← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း(131)

လေ့ကျစ်က စုန့်ယီကို တမင်သက်သက်ရန်စနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း ထိုစကားများကို ပြောဆိုပြီးနောက် စုန့်ယီက ရုတ်တရက် သူ၏နောက်ဆုံးလက်ကျန်အားကို ထုတ်ယူပြီး လေ့ကျစ်၏ ခြေသလုံးကို ကိုက်ခဲလိုက်လေတော့သည်။

လေ့ကျစ်တစ်ယောက် နာကျင်လွန်း၍ အော်ဟစ်လိုက်ပြီး အော်ဟစ်ရင်းဖြင့်ပင် စုန့်ယီ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်ကျောက်တော့သည်။

စုန့်ယီတစ်ယောက် စာမေးပွဲခန်းမှ ခေါင်းလောင်းသံကို ကြားရသည်အထိ တစ်ဖက်လူကို မလွှတ်ပေးခဲ့ချေ။ ခေါင်းလောင်းသံကို ကြားရမှသာ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြန်လွှတ်ပေးလိုက်လေသည်။

လေ့ကျစ်၏ တပည့်များက ပြန်ရောက်လာခဲ့ပြီး စိတ်ပျက်စွာဖြင့် ပြောဆိုလာကြသည်။

“လေ့ကျစ်၊ လင်းမိန်ဟွေ့က စာမေးပွဲခန်းထဲထိ တောက်လျှောက် ပြေးဝင်သွားလို့ ငါတို့ သူ့ကို တားလို့ မရလိုက်ဘူး”

လေ့ကျစ်က သွေးများဖြင့် ဖုံးလွှမ်းနေသော စုန့်ယီကို ပြန်လှည့်ကြည့်ပြီး သတ်ဖြတ်ချင်လာခဲ့သည်။

ထိုအချိန်တွင် သူတို့ရှိနေသည့်နေရာသို့ ကလေးတချို့ ရုတ်တရက် ရောက်ရှိလာကြ၏။ လေ့ကျစ်နှင့် တခြားလူများက လူတစ်ယောက်ရိုက်နှက်နေသည်ကို မြင်တွေ့ရလျှင် ချက်ချင်းပင် အော်ဟစ်ပြီး အိမ်သို့ပြန်ပြေးသွားကြလေသည်။

ခဏကြာပြီးနောက် လမ်းကြားထဲမှ မိသားစုတချို့က ဂေါ်ပြားများကိုကိုင်ဆောင်ပြီး ထွက်လာခဲ့ကြလေ၏။

“မင်းတို့လို ယုတ်မာတဲ့ကောင်တွေကတော့! လူမွေးတာ မဟုတ်ဘူးလား”

ထိုလူများမှာ လေ့ကျစ်တို့ကဲ့သို့ လူမိုက်များကို အလွန်အမင်း မုန်းတီးကြသည်။ ထိုလူမိုက်များမှာ အချိန်ပြည့် ခိုးယူလုယက်ရန် ချောင်းမြောင်းနေတတ်ကြသည်။ သို့မဟုတ်ပါက မိန်းကလေးများကို အနိုင်ကျင့်နေတတ်ကြ၏။

အမျိုးသားများက ထိုသူတို့ကို မြင်လျှင်ပင် ပေါက်ပြားဖြင့်ပင် ရိုက်သတ်ချင်စိတ်များ ဖြစ်လာလဲ့ကြပေသည်။

လေ့ကျစ်နှင့် အပေါင်းအပါများသည်လည်း အခြေအနေမဟန်ကြောင်းကို မြင်လျှင် အလောတကြီး ထွက်ပြေးသွားကြသည်။

စုန့်ယီက သွေးအိုင်ထဲတွင် လဲနေသည်ကို မြင်လိုက်ရလျှင် ပတ်ဝန်းကျင်မှလူများက ကလေးများကို ရဲစခန်းသို့ အပြေးသွားခိုင်းကြပြီး စုန့်ယီကိုတော့ ခရိုင်ဆေးရုံသို့ ဝိုင်းဝန်းပို့ဆောင်ပေးခဲ့ကြ၏

တာဝန်ကျဆရာဝန်က စုန့်ယီ၏ ဒဏ်ရာမှာ အလွန်ပြင်းထန်လှသည်ကို မြင်သောပြောင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် လုပ်ဆောင်ခဲ့လေတော့သည်။

အချိန်များ ကုန်ဆုံးသွားပြီးနောက်တွင် စုန့်ယီကို ပြန်လည်ကယ်တင်နိုင်ခဲ့ပေ၏။ သူ၏ နှလုံးခုန်သံ ပြန်လည်စတင်လာပြီး မျက်လုံးဖွင့်လိုက်ပြီးနောက်တွင် သူပြောလာခဲ့သည့် ပထမဆုံးစကားမှာ ဤသို့ဖြစ်နေခဲ့သည်။

“ဆရာ. ကျွန်တော့်ရဲ့ ညီမလေးဆီကို သတင်းစကားလေး တစ်ခုလောက် ပါးပေးလို့ရမလား၊ သူမရဲ့နာမည်က လင်းမိန်ဟွေ့ပါ၊ ကျွန်တော် ရွာဘက်ကို လျှပ်စစ်ပစ္စည်းတွေ သွားပြင်ပေးစရာရှိလို့ အရေးတကြီးထွက်သွားတယ်လို့ ပြောပေးပါလား”

ဆရာဝန်များကအနည်းငယ်ရှုပ်ထွေးသွားကြလေသည်။

“အခုမင်းကို ပြုစုဖို့ မိသားစုဝင်တွေ လိုအပ်နေတာလေ၊ ဘာလို့ မင်းညီမကို အသိမပေးချင်ရတာလဲ?”

