← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

*အခန်း(133)

ညနေပိုင်းတွင် စုန့်ယီက ခုတင်ပေါ်တွင် အနားယူနေပြီး လင်းမိန်ဟွေ့က သူ့အတွက် ဝတ္ထုတစ်ပုဒ် ဖတ်ပြနေခဲ့သည်။ တစ်ဆယ့်နှစ်နာရီ ထိုးပြီးနောက် လင်းမိန်ဟွေ့ အလွန်ပင် အိပ်ငိုက်လာသဖြင့် သမ်းဝေနေခဲ့်သည်။

သို့သော် အခန်းထဲတွင် အနည်းငယ် အေးစိမ့်နေသောကြောင့် လင်းမိန်ဟွေ့က ကြမ်းပြင်ပေါ်တွင် အိပ်ရန်အတွက် ဝန်လေးနေခဲ့လဆ၏။

သူမ သူနာပြုကို မေးကြည့်လိုက်လျှင် ရေနွေးငွေ့ပေးသည့် စက်များချို့ယွင်းနေသဖြင့် ယနေ့ညက အလွန်အေးနေခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။

စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့ကို သနားနေခဲ့ပြီး ခုတင်ပေါ်သို့ ဝင်အိပ်နိုင်ရန်အတိက် ဘေးသို့ တိုးပေးလိုက်ပြီး သူ့၏ဘေးရှိ နေရာလွတ်ကို ပုတ်ပြလိုက်သည်။

“လာခဲ့လေ ခုတင်ပေါ်မှာပဲ လာအိပ်ပြီး အပူငွေ့ မျှယူကြတာပေါ့၊ ဒါမှ ကိုယ်လည်း မင်းအတွက် စိတ်မပူရမှာ”

လူနာတချို့ကလည်း ဝိုင်းဝန်း အကြံပေးကြသည်။

“အခန်းထဲက အရမ်းအေးနေတာ၊ ဒါက စုန့်ယီရဲ့ ဒဏ်ရာအတွက် မကောင်းဘူး၊ မင်းလည်း ခုတင်ပေါ်မှာပဲ အတူအိပ်တာ ပိုကောင်းလိမ့်မယ်”

ထိုအချိန်မှသာ လင်းမိန်ဟွေ့က ခုတင်ပေါ်တွင် အိပ်ရန် သဘောတူလိုက်သည်။

ခုတင်က အလွန်သေးငယ်လွန်းပြီး လင်းမိန်ဟွေ့အနေဖြင့် မည်သို့ပင် လှည့်အိပ်စေကာမူ စုန့်ယီနှင့် ထိမိနေပေလိမ့်မည်။ သူမ၏ ရှောင်ဖယ်နေမှုကို စုန့်ယီလည့် သတိပြုမိသွားပြီး လက်တစ်ဖက်ဖြင့် လင်းမိန်ဟွေ့ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

“ဟိုဟိုဒီဒီ မလှုပ်နဲ့တော့၊ မဟုတ်ရင် ကိုယ့်ရဲ့ ဒဏ်ရာကို ထိမိပြီး နာလာလိမ့်မယ်”

လင်းမိန်ဟွေ့အနေဖြင့် မူလက အနည်းငယ် ရှက်နေသော်လည်း စုန့်ယီက ထိုသို့ပြောလိုက်ရွံ့အတွက်အခါ သူမ ချက်ချင်းပင် ငြိမ်သက်သွားပြီး ထပ်မလှုပ်ရဲတော့ပေ။

စုန့်ယီ၏ ရင်ဘတ်က အလွန်ပင် ကျယ်ပြန့်ပြီး နွေးထွေးလှ၏။

လင်းမိန်ဟွေ့တစ်ယောက် သူ၏ တဒိတ်ဒိတ် ခုန်နေသော နှလုံးခုန်သံကို နားထောင်ရင်း သူမက သူနှင့် မည်မျှအထိ နီးကပ်နေကြောင်းကို သိရှိနေခဲ့ရသည်။

စုန့်ယီသည်လည်း လင်းမိန်ဟွေ့က အလွန်ရှက်နေကြောင်းကိုသိပြီး နှစ်ယောက်လုံး နေရခက်မည်ကို စိုးရိမ်သောကြောင့် သူမ၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးကာ သူငယ်စဉ်က ဆိုးသွမ့းခဲ့သော အကြောင်းများကို ပြောပြနေခဲ့သည်။

