← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း(115)

ဤကာလအတွင်း လင်းမိန်ဟွေ့အနေဖြင့် စာပေများကိုသင်ယူရန်နှင့် ကိုယ့်ကိုယ်ကို မြှင့်တင်ရန်ကြိုးစားနေခဲ့ပြီး သူမ၏စိတ်ထဲမှ အတွေးအများစုသည်လည်း မသိစိတ်မှ ပြောင်းလဲသွားသည်။

ယခုအချိန်တွင် သူမထံ၌ စုန့်ယီအပေါ် တစ်မျိုးတစ်မည်မှီခိုအားထားမှု ရှိလာသည်။ သူ၏ ရနံ့နှင့် သူ၏ အပြုံးတို့က သူမ၏ ဘဝထဲသို့ ဖြည်းဖြည်းချင်း ပေါင်းစပ်ဝင်ရောက်လာသကဲ့သို့ပင်။

စုန့်ယီက နေ့စဥ်နေ့တိုင်း ငှားရမ်းထားသည့် အိမ်တွင် သူတို့အတွက် ညစာ ချက်ပြုတ်ပေးပြီး ဂရုစိုက်တတ်သည့် အစ်ကိုကြီးတစ်ဦးကဲ့သို့ သူတို့ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။ လင်းမိန်ဟွေ့အနေဖြင့် ပြောမပြတတ်အောင် ပျော်ရွှင်နေရသည်။

နောက်ပိုင်းတွင် လင်းမိန်ဟွေ့ကိုယ်တိုင်က စုန့်ယီ လာကြိုခြင်းကို မငြင်းဆန်နိုင်တော့ပေ။

နောက်တစ်နေ့ ကျောင်းသွားသောအချိန်တွင် စုန့်ယီက ကျောင်းသွားရာလမ်းတွင် ပုံမှန်အတိုင်း ပေါ်လာခဲ့သည်။

သူက ယခုအချိန်ထိ ဆီများပေကျံနေသည့် အလုပ်ဝတ်စုံကိုဝတ်ဆင်ထားကာ ရိုးရှင်းသည့် အပြုံးတစ်ခုနှင့် စောင့်ဆိုင်းနေခဲ့သည်။

လင်းမိန်ဟွေ့နှင့် ရှောင်ရွှမ်းတို့ ကျောင်းထဲသို့ဝင်သွားသည်ကို စောင့်ဆိုင်းပြီးနောက် ပြန်သွားတော့မည့်အချိန်တွင် မိန်းကလေးကျောင်းသူများက သူ့ကို ဝိုင်းရံလာခဲ့ကြသည်။

ထိုမိန်းကလေးများက စုန့်ယီကို မေးမြန်းလာခဲ့ကြသည်။

“ ရှင့်လို စက်ပစ္စည်းပြင်တဲ့သူက လင်းမိန်ဟွေ့နဲ့ တန်မယ်လို့ ဘယ်လိုများထင်နေတာလဲ.. သူမက အခု ညကျောင်းမှာ နာမည်ကြီးနေပြီ

ဆရာကတောင် သူမက နာမည်ကြီးတက္ကသိုလ်တစ်ခုခုကို ဝင်ခွင့်ရလိမ့်မယ်လို့ ချီးကျူးြေသေးတယ်”

စုန့်ယီအနေဖြင့်် အစပိုင်းတွင် ဤကျောင်းသားများ၏ အတွေးများကို ဂရုမစိုက်ခဲ့ပေ။ သူတို့က နားလည်မှုလွဲမှားနေသည်ဟုတွေးကာ တိတ်ဆိတ်နေခဲ့သည်။

လင်းမိန်ဟွေ့နှင့် ရှောင်ရွှမ်းတို့ ကျောင်းထဲသို့ ဝင်သွားသည်ကိုမြင်လျှင် စုန့်ယီကထွက်ခွာရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ဦးက ပြောလာခဲ့သည်။

“လင်းမိန်ဟွေ့.. နင့်ရဲ့ ချစ်ရတဲ့အစ်ကိုက နင့်ကို ကျောင်းလိုက်ပို့ဖို့ ထပ်ရောက်လာတာမလား.. နင် ဘာလို့ သူ့ကို နှုတ်မဆက်တာလဲ”

ကျောင်းတက်ချိန် ဖြစ်သောကြောင့် လူတိုင်းက ကျောင်းသို့ အပြေးအလွှား သွားနေခဲ့ကြသည်။

သူမ၏အော်သံ ကြားလျှင် လူတိုင်း လှည့်ကြည့်ပြီး လင်းမိန်ဟွေ့နှင့် စုန့်ယီကို တစ်လှည့်စီကြည့်လာကြသည်။

လင်းမိန်ဟွေ့တစ်ယောက် အနည်းငယ် ရှက်ရွံ့သွားရသည်။ သို့သော်လည်း သူမက ထိုအနှောင့်အယှက်ပေးတတ်သည့်လူများကို ဂရုမစိုက်ချင်ခဲ့ပေ။

