါ် ရိုသေကြောက်ရွံ့စိတ်များ ပိုတိုးလာကြသည်။
သူတို့အဖို့ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ အလွန်သန်မာသော်လည်း အချို့အတွက်မူ ထိုသူတို့မှာ စိတ်အလိုရှိတိုင်း သတ်နိုင်သော ပုရွက်ဆိတ်များသာ ဖြစ်သည်။
"တွေ့လား ငါ့ရဲ့ စွမ်းရည်တွေက မင်းထက် အများကြီး ပိုအသုံးဝင်တယ် ချန်လေးရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ငါ့အတွက်ပဲ အရင်သုံးသင့်တာ မင်းမှာ ဘာအသုံးဝင်တာ ရှိလို့လဲ ပညာရှိလည်းပြောပြီ တကယ့်ကို စောက်သုံး မကျတာပဲ"
ဓားငယ်လေးသည် ဘုရားရှင်ကို သတ်ပြီးနောက် စကြာဝဠာမှန်ချပ် ကို ချက်ချင်း ကြွားဝါတော့သည်။
"ညီလေး ငါက မင်းထက် အများကြီး ပိုသက်တမ်းရင့်တယ် ဓားသန္ဓေသားလေးက ငါ့ကို လှောင်ရဲတယ်ပေါ့ ငါက အင်မော်တယ်ဘုံက လာတာ ငါက အင်မော်တယ်အဆင့် ရတနာ ကွ"
ဟု မှန်ချပ်က ပြန်ပက်သည်
"မင်းက အခြေခံတည်ဆောက်ခြင်းအဆင့် မိစ္ဆာလေးတွေကို သတ်နိုင်ရုံပဲ ငါ့ရဲ့ အစွမ်းက သူ့ကို ကမ္ဘာပေါ်မှာ ထိပ်တန်းပညာရှင် ဖြစ်အောင် လုပ်ပေးနိုင်တာ"
"စကားကြီး စကားကျယ်တွေ ပြောမနေနဲ့ မဟာချန်းအင်ပါယာမှာ ဝိညာဉ်သွေးဆေးလုံး ဘယ်သူ့မှာ ရှိလဲ ဘယ်သူတွေက ဝိညာဉ်သွေးဂိုဏ်းဝင်တွေလဲလို့ချန်လေး မေးတုန်းက မင်း မဖြေနိုင်ခဲ့ဘူး မဟုတ်လား"
ဟု ဓားငယ်လေးက ဆိုသည်။
"မင်း"
မှန်ချပ်မှာ ဒေါသထွက်သွားသည်
"ဒါက ငါ့ရဲ့ စည်းကမ်းပဲ စည်းကမ်းကို ဖောက်ဖျက်လို့ မရဘူး ဝိညာဉ်ကျောက်တုံး မရှိရင် ငါ တကယ် မပြောနိုင်တာ"
"တော်စမ်းပါ မင်း တကယ် မသိတာကိုပဲ ဝန်ခံလိုက်စမ်း"
မှန်ချပ်က ရုတ်တရက် တည်ငြိမ်သွားပြီး လှောင်ပြောင်သံဖြင့်
"ညီလေး မင်း ငါ့ကို ဒေါသထွက်အောင် ဆွနေတာလား အလကားပဲ ဝိညာဉ်ကျောက်တုံး မရှိရင် ငါ့စွမ်းအားကို သုံးလို့မရဘူး ဒါကြောင့် မပြောနိုင်တာ"
"ချန်လေး သူ့ကို တစ်နေရာမှာ မြှုပ်ထားလိုက်ရင်ကော စကားပြောလာမလား ကြည့်ရအောင်"
ဟု ဓားငယ်လေးက အကြံပေးသည်။
ဖန့်ချန် သက်ပြင်းချလိုက်မိသည်
