အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း(125)
နောက်နေ့ နံနက်စောစော လင်းမိန်ဟွေ့ နိုးလာပြီးနောက် သူနှင့် စုန့်ယီတို့က ငှားရမ်းထားသည့်အိမ်ကို ခေတ္တမျှ သန့်ရှင်းရေး ပြုလုပ်ခဲ့သည်။
ပြီးနောက် သူတို့နှစ်ယောက်က ဈေးမှ ပြတင်းပေါက်အလှဆင်ပစ္စည်းများနှင့် နှစ်သစ်ကူးကဗျာများအပြင် သကြားလုံးနှင့် အစားအစာအချို့ပါ ဝယ်ယူကာ ငှားရမ်းထားသည့်အိမ်ကို ရိုးရှင်းစွာ သပ်ရပ်အောင် ပြင်ဆင်ခဲ့သောကြောင်း ပုံမှန်ထက် အနည်းငယ်ပိုမိုကောင်းမွန်လာသည်။
လင်းမိန်ဟွေ့သည် တိတ်ဆိတ်ခြောက်သွေ့နေသည့် အခန်းကို ကြည့်၍ အနည်းငယ်နောင်တရသွားသည်။
“အစ်ကို စုန့်ယီ၊ ကျွန်မ တကယ်ပဲ ရှင့်ကို ဒုက္ခပေးမိပြီ၊ ရှင် ကျွန်မနဲ့အတူ ဒီငှားထားတဲ့ အိမ်မှာပဲ နှစ်သစ်ကူးကို ဖြတ်သန်းခိုင်းရတော့မယ်”
စုန့်ယီက သူတို့ ဝယ်လာသည့် ပစ္စည်းများကို သိမ်းဆည်းနေခဲ့ကာ ပြန်ရှာရ မခက်ခဲစေရန် တစ်ခုချင်းစီ စီစီရီရီ ထားနေသည်။
“မင်းနဲ့အတူရှိနေရင် ဘယ်နေရာမှာပဲ နှစ်သစ်ကူး ကျင်းပပါစေ အရေးမကြီးပါဘူး၊ ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် မှီခိုပြီးနေရင် တစ်ယောက်ရှိနေတဲ့အိမ်က အိမ်ပဲလေ”
စုန့်ယီက ပြန်ပြောလိုက်သည်။
“ဟုတ်တယ်၊ အစ်ကိုစုန့်ယီ ပြောတာ အမှန်ပဲ၊ ကျွန်မတို့ အတုဋ္ဌွိနေတဲ့နေရာက အိမ်ပဲ”
လင်းမိန်ဟွေ့ စကားဆုံးသည်နှင့် တစ်စုံတစ်ဦးက ခြံထဲမှ အော်ခေါ်နေသည့်အသံကို ရုတ်တရက် ကြားလိုက်ရသည်။
“မိန်ဟွေ့၊ စုန့်ယီ၊ မင်းတို့ကို လာတွေ့တာ၊ အစားအသောက်တွေ အများကြီး ယူလာခဲ့တယ် လာယူကြဦး၊ မဟုတ်ရင် သယ်နိုင်မှာ မဟုတ်တော့ဘူး”
လင်းမိန်ဟွေ့ တံခါးဖွင့်လိုက်သည့်အခါ ချန်အန်းသယ်၊ ဝမ်ဟန့်၊ ဝမ်မေ့လီနှင့် ကျန်းရှူရှတို့ကို တွေ့လိုက်ရသည်။
သူတို့ တစ်ဦးစီ၌ အထုပ်ကြီးများ ပြည့်ကျပ်စွာ ကိုယ်စီသယ်လာကြသည်။
“ချန်အန်းသယ်က မင်းတို့ နှစ်သစ်ကူးအတွက် ပြန်မလာဘူးဆိုလို့ ငါတို့ လာတွေ့တာ၊ အေးခဲထားတဲ့ ဖက်ထုပ်တွေ၊ ကြက်ပေါင်တွေ၊ နှစ်သစ်ကူး အစားအသောက်တချို့ ယူလာခဲ့တယ်၊ မင်းတို့ ဘာတွေလိုနေသေးလဲ ကြည့်လိုက်ဦး.. ငါတို့ ကူညီဝယ်ပေးမယ်”
ဝမ်မေ့လီက အရင်အတိုင်း စိတ်အားထက်သန်နေဆဲပင်ပင်ဖြစ်သည်။ သူမက အိတ်ထဲမှ ပစ္စည်းများကို ထုတ်လိုက်သည်။
အမှန်တကယ်ပင် ကြက်ပေါင်များ၊ အသားလုံးများ၊ ငါးများ၊ ပြင်ဆင်ပြီးသား ဝက်အူချောင်းဟင်းများ ပါဝင်သည်။
အစားအစာများများစွာ ရှိပြီး မြင်ရသည်က တောက်ပနေပေသည်။ ဤအရာများမှာ ဈေးကွက်၌ ဝယ်ယူ၍မရသည့် ပစ္စည်းများပင် ဖြစ်သည်။
လင်းမိန်ဟွေ့၏ မျက်လုံးများ နီရဲလာခဲ့ရသည်။
စုန့်ယီသည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ကာ လူတိုင်းအား ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ မိန်ဟွေ့နဲ့ ကျွန်တော်က ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိဘူး၊ နေ့လယ်စာအတွက် ဒီမှာပဲစားကြလေ၊ ကျွန်တော် ဧည့်ခံပါ့မယ်...”
