← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း(107)

လင်းမိန်ဟွေ့နှင် ရှောင်ရွှမ်းတို့ စကားပြောရင်းဖြင့် ခြေလှမ်းအနည်းငယ်လောက် လှမ်းပြီးနောက် အိမ်သို့ ရောက်လာခဲ့သည်။

ခြံဝင်းက သန့်ရှင်းသပ်ရပ်နေခဲ့ပြီး အိုးလိုက်စိုက်ထားသည့် အစိမ်းရောင်အပင်ငယ်များ များစွာ ရှိသည်။

ရှောင်ရွှမ်းနှင့် သူမ၏ သူငယ်ချင်းတို့နေသည့် အိမ်လေးက အရှေ့ဘက်၌ ရှိသည်။

ထိုအိမ်တွင် ပြတင်းပေါက်များက တောက်ပသန့်ရှင်းပြီး လက်လုပ်လိုက်ကာများ ချိတ်ဆွဲထားကာ လူများကို အလွန်ပင် သက်သောင့်သက်သာ ခံစားရစေသည်။

ရှောင်ရွှမ်း၏ သူငယ်ချင်းက ရှောင်ရွှမ်း ပြန်လာသည်ကို တွေ့လျှင် ချက်ချင်းထွက်လာခဲ့သည်။

သူမက လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို မြင်သော် အံ့ဩသွားခဲ့လေ၏။

“ရှောင်ရွှမ်း၊ မင်းရဲ့အိမ်က လူတွေလာတာလား”

ရှောင်ရွှမ်းက ပါးချိုင့်များ ပေါ်အောင် ရယ်မောပြီး ပြောလာသည်။

“မဟုတ်ဘူး .. သူက လင်းမိန်ဟွေ့တဲ့.. သူတို့လည်း နေစရာရှာချင်နေတာလေ၊

တစ်ယောက်တည်း ငှားနေရတာ စျေးကြီးတယ်လို့ ခံစားရတယ်လေ.. ဒါကြောင့် သူ့ကိုလည်း ငါတို့နဲ့ပဲ တိုးဝှေ့နေမလားလို့ ခေါ်လာတာ၊ နှစ်ထပ်ခုတင်တစ်လုံး ဝယ်လိုက်မယ်ဆိုရင် ငါ့အပေါ်မှာ နေလိုက်လို့ရတယ်မလား”

“ကောင်းပြီလေ၊ လူတစ်ယောက် ပိုများလာတော့ ပိုပြီး စည်ကားလာတာပေါ့ ငါက အဆင်ပြေပါတယ်”

ရှောင်ရွှမ်း၏ သူငယ်ချင်းကလည်း စိတ်ထဲမထားဘဲ သဘောတူခဲ့သည်။

လင်းမိန်ဟွေ့အနေဖြင့် သူတို့သဘောမကျဘဲနေမည်ကို စိုးရိမ်နေခဲ့သော်လည်း လူတိုင်းက စိတ်သဘောထားကောင်းမွန်နေသူများ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါချေ။

ရှောင်ရွှမ်းက လင်းမိန်ဟွေ့ကို ပြန်လှည့်ကြည့်ပြီး အခန်းကို ကြည့်လိုက်သည်။

“ဘယ်လိုလဲ၊ မင်း ကျေနပ်ရဲ့လား”

သူတို့ဘက်မှ မည်မျှ စိတ်အားထက်သန်သည်ကို တွေ့လိုက်ရလျှင် လင်းမိန်ဟွေ့လည်း မေးမြန်းကြည့်လိုက်ပြီး တစ်နှစ်ကို တစ်ဦးလျှင် ယွမ်သုံးရာ ပေးရသည်ဟု သိလိုက်ရသည်။

အခန်းထဲတွင် နှစ်ထပ် ခုတင်တစ်လုံးဝယ်ရန် ယွမ်ဆယ်ဂဏန်းလောက် သုံးလိုက်မည်ဆိုပါက အခန်းတစ်ခန်းလုံးကို တစ်ယောက်တည်းနေသည်ထက် များစွာ ပိုသက်သာမည်။

လင်းမိန်ဟွေ့က စုန့်ယီကို လှည့်ကြည့်ပြီး သူ၏ သဘောထားကို မေးသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မတော့ ဒါက အတောလေး ကောင်းတယ်လို့ ထင်တယ်.. ကျွန်မတို့တွေ ဒီမှာ အတူနေပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်လို့ရတယ်ဆိုတော့ ရှင် စိတ်အေးအေးနဲ့ ပြန်သွားလို့ ရတာပေါ့”

စုန့်ယီအနေဖြင့် မူလက လင်းမိန်ဟွေ့၏အနားတွင်ရှိကာ အဖော်ပြုပေးချင်ခဲ့သော်လည်း ယခုအချိန်၌ သူမတွင် အဖော်များရှိနေသည့်အတွက် သူ၏စိတ်ထဲမှ အတွေးများအား ထုတ်ပြောရန် ရှက်ရွံ့နေခဲ့သည်။

