အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း(123)
မွန်းတည့်ချိန်တွင် ဟူကျွမ့်က အသီးအနှံများကိုဝယ်ယူကာ စုန့်ယီကို လာရောက်တွေ့ဆုံခဲ့သည်။
သူမ အိမ်ထဲသို့ ဝင်လာသည်နှင့် လင်းရှောင်ရွှမ်းက မြင်သွားခဲ့လေသည်။
“ဘယ်သူလဲလို့တွေးလိုက်မိတာ၊ ငါတို့အတန်းဖော် ဟူကျွမ့်ပါလား ဘာဖြစ်တာလဲ အခု အခုတော့ သူများကို ဒုက္ခပေးဖို့ ယုံကြည်ချက်မရှိတော့ဘူးလား”
“ငါ မိန်ဟွေ့ဆီကိုသွားပြီး စုန့်ယီကို တောင်းပန်မလို့…”
လင်းရှောင်ရွှမ်းက သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အသေးဆုံးသော အိမ်လေးကို လက်ညှိုးထိုးပြလိုက်သည်။
“ဟိုဘက်မှာ သူတို့ရှိတယ်.. အဲဒီဘက်ကို သွား”
ဟူကျွမ် တံခါးနားသို့ရောက်သည့်အချိန်တွင် လင်းမိန်ဟွေ့က စုန့်ယီကို ပြောနေသည့်စကားများကို ကြားလိုက်ရသည်။
“ဟူကျွမ့်ဆီမှာ မကောင်းတဲ့စိတ်တွေနှင့် ရည်ရွယ်ချက် မရှိပါဘူး.. သူမက စာသင်ဖို့အတွကာ လမ်းကြောင်းရှာမတွေ့သေးလို့ အာရုံစိုက်တဲ့နေရာ လွဲမှားနေတာပါ…”
“သူက မင်းကို အဲဒီလောက်ထိ ဒုက္ခပေးနေတာတောင် မင်းက သူ့ဘက်ကနေ ကာကွယ်ပြောနေသေးလား၊ သူ့လိုလူမျိုးကို ဆရာက ကျောင်းကနေ ထုတ်ပစ်သင့်တယ်…”
“အစ်ကိုစုန့်ယီ ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဖို့ အခွင့်အရေးရဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ကူဘူး.
သူမက နောက်ဆိုရင် ဒီလိုမျိုးတွေ ထပ်လုပ်မှာမဟုတ်ပါဘူး၊ ဒီတစ်ခါတော့ စိတ်ထဲမှာမထားပါနဲ့တော့. သူမ လာရင်လည်း စိတ်မဆိုးပါနဲ့”
ဟူကျွမ့်တစ်ယောက် လင်းမိန်ဟွေ့၏ စကားများကို ကြားလျှင် သူမ၏ နှလုံးသားလည်း ထိခိုက်သွားခဲ့ရသည်။
လင်းမိန်ဟွေ့သည်က သူများအမှားများကိုပင် စိတ်ထဲတွင် ထည့်မထားသည့် ဤမျှစိတ်ထားဖြူစင်သူမျိုးဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။
ဟူကျွင့်တစ်ယောက် သူမ လုပ်ခဲ့သည်များကို ရှက်ရွံ့မိသကဲ့သို့၊ ပို၍လည်း နောင်တရမိသည်။
မျသူမသာ လေ့ကျစ်ကိုသာ သွားမရှာခဲ့ပါက စုန့်ယီသည်လည်း ဤမျှလောက် ပြင်းထန်သည့် ဒဏ်ရာများရလာလိမ့်မည် မဟုတ်ပါချေ။
ဟူကျွမ့် အိအ်တံခါးကို ခေါက်လိုက်ပြီး လင်းမိန်ဟွေ့၏အသံကို ကြားသည့်အချိန်မှ အထဲသို့ဝင်သွားခဲ့သည်။
ငှားရမ်းထားသည့်အိမ်၏ ရိုးရှင်းသည့် ပတ်ဝန်းကျင်ကို မြင်လိုက်ရပြီးနောက် သူမ၏ နှလုံးသားလည်းနာကျင်ထိခိုက်ခဲ့ရသည်။
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့အနေဖြင့် ဤမျှလောက်ခက်ခဲကြမ်းတမ်းသည့်ဘဝမျိုးတွင် နေရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။
“မိန်ဟွေ့၊ စုန့်ယီ၊ ကျွန်မ အရင်တုန်းက အဲဒီလိုလုပ်ရပ်မျိုးကို မလုပ်ခဲ့သင့်ပါဘူး..