ကျန်းရှူရှက လင်းမိန်ဟွေ့အား တစ်ချက်ကြည့်ကာ ဆူလိုက်သည်။
“ခရိုင်ထဲကို ကျောင်းတက်ဖို့လာပြီး ပိုက်ဆံလိုရင် ကျွန်မကို ပြောသင့်တယ်၊ ကျွန်မဆီမှာ အရေးပေါ်အတွက် ချန်ထားဖို့ ပိုက်ဆံအပိုတွေ ရှိပါသေးတယ်”
ကျန်းရှူရှပ သူမ၏အိတ်ထဲမှ ယွမ် ၁၀၀၀ ကျော်ကို ထုတ်ယူကာ လင်းမိန်ဟွေ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ လင်းမိန်ဟွေ့က ထိုပုက်ဆံများကို မည်သည့်အကြောင်းပြချက်နှင့်မျှ မလိုချင်ပေ။
ကျန်းရှူရှက လင်းမိန်ဟွေ့လက်ကို ပုတ်၍ ပြောလိုက်သည်။
“ဒီပိုက်ဆံကို ယူထားပြီး ကျွန်မဘက်က မင်းကို ချေးတယ်လို့ သဘောထားလိုက်ပါ၊ မင်း ပိုက်ဆံရရင် ပြန်ဆပ်လို့ ရတယ်
ပြီးတော့ ကျွန်မရဲ့ဆိုင်ကလည်း အခု ဝင်ငွေကောင်းနေပြီ၊ ကံကောင်းလို့ မင်းစကား နားထောင်မိတာ၊ မဟုတ်ရင် အခု ဘယ်လောက် လျော်ကြေးပေးရမယ်ဆိုတာတောင် ကျွန်မ မသိဘူး”
ချန်အန်းသယ်သည်လည်း သူ၏အိတ်ကပ်ထဲမှ ယွမ် ၂၀၀၀ ထုတ်၍ လင်းမိန်ဟွေ့အား ပေးလိုက်သည်။
“ဒါက ဆိုင်ရဲ့ လအတော်ကြာ အမြတ်ဝေစုတွေပဲ၊ မိန်ဟွေ့၊ ဒါကို ယူထားလိုက်၊ နောက်ဆိုလည်း အချိန်မှန် ပေးပါ့မယ်”
“ဒါတော့ မဖြစ်ဘူး ချန်အန်းသယ်၊ ဆိုင်က ပိုက်ဆံအများကြီး ရှာလို့ မရဘူးလေ”
“မိန်ဟွေ့၊ အခုက မင်းနဲ့ စုန့်ယီ ဒုက္ခရောက်နေတဲ့ အချိန်လေ၊ ငါတို့က မင်းတို့ကို မကူညီရင် ဘယ်သူ ကူညီမှာလဲ”
ချန်အန်းသယ်က ဤသို့ မလာမီကပင် စဉ်းစားပြီးသား ဖြစ်သည်။
ယခုမှစ၍ စားသောက်ဆိုင်သည် လင်းမိန်ဟွေ့နှင့် စုန့်ယီအား အမြတ်ဝေစု ဆက်လက်ပေးဦးမည်ပင် ။ သို့သော် နောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်ကတော့ သူဖြစ်လာလိမ့်မည်။
ထိုအခြေအနေက သူ၏အဖေကို အထူးပျော်ရွှင်စေပြီး သူ၏သားကို လမ်းမှန် ရောက်စေရန် ကူညီပေးသည့်အတွက် လင်းမိန်ဟွေ့အား ကျေးဇူးတင်ကြောင်းပြသရန် ယွမ် ၁၀၀၀ ပေးလိုသည်ဟုပင် ပြောခဲ့သည်။
ချန်အန်းသယ်က ဤသည်ကို တောင်းဆိုခဲ့သည် မဟုတ်ပေ။ သူက သူ၏ကိုယ်ပိုင်အရည်အချင်းနှင့် လင်းမိန်ဟွေ့နှင့် စုန့်ယီအား ကူညီလိုခဲ့ခြင်းဖြစ်သည်။
ဝမ်မေ့လီက အနည်းငယ် ရှက်နေခဲ့ကာ လက်ဝါးများကို ပွတ်သပ်လိုက်သည်။
“မိန်ဟွေ့၊ မင်းလည်း သိပါတယ်၊ မင်းရဲ့ ဝူကောနဲ့ ငါ့မှာ ပိုက်ဆံအများကြီး မရှိဘူး၊ ငါတို့ မင်းအတွက် ပိုက်ဆံ မယူလာခဲ့ဘူး ဒီအစားအသောက်တွေပဲ ယူလာခဲ့တယ်၊
မင်းနဲ့စုန့်ယီတို့ ဘာပဲ လိုအပ်တာရှိရှိပြောလို့ရတယ်၊ ငါ့အပေါ် မရှက်နေပါနဲ့”
လင်းမိန်ဟွေ့သည်က လူတိုင်းထံမှ ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာများကို ခံစားရပြီး ချက်ချင်းပင် ဝမ်မေ့လီအား ဖက်လိုက်သည်။