ဤအချိန်တွင် တစ်စုံတစ်ယောက်က အော်ဟစ်လာခဲ့ပြန်သည်။

“လင်းမိန်ဟွေ့.. လေ့ကျစ်နဲ့ ဒီစက်ပြင်သမား.. ဘယ်သူ့ကို ပိုကြိုက်လဲ ဒါမှမဟုတ် နှစ်ယောက်လုံးကိုလိုချင်တာလား”

စုန့်ယီတစ်ယောက် လူတစ်ဦးက လင်းမိန်ဟွေ့ကို ရိုင်းစိုင်းသည့် စကားလုံးများနှင့် စော်ကားနေသည်ကို ကြားလျှင် သူကို တင်းမာစွာကြည့်၍ သတိပေးလိုက်သည်။

“မင်းတို့တွေ လင်းမိန်ဟွေ့ကို ဒီလိုမျိုးမစော်ကားသင့်ဘူး.. သူမက မင်းတို့ရဲ့အတန်းဖော်ပဲ.. ဒီလိုလုပ်တာက စာရိတ္တမကောင်းတာလို့ခေါ်တယ်”

“စာရိတ္တ? စာရိတ္တဆိုတာ တချို့လူတွေအတွက် ထည့်တွေးပေးစရာလိုတဲ့ကိစ္စမဟုတ်ဘူး”

“ဟုတ်တယ်၊ သူမက ဒီလိုတွေတောင်ရှုပ်ထွေးနေပြီ.. ငါတို့ပြောတာကိုတောင် ကြောက်နေတုန်းလား”

အတန်းဖော်အချို့က ရယ်မောလာကြလေ၏။ လင်းမိန်ဟွေ့တစ်ယောက်လူအုပ်ထဲတွင် ရပ်နေရင်း ဆူးပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့က လှောင်ပြောင်နေကြသည့် ကောင်လေးများကို အသံကျယ်ကျယ်ဖြင့်ချက်ချင်းမောင်းထုတ်လိုက်သည်။

“နင်တို့တွေ လျှောက်မပြောနဲ့၊ စုန့်ယီက လင်းမိန်ဟွေ့ရဲ့....”

“ဒီလောက် အသက်ကြီးတဲ့သူက သူမရဲ့အစ်ကို ဖြစ်နိုင်သေးတာလား...”

“ငါကတော့ သူမရဲ့ဦးလေးလိုမျိုး ထင်နေတာ.. လင်းမိန်ဟွေ့ သူက ဘယ်သူလဲ ငါတို့ကို မိတ်ဆက်ပေးပါဦး”

လင်းမိန်ဟွေ့၏ မျက်နှာက နီရဲသွားပြီး အနီးတွင်ရှိနေသော စုန့်ယီကို ကြည့်လိုက်သည်။

လက်ရှိတွင် စုန့်ယီက သူမ၏ ခင်ပွန်းဖြစ်ကြောင်း ပြောဆို၍ မရပေ။ သို့မဟုတ်ပါက နောက်ပိုင်းတွင် ကျောင်း၌ ပိုမို မနှစ်မြို့ဖွယ် စကားလုံးများ ထပ်မံ ထွက်ပေါ်လာပေလိမ့်မည်။

လင်းမိန်ဟွေ့ ခဏတာအတွင်း မည်သို့ ရှင်းပြရမှန်းကို မသိတော့ပေ။ သို့သော် ထိုအချိန်တွင် စုန့်ယီက အသံကျယ်ကျယ်ဖြင့် ပြောလာခဲ့သည်။

“ဟုတ်ပါတယ်၊ ကျွန်တော်က လင်းမိန်ဟွေ့ရဲ့ အစ်ကိုပါ.. သူ့မကို ကာကွယ်ဖို့ ဒီကို ရောက်လာတာပါ၊ သူမကို နားလည်မှုလွဲမမှားကြပါနဲ့...”

“မင်း ဘယ်လို သက်သေပြမှာလဲ.. မင်းတို့က လူပြောမကောင်းတဲ့ ဆက်ဆံရေးမဟုတ်ဘဲ မောင်နှမအရင်းတွေပါလို့ ဘယ်သူက သက်သေပြပေးနိုင်မှာလဲ.. နောက်ပြီးမင်းတို့ရဲ့ ရုပ်တွေကလည်းမတူဘူး!”

“ဟုတ်တယ်၊ တစ်ယောက်က မျက်နှာသေးသေး၊ တစ်ယောက်က ထောင့်ချိုးကျတဲ့မျက်နှာရှိတယ်.. ဘယ်လိုလုပ် မောင်နှမအရင်းတွေလို့ ပြောနိုင်မှာလဲ”

စုန့်ယီတစ်ယောက် ခဏလောက်စကားမပြောနိုင်ဖြစ်သွားရသည်။ ရှောင်ရွှမ်းလည်း မည်သို့မှ မတတ်နိုင်တော့ဘဲ ထရပ်ပြီး ထိုလူများကို အော်ပြန်ပြောလိုက်သည်။

“နင်တို့ အားနေတာလား.. သူတို့က မောင်နှမအရင်းဖြစ်ကြောင်း မင်းတို့ကို သက်သေပြနေရဦးမှာလား”

