← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း(127)

လင်းမိန်ဟွေ့အနေဖြင့် ကျောင်းဝင်းအပြင်ဘက်သို့ ရောက်သော်လည်း စိုးရိမ်စိတ်တို့ ရှိဆဲပင်။

အစောင့်၏ စကားကြားလျှင် သူမ လေသံတပြတ်ဖြင့်သာ ပြန်ဖြေလိုက်၏။

“အင်း”

ဤကိစ္စက ပြီးဆုံးပြီဟု ထင်ထားသော်လည်း နီဖေးဟုန် ကျောင်းအပြင်ဘက်အထိ ထပ်မံလိုက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ သူက လင်းမိန်ဟွေ့၏ဘေးမှ ယှဉ်လျှောက်ရင်း ပြောလာခဲ့သည်။

“မနေ့က ကျွန်တော်တို့ရဲ့ စိတ်ကူးအမြင်တွေ ပြောကြမယ်လို့ သဘောတူထားတာလေ၊ ဘာလို့ ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့တာလဲ”

လင်းမိန်ဟွေ့၏ မျက်နှာတစ်ခုလုံးက ပူလောင်လာပြီး နှလုံးသားထဲတွင် ဖော်မပြနိုင်သော ခံစားချက်များ ပေါ်ပေါက်လာသည်။ သူမ၏ နှလုံးသားကို လက်သည်းများဖြင့် ကုတ်ခြစ်နေရသကဲ့သို့ ခံစားရသည်။

စုန့်ယီ အထင်အမြင်လွဲမှားမည်ကို လင်းမိန်ဟွေ့ မလိုလားချေ။

ထို့ကြောင့် နျဲ့ဖေးဟုန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။

“နျဲ့ဖေးဟုန်၊ တရုတ်နှစ်သစ်ကူး နီးနေပြီ၊ အိမ်ကို စောစောပြန်ကြရအောင်၊ နှစ်သစ်ကူးပြီးမှ စိတ်ကူးအမြင်တွေကို ပြောလည်း ရပါတယ်၊ ရှင်ဘယ်လိုထင်လဲ”

“မိန်ဟွေ့”

နျဲ့ဖေးဟုန်သည် အလျင်အမြန် ပြန်ရန် ပြင်ဆင်နေသော လင်းမိန်ဟွေ့ကို လှမ်းခေါ်လိုက်သည်။ သူက လင်းမိန်ဟွေ့အနီးသို့ လျှောက်လာ၍ သူ၏ ကြည်လင်သော မျက်လုံးများအ အလင်းရောင်ဖြတ်ခနဲ တောက်ပသွားခဲ်သည်။

“ကျွန်တော် မင်းဆီကို မနေ့က ပို့လိုက်တဲ့စာကို မင်းဖတ်လိုက်ပြီမဟုတ်လား”

လင်းမိန်ဟွေ့ မသိသကဲ့သို့ဟန်ဆောင်ချင်ခဲ့သည်။

“စာလား၊ ကျွန်မ ဘယ်စာမှမတွေ့ပါဘူး၊ မနေ့က လမ်းမှာ ပျောက်သွားတာဖြစ်ရမယ်၊ ရှင့်မှာ ပြောစရာရှိရင် ပြောလိုက်ပါလား၊ စာရေးပြီး ဒီလို ခက်ခက်ခဲခဲ လုပ်နေစရာမလိုပါဘူး”

သူမက မသိသကဲ့သို့ ဟန်ဆောင်၍ ပြောခဲ့သော်လည်း နျဲ့ဖေးဟုန်က သူမ ရှောင်လွှဲနေသည်ကို မြင်ကာ တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့သည်။

ဤစကားကို ပြောရန် စောလွန်းသေးကြောင်း သူသိသည်။ သို့သော် လင်းမိန်ဟွေ့ကဲ့သို့ ကောင်းမွန်သည့် မိမ်းကလေးတစ်ယောက်က မကြာမီကောလိပ်ကျောင်းသူ ဖြစ်လာပေတော့မည်။

သူ စိုးရိမ်ပူပန်နေခဲ့သည်။

နျဲ့ဖေးဟုန်က သူ၏အိတ်ကပ်အတွင်းမှ နောက်ထပ်စာတစ်စောင် ထုတ်ယူပြီး လင်းမိန်ဟွေ့၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည် ။

“ပျောက်သွားလည်း ကိစ္စမရှိပါဘူး၊ ကျွန်တော် ပြောချင်တာတွေကိုရေးထားတဲ့ နောက်ထပ်စာတစ်စောင် ရှိသေးတယ်၊ အခုချက်ချင်း ပြန်ဖြေဖို့ မတောင်းဆိုပါဘူး၊ ဒါပေမဲ့ မင်းဖတ်မယ်လို့တော့ ကျွန်တော့်ကို ကတိပေးပါ”

လင်းမိန်ဟွေ့ မယူချင်ခဲ့ပေ။

သို့သော် လျှပ်စစ်ပစ္စည်းပြင်ဆိုင်မှ ထွက်လာသော စုန့်ယီကို သူမ အမှတ်မထင် မြင်လိုက်ရသည်။

