အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း(129)
ညဉ့်နက်ပိုင်းအချိန်တွင် လင်းမိန်ဟွေ့ယိုင်တိုင်တိုင်ဖြင့် ပြန်ရောက်လာခဲ့သည်။ နျဲ့ဖေးဟုန်သည်လည်း အနည်းငယ်လောက်စိုးရိမ်သောကြောင့် သိပ်မလှမ်းမကမ်းမှ လိုက်လာခဲ့သည်။
နီဖေးဟုန်၏စိတ်ထဲတွင် လင်းမိန်ဟွေ့မှ သူ့အပေါ်တွင် အချစ်တို့မရှိတော့သည့်အတွက် သူတို့နှစ်ဦးအနေဖြင့် ယခုမှစ၍ ကျောင်းနေဖက်သက်သက်သာ ဖြစ်တော့မည်ကို သိနေခဲ့သည်။ ဤသို့ဖြစ်၍ ရှောင်နေစရာ မရှိတော့ချေ။
စုန့်ယီမှ လမ်းခွဲတွင် ရပ်နေသည်ကို အဝေးမှမြင်လျှင် သူပြုံး၍ ပြောလိုက်သည်။
“မိန်ဟွေ့၊ မင်းရဲ့အစ်ကိုက မင်းကိုလာကြိုပြန်ပြီဆိုတော့ ကျွန်တော်ပြန်တော့မယ်၊ ဒီနေ့ ကျွန်တော်ကိုအဖော်ပြုပေးလို့ ကျေးဇူးတင်ပါတယ်”
လင်းမိန်ဟွေ့ခေါင်းမော့လိုက်လျှင် မှုန်ဝါးဝါးအလင်းထဲ၌ ရှိနေသော အရပ်ရှည်ရှည်လူတစ်ဦးကိုတွေ့လိုက်ရသည်။
စုန့်ယီကို ပထမဆုံးအကြိမ် မြင်ဖူးကတည်းက တစ်ဖက်လူက အရပ်ရှည်ပြီး သန်မာသူတစ်ဦးဖြစ်နေခဲ့သည်။ ထိုအချိန်က သူ့အနေဖြင့် အနည်းငယ်ရှက်တတ်ပြီး ကိစ္စများဖြစ်လာလျှင် အမြဲရှောင်ပြေးတတ်သည်။
သို့သော် ယခု သူ့ကို ပြန်ကြည့်လိုက်ချိန်တွင် အရပ်ရှည်ပြီး သန်မာကာ ကိုယ်ပိုင်အမြင်များ ရှိနေပြီ။ လင်းမိန်ဟွေ့က သူ့၏ကောင်းကွက်များ တဖြည်းဖြည်း သဘောကျလာခဲ့သည်။
လင်းမိန်ဟွေ့က နျဲ့ဖေးဟုန်ကို နှုတ်ဆက်ရန် ပြင်ဆင်လိုက်ချိန်တွင် ခြေချော်ပြီး ဘေးသို့လဲကျလုနီးပါး ဖြစ်သွားရသည်။
ထိုအခြေအနေကို မြင်လျှင် နျဲ့ဖေးဟုန်က သူ့ကို အမြန်ပြေးထူပေး၍ တီးတိုးပြောလိုက်သည်။
“သတိထားဦး!”
စုန့်ယီက ပထမက မလှုပ်ရှားချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး၏အချိန်ကို မနှောင့်ယှက်လိုသည့်အတွက်ဖြစ်ပေ၏။
သူ့၏နှလုံးသားက ခြောက်သွေ့နေသော်လည်း လင်းမိန်ဟွေ့လဲကျလုနီးပါးဖြစ်သည်ကို မြင်လိုက်ရချိန်တွင်တေား စုန့်ယီတစ်ယောက် မသိစိတ်မီ အပြေးအလွှားသွားခဲ့ကာ လင်းမိန်ဟွေ့၏ကျန်သည့်လက်တစ်ဖက်ကို ဖမ်းကိုင်လိုက်မိသည်။
လင်းမိန်ဟွေ့ထံမှ အရက်နံ့ပြင်းပြင်းထွက်နေခဲ့ပြီး မျက်နှာတွင်လည်း နီရဲနေသည်။
စုန့်ယီက မျက်မှောင်အနည်းငယ်ကြုံ့၍ နျဲ့ဖေးဟုန်ကိုကြည့်ပြီးမေးလိုက်သည်။
“မင်း သူ့ကို အရက်တိုက်ခဲ့တာလား”
နျဲ့ဖေးဟုန်က ပြုံး၍ မျက်နှာအမူအရာမပြောင်းဘဲ ပြန်ဖြေခဲ့သည်။
“သူ စိတ်ဓာတ်ကျနေလို့ ဝိုင်နည်းနည်းတိုက်လိုက်တာပါ၊ သိပ် အများကြီးမသောက်ထားဘူး၊ ခဏနေရင် ကောင်းသွားပါလိမ့်မယ်၊ မင်း စိတ်ပူရင် သကြားရည်လေး ဖျော်တိုက်လို့ရတယ်...”