“တစ်ခါတုန်းက ကိုယ့်အဖေက ကို ကြောင်တစ်ကောင် ဝယ်ပေးဖူးတယ်၊ ကိုယ်က အဲဒီကြောင် ကြွက်ဖမ်းတာကို ကြည့်ချင်လွန်းလို့ ကြောင်ရဲ့ အမြီးမှာ ကြိုးတစ်ချောင်း ချည်ထားပြီး ကျန်တဲ့တစ်ဖက်ကို ကိုယ့်ရ့်လက်ကောက်ဝတ်မှာ ချည်ထားတာ၊ ကြောင်လေး လှုပ်လိုက်တာနဲ့ နိုးလာအောင်လို့ပေါ့”

စုန့်ယီက ပြောရင်းနှင့် ခါးသီးစွာ ပြုံးလိုက်မိသည်။ ထိုနေ့ရက်များမှာ ထာဝရ ကုန်ဆုံးသွားခဲ့ချေပြီ။

သူက သူ၏ ဖခင်ဖြစ်သူထံမှ ရိုက်နှက်ဆုံးမမှုကို မည်သည့်အခါမျှ ထပ်မံ မစောင့်နိုင်တော့ပေ။

လင်းမိန်ဟွေ့လည်း ထိုပုံပြင်များကို နားထောင်ရင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။

မိုးလင်းပြီး သူနာပြုက အခန်းထဲသို့ လှည့်လည်ကြည့်ရှုရန် ဝင်လာသည့်အချိန်တွင် လင်းမိန်ဟွေ့က စုန့်ယီ၏ လက်မောင်းတစ်ဖက်ကို ဖိထားဆဲဖြစ်ကြောင်းကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အော်ပြောလိုက်သည်။

“လူနာရှင်! လူနာကို ဒီလိုမျိုး ဖိထားလို့ ဘယ်ဖြစ်မလဲ? ကြည့်လိုက်ဦး၊ သူမျက်နှာတောင် ဖြူဖျော့နေပြီ၊ အမြန်ထလိုက်တော့”

လင်းမိန်ဟွေ့တစ်ယောက် လန့်နိုးသွားရပြီး စုန့်ယီ၏ မျက်နှာကိုကြည့်လိုက်လျှင် အမှန်တကယ်ပင် ဖြူဖျော့နေသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာက ချက်ချင်းပင် နီရဲသွားခဲ့တော့သည်။

သူမက မျက်နှာသစ်ရန် ဇလုံကို အလျင်အမြန် လှမ်းယူလိုက်၏။ သူနာပြုက စုန့်ယီကို ဆူနေဆဲပင်။

“နောက်ဆို ဂရုစိုက်ဦး၊ ဒါက ဆေးရုံလေ၊ မင်းက ဒဏ်ရာနဲ့ လူနာပဲ၊ လူနာဆောင်ထဲမှာ မင်းရဲ့ ရည်းစားနဲ့ ဒီလောက်အထိ နီးနီးကပ်ကပ် မနေပါနဲ့”

စုန့်ယီက ရှင်းပြရန် ပြင်လိုက်သော်လည်း လူနာအချို့က ကြားဖြတ်၍ ပြောလိုက်ကြသည်။

“ဆရာမလေး၊ မနေ့ညက ရေနွေးငွေ့စက်က မလာတော့ လူတိုင်းက အအေးဒဏ်ကို ခံနိုင်အောင် အခုလို ဖက်အိပ်နေကြတာပါ”

*

နောက်တစ်လခွဲခန့် ကြာပြီးနောက် စုန့်ယီ၏ ဒဏ်ရာများက ပျောက်ကင်းသွားခဲ့ပေပြီ။ သူ ဆေးရုံမှ ဆင်းလာပြီးနောက် လင်းမိန်ဟွေ့၏ တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်များထွက်ရန် အချိန်အနည်းငယ်လောက်သာ လိုတော့သည်။

လင်းမိန်ဟွေ့က စုန့်ယီနှင့်အတူ ပေကျင်းသို့ အရင်သွားရန် ဆုံးဖြတ်လိုက်၏။ သူတို့နှစ်ဦးက စိတ်အပန်းဖြေရင်း ပေကျင်းရှိ တက္ကသိုလ်များကိုလည်း လှည့်လည်ကြည့်ရှုနိုင်မည် မဟုတ်ပါလား။

ဤသည်မှာ လင်းမိန်ဟွေ့ စိတ်ကူးယဉ်ခဲ့သည်မှာ ကြာပြီဖြစ်သော အိပ်မက်တစ်ခုပင် ဖြစ်ပေသည်။

