← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း(101)

ကျိုးချွေ့ဟွားတစ်ယောက် စုန့်ယီ၏အမူအယာကြောင့် အလွန်ကြောက်ရွံ့သွားရသည်။

ဆိုရလျှင် စုန့်ယီ ဒေါသထွက်လာသည့်အချိန်တွင် အလွန်အမင်း ကြမ်းတမ်းသည့်ပုံ ပေါက်ပြီး သူ၏ကြွက်သားများသည်လည်း ကြီးမားကာ လူအများကို ထိတ်လန့်စေသည်ပင်။

“မင်းက ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ? မင်းရဲ့မိန်းမကိုတောင် မကာကွယ်ပေးနိုင်ဘူး.. တစ်စုံတစ်ယောက်က သူမရဲ့နောက်ကို လိုက်နေတာတောင် ဘာမှမလုပာနိုင်ခဲ့ဘဲ.. မင်း ဘာလို့ ရဲစခန်းကိုသွားပြီး ကိုယ့်ဘာသာကိုယ်ပဲ အဖမ်းမခံတာလဲ?”

“ဟုတ်တယ်.. ပြီးတော့ မိန်ဟွေ့ကလည်း ဘာမှ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလေ.. မင်းတို့နှစ်ယောက် လူတိုင်း အဆင်ပြေအောင် လုပ်လို့မရဘူးလား? ငါတို့လည်း ပိုက်ဆံ ရမယ်၊ မင်းတို့လည်း ဘာမှ အရှုံးမရှိခဲ့ဘူးမလား?”

လင်းမိန်ဟွေ့အနေဖြင့် ထိုသူတို့မှာ ပိုက်ဆံကိုတစ်ခုကိုသာ အရေးပါသည်ဟု သတ်မှတ်ထားသည့်အပြင်၊ သူမကိုလည်း လူတစ်ဦးအဖြစ် လုံးဝ မသတ်မှတ်ကြသည်ကို နားလည်သွားခဲ့သည်။

လင်းမိန်ဟွေ့အနေဖြင့် လုံးဝ စိတ်ပျက်ရွံရှာသွားရသည်။ သူမ ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းတို့ကို ကြည့်ပြီး တိုက်ရိုက်ပြောလိုက်လေ၏။

“ဒီမတိုင်ခင်တုန်းက အစ်ကိုစုန့်ယီက ရှင်တို့ကို ယွမ်တစ်သောင်း ပေးခဲ့တယ်.. အဲဒီယွမ်တစ်သောင်းက ကျွန်တို့ရဲ့ ကြားထဲက မကျေနပ်ချက်တွေကို အပြတ်ရှင်းလိုက်တာပဲ.. အဲဒီနေ့ကစပြီး ကျွန်မတို့ကြားထဲမှာ ဘယ်လို ကြွေးမြီမှ မရှိတော့ဘူး”

“မင်းက စိတ်ကူးယဉ်နေတာပဲ! ဒီခေတ်ကြီးမှာ ယွမ်တစ်သောင်းက ဘာမှလုပ်လို့ မရဘူး!”

“လင်းကွင်းချင်းရဲ့ ဖြုန်းတီးသောက်စားမှုတွေသာ မရှိခဲ့ရင်၊ ဒီပိုက်ဆံပမာဏက အနည်းဆုံး ရှင်တို့သားရဲ့ ကျောင်းစရိတ်အတွက်တော့ လုံလုံလောာ်လောက် ရှိနေမှာပဲ..

လင်းရှောင်ရှု.. မင်းမိဘတွေ အသုံးမကျတာကိုပဲ အပြစ်တင်လိုက်.. ကောင်းကင်ကနေ အလကားကျလာနဲ့ နေ့လယ်စာတွေ အမြဲတမ်းရှိနေလိမ့်မယ်လို့ မထင်နဲ့

ငါ ပြောမယ်၊ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး”

လင်းမိန်ဟွေ့ ပြောပြီးသည့်နောက် သူတို့အနီးသို့လျှောက်သွားကာ ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းကို တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။

စုန့်ယီကလည်း သူတို့နှင့်အတူပါလာသည့် အိတ်ကို ကောက်ယူပြီး လမ်းပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်သည်။

လင်းမိန်ဟွေ့လည်း စုန့်ယီ၏ လုပ်ရပ်များကို မြင်လိုက်ရလျှင် အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့သည်။

သူမကို အမှန်တကယ် ကာကွယ်ပေးလိုသူမှာ စုန့်ယီ တစ်ယောက်တည်းသာ ဖြစ်ကြောင်း ထင်ရှားပေသည်။

သူမ တံခါးကို ပိတ်လိုက်ပြီးနောက် မျက်ရည်များ စီးကျလာရသည်။ စုန့်ယီက သူမ၏အနားသို့ လာပြီး မျက်ရည်များကို သုတ်ပေးကာ နူးညံ့စွာ ပြောလိုက်သည်

