← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း(117)

လေ့ကျစ်က လင်းမိန်ဟွေ့၏ ဖြူဖွေးနူးညံ့သည့်မျက်နှာ၊ ရှည်လျားသည့် မျက်တောင်များနှင့် အနည်းငယ် မျက်မှောင်ကြုတ်ထားသည့်အမူအရာကို ကြည့်နေခဲ့သည်။

သူ့အနေဖြင့် သူမအား အမှန်ဖြင့် သဘောကျနှစ်ခြိုက်ပေသည်။ သူက လင်းမိန်ဟွေ့၏ နဖူးပေါ်မှ လေတိုက်ခတ်ထားသည့် ဆံပင်များကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သည်။

လင်းမိန်ဟွေ့က သူ၏လက်ကုာ လက်ဖြင့် ဖယ်ထုတ်လိုက်လေ၏။

“ဖယ်ပေး.. ကျွန်မ ကျောင်းသွားရမှာ”

“မင်း ငါနဲ့အတူတူ ထမင်းစားသောက်ဖို့ကတိပေးရင် ငါ ထွက်သွားပေးမယ်.. ကျောင်းတက်ဖို့က အချိန်စောသေးတယ်... ငါ မင်းကို ခေါက်ဆွဲကြော်တစ်ပွဲ လိုက်ကျွေးမယ်”

လေ့ကျစ်က လင်းမိန်ဟွေ့နှင့် နှစ်ဦးတည်း နေလိုခဲ့သည်။

ထို့ကြောင့် သူက လင်းမိန်ဟွေ့၏ လက်ကို ဖမ်းဆုတ်၍ ကိုင်လိုက်လေ၏။ မထင်မှတ်ဘဲ လင်းမိန်ဟွေ့ကို ထိတော့မည့်အချိန်တွင် ရုတ်တရက် ပုံရိပ်တစ်ခုက ပြေးဝင်လာပြီး လေ့ကျစ်ကို ဘေးဘက်မှ ကန်ချလိုက်လေသည်။

လေ့ကျစ်တစ်ယောက် လမ်းပေါ်သို့ လဲကျသွားပြီး အရှက်တကွဲဖြစ်သွားခဲ့ရသည်။

သူ ရောက်လာစည့်လူကို စိုက်ကြည့်လိုက်လျှင် တစ်ဖက်လူက စုန့်ယီဖြစ်နေကြောင်းကိုတွေ့မြင်လိုက်ရလေ၏။

စုန့်ယီသည်ကား စက်ပစ္စည်းအပြင်ဆိုင်တွင် အသစ်ရောက်လာသည့် လျှပ်စစ်ပစ္စည်းအချို့ကို ပြုပြင်နေခဲ့ခြင်းဖြစ်ပေ၏။ ထိုအချိန်တွင် ရောက်လာသည့် ပစ္စည်းပိုင်ရှင်များက သူတို့ အလျင်လိုသည်ဟု ပြောလာခဲ့ကြသည်။

စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့က သူ့အား လိုက်ပို့ခိုင်းတော့မည်မဟုတ်ဟု တွေးမိကာ လျှပ်စစ်ပစ္စည်းများကိုသာ ဆက်လက် ပြုပြင်ရန် ဆုံးဖြတ်လိုက်လေသည်။

သို့သော်လည်း သူ စက်များကို ပြုပြင်လေလေ၊ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလာရလေလေပင်။

ထိုလျှပ်စစ်ပစ္စည်းများထဲမှ ဆားကစ်များကို တစ်စုံတစ်ယောက်က တမင်တကာ ဖြတ်တောက်ထားသည်မှာ ထင်ရှားသည်။

ပစ္စည်းများကလည်း ရှုပ်ထွေးနေခဲ့လဆသည်။ တစ်စုံတစ်ယောက်က သူ့အား တမင်တကာ ဤနေရာတွင် ထိန်းချုပ်ထားချင်နေသည်က သိသာလွန်းပေ၏။

စုန့်ယီ ရုတ်တရက် လင်းမိန်ဟွေ့ကို သတိရသွားခဲ့သည်။ သူက လျှပ်စစ်လာအပ်သူများကို တွန်းဖယ်ပြီး ညကျောင်းဆီသို့ အမြန်ပြေးလာခဲ့သည်။

ထု့နောက်တွင်တော့ လင်းမိန်ဟွေ့ အနိုင်ကျင့်ခံနေရသည်ကို အဝေးမှပင့ မြင်လိုက်ရလေ၏။ သူ မည်သို့ သည်းခံနိုင်ပါမည်နည်း။ သို့နှင့် အနီးသို့ အမြန်ပြေးလာကာ ကန်ချလိုက်ခြင်းဖြစ်သည်။

လေ့ကျစ် အကန်ခံသည့်အတွက် လူမိုက်များက အနည်းငယ်ဒေါသထွက်သွားလေသည်။ သူတို့က စုန့်ယီအား ဖြည်းဖြည်းချင်း ဝိုင်းလာပြီး လက်ထဲမှ သစ်သားတုတ်များအား မြှောက်လိုက်ကြသည်။