ပေကျင်းသို့ ရောက်ရှိပြီးနောက် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ရှေးဦးစွာ ဈေးနှုန်းသင့်တင့်သော ဟိုတယ်အသေးလေးတစ်ခုကို ရှာဖွေလိုက်ကြ၏။ နေရာ အခြေချပြီးသည်နှင့် သူတို့အတူ ပေကျင်းမြို့အနှံ့ လှည့်လည်ကြည့်ရှုကြလေသည်။

လွန်ခဲ့သော ဘဝတုန်းက လင်းမိန်ဟွေ့မှာ ခရိုင်မြို့လေး၏ အပြင်ဘက်သို့ တစ်ခါမျှ မရောက်ဖူးခဲ့ချေ။

ထိုခရိုင်မြို့လေးကပင် အလွန်စည်ကားလှပြီဟု သူမ ထင်မှတ်ခဲ့ဖူးပေသည်။

သို့သော် ပေကျင်းသို့ရောက်ပြီး မြင့်မားလွန်းသော အဆောက်အအုံကြီးများကို မြင်လိုက်ရသောအချိန်တွင်တော့ သူမ အလွန်တရာ အံ့အားသင့်သွားရ၏။ လင်းမိန်ဟွေ့တ်ယောက် စုန့်ယီ၏ လက်မောင်းကို ဆွဲကိုင်ကာ ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ပေကျင်းက ဒီလောက်စည်ကားလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး ဒီနေရာက ဒီလောက်လှမှန်းသာသိရင် ကျွန်မတို့ ပေကျင်းကိုပဲ တန်းလာခဲ့သင့်တာ”

စုန့်ယီက လင်းမိန်ဟွေ့၏ စိတ်လှုပ်ရှားမှုကို ခံစားမိပြီး လင်းမိန်ဟွေ့အနေဖြင့် မြို့ကြီးပြကြီးကို အမှန်တကယ် တောင့်တနေသည်ကို ရိပ်မိလိုက်၏။

နောင်တစ်ချိန်တွင် သူမက တက္ကသိုလ်ဘွဲ့ရပြီးနောက် မြို့ပေါ်၌ အခြေချနေထိုင်နိုင်မည်မှာ သေချာလှသည်။

ဒါပေမဲ့ သူကရော...။

ထိုအတွေးကြောင့် စုန့်ယီ၏ စိတ်ထဲ၌ အနည်းငယ် လေးလံသွားသော်လည်း လင်းမိန်ဟွေ့ကို အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်သေးသည်။

“ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ကိုယ်တို့ ကြိုးကြိုးစားစား လုပ်ကိုင်ပြီး စာကြိုးစားမယ်ဆိုရင် ကိုယ်တို့အတွက် နေရာတစ်ခု ရှာတွေ့မှာပါ”

“အင်း!”

သူတို့နှစ်ဦး မဟာတံတိုင်းကြီးဆီသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ကြ၏။ လင်းမိန်ဟွေ့က တံတိုင်းပေါ်သို့ တက်ကာ အောက်ဘက်ရှိ မြင်ကွင်းအလုံးစုံကို ငုံ့ကြည့်လိုက်မိချိန်တွင် သူမ၏ ရင်ထဲ၌ သူရဲကောင်းဆန်သော စိတ်ဓာတ်များ အလိုအလျောက် ပေါ်ပေါက်လာလေသည်။

သူမ စာသင်နေစဉ်အချိန်တုန်းက နျဲ့ဖေးဟုန်က သူမ၏ ရည်မှန်းချက်အကြောင်းကို တစ်ကြိမ်ထက်မက မေးမြန်းခဲ့ဖူးသည်ကို လင်းမိန်ဟွေ့ ရုတ်တရက် သတိရသွား၏။

ယခု တံတိုင်းကြီးပေါ်တွင် ရပ်နေရင်းမှ လင်းမိန်ဟွေ့တစ်ယောက် သူမ၏ ဘဝရည်မှန်းချက်ကို နားလည်သွားခဲ့ပေပြီ ။

ထိာသည်က သတ္တိရှိရှိဖြင့် သူမ လုပ်ချင်သည့်အရာကို လုပ်ဆောင်ရန်ပင် ဖြစ်လေသည်။

စုန့်ယီက လင်းမိန်ဟွေ့၏ နောက်ဘက်၌ ရပ်ကာ သူမကို ဘေးကင်းစေရန် ကာကွယ်ပေးရင်း လင်းမိန်ဟွေ့၏ အတွေးများကို ခန့်မှန်းရန် ကြိုးစားနေ၏။