“အစ်မဝမ်၊ ကျွန်မရဲ့မိဘတွေက ကျွန်မအတွက် ဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ပေးဖူးဘူး၊ ကျွန်မ အရမ်းကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”
ဝမ်မေ့လီတစ်ယောက် လင်းမိန်ဟွေ့မိဘများ၏ မိုက်ရိုင်းသည့် အပြုအမူများကို အရင်က မြင်ဖူးသည့်အတွက် လင်းမိန်ဟွေ့၏ ကျောကို ပုတ်၍ ပြောလိုက်သည်။
“ရပြီ၊ အဲဒီ မကောင်းတဲ့အရာတွေ မစဉ်းစားနဲ့တော့၊ စုန့်ယီနဲ့အတူ နှစ်သစ်ကူးကို ကောင်းကောင်း ဖြတ်သန်းပါ ငါတို့အားလုံး မင်းကို သတိရနေပါတယ်”
ချန်အန်းသယ်က ပစ္စည်းများ ဝယ်ယူလိုသည့်အတွက် လူတိုင်းကို ငှားရမ်းထားသည့်အိမ်မှ ဆွဲထုတ်သွားသည်။ လူတိုင်း ထွက်ခွာသွားသည့်နောက် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က သူတို့ ယခုအချိန်တွင် ချမ်းသာကြွယ်ဝသူများဖြစ်လာပြီဟု သဘောပေါက်လိုက်ကြသည်။
*
ညကျောင်းက အားလပ်ရက် ရှည်ပေးထားခဲ့သည်။
သို့သော် ကျောင်းသားတချို့က ခရိုင်မြို့မှ ဖြစ်ပြီး အတန်းကျောင်း၏သော့များကိုလည်း အစောင့်အား အပ်နှံထားသည့်အတွက် လွတ်လပ်စွာ ဝင်ထွက်နိုင်ခဲ့သည်။
လင်းမိန်ဟွေ့၌ ပြင်ဆင်စရာ မည်သည့်အရာမှ မရှိသည့်အတွက် ကျောင်းသို့ စောစောလာ၍ စာလုပ်ခဲ့သည်။ အတန်းထဲ ဝင်လိုက်သည့်အခါ နျဲ့ဖေးဟုန်အား တွေ့လိုက်ရဘေသည်။
လင်းမိန်ဟွေ့က သူမ ယူလာသည့် အစားအစာများကို နျဲ့ဖေးဟုန်အား ပေးလိုက်သည်။
“ကျွန်မရဲ့ သူငယ်ချင်းတွေ ယူလာပေးခဲ့တာပါ၊ ရှင် ဒါကို စားကြည့်ပါဦး၊ အရသာအရမ်း ကောင်းတယ်”
နျဲ့ဖေးဟုန်က သူ၏ရှေ့မှ ကြက်ပေါင်များကို မြင်သည့်အခါ ပြုံးလိုက်သည်။
“မင်းပဲ စားလိုက်ပါ၊ ငါ့အိမ်မှာ အများကြီး ရှိတယ်”
တကယ်တမ်းတွင် လင်းမိန်ဟွေ့အနေဖြင့် နျဲ့ဖေးဟုန်၏ မိသားစု ချမ်းသာကြောင်းကို သတိထားမိပေသည်။ သူ ဝတ်စားသည့်ပုံစံဖြစ်စေ၊ သူ စကားပြောသည့်ပုံစံဖြစ်စေ၊ ချမ်းသာသည့် မိသားစုများထံမှသာ လာသည့် အပြုအမူမျိုးကို ပြသနေသည်။
ချန်အန်းသယ် ဝတ်ဆင်ထားသော အဝတ်အစားများနှင့် တူညီသော်လည်း သူ ဝတ်လိုက်သည့်အချိန်တွင် အလွန်ပင် မြင့်မြတ်သည်ဟု ခံစားစေသည်။
လင်းမိန်ဟွေ့က ရှက်ရွံ့စွာပြုံး၍ ကြက်ခြေထောက်ကို ပြန်ယူလိုက်သည်။
“စိတ်မကောင်းပါဘူး၊ တစ်ခါတလေ တခြားသူတွေရဲ့ ခံစားချက်ကို ကျွန်မ မစဉ်းစားမိဘဲ အရမ်းကို စိတ်အားထက်သန်မိတယ်မလား”
သူမ၏အမူအရာကို မြင်လျှင် နျဲ့ဖေးဟုန်သည် လင်းမိန်ဟွေ့၏လက်ထဲမှ ကြက်ပေါင်ကိုယူပြီး တစ်ကိုက်ကိုက်လိုက်သည်။
“မဟုတ်ပါဘူး၊ ကျွန်တော်က မင်း ဗိုက်မပြည့်မှာကို စိုးရိမ်လို့ပါ”