“မငိုပါနဲ့.. အဲဒီလိုလူတွေအတွက် ငိုရတာက မတန်ဘူး.. ဒီနေ့ မွန်းလွဲပိုင်းမှာ ဘယ်လိုမျိုး ထွက်ဆိုရမလဲဆိုတာကိုပဲ စဥ်းစားနေလိုက်လေ”

“အင်း”

“ဒါဆို ကိုယ်မင်းကို လိမ္မော်ဖျော်ရည် နည်းနည်း ဖျော်ပေးမယ်.. လည်ချောင်း သက်သာအောင် သောက်လိုက်ဦး.. ဒီနေ့ မွန်းလွဲပိုင်းမှာ ရဲကို အကြောင်းစုံ ရှင်းပြပြီး အဲဒီလူယုတ်မာကို ထောင်ထဲ ပို့လိုက်ကြမယ်”

စုန့်ယီ လင်းမိန်ဟွေ့ကို အပြုံးတစ်ခုနှင့် နှစ်သိမ့်ပေးလိုက်လေ၏။

လင်းမိန်ဟွေ့လည်း စိတ်ခံစားချက်တို့ ပြန်လည် အဆင်ပြေလာခဲ့ပြီး လင်းမိသားစုအကြောင်းကို သူမ၏စိတ်ထဲမှ ဖယ်ရှားလိုက်သည်။

တစ်ဖက်တွင်တော့ ကျိုးချွေ့ဟွားမှာ အပြင်သို့ မောင်းထုတ်ခံရသည်ကို လက်မခံလိုသည့်အတွက် လမ်းပေါ်တွင် စတင်အော်ဟစ်လာခဲ့သည်။

“ဘုရားရေ၊ ငါတော့ အသက်တောင် မရှင်ချင်တော့ဘူး! သမီးအရင်းက မိဘတွေကို မသိတတ်တော့ဘူး၊ အခု စုန့်ယီနဲ့ အတူနေပြီး မိဘတွေကိုတောင် အသိအမှတ် မပြုတော့ဘူး...”

“လာကြည့်ကြပါဦး! ဒီလင်မယားမှာ လူ့အသိစိတ် မရှိတော့ဘူး၊ သူတို့က လက်ထပ်ပြီးတာနဲ့ မိဘတွေကိုတောင် အသိအမှတ် မပြုတော့ဘူး...”

“လူတိုင်း သူတို့နဲ့ စီးပွားရေး မလုပ်ဘဲ ရှောင်ရှားကြပါ...”

လင်းရှောင်ရှု၏ စကားမဆုံးမီပင် ဝမ်မေ့လီက စားကြွင်းစားကျန်များထဲသို့ ရေထည့်ထားသည့် ဇလုံတစ်လုံးဖြင့် လောင်းချလိုက်သောကြောင့် ထိုညစ်ပတ်သည့်အရည်များက လူသုံးယောက်၏ ခေါင်းပေါ်သို့ တိုက်ရိုက် ကျသွားပြီး အနံ့ဆိုးများက ချက်ချင်းပင် လမ်းမတစ်ခုလုံးသို့ ပြန့်လွင့်သွားသည်။

ကျိုးချွေ့ဟွားတစ်ယောက် မျက်နှာပေါ်မှ စားကြွင်းစားကျန် အရည်မျာကို သုတ်လိုက်က် ဝမ်မေ့လီကို ဒေါသတကြီးကြည့်၍ အော်ဟစ်လိုက်သည်။

“နင် သေချင်နေတာလား? ငါတို့က အရမ်း ရိုးသားပြီး အနိုင်ကျင့်လို့ လွယ်တယ်လို့ ထင်နေတာလား? ငါ နင့်ရဲ့ဆိုင်ကို ရိုက်ချိုးဖျက်စီးပစ်မယ်...”

ထိုအချိန်တွင် ဝူကောက အထဲမှ ထွက်လာသည်။ သူသည်က အရပ်

ခြောက်ပေကျော်ရှိပြီး မျက်နှာကလည်း အေးစက်သည့် အမူအရာ ရှိနေသည်။

“ငါတို့ဆိုင်ကို ဘယ်သူက ရိုက်ချိုးဖျက်စီးဖို့ ကြိုးစားနေတာလဲ “

လင်းကွားချင်းတစ်ယောက် လောင်ဝူက အရပ်ရှည်ပြီး သန်မာသည်ကို မြင်လိုက်ရလျှင် တုန်ယင်သွားခဲ့သည်။

သူက ကျိုးချွေ့ဟွားကို ဆွဲ၍ ပြောလိုက်လေ၏။

“အဖွားကြီး၊ ပြဿနာရှာတာ ရပ်လိုက်တော့.. ဒါက ယွမ်ကျွမ်းမြို့ပဲ.. ငါတို့သာ ရှုပ်ထွေးအောင် လုပ်လိုက်ရင် မြို့ထဲက လူတွေ ထွက်လာပြီး ငါတို့ကို ရိုက်ကြလိမ့်မယ်.. ပြန်ကြရအောင်”