လင်းမိန်ဟွေ့က ချောမောလှပသည့်အတွက် အမျိုးသားအများစုက၏စိတ်ဝင်စားမှုတို့ မြင့်တက်လာခဲ့ကြသည်။

သို့သော် စက်ပြင်သမား စုန့်ယီနှင့်ပတ်သက်နေသည်ဟူသော အကြောင်းကြောင့် လူအများက အံ့အားသင့်နေခဲ့ကြလေ၏။

လင်းမိန်ဟွေ့၏သူငယ်ချင်းများကလည်း အပြင်းအထန် ငြင်းခုံနေသည်ကို သူတို့တွေ့နိုင်သည်။

ဘေးတွင်ရှိနေသော ဟူကျွမ့်နှင့် လျိုယွမ်တို့၏ ပျော်ရွှင်မှုကတော့ ဖော်ပြရန်ပင် မလိုတော့ချေ။

ထိုသူနှစ်ဦးက ဆီနှင့် အညစ်အကြေးများ ပေကျံလျက်ရှိသော စုန့်ယီရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာကာ မေးမြန်းလေသည်။

“ကောင်းပြီ ကောင်းပြီ.. ဒါကဘယ်လိုအစ်ကိုမျိုးလဲ၊ စက်ပြင်သမားရဲ့ တပည့်တောင်ဖြစ်နေရလောက်အောင် ဆင်းရဲတာလား”

စုန့်ယီ လက်သီးများကို တင်းကြပ်စွာဆုပ်ထားမိသည်။

အကယ်၍ သူတို့ကသာ မိန်းကလေးများ မဟုတ်ပါကသူ၏ လက်သီးကို ဝှေ့ရမ်းမိပြီးဖြစ်မည်။

ထို့အပြင် စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့၏ နာမည်ကိုထိခိုက်စေမည်ကိုလည်း စိုးရိမ်သောကြောင့် ဒေါသကို ထိန်းချုပ်ထားရသည်။

“ဒီဘက်က ကျောင်းသား၊ ကျောင်းသူတွေကို ပြောချင်ပါတယ်.. လင်းမိန်ဟွေ့နဲ့ ကျွန်တော်က တစ်အိမ်ထောင်တည်း မှတ်ပုံတင်မှာ ရှိပါတယ်.. ဒါက ကျွန်တော်တို့ကို မောင်နှမတွေဖြစ်ကြောင်း သက်သေပြနိုင်တယ်!”

“ရှင်တို့ရဲ့ အိမ်ထောင်စု မှတ်ပုံတင်စာအုပ်က ဘယ်မှာလဲ ထုတ်ပြနိုင်လို့လား.. မဟုတ်တာတွေကို လျှောက်မပြောနဲ့”

“ဒီဘက်က ကျောင်းသား၊ ကျောင်းသူတွေက လင်းမိန်ဟွေ့ကို ဒီလောက်စိတ်ပူနေကြရင် ကျွန်တော်နဲ့အတူတူ အိမ်လိုက်ခဲ့ပြီး အိမ်ထောင်စု မှတ်ပုံတင်စာအုပ်ကို ကြည့်ကြည့်လို့ရတယ်.. ဒါဆို ကျွန်တော်ပြောတာ မှန်လား၊ မှားလားဆိုတာ တွေ့နိုင်လိမ့်မယ်”

စုန့်ယီအနေဖြင့် ညကျောင်းများတွင် ဤကဲ့သို့သောလူများ ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

သူတို့က အရေးကြီးသည့် အလုပ်ကို မလုပ်ဘဲ တခြားသူများ၏ ကိစ္စများ၌သာ အာရုံစိုက်နေတတ်ကြသည်။ စုန့်ယီအနေဖြင့် ထိုသူများက ကျန်းကျစ်ကုန်းကဲ့သို့ ရွံရှာဖွယ်ကောင်းသည်ဟု တွေးလိုက်မိသည်။

ဟူကျွမ့်နှင့် လျိုယွမ်တို့က စုန့်ယီ၏နောက်သို့ လိုက်သွားလိမ့်မည်မဟုတ်ပါချေ။ သူတို့က မျက်ခုံးကိုပင့်ကာ မာနကြီးသည့်ဟန်ဖြင့် ပြောလာသည်။

“မနက်ဖြန် ဒီအချိန်မှာ ရှင့်ရဲ့ အိမ်ထောင်စုမှတ်ပုံတင်စာအုပ်ကို ယူလာပေးလိုက်လေ.. မဟုတ်ရင် ရှင့်ကို ယုံလို့မရဘူး.. ရှင်က နေ့တိုင်း လင်းမိန်ဟွေ့နောက်ကို လိုက်နေတဲ့လူလို့ သတ်မှတ်ရမှာပဲ”

သူတို့က လင်းမိန်ဟွေ့အတွက် ကောင်းစေချင်သောကြောင် လုပာဆောင်နေသကဲ့သို့ ဟန်ဆောင်နေခဲ့ကြသည်။ အမှန်တကယ်တမ်းတွင် သူတို့က လင်းမိန်ဟွေ့ကို အခက်အခဲများဖြစ်စေချင်နေကြခြင်းပင်ဖြစ်ပေ၏။