လင်းမိန်ဟွေ့က နှုတ်ခမ်းကို ဖိကိုက်၍ ပြုံးလိုက်သည်။
“ရတယ် ကျွန်မဆီမှာအများကြီးရှိတယ်၊ အရင်က ကျွန်မရဲ့ အိမ်နီးချင်းတွေ ပို့ပေးလိုက်တာ၊ ဒါကြောင့် စိတ်မပူဘဲ စားလို့ရပါတယ်”
နျဲ့ဖေးဟုန်က တုံ့ဆိုင်းခြင်းမရှိဘဲ စားလိုက်သည်။ သူ၏ အမူအရာများက လင်းမိန်ဟွေ့အားပင် ရယ်မောစေခဲ့သည်။
သူတို့နှစ်ဦး စကားပြောပြီး ရယ်မောနေချိန်တွင် ကျောင်းသားများက တစ်ဦးပြီးတစ်ဦး အတန်းထဲ ဝင်လာကြသည်။
လင်းမိန်ဟွေ့လည်း သူမ၏ပစ္စည်းများကို သိမ်းဆည်းပြီး နေရာသို့ ပြန်သွားကာ စာလုပ်ခဲ့သည်။
အပြင်၌ မီးရှူးမီးပန်းများ ပစ်ဖောက်နေသည့်အတွက် ပွဲလမ်းသဘင်အငွေ့အသက်က ပိုမို၍များပြားလာခဲ့ပြီ။
လင်းမိန်ဟွေ့က အတန်းထဲ၌ ထိုင်ပြီး စာအုပ်ဖတ်နေသော်လည်း သူ၏ရင်ထဲ၌ နက်ရှိုင်းသော ပျော်ရွှင်မှုကို ခံစားနေရသည်။ သူ၏ အရင်ဘဝ၌ ဤသို့သောနေ့မျိုးကို သူ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
တောက်ပသည့် အတန်းကျောင်းထဲ၌ ထိုင်၍ ကြက်ပေါင်စားရင်း စာသင်နိုင်သည်။
မမျှော်လင့်ဘဲ ဤဘဝတွင်မူ သူမ၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများဖြင့် ဤအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ။
ကျောင်းဆင်းသည့်နောက် နျဲ့ဖေးဟုန်နှင့် လင်းမိန်ဟွေ့တို့ ဘေးချင်းကပ် လျှောက်လာကြသည်။
သူတို့နှစ်ဦးက အရင်ကထက် စကားပိုမိုပြောဖြစ်ကြပြီး ပညာရေးဆိုင်ရာ ကိစ္စများအကြောင်း ပိုမို၍ ဖလှယ်ဖြစ်ကြသည်။
လင်းမိန်ဟွေ့သည်လည်း တစ်ဖက်လူ၌ ထူးချွန်သည့် အရည်အသွေးများစွာ ရှိသည်ဟု ခံစားရသည်။ သူ့နှင့်အတူ ရှိသည့်အချိန်တွင် စကားပြောရန် အကြောင်းအရာများ အဆုံးမရှိသည့်နှယ် ထင်ရသည်။
မသိလိုက်ဘဲ စုန့်ယီလျှပ်စစ်ပစ္စည်းပြင်သည့် ဆိုင်နားသို့ရောက်လာသည်။ နျဲ့ဖေးဟုန်က အဝေးမှ စုန့်ယီအား မြင်လိုက်ရသောကြောင့် လင်းမိန်ဟွေ့အား ပြုံးပြလိုက်သည်။
“မင်းရဲ့ အစ်ကို ရောက်နေပြီ”
လင်းမိန်ဟွေ့လည်း စုန့်ယီအား မြင်သည့်အခါ မျက်လုံးများ တောက်ပလာပြီး နျဲ့ဖေးဟုန်ဘက် လှည့်၍ ပြောလိုက်သည်။
“ဒါဆို မနက်ဖြန်တွေ့မယ်၊ အဲဒီကျမှ ဆက်ပြောကြတာပေါ့”
နျဲ့ဖေးဟုန်က အလျင်စလို နှုတ်ဆက်မသွားပေ။ ခေတ္တမျှ တွေဝေပြီး သူ၏အိတ်ထဲမှ စာဖိုင်တစ်ခုကို ထုတ်ယူ၍ ပြောလိုက်သည်။
“ဒီအချက်အလက်ကို ကျွန်တော့်ရဲ့ဝမ်းကွဲဆီကနေရခဲ့တာ၊ ဒါက တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းပုံစံပဲ
မင်း ပြန်ယူသွားပြီး ဖတ်ကြည့်လို့ ရတယ် ကျွန်တော် သဘက်ခါမှ ပြန် ယူပါ့မယ်”
