အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း(111)
ဘေးတွင်ရှိနေသော လူများက စုန့်ယီထံတွင် လင်းမိန်ဟွေ့နှင့် စကားပြောစရာရှိနေလောက်ကြောင်းကို သဘောပေါက်သောကြောင့် နေရာမှ ရှောင်ထွက်သွားကြသည်။
ချန်အန်းသယ်က သူ ဝယ်လာသည့် အသီးများနှင့် အိမ်ဘက်သို့ လျှောက်လာခဲ့ပြီးရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ကို ပြောလိုက်သည်။
“မင်းတို့တွေက အခုကစပြီး လင်းမိန်ဟွေ့ရဲ့ အခန်းဖော်တွေပဲ.. ဒီအသီးတွေကို အတူတူဝေစားကြပေါ့.. ရှက်နေစရာမလိုဘူး”
ရှောင်ရွှမ်းကလညား ယဉ်ကျေးမနေဘဲ ပန်းသီးနှင့် လိမ္မော်သီး အနည်းငယ်ကို ယူပြီး ရေဘုံဘိုင်၌ သွားဆေးသည်။
ခြံထဲတွင်တော့ စုန့်ယီက လင်းမိန်ဟွေ့ဆီသို့ လျှောက်သွားပြီး ဒေါသနှင့်စိတ်ပူပန်မှုများ ရောနှောစွာ ပြောလိုက်သည်။
“မနေ့ညက ဖြစ်ခဲ့တဲ့ကိစ္စကို ဘယ်တော့မှ ကိုယ့်ကိုပြောပြမှာလဲ”
လင်းမိန်ဟွေ့လည့် စုန့်ယီ၏ မျက်နှာအမူအရာကို မြင်လျှင် အိမ်ရှင်က အလွန် ပါးစပ်ဖွာကြောင်းတွေးလိုက်သည်။
အဘယ်ကြောင့် စုန့်ယီကို အရာအားလုံးကို ပြောပြနေရသနည်း။
သူမအနေဖြင်် ကိုယ့်ဘာသာကိုယ် ဖြေရှင်းရန်အတွက် နည်းလမ်းများကိုရှာဖွေရန် စဉ်းစားနေခဲ့ပေ၏။ သို့သော်လည်း ယခုအချိန်တွင်တော့ တစ်ဖက်လူက သူမထက် ပို၍ စိတ်ပူပန်နေခဲ့ပေပြီ။
“အစ်ကိုစုန့်ယီ၊ ဒါက ဘာမှမဟုတ်ပါဘူး၊ သူတို့က နည်းနည်းလောက် ဆိုးသွမ်းနေတဲ့လူမိုက်လေးတွေပဲ... သူတို့ ကျွန်မတို့ကို ဘာမှမလုပ်ခဲ့ပါဘူး”
“ဒါဆို နောက်ထပ်ဘာတွေထပ်ဖြစ်မှ မင်း ကိုယ့်ကိုပြောမှာလဲ .. တကယ်လို့ တစ်ခုခုဖြစ်ပြီးမှ အဲ့ဒီ ပြောခဲ့မယ်ဆိုရင် နောက်ကျနေပြီမလား.. မိန်ဟွေ့၊ ကိုယ် အခု နည်းနည်းလောက် သံသယဖြစ်နေပြီ၊ မင်းရဲ့စိတ်ထဲမှာ ကိုယ်က မင်းအတွက် မှီခိုအားထားနိုင်တဲ့လူရော ဟုတ်ရဲ့လား”
စုန့်ယီအနေဖြင့် အလွန်ဒေါသထွက်လာခဲ့ကာ ထိုဒေါသများမှာလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများနှင့်သာပြည့်နှက်နေသည်။
ယမန်နေ့က နေထိုင်စရိတ် သက်သာစေရန်အတွက် အိမ်သို့ အလောတကြီး ပြန်မလာသင့်ချေ။
သူ့အနေဖြင့် လင်းမိန်ဟွေ့ အခြေချပြီးနောက် သူမ အဆင်ပြေကြောင်း သေသေချာချာ စစ်ဆေးပြီးမှ ပြန်သင့်သည်။
လင်းမိန်ဟွေ့လည်း စုန့်ယီ ပြောလာသည့်စကားများကို ကြားလိုက်ရလျှင် တစ်ဖက်လူက အမှန်တကယ် ကြဒေါသထွက်နေကြောင်းကို သိလိုက်ပြီး ချက်ချင်းပင်အလျှော့ပေး၍ ရှင်းပြလိုက်သည်။
“အစ်ကိုစုန့်ယီ စိတ်မဆိုးပါနဲ့.. ကျွန်မက ရှောင်ရွှမ်းနဲ့ အတူတူရှိနေတာဆိုတော့ ဘာဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် ဖြေရှင်းလို့ရတယ်လို့ ခံစားရလို့ပါ.. ကျွန်မ ရှင့်ကို စိတ်မပူစေချင်ဘူး”
စုန့်ယီလည်း လင်းမိန်ဟွေ့၏ အသံတိုးသွားသည်ကို ကြားလျှင် ချက်ချင်းပင် စိတ်ပျော့သွားခဲ့သည်။
သူ့အနေဖြင့် လင်းမိန်ဟွေ့ကို အပြစ်မတင်ရက်သော်လည်း သူ့၏နှလုံးသားထဲတွင် စိတ်ဓာတ်ကျနေဆဲပင်။
“မင်းတို့အားလုံးက မိန်းကလေးတွေပဲ၊ အိမ်ရှင်ကလည်း မင်းတို့ကို ကျောင်းကနေ နေ့တိုင်း လာကြိုပေးနိုင်မှာ မဟုတ်ဘူး.. ဆောင်းတွင်းမှာဆိုရင် နေက စောစောဝင်ပြီး လူတွေလည်း မရှိဘူးဆိုတော့ အန္တရာယ်ပိုများတယ်”
“တခြားနည်းလမ်းရှာပြီး အဖော်တွေရှာရင်...”