စုန့်ယီက အားမရှိသော အသံဖြင့် ပြောလာခဲ့သည်။

“ကျွန်တော့်ရဲ့ညီမလေးက အခု တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေနေတာ၊ သူမက စာတော်တယ်၊ ကျွန်တော့်ကျောင့် သူမရဲ့ အနာဂတ်ကို မနှောင့်နှေးစေချင်ဘူး၊ ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကိုယ်စား အဲဒီအတိုင်းပဲ ပြောပေးနိုင်မလား”

ဆရာဝန်ကလည်း မတတ်သာတော့ဘဲ သူနာပြုဘက်သို့ လှည့်ပြောလိုက်လေ၏။

“လုံခြုံရေးဝန်ထမ်းကို လင်းမိန်ဟွေ့ဆီ သွားပြောခိုင်းလိုက်၊ မှတ်ထားနော်၊ ဘယ်လို အရိပ်အယောင် မပြမိစေနဲ့၊ သူမ စာမေးပွဲပြီးတဲ့အထိ စောင့်ရအောင်”

မွန်းလွဲပိုင်းအချိန်တွင် လင်းမိန်ဟွေ့ကျောင်းမှထွက်လာသော်လည်း စုန့်ယီ လာကြိုသည်ကို မတွေ့ခဲ့ရပေ။

သူမအနေဖြင့် အိမ်သို့ အသွားအပြန် ပြေးလွှားနေပါက အချိန်မလောက်မည်ကို စိုးရိမ်သောကြောင့် အနီးအနားရှိ စားသောက်ဆိုင်တစ်ခုတွင် တစ်ခုခုစားလိုက်ကာ ကျောင်းရှေ့မှ လှေကားထစ်တွင် ထိုင်ပြီး မွန်းလွဲပိုင်းစာမေးပွဲအတွက် ပြင်ဆင်နေခဲ့သည်။

ထိုအချိန်တွင် လူတစ်ယောက် အပြေးအလွှား ရောက်လာပြီး လင်းမိန်ဟွေ့ကို ပြောလာသည်။

“မင်းက လင်းမိန်ဟွေ့မလား? မင်းအစ်ကိုက ငါ့ကို လာပြောခိုင်းလိုက်လို့ရောက်လာတာ၊ သူ မနက်တုန်းက လျှပ်စစ်ပစ္စည်းတွေ ပြင်စရာရှိနေလို့ ရွာဘက်သွားရတယ်၊ ညနေလောက်အထိ ပြန်မလာနိုင်ဘူးတဲ့၊ အဲဒါ မင်းဘာသာမင်း ဂရုစိုက်ဖို့ မှာလိုက်တယ်”

လင်းမိန်ဟွေ့၏ စိတ်ထဲတွင် သံသယများ ရှိနေခဲ့သော်လည်း ကိစသကြီးကြီးမားမား မရှိနိုင်ဟုတွေးမိသည်။

သို့မဟုတ်လျှင် စုန့်ယီက သူမကို ဖုံးကွယ်ထားမည် မဟုတ်ပေ။ ဤသည်က သူတို့နှစ်ဦး ထားရှိခဲ့သော ကတိပင် ဖြစ်ပေသည်။

မွန်းလွဲပိုင်းတွင်လည်း လင်းမိန်ဟွေ့က စာမေးပွဲတွင် အလွန်ချောမွေ့စွာဖြေနိုင်ခဲ့၏။ သူမ ကျောင်းအပြင်ထွက်လာချိန်တွင် အဝေးမှ ကျောင်းဂိတ်ဝတွင် စောင့်နေသော ချန်အန်းသယ်ကို တွေ့လိုက်ရလေသည်။ လင်းမိန်ဟွေ့က ချက်ချင်းပင် ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“ချန်အန်းသယ်၊ ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ?”

ချန်အန်းသယ်၏ မျက်နှာက သိပ်ပြီး လန်းဆန်းမနေပေ။ လင်းမိန်ဟွေ့၏ အပြုံးကို မြင်လျှင် သူ့ကိုယ်သု ဖိအားပေးကာ ပြုံးပြလိုက်ပြီး ပြောလာသည်။

“စာမေးပွဲက ဘယ်လိုလဲ?”