လင်းမိန်ဟွေ့က စုန့်ယီ မြင်သွားမည်ကို မလိုလားသောကြောင့် အိတ်ထဲသို့ အလျင်အမြန် ထိုးထည့်လိုက်ပြီး နျဲ့ဖေးဟုန်အား အားတင်းကာ ပြုံးပြလိုက်သည်။

“ဒါဆို ကျွန်မအရင်ပြန်လိုက်တော့မယ်၊ နှစ်သစ်ကူးပြီးမှ ပြန်တွေ့မယ်”

လင်းမိန်ဟွေ့သည် ခြေလှမ်းများကို မြန်ဆန်စေလိုက်ကာ စုန့်ယီထံသို့ လျှောက်သွား၏။

နျဲ့ဖေးဟုန် စာပေးနေသည့်မြင်ကွင်းကို စုန့်ယီမြင်လိုက်ကြောင်း သူမ မသိခဲ့ပါချေ။

“အစ်ကိုစုန့်ယီ၊ ဒီနေ့ ဘာလို့ဆိုင်မှာ မရှိတာလဲ၊ အလုပ်စောစောဆင်းတာလား”

စုန့်ယီသည် မျက်နှာသိပ်မကောင်းဘဲ ခပ်မှိုင်းမှိုင်းသာ ပြန်ဖြေ၏။ လင်းမိန်ဟွေ့ စိတ်မအေးသေးသောကြောင်း ထပ်မံမေးမြန်းလိုက်သည်။

“သူဌေးက နှစ်သစ်ကူး စာအိတ်နီ ပေးလိုက်လား၊ တပည့်တွေတောင် နှစ်သစ်ကူး စာအိတ်နီရတယ်လို့ သူတို့ပြောတာ ကြားတယ်...”

“မရဘူး”

“လစာရော ဘယ်လိုလဲ”

လင်းမိန်ဟွေ့၏ မေးခွန်းများကြောင့် နောက်ဆုံးတွင် စုန့်ယီ၏ ခံစားချက်များ ပွင့်ထွက်လာတော့သည်။

“မိန်ဟွေ့၊ မင်း ကိုယ့်ကို တချို့ကိစ္စတွေအတွက် ဖုံးကွယ်ထားစရာ မလိုပါဘူး၊ ကိုယ်တို့က တစ်အိမ်တည်းနေကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းလို့ရပါတယ်...”

လင်းမိန်ဟွေ့ အနည်းငယ် ထိတ်လန့်သွားသော်လည်း သူမက စာကို လုံးဝမဖတ်ရသေးသည့်အတွက် စုန့်ယီကို သစ္စာဖောက်သည်ဟု မသတ်မှတ်သင့်ဟု ခံစားရသည်။

လင်းမိန်ဟွေ့ ပြုံး၍ နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ဒီနေ့ စိတ်မကြည်တာလား၊ ဒီအကြောင်းတွေ ဆက်မပြောရအောင်၊ ဘာလို့ ဘတ်စ်ကားဂိတ်ကို သွားပြီး ပေကျင်းကို ဘယ်တော့လောက် လက်မှတ်တွေ ရနိုင်မလဲ မေးမကြည့်တာလဲ၊ နှစ်သစ်ကူးပြီးရင် ကျွန်မ ဆယ်ရက်လောက် နားရဦးမယ်”

စုန့်ယီ ရပ်တန့်လိုက်ပြီး လင်းမိန်ဟွေ့၏ ကျောင်းအိတ်ကို စိုက်ကြည့်၏။

စုန့်ယီသည်က လွန်ခဲ့သည့်ခဏက သူတို့နှစ်ဦး ရပ်စကားပြောနေသည်ကို မြင်ခဲ့သည်။ လင်းမိန်ဟွေ့က မနေ့က စာမဖတ်ခဲ့ကြောင်း နျဲ့ဖေးဟုန်ကို ပြန်ဖြေလိုက်သောကြောင့် နျဲ့ဖေးဟုန်က ယနေ့ ဒုတိယအကြိမ် စာရေးခြင်းဖြစ်လောက်မည့်အကြောင်းကို ခန့်မှန်းရန် မခက်ခဲချေ။

သူ၏ ရင်ထဲမှ ခံစားချက်များက ထိုအချိန်မှပုံရိပ်များဖြင့် လွှမ်းမိုးနေပြီး နောက်ဆုံးတွင် ဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

“မိန်ဟွေ့၊ ကိုယ်တို့က နာမည်ခံ လင်မယားတွေပဲ ဖြစ်ခဲ့တာ၊ မင်းကို လင်းမိသားစုရဲ့ ခြိမ်းခြောက်မှုကနေ ကူညီပေးဖို့ သက်သက်ပဲ

အခု မင်းက မြို့ကို ကျောင်းလာတက်နေပြီဆိုတော့ လွတ်လပ်တဲ့သူ တစ်ယောက် ဖြစ်နေပြီ၊ မင်းချစ်လို့ရတယ် ပျံသန်းသွားလို့ရတယ်...”