“ညကျောင်းတက်တဲ့သူ အများစုက မိန်းကလေးတွေချည်းပဲ.. အဖော်ရှာမယ်ဆိုရင်တောင် အားနည်းတဲ့ မိန်းကလေးတွေပဲ ဖြစ်မနေဘူးလား”
စုန့်ယီက လင်းမိန်ဟွေ့၏ အကြံပြုချက်ကို သဘောမတူဘဲ အချိန် အတော်ကြာပြီးမှ ပြောလာခဲ်သည်။
“ကိုယ် မြို့မှာပဲနေပြီး မင်းတို့ကို ကျောင်းလိုက်ပို့ပေးမယ်.. ဆိုင်ကိစ္စကို ချန်အန်းသယ်နဲ့ ဝမ်ဟန်ဆို့ဆီမှာ လွှဲထားခဲ့မယ်.. ဝမ်ဟန့်ကလည်း အခု ရေခဲမုန့်လုပ်တတ်နေပြီဆိုတော့ အော်ဒါအသေးလေးတွေ လုပ်လို့ရပြီ”
“မဖြစ်ဘူး၊ အစ်ကိုစုန့်ယီ၊ ဒါဆိုရင် ရှင့်ရဲ့ အချိန်တွေကိုဖြုန်းတီးသလိုဖြစ်နေလိမ့်မယ်... အစ်ကို ဒီမှာ ဘာမှလုပ်စရာမရှိဘူးလေ”
လင်းမိန်ဟွေ့က ချက်ချင်းပင် ကိစစများစွာကို စဉ်းစားလိုက်မိသည်။ ဥပမာအားဖြင့် စုန့်ယီ မြို့သို့ ရောက်လာလျှင်.. သူတို့ အတူတူ နေမည်ဆိုလျှင်၊ အတင်းအဖျင်းများက သေချာပေါက် ဖြစ်လာမည်။
ထို့အပြင် ဤမြို့က မြို့ငယ်လေးထက် ကုန်ကျစရိတ်များက နှစ်ဆပိုများသည်။ သူတို့၏ လက်ရှိ စီးပွားရေး အခြေအနေအရ မြို့တွင် စီးပွားရေး လုပ်၍ မရနိုင်သေးပေ။
စုန့်ယီကတော့ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ။
“အိမ်ရှင်ကို ကိုယ် ခုနကမေးကြည့်ပြီးပြီ.. ဒီမှာ နောက်ထပ် အခန်းတစ်ခန်း ငှားဖို့ရှိသေးတယ်တဲ့
အခြေအနေက နည်းနည်းဆိုးပေမယ့် ကိစ္စမရှိဘူး.. နေ့ဘက်ဆိုရင် ကိုယ် အပြင်ကိုထွက်ပြီး အလုပ်ရှာမယ်၊ ညနေဘက်ဆို မင်းတို့ကို ကျောင်းကနေလာကြိုမယ်၊ ဒီအခန်းမှာ အိပ်ရုံပဲအိပ်ပြီး အကြာကြီး နေရမှာမဟုတ်တော့ အဆင်ပြေပါတယ်”
လင်းမိန်ဟွေ့လည်း ချက်ချင်းပင် စုန့်ယီပြောနေသည်က အိမ်သာဘေးမှ အခန်းငယ်လေးဖြစ်ကြောင်းကို သိသွားခဲ့ပြီး ချက်ချင်းပင် ခေါင်းခါလိုက်သည်။
“မဖြစ်ဘူး၊ အစ်ကိုစုန့်ယီ၊ အဲဒီနေရာက စိုစွတ်ပြီး ညဘက်တွေလည်း ဆူညံနေလို့ အိပ်လို့ရမှာမဟုတ်ဘူး”
“ကိုယ် အိမ်ရှင်နဲ့ သဘောတူထားပြီးပြီ၊ မင်း ဆက်မပြောနဲ့တော့...”