“ဘာလို့ ပြန်ရမှာလဲ? ကျွန်မပြန်ရင် အဲဒီ ယွမ်သုံးသောင်းကို ဆုံးရှုံးရမှာ! လင်းမိန်ဟွေ့က တရားစွဲဆိုမှုကို ရုပ်သိမ်းဖို့ သဘောမတူဘူးဆိုရင် ကျွန်မ မပြန်ဘူး..ဒီမှာပဲ စောင့်နေမယ်”

ကျိုးချွေ့ဟွားက ငိုယိုနေခဲ့နေပြီး လင်းမိန်ဟွေ့မှ ကျန်းကျစ်ကုန်းကို တရားမစွဲရန်အတွက် အော်ဟစ်နေခဲ့သည်။

လင်းရှောင်ရှုက တင်းကျပ်စွာ ပိတ်ထားသော တံခါးကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။

“အမေ၊ လင်းမိန်ဟွေ့က နှလုံးသား မရှိဘူး.. သူမက ဘယ်တုန်းက သနားကြင်နာမှုကို ပြခဲ့ဖူးလို့လဲ? လင်းမိသားစုကနေ ထွက်ပြေးတဲ့နေ့ကစပြီး သူမက ကျွန်တော်တို့ မိသားစုဝင် မဟုတ်တော့ဘူး.. သူမကို ထွက်သွားခိုင်းလိုက်...”

ဝမ်မေ့လီတစ်ယောက် ဆက်လက် နားထောင်နိုင်ခြင်း မရှိတော့ချေ။ ဤစကားများသည်က လင်းမိန်ဟွေ့၏ နှလုံးသားကို ဓားနှင့် ထိုးသလို ဖြစ်နေပေလိမ့်မည်။

“မင်း ငါတို့နှင့် ခွဲထွက်သွားမယ်ဆိုရင်တောင် လင်းမိသားစုရဲ့ အကြွေးတွေကို ဆပ်ပေးသွားမှရမယ်၊ ငါတို့က သမီးတစ်ယောက်ကို အလကားမွေးထားတာမဟုတ်ဘူး”

ကျိုးချွေ့ဟွား၏ နှလုံးသားက ယွမ်သုံးသောင်းအကြောင်းကတွေးတောမိလျှင် ပို၍ပင် တုန်လှုပ်လာခါစိတ်လှုပ်ရှားလာခဲ့လေသည်။

သူတို့သာ ထိုငွေပမာဏကို ရရှိခဲ့လျှင် လင်းရှောင်ရှုက ပိုမိုကောင်းမွန်သည့် တက္ကသိုလ်ကို တက်နိုင်မည်ဖြစ်ပြီး သူတို့၏အိမ်ကိုလည်း ပြင်ဆင်နိုင်ပေလိမ့်မည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းအသေးစားတစ်ခုကိုလည်း စတင်နိုင်ပေမည်။

ထိုသို့ဆိုလျှင် သေချာပေါက် ပိုမိုကောင်းမွန်သည့်ဘဝများကို ပိုင်ဆိုင်နိုင်လာမည်ဖြစ်ပြီး လင်းမိန်ဟွေ့သည်လည်း မည်သည့်အရာကိုမျှ ဆုံးရှုံးစရာ မရှိတော့ချေ။

ဤအကြောင်းကို တွေးမိသည်နှင့် ကျိုးချွေ့ဟွားက နေရာမှ ကုန်းထလိုက်ပြီး အပြင်သို့ထွက်ကာ ဆိုင်ဘက်လှည့်၍ အော်ပြောလိုက်၏။

“လင်းမိန်ဟွေ့….မင်းက အပျိုလည်းမဟုတ်ဘူး၊ မင်း စုန့်ယီနဲ့နေတာ အရမ်းကြာနေပြီလေ ..

နောက်ပြီး ကျန်းကျစ်ကုန်းက မင်းကိုဘာမှလုပ်ခဲ့တာမဟုတ်ဘူး၊ မင်း ကြေအေးပေးလိုက်တာနဲ့ လူတိုင်းစိတ်ချမ်းသာသွားရမှာ”

လင်းကွားချင်းကလည်း လိုက်ပြောလေသည်။

“မိန်ဟွေ့… မင်းရဲ့မိဘတွေအနေနဲ့ အရင်တုန်းက မိဘတာဝန်မကျေဘဲ လိုအပ်ချက်တွေအများကြီးရှိခဲ့တာမှန်ပေမဲ့လည်း ဘာပဲဖြစ်ဖြစ် ငါတို့ကမင်းကို ကျွေးမွေးစောင့်ရှောက်ခဲ့တာပဲလေ၊

ကျွေးကျေးဇူးက မွေးကျေးဇူးထက် ပိုကြီးမားတယ်လို့ ပြောတာ ကြားဖူးတယ်မလား၊ မင်းမှာ ကျေးဇူးတရားကိုသိတတ်တဲ့ စိတ်လေး နည်းနည်းတောင်မရှ်ိဘူးလား”

မြို့တွင်းရှိ လူများက ဤသို့ဆူညံနေခြင်းကို နားထောင်ရသည်ကို ကြိုက်ကြ၏။

ဆူညံသံများ အဆက်မပြတ်ထွက်ပေါ်နေသောကြောင့် အနီးအနားတွင် လူများပို၍ ထူထပ်လာခဲ့လေသည်။

သူတို့က လမ်းဘေးတစ်လျှောက်လုံး ရပ်နေကြပြီး အားလုံးက ကျိုးချွေ့ဟွားကို ကြည့်ကာ အချင်းချင်း တီးတိုးပြောနေကြ၏။

“လင်းမိန်ဟွေ့က ငါတို့မြို့ကိုလာပြီး စီးပွားလုပ်တာ မအံ့ဩတော့ပါဘူး၊ သူ့မိသားစုနဲ့ အဆင်မပြေလို့ကိုး...”