"မရန်ဖြစ်ကြနဲ့တော့ ငါ့မှာ အခု ဝိညာဉ်ကျောက်တုံး အကန့်အသတ်ပဲ ရှိတယ် ဒါပေမဲ့ နောက်ပိုင်းကျရင် အများကြီး ရလာမှာပါ အဲဒီအချိန်ကျရင် မင်းတို့ကို လိုလေသေးမရှိ ထားပါ့မယ်"
ဖန့်ချန်သည် နုန်းကွေ့ချွမ် ညွှန်ပြသော လမ်းကြောင်းအတိုင်း တစ်ရက်ခန့် ထပ်မံ ပျံသန်းပြီးနောက် ရည်မှန်းချက်သို့ ရောက်ရှိလာသည်။
နုန်းကွေ့ချွမ်က သွားပြန် တစ်လခွဲ ကြာမည်ဟု ခန့်မှန်းခဲ့သော်လည်း ဖန့်ချန်သည် ဓားအသွင်ပြောင်းကာ ပျံသန်းနိုင်သည်ကို သူ မသိပေ။
ထို့ကြောင့် ဖန့်ချန်အဖို့ ဆယ်ရက်အတွင်း မြို့တော်သို့ ပြန်ရောက်နိုင်မည် ဖြစ်သည်။
ရှေ့တွင် စည်ကားလှသော ဈေးကွက်တစ်ခုကို မြင်လိုက်ရသည်။
ထိုနေရာရှိ ကျင့်ကြံသူအားလုံးမှာ မှိုင်တွေကာ ရက်စက်သော အကြည့်များ ရှိကြသည်။
ဖန့်ချန် တစ်ဦးတည်း ရောက်လာသောအခါ အကြည့်ပေါင်းများစွာ ကျရောက်လာသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်ကို အကဲမဖြတ်နိုင်သဖြင့် မျက်နှာလွှဲသွားကြသည်။
"ဒီလိုနေရာမျိုးမှာတောင် ကောင်းကင်ရတနာခန်းမက စီးပွားရေး လုပ်နိုင်တာပဲ သူတို့က တကယ့်ကို မရိုးရှင်းဘူး"
နုန်းကွေ့ချွမ် ပြောသော ရတနာမှာ ထိုခန်းမတွင် ရှိနေခြင်း ဖြစ်သည်။
ဖန့်ချန် ဝင်သွားသောအခါ အစေခံတစ်ဦးက ချဉ်းကပ်လာပြီး
"ဘာလိုအပ်ပါသလဲ"
ဟု မေးသည်။
"ရတနာ တစ်ခု ဝယ်ချင်လို့ပါ"
"အဝါရောင်အဆင့် အနိမ့်စားလား"
အစေခံက ညွှန်ပြသည်
"အဲဒါတွေက ဟိုဘက်မှာ ရှိတယ် ဝိညာဉ်တံဆိပ် ၃ ခုကနေ ၁၂ ခုအထိ ရှိတယ် ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးပါ"
ဖန့်ချန်က ဆိုသည်
"ဒီမှာ မရောင်းရဘဲ ကြာနေတဲ့ ရတနာတစ်ခု ရှိတယ်လို့ ငါ ကြားထားတယ်"
အစေခံက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်
"ခဏစောင့်ပါ"
ဟု ပြောကာ အထဲသို့ ဝင်သွားသည်။ ပြန်ထွက်လာသောအခါ အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ပါလာသည်။
ထိုသူက နွေးထွေးစွာ ပြုံးလျက်
"လူငယ်လေး မင်းက ငါတို့ဆိုင်က မိစ္ဆာနှိမ်နင်းရေး စက်ဝိုင်း ကို စိတ်ဝင်စားလို့လား"
ဖန့်ချန်က ခေါင်းညိတ်သည်။
"အို..."