စုန့်ယီက ထိုသို့ ပြောပြီးသည်နှင့် လင်းမိန်ဟွေ့ထံသို့ လျှောက်သွားပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
“မိန်ဟွေ့၊ ဒီလောကမှာ မင်းရဲ့အနီးကပ်ဆုံးလူက ကိုယ်ပဲ.. နောက်ပိုင်းတွေမှာ ဘာတွေပဲဖြစ်လာဖြစ်လာ မင်း ကိုယ့်ကို ပြောပြရမယ်၊ ပြီးတော့ အတူတူ ဖြေရှင်းရမယ်”
“ကောင်းပါပြီ”
“အခုကစပြီး ကိုယ် မြို့မှာရှိနေတဲ့အချိန်မှာ လင်းရှောင်ရှု မင်းကို ထပ်လာနှောင့်ယှက်မှာကို စိတ်ပူစရာမလိုတော့ဘူး...”
လင်းမိန်ဟွေ့အနေဖြင့် လင်းရှောင်ရှုလည်း မြို့တွင် ကျောင်းတက်နေပြီး အခါအားလျော်စွာ လာရောက်နှောင့်ယှက်နိုင်သည်ကို သတိရသွားသည်။ စုန့်ယီသာ ဤနေရာတွင် ရှိနေလျှင် သူမအတွက် အတော်လေး ငြိမ်းချမ်းသွားလိမ့်မည်။
အခန်းထဲတွင်တော့ ရှောင်ရွှမ်းက ပန်းသီးကို စားနေရင်း အပြင်ကို ကြည့်နေခဲ့သည်။
“ချန်အန်းသယ်၊ စုန့်ယီက လင်းမိန်ဟွေ့အပေါ် တော်တော်ကောင်းတာပဲ၊ ဒါကို သူ ဘာလို့ သူမကို အဝေးကိုပို့ပြီး ကောလိပ်တက်ခွင့်ပေးချင်ခဲ့တာလဲ”
ထိုစကားကိုကြားလျှင် ချန်အန်းသယ်က ရှောင်ရွှမ်းကို မော့ကြည့်၍ ပြောလာသည်။
“စုန့်ယီက လင်းမိန်ဟွေ့အတွက်ဆိုရင် ကောင်းတယ်ဆိုရင် ဘယ်လိုအရာကိုမဆိုလုပ်ဖို့ ဆန္ဒရှိတယ် .. နောက်ပိုင်း လင်းမိန်ဟွေ့က ကောလိပ်တက်တော့မယ်ဆိုရင်လည်း စုန့်ယီက ထောက်ပံ့ပေးဦးမှာ၊ မင်းတို့ အံ့သြနေစရာမလိုဘူး”
ရှောင်ကျယ်လည်း စပ်စုစွာ မေးလာသည်။
“သူတို့ ဘယ်လိုသိကြတာလဲ ဒီလောက် ခင်မင်ကြတာ၊ ငယ်သူငယ်ချင်းတွေလား”
ချန်အင်ဒေ ခေါင်းခါလိုက်သည်။
“ဒါတော့ ငါလည်း မသိဘူး၊ ဒါပေမဲ့ သူတို့က တစ်ယောက်နဲ့တစ်ယောက် သဘောကျကြတယ်၊ နောက်ပိုင်းတွေမှာ မင်းတို့လည်း တဖြည်းဖြည်း သိလာလိမ့်မယ်”
စုန့်ယီက ဤနေရာတွင်နေရန် ဆုံးဖြတ်လိုက်သဖြင့် ချန်အန်းသယ်ကို ခြံထဲသို့ခေါ်ကာ ဆိုင်မှလုပာစရာကိစ္စများ အကျဉ်းချုံးပြောပြခဲ့သည်။
ချန်အန်းသယ်ကတော့ စုန်ယီရှင်းပြပြီးသည့်အထိ ကြောင်အအဖြစ်နေခဲ့သည်။
“ဒါဆို မင်းတို့နှစ်ယောက်က ငါ့ကို ဒီလိုမျိုး အလွယ်တကူ စွန့်ပစ်လိုက်တာလား .. ငါက မင်းတို့ရဲ့ အလုပ်သမားဖြစ်သွားပြီပေါ့”
“အဲဒီလိုပြောလို့မရရဘူးလေ.. အခုကစပြီး မင်းက ဆိုင်ပိုင်ရှင်ပဲ.. မင်းလုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့ရပြီ”
လင်းမိန်ဟွေ့တစ်ယောက် ချန်အန်းသယ် စိတ်ပျက်လက်ပျက်ဖြစ်နေသည််ကို မြင်လျှင် ရယ်ချင်လာရပြီး နှုတ်ခမ်းကိုတင်းတင်းမစေ့ထားနိုင်ခဲ့ဘဲ ရယ်မောလိုက်မိသည်။
ချန်အန်းတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် စုန့်ယီနှင့် လင်းမိန်ဟွေ့ကို ကြည့်လိုက်သည်။