လင်းမိန်ဟွေ့တစ်ယောက် သူမ၏ပတ်ဝန်းကျင်၌ တိုက်ခတ်နေသည့် အေးစက်စက်လေကို ခံစားလိုက်ရသည်။ ပါးပြင်များပင် နာကျင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ခဏတာ ထုံကျဉ်သွားသကဲ့သို့ ခံစားရသည်။

“အစ်ကိုစုန့်ယီ၊ ရှင်ဘာဖြစ်နေတာလဲ…”

“ကိုယ် ဘာကိုမှ မဆိုလိုပါဘူး၊ ကိုယ်ပြောချင်တာက တစ်ယောက်ယောက်က မင်းကို ကြိုက်တယ်ဆိုရင် ကိုယ်မင်းအတွက် ပျော်တယ်

သူက မင်းရဲ့ အနာဂတ်ခရီးမှာ မင်းနဲ့အတူ လိုက်ပါဖို့ ဆန္ဒရှိမယ်ဆိုရင် ကိုယ် အခု နုတ်ထွက်ရလည်း ကိစ္စမရှိပါဘူး

ပြောရမယ်ဆိုရင် ဒီအချိန်အတွင်း တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပေးခဲ့တာက တိုက်ဆိုင်မှုတစ်ခုပဲ မင်း သိပ်စဉ်းစားမနေပါနဲ့တော့”

စုန့်ယီ စကားပြောပြီးနောက် သူ၏ရင်ထဲ၌ လေးလံသွားသည်။ သူရှေ့သို့ ဆက်လျှောက်သွားသော်လည်း သူ၏ ခြေလှမ်းများသည်က ခဲများ ထည့်ထားသကဲ့သို့ ဖြစ်နေသည်။

လင်းမိန်ဟွေ့ လှည့်ထွက်သွားမည်ကို သူပို၍ ကြောက်သည်။ သို့သော် သူမသည် သူ့ကို ရှင်းပြရန် အကြောင်းပြချက်အမျိုးမျိုး ရှာခြင်းကိုလည်း သူကြောက်သည်။

သူ၏ရင်ထဲမှ ပဋိပက္ခကြောင့် စုန့်ယီ တစ်ဦး ဗျာများလုနီးပါး ဖြစ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လမ်းပေါ်၌ မိန်ဟွေ့ကို သူ မေးခွန်းမထုတ်မိခဲ့ချေ။

အိမ်ပြန်ရောက်လျှင် စုန့်ယီက စိတ်ခံစားချက်များကို ပုံမှန်အတိုင်း ထိန်းချုပ်ပြီး အဝတ်လျှော်ခြင်း၊ ထမင်းချက်ခြင်းများကို ပုံမှန်အတိုင်း ပြုလုပ်ခဲ့သည်။

ဤရက်ပိုင်းအတွင်း လင်းမိန်ဟွေ့က ကျောင်းကိုသာ အာရုံစိုက်နေသောကြောင့် အိမ်အလုပ်အားလုံးနီးပါးကို စုန့်ယီက လုပ်ကိုင်ခဲ့သည်။

တစ်ခါတစ်ရံ လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီကို အမျိုးသမီးများလုပ်သင့်သည့် အလုပ်များကို မလုပ်ခိုင်းသင့်ဟု စိတ်မကောင်းဖြစ်သော်လည်း နောက်ဆုတ်၍ မရတော့ပေ။

ယခု စုန့်ယီ အဝတ်လျှော်နေချိန်တွင် သူမ၏ကိုယ်ပိုင် အနွေးထည်တစ်ထည်လည်း ပါဝင်သည်ကို တွေ့ပြီး လင်းမိန်ဟွေ့၏ မျက်နှာတို့ နီရဲသွားသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မပဲ လျှော်လိုက်ပါ့မယ်၊ ရှင် နည်းနည်းလောက် နားလိုက်ပါဦး...”

“မလိုဘူး၊ နောင်ဆိုရင် ကိုယ် မင်းအတွက် လျှော်ပေးစရာ မလိုတော့တာမျိုး ဖြစ်သွားနိုင်တယ်၊ မင်းအရင် စာပြန်လုပ်လိုက်လေ၊ စာပြီးသွားရင် ထမင်းစားရအောင်”

စုန့်ယီ၏ စကားများတွင် လင်းမိန်ဟွေ့ကို စိတ်မသက်မသာဖြစ်စေသည့် အရာတစ်ခု ပါဝင်နေသည်။

စုန့်ယီ ဤသို့ဖြစ်နေသည်ကို သူမ တစ်ခါမျှ မမြင်ဖူးချေ။ သူမ အချိန်ကြာမြင့်စွာ ကြောင်ငေးနေခဲ့ပြီး အသက်ရှူပင် ကျပ်လာရသည်။

“အစ်ကိုစုန့်ယီ၊ ရှင့် စိတ်ထဲမှာ ဘာတွေရှိလဲဆိုတာ ပြောပြပါလား၊ ရှင်ဒီလို လုပ်စရာမလိုပါဘူး၊ ကျွန်မတို့က ကလေးတွေမှ မဟုတ်တာ...”

“နျဲ့ဖေးဟုန်က မင်းကို ကြိုက်တယ်ဆိုတာ မင်းသိပြီးသားပဲလေ၊ ဟုတ်တယ်မလား၊ ဒီရက်တွေမှာ မင်းတို့နှစ်ယောက် နေ့တိုင်း အတူတူရှိနေတာ၊ စိတ်ကူးအမြင်တွေ အများကြီး ပြောခဲ့ကြပြီမလား”

“အစ်ကိုစုန့်ယီ၊ ကျွန်မက သူ့ကို အရင်က အတန်းဖော်အဖြစ်ပဲ သဘောထားတာ၊ ဒါပေမဲ့ သူ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး...”