စုန့်ယီက အခြားမည်သည်ကိုမျှ မပြောတော့သော်လည်း အလွန်အမင်း မကျေမနပ်ဖြစ်နေခဲ့ပုံရသည်။
နျဲ့ဖေးဟုန်က လင်းမိန်ဟွေ့ကို စုန့်ယီ၏လက်ထဲ ထည့်ပေးလိုက်သည်။ သူပြန်သွားချိန်တွင် စုန့်ယီဘက်ကို ပြန်လှည့်ကြည့်ကာ နှုတ်ခမ်းကို အနည်းငယ်တွန့်ကွေးလိုက်မိသည်။
သူ သိပ်ပြီး ဆိုးဆိုးရွားရွား မရှုံးနိမ့်ခဲ့ပေ။ စုန့်ယီက အမှန်တကယ်ပင် ရုပ်ချောပြီး တခြားသူများကို ဂရုစိုက်တတ်သည်။
အိမ်အပြန်လမ်း၌ စုန့်ယီက ယိုင်တိုင်တိုင်ဖြစ်နေသည့် လင်းမိန်ဟွေ့ကို ထိန်းပေးကာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
အဆုံးတွင်တော့ သူက ရိုးရှင်းစွာထိုင်ချလိုက်ပြီး လင်းမိန်ဟွေ့ကို ကျောပိုးပြီး အိမ်သို့ပြန်လာခဲ့သည်။ ပါးစပ်မှလည်းညင်သာစွာ ဆူပူနေခဲ့သည်။
“စိတ်မကောင်းဖြစ်ရင် ပြောရမှာပေါ့၊ ဘာလို့ အပြင်ထွက်ပြီး အရက်သောက်ရတာလဲ၊ အခုလို သောက်နေတာကိုမြင်ရင် မင်းရဲ့မိဘတွေ ဘယ်လောက်စိတ်ပူမလဲ”
“ကျွန်မမှာ မိဘမရှိပါဘူး”
“အင်း၊ မင်းမှာ မိဘမရှိဘူး.. ကျောက်တုံးအက်ကြောင်းထဲကနေ ခုန်ထွက်လာတာမလား”
အိမ်ငှားခန်းသို့ ပြန်ရောက်လျှင် အိမ်ရှင်က ရေသွားသွန်ရန် ထွက်လာသည်။ စုန့်ယီမီ လင်းမိန်ဟွေ့ကို ကျောပိုးလာသည်ကိုမြင်လျှင် နေမေကာင်းဖြစ်နေပြီဟုထင်ကာ စိုးရိမ်တကြီး မေးလိုက်မိသည်။
“ဘာဖြစ်တာလဲ ဆရာဝန်ခေါ်ပေးရမလား?”
“မဟုတ်ဘူး၊ သူ အရက်နည်းနည်းမူးနေတာပါ၊ ခဏနေရင် ကောင်းသွားလိမ့်မယ်၊ ကျေးဇူးတင်ပါတယ်”
စုန့်ယီက လင်းမိန်ဟွေ့ကို အခန်းထဲသို့ ခေါ်သွားကာ အိပ်ခိုင်းလိုက်သည်။ ထို့နောက် သကြားညိုတစ်ဇွန်းကို ဖျော်ကာ လင်းမိန်ဟွေ့ကို တစ်ဇွန်းချင်းစီ တိုက်ကျွေးခဲ့သည်။
တစ်ဝက်ခန့်တိုက်ပြီးနောက် လင်းမိန်ဟွေ့က ရုတ်တရက်မျက်လုံးဖွင့်လာခဲ့လေ၏။ စုန့်ယီ၏မျက်မှောင်ကြုံ့ထားသည့်ပုံကိုမြင်လျှင် သူမမျက်လုံးများ ရုတ်တရက်နီရဲလာသည်။
“ရှင် ကျွန်မကို စိတ်ဆိုးနေတုန်းပဲလား”
စုန့်ယီက သကြားရည်ခွက်ကို ဘေးနားတွင်ချကာ သက်ပြင်းရှည်ကြီးချလိုက်သည်။
“တစ်ယောက်ယောက်က မင်းကို သဘောကျနေတာဆိုတော့ ကိုယ်ပျော်ရမှာပေါ့၊ ကိုယ် မနေ့က မင်းကို စိတ်မဆိုးသင့်ဘူး မင်း ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး မနှိပ်စက်သင့်တော့ဘူး
တရုတ်နှစ်သစ်ကူးလည်း မကြာခင် ရောက်တော့မှာ၊ မင်း ဖျားသွားရင် ဘယ်လိုလုပ်မလဲ”
လင်းမိန်ဟွေ့တစ်ယောက် ဤစကားများ ကြားလိုက်ရလျှင် သူမ၏နှလုံးသားက ပို၍ ပိတ်ဆို့သွားသကဲ့သို့ ခံစားရသည်။
သူမ ထိုစကားများ နားမထောင်လိုပေ။ စုန့်ယီက အမှန်အတိုင်းပြောလာသည်ကိုသာ ကြားချင်မိနေခဲ့သည်။
“အစ်ကိုစုန့်ယီ၊ ရှင် အမှန်အတိုင်း မပြောဘူးလား”
စုန့်ယီက လင်းမိန်ဟွေ့၏ဝမ်းနည်းနေသည့်အမူအရာကို ကြည့်၍ သူမ၏မျက်နှာပေါ်မှ ဆံပင်များကို ဖယ်ရှားပေးလိုက်သည်။
“အမှန်အတိုင်း ပြောရရင် ကိုယ် မင်းကို သဘောကျတယ်၊ မင်းနဲ့အတူ ရှိနေဖို့လည်း ဆန္ဒရှိတယ်
ဒါပေမဲ့ အဲဒါက မင်းလည်း ကိုယ်လိုမျိုး ပြန်ပြီးသဘောကျပေးရမယ်လို့ မဆိုလိုဘူး၊ မင်းမှာလည်း မင်းရဲ့ဘဝအတွက် ရွေးချယ်စရာတွေ ရှိနေနိုင်တယ်လေ”
ထိုစကားများကို ကြားလျှင် လင်းမိန်ဟွေ့က အလွန်သက်သောင့်သက်သာ ခံစားလိုက်ရသည်။
သူမက စုန့်ယီ၏လက်ကို ကိုင်၍ သူမ၏ပူလောင်နေသည့်မျက်နှာနှင့် ဖိထားလိုက်လေသည်။ သူမ၏နှလုံးသားထဲမှ ဖော်ပြ၍မရသည့်နွေးထွေးမှုက သူမကို ချက်ချင်းအရည်ပျော်သွားစေပြီး သူ့မူးယစ်နေသည့်ဝမ်းနည်းမှုက မှုန်ဝါးဝါးလရောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ဤသေးငယ်သည့်အိမ်ငှားခန်းလေး၌ လင်းမိန်ဟွေ့က စုန့်ယီနှင့် ထပ်မံချိတ်ဆက်မိပြန်သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မ ရှင့်ကို သဘောကျတယ်...”