ဆိုင်ရှင်က သက်ပြင်းချကာ
"မင်း ရက်အနည်းငယ် စောရောက်ခဲ့ရင် ကောင်းမှာပဲ အခုတလော အဲဒီရတနာကို စိတ်ဝင်စားတဲ့သူတွေ ရှိနေလို့ ငါလည်း ဘယ်သူ့ကိုမှ အားမနာရအောင် လေလံပွဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ရတယ်"
လေလံပွဲ ဟုတ်လား
ဖန့်ချန် မျက်မှောင်ကြုတ်သွားသည်။
"ဒီမှာ ရက်အနည်းငယ်လောက် နားလိုက်ပါဦး သုံးရက်နေရင် လေလံပွဲ စပါလိမ့်မယ် အဲဒီရတနာအပြင် တခြား ပစ္စည်းကောင်းတွေလည်း ရှိဦးမှာပါ"
ဆိုင်ရှင်လင်းက ဖန့်ချန်ကို ကျောက်စိမ်းပြားတစ်ခု ပေးလိုက်သည်
"ဒါကို ယူထားပါ သုံးရက်နေရင် တစ်ယောက်ယောက်က လာခေါ်ပါလိမ့်မယ်"
ဖန့်ချန်က မေးလိုက်သည်
"ဆိုင်ရှင်လင်း အဲဒီရတနာအပြင် အဝါရောင်အဆင့် အမြင့်စား ရတနာတွေကော ရှိလား"
ဆိုင်ရှင်လင်းက အံ့သြသွားပြီး ဖန့်ချန်ကို အကဲခတ်သည်
"လူငယ်လေး မင်းရဲ့ မျက်လုံးတွေက"
"အော် ငါ မမြင်ရဘူး"
ဟု ဖန့်ချန်က ပေါ့ပေါ့ပါးပါး ဖြေသည်။
ဆိုင်ရှင်လင်း စဉ်းစားသွားပြီးနောက်
"အဝါရောင်အဆင့် အမြင့်စားတွေကို မင်း တကယ် စိတ်ဝင်စားတာလား ကောင်းကင်ရတနာခန်းမ မှာ မရှိတာ မရှိပါဘူး ဒါပေမဲ့ မင်းမှာ ဝိညာဉ်ကျောက်တုံး အလုံအလောက် ပါရဲ့လား"
"အဲဒါအတွက် စိတ်မပူပါနဲ့"
ဖန့်ချန်က အေးစက်စွာ ပြောသည်
"ငါ ဒီကို ရဲရဲဝံ့ဝံ့ လာခဲ့တာဆိုရင် ကျောက်တုံးလည်း အလုံအလောက် ပါလာလို့ပဲ"
ဆိုင်ရှင်လင်း၏ အပြုံးမှာ ပိုမိုနွေးထွေးသွားသည်
"စိတ်မဆိုးပါနဲ့ ကျောက်တုံးရှိရင် အားလုံး ဖြစ်နိုင်ပါတယ် ကဲ ကျွန်တော့်နောက် လိုက်ခဲ့ပါ"
အခန်း ၃၈၀ - ချည်နှောင်ခြင်း ခေါင်းလောင်း
ဆိုင်ရှင်လင်းသည် ဖန့်ချန်အား တိတ်ဆိတ်သော အခန်းတစ်ခုသို့ ခေါ်ဆောင်လာသည်။
အခန်းထဲတွင် အဝါရောင်အဆင့် အမြင့် ရတနာ သုံးခုကို ခင်းကျင်းပြသထားသည်။
ဆိုင်ရှင်လင်းက ထိုရတနာများ၏ စွမ်းပကား၊ အာနိသင်နှင့် ဝိညာဉ်တံဆိပ် အရေအတွက်တို့ကို ရှင်းပြနေစဉ် ၎င်းတို့၏ ဈေးနှုန်းများကိုလည်း ခပ်ပေါ့ပေါ့ပင် ထည့်ပြောသွားသည်။
သူ၏ မျက်လုံးများက ဖန့်ချန်၏ မျက်နှာကို အကဲခတ်နေသော်လည်း ဖန့်ချန်မှာမူ မည်သည့်ခံစားချက်မျှ မပြဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။
ဆိုင်ရှင်လင်း ရှင်းပြနေစဉ်မှာပင် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင် ကလည်း ထိုရတနာ သုံးခုကို စစ်ဆေးနေသည်။
တစ်ခုမှာ ချည်နှောင်ခြင်း ခေါင်းလောင်း ဖြစ်ပြီး ချည်နှောင်ခြင်း အဆောင် ကဲ့သို့ အစွမ်းရှိသည်။