တောင်းပန်ပါတယ်၊ ကျွန်မ ယူလာတဲ့ အသီးအနှံတွေကို လက်ခံပေးပါဦး…”
“အဲဒီအသီးတွေကို ထားလိုက်ပါ၊ နင့်ရဲ့အတွေးတွေကို ငါတို့အားလုံးသိပါတယ်။ အဓိကက ရှင် အစ်ကိုစုန့်ယီ ခွင့်လွှတ်တဲ့အထိ တောင်းပန်ဖို့ပဲ”
လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီကို ပြန်ကြည့်လိုက်ပြီး ဟူကျွမ့်သည်က ဤတစ်ကြိမ်တွင်အမှန်တကယ် နောင်တရနေပြီဖြစ်ကြောင်း ပြောလိုက်လေသည်။
အခန်းထဲမှ နံရံလေးဘက်လုံးမှာ ကြမ်းတမ်းသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အုတ်နီခဲများ ပေါ်နေနေခဲ့သည့်အတွက် အလွန်ပင်ရိုးရှင်းနေခဲ့သည်။
စုန့်ယီ၏ ခုတင်သည်လည်း အုတ်ပုံ လေးပုံပေါ် တင်ထားသည့် သစ်သားပြားတစ်ချပ်သာ ဖြစ်ပေသည်။ သတိမထားမိပါက အချိန်မရွေးပြိုကျသွားနိုင်ခြေရှိသည်။
ဟူကျွမ့်တစ်ယောက် သူမ၏ ထင်ရာစိုင်းခဲ့သည့် အမှားများကို ပြန်စဉ်းစားမိပြီးနောက် ရုတ်တရက် မျက်နှာများနီရဲသွားခဲ့ရသည်။ သူမအနေဖြင့် ကျောင်းသားအချင်းချင်း ဤသို့ အနိုင်ကျင့်ခြင်းသည် လုံးဝ မလုပ်သင့်ပါချေ။
စုန့်ယီသည်ကညး ဟူကျွမ့်ကို မြင်လိုက်သည့်အခိုက်တွင် ဒေါသများ ပြည့်နှက်နေခဲ့သည်။ ဤကဲ့သို့ ငယ်ရွယ်သည့်အချိန်တွင် စာကို ကြိုးစားသင်ကြားရမည့်အစား လူများကို ဒုက္ခပေးရန်သာတွေးနေခဲ့သည်။
သူမ ကြီးလာသည့်အချိန်တွင် မည်မျှပင် ဆိုးရွားလာမည်နည်း။
လင်းမိန်ဟွေ့သည်က အမြဲတစေ တခြားလူများအပေါ် ကြင်နာတတ်သည်။
လင်းမိန်ဟွေ့အနေဖြင့် သူမကို ထိခိုက်နစ်နာအောင်လုပာမည်မဟုတ်ပေ။
ဤမိန်းကလေးက မနာလိုစိတ်သက်သက်နှင့် လူများကို ဖျက်ဆီးမည်ဆိုလျှင် အလွန်ပက် ရက်စက်နေသည်မဟုတ်ပါလား။
သို့သော်လည်း စုန့်ယီက စကားလုံးများကိုပြန်လည်မြိုချလိုက်ရသည်။
လင်းမိန်ဟွေ့၏ စကားများကို နားထောင်ပြီးသည့်နောက် ဟူကျွမ့်ကို တာဝန်ယူခိုင်းရန်အတွက် တွေးတောထားသည်များကို စွန့်လွှတ်လိုက်လေသည်။
“မင်း ပြန်လိုက်တော့၊ ငါတို့ မင်းကို ခွင့်လွှတ်လိုက်ပြီ..နောက်ဆိုရင် စာကိုပဲ ကြိုးစားပြီး ဘယ်သူ့ကိုမှ မနှောင့်ယှက်ပါနဲ့တော့…”
ဟူကျွမ့်သည်ကား မည်သည်စကားကိုမျှ ထပ်မံမပြောရဲဘဲ အငှားအိမ်ထဲမှ ထွက်ခွာသွားခဲ့သည်။
မထွက်ခွာခင်၌ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့က သူမကို တံခါးဝတွင် တားဆီးကာ အကြိမ်ကြိမ် ဆူပူကြိမ်းမောင်းလိုက်သည်။
“လင်းမိန်ဟွေ့က စိတ်နူးညံ့တယ်ဆိုပြီး ထပာပြီး ဒုက္ခပေးမယာလို့ မတွေးနဲ့နော်၊ ငါတို့က နင့်ကို သွားခွင့်ပြုလိုက်ရင် အဆင်ပြေသွားပြီလို့ မထင်နဲ့