ထိုသို့ပြောပြီးနောက်၌ လင်းမိန်ဟွေ့က စုန့်ယီ၏လက်ဖဝါးကို နှုတ်ခမ်းဖြင့် ညင်သာစွာနမ်းလိုက်သည်။ ဤအနမ်းက စုန့်ယီ၏နှလုံးသားထဲမှ အပူကို လှုပ်ရှားစေခဲ့သည်။
သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦးကြည့်နေခဲ့ကြကာ ဤကျဉ်းမြောင်းသည့်နေရာလေးတွင် နှလုံးသားချင်းထိတွေ့မိသကဲ့သို့ ပျော်ရွှင်မှုတစ်မျိုးကို ခံစားနေခဲ့ရသည်။
လင်းမိန်ဟွေ့က ညင်သာစွာခေါင်းမော့ပြီး စုန့်ယီ၏နှုတ်ခမ်းကို နမ်းလိုက်လေသည်။
နူးညံ့သည့်နှုတ်ခမ်းများက စုန့်ယီ၏နှုတ်ခမ်းထောင့်များကို ညင်သာစွာထိတွေ့လိုက်သည်။ စုန့်ယီက ဖော်မပြနိုင်အောင်တုန်ရီသွားရလေသည်။
သူ့၏နှလုံးသားထဲမှ အထီးကျန်မှုနှင့် တုံ့ဆိုင်းမှုများက အတူတကွ ပျောက်ကွယ်သွားကာ အလင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
သူ့၏ သံချပ်ကာအလွှာများကလည်း ဤအချိန်၌ ပွင့်အန်လာခဲ့သည်။
လင်းမိန်ဟွေ့က စတင်နမ်းရှုံ့ပြီးနောက် စုန့်ယီကလည်း လင်းမိန်ဟွေ့၏နှုတ်ခမ်းများကို နမ်းရှိုက်လိုက်မိသည်။
ရေကိုထိတွေ့သည့် ပျံလွှားလေးကဲ့သို့ပင်။ သို့သော် သူတို့နှစ်ဦးစလုံးကို ဖော်ပြ၍မရသည့်နွေးထွေးမှုကို ခံစားရစေခဲ့သည်။
နှစ်သစ်ကူးကာလတွင် စုန့်ယီနှင့် လင်းမိန်ဟွေ့၏ဆက်ဆံရေးက အရင်အတိုင်းပြန်ဖြစ်သွားပြီး သူတို့နှစ်ဦး အိမ်တစ်လုံးထဲတွင် အတူတကွ နေထိုင်ခဲ့ကြသည်။
နှစ်သစ်ကူး၏ပျော်ရွှင်ဖွယ်ရာအငွေ့အသက်များက သူတို့နှစ်ဦးကို မိသားစုကဲ့သို့ ပို၍ ခံစားရစေခဲ့သည်။
တရုတ်နှစ်သစ်ကူးကာလတွင် အိမ်ရှင်က ဖက်ထုပ်လုပ်ရန် အစာသွပ်နှင့် ခေါက်ဆွဲများကို တိုက်ရိုက်ယူလာပေးခဲ့သည့်အတွက် ဖက်ထုပ်လုပ်ရသည့်ပျော်ရွှင်မှုကို သူတို့နှစ်ဦး ခံစားရခဲ့ကြသည်။
စုန့်ယီက လင်းမိန်ဟွေ့မှာ ထက်မြက်သူတစ်ဦးဖြစ်ကြောင်းကို သိကေသည်။ သူမက ဖက်ထုပ်အမျိုးမျိုးကိုလည်း လုပ်နိုင်သည်
သူမကို ကြည့်နေရင်းဖြင့် သူ၏ မိဘများ အသက်ရှင်စဉ်နှစ်များကို ပြန်သတိရမိသည်။ ထိုအချိန်က သူသည်လည်း မိသားစု၏အချစ်ခံလေးဖြစ်ခဲ့ကာ တရုတ်နှစ်သစ်ကူး၌ သူလိုချင်သည့်အရာ မှန်သမျှကို အမြဲရရှိခဲ့သည်။
လင်းမိန်ဟွေ့က ဖက်ထုပ်လုပ်ရာတွင် အာရုံစိုက်နေခဲ့ကာ သူမကို အိမ်ပြန်ရောက်နေသကဲ့သို့ ခံစားရစေခဲ့သည်။
