← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း(121)

လင်းမိန်ဟွေ့က သူမ၏ လွယ်အိတ်ကို စားပွဲပေါ်တင်လိုက်လေ၏။

ဟူကျွမ့်လည်း မစောင့်နိုင်တော့ဘဲ ချက်ချင်းပင် လှန်လှောရှာဖွေခဲ့သည်။ ထိုဓာတ်ပုံများကို တွေ့လိုက်ရချိန်တွင် သူမ၏ နှလုံးသားက ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး စိတ်လှုပ်ရှားလာခဲ့သည်။

သူမက စာအုပ်ထဲမှ ဓာတ်ပုံများကို ထုတ်၍ ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ သူမ၏အမူအရာက အိမ်ထောင်ရေး ဖောက်ပြန်မှုတစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ပင်။

“လင်းမိန်ဟွေ့၊ နင်လုပ်ခဲ့တဲ့ ကိစ္စကောင်းလေးတွေကို ကြည့်ပါဦး.. နင်နဲ့ စုန့်ယီက ဒီအခြေအနေထိတောင် ရောက်နေပြီ၊ ခုထိ သူ့ရဲ့ညီမပါဆိုပြီး လိမ်နေတုန်းပဲလား”

“ငါနဲ့ စုန့်ယီ ဘယ်အခြေအနေထိ ရောက်နေတာလဲ”

ထိုဓာတ်ပုံများက ကြမ်းပြင်အနှံ့ ပြန့်ကျဲနေခဲ့သည်။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ မျက်နှာများကို ဓာတ်ပုံပေါ်၌ ဖြတ်ညှပ်ကပ်လုပ်ထားခြင်း ဖြစ်သည့်အတွက် မိန်းကလေးကျောင်းသူများအားလုံးမှာ ရှက်ရွံ့ပြီး မျက်နှာများ နီရဲသွားခဲ့ကြကာ မကြည့်ရဲတါ့ဘဲ မျက်လုံးများကို ဖုံးအုပ်ထားလိုက်ကြသည်။

လင်းရှောင်ရွှမ်းနှင့် ရှောင်ကျယ်နှစ်ဦးလုံး ထိတ်လန့်သွားကြပြီး ဓာတ်ပုံများကို အမြန်သိမ်းကာ ဆုတ်ဖြဲရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း လင်းမိန်ဟွေ့က သူတို့နှစ်ဦး၏ လက်ထဲမှ ဓာတ်ပုံများကို ဆွဲယူလိုက်ပြီး အေးစက်သောမျက်နှာဖြင့် ပြောလိုက်သည် ။

“မဆုတ်ဖြဲလိုက်နဲ့.. ဒါတွေကို ဆုတ်ဖြဲလိုက်မယ်ဆိုရင် သက်သေရှာရခက်သွားလိမ့်မယ်၊ ဒီဓါတ်ပုံတွေက ကျွန်မကို ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ထားတာပဲ.. မနက်ဖြန်ကျရင် ကျွန်မ ရဲကို ဖုန်းခေါ်ပြီး တိုင်လိုက်မယ်.. ဒါဆိုရင် ရဲက တရားခံကို ရှာတွေ့မှာပဲ”

အစပိုင်းတွင် ဟူကျွမ့်တစ်ယောက် လင်းမိန်ဟွေ့က ဤတစ်ကြိမ်တွင် လုံးဝအဆုံးသတ်တော့မည်ဖြစ်ပြီး မည်သူကမှ သူမ၏ စကားကို ယုံတော့မည်မဟုတ်ဟုတွေးထားခဲ့သည်။

သူမက စုန့်ယီကို သူမ၏ အစ်ကိုဟု ပြောခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ထိုနှစ်ယောက်က အခန်းထဲ၌ အတူနေပြီး ပွေ့ဖက်နေသည့်ပုံများထွကာပေါ်လာဌ့်လေပြ။

ရူးသွပ်နေခြင်းမရှိသည့် မည်သူမဆို ထိုနှစ်ဦးကြားမှ ဆက်ဆံရေးကို မြင်တွေ့နိုင်လိမ့်မည် ။ မထင်မှတ်ဘဲ လင်းမိန်ဟွေ့က စိတ်ပူပန်ခြင်း၊ စိတ်ဆိုးနေခြင်းမရှိနေဘဲ ရဲကိုခေါ်မည်ဟု ပြောလာလေ၏။

ဟူကျွမ့်တစ်ယောက် လင်းမိန်ဟွေ့၏ တွေးခေါ်ပုံက သာမန်လူများနှင့် မတူဟု ခံစားလိုက်ရသည်။ သာမန်မိန်းကလေးများဆိုပါက ဤကဲ့သို့ ပုံများကို မြင်တွေ့လိုက်ပါက မကြောက်လန့်သွားသင့်သည်မဟုတ်ပါလား။