“မင်းက ကောင်းကောင်းတိုက်ပေးလာတဲ့အရက်ကို မသောက်ဘူးပဲ၊ ငါတို့က မင်းကို ငါတို့ရဲ့အစ်ကိုကြီးအဖြစ် လေးစားချင်တာ.. ဒါပေမဲ့ မင်းက ငါတို့ရဲ့ အစ်ကိုလေ့ကျစ်နဲ့ လာရှုပ်နေတယ်

အခု ငါတို့တွေ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းကိုပြပေးမယ်”

ထိုသို့ပြောပြီးနောက်တွင် လူမိုက်များအားလုံးက စုန့်ယီကို သစ်သားတုတ်များဖြင့် ဝိုင်းရိုက်လာခဲ့ကြသည်။

တုတ်များက မိုးရေစက်များကဲ့သို့ စုန့်ယီအား ရိုက်ခတ်နေခဲ့ကြသည်။ စုန့်ယီတစ်ယာေက် အသက်ပြင်ဖြောင့်ဖြောင်မရှူနိုင်ပဲ သူတို့ကိုပြန်လည်တိုက်ခိုက်နေခဲ့လေသည်။

လင်းမိန်ဟွေ့ အလွန်ပင် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

ပြီးနောက် သူမက စုန့်ယီ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို တွေ့လိုက်ရသည်။ ထိုသူများ၏ လက်သီးများနှင့် ခြေထောက်များက စုန့်ယီအား ပြင်းပြင်းထန်ထန် ကန်ကျောက်ရိုက်နှက်နေကြသည်မှာ သူမ၏ နှလုံးသားကို ရိုက်နှက်နေသကဲ့သို့ပင်။

“လာကြပါဦး၊ ကူညီကြပါဦး... လူကို ဝိုင်းရိုက်နေကြတယ်”

လင်းမိန်ဟွေ့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြီး ထိုသူများအား ဆွဲခွဲရန် ပြေးသွားသည်။

သို့သော်လည်း သူမကဲ့သို့ မိန်းကလေးတစ်ယောက်က မည်မျှ အားရှိမည်နည်း။

ချက်ချင်း မြေပြင်ပေါ်သို့ တွန်းချခံလိုက်ရသည်။ ဘေးနားမှ ကျောင်းသားများကတော့ ရှောင်ရှားရန်သာ ကြိုးစားနေခဲ့ကြသည်။

ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ကသာ လင်းမိန်ဟွေ့အား ကူညီပေးလိုကြသည်။

ရှောင်ရွှမ်းက ကျောင်းသို့ ပြေးပြီး ရှောင်ကျယ်က ရဲအား ဖုန်းခေါ်ရန် ပြေးသွားခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကျောင်းမှ ဆရာများအားလုံး ပြေးထွက်လာပြီး ရဲအရာရှိအချို့လည်း ပြေးရောက်လာခဲ့ကာ ၎င်းတို့အားလုံးကို ဆွဲခွဲလိုက်ကြလေသည်။

လင်းမိန်ဟွေ့က စုန့်ယီတစ်ယောက် မြေပြင်ပေါ်တွင် လဲနေသည်ကို မြင်လိုက်ရသည်။

သူ့၏တစ်ကိုယ်လုံးက သွေးများဖြင့် ပြည့်နေပြီး သူ့လက်ထဲ၌ သစ်သားတုတ်တစ်ချောင်းကို တင်းတင်းဆုပ်ကိုင်ထားဆဲပင်။

သူ ယခုလေးတင် ပြင်းပြင်းထန်ထန် ခုခံခဲ့သည်မှာ ထင်ရှားနေခဲ့လေ၏။ လင်းမိန်ဟွေ့တစ်ယောက် ဤကဲ့သို့မြင်ကွင်းကို မြင်လိုက်ရလျှင် မျက်ရည်များက စီးကျလာရသည်။

စုန့်ယီက သူမအတွက် အလွန်ဒုက္ခခံခဲ့ရသည်။ တစ်ခါတစ်ရံတွင် သူမက အမှန်တကယ်ပင် အနှောင့်အယှက်တစ်ခုဟု ခံစားရသည်။

ရဲများက လူဆိုးများကို အမြန်ဖမ်းဆီးလိုက်သည်။

လက်ထိပ်ခတ်ခံထားရသည့် လေ့ကျစ်က လင်းမိန်ဟွေ့ဘက်သို့ လှည့်၍ ပြောလာခဲ့သည်။

“ငါ့ကို စောင့်နေ.. ငါ ရက်နည်းနည်းကြာရင် ပြန်ထွက်လာပြီး မင်းကို ညစာလိုက်ကျွေးမယ်”

လင်းမိန်ဟွေ့က ငိုနေဆဲပင်။ သူမက လေ့ကျစ်အား ဒေါသတကြီး စိုက်ကြည့်လျက် ပြောလိုက်လေ၏။

“အစ်ကိုစုန့်ယီသာ တစ်ခုခုဖြစ်ရင် ရှင် ကောင်းကောင်းနေရမယ်လို့ အိပ်မက်တောင် မမက်နဲ့”