နောက်တခါ နင်ခပ်ပြီး ပြသနာရှာရင် နင့်အကြောင်းကို အတန်းဖော်အားလုံးရှေ့မှာ ပြောပြပစ်မယ်”
“မလုပ်ရဲတော့ပါဘူး.. အရင်ကဆိုရင် ငါ အမြဲတမ်းအသေးအမွှားကအစ ဂရုစိုက်တတ်ခဲ့မိတယ်၊ ဒါပေမဲ့ အခုတော့ ဘယ်တော့မှ မလုပ်တော့ပါဘူး”
လင်းရှောင်ရွှမ်းအနေဖြင့် လင်းမိန်ဟွေ့က ဟူကျွမ်ကို အဘယ်ကြောင့် အလွယ်တကူ ခွင့်လွှတ်လိုက်သည်ကို နားမလည်ခဲ့ပါချေ။ သူမသာဆိုလျှင် ဟူကျွမ့်ကို မျက်နှာပျက်အောင် လုပ်မည်မှာ သေချာသည်။
မည်သူပ အလွယ်တကူပြသနာမရှာနိုင်ကြောင်း လူတိုင်းကို သိအောင် လုပ်လိုက်ပါက ပြဿနာများစွာကို ရှောင်ရှားနိုင်မည်သာ ဖြစ်သည်။
ဟူကျွမ့် ထွက်သွားပြီးသည့်နောက် လင်းမိန်ဟွေ့က စုန့်ယီကို ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ ၊ အခု စိတ်ချလက်ချနေလို့ရပါပြီ. ကျောင်းက ကျွန်မရဲ့ အတန်းဖော်တွေက ကျွန်မကို ထပ်ပြီး အနိုင်ကျင့်ကြတော့မှာမဟုတ်ဘူး ဒီညနေကျရင်လည်း ဟူကျွမ့်က ကျွန်မကို အတန်းဖော်တွေရှေ့မှာ တောင်းပန်ပါလိမ့်မယ်”
ညနေဘက် ညကျောင်းတက်ပြီးသည့်နောက် ဟူကျွမ်က စင်မြင့်ပေါ်၌ ရပ်၍ အတန်းဖော်များ အလုံးစုံရှေ့၌ သူမ၏ တောင်းပန်စာကို ဖတ်ပြခဲ့သည်။
အတန်းထဲရှိ ကျောင်းသားများ အလုံးစုံက ဟူကျွမ်ကိုအထင်အမြင်သေးကာလှောင်ပြောင်ကြသည်။
သို့သော်လည်း ဟူကျွမ့်က သူမသာ ဤသို့မှ မလုပ်ပါက ကျောင်းဆက်တက်၍ ရမည်မဟုတ်ဘဲ ကျောင်းထုတ်ခံရမည် ဖြစ်သည်ကို စိတ်ထဲ၌ သိနေခဲ့သည်။
ဤအဖြစ်အပျက် ပြီးဆုံးသွားသည့်နောက်၌ အတန်းအတွင်း၌ သဟဇာတဖြစ်မှုနှင့် တိတ်ဆိတ်ငြိမ်သက်မှုတို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အတန်းဖော်များ အားလုံးက စာကို ကြိုးစားသင်ယူနေကြသည့်အပြင် လင်းမိန်ဟွေ့သည်လည်း နောက်ဆုံး၌ သူမ၏ စာသင်ကြားရေးကို အာရုံစိုက်နိုင်တော့သည်။
နှစ်ကုန်ပိုင်း၌ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့လည်း တစ်ဦးပြီးတစ်ဦး အိမ်ပြန်သွားကြသည်။
အတန်းထဲတွင် ရှိနေသူများကလည်း အိမ်သို့အသီးသီးပြန်သွားကြပြီး ခရိုင်တွင် နေထိုင်သည့် လူ အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ခရိုင်တွင်သာ နှစ်သစ်ကူးရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤသို့ဆိုပါက လင်းမိန်ဟွေ့တွင် စာကျက်ရန် အချိန်ပိုရလာလိမ့်မည်။
အပြင်ဘက်တွင် အေးစိမ့်ပြီး မှောင်မည်းနေခဲ့သည်။
ကျောင်းဆင်းပြီးသည့်နောက်တွင် လင်းမိန်ဟွေ့ အနည်းငယ် ကြောက်ရွံ့နေခဲ့လေသည်။