သူမက ငိုကြွေးပြီး ထွက်ပြေးသွားသင့်သည်။ နောက်ဆုံး သည်းမခံနိုင်သည့်အတွက် ပြိုလဲသွားသင့်သည် မဟုတ်ပါလား။

လင်းမိန်ဟွေ့က အဘယ်ကြောင့် ဤမျှ အေးဆေးတည်ငြိမ်နေရသနည်း။

သူမက တခြားလူတစ်ယောက်၏ကိစ္စများအကြောင်းကို ပြောနေသကဲ့သို့ပင် ဖြစ်နေသေးသည်။

ဤအခြေအနေက ဟူကျွင့်ကို အနည်းငယ် ထိတ်လန့်လာခဲ့စေသည်။

“လင်းမိန်ဟွေ့၊ နင်က အရှက်မရှိဘဲ ရဲကိုတောင် နင့်ရဲ့ အရှက်ရစရာကိစ္စကို ပြချင်နေသေးတာလား”

“နင်က အရှက်ရစရာလို့ ထင်နေတယ်ဆိုရင်လည်း ငါ ဂရုမစိုက်ဘူး.. ဘာပဲဖြစ်ဖြစ် တရားခံကိုတော့ ဖမ်းရမှာပဲ

ငါနဲ့ အစ်ကိုစုန့်ယီကို အရှက်ရအောင် လုပ်ရတဲ့ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ သိချင်တယ်”

လင်းမိန်ဟွေ့ဘက်မှ အလွန်ပင် အေးဆေးတည်ငြိမ်နေသည်ကို တွေ့လျှင် လင်းရှောင်ရွှမ်းလည်း ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားပြီး ၎င်း၏ ပတ်ဝန်းကျင်မှ ကျောင်းသားများကို ပြောလိုက်သည်။

“စုန့်ယီက လေ့ကျစ်နဲ့ တိုက်ခိုက်ခဲ့ရတဲ့အချိန်တုန်းက ဒဏ်ရာရပြီး ဆေးရုံမှာတောင် အကြာကြီး လဲလျောင်းခဲ့ရတာ.. သူ ဆေးရုံက ပြန်ဆင်းလာတော့လည်း လှုပ်ရှားဖို့အတွက် ခက်ခဲနေခဲ့တယ်.. ဒါကြောင် လင်းမိန်ဟွေ့က သူ့ကို သေချာပေါက်ကူညီရမှာပဲ”

“အမှန်ပဲ ၊ မောင်နှမတွေက တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရမှာပဲ၊ ဒီလိုမဟုတ်ဘဲ တခြားလူကို ကူညီခိုင်းဖို့အတွက် ဘယ်လိုများတောင်းဆိုနိုင်မှာလဲ”

ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့၏ စကားများက တခြာ့လူများ၏အာရုံကိုဆွဲဆောင်ရန်အတွက် အကျိုးသက်ရောက်မှု ရှိခဲ့သည်။

လူတိုင်းက ဟူကျွမ့် ဤတစ်ကြိမ် အတော်လေးလွန်သွားပြီဟု ခံစားခဲ့ကြလေ၏။

ထို့အပြင် လူတိုင်းက လင်းမိန်ဟွေ့ကို အရှက်ရစေချင်သည့်လူက မည်သူ ဖြစ်ကြောင်းကို ဝိုးတဝါး ခန့်မှန်းမိကြသည်။

သေချာပေါက် ဟူကျွမ့်ပင်။

ဟူကျွမ့်တစ်ယောက် တခြားလူများက တွေဝေလာကြသည်ကိုမြင်လျှင် အော်ဟစ်၍ ပြောလိုက်လေ၏။

“ကျောင်းသားတွေ၊ ဒီလိုညစ်ညမ်းပြီးရွံစရာကောင်းတဲ့လူကို ငါတို့ရဲ့အတန်းကနေ ဖယ်ရှားပစ်ရမယ်၊ သူ့ကို ငါတို့အတန်းထဲကနေ ထုတ်ပစ်ရမှာ၊ သူ ဒီမှာရှိနေသရွေ့ ငါတို့ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး...”