မိနစ်အနည်းငယ်ကြာပြီးနောက် လူနာတင်ယာဉ် ရောက်လာခဲ့သည်။

စုန့်ယီကို ဆရာဝန်များက လူနာတင်ယာဉ်ပေါ် တင်လိုက်ပြီး လင်းမိန်ဟွေ့လည်း စိုးရိမ်တကြီးဖြင့် လိုက်ပါသွားခဲ့သည်။

စစ်ဆေးပြီးနောက် ဆရာဝန်က လေးနက်သောမျက်နှာဖြင့် ထွက်လာပြီး လင်းမိန်ဟွေ့အား စိုက်ကြည့်၍ မေးလိုက်သည်။

“သူ အခု ခန္ဓာကိုယ်တစ်ခုလုံးက တစ်ရှူးပျော့ ထိခိုက်ဒဏ်ရာရနေပြီး အဆုတ်ကလည်း ပေါက်ပြဲနေတယ်.. ချက်ချင်း ခွဲစိတ်ကုသမှုနဲ့ ကယ်ဆယ်မှု လိုအပ်တယ်.. အခု သူ့မိသားစုကို ခေါ်ပေးပါ...”

“ကျွန်မက သူ့မိသားစုဝင်ပါ...”

လင်းမိန်ဟွေ့ စိတ်အေးအေးထားရတော့မည်။ ယခုအချိန်တွင် ငိုနေ၍ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ သူမ အမြန်မေးလိုက်သည်။

“အခု ပိုက်ဆံဘယ်လောက်လိုလဲ.. ကျွန်မ ချက်ချင်း ရှာပေးပါ့မယ်”

ဆရာဝန်က လင်းမိန်ဟွေ့အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သူမက ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးသည်။ နောက်ဆုံးတွင်တော့ ဆရာဝန်က ပြောလိုက်လေ၏။

“တစ်သောင်း လိုတယ်.. အဆုတ်ခွဲစိတ်မှုက သေးသေးမွှားမွှား ခွဲစိတ်မှုမဟုတ်ဘူး.. ကောင်းကောင်းမလုပ်ရင် သေသွားနိုင်တယ် အမြန်သွားပြီး ပိုက်ဆံရှာဖို့ နည်းလမ်းရှာလိုက်တော့”

လင်းမိန်ဟွေ့တစ်ယောက် ထို စကားကို ကြားလျှက် ကမ္ဘာပြိုသကဲ့သို့ ခံစားရသည်။ စုန့်ယီက သူမကြောင့် နောက်တစ်ခါ ဒဏ်ရာရမည်ဟု မထင်မှတ်ခဲ့ချေ။ ထို့အပြင် ဤကဲ့သို့ ဆိုးရွားသည့် ဒဏ်ရာမျိုးဖြစ်နေခဲ့သည်။

ခဏအကြာ၌ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ ဝင်လာပြီး လင်းမိန်ဟွေ့၏ လက်ကို ဆွဲကာ စိုးရိမ်တကြီး မေးလိုက်သည်။

“ဘယ်လိုလဲ.. စုန့်ယီ အဆင်ပြေရဲ့လား”

လင်းမိန်ဟွေ့ စိတ်ပူပန်လွန်းသောကြောင့် ဆေးရုံလုံခြုံရေးခန်းသို့ သွားပြီး ဖုန်းကို ကောက်ကိုင်ကာ ချန်အန်းသယ်၏ အိမ်နံပါတ်ကို ခေါ်လိုက်သည်။

“ဦးလေး၊ ကျွန်မ ချန်အန်သယ်ကို ယွမ်တစ်သောင်း အခုချက်ချင်းပို့ခိုင်းစေချင်တယ်.. စုန့်ယီ အခုဒဏ်ရာရထားလို့ အကူအညီလိုနေလို့ပါ..”

လင်းမိန်ဟွေ့ သိထားပေသည်။ စားသောက်ဆိုင်၏ စုစုပေါင်း ရန်ပုံငွေကပင် တစ်သောင်းလောက် မပြည့်သေးပါချေ။

သူမက ချန်အန်းသယ်၏ အိမ်ကို တိုက်ရိုက်ခေါ်လိုက်ခြင်းမှာ ချန်အန်းသယ်မှ သူ့၏မိသားစုဆီမှ ပိုက်ဆံတချို့ ချေးခိုင်းနိုင်ရန်အတွက်သာ ဖြစ်ပေ၏။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ချန်အန်းသယ်က ဖုန်းကိုင်လိုက်၏။

စုန့်ယီက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီး ဆေးရုံပါတက်လိုက်ရကြောင်း ကြားလိုက်သည်နှင့် သူ လင်းမိန်ဟွေ့ကို ချက်ချင်းပင် နှစ်သိမ့်‌ပေးလေသည်။