လင်းမိန်ဟွေ့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးကတည်းက စုန့်ယီ၏ စိတ်ထဲ၌ ပြောမပြတတ်သော စိုးရိမ်စိတ်များ အမြဲရှိနေခဲ့သည်။

လင်းမိန်ဟွေ့ အသိပညာများ ပိုမိုတိုးတက်လာလေလေ၊ သူက ပို၍ သေးနုတ်လာလေလေပင်။

တစ်ခါတစ်ရံတွင် လင်းမိန်ဟွေ့ကို အချိန်မရွေး ဆုံးရှုံးသွားနိုင်သည်ဟုပင် သူ ခံစားနေရ၏။

“အစ်ကိုစုန့်ယီ၊ အစ်ကို့ရဲ့ အိပ်မက်က ဘာလဲ”

“ကိုယ့်ရဲ့အိပ်မက်က မင်းရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးရဖို့ပဲ၊ အဲဒါဆိုရင် ကိုယ်လည်း ပျော်တယ်၊ ကိုယ့်အတွက်လည်း ထိုက်တန်ပါတယ်”

လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီကို ကြည့်ရင်း ရင်ထဲတွင် ဖော်ပြရခက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။ ဂရုစိုက်ခံရပြီး အလေးပေးခံရသည်ကို သဘောကျသော်လည်း ဤခရီးကို ဆက်လျှောက်ပါက စုန့်ယီအပေါ် အကြွေးတွေ အများကြီး တင်သွားမည်ကိုလည်း စိုးရိမ်မိနေပြန်သည်။

သူမသည် လင်းရှောင်ရွှမ်း ပြောခဲ့သော စကားများကို သတိရနေမိ၏။

သူမ တက္ကသိုလ်တက်နေစဉ်အတွင်း အသိပညာများ တိုးပွားလာသည်နှင့်အမျှ သူမ၏ အတွေးအခေါ်များမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာပေလိမ့်မည်။ ထိုအချိန်တွင် စုန့်ယီနှင့် သူမ၏ကြားတွင် ကွာဟချက်များ ဖြစ်လာပြီး ဆက်သွယ်ပြောဆိုရန် ခက်ခဲလာပေလိမ့်မည်။

အကယ်၍ ထိုနေ့ရက်များသာ အမှန်တကယ် ရောက်လာခဲ့ပါက အနာကျင်ရဆုံးသူမှာ သူမ မဟုတ်ဘဲ စုန့်ယီသာ ဖြစ်လိမ့်မည်။

ထိုအတွေးက လင်းမိန်ဟွေ့ကို ရှက်ရွံ့စေကာ ကြောင်လည်း ကြောက်လန့်စေခဲ့သည်။

သူတို့နှစ်ဦး မဟာတံတိုင်းပေါ်မှ ဆင်းလာပြီးနောက် လင်းမိန်ဟွေ့ အနှစ်သက်ဆုံး တက္ကသိုလ်သို့ သွားကြည့်ခဲ့ကြလေ၏။ နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သောကြောင့် တက္ကသိုလ်ဝန်းမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး သစ်ပင်ရိပ်လမ်းမများအောက်တွင် စာအုပ်ကိုင်ကာ စာဖတ်နေကြသော ကျောင်းသား နှစ်ဦးသုံးဦးကိုသာ တွေ့ရလေသည်။

လင်းမိန်ဟွေ့အနေဖြင့် ဤပညာသင်ကြားသည့် ပတ်ဝန်းကျင်ကို အလွန်သဘောကျသွားပြီး ကျောင်းကို အခုချက်ချင်းပင် တက်ချင်စိတ် ပေါက်သွား၏။

ခရိုင်မြို့လေးသို့ ပြန်ရောက်ပြီး မကြာမီမှာပင် လင်းမိန်ဟွေ့က ပေကျင်း ဘဏ္ဍာရေး တက္ကသိုလ်မှ ကျောင်းဝင်ခွင့် အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။

ထိုနည်းတူစွာပင် ရှောင်ရွှမ်းနှင့် ရှောင်ကျဲတို့လည်း သူတို့ အနှစ်သက်ဆုံး တက္ကသိုလ်များတွင် ကျောင်းသို့ဝင်ခွင့်ရခဲ့ကြောင်း သိလိုက်ရပြီး လင်းမိန်ဟွေ့မှာ အလွန်အမင်း ပျော်ရွှင်သွားရလေသည်။