လင်းမိန်ဟွေ့လည်း သိပ်မစဉ်းစားဘဲ မေးခွန်းကိုယူပြီး နီဖေးဟုန်အား ကျေးဇူးတင်စကားပြောကာ စုန့်ယီဆီသို့ အလျင်အမြန် သွားသည်။
ညက မှောင်မည်းနေပေပြီ။
*
အခန်း(126)
လင်းမိန်ဟွေ့ စုန့်ယီ၏အနားသို့ ပြေးသွားခဲ့ ပြီး သူ၏လက်မောင်းကို ဆွဲကိုင်ကာ ယနေ့ကျောင်းတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ပြောပြခဲ့သည်။
ထိုအချိန်တွင် ဘေးဘက်တွင်ရှိနေသော အိမ်ထဲမှ တစ်စုံတစ်ဦးက ဆော့ကစားနေရင်း ရုတ်တရက်အော်ဟစ်လိုက်သည့်အတွက် လင်းမိန်ဟွေ့ လန့်သွားရသည်။
သူမက ခြေလှမ်းပင် မှားသွားခဲ့ကာ စုန့်ယီ၏ ရင်ခွင်ထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့က ယုန်လေးတစ်ကောင်ကဲ့သို့ ကြောက်လန့်နေသည်ကို မြင်လျှင် သူ၏နှုတ်ခမ်းထောင့်များက မကော့ညွှတ်ဘဲ မနေနိုင်တော့ပေ။
အသံတိတ်သွားပြီးနောက် လင်းမိန်ဟွေ့လည်း ပုံမှန် ပြန်ဖြစ်သွားရသည်။
“မိန်ဟွေ့၊ မနက်ဖြန် ကျောင်းကိုမသွားနဲ့တော့...”
“ဒါပေမဲ့ ကျောင်းက မနက်ဖြန်လည်း ဖွင့်ဦးမှာလေ၊ ကျောင်းသားတွေ အများကြီး သွားကြလိမ့်မယ်.၊ ကျွန်မလည်း သွားချင်တာ...”
စုန့်ယီအနေဖြင့် သူမအား ခဏတာလောက် အနားယူစေလိုပေ၏။
လင်းမိန်ဟွေ့က ဤရက်များ၌ အလွန်ပင် ပင်ပန်းနေခဲ့ကာ ပိန်ကျသွားသည်ကို မြင်လျှင် အလွန်ပင် စိတ်မကောင်းဖြစ်သွားရလေသည်။
“မိန်ဟွေ့၊ ကိုယ် ခရိုင်အပြင်ဘက်ကို တစ်ခါမှ မရောက်ဖူးဘူး၊ ဒါမှမဟုတ် ကိုယ်တို့ အပြင်ဘက်ကို ခဏလောက် သွားကြည့်ကြမလား”
လင်းမိန်ဟွေ့လည်း စုန့်ယီအား ကြည့်ပြီး တူညီစွာပင် ခံစားလိုက်ရသည်။
သူမက နေ့စဥ်နေ့တိုင်း အလုပ်ရှုပ်နေခဲ့ပြီး ပျော်ရွှင်စရာဘဝအကြောင်းကို လုံးဝနီးပါးမေ့နေခဲ့ပေပြီ။
လူတိုင်းက ပိုမိုကောင်းမွန်သည့် ဘဝတစ်ခုအတွက် ကြိုးစားခြင်းသာဖြစ်ပေ၏။
သို့မဟုတ်ပါက အဘယ်ကြောင့် ဤမျှ အပင်ပန်းခံကြမည်နည်း။
လင်းမိန်ဟွေ့ ခေတ္တမျှ စဉ်းစားပြီး သဘောတူလိုက်သည်။
“ကျွန်မတို့ အပြင်ထွက်ချင်ရင် ပေကျင်းကို သွားကြစို့၊ အဲဒီမှာ ရှိနေတဲ့တက္ကသိုလ်တွေကိုလည်း သွားပြီးလည်ပတ်ချင်တယ်
တကယ်လို့ တစ်နေ့နေ့မှာ ကျွန်မလည်း ပေကျင်းက တက္ကသိုလ်တစ်ခုကို တကယ်ကြီး ဝင်နိုင်ပြီး ကျွန်မရဲ့ အိပ်မက်တွေကို စတင်နိုင်တာလည်း ဖြစ်နိုင်တာပဲ”
“ဒါဆို ဒီလိုပဲ ဆုံးဖြတ်ကြတာပေါ့.. လောလောဆယ် ချန်အန်းသယ် ပေးထားတဲ့ ပိုက်ဆံကို အရင်ဆုံးသုံးကြတာပေါ့၊ ပြီးမှ ပိုက်ဆံရရင် သူတို့ကို ပြန်ဆပ်ကြမယ်”
“အင်း”
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ ဆွေးနွေးသည့်နောက် အလွန်ပင် ပျော်ရွှင်နေကြသည်။