အထူးသဖြင့် အမျိုးသားအတန်းဖော်တချို့က တခြားသောလမ်းဘက်သို့ ထွက်သွားပြီးသည့်နောက်တွင် လူများက ပို၍နည်းလာခဲ့သည်။
သူမက ပြင်ဆင်ရေးဆိုင်သို့ သွားသည့်လမ်း၌ တစ်ဦးတည်း ဖြည်းဖြည်းချင်း လျှောက်ကာ ကိုယ့်ကိုယ်ကိုယ် အားပေးနေခဲ့သည်။
လမ်းတစ်ဝက်သို့ ရောက်သည့်အချိန်တွင် အလွန်အမင်းကြောက်လာခဲ့အြီး မနက်ဖြန်တွင် ငှားထားသောအိမ်၌ပင် စာကျက်လိုက်လျှင် ကောင်းမည်ဟုပင် တွေးမိသည်။
ဤအချိန်၌ပင် နောက်ဘက်မှ ဓာတ်မီးရောင် ရုတ်တရက် ထိုးလာခဲ့ပြီး လမ်းကို လင်းသွားစေသည်။
လင်းမိန်ဟွေ့အနေဖြငာ့ စုန့်ယီ သူမကို လာကြိုသည်ဟု ထင်ခဲ့သည်။
သို့သော် လှည့်ကြည့်လိုက်သည့်အခိုက်တွင် သူမ၏အတန်းဖော် နျဲဖေးဟုန်ကို တွေ့လိုက်ရသည်။
နျဲဖေးဟုန်မှာ အတန်း၏ ပညာရေးကော်မတီဝင်ဖြစ်သည်။
သူက ပုံမှန်အားဖြင့် စာကိုသာ နစ်ဝင်အောင် ကြိုးစားတတ်ပြီး သူများကိစ္စများ၌ မပတ်သက်တတ်ပါချေ။
လင်းမိန်ဟွေ့နှင့် ဟူကျွမ့်၏ ကိစ္စ ပေါ်ပေါက်သည့်အချိန်၌လည်း သူက စိတ်ဝင်တစား ကြည့်နေခြင်း မရှိသကဲ့သို့ မည်သည်ကိုမျှ လာရောက် တားဆီးခြင်းများ မရှိခဲ့ပေ။
လင်းမိန်ဟွေ့က သူ၏ စာကို အာရုံစူးစိုက်မှုကြောင့် နေက်တစ်ချိန်တွင် သူ အကြိုက်နှစ်သက်ဆုံးသော တက္ကသိုလ်သို့ အောင်မြင်စွာ ဝင်ခွင့်ရမည်ဟု ခံစားမိသည်။
“နျဲဖေးဟုန်၊ ရှင့်အိမ်က အနောက်ဘက်မှာ မဟုတ်ဘူးလား၊ ဒီနေ့ ဘာလို့ ဒီလမ်းကို လျှောက်လာတာလဲ”
“ကျွန်… ကျွန်တော် မင်းကို လိုက်ပို့တာပါ၊ မင်းတစ်ယောက်တည်း ကြောက်နေတာတွေ့လို့.. ညဘက်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အဖော်ရှိတာ ကောင်းမှာပဲလေ”
နျဲဖေးဟုန်က လင်းမိန်ဟွေ့ကို ကြည့်လိုက်သည်။ သူမက အဝတ်အစား အပါးလေးများကိုသာ ဝတ်ထားပြီး မျက်နှာသည်လည်း အအေးဒဏ်ကြောင့် နီရဲနေခဲ့သည်။
သို့သော် သူမ၏ မျက်လုံးများက အံ့သြစရာ ကောင်းစွာ တောက်ပနေခဲ့သည်။ နျဲဖေးဟုန်တစ်ယောက် လင်းမိန်ဟွေ့၏ မျက်လုံးများနှင့် ဆုံမိသည့်အချိန်တိုင်းတွက် အနည်းငယ် စိတ်လှုပ်ရှားသွားတတ်သည်။
လင်းမိန်ဟွေ့ကတော့ ဤအကြောင်းများကို ဂရုမစိုက်ပါချေ။
သူမက တစ်ဖက်လူကို အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။
“ရှင် ဒီလောက်ထိ ဒုက္ခခံစရာ မလိုပါဘူး.. အစ်ကိုစုန့်ယီက ကျွမ်မကို စက်ပြင်ဆိုင်မှ စောင့်နေတယ်”
“သူက ဘာလို့ ကျောင်းပေါက်ဝမှာ လာမကြိုတာလဲ”
“အထင်အမြင်လွဲမှားတာကို ရှောင်နိုင်အောင်လို့လေ၊ မဟုတ်ရင် တချို့လူတွေက အမြဲတမ်း အတင်းအဖျင်းပြောနေတာ၊ ဒါကြောင့် ကျွန်မ အစ်ကိုစုန့်ယီကို အဲဒီမှာ စောင့်ခိုင်းထားတာ”