၎င်းတွင် ဝိညာဉ်တံဆိပ် ၇၂ ခုအထိ ပါရှိသဖြင့် အဝါရောင်အဆင့် အမြင့် ရတနာများထဲတွင် အကောင်းဆုံးဟု ဆိုနိုင်သည်။
ကျန်နှစ်ခုမှာ ဝိညာဉ်တံဆိပ် ၅၃ ခုနှင့် ၆၄ ခု အသီးသီးရှိကြသဖြင့် သိသိသာသာ အဆင့်နိမ့်သည်။
သို့သော် ထိုရတနာ သုံးခုလုံးတွင် တူညီသောအချက်တစ်ခုရှိသည် ၎င်းတို့အားလုံးမှာ ပြင်းထန်သော တိုက်ပွဲများကြောင့် အနည်းနှင့်အများ ပျက်စီးနေခြင်းပင်။
ဝိညာဉ်တံဆိပ်များ၏ အငွေ့အသက်မှာလည်း မညီမညာ ဖြစ်နေပြီး အချို့မှာ အလွန်ပင် မှေးမှိန်နေသည်
ဖန့်ချန်၏ မျက်လုံးများ လင်းလက်သွားသည်။
ဤ ချည်နှောင်ခြင်း ခေါင်းလောင်း မှာ ဝိညာဉ်တံဆိပ် ၇၂ ခု ပါရှိသဖြင့် မဟာချန်းအင်ပါယာတွင်ပင် တွေ့ရခဲသော ပစ္စည်းကောင်းတစ်ခု ဖြစ်သည်။
ဖန့်ချန်သည် ထိုရတနာကို ဝယ်ယူပြီး သူကိုယ်တိုင် အသုံးပြုရန် စဉ်းစားလိုက်သည်။
သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးသော်လည်း သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်မှုမှာ အလွန်ကြီးမားသည်။
သူ၏ စွမ်းအင်အားလုံးကို အသုံးပြုလျှင် ဤရတနာကို အသက်သွင်းနိုင်မည်ဖြစ်ပြီး၊ ထုံဟု ကဲ့သို့ ရွှေအမြုတေအဆင့် ပညာရှင်ကို ရင်ဆိုင်ရာတွင် အရေးပါသော ဝှက်ဖဲ တစ်ခု ဖြစ်လာနိုင်သည်။
ဖန့်ချန်က အေးဆေးစွာ ပြောသည်
"ဆိုင်ရှင်လင်း ဒီရတနာ သုံးခုရဲ့ ဝိညာဉ်တံဆိပ်တွေမှာ ပြဿနာရှိနေသလိုပဲ တော်တော်လေး ပျက်စီးနေတာပဲ ရတနာပညာရှင် တစ်ယောက်နဲ့ မပြင်နိုင်ရင် သိပ်ကြာကြာ သုံးလို့ရမှာ မဟုတ်ဘူး"
ဆိုင်ရှင်လင်း အံ့သြသွားသည်။
ဒီမျက်မမြင် လူငယ်လေးက ရတနာရဲ့ အားနည်းချက်ကို ဘယ်လို သိသွားတာလဲ သူသည် ဖန့်ချန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ငါ သူ့ကျင့်ကြံမှုကို အကဲမဖြတ်နိုင်တာ မဆန်းပါဘူး။
သူက ကျင့်ကြံမှုကို ဖုံးကွယ်ထားတဲ့ ရွှေအမြုတေအဆင့် ပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်
ဆိုင်ရှင်လင်းက ပြုံးကာ ရှင်းပြသည်
"သခင်လေး မင်းမသိတာက ဒီရတနာတွေရဲ့ ယခင်ပိုင်ရှင်တွေဟာ တိုက်ပွဲမှာ သေဆုံးသွားခဲ့ကြတာပါ ဒါကြောင့် ပျက်စီးမှု ရှိနေတာက သဘာဝပါပဲ"
" ဒါကြောင့်လည်း ကျွန်တော်က ဈေးလျှော့ရောင်းနေတာလေ ဥပမာ ဒီခေါင်းလောင်းဆိုရင် အကောင်းအတိုင်းဆို ဝိညာဉ်ကျောက်တုံး ၇၀၀၀ အထက် ရှိပေမဲ့ အခုတော့ ၅၀၀၀ နဲ့ပဲ ရောင်းမှာပါ"
ဖန့်ချန်က ခဏစဉ်းစားပြီးနောက်
"ခေါင်းလောင်းအတွက် ၆၀၀၀ ကျန်နှစ်ခုအတွက် ၅၀၀၀ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၁၁၀၀၀ ပေးမယ် ဆိုင်ရှင်လင်း ဘယ်လိုထင်လဲ"
ဆိုင်ရှင်လင်း မှင်သက်သွားသည်