စုန့်ယီက လင်းမိန်ဟွေ့ကို စွဲစွဲလမ်းလမ်းကြည့်နေရင်းဖြင့် ဤအချိန်လေးကို ထာဝရတည်တံ့နေရန် ဆုတောင်းနေခဲ့မိသည်။
နွေဦးပွဲတော်ပြီးနောက် ရှောင်ရွှမ်း၊ ရှောင်ကျယ်နှင့် တခြားသူများက ကျောင်းသို့ စောစောပြန်လာခဲ့ကြသည်။ စုန့်ယီက သူ့၏မူလငှားရမ်းထားသည့် အိမ်သို့ ပြန်သွားခဲ့သည်။
လင်းမိန်ဟွေ့သည်လည်း သူမ၏သူငယ်ချင်းနှစ်ဦးနှင့်အတူ နေ့တိုင်း ကျောင်းသို့ သွားလာ၍ ပြင်းထန်သည့်ကျောင်းစာများတွင် ပြန်ရောက်သွားခဲ့သည်။
စုန့်ယီက လျှပ်စစ်ပစ္စည်းပြင်သည့်ဆိုင်တွင် ပြင်ဆင်ရေးသမားအဖြစ် ရာထူးတိုးသွားသည်။ သူသည်က ဆယ်ယွမ်ခန့်သာရသည့် အလုပ်သင်မဟုတ်တော့သည့်အတွက် သူတို့၏နေထိုင်မှုအခြေအနေများက များစွာ ပို၍ ကောင်းလာခဲ့သည်။
မသိလိုက်မသိဘာသာနှင့်ပင် ဇွန်လသို့ရောက်လာခဲ့ပေပြီ။
ယနေ့တွင် အစမ်းစာမေးပွဲအဖြေစာရွက်များ ထွက်လာခဲ့သည်။ လင်းမိန်ဟွေ့၏အမှတ်များက အတော်လေး ကောင်းမွန်ပေသည်။
ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့၏အမှတ်များလည်း ပျမ်းမျှထက် အပေါ်တွင်ရှိနေခဲ့ပြီး လူတိုင်းယုံကြည်မှုအပြည့် ရှိနေကြသည်။
နျဲ့ဖေးဟုန်က သူတို့၏မျက်နှာပေါ်မှ အပြုံးများကို မြင်လျှင် အနားသို့လာပြီး ပြောလာခဲ့လေ၏။
“ဘယ်တက္ကသိုလ်ကို တက်ဖို့ စီစဉ်ထားလဲ”
လင်းမိန်ဟွေ့က လွန်ခဲ့သည့်ရက်အနည်းငယ်က နျဲ့ဖေးဟုန်နှင့်အတူ အရက်သောက်ခဲ့သည်ကို ရုတ်တရက်သတိရလိုက်သည်။ သူတို့စကားများပြောရင်း အနာဂတ်အကြောင်း များစွာပြောခဲ့ကြသည်။
တစ်ဖက်လူက ဤသို့မေးသည်ကို ကြားလျှင် လင်းမိန်ဟွေ့၏ မျက်နှာက နီရဲသွားခဲ့လေသည်။
ရှောင်ရွှမ်းက ရိုးရှင်းစွာပြောလိုက်သည်။
“ကျွန်မရဲ့ အမှတ်နဲ့ဆို ရှန်ဟိုင်းတက္ကသိုလ်ကိုတော့ ရောက်လောက်မှာပဲ”
ရှောင်ကျယ်ကလည်း ပြောလာသည်။
“ကျွန်မက ပေကျင်းဆေးတက္ကသိုလ်ကို တက်ချင်တယ်”
နျဲ့ဖေးဟုန်က လင်းမိန်ဟွေ့ကိုကြည့်လိုက်သည်။ လင်းမိန်ဟွေ့က ခဏခန့် စဉ်းစား၍ သတ္တိကို စုဆောင်းလိုက်သည်။
“ကျွန်မ ပေကျင်းဘဏ္ဍာရေးတက္ကသိုလ်ကို သွားချင်တယ်၊ အဲဒီက စာကြည့်တိုက်က အရမ်းကြီးတယ်၊ စာအုပ်တွေလည်း အများကြီးရှိတယ်လို့ ကြားတယ် ၊ကိုယ်လိုချင်သလောက် ဖတ်လို့ရတယ်...”