စုန့်ယီက လင်းမိန်ဟွေ့အား သူငယ်ချင်းကောင်းများနှင့်အတူ စုဝေးစားသောက်ရန် အကြံပြုလာ၏။ သို့မဟုတ်ပါက တက္ကသိုလ်တက်သည့်အချိန်တွင် တစ်ယောက်နှင့်တစ်ယောက် ဝေးကွာသွားကြမည်ဖြစ်ရာ နောက်တစ်ကြိမ် ပြန်ဆုံရန် ခက်ခဲလိမ့်မည် မဟုတ်ပါလား။

လင်းမိန်ဟွေ့လည်း စုန့်ယီ၏ ဆန္ဒအတိုင်း ရှောင်ရွှမ်း၊ ရှောင်ကျဲတို့နှင့် ချိန်းဆိုကာ မုန့်စျေးတန်းသို့ သွားခဲ့ကြ၏။ သူတို့ အတူထိုင်ကာ စကားများကို အဆက်မပြတ်ပြောနေကြချိန်တွင် စုန့်ယီကတော့ သူတို့အတွက် အစားအသောက်များကို ပြင်ဆင်ပေးခြင်း၊ ဝိုင်ငှဲ့ပေးခြင်းတို့ကိုသာ တိတ်တဆိတ် လုပ်ဆောင်ပေးနေခဲ့ပေသည်။

စုန့်ယီက တိတ်ဆိတ်နေသည်ကို မြင်လျှင် ရှောင်ရွှမ်းက စနောက်လိုက်၏။

“စုန့်ယီ၊ မိန်ဟွေ့က နောက်ရက်ပေါင်း နှစ်ဆယ်ကျော်ရင် ပေကျင်းမှာ ကျောင်းသွားတက်တော့မှာ၊ ရှင်က မိန်ဟွေ့နဲ့အတူ လိုက်သွားမှာလား၊ ဒါမှမဟုတ် ဒီခရိုင်ထဲမှာပဲ ကျန်ခဲ့ပြီး လျှပ်စစ်ပစ္စည်းပြင်တဲ့ ဆရာပဲ ဆက်လုပ်နေမှာလား?”

*

အခန်း(134)

ရှောင်ရွှမ်း၏ စကားမှာ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ နှစ်ဦးစလုံး မပြောဘဲ ချန်ထားခဲ့ကြသည့် စိုးရိမ်ပူပန်မှုများကို ဖွင့်ထုတ် ဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။

သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီး လင်းမိန်ဟွေ့ စကားပြောတော့မည့်အချိန်တွင် စုန့်ယီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလာ၏။

“ငါ မိန်ဟွေ့နဲ့အတူ ပေကျင်းကို လိုက်သွားမယ်၊ အဲဒီမှာပဲ အလုပ်လုပ်ပြီး မိန်ဟွေ့ တက္ကသိုလ်တက်နိုင်အောင်လည်း ထောက်ပံ့ပေးမယ်!”

ရှောင်ကျယ်က လင်းမိန်ဟွေ့နှင့် စုန့်ယီကို တစ်လှည့်စီ ကြည့်ကာ ပြောလိုက်သည်။

“စုန့်ယီ၊ တက္ကသိုလ်တက်တာက ညကျောင်းတက်တာနဲ့ မတူဘူး၊ တစ်နှစ်အတွင်း ကုန်ကျစရိတ်က အများကြီးပဲ၊ ရှင့်ရဲ့ လျှပ်စစ်ပစ္စည်းပြင်ဆင်ခလောက်နဲ့တင် မလောက်နိုင်ဘူး

ဒါ့အပြင် ရှင်တို့ အဲဒီရောက်သွားရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဆုံရချိန်က နည်းပြီး ခွဲနေရချိန်က ပိုများလာမှာပဲ”

ထိုစကားများမှာ စုန့်ယီ၏ စိတ်ဓာတ်ကို ရေအေးဖြင့် အလောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။

ထိုအချိန်တွင် လင်းမိန်ဟွေ့ကလည်း သူမ၏ အတွေးကို ထုတ်ဖော်လာ၏။

“အစ်ကိုစုန့်ယီ၊ ကျွန်မရဲ့ ဘေးမှာပဲ အမြဲရှိနေတာထက် အစ်ကို့ကိုယ်တိုင်လည်း တိုးတက်နိုင်အောင် ကြိုးစားစေချင်တယ်၊