“အဆင်ပြေပါတယ်၊ ပြဿနာမရှိနိုင်ပါဘူး”

“ဒါဆို ငါနဲ့ လိုက်ခဲ့တော့၊ စုန့်ယီက အခု ဆေးရုံမှာ..သတိမရသေးဘူး”

ချန်အန်းသယ်က လင်းမိန်ဟွေ့ကို ဆိုင်ကယ်ဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် လင်းမိန်ဟွေ့က အကျိုးအကြောင်းကို မေးခဲ့လေ၏။

ချန်အန်းသယ်မှာ ဖြစ်စဉ်ကို အကျဉ်းချုံး ရှင်းပြနိုင်ရုံသာတတ်နိုင်ခဲ့သည်။

“လေ့ကျစ်က ပြစ်ဒဏ်လျော့အောင်လုပာနိုင်ခဲ့လို့ စောစောလွတ်လာတာ၊ သူက ဒီနေ့ မင်းကို ဒုက္ခပေးဖို့ ရောက်လာတယ်၊ စုန့်ယီက သူတို့ကိုမြင်လို့ မင်းကို အရင်ဆုံးလွှတ်လိုက်ပြီး သူတစ်ယောက်တည်း အဲဒီလူမိုက်အုပ်စုကို ရင်ဆိုင်ခဲ့တယ်”

လင်းမိန်ဟွေ့ သူမ၏ နှုတ်ခမ်းကိုသာ နာကျင်စွာ ကိုက်ခဲမိတော့သည်။

အကယ်၍ ထိုအချိန်က သူမသာ ပို၍ သတိထားမိခဲ့ပါက ပုံမှန်မဟုတ်သည့် အခြေအနေကို သေချာပေါက် သတိပြုမိပေလိမ့်မည်။

သို့သော် သူမ၏ ခေါင်းထဲတွင် စာမေးပွဲကိစ္စသာ ရှိနေခဲ့ပြီး စုန့်ယီ၏ စကားများမှာ အတုအယောင်ဖြစ်နေကြောင်း မသိခဲ့ပေ။ သူက သူမကို ဘေးလွတ်ရာသို့ ပို့ပေးပြီး ထိုလူမိုက်များကို တစ်ဦးတည်း ရင်ဆိုင်ခဲ့သည်။

လင်းမိန်ဟွေ့သည်ကား တစ်စုံတစ်ယောက်မှ သူမ၏ ရင်ဘတ်ကို ညှစ်ထားသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သော နာကျင်မှုကြောင့် အသက်ရှူရန်ပင် ခက်ခဲလာခဲ့၏။

စုန့်ယီက သူမကို ပြသနားများထံမှ အကြိမ်ပေါင်းများစွာ ကာကွယ်ပေးခဲ့သော်လည်း သူမကတော့ တစ်ဖက်လူက သူမ၏ ခံစားချက်များကို လျစ်လျူရှုခံရသည်ဟုသာ တွေးနေမိခဲ့သည်။

သူမက အမှန်တကယ် ဆိုးရွားလွန်းသည်ပင်။

ဆေးရုံသို့ ရောက်ပြီးနောက် လင်းမိန်ဟွေ့က လူနာဆောင်ထဲသို့ ပြေးဝင်သွားခဲ့လေ၏။

ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသော စုန့်ယီကို မြင်လိုက်ရသည့်အချိန်တွင် သူမ၏ မျက်ရည်များကို ထိန်းမထားနိုင်တော့ချေ။

စုန့်ယီက သတိရနေပြီဖြစ်ကာ ပြောလာခဲ့သည်။

“မငိုပါနဲ့တော့၊ မင်းငိုနေရင်လည်း ကိုယ်နေကောင်းလာမှာ မဟုတ်ဘူးလေ၊ ဘာပဲဖြစ်ဖြစ် ဒါက ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး၊ ကံကောင်းလို့ သေတဲ့အထိအရိုက်မခံရတာပဲ”

“အစ်ကိုစုန့်ယီ၊ အခုချိန်ထိ စနောက်နေနိုင်သေးတယ်၊ အခြေအနေက ဒီလောက်ဖြစ်နေတာကို အလေးအနက်ထားပြီး မနေနိုင်ဘူးလား”

လင်းမိန်ဟွေ့က စုန့်ယီကို တွန်းလိုက်မိလေ၏။ မမျှော်လင့်ဘဲ စုန့်ယီ၏ ဒဏ်ရာရထားသော လက်မောင်းကို ထိမိသွားသည်။ စုန့်ယီတစ်ယောက်ည နာကျင်လွန်းသောကြောင့် မျက်နှာအမူအရာပျက်သွားရ၏။

လင်းမိန်ဟွေ့တစ်ယောက် ခဏလောက် ပြာယာခတ်သွားရပြီး တစ်ဖက်လူအတွက် မည်သို့လုပ်ပေးသင့်ကြောင်းကို မသိဖြစ်နေတော့သည်။

ချန်အန်းသယ်တစ်ယောက် သူတို့နှစ်ဦးက ငိုလိုက် ရယ်လိုက် ဖြစ်နေသည်ကို စောင့်ကြည့်နေခဲ့လေ၏။