“နင်တို့ မသိသေးဘူးလား၊ သူ့အမေက သူ့ကို သူဌေးနဲ့ ပေးစားချင်နေတာ ဒါပေမဲ့ သူက စုန့်ယီကို ရွေးပြီး လက်ထပ်လိုက်တာလေ၊ ငါကြားတာတော့ စုန့်ယီက မိဘမဲ့ကလေးတဲ့...”

“ဒါဆို လင်းမိန်ဟွေ့လည်း အကြံရှိတဲ့မိန်းမပဲ!”

“ဘယ်လိုအကြံမျိုးလဲ၊ ဒါက အရမ်းတော့ ထူးဆန်းနေမယ်မထင်ဘူး၊ ကျန်းကျစ်ကုန်း ဆီကနေ ပိုက်ဆံတွေခြစ်ထုတ်ယူယူပြီး တခြားယောင်္ကျားတစ်ယောက်နဲ့ သွားနေတာမျိုးဆိုရင် ဒါတွေက အခုခေတ်မှာ ဖြစ်နေကျတွေပဲလေ”

ဝမ်မေ့လီတစ်ယောက် ထိုစကားများကို ကြားသည်နှင့် ဒေါသတကြီးဖြင့် ခါးထောက်၍ လင်းမိန်ဟွေ့ဘက်မှရပ်တည်ကာ ဝင်ပြောလိုက်သည်။

“‌မေးပါရစေ…တခြားလူရဲ့အကြောင်း‌ကို ထွက်လာပြီးပြောရအောင် ရှင်တို့ကို ဘယ်သူ့အိမ်ကထမင်းအလကားတင်ကျွေးထားလို့လဲ၊ ရှင်တို့မှာ အလုပ်ရောရှိရဲ့လား၊ ရှင်တို့ကလေးရဲ့ ဖင်ကိုရော ဆေးပေးပြီးပြီလား မြန်မြန်ဒီနေရာကနေ ထွက်သွားကြစမ်းပါ”

“ဝမ်မေ့လီ… နင်လည်း ဆိုင်ခန်းဝမှာရပ်နေတာက ရန်ဖြစ်တာကိုကြည့်ဖို့မဟုတ်ဘူးလား၊ အရင်က နင်လည်းဒီလိုမျိုးစပ်စုရတာ သဘောကျတာပဲလေ…အခုမှ စိတ်ပြောင်းသွားတာလား”

“ဟုတ်တယ်၊ လင်းမိန်ဟွေ့ဆီက ဘာအကျိုးအမြတ်မှလည်း မရဘဲနဲ့ လင်းမိန်ဟွေ့အတွက်ရပ်တည်ပြီး ကာကွယ်ပေးမနေနဲ့”

ဝမ်မေ့လီတစ်ယောက် ထိုစကားကို ကြားသည်နှင့် ဒေါသထွက်သွားလေ၏။

သူမက ခြံအတွင်းရှိ သန့်ရှင်းရေးတံမြက်စည်းကို ဆွဲထုတ်လိုက်ပြီးနောက် လမ်းပေါ်သို့ထွက်၍ လှည်းထုတ်လေသည်။

လမ်းပေါ်၌ ဖုန်များမှာနေရာအနှံ့ ထွက်ပေါ်လာပြီး လူများအားလုံးကို လည်ပင်းနာသည်အထိ ချောင်းဆိုးကုန်ကြသဖြင့် အ‌ဝေးသို့ ရှောင်ပြေးသွားခဲ့ကြရ၏။

*

အခန်း(102)

လင်းမိန်ဟွေ့သည်လည်း ဆိုင်ထဲမှနေ၍ စကားလုံးတိုင်းကို ကြားနေခဲ့ရသည်။

ယနေ့သာ အဆုံးထိ မရှင်းလိုက်ပါက လင်းမိသားစုက သူမကို အလွယ်တကူဖြင့် ထွက်သွားခွင့်ပြုမည်မဟုတ်ကြောင်းကို သူမကောင်းကောင်းသိလေသည်။

သူမ၏ ဝမ်းနည်းမှု သို့မဟုတ် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို သူတို့လုံးဝ ဂရုစိုက်မည်မဟုတ်ပေ။