“အရမ်းကြီး စိုးရိမ်မနေနဲ့နော် မိန်ဟွေ့… ငါ အခုပဲ ပိုက်ဆံယူလာခဲ့မယ်၊ ပိုက်ဆံအတွက် ဘာမှမပူနဲ့ဟုတ်ပြီလား”

“ကောင်းပါပြီ”

“မိန်ဟွေ့… ငိုမနေရဘူးလေ၊ စုန့်ယီက အခု မင်းကိုလိုအပ်နေတာ၊ မင်းကသာ အရှေ့ကနေ စိတ်ဓာတ်ကျပြနေရင် သူ အသက်ရှင်ဖို့ ခက်သွားလိမ့်မယ်”

ချန်အန်းသယ်က ပြောပြီးသည်နှင့် ချက်ချင်းပင် ငွေရှာရန် ထွက်သွားခဲ့၏။

ပါးပါးချန်မှာ လင်းမိန်ဟွေ့ ငွေလိုအပ်နေကြောင်း ကြားလိုက်ချိန်၌ မေးခွန်းတစ်ခုမျှ မေးမနေခဲ့ဘဲ အိမ်ထဲတွင် သိမ်းထားသော ငွေများကို ချန်အန်းသယ်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ပြောလေသည်။

“အရင်ဆုံး သူမကို နှစ်သိမ့်ပေးလိုက်‌၊ မင်းရဲ့ မွေးစားအစ်မကိုလည်း ခေါ်သွားဦး၊ သွားရင်လည်း ဂရုတစိုက်နဲ့သွားကြ နောက်ပြီး အရမ်းလည်း စိတ်ပူမနေကြနဲ့”

ချန်အန်းသယ်အနေဖြင့် သူ့ဖခင်မှာ သူ့အပေါ်သို့ ဤမျှ နားလည်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့ရင်ထဲ၌ နွေးထွေးသွားခဲ့ပြီး သူ ဖခင်ကို ဖက်လိုက်၏။

“အဖေ၊ ကျွန်တော် အခုကစပြီး ကောင်းကောင်းမွန်မွန် နေပါတော့မယ်”

“ဒီကောင်လေးကတော့!”

တစ်နာရီကြာပြီးနောက် ချန်အန်းသယ် မြို့နယ်ဆေးရုံသို့ ရောက်လာခဲ့ပြီး ဆေးဖိုးရှင်းပြီးသည်နှင့် ချက်ချင်းပင် အပေါ်ထပ်သို့တတ်၍ လင်းမိန်ဟွေ့ကို နှစ်သိမ့်ရန်အတွက် သွားတွေ့ခဲ့သည်။

လင်းမိန်ဟွေ့က ခွဲစိတ်ခန်းရှေ့၌ တစ်ယောက်တည်း ရပ်နေခဲ့ပြီး အလွန်ပင် သနားစရာကောင်းသော ပုံစံဖြင့်ရှိနေခဲ့၏။

ချန်အန်းသယ်က သူ၏ မွေးစားအစ်မကို ရေသန့်တစ်ဗူး သွားဝယ်ခိုင်းလိုက်ပြီး သူ့ကတော့ လင်းမိန်ဟွေ့ထံသို့ လျှောက်သွား၍ ညင်သာစွာ နှစ်သိမ့်လိုက်၏။

“မိန်ဟွေ့… စိတ်မပူပါနဲ့၊ အကုန်အဆင်ပြေသွားပါလိမ့်မယ်”

လင်းမိန်ဟွေ့က ဤအချိန်၌ သူမကိုယ်သူမ အပြစ်ရှိကြောင်းသာ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးသည် သူမမှ အစပြု၍ ဖြစ်ပျက်ခဲ့သောကြောင့်ပင်။

လင်းမိန်ဟွေ့၏ မျက်လုံးများမှာ ခံစားချက်မဲ့ကာ ဧလာနတ္တိဖြစ်နေပြီး သနားစဖွယ်ကောင်းနေ၏။ သူမက ထပ်ပြောလိုက်သည်။

“ဒါတွေအကုန်လုံး ကျွန်မအမှားတွေပဲ၊ ကျွန်မသာ ကျောင်းမတက်ချင်ခဲ့ရင် အစ်ကိုစုန့်ယီလည်း မြို့ကို လာရမှာမဟုတ်ဘူး၊ ပြီးတော့လည်း သူ ဒီလောက်အထိ ဒဏ်ရာကြီးကြီးမားမား ရမှာမဟုတ်လောက်ဘူး”

ချန်အန်းသယ်မှာ စုန့်ယီမှ လင်းမိန်ဟွေ့အား ကာကွယ်ပေးခြင်းမှာ သူ့ဘက်မှ လိုလိုလားလားဖြင့် လုပ်ခဲ့ကြောင်း ခံစားမိ၏။