စုန့်ယီသာ အိမ်ထောင်စု မှတ်ပုံတင်စာအုပ်ကို မယူလာနိုင်ပါက သူတို့က လင်းမိန်ဟွေ့အား ဤညစ်ပတ်သည့် စက်ပြင်သမားနှင့် ပတ်သက်နေသည်ဟု လှောင်ပြောင်ရန် အကြောင်းပြချက် ရရှိလာလိမ့်မည်ပင်။

စုန့်ယီတစ်ယောက် သူတို့၏စကားများကြောင့် ပြန်မပြောနိုင်ဖြစ်သွားသည်ကို မြင်လျှင် လင်းမိန်ဟွေ့က ရှေ့သို့တိုးလာပြီး စုန့်ယီအား ညင်သာစွာ ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ သူတို့ကို ဂရုမစိုက်ပါနဲ့.. အလုပ်ကိုပဲ ပြန်သွားပြီးလုပ်တော့ ၊ ကျွန်မကို လိုက်ပို့ပေးစရာ မလိုတော့ပါဘူး.. ကျွန်မ သူငယ်ချင်းတွေနဲ့ အတူအိမ်ပြန်လာခဲ့ပါ့မယ်”

လင်းမိန်ဟွေ့အနေဖြင့် ဤကဲ့သို့စကားများကို ပြောလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်နေခဲ့ရသည်။

သို့သော်လည်း သူမက စုန့်ယီအား ကျောင်းသားများ၏ ကဲ့ရဲ့ရှုံ့ချမှုကို မခံစေချင်ပါချေ။

စုန့်ယီလည်း နည်းငယ် စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။ သို့သော် လူအများ၏ရှေ့၌ မည်သည်းစကားပိုမှ မပြောဘဲ တိတ်တဆိတ် လှည့်ထွက်သွားခဲ့လေ၏။

စုန့်ယီ ထွက်သွားသည်ကို မြင်လျှင် ဆူပူနေသည့် လူများကလည်း လူစုခွဲကာကွဲပြားသွားကြသည်။

ရှောင်ရွှမ်းက လင်းမိန်ဟွေ့၏ လက်ကို ဆွဲပြီး ညင်သာစွာပြောလိုက်သည်။

“စုန့်ယီက နည်းနည်းလောက်စိတ်မပျော်သလိုဖြစ်သွားတာကို မြင်လိုက်ရတယ်.. သူ့ကို အရမ်းနာကျင်အောင်လုပ်မိတာမဟုတ်ဘူးလား”

လင်းမိန်ဟွေ့တစ်ယောက် စိတ်မသက်မသာဖြစ်သွားရသည်။

ဆိုရလျှင် စုန့်ယီက အချိန်ကြာမြင့်စွာ သူမကို ကာကွယ်ပေးခဲ့လေ၏။ ယခုတွင်တော့ သူမက ဝေဖန်ခံရမည်ကို စိုးရိမ်သောကြောင့် သူ့အား ရှောင်ရှားခိုင်းခဲ့မိသည်။

“ရပါတယ်၊ အိမ်ကိုပြန်ရောက်ရင် ငါ သူ့ကို ပြောပြလိုက်ပါ့မယ်”

လင်းမိန်ဟွေ့နှင့် ရှောင်ရွှမ်းတို့ စာသင်ခန်းထဲသို့ ဝင်လာချိန်တွင် စာသင်ခန်းထဲမှ ကျောက်သင်ပုန်းပေါ်၌ ဤသို့ရေးသားထားသည်ကို တွေ့လိုက်ရသည်။

“လင်းမိန်ဟွေ့ရဲ့ မိသားစုက ဆင်းရဲတယ် ..သူမရဲ့ အစ်ကိုက စက်ပြင်သမားအဖြစ် ခက်ခဲခဲ ရပ်တည်နေရတယ် သူမအတွက် လှူဒါန်းပေးကြပါ...”

ဆရာ၏ စားပွဲပေါ်တွင်တော့ ထမင်းဘူးခွံတစ်ခု ရှိနေပြီး ဆယ်ပြားစေအနည်းငယ်တို့က ဟိုတစ်စဒီတစ်စ ပြန့်ကျဲလျက်ရှိသည်။

လင်းမိန်ဟွေ့တစ်ယောက် ထိုနေရာ၌ ရပ်တန့်ကာ အေးစက်သည့်လေများက သူမအား ဖောက်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏ နှလုံးသားက ဟာလာဟင်းလင်းဖြစ်သွားရပြီး ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားခဲ့လေသည်။

*

အခန်း(116)

လင်းမိန်ဟွေ့ စာသင်ခန်းထဲမှ လူများးကို လှည့်ကြည့်လိုက်သည်။ မကျေနပ်မှုများက သူမ၏လည်ချောင်းထဲအထိတက်လာကာ ပေါက်ထွက်လာလုနီးပါး ဖြစ်နေသော်လည်း ထိန်းချုပ်၍ မျိုချလိုက်မိသည်။