*
အခန်း(124)
လင်းမိန်ဟွေ့၏စကားဆုံးသည်နှင့် သူတို့နှစ်ဦးလုံး တိတ်ဆိတ်သွားခဲ့သည်။ လုံးဝ အပြန်အလှန် စကားပြောဆိုမှု မရှိတော့ပေ။
လင်းမိန်ဟွေ့က စာသင်ခြင်းကိုသာ စဉ်းစားနေသည့်အတွက် တခြားလူများနှင့် ပြောစရာ အကြောင်းအရာများ မရှိခဲ့ပါချေ။
သူမ တိတ်ဆိတ်နေသည်ကို မြင်လျှင် နျဲ့ဖေးဟုန်က တမင်တကာ စကားစပြောရန် ကြံရွယ်လိုက်သည်။
“မင်းရဲ့ အိပ်မက်က ဘာလဲ”
ဤခေါင်းစဉ်သည်က အလွန်ကြီးမားလွန်းသည့်အတွက် လင်းမိန်ဟွေ့တစ်ယောက် ခဏတာအတွင်း မည်သို့ ဖြေရမည်ကိုပင်မသိ ဖြစ်သွားခဲ့သည်။
ဆိုရလျှင် မူလက လင်းမိန်ဟွေ့အနေဖြင့် စာသင်လိုသည့် စိတ်သက်သက်သာရှိသည်။ သူမ စာသင်ခန်းထဲတွင် ထိုင်၍ စာသင်ခွင့်ရလျှင် သူမ၏အိပ်မက် ပြည့်စုံပြီဟု ယူဆခဲ့သည်။
ညကျောင်းတက်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုနိုင်မည်ဟု သူမ မည်သည့်အချိန်ကမျှ မတွေးခဲ့ဖူးပေ။
ဤရက်များအတွင်း သူမက စာကျက်ခြင်းဖြင့်သာ အလုပ်များခဲ့သောကြောင့် အိပ်မက်အကြောင်းများ စဉ်းစားရန် အချိန်မရခဲ့ပေ။
ထို့ကြောင့် နျဲ့ဖေးဟုန်က သူမကို မေးလာသည့်အချိန်တွင် သူမ အံ့ဩသွားခဲ့ရသည်။
“ကျွန်… ကျွန်မမှာ ဘာအိပ်မက်မှ မရှိဘူး၊ ကျွန်မ ယဉ်ကျေးမှုကို ကောင်းကောင်းသင်ယူချင်တယ်
နောက်ပိုင်းမှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့သူ ဖြစ်ချင်တယ်
သူများရဲ့ ထိန်းချုပ်မှုအောက်မှာ အချိန်တွေရဲ့ ဆွဲခေါ်ရာကို မသွားချင်ဘူး. မတော်တဆ လဲကျပြီး ကိုယ်တိုင်လည်း မသိလိုက်ဘဲ ရောက်ချင်တဲ့နေရာကိုရောက်သွားတာမျိုး မဖြစ်ချင်ဘူး”
လင်းမိန်ဟွေ့ စကားပြောနေရင်းဖြင့် ကျောက်တုံးများကို ခြေထောက်နှင့် ကန်နေခဲ့သည်။
သူမ၏ စိတ်ထဲ၌ အရင်ဘဝက ကျန်းကျစ်ကုန်းက သူမကို လက်သီးနှင့်ထိုး၊ ခြေထောက်နှင့်ကန်၍ ကျန်းမိသားစုက သူမကို လာကြည့်ကာ ရယ်မောနေသည့် နေ့ရက်များကို မသိစိတ်က ပြန်လည်သတိရနေခဲ့သည်။
ဤကဲ့သို့ ဘဝမျိုးကို သူမ မည်သည့်အချိန်တိင်မျှ ပြန်မနေလိုပါချေ။ သူမ၏ ကံကြမ္မာကို သူမ ကိုယ်တိုင် ကောင်းစွာ ထိန်းချုပ်ထားလိုခဲ့သည်။
ကောင်းကင်ပေါ်မှ ကြယ်များက လင်းမိန်ဟွေ့၏ အတွေးများကို နားလည်သည့်ပမာ တောက်ပစွာ ထွန်းလင်းနေခဲ့သည်။ မှောင်မည်းနေသည့် ကောင်းကင်ကြီးပင် မှောင်မည်းမှု လျော့ကျသွားကြသကဲ့သို့ပင်။
လင်းမိန်ဟွေ့၏ လက်ရှိဘဝသည်က သူမ၏ ဆန္ဒအတိုင်း ဖြစ်လာလိမ့်မည်ဟု ဖော်ပြနေသကဲ့သို့။
နျဲ့ဖေးဟုန်တစ်ယောက် လင်းမိန်ဟွေ့၏ စကားများသည်အလွန် ကောင်းမွန်သည်ဟု ခံစားမိသည်။ ဟူကျွမ့်၏ ကိစ္စကို သူမ ကိုင်တွယ်ပုံနှင့် လုံးဝကို ဆင်တူသည်။