သူတို့ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ပိုက်ဆံသာဖြစ်သည်။

စုန့်ယီက တုတ်ကိုဆွဲထုတ်ကာ အပြင်သို့ထွက်၍ လင်းမိသားစုနှင့် ရင်ဆိုင်ရန်ပြင်လေ၏။

လင်းမိန်ဟွေ့က သူ့ကို တားဆီးလိုက်ပြီးနောက် ပြောလိုက်သည်။

“ရှင်သာ သူတို့ကို နာကျင်အောင်လုပ်လိုက်ရင် သူတို့က ရှင့်ဆီနေ ပိုက်ဆံတွေတောင်းဖို့ ကြိုးစားလိမ့်မယ်၊ သူတို့ကိ ဒီလိုမျိုးလုပ်စရာမလိုဘူး”

လင်းမိန်ဟွေ့သည် စားပွဲပေါ်မှ သစ်သီးလှီးဓားတစ်ချောင်းယူ၍ တံခါးဝသို့ တဖြည်းဖြည်းလျှောက်သွားကာ ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းတို့ကို ကြည့်ပြီးပြောလေ၏။

“ကျွန်မရဲ့အသက်ကို ရှင်တို့ပိုင်တယ်လို့ ပြောခဲ့တာမလား၊ ကောင်းပြီ… ဒါဆိုရင် ဒီနေ့ပဲ အဲဒီအသက်ကို ရှင်တို့ကို ပြန်ပေးလိုက်မယ်၊ အခုကစပြီး ကျွန်မက ရှင်တို့ရဲ့သမီး မဟုတ်တော့ဘူး”

လင်းရှောင်ရှုက သစ်ပင်တစ်ပင်ကို လက်ညှိုးထိုးပြပြီး လင်းမိန်ဟွေ့ကို ရက်စက်စွာ ပြောလိုက်သည်။

“ဒါဆို သေလိုက်လေ…ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်၊ မင်းသေရင် လင်းမိသားစုအတွက် ဘာမှပေးဆပ်စရာ မလိုတော့ဘူး”

လင်းမိန်ဟွေ့သည် သစ်သီးဓားကိုမြှောက်ကာ သူမ၏ လက်ကောက်ဝတ်ကို အားပြင်းပြင်းနဲ့ ဖြတ်တောက်လိုက်ပြီး သွေးများက ချက်ချင်းပင် ပန်းထွက်လာခဲ့၏။

ထိုအချင်းအရာကို မြင်လိုက်သည်နှင့် စုန့်ယီကချက်ချင်း ပြေးဝင်လာပြီး တားဆီးလိုက်သည်။

“မိန်ဟွေ့… မင်းရူးနေပြီလား၊ မင်းစကားနဲ့ပဲ ပြောလို့မရဘူးလား၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ရတာလဲ”

လင်းမိန်ဟွေ့သည်လည်း အမှန်တကယ်ပင် အသက်အန္တရာယ်ရှိခြင်းကို သိ၏။

သူမ လက်ကောက်ဝတ်ကိုဖြတ်လိုက်ချိန်တွင် သွေးကြောကို မဖြတ်မိခဲ့သော်လည်း အတော်လေးကြောက်စရာကောင်းနေဆဲပင်။

လင်းမိသားစုမှ လူများမှာ အလွန်ပင် သတ္တိနည်းကြသည်။ ဤအဖြစ်အပျက်ကို မြင်သည်နှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြင့်တရားစွဲခံရမည်ကို သေချာပေါက်ကြောက်သောကြောင့် လက်လျှော့သွားကြပေလိမ့်မည်။

ကျိုးချွေ့ဟွားက သူမ၏လုပ်ရပ်ကိုမြင်လိုက်သည်နှင့် အလွန်ပင်ဒေါသထွက်သွားလေ၏။

“မင်း… အမိုက်မ၊ မင်းရဲ့မိသားစုကို ကူညီရတာထက် သေရတာကို ပိုကြိုက်တယ်ပေါ့၊ မင်းက အရမ်းရူးသွပ်နေတာပဲ”

လင်းကွားချင်းသည်လည်း အလွန်ဒေါသထွက်နေသောကြောင့် အသက်ပြင်းပြင်းရှူလိုက်သည်။

သူ့အနေဖြင့် ရှေ့သို့တိုးရန် ပြင်လိုက်သော်လည်း စုန့်ယီမှ ရိုက်မည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။

“ငါ့ကို ပြောစမ်းပါဦး…ဘာလို့ ကိုယ့်လက်ကောက်ဝတ်ကို ကိုယ့်ဘာသာ လှီးရတာလဲ၊ မင်းမကူညီချင်ဘူးဆိုရင်လည်း မကူညီပါနဲ့လား… ငါတို့က ပြောပြရုံပဲဟာကို”

“ဘာလို့ သူမကို သနားနေရတာလဲ၊ သူမက ဒီလောက် သေချင်နေမှတော့ သေခိုင်းလိုက်ပါ့လား၊ အဲဒါကမှ ပိုကောင်းဦးမယ်…ကျွန်တော်လည်း ဒီလို အစ်မမျိုးကို မလိုချင်ဘူး”

လင်းရှောင်ရှုက လင်းမိန်ဟွေ့ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။