သူမက တိတ်တဆိတ်ဖြင့် သူမ၏ နေရာသို့ ပြန်သွားခဲ့လေ၏။

ရှောင်ရွှမ်းသည်ကား အလွန်ပင်ဒေါသထွက်ခဲ့ပြီး ဆရာ၏ စားပွဲနားသို့ လျှောက်သွားခဲ့ကာ ထမင်းဘူးခွံကို မြေပြင်ပေါ်သို့ပစ်ချလိုက်လေ၏။ ထို့နောက် စာသင်ခန်းထဲမှ လူများအား စိုက်ကြည့်၍ အော်ပြောလိုက်သည်။

“ငါ နင်တို့ကို ပြောမယ်၊ လင်းမိန်ဟွေ့ကို ဒီလိုမျိုး ထပ်ပြီး အနိုင်ကျင့်ရင် ငါ ကျောင်းအုပ်ကြီးဆီမှာ သွားတိုင်မယ် နင်တို့ လွတ်လိမ့်မယ်လို့ အိပ်မက်တောင် မမက်နဲ့”

“ရှောင်ရွှမ်း၊ နင်ကဘာလဲ၊ နင်က လင်းမိန်ဟွေ့လား၊ ဒါမှမဟုတ် စုန့်ယီကရော နင့်ရဲ့အစ်ကိုလား”

“ဟူကျွမ့်၊ နင် အဓိပ္ပါယ်မရှိလျှောက်ပြောမနေနဲ့”

“လင်းရှောင်ရွှမ်း၊ နင် ဒီလောက် မာနမကြီးနဲ့.. ကျောင်းအုပ်ကြီးကို သွားတိုင်ရင် နင်လည်း သိပ်ပြီးအခြေအနေ ကောင်းမှာ မဟုတ်ဘူး”

လူအနည်းငယ်က ငြင်းခုံနေချိန်တွင် ဆရာက စာအုပ်ကို လက်မောင်းအောက်၌ ညှပ်လျက် ဝင်လာခဲ့သည်။ သူက ဟူကျွမ်အား စိုက်ကြည့်ပြီး သတိပေးသည့် အမူအရာပြသပြီးမှ စာအုပ်ဖွင့်ကာ ယနေ့ သင်ခန်းစာအသစ်ကို စတင် သင်ကြားလေသည်။

ကျောင်းဆင်းပြီးနောက်ပိုင်း၌လည်း ဟူကျွမ််က ဒေါသထွက်နေဆဲပင်။ မူလက ဆရာက သူမကို တန်ဖိုးထားခဲ့သော်လည်း ဤပြဿနာများကြောင့် ဆရာက သူမအား ပို၍ မကျေမနပ်ဖြစ်လာခဲ့သည်။

ယမန်နေ့က ထိုင်ခုံနေရာချပေးချိန်တွင်လည်း ဟူကျွမ့်အား နောက်ဆုံးတန်းသို့ ချပေးလိုက်သည်။ သူမအနေဖြင့် အရာအားလုံးကို လင်းမိန်ဟွေ့၏ လက်ချက်ဟု ထင်နေခဲ့သည်။

အိမ်ပြန်သည့်လမ်းတွင် သူမက ဆိုင်အသေးလေးတစ်ခုကိုဖြတ်သွားခဲ့လေ၏။ ထိုဆိုင်ထဲတွင် လူမိုက်အုပ်စုတစ်စုက အရက်သောက်၍ ရယ်မောနေသည်ကို သူမတွေ့လိုက်ရသည်။

ဟူကျွမ်က ကျောင်းသားတစ်ယောက်မှ လင်းမိန်ဟွေ့ ထိုလူမိုက်များနှင့် မရှင်းလင်းကြောင်း ပြောဖူးသည်ကို သတိရသွားပြီး သတ္တိကိုမွေးပြီး ဆိုင်ထဲသို့ ဝင်သွားခဲ့သည်။

“လေ့ကျစ်ဆိုတာ ဘယ်သူလဲ”

ဟူကျွမ့်သည်က မူလကတည်းက ခန္ဓာကိုယ်သေးငယ်ပြီး ဆံပင်နှစ်ဖက်ကို ပုခုံးပေါ်တွင် ချထားခဲ့သည်။ ယခုအချိန်တွင် သူမက ကြောက်ရွံ့စွာ ပြောဆိုနေသောကြောင့် မူလတန်းကျောင်းသူလေးနှင့် ပိုတူနေလေသည်။

အရက်သောက်နေသည့် လူမိုက်အနည်းငယ်မှာ ပျော်စရာမရှိသောကြောင့် ပျင်းရိနေကြခြင်းဖြစ်သည်။ ယခုဟူကျွမ်အား မြင်သောအချိန်တွင် ဆူညံပွတ်လောရိုက်သံများ ထွက်လာကြသည်။

“လေ့ကျစ်၊ တစ်ယောက်ယောက် မင်းကို လာရှာနေတယ်.. လာကြည့်ပါဦး၊ မင်းရဲ့ ညီမလေးလား”