သူက လင်းမိန်ဟွေ့ဘေး၌ ထိုင်၍ အလွန်ညင်သာသော လေသံဖြင့် နှစ်သိမ့်လိုက်သည်။

“တကယ်တော့ မင်းဘက်က စုန့်ယီအပေါ်မှာ ခံစားချက်ရှိကြောင်း ပြောပြလိုက်တာနဲ့ သူ့အနေနဲ့ မင်းအတွက်အသက်ပေးရမယ်ဆိုရင်တောင် တန်တယ်လို့ တွေးမိလိမ့်မယ်၊ သူက သူလုပ်သင့်တာကို သွားခဲ့တာ”

*

အခန်း(118)

လင်းမိန်ဟွေ့ ရုတ်တရက် ချန်အန်းသယ်ကို မော့ကြည့်လိုက်၏။

တစ်ဖက်လူက ဤသို့သော စကားမျိုးကို ပေါ့ပေါ့တန်တန် ပြောမည်မဟုတ်ကြောင်းကို သူမ သိပေသည်။

စုန့်ယီက သူတို့၏အကြောင်းများအား ချန်အန်းသယ်ကို ပြောပြထားပုံရသောကြောင့် ချန်အန်းသယ်မှ သူမအား စုန်ယီ သဘောကျနေခြင်းကို သိထားသည့်ပုံပင်။

လင်းမိန်ဟွေ့ အငိုရပ်သွားခဲ့ပြီး ခေါင်းအေးအေးထားကာ ပြန်စဉ်းစားကြည့်လျှင် ချန်အန်းသယ်ပြောသည့်စကားများက မှန်နေလိမ့်မည်ဟု ခံစားရသည်။

ယခုအချိန်၌ သူမ စုန့်ယီကို အကောင်းဆုံး ပြန်လည်တုံ့ပြန်နိုင်သည်မှာ သူမ သူ့ကိုချစ်မြတ်နိုးကြောင်း ပြန်ပြောပြခြင်းသာဖြစ်‌ပေသည်။

တစ်နာရီခွဲ ကြာပြီးနောက်တွင်..

စုန့်ယီကို ဘီးတပ်ခုတင်ပေါ်တွင် တင်၍ ခွဲစိတ်ခန်းထဲမှ ထွက်လာခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် ခုတင်ပေါ်မှ စုန့်ယီကိုကြည့်၍ မျက်ရည်များ တားမရအောင် ကျလာခဲ့၏။

သူ့၏မျက်နှာမှာ ဖြူဖျော့နေပြီး လုံးသတိမေ့နေကာ တစ်ကိုယ်လုံးကို ပတ်တီးများဖြင့် ပတ်ထားလေသည်။

လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီ အကြိမ်ကြိမ် ဒဏ်ရာရနေခြင်းမှာ ဘုရားသခင်မှ သူမအား တစ်ဖက်လူကို တန်ဖိုးထားတတ်ရန် သင်ကြားပေးနေသည်ဟု ခံစားရ၏။

ဤအချိန်၌ ဆရာဝန်က လင်းမိန်ဟွေ့နှင့် ချန်အန်းသယ်ကို ပြောလိုက်သည်။

“တော်သေးတာပေါ့… သူက ငယ်သေးပြီး ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ် ရှိနေသေးတယ်၊ မဟုတ်ရင် ဒီဒဏ်ရာတွေကြောင့် သူ တစ်သက်လုံး မသန်မစွမ်းတောင်ဖြစ်သွားနိုင်တယ်၊ ခွဲစိတ်လို့တော့ ပြီးပြီဆိုတော့ ဆယ်မိနစ်လောက်ကြာရင် နိုးလာလိမ့်မယ်နော်”

လင်းမိန်ဟွေ့နှင့် ချန်အန်းသယ်က ဆရာဝန်အား ကျေးဇူးတင်စကားပြောပြီးနောက် သူနာပြုနှင့်အတူ စုန့်ယီကို ဆေးကုသဆောင်သို့ တွန်းပို့ခဲ့ကြ၏။

ဤအချိန်၌ ချန်အန်းသယ်၏ မွေးစားအစ်မမှာ ရေသန့်ဝယ်၍ ပြန်လာချိန်နှင့်တိုးသောကြောင့် ချန်အန်းသယ်က ဆေးကုသဆောင်တံခါးအပြင်ဘက်တွင် သူမကို တားလိုက်သည်။

“သူတို့ကို ခဏလောက် နှစ်ယောက်တည်း လွှတ်ထားပေးလိုက်ရအောင်၊ ကျွန်တော်တို့တွေ စုန့်ယီ အဆင်ပြေသွားတာ သေချာတဲ့အထိ စင်္ကြံမှာပဲ စောင့်နေကြည့်ကြမယ် .. ပြီးရင် တည်းခိုခန်းတစ်ခုခု ရှာပြီး နားကြတာပေါ့”

ဆေးကုသဆောင်အတွင်းရှိ စုန့်ယီမှာမူ သတိမေ့နေဆဲပင်။ လင်းမိန်ဟွေ့မှာ စုန့်ယီ မကြားနိုင်ကြောင်း သိသော်လည်း သူ့လက်ကို ကိုင်၍ ထပ်ခါတလဲလဲ ပြောဆိုနေ၏။