“ဟူကျွမ့်၊ နင် ရူးနေတာလား.. ဒါက ခေတ်ဟောင်းစနစ်ကလူတွေ မဟုတ်ဘူး.. နင် ထုတ်ပစ်ချင်တယ်လို့ ပြောတာနဲ့ ထုတ်ပစ်ရမှာလား”

ရှောင်ရွှမ်းတစ်ယောက် အလွန်ပင် ဒေါသထွက်လာရသည်။

ဟူကျွမ့်ကို အနည်းငယ်လောက် ပညာမပြပေးပါက သူမဘက်မှ မည်သည့်အချိန်တွင်မှ လက်လျှော့မည် မဟုတ်ကြောင်းကို သတိပြုလိုက်မိလေ၏။

လင်းမိန်ဟွေ့က ရှောင်ရွှမ်းကို အသာဆွဲခေါ်လိုက်ပြီး ဟူကျွင့်ထံသို့အေးဆေးတည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“ရှောင်ရွှမ်း၊ သူ့လိုလူမျိုးနဲ့ ပြိုင်ပြီးပြောမနေနဲ့၊ ငါ မနက်ဖြန် ရဲကို အကြောင်းကြားပြီး အခြေအနေကိုရှင်းပြလိုက်မယ်၊ ရဲတွေကလည်း ဓါတ်ပုံစတူဒီယိုဆီကို သွားစစ်ဆေးမှာပဲ.. အါဒီအချိန်ကျရင် ဒါတွေကို ဘယ်သူလုပ်တာလဲဆိုတာ ပေါ်လာလိမ့်မယ်

ငါက ရိုးသားတဲ့အတွက် အရိပ်အောက်ကနေ အကောက်ကြံတဲ့လူမျိုးကို မကြောက်ဘူး.. သူတို့ လုပ်ချင်တာ လုပ်ပါစေ!”

ဓာတ်ပုံစတူဒီယို၏အကြောင်းကို ပြောလိုက်သည်နှင့် ဟူကျွမ်၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။

ထိုဓာတ်ပုံများ၏ နောက်ကျောဘက်၌ ဓာတ်ပုံစတူဒီယို၏ တံဆိပ်များပါနေကြောင်းကို သူမ ရုတ်တရက် သတိရမိလိုက်သည်။

အကယ်၍ သူမလုပာခဲ့သည့်အကြောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ပါက လူအများက သူမကို ရှောင်ဖယ်ကြတော့မည် မဟုတ်ပေလား။

သို့သော် ယခုအချိန်တွင် ထိုဓာတ်ပုံများက လင်းမိန်ဟွေ့၏လက်ထဲတွင် ရောက်နေပေပြီ။ သူမကသာ ရဲစခန်းဆီသို့ အမှန်တကယ် ယူသွားခဲ့ပါက သူမက ရာဇဝတ်မှု ကျူးလွန်သူဖြစ်သွားရပေလိမ့်မည်။

ယခုအချိန်တွင်တော့ ကျောင်းသားများမှာ လက်ရှိအခြေအနေကို လုပ်ကြံဇာတ်တစ်ခုဟုသာတွေးတောလိုက်ကြပြီဖြစ်ရာ သူတို့ကုု ဂရုမစိုက်ကြတော့ဘဲ အတန်းထဲမှ တစ်ဦးပြီးတစ်ဦး ထွက်သွားခဲ့ကြသည်။

လင်းမိန်ဟွေ့ ထွက်သွားတော့မည့်အချိန်တွင် ဟူကျွမ့်က သူမကို တားဆီးလိုက်လေသည်။ အချိန်အတော်ကြာပြီးနောက် သူမက လင်းမိန်ဟွေ့ကို တီးတိုးပြောလာခဲ့သည်။

“ကျေးဇူးပြုပြီး ရဲကိုမတိုင်ပါနဲ့...”

“နင် လုပ်ခဲ့တယ်လို့ ဝန်ခံတာလား”

“အဲဒီဓါတ်ပုံတွေကို ငါ့ကို ပြန်ပေးပါ.. ငါ တောင်းပန်ပါ့မယ် ကျေးဇူးပြုပြီး ..”

ဟူကျွမ့်အနေဖြင့် ယခုအချိန်​တွင်အလွန်အမင်း ထိတ်လန့်နေခဲ့ပေပြီ။

သူမက ကျောင်းပြီးအောင် တက်ပြီး ကောလိပ်ဝင်ခွင့်ရကာ ခရိုင်ထဲမှ ထွက်သွားချင်သေးသည်။ တကယ်လို့ ရဲကသာ သူမကို ဖမ်းမိခဲ့ပါက သူမတွင် ရာဇဝတ်မှတ်တမ်း ရှိသွားပေလိမ့်မည်။

ကျောင်းကလည်း သူမကို ထုတ်ပစ်လိမ့်မည်။

ထိုအချိန်၌ ရှောင်ရွှမ်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဟူကျွမ့်ကို လက်ညှိုးထိုးကာ ပြောသည်။

“နင့်ဆီမှာလည်း ဒီလိုနေ့မျိုးတွေ ရောက်လာသေးတာပဲလား၊ နင်က နေ့တိုင်း လုပ်စရာရှိတာကို မလုပ်ဘဲ သူများကို ဒုက္ခပေးဖို့ပဲ တွေးနေတယ်၊