လေ့ကျစ်က အတော်လေး မူးနေပေပြီ။ သူက မျက်စိကို မှေးကျဥ်းကာ ဟူကျွမ့်အား ကြည့်လိုက်ပြီး ထမင်းစားပွဲအစွန်း၌ ထိုင်လိုက်သည်။

“ကောင်မလေး၊ ဒီလောက်နောက်ကျတဲ့အထိ အိမ်ကို မပြန်သေးဘဲ လေ့ကျစ်ကိုလာရှာတယ်ဆိုတော့ ဘာလုပ်မလို့လဲ”

ဟူကျွမ့်က ရယ်မောသံများ၏ကြားတွင် အနည်းငယ် ကြောက်လန့်သွားပြီး ခြေထောက်များက မသိစိတ်ဖြင့် တုန်ယင်လာသည်။

“လေ့ကျစ်၊ လင်းမိန်ဟွေ့ကို ကာကွယ်ပေးနေတဲ့သူက သူမရဲ့အစ်ကိုပဲ.. နင် လင်းမိန်ဟွေ့ကို တကယ်ကြိုက်တယ်ဆိုရင် အလွယ်တကူ လက်မလျှော့လိုက်နဲ့

မဟုတ်ရင် တခြားလူတွေက နင်က စက်ပြင်သမားကိုတောင် ကြောက်တယ်လို့ ထင်သွားလိမ့်မယ်...”

လေ့ကျစ်တစ်ယောက် ဤစကားကို ကြားလျှင် အံ့အားသင့်သွားပြီး အရက်မူးနေသည့်အရှိန်ပင် အနည်းငယ် ပြေသွားခဲ့သည်။

ဤရက်များတွင် သူ စိတ်ပူပန်နေခဲ့သည်။ စုန့်ယီက လင်းမိန်ဟွေ့ဆီသို့ ရောက်လာပြီးနောက်တွင် သူ့အနေဖြင့် လင်းမိန်ဟွေ့နှင့် နီးစပ်ရန် အခွင့်အရေး မရှိတော့ပေ။

သူသည်လည်း သိပ်ပြီးမယုံကြည်ချေ။ ဤမျှ လှပသည့် လင်းမိန်ဟွေ့က ဤကဲ့သို့ ကြမ်းတမ်းသည့်လူကို ကြိုက်နှစ်သက်ပါမည်လား။

သို့သော်လည်း သူ ပြဿနာ မဖြစ်လိုချေ။ ဆိုရလျှင် သူသည်က ယခုမှသာ ပြန်ထွက်လာခြင်းဖြစ်ပေ၏။

ဟူကျွမ့်မှ ဤကဲ့သို့ ပြောကြားသည်ကို ကြားလျှင် လေ့ကျစ် စိတ်ဝင်စားသွားသည်။

“မင်းဆိုလိုတာက အဲဒီလူက လင်းမိန်ဟွေ့ရဲ့ အစ်ကိုလား၊ သူမရဲ့ ချစ်သူမဟုတ်ဘူးလား”

ဟူကျွမ့် ခေါင်းကို အမြန်ညိတ်လိုက်ပြီး လေ့ကျစ်၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ရဲဘဲ ပြောလိုက်သည်။

“ဟုတ်တယ်၊ သူ ကိုယ်တိုင် ဝန်ခံခဲ့တာ ၊ အိမ်ထောင်စု မှတ်ပုံတင်မှာလည်း အတူရှိတယ်လို့ ပြောခဲ့တယ်...”

လေ့ကျစ်တစ်ယောက် ယုံကြည်သွားခဲ့လေ၏။ အစ်ကိုဆိုပါက စိတ်ပူစရာမလိုတော့ချေ။

အနည်းဆုံးတော့ လင်းမိန်ဟွေ့က တခြားမည်သူ့ကိုမှ စိတ်မဝင်စားကြောင်းကို သူ သိလာခဲ့ပြီ။

“ကောင်းပြီ၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ငါ မနက်ဖြန် လင်းမိန်ဟွေ့ကို သွားရှာမယ်...”

“ပြီးတော့ လင်းမိန်ဟွေ့က စက်ပြင်သမားက သူမကို လိုက်ပို့ပေးတော့မှာမဟုတ်ဘူးလို့ ပြောတယ်ဒါကြောင့် နင် လင်းမိန်ဟွေ့နဲ့ ပိုနီးစပ်ဖို့ အခွင့်အရေး ပိုရလာလိမ့်မယ်”

ဟူကျွမ့်က လင်းမိန်ဟွေ့ကို ဖျက်ဆီးလိုခြင်းပင်ဖြစ်ပေ၏။ ဤနည်းအားဖြင့် သူမက ဆရာ၏ လေးစားမှုကို ပြန်ရပြီး လင်းမိန်ဟွေ့၏ စိတ်အနှောင့်အယှက်ဖြစ်စရာ မျက်နှာကို မြင်နေစရာမလိုတော့ပေ။

သူမ ထိုစကားကိုပြောပြီးချိန်တွင် လေ့ကျစ်၏ မျက်လုံးများက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