“ဘာကို မထင်ထားတာလဲ”

စုန့်ယီက လင်းမိန်ဟွေ့ကိုလှည့်ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများ ဆုံသည့်အခိုက်အတန့်တွင် နှစ်ဦးလုံးက အလျင်အမြန်ပင် မျက်နှာလွှဲလိုက်ကြသည်။

တစ်ဦး၏ အတွင်းစိတ်ခံစားချက်များကို ကြည့်ရန် သူတို့နှစ်ဦးစလုံး နည်းငယ် ကြောက်နေကြသည်။

လင်းမိန်ဟွေ့ ခဏရပ်လိုက်ကာ စုန့်ယီကို ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ သူ ဒီလိုမျိုးစာရေးပေးလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး... ကျွန်မ သူ့ကို ငြင်းလိုက်ပါတယ်”

စုန့်ယီက လင်းမိန်ဟွေ့ လိမ်နေခဲ့သည်ဟုသာ ထင်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နျဲ့ဖေးဟုန်က ယနေ့တွင် သူမကို စာများထပ်မံရေးပေးခဲ့၍ ဖြစ်ပေသည်။

စုန့်ယီ မည်သည့်အရာမျှ မပြောခဲ့ပါချေ။ သူ ထရပ်လိုက်ပြီး လင်းမိန်ဟွေ့၏ ကျောင်းအိတ်အနီးသို့ လျှောက်သွားခဲ့သည်။

မူလက သူ၏စိတ်ကို ချုပ်တည်းရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မတတ်နိုင်တော့ပါချေ။

သူက ကျောင်းအိတ်အတွင်းမှ စာအုပ်ကို သွန်ချလိုက်လျှင် နှလုံးသားပုံစံခေါက်ထားသော စာက သူ၏မျက်စိရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာသည်။

လင်းမိန်ဟွေ့ နှုတ်ခမ်းများကို တင်းတင်းစေ့ထားခဲ့ကာ သူ့ကို မကြည့်ရဲခဲ့ပေ။ သို့သော် စုန့်ယီက စာကို ကြမ်းပြင်မှ ကောက်ယူလိုက်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။

“မိန်ဟွေ့၊ ကိုယ်က မင်းရဲ့အစ်ကိုပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် နာမည်ခံခင်ပွန်းပဲ ဖြစ်ဖြစ်၊ ကိုယ် မသိဘဲ ပစ်ထားတာမျိုး မဖြစ်စေချင်ဘူး...

မင်းချစ်လို့ရတယ်၊ ဒါပေမဲ့ ကိုယ့်ကို မညာပါနဲ့၊ နားလည်လား”

“ကျွန်မ မလိမ်ပါဘူး၊ သူ ဒီလို ဆက်လုပ်ဦးမယ်လို့ ကျွန်မ မသိခဲ့ဘူး…”

လင်းမိန်ဟွေ့တစ်ယောက် ယခုအချိန်တွင် ရှင်းပြ၍ မရတော့ချေ။ သူမအနေဖြင့် မနေ့ညက စာကို လုံးဝမဖွင့်ဘဲ မီးဖိုထဲသို့ တိုက်ရိုက်ထိုးထည့်ခဲ့သည်။

နျဲ့ဖေးဟုန်က နောက်ထပ်စာတစ်စောင် ရေးပြီး စုန့်ယီရှေ့တွင်ပင် သူမကို ပေးလိမ့်မည်ဟု မည်သူကသိပါမည်နည်း။

ယခုအချိန်တွင် စုန့်ယီက သူမ ရှင်းပြသည်ကို နားမထောင်လိုတော့ပါချေ။

သို့မဟုတ် နောက်တစ်နည်း ပြောရမည်ဆိုလျှင် စုန့်ယီက သူမကို လုံးမယုံကြည်တော့ပေ။ သူက သူမက သူ့ကို လိမ်ခဲ့သည်ဟုသာ ယုံကြည်နေပေသည်။

လင်းမိန်ဟွေ့တစ်ယောက် စာအုပ်များကို သူမ၏အိတ်ထဲသို့ ထည့်လိုက်ကာ ခုတင်စွန်း၌ ထိုင်ပြီး မျက်ရည်များ စီးကျလာခဲ့သည်။

“အစ်ကိုစုန့်ယီ၊ နျဲ့ဖေးဟုန်က သူ့ရဲ့အချစ်ကို ဖော်ပြတဲ့ စကားမျိုး ဘယ်တုန်းကမှ မပြောဖူးဘူး၊ အဲဒီစာကိုလည်း ကျွန်မ ဘယ်တုန်းကမှ မဖတ်ခဲ့ဖူးဘူး”

*

အခန်း (128)

သူတို့နှစ်ဦး ဤသို့ ပြင်းပြင်းထန်ထန် ငြင်းခုံကြခြင်းမှာ ပထမဆုံးအကြိမ်ပင်။ ဤသေးငယ်သည့် အိမ်လေး၌ တစ်စုံတစ်ရာ တိတ်တဆိတ် ပြောင်းလဲနေသကဲ့သို့ ရှိသည်။

လင်းမိန်ဟွေ့က တိတ်တိတ်ဆိတ်ဆိတ် အဝတ်လျှော်နေသည့် စုန့်ယီကို ကြည့်၍ ရုတ်တရက် စိတ်ထိခိုက်လာရသည်။

အတိတ်က အရာရာတိုင်းက အတုအယောင်ကဲ့သို့ပင်။ စုန့်ယီက ဤသို့စကားမျိုး တကယ်ပြောနိုင်ခဲ့သည်။

သူမ မည်မျှဝမ်းနည်းနေသည်ကို မြင်နေရလျှင်ပင် သူ၏ စိတ်က လုံးဝမပြောင်းလဲခဲ့ချေ။

“အစ်ကိုစုန့်ယီ၊ ရှင်တစ်ချိန်က ကျွန်မကို ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ မှတ်မိသေးတယ်...”