လင်းမိန်ဟွေ့က ဒီလိုပြောလိုက်တာနဲ့ အခုလိုမျိုး ကြောက်လန့်တကြား ဖြစ်သွားပြီ၊ ဟူကျွမ့် လင်းမိန်ဟွေ့က နင့်ကို ဒီလောက် အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး”

လင်းမိန်ဟွေ့က ဟူကျွမ့်၏ မျက်ရည်များ ဝဲနေသည့် မျက်နှာကို ကြည့်ပြီး မေးလိုက်သည်။

“လေ့ကျစ် အရင်တစ်ခေါက်က ဒီကို ပြဿနာရှာဖို့ လာခဲ့တာကလည်း နင် သူ့ဆီ သွားပြီး ငါ့ကို ပြဿနာရှာခိုင်းခဲ့တာမလား”

“မဟုတ်ဘူး... ဟုတ်တော့ဟုတ်တယ်ဆိုပေမဲ့ .. အကုန်လုံးတော့ မဟုတ်ဘူး.. စုန့်ယီက အဲဒီနေ့က နင့်ကို မလိုက်ပို့ခဲ့ဘူးဆိုတာကိုပဲ ငါပြောခဲ့တာ၊ ပြီးတော့ သူ့ကို လာခိုင်းခဲ့ရုံပဲ.. စုန့်ယီက ရုတ်တရက် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ဟူကျွမ့်၏ အသံက တုန်ယင်နေပြီး ငိုကျွေးလုနီးပါး ဖြစ်နေပေပြီ။

သူမ လေ့ကျစ်ထံသို့ သွားခဲ့ချိန်ကလည့် အလွန်အမင်းကြောက်လန့်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ လေ့ကျစ်နှင့် သူ၏အဖွဲ့သာများမှာ လူမိုက်များသာဖြစ်ပေ၏။

သူမ လေ့ကျစ်ကို ရှာရန်အတွက် သတ္တိကို မွေးခဲ့ရသည်။ သူမ ပြန်ထွက်လာချိန်ကလည်း ကြောက်လန့်မှုကြောင်း ဒူးများပင် မခိုင်ဘဲ လဲကျသွားရသေးသည်။

ဒဏ်ရာများ ပျောက်ရန်အတွက်အချိန်တော်ကြာခဲ့လေ၏။

ထို့အပြင် လေ့ကျစ် ထောင်ထဲသို့ ရောက်ပြီးသည့်နောက်တွင် ထိုလူမိုက်များက သူမထံသို့ လာခဲ့ကြပြီး သူမက လေ့ကျစ်ကို ဒုက္ခပေးခဲ့သည်ဟု ပြောခဲ့ကြသေးသည်။

ဟူကျွမ့်တစ်ယောက် သေလောက်အောင် ကြောက်ခဲ့ရလေသည်။ လင်းမိန်ဟွေ့က ဟူကျွမ့် ပြောလာသည့်စကားများကို နားထောင်ပြီး သူမ၏ အပြစ်ရှိသည့် မျက်နှာကို ကြည့်ကာ ပြောခဲ့သည်။

“မနက်ဖြန် အသီးအနှံတွေနဲ့ အားဖြည့်ဆေးတွေယူပြီး အစ်ကိုစုန့်ယီကို လာတွေ့ပြီး တောင်းပန်ပါ.. သူ ခွင့်လွှတ်မယ်ဆိုရင် ငါ နင့်ကို ခွင့်လွှတ်ပေးနိုင်မယ်...”

“ကောင်းပြီ၊ ငါ သေချာပေါက်လုပာပါးမယ်”

“ပြီးတော့ လွန်ခဲ့တဲ့ရက်တွေတုန်းက ငါ့ရဲ့စားပွဲထဲမှာ မြွေသေတွေ၊ ကြွက်သေတွေ ထည့်ထားတာလည်း နင်ပဲမလား”

ဟူကျွမ့်အနေဖြင့် ယခုအချိန်တွင် ငြင်းဆန်ခြင်းသည် အပိုသက်သက်ဖြစ်ကြောင်းကို သိပေသည်။ လင်းမိန်ဟွေ့က သူမကို ထိန်းချုပ်ထားနိုင်ခဲ့ပေပြီ။

လင်းမိန်ဟွေ့က အနည်းငယ်လောက် ကြိုးစားလိုက်သည်နှင့် သူမ လုပ်ခဲ့သည့်ကိစ္စများကို သိနိုင်သည်။

သို့ဆိုပါက သူမ၏ ကျောင်းကိစ္စကလည်း သေချာပေါက် ပြီးဆုံးသွားပေလိမ့်မည်။ ဟူကျွမ့် ဝန်ခံလိုက်လေ၏။