“ဒါဆို မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြပေါ့.. အခုကစပြီး ငါ တနင်္ဂနွေမနက်တိုင်း မြို့ကို ပစ္စည်းဝယ်ဖို့ လာခဲ့မှာဆိုတော့ မင်းတို့ ဘာပဲလိုလို ငါ့ကိုပြောလိုက်..ငါ ယူလာပေးမယ်”
ချန်အန်းသယ် ဆိုင်ကယ်နှင့် ထွက်သွားပြီးနောက် လင်းမိန်ဟွေ့က စုန့်ယီနေထိုင်မည့် အခန်းငယ်လေးကို သန့်ရှင်းရေး လုပ်ရန်ကူညီပေးခဲ်သည်။
အခန်းမှာ အပြင်ပန်းကကြည့်လျှင် စုတ်ပြတ်နေသော်လည်း အတွင်းပိုင်းကတော့ သိပ်မဆိုးပါချေ။
အခန်းက စိုစွတ်လွန်းသောကြောင့် နံရံတွင်ကပ်ထားသည့် အကာအရံများက ကွာနေရုံသာ ရှိသည်။ လင်းမိန်ဟွေ့က တစ်ဝက်လောက်ဟောင်းနေပြီဖြစ်သည့် စောင်တစ်ထည်ကို နံရံတွင် ရိုက်ကာလိုက်ပြီးနောက် အခန့်က အတော်လေး သစ်လွင်သွားသကဲ့သို့ဖြစ်သွားသည်။
အိမ်ထဲတွင် အိပ်ရာခင်းများ မရှိသေးပါချေ မူလက ချန်အန်းသယ်ကို အိပ်ရာခင်း တစ်စုံ ပို့ခိုင်းရန် စီစဉ်ထားသော်လည်း အိမ်တွင်လည်း အိပ်ရာခင်းမရှိဘဲ မနေနိုင်လောက်သည်ကို တွေးမိသည့်အတွက် မြို့မှကုန်တိုက်သို့ သွားပြီး နောက်ထပ် တစ်စုံ ဝယ်လိုက်ကြသည်။
ညနေဘက် ကျောင်းတက်ချိန်သို့ ရောက်ချှင် စုန့်ယီ၏ အခန်းက သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းနေအောင် ပြင်ဆင်ပြီးသွားပေပြီ။
ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ နှစ်ယောကာလုံးသည် လင်းမိန်ဟွေ့၏ လုပ်ကိုင်နိုင်စွမ်းကို ချီးကျူးကြပြီး စုန့်ယီလည်း အလွန် ကျေနပ်နေခဲ့သည်။
“အခုကစပြီး ကိုယ် မင်းတို့ကို ကျောင်းကြို၊ ကျောင်းပို့လုပ်ပေးမယ်၊ နေ့ဘက်ဆိုရင် လုပ်စရာရှာမယ်၊ ဒါဆို မင်းတို့လည်း အဆင်ပြေသွားလိမ့်မယ်”
ဘေးနားတွင်ရှိနေသော ရှောင်ရွှမ်းကလည်း လင်းမိန်ဟွေ့ကို အားကျကြောင်း ထုတ်ပြောလာသည်။
“ငါတော့ မိန်ဟွေ့ကို တကယ် အားကျတယ်.. သူ့ဘေးမှာ သစ္စာရှိတဲ့ စောင့်ရှောက်သူရှိနေတာပဲ”
ရှောင်ကျယ်ကလည်း ပြုံး၍ ပြောလာသည်။
“နောင်ကျရင် ငါတို့လည်း မိန်ဟွေ့ကြောင့် ကောင်းကျိုးတွေ ရရှိနိုင်တယ်.. လူမိုက်တွေ လာနှောင့်ယှက်ရင် စုန့်ယီက လက်သီးနဲ့ထိုးလိုက်ရုံပဲ”
*
အခန်း(112)
ညစာစားပြီးနောက် စုန့်ယီက သူတို့သုံးဦးကို ညကျောင်းသို့ပို့ပေးခဲ့သည်။ ထိုနောက် လမ်းများပေါ် လှည့်ပတ်ကြည့်ပြီး လုပ်စရာ အလုပ် သို့မဟုတ် လွတ်နေသည့် ဆိုင်ခန်းများ ရှိမရှိကို ရှာဖွေသည်။
လင်းမိန်ဟွေ့၏ ညကျောင်းမဆင်းသေးမီအချိန်လောက်တွင် စုန့်ယီက စက်ပစ္စည်းဆိုင်တစ်ဆိုင်၌ အလုပ်သမား ခေါ်နေသည်ကို တွေ့လိုက်ရလေ၏။ ထိုနေရာတွင် စက်ပစ္စည်းပြင်သည့်သူအဖြစ် လုပ်သင့်လားဟုစဉ်းစားမိသည်။
ပဆိုင်က ပိတ်တော့မည်ဖြစ်သောကြောင့် စုန့်ယီ အမြန်တွေးတောပြီး တံခါးဖွင့်ကာ ဝင်သွားခဲ့သည်။
ထိုအချိန်တွင် ဆိုင်ပိုင်ရှင်က ထွက်လာလေ၏။
“ဆိုင်က ပိတ်တော့မယ်.. ပြင်စရာရှိရင် မနက်ဖြန်လာခဲ့တော့!”