ငှားရမ်းထားသည့်အိမ်သို့ ပြန်ရောက်ချိန်တွင် စုန့်ယီက အေးခဲထားသည့် ဖက်ထုပ်တချို့ကို အထူးတလည် ချက်ပြုတ်ပေးပြီး လင်းမိန်ဟွေ့က ဝမ်မေ့လီ ယူလာပေးသည့် ကြက်ပေါင်တစ်ချောင်းကို တုံးကာ စွတ်ပြုတ်ဟင်းရည် ပြုလုပ်ခဲ့သည်။
အိမ်က သေးငယ်ပြီး ထမင်းပွဲက ရိုးရှင်းသော်လည်း သူတို့နှစ်ဦးအနေဖြင့် ကာလကြာရှည်စွာ ပျောက်ဆုံးနေသည့် နွေးထွေးမှုကို ခံစားနေရဆဲပင်။
ညစာစားသည့်နောက် လင်းမိန်ဟွေ့က ပန်းကန်များကို ရှင်းလင်းပေးပြီး စုန့်ယီက လင်းမိန်ဟွေ့အတွက် အိပ်ရာကို ခင်းပေးခဲ့သည်။
ထိုအချိန်တွင် မတော်တဆ အိပ်ရာဘေး၌ ပုံထားသည့် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ စာမျက်နှာတစ်မျက်နှာက ခေါက်ထားသည့်အတွက် စုန့်ယီက မရည်ရွယ်ဘဲ ဖြန့်လိုက်မိလေသည်။
သို့သော်လည်း စာအုပ်ကို ဖွင့်လိုက်သည့်အချိန်တွင် နှလုံးသားပုံစံ ခေါက်ထားသည့် စာရွက်တစ်ရွက်ကို တွေ့လိုက်ရလေ၏။
စုန့်ယီက ချက်ချင်းပင် ထိုစာရိက်က မည်သည့်အရာဖြစ်ကြောင်းကို သဘောပေါက်သွားရသည်။
သူ အလွန် ဒေါသထွက်သွားရပြီး စာအုပ်ကို အားပြင်းပြင်းဖြင့်ပိတ်လိုက်သည်။ ဤဆူညံသံက ကျယ်လောင်လွန်းသည့်အတွက် လင်းမိန်ဟွေ့အား လန့်သွားစေခဲ့သည်။
လင်းမိန်ဟွေ့ သူ့ဘက်သို လှည့်ကြည့်ပြောလိုက်သည်။
“ဒါတွေက နျဲ့ဖေးဟုန် ပေးထားတဲ့ မေးခွန်းဟောင်းစာအုပ်တွေပါ၊ သဘက်ခါ ပြန်ပေးရမှာမဆိုတော့ မပေးခင်ရက်တွေမှာအတတ်နိုင်ဆုံး ဖတ်ကြည့်မလို့လေ၊ အစ်ကိုစုန့်ယီ၊ အဲဒါတွေကို ဒီအတိုင်းပစ်ထားလိုက်တော့၊ ကျွန်မ ခဏနေရင် စားပွဲကိုရှင်းလိုက်ပါ့မယ်”
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့ကို နေ့တိုင်း လိုက်ပို့ပေးသည့် အမျိုးသားအကြောင်းကို တွေးလိုက်မိသည်။ တစ်ဖက်လူက ချောမောပြီး အရပ်ရှည်ကာ ပညာတတ်ပုံရသည်။
“ဒါဆို သူ မင်းကို တခြားဘာတွေ ပြောသေးလဲ”
“စာပေအကြောင်းဆွေးနွေးတာကလွဲရင် တခြားဘာမှ မပြောဘူး၊ ဒါပေမဲ့ တစ်ခါတုန်းက သူက အနာဂတ် အိပ်မက်တွေအကြောင်းကို ပြောခဲ့သေးတယ်၊ ကျွန်မဆီမှာ ဘာအိပ်မက်မှ မရှိဘူး၊ ကြိုးစားပြီး စာသင်ချင်ရုံပဲ ရှိတယ်လို့ ပြောခဲ့တာ၊ သူက ကျွန်မကို စိတ်ထဲမှာ လှောင်နေလောက်မှာပဲ”
လင်းမိန်ဟွေ့က ပစ္စည်းများကို ရှင်းလင်းပြီးနောက် လက်များကို သုတ်ပြီး အနားသို့လျှောက်လာခဲ့သည်။
စုန့်ယီအနေဖြင့် ထိုစာကို တိတ်တဆိတ် ယူသွားသင့်လားချန်ထားသင့်ဆိုသည်ကို မသိတော့ပါချေ။
ထိုရည်းစားစာကို တွေ့မည်ဆိုပါက လင်းမိန်ဟွေ့ စိတ်ပြောင်းသွားမည်လား မသိပေ။
သူ အမှောင်ထဲ၌ စဉ်းစားနေစဉ် လင်းမိန်ဟွေ့က စာအုပ်ကို ကောက်ယူပြီး ကြည့်လိုက်သည်။ စုန့်ယီ အနည်းငယ် ရှောင်ဖယ်နေမိခဲ့သည်။