သူမ၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နေခဲ့သည်။

*

အခန်း(122)

ဟူကျွင့်၏အကြည့်က အလွန်သနားစရာကောင်းသည်ဟု ထင်ရသည် သော်လည်း လင်းမိန်ဟွေ့က ခံစားချက်မဲ့သည့်အမူအရာသာရှိနေခဲ့ပြီး အေးဆေးတည်ငြိမ်စွာဖြင့် ပြောလာသည် ။

“ဒီကိစ္စအတွက် နင် ကျောင်းသားတွေရှေ့မှာ ငါကို တောင်းပန်ရမယ်၊ ဒါမှပဲ ငါဒါကို မေ့လျော့ပေးလိုက်မယ်၊ နောက်ဆို ဒီလိုအရာမျိုးတွေ ထပ်လုပ်ခွင့် မရှိဘူး၊ မဟုတ်ရင် ငါ နင့်ကို ဘယ်အချိန်မဆို ရဲကို ဖုန်းခေါ်နိုင်တယ်”

ဟူကျွမ့် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ယခုအချိန်တွင် လင်းမိန်ဟွေ့ မည်သည့်စကားကို ပြောသည်ဖြစ်စေ သူမ သဘောတူလိမ့်မည်။

ရှောင်ရွှမ်း သူမ၏ သနားစရာကောင်းသည့် အမူအရာကို မြင်လျှင် ဘေးနားမှ အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“အကုန်လုံးက နင့်ရဲ့ အမှားပဲလေ.. အစကတည်းက ဘာတွေတွေးပြီး လင်းမိန်ဟွေ့ကို ဒီလိုမျိုးဒုက္ခပေးနေရတာလဲ.. သူက နင်တို့မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းကို တူးခဲ့တာမှ မဟုတ်တာ”

ဟူကျွမ့်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး နောက်ဆုံးတွင်တော့ မအောင့်အီးနိုင်တော့ဘဲ ပြောလိုက်သည်။

“လင်းမိန်ဟွေ့ မလာခင်က ငါကည အတန်းထဲမှာ အတော်ဆုံးပဲ.. ဆရာကလည်း ငါ့ကို တန်ဖိုးထားတယ်၊ သူငယ်ချင်းတွေကလည်း ငါ့ကိုပဲ ကြိုက်တယ်

လင်းမိန်ဟွေ့ ရောက်လာပြီးတဲ့နောက် ဆရာက ငါ့အပေါ် ပိုပြီး အေးစက်လာတယ်...”

“ဒါက အကြောင်းပြချက်လား”

“တခြားဘာရှိရဦးမလဲ.. ဆရာက ငါ့ကို တန်ဖိုးထားမှ ငါလည်း စာကြိုးစားဖို့ ယုံကြည်မှုနဲ့ စွမ်းအင်ရှိတာပေါ့

ဆရာက လျစ်လျူရှုလိုက်တော့ ငါ စာကျက်ဖို့အားတောင် မရှိတော့ဘူး”

ဟူကျွမ့် ငိုကျွေးလိုက်သည်။

သူ၏ အသံကပို၍ ကျယ်လောင်လာခဲ့လေသည်။ ညကျောင်း၏ အစောင့် ဦးလေးကြီးက အခန်းမီးများ အကြာကြီး မပိတ်သေးသည်ကို တွေ့သောကြောင့် လာရောက်စစ်ဆေးနေခဲ့သည်။

ထိုအချိန်တွင် ဟူကျွမ်၏ အော်ဟစ်သံကို ကြားလိုက်ရသောကြောင့် အထဲသို့ ဝင်လာပြီး မေးလာခဲ့သည်။

“ကျောင်းသူ၊ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်နေတာလား.. ငါ ဆရာကို သွားပြောပေးရမလား”

ဟူကျွမ့် အလျှင်အမြန် ခေါင်းခါလိုက်သည်။

“မလိုပါဘူး ဦးလေး၊ သူတို့က ကျွန်မကို မနိုင်ကျင့်ပါဘူး... ကျွန်မဝမ်းနည်းလို့ပါ”

ဦးလေးကြီး ထွက်သွားပြီးသည့်နောက် လင်းမိန်ဟွေ့က ဟူကျွမ့်၏ အနားသို့ လျှောက်လာခဲ့ပြီး လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်သည်။

“ဟူကျွမ့်၊ ငါတို့ စာသင်တာက ကိုယ့်ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ပဲ၊ ဆရာတွေ ဒါမှမဟုတ် မိဘတွေဆီက အချစ်ခံအလိုလိုက်ခံဖို့ မဟုတ်ဘူး၊ နင်သာ ဒီလိုမျိုး ဆက်ပြီး ခေါင်းမာနေရင် နောက်ဆို ပညာရေးနဲ့ ပိုပြီး ဝေးသွားလိမ့်မယ်”