စုန့်ယီလည်း သူ့ကို မြင်သွားခဲ့ပြီး မြို့ထဲသို့ ပြန်သွားကာ လုပ်စရာရှိသည့်အလုပ်ကိစ္စများကို အရင်ဆုံးလုပ်ရန် ပြောလိုက်လေသည်။ ဤနေရာတွင် လူများစုပြုံနေရန်မလိုအပ်ပေ။

ချန်အန်းသယ်က ထိုကဲ့သို့ အလွယ်တကူ ထွက်သွားလိုစိတ် မရှိပေ။ သူ၏ မျက်လုံးများက မှောင်မည်းနေခဲ့သည်။

“ ခရိုင်ထဲမှာလည်း ငါ့ရဲ့ သူငယ်ချင်းနည်းနည်းလောက် ရှိတယ်၊ ငါ သူတို့ကို သေချာပေါက် ဂရုစိုက်ခိုင်းလိုက်မယ်”

“ချန်အန်းသယ်၊ ကျေးဇူးပြုပြီး ပြဿနာတွေထပ်များအောင် မလုပ်နဲ့တော့၊ ဒီကိစ္စကို ရဲတွေကပဲ ဖြေရှင်းပါလိမ့်မယ်”

လင်းမိန်ဟွေ့က ချန်အန်းသယ် တစ်ယောက် စိတ်လိုက်မာန်ပါ လုပ်မိမည်ကို စိုးရိမ်သည့်အတွက် အလျင်အမြန် တားဆီးလိုက်လေသည်။

ချန်အန်းသယ်က နားထောင်မည်မဟုတ်ပါချေ။

တစ်ဖက်လူက သူ၏ သူငယ်ချင်းကို နှစ်ကြိမ်တိုင်တိုင် ထိခိုက်အောင် လုပ်ပြီး နောက်တစ်ယောက်ကိုလည်း အနိုင်ကျင့်ခဲ့သည်။ သူ မည်သို့ သည်းခံနိုင်မည်နည်း။

ချန်အန်းသယ် လင်းမိန်ဟွေ့ကို ပြောလာသည်။

“ဒီရက်ပိုင်း စုန့်ယီကို ကောင်းကောင်း ဂရုစိုက်လိုက်ဦး၊ တစ်ခုခုဖြစ်ခဲ့ရင် ဖုန်းဆက်လိုက်”

လင်းမိန်ဟွေ့မှာ စိုးရိမ်နေဆဲပင်။

သူမက ထရပ်ပြီး ချန်အန်းသယ်နောက်သို့ လိုက်သွားကာ သူ့ကို ဆွဲထားလိုက်သည်။

“အန်းသယ်၊ ရှင် လေ့ကျစ်တို့နဲ့ ထိပ်တိုက်မတွေ့ပါနဲ့ ၊ ကျွန်မတို့က ကိုယ့်ဘဝနဲ့ကိုယ် နေကြရဦးမှာလေ၊ အဲဒီလိုလူမျိုးတွေနဲ့ ဘယ်လိုလုပ်ပြီး တိုက်ခိုက်နေလို့ ဖြစ်မှာလဲ”

“ဒါဆို အဲဒီကောင်က စုန့်ယီကို အကြိမ်ကြိမ် ဒဏ်ရာရအောင်လုပ်ပြီး မင်းကို အနိုင်ကျင့်နေတာကို ငါက ထိုင်ကြည့်နေရမှာလား၊ တကယ်လို့ စုန့်ယီသာ ဒီနေ့ ပါးပါးနပ်နပ် မလုပ်ခဲ့ရင် မင်းရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုတောင် လွဲသွားနိုင်တယ်ဆိုတာ သိရဲ့လား?”

“ကျွန်မသိပါတယ်၊ ဒါပေမဲ့ ရှင့်ကိုပါမထိခိုက်စေချင်ဘူး”

ချန်အန်းသယ်က လင်းမိန်ဟွေ့ကို စိုက်ကြည့်လိုက်ပြီး သူမက အလေးအနက်ပြောနေခြင်းဖြစ်ကြောင်းကို သိလိုက်သည်။

လင်းမိန်ဟွေ့သည်က သူ့ကို ကျန်းကျစ်ကုန်း၏ကိစ္စတွင်လည်း ဝင်ပါခွင့် မပေးခဲ့ပေ။ လင်းမိန်ဟွေ့က စိတ်ထားကောင်းကြောင်းကို သူသိသော်လည်း တစ်ခါတစ်ရံ ထိုကဲ့သို့သော လူယုတ်မာများကို ကိုင်တွယ်ရန်အတွက် အဆိုးကို အဆိုးဖြင့်သာ နှိမ်နင်းသည့်နည်းကိုသာ သုံးသင့်ပေသည်။

သို့မဟုတ်ပါက အဆုံးမရှိသော ပြဿနာများ ဖြစ်လာနိုင်သည်။

“စိတ်မပူပါနဲ့၊ ဘယ်လိုပြဿနာမှ မရှိစေရဘူး၊ သူက လူမိုက်ဆိုရင် သူ့ထက် ပိုမိုက်တဲ့လူတွေ ရှိသေးတယ်”