လင်းမိန်ဟွေ့ စာကို တွေ့မြင်သည့်အချိန်တွင် ပြသလာမည့် အမူအရာကို သူ မမြင်လိုပါချေ။ လင်းမိန်ဟွေ့က အနည်းငယ် အံ့သြသွားလျှင်ပင် ပျော်ရွှင်မှုဟု သူ ထင်မိမည်ကို ကြောက်နေခဲ့သည်။
သူ၏နှလုံးခုန်သံတို့က မြန်ဆန်နေခဲ့သည်။ အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက်တွင် သူ လင်းမိန်ဟွေ့ကို ပြောလိုက်သည်။
“မိန်ဟွေ့၊ အေးခဲထားတဲ့ အသားတွေက ခြံထဲမှာပဲ ရှိသေးတယ်၊ မင်း ပြန်သွားယူခဲ့လေ၊ ကိုယ် ပြတင်းပေါက်မှာ ချိတ်ထားလိုက်မယ်။ ဒါမှ တောကြောင်တွေ လာယူလို့မရမှာ”
“ကောင်းပြီ!”
လင်းမိန်ဟွေ့က ထရပ်လိုက်ပြီး ခြံထဲသို့ ထွက်သွားခဲ့သော်လည်း စုန့်ယီတစ်ယောက် စာအုပ်များကို ကြည့်ပြီး တွေဝေနေခဲ့ရသည်။ ထိုအထဲတွင် မည်သည့်အရာများ ရေးထားသည်ကို သူမသိပေ။
အချစ်ရေးအတွက်စာဆိုလျှင် တိတ်တဆိတ် ယူသွားသင့်သည်လား။ လင်းမိန်ဟွေ့သာ ထိုစာကို မတွေ့ပါက လိုက်လံရရှာဖွေလောက်သည်လား။
နောက်ဆုံးတွင် လင်းမိန်ဟွေ့ ဝင်လာသည်အထိ စုန့်ယီ မည်သည့်အရာမှ မပြုလုပ်ဖြစ်ခဲ့ပါချေ။ သူ ထိုသို့ ပြုလုပ်ခဲ့ပါက အလွန်ပင်ယုတ်မာသကဲ့သို့ဖြစ်နေလိမ့်မည်ဟု ခံစားနေရသည်။
ညဘက်အချိနာတွင် စုန့်ယီက သစ်သားခုတင်ပေါ်၌ လှဲလျောင်းနေရင်းဖြင့် လင်းမိန်ဟွေ့ဆီသို့ ရံဖန်ရံခါ ကြည့်နေသည်။ လင်းမိန်ဟွေ့က မေးခွန်းများကို ပြုလုပ်နေခြင်း၌သာ အာရုံစိုက်နေပြီး လှည့်ပင် မကြည့်ပေ။
သူမက ထိုစာကို ရှာမတွေ့ခဲ့ပေ။
၁၁ နာရီထိုးချိန်တွင်တော့ စုန့်ယီ ဆက်မနေနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့သည်။
နောက်နေ့ မနက်စောစောတွင် လင်းမိန်ဟွေ့က အစားအစာအနည်းငယ် စားလိုက်ပြီး စုန့်ယီအား ကျောင်းသွားတော့မည်ဟု ပြောကာ အလျင်အမြန် ထွက်ခွာသွားသည်။
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့အား ပေကျင်းသို့ မည်သည့်အချိန်တွင် ထွက်ခွာမည်နည်းဟု မေးချင်ခဲ့သော်လည်း လင်းမိန်ဟွေ့၏ ကျောပြင်ကိုသာ မြင်လိုက်ရလေသည်။
တစ်ချိန်တည်း၌ စုန့်ယီတစ်ယောက် မနေ့ညမှ စာအတွက်ကို စိုးရိမ်နေခါ့သည်။
ကျောင်းဖွင့်သည့် နောက်ဆုံးနေ့ဖြစ်သည့်အတွက် လင်းမိန်ဟွေ့က မနက်စောစော ကျောင်းသို့လာသည့်အတွက် အစောင့်က မည်သည့်အရာကိုမှ မပြောဘဲ တံခါးကို ဖွင့်ပေးပြီး သူမကို ဝင်ခွင့်ပြုခဲ့သည်။
နျဲ့ဖေးဟုန်ကလည်း ကျောင်းကို မနက်ပိုင်းတွင် ရောက်လာသည်။
လင်းမိန်ဟွေ့က သူကို မြင်သည်နှင့်ည ချက်ချင်းပင် မေးခွန်းဟောင်းများကို နျဲ့ဖေးဟုန်အား ပြန်ပေးလိုက်သည်။