ရင့်ကျက်ပြီး ဆင်ခြင်တုံတရားရှိသည်။
“မိန်ဟွေ့၊ ကျွန်တော် တကယ်တော့ မင်းကို အစကတည်းက သတိထားမိခဲ့တာ၊ ဒါပေမဲ့ အဲဒီအချိန်က မင်းနဲ့ စုန့်ယီ ကြားက ကိစ္စက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတော့ မင်းရဲ့စာသင်တာကို နှောင့်ယှက်တာ မကောင်းဘူးလို့ ထင်လို့ ကျွန်တော်ဘာမှမပြောခဲ့တာ…”
လင်းမိန်ဟွေ့က သူမ ညကျောင်းသို့ စရောက်ချိန်တုန်းက အမှနာတကယ်ပင် စိတ်လှုပ်ရှားလွန်းနေခဲ့ကြောင်းကို သူ မြင်တွေ့ခဲ့သည်။
သူမက အခွင့်အရေးရသည့်အချိန်တိုင်း အမြဲတစေ ကြိုးစားအားထုတ်ခဲ့သည်။
သူမက ကြွားဝာလိုခြင်း မဟုတ်ပါချေ။ သင်ယူရသည့်အခွင့်အရေးက ရရှိရန် ခက်ခဲသည်ဟုသာ ခံစားရပြီး တတ်နိုင်သမျှကို ကြိုးစား၍ ဆုပ်ကိုင်လိုခဲ့ခြင်း ဖြစ်သည်။
“ကျွန်မ အဲဒီတုန်းက နည်းနည်းလေး ကြွားဝါးလွန်းသလိုဖြစ်ခဲ့တယ်…”
“မဟုတ်ဘူး၊ ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး.. စာသင်တဲ့နေရာမှာဆိုရင် လူတိုင်းက မင်းလိုပဲ တက်ကြွပြီး စိတ်အားထက်သန်သင့်တယ်၊
ကြောက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် မဖော်ပြရဲတာမျိုး မဖြစ်သင့်ဘူး၊ အဲဒီကိစ္စက ဟူကျွမ့်ရဲ့ ပြဿနာပါ၊ မင်းနဲ့ ဘာမှမဆိုင်ဘူး”
“ ကျေးဇူးတင်ပါတယ်၊ ရှင် ကျွန်မကို နားလည်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
လင်းမိန်ဟွေ့ အနည်းငယ် အံ့ဩသွားသည်။ ဤစကားလုံးများ တစ်လုံးစီက သူမ၏ နှလုံးသားထဲသို့ စီးဝင်သွားသကဲ့သို့ ခံစားရ၍ပြီး သူမ၏ စိတ်ထဲမှ ပိတ်ဆို့နေသည်များကို ပွင့်သွားစေခဲ့သည်။
နျဲ့ဖေးဟုန်က ပြုံးလိုက်ပြီး မှတ်စုစာအုပ်တစ်အုပ်ကို လင်းမိန်ဟွေ့၏ လက်ထဲ ထည့်ပေးလိုက်သည်။
“ဒါတွေက အရင်အတန်းတုန်းက ကျောင်းသားအစ်ကိုကြီးတွေဆီက ကျွန်တော်ငှားထားတဲ့ မှတ်စုတွေပါ.. အချိန်ရရင် ဖတ်ကြည့်ပြီး လိုအပ်တာတွေရှိမရှိ စစ်ဆေးကြည့်လို့ရတယ်၊
မင်းရဲ့စာသင်ကြားရေးအတွက် အထောက်အကူဖြစ်မှာ သေချာပါတယ်”
“ကောင်းပါပြီ၊ ကျေးဇူးအများကြီးတင်ပါတယ်.. ကျွန်မ ၏မှတ်စုတွေကို ရှာလို့မရမှာ စိုးရိမ်နေခဲ့တာ”
လင်းမိန်ဟွေ့က ဤနည်းလမ်းကို အရင်ကတည်းက စဉ်းစားဖူးသည်။
သို့သော်လည်း ခရိုင်အတွင်း၌ သူမ သိသည့်လူ အနည်းငယ်သာ ရှိသည့်အပြင် ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ကလည်း ဒေသခံများ မဟုတ်သည့်အတွက် ဤကဲ့သို့ မှတ်စုမျိုးကို လုံးဝ ငှား၍ မရနိုင်ခဲ့ပေ။
“မိန်ဟွေ့!”