ချန်အန်းသယ်က သူမကို ပြောပြီးနောက် ဆေးရုံမှ ထွက်ခွာသွားခဲ့လေသည်။

သူက ခရိုင်မြို့ထဲသို့ သွားပြီး ယခင်က သူနှင့် ခင်မင်ခဲ့သော သူဌေးသားများထံသို့ သွားခဲ့သည်။ ထိုသူဌေးသားများက လူမိုက်လောကနှင့်လည်း ပတ်သက်မှုရှိကြပေ၏။

သူ၏အခြေအနေအကြောင်းကို သိရပြီးနောက် သူတို့က ခရိုင်အတွင်းရှိ အကြီးအကဲတစ်ဦးနှင့် ချက်ချင်း ဆက်သွယ်ပေးခဲ့ကြသည်။

ထိုအကြီးအကဲက အကျိုးအမြတ်တချို့ကို ရရှိပြီးနောက် လေ့ကျစ်ကို ကောင်းကောင်း “ပြုစု” ပေးမည်ဟု ကတိပေးလိုက်လေသည်။

နောက်တစ်နေ့တွင် လင်းမိန်ဟွေ့တစ်ယောက် လူနာဆောင်ထဲမှ လူများက လေ့ကျစ်၏အကြောင်းကို ပြောဆိုနေသည်ကို ကြားလိုက်ရသည်။

လေ့ကျစ်က နောက်ဆုံးတွင် ဝဋ်လည်သွားပြီဖြစ်ကြောင်း၊ လက်ချောင်းနှစ်ချောင်းကို ဖြတ်တောက်ခံရပြီး ခရိုင်အတွင်းမှ ထွက်သွားရန် စေခိုင်းခံလိုက်ရကြောင်း ကြားလိုက်ရလေ၏။

*

အခန်း

(132)

လင်းမိန်ဟွေ့တစ်ယောက် ထိုသတင်းကို ကြားပြီးနောက် ထိတ်လန့်သွားခဲ့သည်။

ထို့နောက်တွင် ဆေးရုံမှလူများက လေ့ကျစ်သည်က မကောင်းမှုမှန်သမျှကို လုပ်ခဲ့ကြောင်း၊ မိန်းကလေးများစွာ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့ကြောင်းနှင့် သူတစ်ပါးကို အမြဲတမ်း လိမ်လည်လှည့်ဖြားနေတတ်ကြောင်း ပြောနေကြသည်ကို ကြားလိုက်ရပြန်သည်။

ယခုအချိန်တွင် လေ့ကျစ်၏ လက်ချောင်းများကို ဖြတ်တောက်ခံရခြင်းကို မည်သူကမျှ သနားခြင်း မရှိသည့်အပြင် လူတိုင်း ဝမ်းသာအားရ လက်ခုပ်တီးခဲ့ကြသည်။

ထို့နောက် ချန်အန်းသယ်က ဆေးရုံသို့ ရောက်လာပြီး လင်းမိန်ဟွေ့အား ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့သည်။

“ မင်းစာမေးပွဲဖြေမဲ့ နေရာကို လျို့ယင်းက လေ့ကျစ်ကို တမင်ပြောပြခဲ့တာ၊ လေ့ကျစ်သာ မင်းကို ဖျက်ဆီးနိုင်ရင် ငွေအများကြီး ပေးမယ်လို့လည်း ပြောခဲ့သေးတယ်”

“လျို့ယင်း ဟုတ်လား?”

လင်းမိန်ဟွေ့တစ်ယောက် မယုံနိုင်ဖြစ်သွားရသည်။ ယခင်က ဟူကျွင့် ပြသနာများရှာနေချိမ်တွင် လျို့ယင်းက အမြဲတစေ သူမ၏နောက်လိုက်တစ်ဦးကဲ့သို့သာ နေထိုင်ခဲ့ပြီး မည်သူ့ကိုမျှ ဦးဆောင်၍ ဒုက္ခပေးခဲ့ခြင်းမရှိပေ။

မမျှော်လင့်ဘဲ ယခုတစ်ကြိမ်အတွက် တရားခံမှာ လျို့ယင်း ဖြစ်နေခဲ့သည်။

လင်းမိန်ဟွေ့၏ စိတ်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။ ယခုတစ်ကြိမ်တွင် သူမ အမှန်တကယ် ကံကောင်းခဲ့သည်ပင်။

အကယ်၍ စုန့်ယီသာ မရှိခဲ့ပါက သူမ တက္ကသိုလ်တက်ခွင့်နှင့် လွဲချော်သွားပေလိမ့်မည်။

လင်းမိန်ဟွေ့အနေဖြင့် လျို့ယင်း ယခု မည်သည့်နေရာတွင်ရှိနေကြောင်းကို ချန်အန်းသယ်ဆီသို့ မေးခဲ့သည်။