ဟူကျွမ့် နည်းငယ်ကြောက်သွားပြီး နောက်ထပ် စကားတစ်ခွန်းမှ ထပ်မံပြောရဲတော့ချေ။

လေ့ကျစ်က ရုတ်တရက် စားပွဲပေါ်မှ ခုန်ဆင်းလာပြီး ဟူကျွမ့်ဆီသို့ လျှောက်သွားကာ ဟူကျွမ်၏ မေးစေ့ကို ဆွဲညှစ်ပြီး မေးလိုက်သည်။

“မင်းနဲ့ လင်းမိန်ဟွေ့က အတန်းဖော်တွေလား၊ ဒါမှမဟုတ် ရန်သူတွေလား.. မင်း သူမကို ဒုက္ခပေးချင်နေတယ်လို့ ငါ ဘာလို့ ထင်ရတာလဲ”

ဟူကျွမ်က ခေါင်းကို အမြန်ခါရမ်းငြင်းပယ်လိုက်သည်။

“မဟုတ်ဘူး၊ ကျွန်မ... ကျွန်မက ရှင့်ကို ကူညီချင်တာ”

လေ့ကျစ်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ညီအစ်ကိုများကို လှည့်၍ ပြောကြားလိုက်သည်။

“မင်းတို့ ကြားလား.. အခု ကောင်မလေးတစ်ယောက်က ငါ့ကို ကူညီချင်တယ်တဲ့.. ငါ သူ့ကို ဘယ်လို ကျေးဇူးတင်သင့်လဲ”

“သူ့ကို ငါ့ရဲ့ညီမလေးအဖြစ် ပေးလိုက်လေ”

“သူမက နည်းနည်းတော့ အရပ်ပုလွန်းနေသလိုပဲ.. ငါ သူမကို မင်းရဲ့ညီမလေးအဖြစ် ပေးလိုက်မယ် ထင်တယ် မင်း သူ့ကို လိုချင်လား”

လေ့ကျစ်က ဟူကျွမ့်အား တမင်တကာ ကြောက်လန့်သွားအောင်လုပ်ခြင်းသာဖြစ်ပေသည်။ ဆိုရလျှင် သူက လင်းမိန်ဟွေ့ကို ထိခိုက်အောင်မလုပ်သင့်ကြောသ်း သူမကို နားလည်စေလိုခြင်းဖြစ်သည်။

ဟူကျွမ့်တစ်ယောက် သေလုမတတ်ကြောက်သွားရလေ၏။

သူမက လေ့ကျစ်အား အသိပေးပြီး လေ့ကျစ်ကို လင်းမိန်ဟွေ့နောက်သို့ လိုက်ကာ နှောက်ယှက်စေချင်ခြင်းဖြစ်သည်။

ဤနည်းအားဖြင့် ကျောင်းမှ လင်းမိန်ဟွေ့အား ထုတ်ပစ်နိုင်ပေလိမ့်မည်။

မထင်မှတ်ဘဲ သူမက သူမကိုယ်သူမ ထောင်ချောက်ထဲသို့ တွန်းပို့မိသွားခဲ့သည်။

ထိုသူများ၏ ရယ်မောသံများကို ကြားလျှင် ဟူကျွမ့်တစ်ယောက် အလွန်ပင်ကြောက်လန့်သွားပြီး ထွက်ပြေးသွားခဲ့လေ၏။

အပြင်သို့ ရောက်သည်နှင့် သူမ ခြေထောက်များပင် မခိုင်တော့ဘဲ လှေကားထစ်ပေါ်တွင်ပင် လဲကျသွားခဲ့လေသည်။ တံခါးဝနားမှ လမ်းသွားလမ်းလာများက သူမကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လာကြသည်။

ဟူကျွမ့်က မည်သူ့ကိုမှ မကြည့်ရဲလောက်အောင် ရှက်ရွံသွားသောကြောင့် ငိုကြွေးရင်းဖြင့် အိမ်သို့ပြန်သွားရတော့သည်။

နောက်တစ်ရက် ကျောင်းတက်ချိန် သို့ ပြန်ရောက်လာချိန်၌ လင်းမိန်ဟွေ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း စုန့်ယီအား အမှန်တကယ်ပင် မတွေ့ရတော့ညချေ။

ယမန်နေ့ညကတည်းက စုန့်ယီက သူမအား တမင် ရှောင်နေပုံရပြီး သူ၏အခန်းလေးထဲမှ မီးများကလည်း မှောင်နေခဲ့သည်။

သူမအနေဖြင့် မူလက စုန့်ယီအား ရှင်းပြခိုင်းလိုခဲ့သည်။

သို့သော်လည်း စုန့်ယီက စောစီးစွာ အိပ်နေသည်ကို မြင်လျှင် မည်သည့်အရာကိုမှ မပြောနိုင်ခဲ့ပေ။

ယနေ့ ကျောင်းသို့သွားသည့် လမ်းတွင် ရင်းနှီးသည့် ပုံရိပ်ကို မတွေ့ရချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် စိတ်ထဲတွင် ပြောမပြတတ်သည့် ဆုံးရှုံးမှုတစ်ခုကို ခံစားရလိုက်သည်။