လင်းမိန်ဟွေ့ပြောသည့်စကားများကို ကြားလျှင် တခြားသုံးဦး၏မျက်နှာများတွင် တောင့်တမှုများ ပေါ်လာခဲ့သည်။
တစ်နှစ်ပတ်လုံး ပြင်ဆင်ပြီးနောက် စာမေးပွဲဖြေရန် အချိန်နီးလာပြီဖြစ်သည့်အတွက် သူတို့က သဘာဝအတိုင်း စိတ်ဓာတ်တက်ကြွကာ သူတို့၏ပန်းတိုင်များအတွက် စိတ်အားထက်သန်မှု ထိန်းသိမ်းထားရမည်ပင်။
ဆရာက စင်မြင့်ပေါ်တွင်ရပ်၍ ပြောလိုက်လေ၏။
“ဒီအစမ်း စာမေးပွဲမှာ ကျောင်းသားတွေက အများကြီး ကြိုးစားထားတာကို တွေ့ခဲ့ရတယ်၊ ဆက်ပြီးကြိုးစားမယ်ဆိုရင် မင်းတို့ ရွေးချယ်ထားတဲ့ တက္ကသိုလ်ကို အောင်မြင်စွာ ဝင်ခွင့်ရမှာ သေချာတယ်”
*
အခန်း(130) မင်း စာမေးပွဲ အောင်မြင်လိမ့်မယ်လို့ မမျှော်လင့်နဲ့
ယခုရက်ပိုင်းများတွင် စုန့်ယီက လင်းမိန်ဟွေ့ကို သွားကြိုခြင်း မပြုတော့ပေ။ သူက လမ်းဆုံတွင်သာ တိတ်တဆိတ် ရပ်နေတတ်ပြီး တခြားအတန်းဖော်များ မရှိကြောင်း သေချာမှသာ သူမထံသို့ သွားလေ့ရှိ၏။
သူ့အနေဖြင့် လင်းမိန်ဟွေ့အား ခံစားချက်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ဘဲ သူမကို စာမေးပွဲ၌သာ အာရုံစိုက်စေလိုခဲ့သည်။
စာမေးပွဲဖြေဆိုရမည့်နေ့သို့ ရောက်ရှိလာချိန်တွင် လင်းမိန်ဟွေ့၊ ရှောင်ရွှမ်း၊ ရှောင်ကျယ်နှင့်တခြားလူများက စာရေးကိရိယာဆိုင်သို့ သွားပြီး စာမေးပွဲသုံးပစ္စည်းများကို ဝယ်ယူခဲ့ကြလေ၏။
စုန့်ယီက သူတို့တစ်ဦးစီတိုင်းကို အားပေးစကားများ ရေးသားထားသည့် ကတ်ပြားလေးများကို လက်ဆောင်ပေးခဲ့သည်။
လင်းမိန်ဟွေ့အနေဖြင့် သူမ၏ ကတ်ပြားလေးပေါ်ရှိ ‘တစ်ခါတည်းအောင်မြင်ပါစေ’ ဟူသော စာကို မြင်တွေ့လိုက်ရလျှင် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရလေသည်။
နောက်တစ်နေ့တွင် ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့၏ မိဘများက မြို့သို့ ရောက်ရှိလာပြီး သူတို့၏သမီးများဆီသို့ လာကာ စာမေးပွဲခန်းသို့ စောစီးစွာ ပို့ဆောင်ပေးခဲ့ကြ၏။
လင်းမိန်ဟွေ့သည်က တခြားစာမေးပွဲခန်း၌ ဖြေဆိုရမည်ဖြစ်သောကြောင့်ရ စုန့်ယီကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခဲ့လေသည်။
ငှားရမ်းထားသောအိမ်မှ စာမေးပွဲခန်းသို့ သွားရောက်ရန် မိနစ် (၂၀)ခန့် ကြာမြင့်ပေသည်။ စုန့်ယီက ခရီးမြန်စေရန်အတွက် အိမ်ရှင်ထံမှ စက်ဘီးတစ်စီး ငှားရမ်းခဲ့လေ၏။
စုန့်ယီက လင်းမိန်ဟွေ့ကို လိုက်ပို့ပေးခဲ့က် လမ်းတွင် သတိပေးစကားများကို ပြောဆိုလိုက်သည်။
“မေးခွန်းတွေ ဖြေတဲ့အချိန်ကျရင် စိတ်မလှုပ်ရှားနဲ့နော်၊ အိမ်စာလုပ်သလိုပဲ သဘောထားပြီး ဖြေလိုက်၊ ပြီးတော့ ကိုယ်မသိတာ ပါလာခဲ့ရင် စာရွက်ပေါ်မှာ မေးခွန်းနံပါတ်ကို မှတ်ထားလိုက်၊ အကုန်လုံးဖြေပြီးသွားမှ ပြန်ကြည့်ပြီး အဖြေရွာကြည့်ပေါ့”
“အစ်ကိုစုန့်ယီ၊ အစ်ကိုက ဘယ်လိုလုပ် ဒီလောက်တောင် သိနေရတာလဲ”
လင်းမိန်ဟွေ့ အနည်းငယ် အံ့သြသွားခဲ့ရ၏။ စုန့်ယီ၏ မိဘနှစ်ပါးလုံးက ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ မိသားစုတွင်လည်း သူ့အား ကျောင်းထားပေးရန် ငွေကြေးမရှိခဲ့ပေ။
သူ့အနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခွင့် မရရှိခဲ့ပါချေ။