ထို့အပြင် လင်းမိန်ဟွေ့သည်လည်း အချိန်ခဏလောက် တစ်ယောက်တည်းနေချင်သည့်အတွက် ခဏတာလောက် ခွဲနေသည်က မကောင်းသည့်ကိစ္စ မဟုတ်ခြင်းလည်း ဖြစ်နိုင်သည်။

“ကောင်းပြီ.. ဒါဆို ကိုယ် မနက်ဖြန် မင်းနဲ့အတူသွားပြီး နှစ်ထပ်ခုတင် သွားဝယ်ပေးမယ်.. မင်းအတွက် အစီအစဉ်တွေ လုပ်ပြီးရင် ကိုယ်ပြန်လိုက်တော့မယ်”

“ကောင်းပါပြီ”

လင်းမိန်ဟွေ့သည်ကား ကိစ္စတိုင်းက ဤမျှ ချောချောမွေ့မွေ့ ဖြစ်လိမ့်မည်ဟု မထင်ထားသည့်အတွက် အလွန်ပျော်ရွှင်သွားခဲ့သည်။

ကိစ္စများကိုအခြေချပြီးနောက်ပိုင်းတွင်တော့ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ တည်းခိုခန်းတစ်ခုတွင် တည်းခိုရန်အတွက် သွားရှာကြည့်ခဲ့ကြသည်။

သူတို့ အခန်းယူစဉ်တွင် ပိုင်ရှင်အမျိုးသမီးက လင်းမိန်ဟွေ့ကို ကြည့်၍ မေးလာသည်။

“အခန်းဘယ်နှစ်ခန်း ယူမှာလဲ”

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ အံ့ဩသွားရပြီးမှ မြို့ထဲတွင် သူတို့နှစ်ယောက်အတွက် လက်ထပ်စာချုပ် မရှိသည့်အတွက် အလွယ်တကူအတူနေ၍ မရသည်ကို သတိပြုလိုက်သည်။

လင်းမိန်ဟွေ့တစ်ယောက် အခန်းခစျေးကို ကြည့်၍ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။

“နှစ်ခန်း…”

သို့သော်လည်း စုန့်ယီက သူမ၏စကားကို ချက်ချင်းဖြတ်ပြောလိုက်သည်။

“ကျွန်တော်က သူ့အစ်ကိုပါ.. ကျွန်တော့်တို့ရဲ့ အိမ်ထောင်စုစာရင်းစာအုပ်လည်း ပါလာတယ်.. ကျွန်တော်တို့အတွက် အခန်းတစ်ခန်းပဲ ဖွင့်ပေးပါ ”

ပိုင်ရှင်အမျိုးသမီးက စုန့်ယီ၏ စကားကို သိပ်မယုံသေးဘဲ အိမ်ထောင်စုစာရင်းစာအုပ်ကို ကြည့်ရန် တောင်းဆိုလာခဲ့သည်။

လင်းမိန်ဟွေ့၏မျက်နှာက ပွက်ပွက်ဆူနေသည့် ရေနွေးထဲသို့ အထည့်ခံလိုက်ရသည့် ကဏန်းတစ်ကောင်နှယ် နီရဲသွားလေသည်။

ပိုင်ရှင်အမျိုးသမီးက သူတို့နှစ်ယောက် အိမ်ထောင်စုစာရင်းတစ်ခုတည်း၌ ပါရှိကြောင်း သေချာပြီမှသာ ပြောလာခဲ့သည်။

“စိတ်ထဲမထားပါနဲ့.. ကျွန်မအနေနဲ့ အခုတလော စစ်ဆေးမှုကို ပိုပြီးတင်းကြပ်မှ ဖြစ်မှာမလို့ပါ.. ဒါက မင်းတို့အတွက်လည်း အဆင်ပြေစေပါလိမ့်မယ်”

စုန့်ယီက ကိစ္စမရှိကြောင်း ပြောကာ နားလည်ပေးနိုင်ကြောင် ပြသလိုက်သည်။

အခန်းဖွင့်ပြီးနောက် လင်းမိန်ဟွေ့က အခန်းရှိ ရေချိုးခန်းသုံး ပစ္စည်းများကို မြင်လိုက်ရသောကြောင့် အနည်းငယ် သဘောကျသွားသည်။

သူမက စုန့်ယီဘက်သို့ လှည့်၍ ဦးစွာမေးလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ရှင်ရေချိုးချင်လား”

စုန့်ယီက ခေါင်းခါရမ်းပြပြီး သူ မချိုးချင်ကြောင်း ပြောလိုက်လေ၏။

လင်းမိန်ဟွေ့က ဆပ်ပြာနှင့် မျက်နှာသုတ်ပဝါများကို ယူကာ ရေချိုးခန်းထဲ ဝင်သွားပြီး ရေနွေးနှင့် ချိုးလိုက်သည်။