“အစ်ကို စုန့်ယီ၊ ကျွန်မ ရှင့်ကို သဘောကျတယ်… အမြဲတမ်း သဘောကျခဲ့တာ၊ ကျေးဇူးပြုပြီး မြန်မြန်သတိရလာပေးပါတော့”

စုန့်ယီမှာ သတိမေ့မြောနေဆဲဖြစ်သောကြောင့် လင်းမိန်ဟွေ့က သူ့ကို ထပ်၍ မနှောင့်ယှက်တော့ပေ။

သူမ ဆေးကုသဆောင်ထဲမှ ပြန်ထွက်လာချိန်တွင် ချန်အန်းသယ်နှင့် သူ၏ မွေးစားအစ်မကို ထိုနေရာ၌ ရှိနေဆဲဖြစ်ကြောင်း မြင်လိုက်ရပြီး တောင်းပန်သည့်အနေဖြင့် ပြောလိုက်သည်။

“ရှင်တို့ကို စိတ်ပူစေမိလို့ ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မ ဘာမှမဖြစ်ပါဘူး၊ အဆင်ပြေပါတယ်၊ ရှင်တို့ တည်းခိုခန်း တစ်ခုခုရှာပြီး နားလိုက်ကြလေ”

“ငါတို့ မင်းနဲ့အတူ နေပေးပါ့မယ်… အပန်းကြီးတာမှ မဟုတ်တာ၊ မနက်ဖြန်မှ ပြန်နားရမယ်ဆိုရင်တောင် အဆင်ပြေတယ်”

“ကျွန်မ တကယ်အဆင်ပြေပါတယ်… ရှင်တို့ ဒီမှာနေရင်လည်း အချိန်ကုန်ခံနေရုံပဲ ရှိမယ်၊ ပြန်ပြီးနားလိုက်ကြတော့”

လင်းမိန်ဟွေ့က ချန်အန်းသယ်ကို ကြည့်လိုက်လျှင် တစ်ဖက်လူက အမှန်တကယ်ပင် ထွက်သွားရန် ဆန္ဒမရှိကြောင်းကို မြင်လိုက်ရ၏။ သို့နှင့် လင်းမိန်ဟွေ့တစ်ယောက် တခြား နည်းလမ်းပြောင်း၍ ထပ်ပြောလေသည်။

“မနက်ဖြန်ကျမှ ကျွန်မနှင့် နေရာချင်း လာလဲပေးလိုက်လေ.. ဒီညတော့ ကျွန်မပဲ စောင့်လိုက်ပါ့မယ်”

ထိုအချိန်မှသာ ချန်အန်းသယ်လည်း ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ မထွက်ခွာမီတွင် သူ့၏မွေးစားအစ်မယူလာပေးသော ရေသန့်နှင့် အစားအစာတချို့ကို လင်းမိန်ဟွေ့၏လက်ထဲသို့ ထည့်ပေးလိုက်၏။

“ဗိုက်ထဲမှာ အစာတစ်ခုခု ရှိနေအောင် စားလိုက်ဦး၊ မဟုတ်ဘဲ မင်းသာ ပင်ပန်းနေမယ်ဆို စုန့်ယီကို ဂရုစိုက်မဲ့လူ ရှိမှာမဟုတ်ဘူး”

“ကျေးဇူးတင်ပါတယ်၊ ကျွန်မ စားလိုက်ပါ့မယ်”

“ညကျလည်း အိပ်ဖြစ်အောင် အိပ်လိုက်ဦး၊ ဆရာဝန်က စုန့်ယီ အဆင်ပြေတယ်လို့ ပြောထားတာပဲမလား၊ ဒါပေမဲ့ နောင်ပိုင်းကျရင်တော့ သူ့ဘာသာ ဂရုစိုက်ဖို့တော့ လိုလိမ့်မယ်”

ချန်အန်းသယ်တစ်ယောက် မှာစရာရှိသည်များအား မှာပြီးသည်နှင့် သူ၏ မွေးစားအစ်မကို ခေါ်၍ ဆေးရုံမှ အတူတကွ ပြန်သွားခဲ့သည်။

ဆေးရုံမှ ထွက်လာပြီးနောက် ချန်အန်းသယ်က သူ၏ မွေးစားအစ်မထံတွင် ညည်းညူလိုက်၏။

“ကျွန်တော်တော့ သူတို့နှစ်ယောက်ကို တကယ် အားကျမိတယ်၊ သူတို့က အမြဲတမ်း တစ်ယောက်ကို တစ်ယောက် ကာကွယ်ပေးကြပြီး ဘယ်တော့မှ မခွဲကြဘူး၊

တစ်ခုခုဖြစ်လာရင်လည်း လင်းမိန်ဟွေ့က ဘယ်လောက်ပဲကုန်ကျပါစေ စုန့်ယီကိုရအောင်ကုပေးတယ်…ပြီးတော့ စုန့်ယီကလည်း အတူတူပဲ”

“ငါလည်း မင်းအတွက် အဲလိုမျိုး လုပ်ပေးပမယ်”