“မင်း သဘောမတူခဲ့ဘူးလေ”

စုန့်ယီက ခပ်တိုးတိုးသာ သတိပေးလိုက်သော်လည်း ထိုအသံက လင်းမိန်ဟွေ့၏ နှလုံးသားကို ထိုးစိုက်လိုက်သည့် ဓားမြှောင်တစ်စင်းကဲ့သို့ စူးဝင်လာစေခဲ့သည်။

ထိုအချိန်တုန်းက သူမ၏နှလုံးသားထဲ၌ မည်သူမျှမသိသည့် ထိတ်လန့်မှုနှင့် နာကျင်မှုများက သူမကို ထပ်မံလွှမ်းမိုးလာပြန်သည်။

အချိန်များ ကြာလာသည်နှင့်အမျှ အတိတ်ဘဝက အရာများက ဤဘဝက ကောင်းမွန်မှုများဖြင့် အစားထိုးခံရလိမ့်မည်ဟု သူမ ထင်ခဲ့သည်။

သို့သော် စိတ်ပျက်အားငယ်မှုက ဆက်လက်ပျံ့နှံ့နေဆဲပင်။

“အစ်ကိုစုန့်ယီ၊ ကျွန်မ အဆင်သင့်မဖြစ်သေးဘူးလို့ပဲ ပြောခဲ့တာပါ. အဲဒီအချိန်တုန်းက ဘယ်လိုအခြေအနေမျိုးရှိနေမလဲဆိုတာ ရှင် လုံးဝမသိခဲ့ပါဘူး...”

“မိန်ဟွေ့၊ မင်း ဘာတွေးနေလဲဆိုတာ ကိုယ်သိပါတယ်၊ ကိုယ်က မင်း အလောတကြီး ရှာတွေ့ခဲ့တဲ့ အသက်ကယ်ကောက်ရိုးလေး တစ်ပင်ပဲ

အခု မင်းမှာ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရှိလာပြီ၊ ပိုကောင်းတဲ့သူတွေနဲ့ ဆုံတွေ့လာပြီဆိုတော့ မင်း ပိုကောင်းတာကို ရှာဖွေတာကို တားဆီးပိုင်ခွင့် ကိုယ့်မှာ လုံးဝမရှိဘူး”

လင်းမိန်ဟွေ့တစ်ယောက်နှလုံးသားတစ်ခုလုံးနာကျင်ပြီး အတိတ်က အရာအားလုံးမှာ အတုအယောင်ဖြစ်ခဲ့သည်ဟု ခံစားလာရသည်။

စုန့်ယီက သူမကို သနားပြီး ကိုယ်ချင်းစာသည့်အတွက်ကြောင့်သာ သူမအပေါ် အကြိမ်ကြိမ် ကောင်းပေးခဲ့သကဲ့သို့။

အစ်ကိုတစ်ဦးကဲ့သို့ ဂရုစိုက်မှုမျိုးတို့ကသာ ထိုတစ်ဖက်လူ၏စိတ်ထဲ၌ ရှိနေခဲ့ခြင်း ဖြစ်ရပေမည်။

လင်းမိန်ဟွေ့၏ အသံက အက်ရှလာခဲ့သည်။

“ဒါဆို အရင်က ရှင် ကျွန်မအပေါ် ကောင်းခဲ့တာတွေကရော ၊ ရှင်ကျွန်မကို သနားလို့လား၊ ဒါမှမဟုတ် ကျွန်မတို့တွေပေါင်းစပ်လို့ရမယ်လို့ ထင်လို့လား”

စုန့်ယီ မျက်မှောင်ကြုတ်၍ အဝတ်များကို အားကုန်လျှော်လိုက်သည်။

“အတိတ်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာက အရေးမကြီးတော့ဘူး. အရေးကြီးတာက နျဲ့ဖေးဟုန်က တကယ်ကို ကောင်းတဲ့ကောင်လေးတစ်ယောက်ဆိုတာပဲ.. မင်းတို့နှစ်ယောက် အတူရှိနေဖြစ်သွားရင် ပြောစရာတွေ ပိုများလာနိုင်တယ်...”