လင်းမိန်ဟွေ့ ရေချိုးပြီး ထွက်လာချိန်တွင် စုန့်ယီကို မြင်လျှင် ရှက်ရွံ့နေရမည်ကို စိုးရိမ်နေခဲ့သည်။

မမျှော်လင့်ဘဲ စုန့်ယီက တခြားခုတင်ပေါ်၌ အိပ်ပျော်နေခဲ့ပေပြီ။ လင်းမိန်ဟွေ့လည်း နောက်ထပ်ခုတင်ပေါ်သို့တက်ကာ လှဲချလိုက်ပြီး ကျောင်းတက်ပြီးနောက် မည်သို့ ဖြစ်လာမည်ကို တွေးတောနေမိခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် စုန့်ယီက အရင်နိုးပြီး လင်းမိန်ဟွေ့အား ပရိဘောဂဆိုင်သို့ ခေါ်သွားပြီး နှစ်ထပ်ခုတင်တစ်လုံး ဝယ်ခိုင်းခဲ့၏။

မနက်ပိုင်းတွင် ပရိဘောဂဆိုင်ထဲ၌ လူသိပ်မများပါချေ။ လင်းမိန်ဟွေ့က သံဘောင်နှင့် အလယ်တွင် သစ်သားပြားခံထားသည့် အသန်မာဆုံးဖြစ်ပုံရသော နှစ်ထပ်ခုတင်ကို အမြန်ရွေးလိုက်သည်။

ဤသည်က ရိုးရှင်း၍ ခိုင်ခံ့သကဲ့သို့ နေရာလည်း သိပ်မယူပါချေ။

သို့သော်လည်း ယွမ်တစ်ရာပင် ပေးခဲ့ရသည်။

လင်းမိန်ဟွေ့တစ်ယောက် အရောင်းသမားအား စျေးညှိနှိုင်းနေစဉ် ရုတ်တရက် လင်းရှောင်ရှုနှင့် သူ၏ သူငယ်ချင်း အနည်းငယ် ဝင်လာသည်ကို တွေ့လိုက်ရ၏။

လင်းမိန်ဟွေ့လည်း စုန့်ယီ၏နောက်သို့ အလျင်အမြန် ပုန်းလိုက်သည်။

“အစ်ကိုစုန့်ယီ၊ နောက်မှ ပြန်လာဝယ်ကြရအောင်”

“ဘာဖြစ်လို့လဲ.. စျေးက သဘောတူထားပြီးပြီမလား.. ဘာလို့ ရုတ်တရက် နေရာပြောင်းချင်တာလဲ”

လင်းမိန်ဟွေ့က လင်းရှောင်ရှုကို ရှောင်ဖယ်နေသည်မှာ သူ့အား ကြောက်သည့်အတွက် မဟုတ်ဘဲ သူမလည်း မြို့ထဲ၌ စာသင်နေသည်ကို လင်းရှောင်ရှုအား မသိစေချင်သည့်အတွက်သာဖြစ်ပေ၏။

သို့မဟုတ်လျှင် တစ်ဖက်လူက သူမကို ပြဿနာ လာရှာဦးမည်ဖြစ်ပြီး စိတ်အေးချမ်းစွာ နေရမည် မဟုတ်ပါချေ။

စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့၏ ပုန်းလျိုးကွယ်လျိုးပုံစံကိုမြင်လျှင် အံ့ဩသွားသည်။

သူ စိတ်ရှုပ်ထွေးစွာဖြင့် တံခါးဘက်ကို ကြည့်လိုက်လျှင် လင်းရှောင်ရှုက စားပွဲတစ်ခုကို ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူ လင်းမိန်ဟွေ့၏ အတွေးများအား ချက်ချင်း နားလည်သွားခဲ့သည်။

“မိန်ဟွေ့၊ သူ့ကို ဂရုမစိုက်ပါနဲ့.. မင်း လုပ်စရာရှိတာ လုပ်.. သူသာ မင်းကို အနိုင်ကျင့်ရဲရင် ကိုယ် မင်းအတွက် သေချာပေါက် ကူညီပေးမယ်”

“ပြဿနာ မရှာတာ ပိုကောင်းပါတယ်.. ကျွန်မ ရှင့်ကိုလည်း ပြသနာမဖြစ်စေချင်ဘူး”

သို့သော်လည်း စုန့်ယီက လင်းမိန်ဟွေ့အား စိတ်မပူစေချင်သည့် အတွက် အရောင်းဝန်ထမ်းအား ပိုက်ဆံများကို ရက်ရက်ရောရော ပေးလိုက်ပြီး ပို့ဆောင်ရေးအလုပ်သမားနှင့် လမ်းကြားထဲရှိ အိမ်နံပါတ် ခြောက်သို့ ခုတင်ပို့ပေးရန် မှာခဲ့သည်။