လင်းမိန်ဟွေ့၏ မျက်နှာက ဖြူဖျော့နေသည်။ သူမ အမြဲတစေ ချစ်ခင်ခဲ့ရသည့် မောင်ဖြစ်ကိုကြည့်ရင်းဖြင့် သူမ နှလုံးသားကလညား ကြေကွဲနေခဲ့သည်။

သူမက အသံတိုးတိုးဖြင့် ပြောလိုက်လေ၏။

“ကျွန်မ ဒီနေ့အသက်ရှင်တာပဲဖြစ်ဖြစ်၊ သေတာပဲဖြစ်ဖြစ် ကျွန်မရဲ့လက်ကောက်ဝတ်ကို လှီးလိုက်ပြီမလို့ ရှင်တို့နဲ့ ဘာမှမဆိုင်တော့ဘူး၊

အခု ကျွန်မတို့ရဲ့ ဆက်ဆံရေးအကုန်လုံးကို ဖြတ်တောက်လိုက်ပြီမလို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ မပတ်သက်ချင်တော့ဘူး”

ဝမ်မေ့လီကတော့ ဤအခြေအနေကြောင့် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်ကာ လောင်ဝူကို တွန်းလိုက်သည်။

“လောင်ဝူ…စက်ဘီးမြန်မြန်သွားယူ၊ အမြန်နင်းသွားပြီး မိန်ဟွေ့ကို ဆေးရုံပို့ဖို့လုပ်ရမယ် ပြီးရင် သူမရဲ့ဒဏ်ရာကို ပတ်တီးစည်းခိုင်းရမှာ…မြန်မြန်လုပ်!”

ဝမ်မေ့လီကသည် ကျိုးချွေ့ဟွားထံသို့ လျှောက်သွားပြီးနောက် လင်မယားနှစ်ယောက်စလုံးကို လပ်ညှိုးထိုး၍ သွားကြားမှထွက်သည့်အသံဖြင့်ပြောလေ၏။

“ရှင် … ရှင်တို့ ရဲတွေလာပြီး ဖမ်းတာကို စောင့်နေလိုက်၊ ရှင်တို့လို ရက်စက်ပြီး ကိုယ့်သမီးကို သေအောင်လုပ်တဲ့ မိဘမျိုးကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး”

“ဒီကိစ္စက ငါတို့နဲ့ ဘာဆိုင်လို့လဲ”

“ကျွန်မ သက်သေရှိတယ်၊ ရှင်တို့တွေ တံခါးဝမှာ ရပ်ပြီး သူမကို ဆဲဆိုစော်ကားနေတာ၊ ရှင်တို့ ခုနကပဲ လင်းမိန်ဟွေ့ကို အပြင်ထွက်ပြီး အဲဒီခွေးကောင်ကို သွားတောင်းပန်ဖို့ အတင်းတိုက်တွန်းနေတာလေ၊ ရှင်တို့ နောက်ထပ် ဘာလိုချင်သေးလဲ”

ဝမ်မေ့လီက ထိုနှစ်ယောက်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။

ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းတို့မှာ သူတို့ အခြေအနေမကောင်းကြောင်းကို သိသည်နှင့် စက်ဘီးကို အမြန်တွန်းပြီး ထွက်သွားကြလေ၏။

လင်းရှောင်ရှုကတော့ ထွက်ခွာသွားသည့်တိုင်အောင် လင်းမိန်ဟွေ့ကို လက်ညှိုးထိုး၍ ဆဲဆိုရန် မမေ့ခဲ့ပေ။

“မင်းသေရင် ငါ မင်းအတွက် ငွေစက္ကူတွေမီးရှို့ပေးမယ်၊ မင်း မသေသေးရင်တော့ မင်း ကျောင်းမတက်နိုင်တာကို ငါအမြဲတမ်း လှောင်နေမှာ၊ အနာဂတ်မှာ ငါ ဘယ်တော့မှ မင်းကိုအေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး”

ဝမ်မေ့လိတစ်ယောက် အလွန်ပင် ဒေါသထွက်သွားပြီး ကျိန်ဆဲလိုက်သည်။

“ဒီလို လူယုတ်မာတွေက လောကမှာ ဘယ်လိုများ ရှိနေနိုင်ရသေးတာလဲ!”

သူမက လင်းမိန်ဟွေ့ကို သနားသွားရပြီး နောက်သိုးလှည့်၍ သူမကို ဖက်ကာ တီးတိုး နှစ်သိမ့်လေ၏။

“မိန်ဟွေ့ မကြောက်နဲ့နော်၊ ငါ နင့်ရဲ့ဝူကောကို ဆေးရုံကို ခေါ်သွားပြီး ဒဏ်ရာကို ပတ်တီးစည်းခိုင်းဖို့ပြောထားတယ်၊ ဘာဖြစ်ဖြစ် ငါတို့တွေ နင့်ဘက်မှာရှိတယ်နော်”

စုန့်ယီက လင်းမိန်ဟွေ့၏သွေးကြောများကို တင်းတင်းကျပ်ကျပ် စည်းရန်အတွက် မျက်နှာသုတ်ပဝါကို အသုံးပြုလိုက်သည်။