"သခင်လေး အကုန်လုံးကို ဝယ်မလို့လား"
သူသည် ရတနာများကို ယူကာ
"ခဏစောင့်ပါ"
ဟု ပြော၍ အခန်းထဲမှ ထွက်သွားသည်။
ဖန့်ချန်၏ ဝိညာဉ်က နောက်မှ လိုက်သွားရာ ဆိုင်၏ အတွင်းခန်းတစ်ခုသို့ ရောက်သွားသည်။
ထိုနေရာတွင် ခြင်္သေ့နှင့် ကျား စပ်ထားသော ဦးခေါင်းရှိသည့် ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူ တစ်ဦး ရှိနေသည်။
ဆိုင်ရှင်လင်းက ထိုသူကို ရိုသေစွာ သတင်းပို့သည်။
"လူသစ်လား သူ့ကို ရောင်းလိုက်ပါ ပြီးတော့ မိစ္ဆာတိမ်တိုက် ဧကရာဇ်ကိုလည်း ဒီသတင်း ပေးလိုက်ဦးသူ ဘာလုပ်ရမလဲဆိုတာ သိလိမ့်မယ်"
ဟု ထိုမိစ္ဆာပညာရှင်က ပြောပြီး မျက်လုံးမှိတ်လိုက်သည်။
ဆိုင်ရှင်လင်းက ထပ်ပြောသည်
"သူက သုံးရက်နေရင် ကျင်းပမယ့် လေလံပွဲမှာ 'ာမိစ္ဆာနှိမ်နင်းရေး စက်ဝိုင်း ကိုလည်း ဝယ်ချင်နေပုံရတယ်"
"အော် သူက အဲဒီလောက်တောင် ချမ်းသာတာလား"
မိစ္ဆာပညာရှင်က အံ့သြသွားသည်
"ဒါဆိုရင်တော့ သုံးရက်နေမှ ဧကရာဇ်ကို သတင်းပို့လည်း ရပါတယ် အချိန်မီပါသေးတယ်"
ဖန့်ချန် သဘောပေါက်သွားသည်။
ဤ ကောင်းကင်ရတနာခန်းမမှာ မရိုးသားပေ ရတနာများကို ရောင်းချပြီးနောက် မိစ္ဆာတိမ်တိုက် ဧကရာဇ်အား သတင်းပို့ကာ ပြန်လည် လုယူခိုင်းခြင်း ဖြစ်သည်
ဤရတနာများသည်လည်း ထိုသို့ဖြင့် အကြိမ်ကြိမ် ရောင်းလိုက်၊ ပြန်လုလိုက်ဖြင့် ဆိုင်ထဲသို့ ပြန်ရောက်နေခြင်း ဖြစ်နိုင်သည်။
ငါ့မှာ ရိပ်ခြေဗုဒ္ဓကျင့်စဉ် သာ မရှိရင် ဒီလောက် အန္တရာယ်များတဲ့နေရာကို လာမှာမဟုတ်ဘူး။
ဒါပေမဲ့ ဒီကျင့်စဉ်ရှိနေသရွေ့တော့ ဘယ်လိုအခြေအနေကမဆို ငါ လွတ်အောင် ပြေးနိုင်တယ်
ဆိုင်ရှင်လင်းသည် အခန်းထဲသို့ ပြန်လာပြီး
"၁၁၁၀၀ ကျောက်တုံးနဲ့ အားလုံးကို ယူပါ"
ဟု ဆိုသည်။ ဖန့်ချန်ကလည်း ဝိညာဉ်ကျောက်တုံး ပုံကြီးကို ထုတ်ပေးလိုက်သည်။ ကျောက်တုံးများကို ရေတွက်ပြီးနောက် ဆိုင်ရှင်လင်းက ကောက်ကျစ်စွာ ပြုံးလျက်
"သခင်လေး ဒီနေရာက သိပ်မလုံခြုံဘူးနော်အသွားအပြန် သတိထားပါဦး"
ဟု သတိပေးဟန်ဖြင့် ဆိုလိုက်သည်။
ဖန့်ချန်က အသာအယာ ပြုံးကာ ရတနာများကို သိမ်းဆည်းပြီး ဆိုင်ထဲမှ ထွက်ခွာသွားသည်။
ဖန့်ချန် ထွက်သွားပြီး မကြာမီမှာပင် ဆိုင်ရှင်လင်း၏ လက်အောက်ငယ်သားတစ်ဦး ရောက်လာပြီး
"သူ့ကို မျက်ခြေပြတ်သွားပါပြီ"
ဟု စိုးရိမ်တကြီး ပြောသည်။
ဆိုင်ရှင်လင်းက ခပ်အေးအေးပင် ရယ်လိုက်သည်
"မျက်ခြေပြတ်တာက ပုံမှန်ပါပဲ ဘာမှ မဖြစ်ဘူး"
ဤသည်မှာ သူတို့၏ နယ်မြေဖြစ်ရာ မည်သူမျှ သူတို့လက်ထဲမှ လွတ်အောင် ပြေးနိုင်မည်မဟုတ်ဟု သူ ယုံကြည်နေသည်။