ချန်အန်းသယ်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလာသည်။

“လျို့ယင်းကို လေ့ကျစ်ရဲ့ ညီအစ်ကိုတွေက ဖျက်ဆီးလိုက်ကြပြီ၊ လျို့ယင်းကြောင့် လေ့ကျစ် တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားရတာလို့ သူတို့ ယူဆကြတယ်၊ လေ့ကျစ်က အိမ်ကိုလည်းပြန်လို့ မရတော့ဘူး၊ ဒါကြောင့် လျို့ယင်းကို အဖိုးအခ ပြန်ပေးခိုင်းလိုက်တာပဲ”

လင်းမိန်ဟွေ့တစ်ယောက် ထိုအကြောင်းကို နားထောင်ပြီးနောက် အချိန်အတော်ကြာအောင် စိတ်မအေးနိုင်ဖြစ်နေခဲ့သည်။

မကောင်းမှုလုပ်သူက မကောင်းသူများနှင့်သာ ပြန်လည်တွေ့ဆုံရသည်ဟူသောစကားက မှန်ကန်ပေသည်။

ယခုတစ်ကြိမ်တွင် စုန့်ယီ ဒဏ်ရာရသွားခြင်းမှာ လင်းမိန်ဟွေ့၏ စိတ်ကို အလွန်ပင် ထိခိုက်စေခဲ့သည်။

စုန့်ယီကို အကြိမ်ပေါင်းများစွာ ဒဏ်ရာရစေခဲ့သည့် သူမကိုယ် သူမ ခွင့်မလွှတ်နိုင်ခဲ့ပေ။ စုန့်ယီကို ပြုစုပေးသည့်အချိန်တွင် သူမသည် ပို၍ ကြင်နာနူးညံ့စွာာ ဂရုစိုက်ခဲ့သည်။

လူနာဆောင် တစ်ခုတည်းမှ လူနာများမှာ လင်းမိန်ဟွေ့၏ အပြုအမူက အသစ်စက်စက်ဇနီးလေးတစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့နေသည်ကို မြင်တွေ့နေကြရလေ၏။

စုန့်ယီကလည်း လင်းမိန်ဟွေ့ကို သူ၏ ခန္ဓာကိုယ်အား သုတ်ပေးခိုင်းခြင်းနှင့် တစ်ခါတစ်ရံတွင် ရေချိုးခန်းသို့သွားရန် ကူညီပေးခိုင်းခြင်းတို့ကို ခွင့်ပြုထားခဲ့၏။

တစ်နေ့တွင် လင်းမိန်ဟွေ့တစ်ယောက် ပန်းသီးကိုအခွံ နွှာနေစဉ် စုန့်ယီင အနည်းငယ် ဂဏာမငြိမ် ဖြစ်နေသည်ကို သူမ ချက်ချင်း သတိပြုမိလိုက်သည်။

သူမက စုန့်ယီဘက်သို့ လှည့်ပြီး မေးလိုက်လေသည်။

“အစ်ကိုစုန့်ယီ၊ သန့်စင်ခန်း သွားချင်လို့လား?”

လင်းမိန်ဟွေ့က ဆီးအိုးကို ချက်ချင်း သွားယူလိုက်လေ၏။ စုန့်ယီ၏ မျက်နှာက အလွန်အမင်း နီရဲသွားတော့သည်။

ထိုအချိန်မှသာ စုန့်ယီက ဆေးရုံတက်နေသည်မှာ သုံးရက်ရှိပြီဖြစ်သော်လည်း အိမ်သာသို့ တစ်ခါမျှ မသွားရသေးကြောင်းကို လင်းမိန်ဟွေ့ သတိရသွားခဲ့၏။

လင်းမိန်ဟွေ့ အလျင်အမြန် လက်သုတ်လိုက်ပြီး ထရပ်ကာ ဆေးပုလင်းကို လှမ်းကိုင်ပြီး စုန့်ယီကို တွဲလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ထလေကျွန်မ ကူညီပေးမယ်၊ သွားကြရအောင်”

သို့သော် စုန့်ယီက ငြင်းဆန်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုသည်က အမျိုးသား အိမ်သာဖြစ်နေပေ၏။

ထို့အပြင် သူ၏ လက်တစ်ဖက်မှာလည်း ပတ်တီးစည်းထားရသောကြောင့် ခါးပတ်ကိုပင် မဖြုတ်နိုင်ပေ။ သူက ဘေးမှ လူနာများကိုသာ အသံတိုးတိုးဖြင့် မေးလိုက်ရသည်။

“ခင်ဗျားတို့ထဲက တစ်ယောက်ယောက်လောက် ကျွန်တော့်ကို အိမ်သာထဲကို လိုက်ပို့ပေးလို့ ရမလား?”