ဤအတောအတွင်း စုန့်ယီအနေဖြင့် လျှပ်စစ်ပစ္စည်းပြင်ဆင်ရေးသမားအဖြစ် အလုပ်လုပ်ရင်း မြို့ထဲမှ လူငယ်လူရွယ်များ၏ အချစ်ဇာတ်လမ်းများအကြောင်း များစွာ ကြားသိခဲ့ရသည်။

သူဌေးကလည်း လက်ထပ်ထိမ်းမြားမှုဆိုသည်မှာ နှစ်ယက်လုံးအတွက် ပြီးပြည့်စုံသည့် လိုက်ဖက်မှုရှိရမည်၊ လူနှစ်ဦးကြားတွင် ပြောစရာစကားများရှိရမည်ဟု အကြိမ်ကြိမ် ပြောခဲ့သည်။

အသက်ကွာခြားမှု သိပ်မများသင့်သကဲ့သို့ ပညာရေး၌လည်း ကွာခြားမှု သိပ်မများသင့်ပေ။ ညီတူညီမျှရှိနေခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။

စုန့်ယီအနေဖြင့် သူနှင့် လင်းမိန်ဟွေ့ကြားမှ ကွာခြားချက်များကို သူ၏စိတ်ထဲ၌ အကြိမ်ကြိမ် စဉ်းစားခဲ့သည်။

ယခုအချိန်တွင် သိပ်မထင်ရသော်လည်း နောက်ပိုင်းတွင် ပို၍ကြီးမားလာပေမည်။ လင်းမိန်ဟွေ့ တက္ကသိုလ်သို့ ရောက်သွားလျှင် သူနှင့်သူမက အမှန်တကယ် ကွာခြားသွားတော့မည်ပင်။

သူတို့ နေ့လည်စာကို တိတ်ဆိတ်စွာ စားခဲ့ကြသည်။ မည်သူကမျှ စကားတစ်ခွန်းမျှ မပြောကြပါချေ။

လင်းမိန်ဟွေ့တစ်ယောက် အိမ်ထဲတွင် နေရန် စိတ်အသက်မသာဖြစ်လာခဲ့ရကာ စာကြည့်တိုက်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

ဤအချိန်တွင် စာကြည့်တိုက် ပိတ်ရက်ဖြစ်လောက်ပြီဟု ထင်ခဲ့သော်လည်း အလုပ်လုပ်နေသူများ ရှိနေလိမ့်မည်ကို မမျှော်လင့်ခဲ့ချေ။

သူမ ဝင်ရောက်မေးကြည့်လိုက်လျှင် ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းအထိ စာကြည့်တိုက် မပိတ်ကြောင်း သိလိုက်ရသည်။ လင်းမိန်ဟွေ့တစ်ယောက် စာကြည့်တိုက်ထဲသို့ဝင်ကာ ဝတ္ထုတစ်အုပ်ကို ဖတ်ရင်း အနားယူနေသည်။

ဆောင်းရာသီ၏ နေရောင်ခြည်က တိမ်းစောင်းပြီး ဝင်လာကာ လင်းမိန်ဟွေ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေခဲ့သောကြောင့် အရာအားလုံးက နူးညံ့လှပနေသည်။

နျဲ့ဖေးဟုန်တစ်ယောက် စာကြည့်တိုက်ထဲသို့ ဝင်လာ ဤမြင်ကွင်းကို ချိန်တွင်ရကာသည့်အခါ ဘုရားပေးသည့် ဆုလာဘ်တစ်ခုကဲ့သို့ ခံစားရသည်။

သူ အသက်အောင့်ထားပြီး လင်းမိန်ဟွေ့၏ မျက်နှာချင်းဆိုင်မှ ကုလားထိုင်၌ ဝင်ထိုင်လိုက်သည်။

လင်းမိန်ဟွေ့ သူကို ရှာတွေ့သည်အထိ သူ လင်းမိန်ဟွေ့ကိုသာ စိုက်ကြည့်နေခဲ့သည်။

“နျဲ့ဖေးဟုန်၊ ရှင် ဒီကို ဘာလုပ်လာတာလဲ”

“ကိုယ့်အိမ်မှာ ဘာမှလုပ်စရာမရှိဘူးလေ၊ ကိုယ့်မိဘတွေက အကုန်ပြင်ဆင်ပြီးနေပြီ၊ ဒါကြောင့် စာကြည့်တိုက်ပိတ်ပြီလား ကြည့်ဖို့လာတာ၊ မင်းဒီမှာရှိလိမ့်မယ်လို့ မထင်ထားဘူး”

နျဲ့ဖေးဟုန်၏ အပြုံးက အလွန်နွေးထွေးသည်။ ဆောင်းရာသီနေရောင်ခြည်ထက်ပင် ပို၍ တောက်ပနေသကဲ့သို့ ထင်ရပေသည်။

လင်းမိန်ဟွေ့တစ်ယောက် သူမနှင့် စုန့်ယီတို့ကြားမှ စကားများမှုက သူကြောင့်ဖြစ်ခဲ့ကြောင်းကို တွေးလိုက်မိလျှင် အနည်းငယ် စိတ်ဓာတ်ကျသွားရသည်။

သူမက လက်ချောင်းများဖြင့် စာအုပ်စာမျက်နှာများကို လှန်နေခဲ့သော်လည်း သူမ၏မျက်လုံးများက စာလုံးများပေါ်သိာ့ မရောက်ပါချေ။