သိပ်မဝေးသည့်နေရာတွင်တော့ လင်းရှောင်ရှုက သူ၏ အတန်းဖော်များနှင့်အတူ ပရိဘောဂဆိုင်တွင် စားပွဲဝယ်ရန် ကြည့်ရှုနေခဲ့၏။

ထိုအတန်းဖော်များမှ မြို့ထဲမှ လူချမ်းသာ ဒုတိယမျိုးဆက်များဖြစ်ပြီး အားလုံးက ပြည့်စုံသည့် မိသားစုများမှ လာသည့်သူများဖြစ်သည်။

လင်းရှောင်ရှု သူတို့နောက်သို့ လိုက်နေသည်မှာ မျက်နှာချိုသွေး၍ ဖားယားရုံသက်သက်သာ ဖြစ်ပေ၏။

သူ့ဘက်မှ ကောင်းမွန်သည့် စကားအနည်းငယ်လောက်ပြောလိုက်လျှင် ထိုအတွက် ငွေကြေးတချို့ရရှိနိုင်သည့်အတွက် သူက ထိုလုပ်ရပ်ကို ပျော်ရွှင်စွာလုပ်နေခဲ့သည်။

ဤအချိန်တွင် လင်းရှောင်ရှုတစ်ယောက် ရုတ်တရက် ရင်းနှီးသည့် အသံတစ်လုံး ကြားလိုက်ရသောကြောင့် အသံလာရာထံသို့ လှမ်းကြည့်လိုက်သည်။

သူ၏မျက်နှာက ရုတ်တရက် အေးခဲသွားခဲ့သည်။

စုန့်ယီနှင့် လင်းမိန်ဟွေ့တို့က ထိုနေရာတွင် ခုတင်များ ရွေးနေသည်ကို သူ တွေ့လိုက်ရသည်။

သူ အတွေးတစ်ခုရလာခဲ့ပြီး သူ၏ဘေးနားရှိ လူချမ်းသာ ဒုတိယမျိုးဆက် ဟူကောင်းချန်၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။

“ဟူတာ့ကော၊ မင်း လှပပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ကို အမြဲရှာနေတာမလား.. ဟိုမှာ ကြည့်လိုက်၊ အဲဒါ ကျွန်တော့်ရဲ့အစ်မပါ.. သူက မိသားစုထဲမှာ အလုပ်ကြိုးစားဆုံးပဲ၊ နောက်ပြီးလှလည်း လှတယ်…”

“မင်းမှာ အစ်မရှိတာကို ဘာလို့ စောစောမပြောတာလဲ”

“ကျွန်တော့်ရဲ့အစ်မက နည်းနည်း ခေါင်းမာပြီး အဲဒီဆင်းရဲသားနဲ့ပဲ လက်ထပ်မယ်လို့ အတင်းအကျပ် လုပ်ခဲ့တာလေ.. အခု မိသားစုနဲ့တောင် ပြတ်သွားပြီ.. ဒါကြောင့် တာ့ကောကို မပြောခဲ့တာ”

လင်းရှောင်ရှု၏ စိတ်ထဲ၌ မကောင်းသည့် အတွေးလှိုင်းလုံးတို့ဝင်လာခဲ့သည်။ လင်းမိန်ဟွေ့က သူ့အား ကောင်းကောင်းမနေစေလိုလျှင် သူသည်လည်း လင်းမိန်ဟွေ့အား ကောင်းကောင်းမနေစေရပေ။

ကျန်းမိသားစုက ယွမ်သုံးသောင်းကို ပြန်ယူသွားသည့်အတွက် သူ၏အမေ တစ်ပတ်လုံး ငိုခဲ့ရသည်။

ယခု လင်းမိန်ဟွေ့ကို မြင်တွေ့ရချိန်တွင် သူ၏စွမ်းအားက မည်မျှရှိသည်ကို သူမအား သိစေချင်လာခဲ့သည်။

လင်းရှောင်ရှု ဟူကောင်းချန်ကို တိတ်တဆိတ် ပြောသည်။

“တာ့ကော၊ ကျွန်တော့်ကို ကူညီတယ်လို့ပဲ သဘောထားပြီး ကျွန်တော့်ရဲ့အဲဒီအစ်မကို ဒုက္ခကနေ ကယ်တင်ပြီး အဲဒီဆင်းရဲသားဆီကနေ လုယူလိုက်ပါလား

သူမက အစပိုင်းမှာ နည်းနည်းလောက် ဆန္ဒမရှိနိုင်တာမျိုးဖြစ်နိုင်လောက်ပေမဲ့ မင်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်ဆိုတာ သိရင် ကျွန်တော်တို့ကိုတောင် ကျေးဇူးတင်လိမ့်မယ်”

ဟူကောင်းချန်၏ အကျင့်စရိုက်တို့က အစကတည်းက ရိုးသားဖြောင့်မတ်ခြင်းမရှိပါချေ။

လင်းရှောင်ရှု၏ စကားကို ကြားလိုက်ရလျှင် သူ၏နဖူးတွင် သွေးများ ပူလာခဲ့သည်။

*

အခန်း(108)