လူနာများက အလွန်ပင် တက်ကြွကြပြီး တချို့မှာ စုန့်ယီ၏နောက်သို့ လိုက်ရန် ချက်ချင်း ထရပ်လိုက်ကြသည်။

သို့သော် လင်းမိန်ဟွေ့က ငြင်းဆန်လိုက်လေ၏။

ပြီးခဲ့သည့်တစ်ကြိမ်က သူမ အစားအသောက် သွားယူနေစဉ် စုန့်ယီက သူ၏ခန္ဓာကိုယ်ကို တစ်ဖက် သို့လှည့်ပေးရန် တခြားသူများကိုအကူအညီတောင်းခဲ့ဖူးသည်။

သို့သော် ဒဏ်ရာရထားသော နေရာကို ဖိမိသွားသောကြောင့် စုန့်ယီတစ်ယောက် နာကျင်လွန်း၍ ချွေးများပင် ထွက်လာခဲ့ရလေ၏။ သူမ ပြန်ရောက်လာပြီး လူနာကို မေးမြန်းကြည့်မှသာ အခြေအနေကို သိခဲ့ရပြီး အချှင်အမြန် ပြန်လည်ပြုပြင်ပေးခဲ့ရသည်။

လင်းမိန်ဟွေ့က ဆေးပုလင်းကို ကိုင်ဆောင်ထားပြီး စုန့်ယီနှင့်အတူ လိုက်လာရန် ဇွတ်အတင်း ပြောလာသည်။

“အစ်ကိုစုန့်ယီ၊ အစ်ကိုက လူနာနော်၊ ရွေးချယ်နေလို့မရဘူး၊ သွားရအောင် ကျွန်မ လိုက်ခဲ့မယ်!”

စုန့်ယီလည်း ကူကယ်ရာမဲ့စွာဖြင့် လင်းမိန်ဟွေ့၏ နောက်မှ လိုက်သွားခဲ့ရတော့သည်။ အိမ်သာတံခါးဝသို့ ရောက်ချိန်တွင် သူက တုံ့ဆိုင်းစွာ ပြောလာခဲ့သည်။

“မင်း ကိုယ့်ရဲ့ ခါးပတ်ကိုပဲ ဖြုတ်ပေးလိုက်လေ၊ အထဲကို ကိုယ်တစ်ယောက်တည်းပဲ ဝင်သွားလိုက်မယ်”

“မဖြစ်နိုင်ဘူး”

လင်းမိန်ဟွေ့က စုန့်ယီကို တစ်ယောက်တည်း မလွှတ်နိုင်ပေ။

အကယ်၍ ကြမ်းပြင်ပေါ်တွင် ရေများရှိနေပြီး တစ်ဖက်လူက ချော်လဲသွားပါက အကျိုးဆက်မှာ ဆိုးရွားသွားပေလိမ့်မည်။

ထိုလူမိုက်များမှာ ယခုတစ်ကြိမ်တွင် အလွန်ပြင်းထန်စွာ ရိုက်နှက်ခဲ့ကြသောကြောင့် စုန့်ယီ၏ခန္ဓာကိုယ်အနှံ့ အရိုးနုများတွင် ဒဏ်ရာရထားပြီး လက်မောင်းတွင်လည်း အရိုးအက်ဒဏ်ရာ ရရှိထားသည်။

အကယ်၍ သေသေချာချာ ဂရုမစိုက်ပါက နောက်ပိုင်းတွင် မသန်မစွမ်း ဖြစ်သွားနိုင်ပေသည်။

“ဒါက အမျိုးသားအိမ်သာလေ၊ အတင်းအကျပ်မလုပ်ပါနဲ့”

စုန့်ယီက ပြောနေရင်းဖြင့် ခါးပတ်ကို ဖြုတ်ရန် ကြိုးစားနေခဲ့သည်။

သို့သော်လည်း လင်းမိန်ဟွေ့က အိမ်သာတံခါးကို တွန်းဖွင့်လိုက်ပြီး အထဲသို့ အားမာန်အပြည့်နှင့် အော်ပြောလိုက်လေသည်။

“တဆိတ်လောက်ပါ၊ ကျွန်မက လူနာကို ပြုစုပေးနေရလို့ အမျိုးသားအိမ်သာထဲကို ခဏလောက် ဝင်ပါရစေ၊ နားလည်ပေးကြပါဦး”

စုန့်ယီတစ်ယောက် မျက်လုံးများပင်ပြူးသွားရလေသည်။ ပုံမှန်အားဖြင့် အလွန်သိမ်မွေ့သော လင်းမိန်ဟွေ့က မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အိမ်သာထဲသို့ ဝင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အမျိုးသားများမှာ အိမ်သာသုံးပြီးကာစဖြစ်ပြီး ဘောင်းဘီများကို အလောတကြီး ပြင်ဝတ်ကာ လမ်းမှားဝင်လာမိသည့်အလား အိမ်သာထဲမှ ပြာပြာသလဲပြေးထွက်သွားခဲ့ကြတော့သည်။

စုန့်ယီတစ်ယောက် သူ၏ မျက်ခုံးများကို ပင့်မ,လိုက်မိသည်။ သူ၏ တစ်သက်လုံးအတွက် အရှက်ရဆုံး အခြေအနေက ဤအချိန်တွင် ဖြစ်ပေါ်လာခဲ့ပြီဟူ၍ပင် ခံစားလိုက်ရ၏။

အိမ်သာထဲသို့ ရောက်ချိန်တွင် စုန့်ယီက လင်းမိန်ဟွေ့ကို ဆေးပုလင်းအား ချိတ်တွင် ချိတ်ခိုင်းလိုက်ပြီး သူ၏ ခါးပတ်ကို ဖြုတ်ကာ လင်းမိန်ဟွေ့ကို အဝေးသို့ နှင်ထုတ်လိုက်လေသည်။

လင်းမိန်ဟွေ့က အကြိမ်ကြိမ် သတိပေးနေခဲ့သည်။

“ကျွန်မ အပြင်မှာ စောင့်နေမယ်နော်၊ ပြီးရင် လှမ်းခေါ်လိုက်ဦး၊ တစ်ယောက်တည်း အစွမ်းပြဖို့ မကြိုးစားနဲ့၊ ကြားလား?”