“ဒီလိုသာဆိုရင်တော့ ကျွန်တော် အရမ်းပျော်မိမှာပဲ”

ချန်အန်းသယ်က ချက်ချင်းပင် မွေးစားအစ်မဖြစ်သူ၏ ပခုံးပေါ်သို့ ခေါင်းမှီလိုက်သော်လည်း မွေးစားအစ်မမှာ သူ့ကို တွန်းထုတ်၍ဆူပူလာခဲ့လေသည်။

“ရိုင်းလိုက်တာ”

ချန်အန်းသယ်ကတော့ ကလေးတစ်ဦးကဲ့သို့ပင် ထိုဆူပူခြင်းစကားများကို ကြားပြီးနောက် ပျော်ရွှင်နေခဲ့၏။

ဆေးရုံခန်းထဲတွင်တော့ လင်းမိန်ဟွေ့ယောက် အစားစားချင်စိတ် မရှိနေခဲ့ပေ။ သူမက ရေသန့်ဗူးကို ဖွင့်၍ တစ်ငုံသောက်လိုက်သည်။

သူမ ပုလင်းအဖုံးကို ပြန်ပိတ်လိုက်သည်နှင့် စုန့်ယီ၏ လက်ချောင်းများမှာ အနည်းငယ် လှုပ်ရှားသွားသည်ဟု ခံစားလိုက်ရ၏။

လင်းမိန်ဟွေ့ ချက်ချင်းပင် စုန့်ယီ၏ လက်ကို ကိုင်၍ ပြောလိုက်သည်။

“အစ်ကို စုန့်ယီ….ကျွန်မ မိန်ဟွေ့လေ၊ သတိရလာပြီလား”

“မင်း ငိုနေတာလား”

စုန့်ယီက လင်းမိန်ဟွေ့၏ မျက်လုံးများ နီရဲ၍ ဖောင်းအစ်နေသည်ကို မြင်လိုက်ရပြီး သူ့ ရင်ထဲ၌ အနည်းငယ် နာကျင်မှုကို မခံစားရဘဲ မနေနိုင်ခဲ့ပေ။

သူ အမုန်းဆုံးအရာမှာ လင်းမိန်ဟွေ့ငိုနေခြင်းပင်။

သူမက အလွန်သန်မာပြီး သူမ၏ ကိုယ်ပိုင်ပြဿနာများကြောင့် မည်သည့်အခါမှ မငိုခဲ့ရချေ။

သို့သော်လည်း သူ့အတွက်တော့ တစ်ကြိမ်ထက်မက ငိုခဲ့ရလေ၏။

လင်းမိန်ဟွေ့က ပြုံး၍ ပြောလိုက်သည်။

“မဟုတ်ပါဘူး…ကျွန်မ နည်းနည်း အိပ်ချင်နေတာလို့ မျက်လုံးတွေ နီနေတာ၊ အစ်ကိုစုန့်ယီ…ဘယ်နားက နာကျင်နေတာရှိလဲ၊ တကယ်လို့ တစ်နေရာရာက မသက်မသာ ဖြစ်တယ်ဆိုရင် ကျွန်မကို ပြောပြရမယ်နော်”

“ဘာမှမသက်မသာ မဖြစ်ပါဘူး၊ မင်းသာ ကိုယ့်ဘေးနားမှာ ရှိနေမယ်ဆိုရင် တစ်နှစ်.. နှစ်နှစ်လောက် လဲနေရမယ်ဆိုရင်တောင် ကိုယ် အရမ်းပျော်မိမှာ”

“အစ်ကို စုန့်ယီ၊ ရှင့်ကို အဲဒီလိုစကားတွေ ပြောခွင့်မပြုဘူး”

လင်းမိန်ဟွေ့က စုန့်ယီ၏ ပါးစပ်ကို ဖုံးအုပ်ရန် လက်လှမ်းလိုက်သော်လည်း ရင်ထဲ၌ ဝမ်းနည်းမှု တစ်ခုရှိနေခဲ့၏။

စုန့်ယီဘက်မှ သူမကို ချစ်ကြောင်းဖွင့်ပြောစဉ်က သူမအနေဖြင့် ယခင်ဘဝကဲ့သို့ နာကျင်မှုများကို ထပ်မံ၍မခံစားချင်သောကြောင့် တစ်ဦးတည်းနေချင်သည်ဟုသာ အမြဲတွေးတောခဲ့သည်။

သို့သော်လည်း ယခုတွင်တော့ သူမအနေဖြင့် သူမ၏ဘက်ကိုသာ ကြည့်ခဲ့ပြီး စုန့်ယီ၏ ခံစားချက်များကို တစ်ခါမျှ မစဉ်းစားခဲ့သည်ကို သိလိုက်ရ၏။

သူတို့က တကယ်တမ်းတွင် ခေါင်မိုးတစ်ခုတည်းအောက်၌ အတူတကွ နေထိုင်ကြသည့်အပြင် လင်မယားအဖြစ်နှင့်လည်း လက်မှတ်ထိုးခဲ့ကြသည်။

သို့သော်လည်း သူမက သူတို့နှစ်ဦးကြား၌ ရှင်းရှင်းလင်းလင်း ခွဲခြားရန် တောင်းဆိုခဲ့ပြီး သူတို့က မောင်နှမများသာ ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

ဒါက ဘယ်လိုတောင် အဓိပ္ပာယ်မဲ့ရတာလဲ?