ဟူကောင်းချန်က ဦးဆောင်၍ လင်းမိန်ဟွေ့ထံသို့ လျှောက်သွားသည်။

လင်းရှောင်ရှုတစ်ယောက် မကြာခင် ဒုက္ခရောက်တော့မည့် လင်းမိန်ဟွေ့တို့၏ အခြေအနေကို မြင်တွေ့ရမည်ကို လက်လွတ်မခံချင်တော့သည့်အတွက် တခြားသူများနှင့်အတူ သူ၏နောက်သို့ လိုက်သွားခဲ့လေသည်။

“ဟေး၊ မင်းက ဒီလောက်တောင် ဆင်းရဲတာ ဒီလိုမျိုး မိန်းမလှလေးနဲ့ ဘယ်လိုများ လိုက်ဖက်မှာလဲ.. အသိစိတ်ရှိရှိနဲ့ သူမကို ငါ့ဆီမှာ ထားခဲ့လိုက်”

စုန့်ယီက ပိုက်ဆံပေးချေပြီးနောက် လင်းမိန်ဟွေ့ကို ခေါ်ကာ ထွက်သွားတော့မည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ လင်းရှောင်ရှုအပါအဝင် လူငယ်လေးငါးဦးက သူတို့ကို ပိတ်ဆို့လိုက်ကြလေသည်။

သူတို့က ပြဿနာ ရှာချင်၍ ရောက်လာကြသည်မှာ သေချာပသည်။

စုန့်ယီ လင်းရှောင်ရှုကို ကြည့်၍ ပြောလိုက်လေ၏။

“လင်းရှောင်ရှု၊ ဒီအချိန်မှာ ကျောင်းမှာ ကောင်းကောင်းမနေဘဲ ဘာလို့ အပြင်ကိုထွက်ပြီး ဒီလိုလူတွေနဲ့ လျှောက်သွားနေတာလဲ”

လင်းရှောင်ရှုက အေးစက်စွာသာ နှာမှုတ်လိုက်ပြီး စုန့်ယီ၏ စကားကို ပြန်မဖြေပါခဲ့ချေ။

ဟူကောင်းချန်က ရှေ့သို့ ပိုတိုးလာပြီး စုန့်ယီကို တွန်းဖယ်ကာ လင်းမိန်ဟွေ့ထံသို့ တိုက်ရိုက် လျှောက်သွားသည်။

“မင်းက တကယ်ကို တုံးအလွန်းတာပဲ.. ဒီလို ဆင်းရဲသားတစ်ယောက်နဲ့ ဒုက္ခခံပြီး နေချင်သေးတာလား.. ငါ့နောက်ကို လိုက်ခဲ့.. ငါတို့မိသားစုက အရမ်းချမ်းသာတယ်.. မင်း သေချာပေါက် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်လိမ့်မယ်”

လင်းမိန်ဟွေ့က ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဟူကောင်းချန်ကို ဒေါသထွက်စွာ ကြည့်လိုက်သည်။

“ဘေးဖယ်စမ်းပါ.. ငါ့ကို လာမထိနဲ့”

ဟူကောင်းချန်အနေဖြင့် ဤမိန်းကလေးက တခြားမိန်းကလေးများကဲ့သို့ သူ့အား ကပ်တွယ်ခြင်းမရှိသည်ကို မြင်လျှင် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။

“မင်းလို မိန်းကလေးမျိုးက ပိုပြီးတော့တောင် ချစ်စရာကောင်းလွန်းတယ်.. ငါ မင်းလိုပုံစံမျိုးကိုသဘောကျတယ်.. ရှောင်ရှုက မင်းအတွက် ကောင်းကောင်းလေး လုပ်ပေးထားတာပဲ.. မင်းရဲ့မောင် စီစဥ်ပေးသလို ငါနဲ့ လက်ထပ်လိုက်.. ရှောင်ရှုနဲ့ ငါလည်း ပိုပြီးရင်းနှီးသွားတာပေါ့”

လင်းမိန်ဟွေ့တစ်ယောက် လင်းရှောင်ရှုကို စက်ဆုပ်စွာ ကြည့်လိုက်မိသည်။ သူ၏အစ်မကို ဤသို့ညစ်ပတ်သည့်ရေများဖြင့်လောင်းပက်ပြီး တခြားသူများအား ပေးလိုက်သကဲ့သို့ ဤမျှ စက်ဆုပ်ဖွယ် ကောင်းသည့်အရာမျိုးကိုပင် လုပ်လာလိမ့်မည်ဟု သူမ မထင်ထားပါချေ။

ဤလောကကြီးတွင် လင်းမိသားစုကဲ့သော ရွံရှာဖွယ်ကောင်းသည့် လူများရှိနိုင်တော့မည်မဟုတ်ဟုပင် ထင်ရသည်။