စုန့်ယီအနေဖြင့် ဆိုင်ပိုင်ရှင်က သူ့အရွယ်ခန့်ရှိသည့် လူငယ်လေး ဖြစ်နေသည်ကို တွေ့လျှင် အနည်းငယ်လောက်စိုးရိမ်မိသော်လည်း ရုတ်တရက် ယုံကြည်မှုလည်းရှိသွားခဲ့သည်။
“အပြင်မှာ လူခေါ်တဲ့ ဆိုင်းဘုတ်တွေ့တယ်.. ဒါကြောင့် ကျွန်တော်ဝင်လုပ်လို့ရမလား လာမေးကြည့်တာပါ”
ဆိုင်ပိုင်ရှင်က စုန့်ယီကို အကဲခတ်ကြည့်ပြီး ပစ္စည်းများကိုသိမ်းနေရင်း ပြောလာသည်။
“ရတာတော့ ရတယ်.. ဒါပေမဲ့ မင်းက အလုပ်သင်အနေနဲ့လာမှာဆိုရင် လစာသိပ်မရဘူး.. ကျွမ်းကျင်အောင်နည်းနည်းလောက် သင်ယူဖိာ့လိာသေးတယ်.. မိသားစုကိုထောက်ပံ့ဖို့ဆိုရင် ဒီအလုပ်က မင်းနဲ့ မသင့်တော်ဘူး”
စုန့်ယီအနေဖြင့် ယခုအချိန်တွင် ဝင်ငွေအဖြစ် ဆိုင်လုပ်ငန်း ရှိနေပြီဖြစ်သောကြောင့် ပညာရပ်တစ်ခုခုကို သင်ယူချင်စိတ်သာ ရှိနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ မြို့ပေါ်တွင် သူနဲ့ သင့်တော်သည့် အလုပ်များ မရှိလောက်ပါချေ။
စုန့်ယီလည်း သူ့၏အတွေးများကို ပြောပြလိုက်ပြီး ဆိုင်ပိုင်ရှင်ကလည်း သဘောတူလိုက်သည်။ မထွက်ခွာမီ ဆိုင်ပိုင်ရှင်က စုန့်ယီကို ပြောခဲ့သည်။
“မနက်ဖြန် ဒီကိုလာရင် အဝတ်ဟောင်းတွေ ယူလာခဲ့.. ဒီနေရာက ဆီတွေနဲ့ ပြည့်နေတာဆိုတော့ အဝတ်ကောင်းတွေပေသွားရင်လျှော်ရခက်မယ်”
စုန့်ယီအနေဖြင့် ဆိုင်ပိုင်ရှင်က ဤမျှ ပျော်ရွှင်နေလိမ့်မည်ဟု မမျှော်လင့်ထားပါချေ။ လင်းမိန်ဟွေ့နှင့် တခြားလူများကို ကျောင်းမှသွားကြိုချိန်တွင် သူ့၏နှလုံးသ်ားထဲတွင် ပျော်ရွှင်မှုများ လျှံကျနေသကဲ့သို့ဖြစ်နေခဲ့သည်။
*
ဆရာက စုန့်ချီ၏ ကဗျာတစ်ပုဒ်ကို သင်ပုန်းပေါ်တွင် ချရေးလိုက်သည်။
“မူးယစ်ရီဝေနေချိန်မှာ ဓားရှည်ကို ကိုင်ဆွဲပြီး မီးအိမ်ကိုထွန်းညှိမယ်၊ ညိုမှောင်နေတဲ့တောအုပ်တွေထဲက စစ်တပ်တံပိုးသံကို အိပ်မက်မက်နေခဲ့တယ်”
လင်းမိန်ဟွေ့အနေဖြင့် ဤကဗျာကို သူမ မတိုင်မီက ဖတ်ဖူးသည်ကို သတိရမိသည်။
ထိုအချိန်က တောင်ပိုင်းစုန့်မင်းဆက်နန်းတော်က ယိုယွင်း၍ အစွမ်းအစ မရှိပါချေ ။ ကဗျာဆရာက မျိုးချစ်ပုဂ္ဂိုလ်များမှာ နိုင်ငံနှင့် ပြည်သူများကို အကျိုးပြုရန် နည်းလမ်းမရှိသောကြောင့် ပြည်သူများက ဆင်းရဲဒုက္ခ ရောက်နေသည်ဟု ရေသားခဲ့သည်။
ဤကဗျာ၌ နိုင်ငံနှင့် ကမ္ဘာကြီးအတွက် ပူပန်သောကရောက်သည့် စိတ်ဓာတ်များ ပါဝင်နေခဲ့သည်။
“ဘယ်သူ ဒီကဗျာရဲ့အဓိပ္ပာယ်ကို ပြောပြနိုင်မလဲ”
ညကျောင်းတွင်ရှိနေသော ကျောင်းသားများအားလုံးက ခေါင်းခါလိုက်ကြသည်။ တချို့ကတော့ ယမန်နေ့က ကြိုတင်ကြည့်ထားခြင်း မရှိဟုပြောကာ တီးတိုး ညည်းတွားနေကြသည်။