မူလက စုန့်ယီ ဤနေရာတွင် နေခြင်းက သူမကို ကျောင်းပို့ကျောင်းကြိုလုပ်ပေးဖို့အတွက် သာ ဖြစ်ပေ၏။

ယခုအချိန်တွင် သူမဘက်မှ ကျောင်းကို မပို့ခိုင်းတော့သည့်အတွက် သူ့အနေဖြင့် အလွန်ပင်စိတ်မသက်မသာ ဖြစ်နေပေလိမ့်မည်။

သူမ တွေးတောနေချိန်တွင် ရုတ်တရက် ပုံရိပ်တချို့က သူမကို တားဆီးပိတ်ဆို့လိုက်ကြလေ၏။

သူမက ဘယ်ဘက်သို့သွားလျှင် ထိုသူများကလည်း ဘယ်ဘက်သို့ သွားသည်။ သူမ ညာဘက်သို့သွားလျှင် ထိုသူများကလည်း ညာဘက်သို့ သွားသည်။

လင်းမိန်ဟွေ့ ခေါင်းမော့ကြည့်လိုက်ချိန်တွင် လေ့ကျစ်က လူမိုက်အုပ်စုတစ်စုကို ခေါ်လာပြီး သူမအား အပြုံးတစ်ခုဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လင်းမိန်ဟွေ့ နောက်သို့လှည့်ကြည့်လိုက်လျှင် ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ကိုလည်း တခြားလူမိုက်အနည်းငယ်က တားဆီးထားပြီး လမ်းဘေးသို့ တွန်းပို့ထားသည်ကို တွေ့လိုက်ရသည်။

သူမနှင့် လေ့ကျစ်သာ ဤနေရာတွင် ကျန်ရစ်နေခဲ့သည်။ လင်းမိန်ဟွေ့က လေ့ကျစ်အား စိုက်ကြည့်လျက် ပြောလိုက်သည်။

“ကျွန်မတို့က ကျောင်းနားကိုရောက်တော့မယ်.. ရှင် ဘာလို့ ဒီမှာ ကျွန်မကို ပိတ်ဆို့နေတာလဲ.. ဆရာ မြင်သွားမှာကို မကြောက်ဘူးလား”

ဤတစ်ကြိမ်တွင်တော့ လေ့ကျစ်က ဆိုးရွားသည့်အရာများကို မလုပ်တော့ချေ။ သူက လေးနက်တညငငြိမ်သကဲ့သို့ ဟန်ဆောင်ပြီး ပြောလာခဲ့သည်။

“လင်းမိန်ဟွေ့၊ ကလေးဘဝကတည်းက ငါ ဘယ်သူ့ကိုမှ ဒီလောက် မကြိုက်ဖူးဘူး.. မင်း ငါ့ချစ်သူဖြစ်ဖို့ သဘောတူရင် ငါ မင်းကို အခုလို မနှောင့်ယှက်တော့ဘူးလို့ ကတိပေးတယ်...”

“ကျွန်မ ကောလိပ်ဝင်နိုင်ဖို့အတွက် ဒီကို ကျောင်းလာတက်တာ ..”

လင်းမိန်ဟွေ့အနေဖြင့် ဤအချိန်၌ စုန့်ယီအား အမှန်တကယ်ပင် မြင်တွေ့လိုသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူမ ဘေးနားတစ်ဝိုက်ကို လှည့်ပတ်ကြည့်လျှင်ပင် စုန့်ယီအား မတွေ့ရချေ။

လေ့ကျစ်က ပြုံးလျက် ပြောလာသည်။

“လိုက်ရှာမနေနဲ့ ..သူ့ကို ငါ့ညီလေးတွေက ခေါ်သွားကြတာ”

လင်းမိန်ဟွေ့တစ်ယောက် ဤစကားကိုကြားလျှင် စိုးရိမ်သွားရသည်။ သူမ လေ့ကျစ်အား စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ရှင် သူ့ကို ဘာလုပ်လိုက်တာလဲ.. ကျွန်မပြောလိုက်မယ်၊ ရှင်သာ သူ့ကို ထိခိုက်အောင်လုပ်ရဲရင်...”

လေ့ကျစ်က ဟူကျွမ့် သူ့အား ပြောခဲ့သည်ကို ပြန်လည်သတိရသွားသည်။

“စိတ်မပူပါနဲ့၊ ငါ့ရဲ့အစ်ကိုကြီးကို ဘာလို့ တစ်ခုခုလုပ်ရမှာလဲ.. သူက ငါ့ညီလေးတွေရဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းကြီးတွေကို ပြုပြင်ပေးနေတာ.. သူတို့တွေက အလျင်လိုနေကြတာဆိုတော့ အဲဒီတစ်ယောက် လုံးဝ ထွက်လာနိုင်မှာ မဟုတ်ဘူး”

ဤစကားကို ကြားမှသာ လင်းမိန်ဟွေ့ သက်ပြင်းချလိုက်သည်။

ထို့နောက် သူမ၏ စိတ်ထဲတွင် စုန့်ယီကို ဤမျှအထိ ဂရုစိုက်မိနေကြောင်းကို သတိပြုမိခဲ့လေသည်။

All Chapters