“ ငါ မှားသွားတာကို သိပါတယ်.. နောက်ဆို ဒါတွေကိုဘယ်တော့မှ မလုပ်တော့ပါဘူး”

“စောစောပြန်ပါ.. နောက်ကျနေပြီ နင့်ရဲ့ မိသားစုတွေ စိတ်ပူနေလိမ့်မယ်၊ မနက်ဖြန် ငါတို့ ငှားထားတဲ့ အိမ်ကိုလာပြီး အစ်ကိုစုန့်ယီကို တောင်းပန်ပါ.. ပြီးရင် ကျောင်းကို အတူလာကြမယ်”

လင်းမိန်ဟွေ့က ကျောင်းသားများကြားမှ ပြဿနာကို ဤသို့နည်းဖြင့် ဖြေရှင်းလိုက်သည်။

လင်းရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့က လင်းမိန်ဟွေ့ကို ပို၍ လေးစားလာကြသည်။

မထင်မှတ်ဘဲ သူမက ကျောင်းသားများ၏ အနိုင်ကျင့်မှုကို ရင်ဆိုင်ရသည့်အချိန်တွင် မကြောက်ရုံသာမက အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့သည်။ အိမ်အပြန်လမ်း၌ လင်းရှောင်ရွှမ်းက လင်းမိန်ဟွေ့ကို မေးနေခဲ့သည်။

“မိန်ဟွေ့၊ အဲဒီလို ဓါတ်ပုံတွေကို မြင်လိုက်ရတော့ နင် လုံးဝ ထိတ်လန့်မသွားဘူးလား”

“ဘယ်လိုလုပ်ပြီး မထိတ်လန့်ဘဲနေမှာလဲ.. ဒါပေမဲ့ ထိတ်လန့်တာက အသုံးမဝင်ဘူးဆိုတာ ငါ သိတယ်၊ သူများတွေက ငါ ထိတ်လန့်တာကိုပဲ မြင်ချင်တာ မဟုတ်ဘူးလား”

ယခုရက်ပိုင်းတွင် လင်းမိန်ဟွေ့က စုန့်ယီကို ဂရုစိုက်နေခဲ့ရသည်။

သူ၏မျက်နှာအမူအရာအရ စုန့်ယီတ်ယောက် စိတ်ဓာတ်ကျသည့် ချောက်ထဲသို့ ပြန်လည်ကျရောက်နေပြီဖြစ်ကြောင်း သိသာနေခဲ့သည်။

သူမကို အနှောင့်အယှက် ဖြစ်မည်ကို စိုးသောကြောင့် စုန့်ယီက အကြိမ်ပေါင်းများစွာလည်း တောင်းပန်ခဲ့သေးသည်။

ဤအခြေအနေများကြောင့် လင်းမိန်ဟွေ့တစ်ယောက် နှလုံးသားကို ဓားနှင့် အမွှန်းခံရသည့်အတိုင်း ခံစားခဲ့ရသည်။ တကယ်တမ်းတွင် မကောင်းသူများကသာ ပြစ်မှုကျူးလွန်ခဲ့သည်များ ဖြစ်သည်။

သို့သော် ကြင်နာတတ်သူများက ကိုယ်ချင်းစာတရား၏ အကြွေးကို အမြဲတစေ ထမ်းထားရသည့်အတွက် အပြစ်ရှိသကဲ့သို့ ခံစားမိနေတတ်ပေသည်။

မနက်ပိုင်း၌ လင်းမိန်ဟွေ့က ကန်စွန်းဥနှင့် ဝက်သားဆန်ပြုတ်ကို ချက်ပြုတ်၍ အခန်းထဲသို့ ယူလာခဲ့သည်။

သူမက စုန့်ယီကို ခွံ့ကျွေးရန် လုပ်နေခဲ့သော်လည်း စုန့်ယီက ထိုအတိုင်းသာ လဲလျောင်းနေခဲ့ပြီး သူမဘက်သို့ လှည့်ပင် မကြည့်ခဲ့ပါချေ။

လင်းမိန်ဟွေ့တစ်ယောက် တစ်ဖက်လူ စိတ်ဓာတ်ကျနေသည်ကို သိသောကြောင့် ညင်သာစွာ ချော့မော့ပြောဆိုခဲ့သည်။

“အစ်ကိုစုန့်ယီ၊ ဒါကိုစားလိုက်ပါဦး.. ရှင် ဒါကို စားမှ ပိုပြီးမြန်မြန်ကောင်းလာမှာ . မဟုတ်ရင် ဒီမှာပဲ လဲလျောင်းနေရပြီး အလုပ်တောင် လုပ်နိုင်မှာမဟုတ်ဘူး”