သို့သော် ယခု စုန့်ယီပြောဆိုနေသည်များကို နားထောင်ကြည့်လျှင် ရှင်းလင်းပြတ်သားပြီး အရာအားလုံးကို သိရှိနေသကဲ့သို့ ဖြစ်နေခဲ့သည်။
စုန့်ယီက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြောလာလေသည်။
“ကိုယ် ဒီရက်ပိုင်း လူတွေအများကြီးဆီက လိုက်မေးထားတာလေ၊ တက္ကသိုလ်ကျောင်းသားတွေ ပြောတာကို ကြားခဲ့လို့”
လင်းမိန်ဟွေ့တစ်ယောက် စက်ဘီးနောက်ခုံ၌ ထိုင်ရင်း ရုတ်တရက် ဖော်ပြ၍ မရနိုင်လောက်အောင် ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။
သူမအား လိုက်ပါပို့ဆောင်မည့် မိဘများ မရှိသော်လည်း စုန့်ယီက သူမအတွက် အစားထိုးမရနိုင်သည့် လုံခြုံမှုနှင့် အားကိုးနိုင်မှုကို ပေးခဲ့ပေသည်။ လင်းမိန်ဟွေ့ စုန့်ယီ၏ခါးကို ညင်သာစွာ ဖက်လိုက်ပြီး ပြောလိုက်လေသည်။
“အစ်ကိုစုန့်ယီ၊ ဒီရက်ပိုင်း အစ်ကို ပင်ပန်းနေလောက်ပြီ၊ ကျွန်မ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေပြီးသွားရင် ပေကျင်းကို သွားလည်ကြမယ်လေ”
“ကောင်းပြီ ၊သေချာပေါက် သွားကြတာပေါ့”
စုန့်ယီက စက်ဘီးကိုနင်းလာရင်း လမ်းကြားတစ်ခုသို ရောက်ချိန်တွင် လမ်းကြား၏ထိပ်တွင် ရပ်နေသော လူမိုက်အချို့ကို အဝေးမှ လှမ်းမြင်လိုက်ရ၏။ သူတို့အားလုံး၏ လက်ထဲ၌ သံတုတ်တစ်ခုစီ ကိုင်ဆောင်ထားပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရလေသည်။
စုန့်ယီတစ်ယောက် ခေါင်းဆောင်ဖြစ်သူက လေ့ကျစ်ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။
သူက ထောင်ထဲမှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား။
သို့သော် သူ့အနေဖြင့် အလွန်အမင်း တွေးတောနေချိန် မရှိပါချေ။ ယခုအချိန်တွင် သူလုပ်ဆောင်ရမည့်အရေးကြီးကိစ္စမှာ လင်းမိန်ဟွေ့အား စာမေးပွဲခန်းထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်စေရန်ပင် ဖြစ်သည်။
သူ လင်းမိန်ဟွေ့ဘက်သို့ လှည့်ပြီး ပြောလိုက်လေ၏။
“မိန်ဟွေ့၊ ကိုယ် ဆိုင်မှာ လုပ်စရာတစ်ခုကျန်ခဲ့တာကို ရုတ်တရက် သတိရသွားလို့၊ မင်း တစ်ယောက်တည်းပဲ ဆက်သွားလိုက်ပါလား၊ အချိန်ရှိလောက်သေးတယ်”
လင်းမိန်ဟွေ့က စက်ဘီး၏နောက်ခုံတွင် ထိုင်နေခဲ့သောကြောင့် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မမြင်တွေ့ရပါချေ။ သူမက စုန့်ယီ၏ အပြုအမူတို့က အနည်းငယ် ထူးဆန်းနေသည်ဟုသာ တွေးလိုက်မိသည်။
ဤမနက်ပိုင်း ထွက်ခွာလာစဉ်က သူဌေးကို လိမ်ညာ၍ ထွက်လာသည်ဟု ပြောထားခဲ့ပြီး ဤအလျိန်မှသာ လုပ်စရာရှုသည်ဟုဆိုလာပြန်သည်။
သို့သော် မြို့က သိပ်ပြီး မကြီးမားပါချေ။ စာမေးပွဲခန်းသို့ သွားရန်လည်း (၅)မိနစ်သာ လိုတော့သည်။
လင်းမိန်ဟွေ့ စက်ဘီးပေါ်မှ ဆင်းလိုက်ပြီး အရှေ့သို့ ဆက်သွားတော့မည့်အချိန်တွင် စုန့်ယီက သူမကို လှမ်းဆွဲပြီး ဘေးနားရှိ လမ်းကြားကျဉ်းလေးထဲသို့ တွန်းပို့လိုက်လေသည်။
“ဒီဘက်က ပိုနီးလောက်တယ်၊ ကိုယ်တို့ မနေ့က လျှောက်ဖူးတယ်လေ”
“ဒါပေမဲ့ ဒီလမ်းက လျှောက်ရတာ အဆင်မပြေဘူး”
“လျှောက်လို့ရပါတယ်၊ ဒီလမ်းရဲ့ အပြင်ဘက်မှာ ရဲစခန်းရှိတယ်၊ ပြီးရင် ဈေးဝယ်စင်တာကြီး ရှိတယ်လေ၊ လမ်းမမှားစေနဲ့ဦး”