စုန့်ယီ၏ အော်သံက သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို ဖြတ်တောက်လိုက်လေသည်။
နျဲ့ဖေးဟုန်လည်း ဓာတ်မီးနှင့် လာနေသည့် စုန့်ယီကို မြင်လျှင် လင်းမိန်ဟွေ့ကို နှုတ်ဆက်လိုက်သည်။
“မင်းရဲ့အစ်ကို ရောက်ပြီဆိုတော့ ကျွန်တော် အရင်ပြန်တော့မယ်.. မနက်ဖြန်ညနေကျရင် မင်းကို လိုက်ပို့ပေးမယ်”
“မလို…”
လင်းမိန်ဟွေ့က စကားကို အဆုံးသတ်အောင်မပြောရသေးခင်၌ပင် နျဲ့ဖေးဟုန်က အဝေး လွထွက်သွားခဲ့ပေပြီ။
လင်းမိန်ဟွေ့က မျက်ခုံးကိုအသာပင့်လိုက်ပြီး မှတ်စုစာအုပ်ကို သူမ၏ကျောင်းအိတ်ထဲ ထည့်လိုက်သည်။
ထို့နောက် စုန့်ယီနှင့်အတူ အိမ်သို့ လျှောက်သွားခဲ့သည်။
ဤရက်ပိုင်းများ၌ ရာသီဥတုက ပို၍ အေးလာခဲ့ပြီး ငှားထားသောအိမ်များမှ လူများသည်လည်း တစ်ဦးပြီးတစ်ဦး အိမ်သို့ပြန်ကြပေပြီ။
လင်းမိန်ဟွေ့က စုန့်ယီကို သူမ၏အနောက်ဘက်အခန်းသို့ ပြောင်းရွှေ့ခိုင်းခဲ့သည်။
ဤသို့ဆိုပါက မီးသွေးလည်းသက်သာ၍ ပို၍ နွေးထွေးစေလိမ့်မည်။ စုန့်ယီက သေးငယ်သည့်ခြံဝင်းထဲသို့ ပြောင်းလာချိန်က လင်းမိန်ဟွေ့မှ သူတို့ကို စုန့်ယီက သူမ၏အစ်ကို ဖြစ်ကြောင်း ပြောပြခဲ့သည်။
ထို့ကြောင့် အိမ်ရှင်က သူတို့နှစ်ဦး အတူနေသည်ကို မြင်သောအခါ၌လည်း မည်သည်ကိုမျှ မပြောခဲ့ပါချေ။
အခန်းထဲသို့ပြန်ရောက်ပြီးနောက် စုန့်ယီက ခေါက်ဆွဲကိုချက်ပြုတ်ခဲ့သည်။
ခေါက်ဆွဲဟင်းရည်က အငွေ့တထောင်းထောင်း ထွက်လာချိန်တွင် အခန်းက မွှေးအရနံ့များနှင့် ပြည့်နှက်နေခဲ့လေ၏။
စုန့်ယီအနေဖြင့် မူလက လင်းမိန်ဟွေ့၏ အတန်းဖော်များနှင့် ဆက်ဆံရေးကို ဝင်မစွက်ဖက်လိုခဲ့ပါချေ။
သို့သော်လည်း အဆုံးတွင်တော့ မနေနိုင်ဘဲ မေးလိုက်မိသည်။
“အဲဒီယောက်ျားလေးအတန်းဖော်က မင်းကို ကြိုက်နေတာလား”
“မဟုတ်ပါဘူး၊ သူက အခု လူတွေ နည်းလာတာမြင်တော့ ကျွန်မ ကြောက်နေမှာစိုးလို့ လိုက်ပို့ပေးတာပါ…”
“သူ မင်းကို ဘာပေးသွားလဲ၊ မင်းဆီကိုတစ်ခုခုပေးခဲ့တာကို ကိုယ်မြင်လိုက်တယ်”
“မှတ်စုစာအုပ်လေ၊ အရင်အတန်းက အစ်ကိုကြီးတစ်ယောက်ဆီကလို့ သူပြောတယ်၊ ဒီလိုမှတ်စုစာအုပ်မျိုးက ကျွန်မ စာသင်တာကို အများကြီး အထောက်အကူပြုမယ် ထင်လို့ ငှားထားတာ”
လင်းမိန်ဟွေ့က စာဖတ်နေသည့်အတွက် စုန့်ယီ၏ မေးခွန်းများကို အာရုံမစိုက်မိခဲ့ပါချေ။
သူက နေ့စဉ် မေးနေကျအတိုင်း မေးခြင်းဟုသာ ထင်နေခဲ့သည်။ ညစာစားပြီးသည့်နောက် လင်းမိန်ဟွေ့က ခုတင်ပေါ်၌ လဲလျောင်း၍ စာဖတ်နေခဲ့သည်။
စုန့်ယီသည်က ပန်းကန်များ ဆေးကြောပြီးသည့်နောက် သူ၏ လျှပ်စစ်ပစ္စည်းကိုပြင်ဆင်ရေးလက်စွဲစာအုပ်ကို ဖတ်နေခဲ့သည်။