စုန့်ယီက လှုပ်ပင် မလှုပ်ခဲ့ပါချေ။

လင်းမိန်ဟွေ့လည်း ခုတင်ဘေး၌ ထိုင်၍ ဇွန်းဖြင့် ဝက်သားဆန်ပြုတ်ကို ညင်သာစွာ မွှေပေးလိုက်သည်။

သူမက တစ်ဖက်လူကို အသားနံ့ ရစေလိုသည့်အတွက် ဖြစ်ပေသည်။ စုန့်ယီက ကြွေပန်းကန်လုံးနှင့် ဇွန်းရိုက်ခတ်သံကို ကြားလိုက်ရပြီးနောက် ဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့သည်။

သူက လင်းမိန်ဟွေ့ကို ကြည့်၍ ပြောလာခဲ့သည်။

“ကိုယ့်ကို အမှန်တိုင်းပြောပါဦး၊ ဒီရက်ပိုင်းတွေမှာ သူတို့မင်းကို ထပ်ပြီး အနိုင်ကျင့်ကြပြန်ပြီလား”

“မဟုတ်ပါဘူး”

လင်းမိန်ဟွေ့ မည်သည့်အရာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်လိုက်သည်။

သူမအနေဖြင့် အရာအားလုံး ပြေလည်သွားအောင် လုပ်ခဲ့ပြီးဖြစ်၍ စုန့်ယီကို ထိုအကြောင်းကိုပြောကာ စိတ်ပူစေရန် မလိုအပ်တော့ပါချေ။

ယနေ့ မွန်းတည့်ချိန်တွင် ဟူကျွမ့်က လာရောက်တောင်းပန်ဦးမည် ဖြစ်သည့်အတွက် စုန့်ယီသည်လည်း အေးအေးဆေးဆေး နေနိုင်ပေပြီ။

စုန့်ယီတစ်ယောက် သူ၏ ကိုယ်ခန္ဓာမှ နာကျင်နေသည်ကို ဂရုမစိုက်ဘဲ တတ်နိုင်သမျှ အားကိုသုံးကာထထိုင်ပြီး လင်းမိန်ဟွေ့ကို ကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် နာကျင်မှုများက လျှံကျလာလုနီးပါး ဖြစ်နေလေ၏။

“ကိုယ် ဒီမှာ လဲလျောင်းနေတယ်ဆိုတာက နားမကြား၊ မျက်စိမမြင်တာမဟုတ်ဘူး.. ရှောင်ရွှမ်း နဲ့ ရှောင်ကျယ်တို့တွေ အိမ်ရှေ့မှာ စကားပြောနေတာ၊ ကိုယ် အကုန်ကြားတယ်…”

လင်းမိန်ဟွေ့၏ နှလုံးသားက စည်းချက် တစ်ချက်ခုန်ကျော်သွားခဲ့သည်။ စုန့်ယီ၏ အခန်းက အထူးနေရာ၌ ရှိနေသည်ကို သူမ အဘယ်ကြောင့် မေ့နေခဲ့ပါသနည်း။

လူအများ ဝင်ထွက်သွားလာနေသည်ဖြစ်သောကြောင့် မည်သည့် အသံမျှ သူ၏နားမှ လွတ်မည် မဟုတ်ပါ။

လင်းမိန်ဟွေ့ ပြုံး၍ ပြောလိုက်သည်။

“ဒါတွေက အကုန်ပြီးသွားပါပြီ၊ ကျွန်မ သူကို မနေ့ညကတည်းက ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပြီ.. အခု ဘယ်သူမှ ကျွန်မကို အနိုင်မကျင့်ရဲတော့ပါဘူး”

စုန့်ယီ၏ မည်းမှောင်သည့် မျက်လုံးများတွင် နာကျင်မှု အရိပ်အယောင်တိုးပေါ်လာခဲ့သည်။

“မင်း ကိုယ့်ကြောင့် အတော်လေး ဆင်းရဲဒုက္ခရောက်ခဲ့ရမှာပဲ”

လင်းမိန်ဟွေ့က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

ဆိုရလျှင် လင်းမိန်ဟွေ့က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်လိုခြင်းမဟုတ်ပါချေ။

ဆိုရလျှင် သူမ၏ အတိတ်ဘတွင် ဤအခြေအနေထက် များစွာ ဆိုးရွားခဲ့ရပေ၏။

ဟူကျွမ်ကို အကောင်းဆုံးနည်းဖြင့်ပြောရမည်ဆိုလျှင် မိန်းကလေးတစ်ဦး၏ မနာလိုစိတ်သက်သက်သာ ဖြစ်သည်။