စုန့်ယီလည်း ဤမြင်ကွင်းကြောင့် အလျှင်အမြန် လျှောက်လာခဲ့ပြီး ဟူကောင်းချန်၏ ကော်လံကို ဆောင့်ဆွဲကိုင်လိုက်ကာ သူ့အား အထက်စီးမှ ကြည့်ပြီး တစ်လုံးချင်းစီ ပြောသည်။

“သေချာ နားထောင်လိုက်၊ လင်းမိန်ဟွေ့က ငါ့ရဲ့ဇနီးပဲ.. မင်းတို့တွေ တစ်ယောက်ယောက်က သူမကို အနိုင်ကျင့်ချင်ရင် ငါ့ရဲ့လက်သီးကို အရင်မေးရလိမ့်မယ်”

လင်းရှောင်ရှုက စုန့်ယီ၏ လက်သီးကို စိုက်ကြည့်ရင်း ဤလက်သီးသာ အမှန်တကယ် ထိုးလိုက်ပါထို ထိုစုန့်ယီဆိုသည့်် လူမိုက်ကောင်မှာ ယခုကစ၍ ထောင်ထဲ၌သာ ဒူးထောက်နေရတော့မည်ဟု တွေးလိုက်သည်။

ဟူကောင်းချန်၏ အဖေသည်က ပြည်သူ့လုံခြုံရေး ဗျူရိုမှဖြစ်ပြီး မြို့ထဲ၌ သူ့အား မည်သူမျှ ရန်မစရဲပါချေ။

ဟူကောင်းချန်က စုန့်ယီ၏ ခြိမ်းခြောက်စကားကို ကြားပြီးနောက်တွင် ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ၏မျက်နှာကို စုန့်ယီ၏ လက်သီးအနီးသို့ တမင်တကာ တိုးကပ်လိုက်သည်။

“လာစမ်းပါ၊ ငါ့ကို ဒီလို ထိုးလိုက်.. မထိုးရင် မင်းက ငါ့မြေးပဲ”

လင်းမိန်ဟွေ့အနေဖြင့် လင်းရှောင်ရှုက ဤလူများအား စုန့်ယီကို ဒေါသထွက်အောင် တမင်တကာ လုပ်ခိုင်းပြီး စုန့်ယီကို ဒုက္ခပေးချင်နေသည်ကို မြင်လိုက်ရသည်။

လင်းမိန်ဟွေ့ ချက်ချင်းပင် ရှေ့သို့တိုးလိုက်ပြီး တစ်ဖက်လူကို ထိုးတော့မည့် စုန့်ယီ၏ လက်သီးကို ဆုပ်ကိုင်လိုက်ပြီး တီးတိုး ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ဒါယွမ်ကျွမ်းမြို့ မဟုတ်ဘူး၊ သူတို့ ဘယ်သူတွေလဲဆိုတာလည်း ကျွန်မတို့ မသိဘူး၊ ဘာမှ မလုပ်တာ ပိုကောင်းတယ်”

စုန့်ယီက အလျော့မပေးချင်ခဲ့ဘဲ လင်းမိန်ဟွေ့ကို ပြန်ကြည့်လာခဲ့သည်။

သို့သော်လည်း လင်းမိန်ဟွေ့က အရှေ့သို့တစ်လှမ်းရှေ့တိုးပြီး ဟူကောင်းချန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

“လင်းရှောင်ရှုက ရှင့်ကို ဘာပြောထားလဲဆိုတာ ကျွန်မ မသိဘူး၊ ဒါပေမဲ့ ရှင်က ထက်မြက်လိမ့်မယ်လို့ ကျွန်မယုံကြည်တယ်.. စုန့်ယီနဲ့ ကျွန်မက လက်ထပ်ပြီးသားပဲ၊ ကျွန်မတို့က ဇနီးမောင်နှံတွေဖြစ်ပြီး မကြာခင် ကလေးလေးတောင် ရတော့မယ်… ရှင် တကယ်ပဲ ကျွန်မကို လက်ထပ်ချင်သေးလား”

ဟူကောင်းချန်တစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် လင်းရှောင်ရှုကို လှည့်ကြည့်လိုက်သည်။ လင်းရှောင်ရှုက လင်းမိန်ဟွေ့ကို အပျိုတစ်ယောက်ဟု ပြောထားသည် မဟုတ်ပါလား။

သူက စုန့်ယီနှင့်ချစ်ကြိုက်နေသည်ဟုသာ ပြောထားခဲ့သည်။

လင်းရှောင်ရှု နှုတ်ခမ်းကိုက်ပြီး ဟူကောင်းချန်ကို ပြောသည်။

“သူမ ပြောတာကို နားမထောင်နဲ့.. သူမက အသက်တောင်မပြည့်သေးဘူး၊ ဘယ်လိုလုပ် လက်ထပ်နိုင်မလဲ… ဟူကော၊ သူမက ခေါင်းမာနေရုံသက်သက်ပဲ”