စုန့်ယီကို သူမ၏ အစ်ကိုတစ်ဦးအဖြစ်သာ သဘောထားခဲ့မည်ဆိုလျှင် သူမအနေဖြင့် သူ့ကို အစကတည်းက လက်မထပ်ခိုင်းခဲ့သင့်ပေ။

အခု သူတို့က လက်ထပ်ပြီးသားဆိုတော့… ဇနီးမောင်နှံတွေပဲလေ!

လင်းမိန်ဟွေ့တစ်ယောက် စဉ်းစားလေလေ သူမ အတော်လေး လွန်ခဲ့သည်ဟု ခံစားရလေလေပင်။

ထို့ကြောင့် သူမက စုန့်ယီကို ညင်သာစွာ ပြောလိုက်၏။

“အစ်ကို စုန့်ယီ၊ တကယ်တော့ ကျွန်မရဲ့ နှလုံးသားထဲမှာ ရှင်က နေရာယူပြီးသားပါ.. ဒါပေမဲ့ ဒါကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ မသိခဲ့ဘူး”

စုန့်ယီက လင်းမိန်ဟွေ့ကို ကြည့်လိုက်ပြီး ရုတ်တရက် ပျော်ရွှင်မှုများ ဖုံးလွှမ်းလာသည်ဟု ခံစားလိုက်ရသည်။

သို့သော် တစ်ခဏကြာသွားပြီးနောက် လင်းမိန်ဟွေ့က သူ့အား သနားနေခြင်းပင် ဖြစ်လိမ့်မည်ဟု ရုတ်တရက် ခံစားလိုက်ရလေ၏။

သူက သူမကို ကယ်ရန် ကြိုးစားရင်းဖြင့် ဒဏ်ရာရရှိခဲ့သည်ကြောင့် သူမက ဤနည်းဖြင့် ကျေးဇူးပြန်ဆပ်ချင်နေခြင်းပင်ဖြစ်လောက်မည်။

စုန့်ယီ အလိုချင်ဆုံးမှာ ဤသို့သော ဆုလာဘ်မျိုး မဟုတ်ပေ။

စုန့်ယီက မျက်နှာလွှဲလိုက်ပြီး လင်းမိန်ဟွေ့ကို ပြောလေသည်။

“မိန်ဟွေ့၊ ကိုယ် နည်းနည်း ပင်ပန်းနေလို့ ဒီအကြောင်းကို မနက်ဖြန်ကျမှ ပြောကြရအောင်၊ မင်းလည်း သေချာစဉ်းစားကြည့်ပါဦး၊ ကိုယ် ဒဏ်ရာရလို့ဆိုပြီး ကိုယ့်ကို သနားနေဖို့ မလိုပါဘူး”

လင်းမိန်ဟွေ့က ခေါင်းခါလိုက်ပြီး ဤသည်မှာ သနားခြင်းမဟုတ်ဘဲ အမှန်တရားဖြစ်ကြောင်း ရှင်းပြရန် ကြိုးစားလိုက်၏။

သို့သော်လည်း စုန့်ယီက မျက်နှာလွှဲသွားပြီး မည်သည့်စကားတစ်ခွန်းမျှ တုံ့ပြန်မလာတော့ပါချေ။

ထို့ကြောင့် လင်းမိန်ဟွေ့က ဘေး၌ တိတ်တဆိတ် ထိုင်ကာ သူ့ကို စောင့်ကြည့်နေရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

နောက်တစ်နေ့ ချန်အန်းသယ် နက်စာယူလာချိန်တွင် လင်းမိန်ဟွေ့က ခုတင်ဘေး၌ အိပ်ပျော်နေသည်ကို တွေ့ရလေသည်။

စုန့်ယီမှာတော့ နိုးနေပြီဖြစ်ပြီး သူ၏ လက်က လင်းမိန်ဟွေ့၏ ခေါင်းပေါ်သို့ ကြိမ်ဖန်များစွာ ဝေ့ဝဲသွားခဲ့သော်လည်း အဆုံးတွင် ပြန်ရုပ်သွားခဲ့၏။

ချန်အန်းသယ်အနေဖြင့် ယခင်က စုန့်ယီ သူ့ကို ခေါ်ကာ လင်းမိန်ဟွေ့မှ သူ့အား မကြိုက်ကြောင်း ပြောဖူးသည်ကို သတိရသွားသည်။

ဒါကြောင့် အခု စုန့်ယီက လင်းမိန်ဟွေ့ရဲ့ ခံစားချက်အစစ်အမှန်တွေကို လက်မခံနိုင်ဖြစ်နေတာလား?

All Chapters