စုန့်ယီ၏ စကားကို ကြားလျှင် လင်းမိန်ဟွေ့လည်း ရွေးချယ်စရာ မရှိတော့ဘဲ လမ်းကြားကျဉ်းလေးထဲသို့ ဝင်သွားခဲ့ရလေ၏။
စုန့်ယီက အနောက်မှနေ၍ စာမေးပွဲကို ကောင်းကောင်းဖြေရန် မှာနေခဲ့သောကြောင့် လင်းမိန်ဟွေ့က လက်ကိုမြှောက်ပြီး ဝှေ့ရမ်းပြလိုက်သည်။
လေ့ကျစ်၏ တပည့်များမှာ အဝေးမှနေ၍ ကြည့်ရှုနေခဲ့ကြပြီး စုန့်ယီက လင်းမိန်ဟွေ့အား လမ်းကြားထဲသို့ အတင်းဝင်ခိုင်းလိုက်ကြောင်းကို မြင်တွေ့လိုက်ရလျှင် ချက်ချင်းပင် လိုက်လံဖမ်းဆီးရန် ပြင်ဆင်လိုက်ကြလေ၏။
စုန့်ယီသည်လည်း ပုန်းအောင်းမနေဘဲ စက်ဘီးပေါ်သို့ပြန်တက်ကာ သူတို့ထံသို့ ဝင်တိုက်လုမတတ် နင်းသွားခဲ့သည်။
သူတို့ကို တိုက်မိလုနီးပါး ဖြစ်သွားချိန်မှသာ စုန့်ယီက စက်ဘီးကို လမ်းမပေါ်တွင် ကန့်လန့်ဖြတ် ရပ်တန့်လိုက်ပြီး လမ်းကိုပိတ်ရပ်လိုက်လေသည်။
“မင်းတို့ ဒီနေ့ လင်းမိန်ဟွေ့ကို ပြဿနာ လာရှာတာဆိုရင်တော့ ဘယ်သူမှ ဒီနေရာကို ဖြတ်သွားလို့ မရဘူး”
လေ့ကျစ်က စုန့်ယီကို ပြန်ကြည့်လိုက်ပြီး လှောင်ပြောင်လိုစွာပြုံးလိုက်ကာ သူ၏ နဖူးပေါ်မှ အမာရွတ်ကို ပွတ်သပ်လိုက်သည်။
“ငါ မင်းနဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စကိုတောင် စာရင်းမရှင်းရသေးဘူး၊ မင်းက ဒီနေ့ ရောက်လာပြန်ပြီ၊ ဒီလိုဆိုမှတော့ ငါ့ဘက်က မင်းကို ရိုင်းစိုင်းတဲ့အရာတွေလုပ်မိရင် အပြစ်မတင်နဲ့တော့”
ပြီးခဲ့သည့် ကိစ္စတွင် လေ့ကျစ်တစ်ယောက် ထောင်ဒဏ် နှစ်နှစ် ကျခံခဲ့ရလေသည်။
သို့သော် လေ့ကျစ်က ထောင်ထဲသို့ရောက်ရှိနေချိန်တွင် ခိုးမှုဂိုဏ်းကြီးတစ်ခုအကြောင်းကိုသတင်းပေးခဲ့လေ၏။ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် သူ၏ ပြစ်ဒဏ်ကို တစ်နှစ် လျှော့ပေါ့ပေးလိုက်ပြီး လေ့ကျစ်တစ်ယောက် စောစီးစွာပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပေသည်။
စုန့်ယီအနေဖြင့်ည လေ့ကျစ်၏ ရက်စက်ကြမ်းတမ်းသော အမူအရာများဖြင့်ဖုံးလွှမ်းနေသည့်မျက်နှာကို မြင်တွေ့ခဲ့သော်လည်း လုံးဝမကြောက်လန့်ခဲ့ချေ။
“လေ့ကျစ်၊ မတရားမှုတိုင်းမှာ တရားခံဆိုတာ ရှိမှာပဲ၊ မင်းကို ပြသနာရှာတဲ့သူက ငါလို့ ပြောခဲ့မှတော့ ငါ့ဆီကိုပဲတိုက်ရိုက်လာခဲ့၊ လင်းမိန်ဟွေ့ကို မထိနဲ့”
“အစတုန်းက ငါ့ဘက်က လင်းမိန်ဟွေ့ကို အရင်ကြိုက်ခဲ့တာပဲ၊ မင်း ဘာလို့ ရုတ်တရက်ပေါ်လာရတာလဲ၊ နောက်ပြီး ငါက လင်းမိန်ဟွေ့ကို စာမေးပွဲကျသွားအောင် လုပ်ချင်ရုံပဲလေ၊ ဒါမှ သူက ငါ့အနားမှာ ရှိနေမှာပေါ့”
“ဒါဆိုရင်တော့ ငါ့လက်သီးကို မင်း ယှဉ်နိုင်မလားဆိုတာကိုပဲ ကြည့်ကြတာပေါ့”
စုန့်ယီက စက်ဘီးကို လေ့ကျစ်ဘက်သို့ အားပြင်းပြင်းနှင့်တွန်းလိုက်သော်လည်း လေ့ကျစ်က အလျင်အမြန်ပင် ရှောင်တိမ်းလိုက်နိုင်ခဲ့သည်။
တခြားလူမိုက်များကလည်း စုန့်ယီကို သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်လာကြလေ၏။ စုန့်ယီက လေ့ကျစ်ကို အရင်ဆုံးဖမ်းချုပ်လိုက်ပြီး လည်ပင်းကို ဖိကာ နံရံ၌ ကပ်ထားလိုက်လေသည်။
“လေ့ကျစ်၊ မင်းလူတွေကို ရပ်ခိုင်းလိုက်၊ မဟုတ်ရင် ဒီနေ့ ငါ မင်းလည်ပင်းကို ချိုးပစ်မယ်”
“မင်း ချိုးရဲရင် ချိုးလိုက်စမ်းပါ၊ ဒါဆို မင်းကို ယောက်ျားပီသတယ်လို့ ငါ အသိအမှတ်ပြုပေးမယ်”
“သောက်ရူး!”