သူတို့နှစ်ဦးလုံးက တိတ်ဆိတ်ငြိမ်သက်နေခဲ့လေ၏။ အခန်းအတွင်းရှိ မီးရောင်ကြောင့်သာ အခန်းလေးတစ်ခန်းလုံး နွေးထွေးတိတ်ဆိတ်နေခဲ့သည်။
စုန့်ယီက သူ၏မျက်လုံးများကို စာအုပ်ပေါ်တွင်သာ အခြေချထားခဲ့သည်။
သို့သော် သူ၏စိတ်ထဲ၌ ထိုအတန်းဖော်က လင်းမိန်ဟွေ့နှင့် စကားပြောနေပုံကိုပြန်တွေးနေခဲ့မိကာ တစ်ဖက်လူ၏မျက်လုံးများက လင်းမိန်ဟွေ့ကိုသာ ချစ်ခြင်းမေတ္တာအပြည့်နှင့် စိုက်ကြည့်နေသကဲ့သို့ ခံစားနေခဲ့ရသည်။
စုန့်ယီက အလွန်အမင်း အတွေးလွန်တတ်သူမဟုတ်ပါချေ။ လင်းမိန်ဟွေ့ ကျောင်းတက်သည့်အချိန်တွင် သူ၏ အတန်းဖော်တချို့ သူမ၏အနီးသို့ ချဉ်းကပ်ပြီး သူမကို သဘောကျကြမည်ကို ကြိုတင်သိရှိထားသည်။
သို့သော်လည်း တကယ်တမ်း ကြုံတွေ့ရသည့်အချိန်တွင် သူ၏ နှလုံးသားထဲ၌ ဖော်မပြနိုင်သော ဆုံးရှုံးသည့် ခံစားချက်နှင့် စိုးရိမ်ပူပန်မှုများသာ ရှိနေခဲ့သည်။
အထူးသဖြင့် ထိုအတန်းဖော်က လင်းမိန်ဟွေ့အား စာသင်ရာတွင် ကူညီပေးနိုင်သော်လည်း သူသည်က လင်းမိန်ဟွေ့အတွက် ခေါက်ဆွဲတစ်ပွဲသာ ချက်ပြုတ်ပေးနိုင်ခဲ့သည်။
ဤသို့သော ကွာဟမှုက သူ့ကိုယ်သူ အမှမ်တကယ်ပင် ညံ့ဖျင်းသည်ဟု ခံစားစေသည်။
စုန့်ယီအနေဖြင့် ထိုအတန်းဖော်ယောက်ျားလေး၏ အပြုအမူများအကြောင်းကို လင်းမိန်ဟွေ့ဆီသို့ မေးမြန်းလိုသော်လည်း စကားလုံးများက ပါးစပ်ဖျားသို့ ရောက်သည်နှင့် ပြန်မျိုချလိုက်ရသည်။
လင်းမိန်ဟွေ့က စာအုပ်ကိုကိုင်ပြဦး အိပ်ရာပေါ်၌ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်ဖြစ်လေ၏။
သူ တိတ်တဆိတ် လျှောက်သွားကာ သူမ၏လက်ထဲမှ စာအုပ်နှင့် ဘောပင်ကို ယူပြီး ဘေးတွင် ချထားလိုက်သည်။
ထို့နောက် စောင်ကို ညင်သာစွာ ဆွဲယူ၍ ခြုံပေးလိုက်သည်။
ပြီးသွားသည့်နောက်တွင် သစ်သားခုတင်ဆီ ပြန်သွားကာ လှဲချလိုက်ပြီး မီးပိတ်လိုက်လေ၏။
ထို့နောက် မကြာခင်ကျရောက်လာမည့် နှစ်သစ်ကူးပွဲတော်ကို မည်သို့ ကျင်းပရမည်နည်းဟု တိတ်တဆိတ် တွေးတောနေခဲ့သည်။
တကယ်တမ်းတွင် စုန့်ယီအနေဖြင့် ယွမ်ကျန်းမြို့သို့ ပြန်ရန်လည်း စဉ်းစားခဲ့သေးသည်။
မြို့ထဲတွင် ချန်အန်းသယ်နှင့် ဝမ်ဟန့်တို့ ရှိနေသောကြောင့် မည်သို့ပင် ဖြစ်စေ သူငယ်ချင်းတချို့တော့ ရှိပေသည်။
သို့သော်လည်း လင်းမိန်ဟွေ့က ခရိုင်၌ပင် ဆက်လက်နေထိုင်လိုကာ စာသင်ရန် ဆုံးဖြတ်လိုက်သည့်အတွက် သဘောတူရုံသာတတ်နိုင်ခဲ့သည်။
သို့သော် ဤအိမ်ခန်းလေးက ရိုးရှင်းပြီး လျှပ်စစ်အိုးလေး တစ်လုံးသာ ရှိသည်။
နှစ်သစ်ကူးပွဲတော်က နောက်ရက်အနည်းငယ်အတွင်း ရောက်ရှိတော့မည်ဖြစ်၍ သူ့အနေဖြင့် လင်းမိန်ဟွေ့အား မည်သို့ နွေးထွေးသည့် နှစ်သစ်ကူးပွဲတော်လေး ပေးရမည်နည်းဆိုသည်မှာ တွေးတောစရာဖြစ်နေခဲ့လေ၏။