ထိုအချိန်တွင် လောင်ဝူသည်လည်း စက်ဘီးကိုတွန်းလာခဲ့သည်။

ပြီးနောက် သူတို့က လင်းမိန်ဟွေ့ကို ထိုင်ခိုင်းလိုက်ကာ မြို့နယ်ဆေးရုံသို့ အလျင်အမြန် မောင်းနှင်ခဲ့ကြလေ၏။

*

မြို့နယ်ဆေးရုံသည်က ခေါင်းကိုက်၊ ဖျားနာသည်များအတွက်သာ သွားနေကျနေရာဖြစ်ပေ၏။

လင်းမိန်ဟွေ့၏ ဒဏ်ရာကို ဘိုက်ရလျှင် ဆရာဝန်များမှာ အံ့အားထိတ်လန့်သွားကြသည်။

“ဘာဖြစ်တာလဲ…ဘယ်လိုမျိုး ဒဏ်ရာရလာခဲ့တာလဲ”

“ကျွန်မ ကိုယ့်ဘာသာ လုပ်ခဲ့တာပါ!”

ဆရာဝန်က ဒဏ်ရာကိုချုပ်ရန်အတွက် အပ်နှင့်ချည်ကို ဆေးဗီရိုအတွင်းမှ အမြန်ယူပြီး ချုပ်ရန် ပြင်ဆင်လိုက်လေ၏။

သိုးသော်လည်း သူမအနေဖြင့် ခွဲစိတ်မှုမပြုလုပ်ရသည်မှာ အချိန်အလွန်ပင် ကြာသွားပြီဖြစ်သည့်အတွက် ကောင်းကောင်းမလုပ်နိုင်မည်ကို စိုးရိမ်နေမိ၏။

အချိန်အတော်ကြာပြီးနောက်မှသာ သူမသည် အပ်ကို ကိုင်၍ လင်းမိန်ဟွေ့၏လက်ကို စတင်ချုပ်လိုက်သည်။

“ကံကောင်းလို့ …သွေးကြောတွေကို မထိခဲ့ဘူး…ဒါပေမဲ့ သွေးကြောမျှင်လေးတွေတော့ ပြတ်သွားတယ်၊ ငါ မင်းရဲ့အရေပြားကိုတော့ ပြန်ချုပ်ပေးထားတယ်နော်၊ အိမ်ပြန်ရောက်ရင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပြီး ကောင်းကောင်းအနားယူလိုက်ပါ…”

“အမာရွတ် ကျန်ခဲ့မှာလား၊ မိန်းကလေးတစ်ယောက်ရဲ့ လက်ကောက်ဝတ်မှာ ဒီလိုအမာရွတ်ကြီးရှိနေတာက မကောင်းဘူးလေ”

ဝမ်မေ့လီက စိုးရိမ်စွာ မေးလိုက်၏။

ဆရာဝန်က လင်းမိန်ဟွေ့၏ အရေပြားကို ကြည့်ပြီး ပြန်ဖြေလေသည်။

“သူမမှာ အမာရွတ် ကျန်မကျန် ကြည့်ရရင်.. ပုံမှန်ဆိုရင်တော့ အရမ်းမထင်ရှားလောက်ဘူး… ဘာလို့လဲဆိုတော့ သူမက အရေပြားအပေါ်ယံပဲ ထိခိုက်တာဆိုတော့လေ၊

ပိုပြီးနက်နက်ရှိုင်းရှိုင်း ပြတ်သွားရင်တော့ အမာရွတ် ကျန်ခဲ့မှာ သေချာတယ်၊ ဒါဆိုရင် တော်တော်လေး ကြည့်ရဆိုးနေမှာ”

၁၀ မိနစ်အကြာတွင် ဆရာဝန်က ဒဏ်ရာကို ချုပ်ပြီး၍ ပြန်စစ်ဆေး၍ ပြီးစီးခဲ့၏။ ပြဿနာတစ်စုံတစ်ရာမရှိကြောင်း အတည်ပြုပြီးမှသာ သက်ပြင်းချလိုက်သည်။

သူမက လင်းမိန်ဟွေ့ကို ကြည့်၍ ပြောလိုက်၏။

“နောက်ကျရင် ပြဿနာကြီးကြီးမားမားဖြစ်လာရင်တောင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်မလုပ်ပါနဲ့၊ မင်းမှာ အသက်ဘယ်နှစ်သက် ရှိနေလို့လဲ၊ နောက်ကြုံလာရမဲ့အရာတွေကို ရင်ဆိုင်ဖို့အတွက်ရော မင်း ပြင်ဆင်ထားပြီးပြီလား”

ဝမ်မေ့လီအနေဖြင့် ထိုအချိန်က အခြေအနေအားလုံးကို နားလည်နေခဲ့သည်။

လင်းမိန်ဟွေ့သာ ထိုသို့မလုပ်ခဲ့လျှင် လင်းမိသားစုက ဆက်လက်၍ဒုက္ခပေးနေမည်မှာ သေချာ၏။ သူမက ဤပြဿနာများကို အချိန်တိုအတွင်း ပြီးသွားစေရန် ကြိုးစားနေခြင်းပင်။

“ဒေါက်တာ ၊ သူမရဲ့မိဘတွေက ဘယ်လောက်ရိုင်းလဲဆိုတာ ရှင် မသိလို့.. ဒီလို ဆိုးရွားလွန်းတဲ့ မိဘမျိုးကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး…”

“အစ်မဝမ်… သူတို့က ကျွန်မရဲ့ မိဘတွေ မဟုတ်ဘူး!”