သူမအနေဖြင့် အလွန်အမင်း စိတ်ရှုပ်ထွေးပြီး အာရုံစိုက်၍ မရသည်ကိုသာ ခံစားရသည်။

နျဲ့ဖေးဟုန်က သူမ၏အခြေအနေကို မြင်လျှင်ပြုံးလိုက်မိသည်။

“မင်း မဖတ်ချင်တော့ရင် ခဏ စကားပြောကြရအောင်၊ ဒီမှာ ဘယ်သူမှလည်း မရှိတော့ဘူးဆိုတော့ တခြားလူတွေကို အနှောင့်အယှက် မဖြစ်ဘူးလေ”

လင်းမိန်ဟွေ့လည်း ရှောင်လွှဲတော့မည် မဟုတ်ဟု ဆုံးဖြတ်လိုက်ကာ နျဲ့ဖေးဟုန်အား သူမ၏ သံသယများကို မေးမြန်းလိုက်သည်။

“အမျိုးသားတစ်ယောက်က ကျွန်မကို မကြိုက်ဘူးဆိုရင် ဖွင့်ပြောလောက်မလား၊ ကျွန်မဆိုလိုတာက သနားလို့ ဒါမှမဟုတ် ကိုယ်ချင်းစာလို့ အဲဒီမိန်းကလေးကို ကြိုက်တယ်လို့ ပြောနိုင်မလား”

နျဲ့ဖေးဟုန်သည် အမှန်တရားကို ခွဲခြမ်းစိတ်ဖြာ၍ ပြောလိုက်သည်။

“ကျွန်တော်တော့ အဲဒီလိုမထင်ဘူး၊ သနားတာ ၊ ကိုယ်ချင်းစာတာဆိုရင် ပစ္စည်းဥစ္စာတွေနဲ့ ကူညီနိုင်လောက်ပေမဲ့ ကြိုက်တယ်လို့ ဘယ်တော့မှ မပြောနိုင်လောက်ဘူး”

နျဲ့ဖေးဟုန် နားထောင်လိုက်ပြီးနောက် လင်းမိန်ဟွေ့ မေးမြန်းနေသည့်လူက သူ မဟုတ်ကြောင်း သိလိုက်ရသည်။

တစ်ဖက်လူကြောင့် လင်းမိန်ဟွေ့က သူ့ကို ငြင်းခဲ့ခြင်း ဖြစ်နိုင်သည်။

“အဲဒီလူက ဘယ်သူလဲ၊ မင်းရဲ့အနားကလူလား”

လင်းမိန်ဟွေ့က နျဲ့ဖေးဟုန်၏မေးခွန်းကို မဖြေဘဲ ဆက်ပြောလာသည်။

“တခါတလေ သူဘာတွေတွေးနေလဲဆိုတာ ကျွန်မ နားမလည်ဘူး၊ သူက ကြိုက်တယ်လို့ ပြောပေမဲ့ ဆန့်ကျင်ဘက်တွေ လုပ်နေတယ်၊ သူဘာကိုဆိုလိုတာလဲဆိုတာ ဘယ်လိုနားလည်ရမလဲ မသိဘူး...”

“ကျွန်တော် နားလည်တယ်…”

“သူ့လုပ်နေတဲ့ အဓိပ္ပာယ်ကို နားလည်နိုင်တာလား”

နျဲ့ဖေးဟုန်မှာ သိသိသာသာပင် စိတ်ပျက်နေသော်လည်း သူ၏စိတ်ခံစားချက်များကို လင်းမိန်ဟွေ့ထံသို ပစ်မချခဲ့ပါချေ။ သူက ပြုံး၍ ပြောလိုက်သည်။

“သူက မင်း ဘယ်လိုတွေးနေလဲဆိုတာ မသေချာသေးတာ ဖြစ်နိုင်တယ်၊ တကယ်တော့ တချို့အရာတွေက ကွေ့ဝိုက်မနေဘဲ တည့်တည့်ပြောတာက ပိုကောင်းနိုင်တယ်”

လင်းမိန်ဟွေ့လည်း တစ်ဖက်လူ၏စကားကို ကြားလျှင် အတိတ်က သူမဘက်မှ လျှို့ဝှက်ခဲ့ခနင်းကြောင့် စုန့်ယီကို အခက်အခဲများစွာ ဖြစ်စေခဲ့ကြောင်း ပြန်သတိရသွားသည်။

သို့သော် တစ်ဖက်လူကို သူမက ပြန်လည်မွေးဖွားလာသည့်အကြောင်းကို ပြောပြ၍ မရ။ ထိုသို့ဆိုလျှင် သူ ပို၍ပင် ရှုပ်ထွေးသွားမည် မဟုတ်ပါလား။

“ဒါဆို ရှင်လည်း ဒီလိုပဲ တွေးတာလား”

“ကျွန်တော်က ဘာတွေများတွေးနိုင်မှာလဲ၊ ကျွန်တော် မင်းဆီကို ရေးတဲ့စာကိုလည်း မင်းဖတ်တောင် မဖတ်ဘူးထင်တယ်”

နျဲ့ဖေးဟုန်သည်က ချမ်းသာသည့်မိသားစု၌ ကြီးပြင်းလာခြင်းဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် စိတ်နေစိတ်ထားရှိသည်။

တစ်ဖက်မှ ငြင်းပယ်မှုများကို သိပ်ပြီးမစဉ်းစားချေ။ စိတ်ခံစားမှုဆိုင်ရာကိစ္စများတွင် တစ်ဦးနှင့်တစ်ဦး အတင်းအကျပ် မပြုလုပ်သင့်ကြောင်းကို သူသိပေသည်။

လင်းမိန်ဟွေ့၏ ရှက်ရွံ့နေသည့်အမူအရာကို မြင်လျှင် နျဲ့ဖေးဟုန် ထပ်မံရယ်မောလိုက်သည်။

“တကယ်တော့ တစ်ယောက်ယောက်ကို ချစ်တာက လှပတဲ့အရာတစ်ခုပဲ၊ ကျွန်တော်တို့တွေက ငယ်သေးတယ်၊ ကိုယ့်ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားစရာ မလိုပါဘူး...”