ဤအချိန်တွင် လင်းမိန်ဟွေ့က လက်ထောင်ပြီး သူမ၏ အတွေးများကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။
“ရဲရင့်ပြီး သစ္စာရှိတဲ့ စစ်သူကြီးတစ်ဦးရဲ့ ပုံရိပ်ကို ပေါ်လွင်အောင် ရေးသားထားတာဖြစ်ပြီး ကဗျာဆရာရဲ့ မြင့်မားတဲ့ ရည်မှန်းချက်တွေကို ပြသနေပါတယ်”
“ကောင်းပြီ.. ဒီကျောင်းသူ အဓိပ္ပာယ်ဖွင့်ဆိုတာ အရမ်းကောင်းတယ်”
ရှောင်ရွှမ်းက လင်းမိန်ဟွေ့ကို ပွန်လှည့်ကြည့်ပြီး အားပေးသည့် အကြည့်တစ်ချက်ပေးလိုက်သည်။ လင်းမိန်ဟွေ့ကဲ့သို့ ကျေးလက်မှရောက်လာသူထံတွင် ဤသို့ ကောင်းမွန်သည့် ဗဟုသုတများ ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
“ဟမ့်.. တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ကြွားဝါပြချင်တာပဲ.. အခုမှ ဒီကိုရောက်တာကို အာရုံစိုက်ခံရတာကို ဒီလောက်တောင်ကြိုက်နေတာ၊ အမြီးဖြန့်ထားတဲ့ ဒေါင်းတစ်ကောင်လိုပဲ”
“ဟုတ်ပါ့ .. တခြားသူတွေ ဘယ်သူမှ မသိဘူးလို့များထင်နေတာလားပဲ.. ရှေးကဗျာလေး တစ်ပုဒ်ပဲကို”
ဆရာမှ ချီးကျူးစကားဆိုပြီးသည်နှင့် တစ်ပြိုင်နက်တည်း သဘောထားမတိုက်ဆိုင်သည့် အသံများထွက်လာသည်။ လင်းမိန်ဟွေ့၏ နားရွက်က အနည်းငယ်လောက် ပူလာသကဲ့သို့ ခံစားရသည်။ သူမအနေဖြင်် မေးခွန်းကိုဖြေချင်စိတ် လောနေမိခဲ့သောကြောင့် ဤသို့ အပြောခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှောင်ရွှမ်းက နောက်သို့လှည့်ကာ တစ်ဖက်မှ ပြောလာသူကို ဒေါသတကြီးကြည့်လိုက်သည်။ ပြီးနောက် လင်းမိန်ဟွေ့ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။
“သူတို့ကို ဂရုမစိုက်နဲ့..
နင် ခုနက အဓိပ္ပာယ်ဖွင့်ဆိုတာ အရမ်းကောင်းတယ်.. နောင်ဆို ငါတို့တွေ စာအကြောင်းကို ပိုပြီးဆွေးနွေးကြတာပေါ့.. ငါလည်း ရှေးကဗျာတွေကို ကြိုက်တယ်”
လင်းမိန်ဟွေ့လည်း ယခုမှသာ စိတ်အနည်းငယ် သက်သာသွားပြီး ရှောင်ရွှမ်းနှင့်အတူ ပြုံးလိုက်သည်။
ဆရာက ထပ်မံသင်ကြားပေးနေခဲ့သော်လည်း လင်းမိန်ဟွေ့ကတော့ နောက်ပိုင်းတွင် မလိုလားအပ်သည့် အပြုအမူများကို မလုပ်မိစေရန် ကိုယ့်ကိုယ်ကိုယ် သတိပေးနေခဲ့သည်။ သူမက သင်ယူချင်ရုံသာဖြစ်ပြီး သူတပါးနဲ့ ယှဉ်ပြိုင်ချင်ခြင်း မရှိပါချေ။
ကျောင်းဆင်းသည့်အချိန်တွင် လင်းမိန်ဟွေ့က စုန့်ယီ၏ မျက်နှာပေါ်မှ အပြုံးကို အဝေးကနေ မြင်လိုက်ရသောကြောင့် နှလုံးသားထဲ၌ မပြောတတ်လောက်အောင် နွေးထွေးသွားရသည်။