သူမ ထိုအကြောင်းကို ပြောပြီးသည်နှင့် လူနာဆောင် တစ်ခုတည်းရှိ လူနာတစ်ဦးလကည်း အိမ်သာတက်ရန် ဝင်လာခဲ့သည်။ သူက လင်းမိန်ဟွေ့ကို မြင်လျှင် အံ့သြသွားခဲ့ပြီးမှ အပြုံးတစ်ခုနှင့် မေးလာခဲ့သည်။

“ညီမလေး၊ မင်း ခဏလောက် အပြင်ထွက်ပေးလို့ ရမလား? ငါလည်း အပေါ့သွားချင်လို့ပါ”

ထိုအချိန်မှသာ လင်းမိန်ဟွေ့၏ သတ္တိများ ပျောက်ဆုံးသွားခဲ့ပြီး အိမ်သာထဲမှ အလျင်အမြန် ပြေးထွက်သွားခဲ့တော့သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ထိုလူနာက စုန့်ယီကို ကူညီတွဲပေးပြီး ထွက်လာခဲ့ကာ လင်းမိန်ဟွေ့၏လက်ထဲသို့ ပြန်အပ်ပေးလိုက်သည်။

ထို့နောက် စင်္ကြံလမ်းတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်ရန် မှာကာ သူက လူနာဆောင်သို့ အရင်ဆုံး ပြန်သွားခဲ့လေသည်။

လင်းမိန်ဟွေ့က စုန့်ယီကို လူနာဆောင်တံခါးဝသို့ တွဲပေးလာချိန်တွင် လူနာဆောင်ထဲမှ လူနာများ၏ စနောက်သံကို ကြားလိုက်ရသည်။

“အဲဒီညီမလေးက ဘယ်လောက်တောင် စွမ်းလဲဆိုတာ မင်းတို့ မသိဘူး၊ သူက အမျိုးသားတွေ အကုန်လုံးကို အိမ်သာထဲက မောင်းထုတ်လိုက်တာတော်၊ ပြီးတော့ စုန့်ယီရဲ့ ခါးပတ်ကိုပါ ဖြုတ်ပေးလိုက်သေးတယ်”

“သူတို့က တကယ့်ကို အစစ်အမှန်ချစ်နေကြတာပဲ၊ မဟုတ်ရင် ဘယ်သူက ဒီလောက်အထိ ကြင်ကြင်နာနာနဲ့ ဂရုစိုက်ပေးနိုင်မှာလဲ?”

“ဟုတ်တယ်၊ ငါ့မိန်းမဆိုရင် ငါ့ကို ဆီးသွားဖို့အတွက် ကူပေးဖို့တောင် ရွံနေတာ၊ အိမ်သာထဲအထိ ဘယ်လိုက်မှာလဲ”

ထိုလူများ၏ စကားသံက လင်းမိန်ဟွေ့၏ နားထဲသို့ တိုးဝင်လာခဲ့သည်။ ထိုအချိန်မှသာ သူမအနေဖြင့် မတိုင်ခင် အလွန်ပင် မဆင်မခြင် လုပ်မိခဲ့ကြောင်း သတိပြုလိုက်လေ၏။

စုန့်ယီအတွက်ကြောင့် သူမက စနောက်ခံရမည်ကိုပင် ထည့်မတွက်ဘဲ ကူညီခဲ့မိခြင်းသာ ဖြစ်ပေသည်။

လူနာအနည်းငယ်က လင်းမိန်ဟွေ့ကို မြင်လျှင် ဝိုင်းရယ်လာခဲ့ကြသည်။

လင်းမိန်ဟွေ့က ခေါင်းငုံ့လိုက်ပြီး စုန့်ယီကို ခုတင်ပေါ်တွင် လဲလျောင်းရန် ကူညီပေးပြီးနောက် ချက်ချင်းပင် ထွက်ပြေးချင်လာရလေ၏။

စုန့်ယီက သူမ၏ နီရဲနေသော မျက်နှာလေးကို ကြည့်ကာ ချစ်စရာကောင်းသည်ဟု တွေးမိနေခဲ့သည်။

“ခုနက သတ္တိတွေ ဘယ်ကိုရောက်သွားပြီလဲ?”

လင်းမိန်ဟွေ့က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ သူတို့နဲ့အတူ ဝိုင်းပြီး မနောက်ပါနဲ့တော့”

All Chapters