“ကောင်းပြီ”

လင်းမိန်ဟွေ့ တစ်စုံတစ်ရာကြောင့် စိတ်အားတက်ကြွလာပုံရသည်။

သူမအနေဖြင့် ပြန်ရောက်လျှင် စုန့်ယီနှင့် သေသေချာချာစကားပြောမည်ဟု ဆုံးဖြတ်လိုက်လေသည်။

ညနေဘက်သို့ရောက်လျှင် နျဲ့ဖေးဟုန်က ရုတ်တရက် အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

“မိန်ဟွေ့၊ မင်း မြို့ထဲက အစားအသောက်တွေကိုတွေကို မစားရသေးဘူးမလား၊ ကျွန်တော် မင်းကို ခေါ်သွားပြီး လိုက်ကျွေးမယ်၊ ဒါက တက္ကသိုလ်ဝင်တန်းအောင်မြင်မှုကို ကြိုတင်ဆင်နွှဲတာလို့ သေဘာထားရအောင်...”

“ဒါပေမဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲက မဖြေရသေးဘူးလေ...”

“မင်းရဲ့စွမ်းရည်နဲ့ဆိုရင် မင်းရွေးချယ်တဲ့တက္ကသိုလ်ကို သေချာပေါက် ဝင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်၊ သွားကြစို့၊ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းကိုလည်း ထပ်မသွားဖြစ်တော့ဘူးလေ”

နျဲ့ဖေးဟုန်က လင်းမိန်ဟွေ့ကို စာကြည့်တိုက်အတွင်းမှ ဆွဲထုတ်လာခဲ့ပြီး နှစ်ယောက်အတူ ဈေးတစ်ခုသို့ လျှောက်သွားခဲ့ကြသည်။

တရုတ်နှစ်သစ်ကူး နီးကပ်လာပြီဖြစ်၍ ဈေးကလည်း အလွန်စည်ကားနေကာ သရေစာရောင်းသည့်နေရာတွင်ပင် ကျောင်းသားများ ပြည့်နှက်နေသည်။

“တို့ဖူးချဥ်တွေရှိတယ်၊ တစ်ပန်းကန်ကို တစ်ယွမ်ပဲ... မင်းလိုချင်လား”

“ကျွန်မ မစားဖူးသေးဘူး၊ မြည်းကြည့်ရအောင်”

လင်းမိန်ဟွေ့က နျဲ့ဖေးဟုန်၏ အကြံကို အမှန်တကယ် ကောင်းမွန်သည်ဟု တွေးမိသည်။ ဤသို့စည်ကားသည့်နေရာသို့ ရောက်လာချိန်တွင် သူမဒ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့လေသည်။

လင်းမိန်ဟွေ့က နျဲ့ဖေးဟုန်၏လက်ထဲမှ တို့ဖူးချဥ်တစ်ပန်းကန် လှမ်းယူလိုက်သည်။ အနံ့က လေထဲ၌ ပျံ့လွင့်နေခဲ့သည်။

လင်းမိန်ဟွေ့ ရုတ်တရက် စိတ်သက်သာရာရကာ ပျော်ရွှင်သွားရသည်။ အထူးသဖြင့် ပြန်ရောက်လျှင် စုန့်ယီနှင့် သေသေချာချာစကားပြောမည်ဟု တွေးလိုက်မိပြီး ပို၍ပင် ကောင်းမွန်သွားသည်။

နျဲ့ဖေးဟုန်က တို့ဖူးချဥ်၊ ဘီယာနှစ်ပုလင်းနှင့် မြေပဲတစ်ပန်းကန် မှာလိုက်သည်။

“ဝိုင်နည်းနည်းသောက်ကြရအောင်”

“ဘာလို့သောက်မှာလဲ”

“ကျွန်တော့်ရဲ့အချစ်ရေး အဆုံးသတ် သွားတာကို ကျင်းပကြတာပေါ့”

နျဲ့ဖေးဟုန်က သူ၏စကားများကို ရှင်းလင်းစွာ မပြောခဲ့ချေ။

လင်းမိန်ဟွေ့သည်လည်း တမင်တကာ ဖော်ထုတ်ပြောကြားမည် မဟုတ်ပေ။

သူတို့နှစ်ဦးက ခုံအသေးလေးပေါ်တွင် ထိုင်ပြီး ဆောင်းရာသီ၏ အေးစိမ့်သည့်လေကို ဆန့်ကျင်ရင်း အစားအသောက်များကို စားသောက်ကာ မမေ့နိုင်ဖွယ် ညနေခင်းကို ကုန်ဆုံးခဲ့ကြသည်။

All Chapters