“အစ်ကိုစုန့်ယီ၊ ဘာလို့ ဒီလောက်တောင်ပျော်နေရတာလဲ”
စုန့်ယီလည်း အလုပ်ရှာတွေ့သည့်အကြောင်းကို လင်းမိန်ဟွေ့ဆှသို့ ပြောပြလိုက်ပြီး လင်းမိန်ဟွေ့လည်း အလွန် ပျော်ရွှင်သွားခဲ့သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မလည်း ဒီနေ့ ကျောင်းမှာ ဆရာဆီကနေ ချီးကျူးတာ ခံရတယ်.. ဆရာက ကျွန်မအရင်က သင်ထားတဲ့ ဗဟုသုတတွေက အရမ်းခိုင်မာတယ်၊ မကြာခင် လိုက်မီနိုင်လိမ့်မယ်လို့ ပြောတယ်”
“ကိုယ် တို့မိသားစုရဲ့ မိန်ဟွေ့က အတော်ဆုံးပဲ”
စုန့်ယီက လက်ဆန့်၍ လင်းမိန်ဟွေ့၏ ဆံပင်ကို ပွတ်သပ်လိုက်သည်။ ရှောင်ရွှမ်းနှင့် ရှောင်ကျယ် နှစ်ဦးလုံး ခဏတာ တောင့်ခနဲ ဖြစ်သွားသော်လည်း ခဏအကြာ၌မူ နားလည်စွာ ပြုံးလိုက်ကြသည်။
“ဘာလို့ ဒီလောက်ပျော်နေတာလဲ မပြောရသေးဘူး’
လင်းမိန်ဟွေ့က မေးမြန်းလိုက်လျှင် စုန့်ယီ ပြုံး၍ ပြောလာသည်။
“ဒီနေ့ ကိုယ် စက်ပစ္စည်းပြင်ဆိုင်ကို သွားခဲတယ်.. ဆိုင်ပိုင်ရှင်က ကိုယ့်ကို အလုပ်သင်အဖြစ် ခေါ်ဖို့ သဘောတူလိုက်တယ်လေ
အလုပ်က နည်းနည်းပေကျံပြီး ပင်ပန်းပြီး လစာတော့ သိပ်မရဘူး.. ဒါပေမဲ့ နောင်ကျရင် ပိုကြီးတဲ့ စီးပွားရေးတွေ လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်.. စက်ပစ္စည်းပြင်တာကို တတ်ထားတာက အတော်လေး ကောင်းတယ်လို့ခံစားရတယ်”
“အင်း.. အစ်ကိုစုန့်ယီက အမြင်ကျယ်တာပေ်”
ဆောင်းဦးညက ရေကဲ့သို့ အေးစိမ့်နေပြီး သူတို့လေးယောက်၏ အရိပ်များသည် မှိန်ပျပျ လမ်းပေါ်၌ ရှည်လျားစွာ ကျရောက်နေသည်။
မျှော်လင့်ထားသည့်အတိုင်း ဆိုးသွမ်းလူမိုက်များကဘထပ်မလာကြသဖြင့် ညအချိန်က ပို၍ တိတ်ဆိတ်ကာ နူးညံ့သိမ်မွေ့နေခဲ့သည်။
အိမ်သို့ပြန်ရောက်ချိန်တွင် လင်းမိန်ဟွေ့က အိပ်ရာပေါ်တွင် လှဲလျောင်းပြီး စုန့်ယီ၏ အခန်းငယ်လေးထဲက မှိတ်တုတ်မှိတ်တုတ်လင်းနေသော မီးလုံးများကို ကြည့်ရင်း သူမ၏ရင်ထဲ၌ ပြောမပြတတ်သည့် လုံခြုံမှု တစ်မျိုးကို ခံစားရသည်။
ယခင်က သူမအနေဖြင်် စုန့်ယီကို ရှောင်ချင်ခဲ့သည်။ သူမရင်ထဲ၌လည်း မကျေနပ်မှုများ ရှိခဲ့ဖူးသည်။ သို့သော် ယခုတွင်တော့ အရာအားလုံးက ပြေလည်သွားခဲ့ပြီ။
ဤဘဝ၌ အစ်ကိုစုန့်ယီကသာ သူမ၏ဘဝတွင် အနီးဆုံးလူဖြစ်ပေသည်။ သူ့ကို တွန်းထုတ်လိုက်မည်ဆိုလျှင် နောက်ဆုံးသောနွေးထွေးမှုများပါ ပျောက်ကွယ်သွားလိမ့်မည်။
လင်းမိန်ဟွေ့သည် သူ့ကိုထားမထားနိုင်ပါချေ။