လင်းမိန်ဟွေ့အနေဖြင့် လင်းရှောင်ရှုက ဤမျှလောက်အထိ ယုတ်မာလိမ့်မည်ဟု မထင်ထားပါချေ။

သူမ လင်းရှောင်ရှုကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဤအရွယ်ကတည်းကထိုမျှလောက် ယုတ်မာနေပါက နောင်အနာဂတ်၌ မည်သို့ဖြစ်လာမည်နည်း။

ဟူကောင်းချန်မှာ လင်းရှောင်ရှုထံမှ လှည့်စားခံခဲ့ရဆဲပင်။ သူက လင်းမိန်ဟွေ့၏ လက်ကို ဆွဲရန် လုပ်လိုက်သော်လည်း စုန့်ယီက သူ့ကို တွန်းဖယ်လိုက်ပြီး လက်မြှောက်၍ ဟူကောင်းချန်၏ မျက်နှာကို ထိုးရန် လုပ်လိုက်သည်။

ကံကောင်းစွာဖြင့်ပင် ဤအချိန်တွင် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးက စုန့်ယီ၏ ရှေ့သို့ ရောက်လာပြီး သူ၏ လက်သီးကို ပိတ်ဆို့လိုက်လေသည်။

“ဒါ ပရိဘောဂအရောင်းဆိုင်ပဲ၊ ရန်ဖြစ်တဲ့နေရာ မဟုတ်ဘူး.. ရန်ဖြစ်ချင်ရင် အပြင်ထွက်ပြီး ဖြစ်ကြ”

ထိုလူမှာ ပရိဘောဂဆိုင်ပိုင်ရှင်ဖြစ်ပြီး စုန့်ယီက ဤလက်သီးကြောင့် ဒုက္ခရောက်မည်ကို စိုးရိမ်သည့်အတွက် တမင်တကာ ဝင်ပါခဲ့ခြင်းသာဖြစ်ပေသည်။

ဟူကောင်းချန်နှင့် လင်းရှောင်ရှုတို့မှာ ကလေးအရွယ်သာ ရှိသေးသည်။ ဤသို့ အဆူခံရချိန်တွင် အံကြိတ်၍ ထွက်ခွာသွားကြသည်။

သူတို့ ထွက်သွားသည်ကို မြင်မှသာ ထိုလူက စုန့်ယီကို သတိပေးခဲ့သည် ။

“မင်းတို့ ဟူကောင်းချန်ကို မစော်ကားမိတာ ပိုကောင်းတယ်.. သူ့အဖေက ရဲစခန်းကဖြစ်ပြီး သူ့အမေကလည်း အစိုးရအတွက် အလုပ်လုပ်နေတာ

သူ့ကို စော်ကားရင် နကျယ်ကောင်အိမ်ကို သွားနှိုးတာနဲ့ တူပြီး ဘဝတစ်လျှောက်လုံး ကံဆိုးလိမ့်မယ်”

စုန့်ယီတစ်ယောက် ပြန်လည် စဉ်းစားကြည့်လိုက်လျှင် တစ်ဖက်မှ သူ့အား တမင်ဒေါသထွက်အောင် လုပ်ခဲ့ခြင်းဖြစ်ပြီး သူ့ကို ထိုးမိလုနီးပါး ဖြစ်ခဲ့ကြောင်းကို သိလိုက်ရသည်။

လင်းမိန်ဟွေ့က ပရိဘောဂဆိုင်ပိုင်ရှင်အား အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။

တစ်ဖက်လူသာ အချိန်မီ သတိပေးမခံရလျှင် သူမနှင့် စုန့်ယီတို့ ကံဆိုးသွားပေလိမ့်မည်။

“ခုတင် ပို့ပေးထားပြီးပြီ.. မင်းတို့ မြန်မြန်ပြန်လိုက်ကြတော့”

လမ်းတွင် လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီ၏ မျက်နှာ မကောင်းဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် လင်းမိန်ဟွေ့ တီးတိုး ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ စိတ်ထဲ မထားပါနဲ့.. ကျွန်မတို့ နောက်ကစပြီး သူ့ကို ရှောင်ရှားရုံပဲ.. ကျွန်မတို့ နေ့တိုင်း မြင်ရမှာလည်း မဟုတ်ဘူးလေ”

စုန့်ယီက လင်းမိန်ဟွေ့ကို လှည့်ကြည့်ပြီး စိုးရိမ်တကြီး ပြောလာသည်။

“ကိုယ်စိတ်ပူတယ်.. ကိုယ်ကည မြို့ထဲမှာ မရှိဘူးဆိုတော့ မင်း သူတို့နဲ့ ထပ်တွေ့ပြီး ထပ်အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ.. လင်းရှောင်ရှုက မင်း မြို့ထဲမှာ ရှိနေတယ်ဆိုတာကို သိရင် မင်းကို ဒုက္ခပေးဖို့ သေချာပေါက် ကြိုးစားလိမ့်မယ်”