သူမ အသုံးပြုသည့် ပရိယာယ်များကလည်း ကလေးဆန်သည်လုပ်ရပ်များသာ ဖြစ်ပေသည်။

ကျန်းမိသားစုနှင့် နှိုင်းယှဉ်သည့်အချိန်တွင် ဆယ်ရာခိုင်နှုန်းပင် မမီပါချေ။

ဟူကျွမ့်က သူမကို မည်သို့အန္တရာယ် ဖြစ်စေနိုင်မည်နည်း။ သို့သော်လည်း လင်းမိန်ဟွေ့အနေဖြင့် ဤစကားများကို စုန့်ယီအား လုံးဝ မပြောနိုင်ပါချေ။

စုန့်ယီက သူမ၏ တုံ့ဆိုင်းမှုနှင့် တိတ်ဆိတ်မှုကို မြင်လျှင် လင်းမိန်ဟွေ့က တိတ်တဆိတ် သည်းခံနေသည်ဟု ယူဆလိုက်မိသည်။

သူက စောင်ကို မ၍ ခုတင်ပေါ်မှ ဆင်းလိုက်သည်။

“မိန်ဟွေ့၊ ကိုယ့်ကို မြို့ကိုပဲပြန်ခွင့်ပြုပါတော့.. ကိုယ် အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တယ်.. ကိုယ် ပိုက်ဆံပိုရှာပြီး မင်းရဲ့ကျောင်းစရိတ်ကို ပြန်ပေးနိုင်မယ်”

“ရှင် ကျွန်မကို မကာကွယ်ပေးတော့ဘူးလား”

“ မင်း ဒီမှာတစ်ယောက်တည်းနေလို့ဖြစ်လာတဲ့ပြသနာထက် ကိုယ် ဒီကိုလာလို့ မင်းဆီမှာ ဖြစ်လာတဲ့ ဒုက္ခက အများကြီးပိုတယ်လို့ ကိုယ်ထင်တယ်.. ကိုယ် အိမ်ရှင်ကို မင်းဆီကို နေ့တိုင်း သွားကြိုဖို့ ပြောလို့ရတယ်

ဘာပဲဖြစ်ဖြစ် မင်းလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေတော့မှာဆိုတော့ အချိန်သိပာမကြာတော့ဘူး၊ ကိုယ် သူ့ကို လစာပေးထားလို့ရတာပဲလေ”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီ၏ ခိုင်မာသည့်စိတ်ဓာတ်ကို သိပေသည်။ သူမက ပန်းကန်ကို ချ၍ စုန့်ယီကို တွဲထူပေးလိုက်သည်။

“အစ်ကိုစုန့်ယီ၊ အရင်ကဖြစ်ခဲ့တာတွေက ကျွန်မဘက်ကနေ ကျောင်းသားချင်းဆက်ဆံရေးကို ကောင်းကောင်းမကိုင်တွယ်တတ်လို့ဖြစ်လာတာပါ၊

ရှင့်အမှားမဟုတ်ပါဘူး.. ရှင် အဆင်ပြေတဲ့အထိ ဒီမှာပဲ စိတ်ချလက်ချနေပေးပါလား၊ ပြီးတော့ ကျွန်မတို့ကို ညကျောင်းကို လိုက်ပို့၊ လိုက်ကြိုပေးပါ”

“မိန်ဟွေ့…ကိုယ်…”

စုန့်ယီ စကားအနည်းငယ် ပြောချင်ခဲ့သည်။

လင်းမိန်ဟွေ့က နောက်ဆုံးတွင် တက္ကသိုလ် တက်ရတော့မည် ဖြစ်သည့်အပြင် နောက်ပိုင်းတွင်လည်း ခရိုင်မှ ထွက်ခွာသွားတော့မည် ဖြစ်သည်။

သူမက ပို၍ ကောင်းမွန်သည့်နေရာသို့ သွား၍ အလုပ်လုပ်မည်၊ ပို၍ ကောင်းမွန်သည့်လူများကို တွေ့ဆုံပေလိမ့်မည်။

သူ့ကဲ့သို့ အသုံးမကျသည့် ကျေးလက်မှ လူတစ်ယောက်အတွက် အချိန်မဖြုန်းသင့်ပါချေ။

ဤအချိန်တွင် လင်းမိန်ဟွေ့က ဝက်သားဆန်ပြုတ်ကို စုန့်ယီ၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။

စုန့်ယီက ပါးစပ်ဖွင့်၍ ဖြည်းဖြည်းချင်း စားလိုက်ရလေ၏။

လင်းမိန်ဟွေ့၏ မျက်နှာပေါ်မှ အပြုံးကို မြင်လျှင် စုန့်ယီတစ်ယောက် အသက်ပြန်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။

All Chapters