နောက်တစ်နေ့တွင်တော့လင်းမိန်ဟွေ့၊ ရှောင်ရွှမ်းနှင့် အခြားသူများသည် စာကြည့်တိုက်သို့ သွားကြပြီး စုန့်ယီကတော့ စက်ပစ္စည်းများ ပြင်ဆင်သည့် ဆိုင်တွင်အလုပ်သင်အဖြစ်လုပ်ဆောင်ရန်သွားခဲ့သည်။
ဤသို့ဖြင့် ညနေဘက် ကျောင်းတက်ချိန်သို့ ရောက်လာပေပြီ။
စုန့်ယီက လင်းမိန်ဟွေ့ ကျောင်းသွားရာလမ်းတွင်အချိန်မှန် ပေါ်လာသည်။ သူ့၏လက်၌ ဆီပေနေသည့် အဖြူရောင် ချည်လက်အိတ် ဝတ်ထားပြီး မျက်နှာ၌လည်း အစွန်းအထင်းများ ရှိနေသည်။
ထို့ကြောင့် သူက အနီးသို့ကပ်မလာဘဲ လင်းမိန်ဟွေ့ကို အဝေးကနေ လက်ဝှေ့ရမ်းပြသည်။
စုန့်ယီက သူ နောက်ဘက်တွင်ရှိနေသောကြောင့် သူမ စိတ်ပူစရာမလိုတော့ကြောင်းကို ပြောချင်ခြင်းသာ ဖြစ်ကြောင်းကို လင်းမိန်ဟွေ့ သိနေသည်။
လင်းမိန်ဟွေ့ ခေါင်းငုံ့လိုက်ပြှး နှုတ်ခမ်းကလည်းကွေးညွတ်သွားခဲ့သည်။
သူ၏ ဘေးနားမှ မိန်းကလေးက လင်းမိန်ဟွေ့ကို တံတောင်နှင့် တွန်းလိုက်ပြီး ပြောလာလေ၏။
“ကြည့်ပါဦး၊ နင့်ရဲ့အစ်ကိုစုန့်ယီက ဘယ်လောက် စဉ်းစားပေးတတ်လဲ.. သူက လမ်းပေါ်မှာ အချိန်မှန် ပေါ်လာတာပဲ.. မင်းကို လူမိုက်ကောင်တွေ ထပ်နှောင့်ယှက်မှာ စိုးလို့ပဲ ဖြစ်ရမယ်”
“နင်တို့နှစ်ယောက်ကို ငါတို့ တကယ် အားကျတယ်၊ ငါ စာအုပ်တွေဖတ်ဖူးတယ်.. အဲဒှစာအုပ်တွေထဲက အချစ်ဇာတ်လမ်းတွေနဲ့ အတူတူပဲ”
“တော်လောက်ပြီ နင်တို့နှစ်ယောက် ငါ့ကို မနောက်ကြနဲ့တော့.. အစ်ကိုစုန့်ယီအစ်ကိုက နင်တို့ကိုလည်း ကာကွယ်ပေးမှာပဲလေ.. ဟုတ်ပြီလား”
လင်းမိန်ဟွေ့အနေဖြင့် အနည်း ရှက်နေသော်လည်း ရှောင်ရွှမ်းနှင့် ရှောင်ကျယ်ကတော့ သူမက မသိမသာ ကြွားဝါနေသည်ဟု ထင်မှတ်ပြီး နောက်ပြောင်လိုက်ကြသည်။
“ငါတို့က နင့်ရဲ့အစ်ကိုစုန့်ယီကို ခိုးယူလို့မရပါဘူး၊ မဟုတ်ရင် ငါတို့နားတွေ နေ့တိုင်းပူနေရလိမ့်မယ်”
လင်းမိန်ဟွေ့အနေဖြင့် ဤအခန်းဖော်နှစ်ဦးက အတော်လေး စကားများလွန်းသည်ဟု ခံစားရပြီး သူမ၏မျက်နှာကလည်း ပူသွလောင်လာရသည်။
သူမက ရှောင်ရွှမ်းနှင့် ရှောင်ကျယ်ကို လိုက်ဖမ်းပြီး ကလိထိုးခဲ်သည်။
“နင်တိို့တွေ ဆက်ပြီး ပြောနေရင် မလွှတ်ပေးတော့ဘူးနော်.. နင်တို့က ဆက်ပြီး ကလိထိုးခံချင်နေတာလား”
ရှောင်ရွှမ်းနှင့် ရှောင်ကျယ်က လင်းမိန်ဟွေ့လောက် မမြန်ပါချေ။ ထို့ကြောင့် သူတို့ထွက်ပြေသော်လည်း စက္ကန့် အနည်းငယ်အတွင်း၌ပင် လင်းမိန်ဟွေ့က သူတို့ကို ဖမ်းမိသွားသည်။
သူတို့နှစ်ယောက်၏ ရယ်သံများက ညဘက်အချိန်ကိုပင် တောက်ပသွားစေသည်။
စုန့်ယီ လင်းမိန်ဟွေ့၏ပျော်ရွှင်တက်ကြွနေသော အမူအရာကို အဝေးမှ ကြည့်နေရင်း သူ့ရင်ထဲတွင်လည်း ရုတ်တရက်ပျော်ရွှင်လာခဲ့သည်။