ထိုအခိုက်တွင် ဘေးဘက်မှ ရိပ်ခနဲ ပေါ်လာသော လူတစ်ယောက်က စုန့်ယီ၏ ဦးခေါင်းကို သံတုတ်ဖြင့်ရိုက်ချလိုက်လေသည်။ ချက်ချင်းပင် စုန့်ယီ၏ ဦးခေါင်းက မိုက်ခနဲဖြစ်သွားခဲ့ပြီး တစ်ကိုယ်လုံးက ကြွက်တက်သွားသကဲ့သို့ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။
လေ့ကျစ်က လွတ်မြောက်သွားခဲ့လေသည်။ သူက ခြေထောက်ကို မြှောက်ပြီး စုန့်ယီ၏ မျက်နှာကို တက်နင်းလိုက်ပြီး ပါးစပ်မှလည်း ဆဲဆိုနေခဲ့သည်။
“မင်းက သေချင်နေတာပဲ၊ ငါ လင်းမိန်ဟွေ့ကို ဘယ်လို ဖမ်းပြီး ငါ့ကို ဒူးထောက် တောင်းပန်အောင် လုပ်မလဲဆိုတာ မင်း ကြည့်နေလိုက်”
ထို့နောက် လေ့ကျစ်က လူမိုက်တချို့ကို လမ်းကျဉ်းလေးဘက်သို့ သွားပြီး လင်းမိန်ဟွေ့ကို ဖမ်းဆီးရန် အမိန့်ပေးလိုက်လေသည်။
စုန့်ယီက လေ့ကျစ်၏လုပ်ရပ်ကိုအြင်လျှင် ထိုလူများ၏နောက်မှ လိုက်လံဖမ်းဆီးချင်နေမိ၏။ သို့သော်လည်း လက်ရှိတွင် လုံးဝမလှုပာနိုင်ဖြစ်နေရလေ၏။
သူက ဦးခေါင်းပေါ်မှ သွေးများ စီးကျနေသည်ကို ဂရုမစိုက်ပဲ လေ့ကျစ်၏ ခြေထောက်ကို လှမ်းဖက်လိုက်ပြီး ပြောလိုက်လေသည်။
“လေ့ကျစ်၊ ငါ မင်းကို တောင်းပန်ပါတယ်၊ လင်းမိန်ဟွေ့ရဲ့ ဘဝက မလွယ်ကူခဲ့ဘူး၊ သူမကို လွှတ်ပေးလိုက်ပါ၊ မင်း စိတ်မကျေနပ်သေးရင် ငါ့ကိုပဲ ထပ်ရိုက်လို့ရတယ်”
စုန့်ယီသည်ကား သူတပါးထံမှ အကူအညီတောင်းဆိုသည်မှာ အလွန်ရှားပါးပေ၏။ ငယ်စဉ်ကတည်းက လျစ်လျူရှုခံခဲ့ရသော်လည်း တခြားလူများထံမှ အကူအညီတောင်းရလောက်သည်အထိ သူ့ကိုယ်သူ မနှိမ့်ချခဲ့ချေ။
ယခုတွင်တော့ လင်းမိန်ဟွေ့အတွက် ဤကဲ့သို့သောလူမိုက်များကို တောင်းပန်နေခဲ့ရသည်။
သူ့၏စကားကို ကြားလျှင် လေ့ကျစ်က ဒူးကိုကွေးညွတာလိုက်ပြီး သွေးများဖြင့် ဖုံးလွှမ်းနေသော စုန့်ယီ၏ခေါင်းကို ပုတ်လိုက်လေ၏။
“ကျယ်ကျယ် ပြောစမ်းပါ၊ ငါက နားလေးနေလို့ မင်းပြောတာကို မကြားရဘူး”
“လေ့ကျစ်၊ ငါ မင်းကို တောင်းပန်ပါတယ်၊ မင်း ရိုက်ချင်ရင် ငါ့ကိုပဲ ရိုက်ပါ၊ လင်းမိန်ဟွေ့က ဘဝကို ကောင်းကောင်းနေချင်ရုံပဲ၊ သူမကို ထပ်ပြီးမထိပါနဲ့”
“ကောင်းပြီလေ၊ ငါ သူမကို မထိဘူး၊ သူမကို ငါ့ရဲ့အိပ်ရာပေါ်ကိုပဲ ခေါ်မှာ၊ ငါက သူ့နဲ့ အိပ်ပြီး သူ့ကို အမြင့်ကိုပျံသန်းသွားရတဲ့ခံစားချက်ကို သိအောင် လုပ်ပေးလိုက်မယ်”