“ဟုတ်တယ်…ဟုတ်တယ်၊ သူတို့က မင်းရဲ့မိဘတွေ မဟုတ်တော့ဘူး၊ သူတို့နဲ့ မထိုက်တန်ဘူး”

ဝမ်မေ့လီက လင်းမိန်ဟွေ့အတွက် ပြောပေးနေစဥ်အတွင်းမှာပင် သူမ၏ လက်ကောက်ဝတ်ရှိ ဒဏ်ရာကို ရင်နာနာဖြင့် ကြည့်လိုက်ကာ မျက်ရည်များ ဝဲလာလေ၏။

တစ်ချိန်တည်းမှာ သူမ၏ခင်ပွန်းဖြစ်သူ လောင်ဝူပေါ်သို့ မှီ၍ သက်ပြင်းချမိသည်။

စုန့်ယီသည်လည်း သူ လင်းမိန်ဟွေ့ကို တားဆီးရန်အခွင့်အရေးရခဲ့သော်လည်း မတားနိုင်ခဲ့သောကြောင့် နောင်တရနေခဲ့၏။

သူ့အနေဖြင့် လင်းမိန်ဟွေ့မှာ လင်းမိသားစုကို ခြိမ်းခြောက်ရန်အတွက်သာ ပြုလုပ်လိုသည်ဟု ထင်ခဲ့သော်လည်း သူမက လက်ကောက်ဝတ်ကို အမှန်တကယ် ဖြတ်လိမ့်မည်ဟု မထင်ခဲ့ပေ။

ထိုအချိန်တွင် စုန့်ယီ၏ နဖူးပေါ်၌ ချွေးများထွက်နေခဲ့သည်။ လင်းမိန်ဟွေ့သာ ဂရုတစိုက် သတိထား၍ မလုပ်ခဲ့လျှင် သူမ၏ လက်ကောက်ဝတ်ရှိ အရွတ်များ ပြတ်တောက်သွားမည်မှာ အသေချာပင်။

စုန့်ယီတစ်ယောက် ဆေးဖိုးရှင်းပြီး မြို့နယ်ဆေးရုံမှ ထွက်လာသည်အထိ မည်သည့်စကားကိုမျှ မပြောဘဲ တိတ်ဆိတ်နေခဲ့ပြီးမှ လင်းမိန်ဟွေ့ကို ခပ်တိုးတိုး မေးလိုက်သည်။

“ဒဏ်ရာက နာနေလား”

လင်းမိန်ဟွေ့က ခေါင်းခါ၍ ပြုံးကာ ပြန်ဖြေလေ၏။

“အစ်ကိုစုန့်ယီ…ဒါက မနာပါဘူး၊ ရှင် အရမ်းစိုးရိမ်နေစရာ မလိုဘူး၊ ကျွန်မက လင်းမိသားစုကို နောက်ဆုတ်သွားအောင်ပဲ လုပ်ချင်ခဲ့တာ

မဟုတ်ရင် တခြားသူတွေက ရှင့်မိသားစုမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိကုန်မှာစိုးလို့...”

ထိုအချိန်က လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီ၏ မိဘမဲ့ကလေးတစ်ဦးဖြစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာမည်ကို လုံးဝ မလိုလားခဲ့ချေ။

ယခုအချိန်တွင်မူ သူမက စုန့်ယီကို အစမှပြန်စတင်စေလိုပြီး ယခင်က မပျော်ရွှင်ခဲ့သည့် ကိစ္စများကိုလည်း ပြန်မတွေးစေချင်တော့ပေ။

စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့ သူ့လက်ကောက်ဝတ်ကိုဖြတ်လိုက်ခြင်းမှာ ထိုအကြောင်းကြောင့်ဟု လုံးဝမထင်ထားခဲ့ချေ။

သူ သူ့၏အရှေ့မှ မိန်းကလေးကို ဝမ်းနည်းခြင်းနှင့် နာကျင်ခြင်းများရောယှက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး သူမကို တစ်သက်လုံး ချစ်ခင်မြတ်နိုးသွားမည်ဟု တိတ်တဆိတ် တွေးတောလိုက်၏။

ဆိုင်သို့ ပြန်ရောက်ပြီးနောက် သူတို့ ခဏမျှ အနားယူနေစဉ်၌ ချန်အန်းသယ် ရောက်ရှိလာပြီး လင်းမိန်ဟွေ့နှင့် စုန့်ယီကို ရဲစခန်းသို့သွားရန် ပြောလာခဲ့လေသည်။

All Chapters