လင်းမိန်ဟွေ့သည်လည်း ဤသည်ကို တွေးခဲ့သော်လည်း လင်းရှောင်ရှု ဤ၌ရှိနေရုံနှင့် ကျောင်းတက်ချင်သည့် သူမ၏ အိပ်မက်ကို လက်လျှော့၍ မရပေ။

ဌားရမ်းထားသည့် အိမ်သို့ ပြန်ရောက်လာချိန်တွင် ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့က မူလခုတင်ကို ဖယ်၍ နှစ်ထပ်ခုတင်ကို တပ်ဆင်ရန် ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရ၏။

စုန့်ယီလည်း သူတို့လုပ်နေသည်ကို မြင်သည်နှင့် ကူညီရန် အလျင်အမြန် လှမ်းလာပြီး လင်းမိန်ဟွေ့ကိုပြောလိုက်သည်။

“ကိုယ်ပဲ လုပ်လိုက်မယ်.. မင်းတို့ ဟိုဘက်မှာ စကားပြောနှင့်ကြလေ.. ကိုယ်ခဏနေရင် လာခဲ့မယ်”

ရှောင်ရွှမ်းက လင်းမိန်ဟွေ့ကို ဘေးဘက်သို့ ဆွဲခေါ်သွား၍ စုန့်ယီ၏ သန်မာသည့် လက်မောင်းများအား ကြည့်ရင်း လင်းမိန်ဟွေ့ကို နားမလည်စွာ မေးလိုက်သည်။

“သူက နင့်အစ်ကိုလား.. ငါ့စိတ်ထဲမှာ နင့်ရဲ့ ချစ်သူလို့ ခံစားရလို့”

လင်းမိန်ဟွေ့၏ မျက်နှာက နီရဲသွား၏။ သူမအနေဖြင့် ဤအကြောင်းကို ရှောင်ရွှမ်းတို့ထံမှ ဖုံးကွယ်ထားရန် မကြံစည်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူတို့က တစ်နှစ်တာလုံး အတူတကွ နေရမည်သာဖြစ်သည်။

လင်းမိန်ဟွေ့က စုန့်ယီကို ရှောင်ရွှမ်းနှင့် ခပ်တိုးတိုး မိတ်ဆက်ပေးလိုက်သည်။

“သူက ကျွန်မရဲ့ ခင်ပွန်းပါ”

ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ အံ့အားသင့်သွားကြပြီး အနည်းငယ်လောက် မယုံကြည်နိုင်ဖြစ်နေကြ၏။ လင်းမိန်ဟွေ့၌ ခင်ပွန်းသည်ရှိနှင့်နေသည်ကို သူတို့ မယုံကြည်နိုင်ကြပေ။

သို့သော်လည်း လင်းမိန်ဟွေ့၏ အလေးအနက်အမူအရာကို ကြည့်၍ ဤသည်မှာ အမှန်တကယ်ဖြစ်ကြောင်းကို သိလိုက်ရသည်။

ရှောင်ရွှမ်းက လင်းမိန်ဟွေ့ကို တစ်ဖက်သို့ ဆွဲခေါ်သွားကာ တိုးတိုးလေးပြောလိုက်၏။

“လင်းမိန်ဟွေ့၊ ငါတို့က အခုမှ တွေ့တာဆိုတော့ ဒီလိုစကားမျိုး မပြောသင့်မှန်း ငါသိတယ်.. ဒါပေမဲ့ ငါ နင့်ကို ဆက်ပြီး အကြံပေးချင်တယ်..

နင် တက္ကသိုလ်ရောက်ရင် နင်နဲ့သူ့ကြားမှာ ကွာခြားမှုတွေ ရှိလာမှာ အသေအချာပဲ.. ခဏလောက် ဂရုတစိုက် တွေးတောကြည့်သင့်သေးတယ်.. အိမ်ထောင်ရေးကို သိပ်ပြီး အလျင်စလို မစဉ်းစားသင့်ဘူး”

ကျေးလက်ဒေသများတွင် မိန်းကလေးများက စောစောစီးစီး လက်ထပ်ကြသည်မှာ အဆန်းမဟုတ်ပေ။ ရှောင်ရွှမ်းလည်း နားလည်နိုင်သည်သာ။

သို့သော်လည်း ယခု လင်းမိန်ဟွေ့က တက္ကသိုလ်တက်ချင်နေပြီဖြစ်၍ သူမ၏ ဘဝက အနာဂတ်၌ များစွာ ကွာခြားသွားလိမ့်မည်ကို လင်းမိန်ဟွေ့အား သိအောင် ပြောရမည်။

သူမအနေဖြင့် အနာဂတ်တွင် ပိုမိုကြီးမားသည့် မြို့သို့ သွား၍ ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဘဝကို ခံစားနိုင်ပေသည်။

All Chapters