“ဖေးဟုန်၊ ကျွန်မ ဒီမေးခွန်းတွေ အကုန် ဖတ်ပြီးပြီ ၊ အများစုကို လုပ်နိုင်တယ်။ လုပ်လို့မရတဲ့ မေးခွန်းတွေကိုလည်း ကျွန်မ ကူးယူထားတယ် ရှင် ဒီမေးခွန်းတွေကို ပြန်ယူသွားပြီး ကိုယ်တိုင်လေ့ကျင့်လို့ ရပြီ”
နျဲ့ဖေးဟုန်က လင်းမိန်ဟွေ့ကို ကြည့်လိုက်လျှင် သူ၏အမူအရာက ပုံမှန်အတိုင်းပင် ဖြစ်နေကြောင်းကို မြင်လိုက်ရသည့်အတွက် စိတ်ထဲတွင် ထူးဆန်းနေခဲ့သည်။
သူ အေးလိုက်တဲ့စာကို မမြင်တာများလား။
မဖြစ်နိုင်ပါချေ။
နျဲ့ဖေးဟုန် သူ၏အတွေးများကို ဦးစွာ ပယ်ချလိုက်သည်။ စာက စာအုပ်ထဲ၌ ဝှက်ထားသည့်အတွက် အလွယ်တကူမြင်နိုင်သည်။ လင်းမိန်ဟွေ့ မမြင်မည်ကို စိုးရိမ်ခဲ့သောကြောင့် အလွယ်တကူမြင်တွေ့နိုင်စေရန် အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
သို့ဆိုလျှင် လင်းမိန်ဟွေ့က မြင်ပြီးသော်လည်း သူ့အား မတုံ့ပြန်လိုခြင်းလား။
“မိန်ဟွေ့၊ မင်း ကျွန်တော့်ကို ပြောစရာ ဘာမှ မရှိဘူးလား”
“ရှိတာပေါ့၊ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ၊ နောက်နှစ် စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရပါစေ၊ ရွေးချယ်တဲ့ တက္ကသိုလ်ကို ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်”
လင်းမိန်ဟွေ့ ထိုစကားစိုပြောပြီးနောက် လက်နှစ်ဖက်နှင့် မေးခွန်းဟောင်းများကို ပြန်ပေးလိုက်သည်။ နျဲ့ဖေးဟုန်တစ်ယောက် တွေဝေစွာ ယူလိုက်သော်လည်း အတွင်းထဲမှ စာက ပျောက်နေသည်ကို ခံစားလိုက်ရသည်။
ဤသည်က လင်းမိန်ဟွေ့မှ စာကို မြင်ပြီးသားဖြစ်သော်လည်း သူ၏ ရပ်တည်ချက်ကို မဖော်ပြခဲ့ဟု ဆိုလိုခြင်းပင်။
နျဲ့ဖေးဟုန်သည် သူမ၏ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ပေ။
လင်းမိန်ဟွေ့က ပစ္စည်းများကို ပြန်ပေးသည့်နောက် အတန်းထဲ၌ ကြာကြာမနေပေ။
သူမ ထွက်ခွာမသွားမီ အတန်းထဲမှ လူများအား နောက်တစ်ခါ ထပ်မံကြည့်လိုက်သည်။ နျဲ့ဖေးဟုန်က အနည်းငယ် စိတ်လွတ်ပြီး ရှုပ်ထွေးနေသည်ကို မြင်လျှင် လင်းမိန်ဟွေ့ တိတ်တဆိတ်ဖြင့် သက်ပြင်းချလိုက်မိသည်။
ယခုအချိန်၌ နျဲ့ဖေးဟုန်ကို သူမ ရှင်းပြ၍မရနိုင်ပေ။ နျဲ့ဖေးဟုန် သူမ၏အတွေးများကို နားလည်နိုင်ပါစေဟုသာ သူ မျှော်လင့်သည်။
ဤသို့ဆိုလျှင် သူ့ကို နာကျင်ခိုင်းရန် မလိုအပ်သည့်အပြင် စုန့်ယီနှင့် သူမ၏ဆက်ဆံရေးကိုလည်း ရှင်းပြစရာ မလိုတော့ပေ။
သူမ ထွက်လာချိန်တွင် အစောင့်က အနည်းငယ် အံ့သြသွားသည်။
လင်းမိန်ဟွေ့သည်က အမြဲတစေ စောစီးစွာလာပြီး နောက်ကျမှ ပြန်တတ်သည့်အတွက် ဤနေ့၌ စာမလုပ်ဘဲ ထွက်လာသောကြောင့် သူ မေးလိုက်မိသည်။
“နှစ်သစ်ကူးအတွက် အိမ်ပြန်မလို့လား”