ကျွန်မက တက္ကသိုလ်တက်ရင်း အလုပ်သင်အလုပ်တွေ လုပ်ပြီး ပညာသင်ဆုတွေနဲ့လည်း ရပ်တည်နိုင်တယ်လေ”

အစောပိုင်းက ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့၏ စကားကို စုန့်ယီ စိတ်ထဲတွင် သိပ်မထားခဲ့ချေ။ ကိစ္စတိုင်းက လူများအပေါ်မှာသာ မူတည်သည်ဟု သူ ယုံကြည်သည်။

သူသာ ကြိုးစားမည်ဆိုလျှင် အလုပာကြမ်းလုပ်ပြီးဖြစ်စေ မိန်ဟွေ့ စာသင်နိုင်အောင် ကူညီပေးနိုင်မည်။ သို့သော် လင်းမိန်ဟွေ့ ကိုယ်တိုင် ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် စုန့်ယီတစ်ယောက် ဂုဏ်သိက္ခာကို ထိပါးခံရသကဲ့သို့ဖြစ်သွားရလေ၏။

သူသည် လင်းမိန်ဟွေ့ကို ကြည့်ကာ ခေတ္တမျှ တုံ့ဆိုင်းပြီးမှ မေးလိုက်သည်။

“မိန်ဟွေ့၊ ကိုယ်က ဘာမှအသုံးမကျတဲ့လူလို့ မင်း ထင်နေတာလား? နောက်ပိုင်းကျရင် မင်းက တက္ကသိုလ်ကျောင်းသူ ဖြစ်လာပြီး ကိုယ်ကတော့ လျှပာစစ်ပစ္စည်းပြင်ဆင်ရေးသမားပဲ ဖြစ်နေမှာဆိုတော့ မင်း စိတ်ထဲမှာ အားမရဖြစ်နေလား?”

လင်းမိန်ဟွေ့တစ်ယောက် တစ်ဖက်လူ၏စကားကို ကြားသည်နှင့် စုန့်ယီ အထင်လွဲနေပြီဖြစ်ကြောင်းကို သိရှိကာ အလျှင်အမြန် ရှင်းပြလိုက်၏။

“အစ်ကိုစုန့်ယီ၊ ကျွန်မ အဲဒီလို အဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး.. ကျွန်မက ရှင့်ကိုလည်း ကိုယ်ပိုင် အောင်မြင်မှုတစ်ခု ရှိစေချင်လို့၊ မဟုတ်ရင် နောက်ဆုံးမှာ အစ်ကို အိပ်မက်တွေကို ဘာတစ်ခုမှ မလုပ်လိုက်ရဘူးလို့ ခံစားရပြီး နောင်တရနေမှာကို ကျွန်မစိုးရိမ်တယ်”

ရှောင်ရွှမ်းက လင်းမိန်ဟွေ့ကို အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်မိ၏။ လင်းမိန်ဟွေ့က စုန့်ယီကို အမှန်တကယ် ချစ်မြတ်နိုးကြောင်းကို သူမ နားလည်လိုက်လေ၏။

သို့မဟုတ်ပါက သူမကို ထောက်ပံ့မည့် အမျိုးသားတစ်ဦးကို မည်သူက လက်လွှတ်ခံချင်မည်နည်း။

ရှောင်ရွှမ်းလည်း လင်းမိန်ဟွေ့ဘက်မှ ကူညီပြောပေးလိုက်သည်။

“စုန့်ယီ၊ မိန်ဟွေ့က တက္ကသိုလ်တက်ပြီး လေးနှစ်ကြာရင် ဘွဲ့ရတော့မှာ၊ အဲဒီအချိန်ကျရင် ရှင်က ဘာလုပ်နေမှာလဲ? ရှင်က ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်ကြမ်းသမားအဖြစ်ပဲ ရှိနေဦးမယ်ဆိုရင် မိန်ဟွေ့က ရှင်နဲ့အတူ ဘယ်လိုလုပ်ပြီး ပျော်ရွှင်နိုင်မှာလဲ?”

ထိုစကားများက အလွန်ပင် ခါးသီးလှ၏။ စုန့်ယီအနေဖြင့် စိတ်သဘောထား ကောင်းမွန်သူ ဖြစ်သော်လည်း ဤစကားများကြောင့် ပြန်လည်ချေပလိုစိတ် ပေါ်လာခဲ့ပေသည်။

သူက ဘာလို့ တစ်ဘဝလုံးကို မိန်ဟွေ့အတွက် မပေးဆပ်နိုင်ရမှာလဲ?

သူမနှင့်အတူ ပေကျင်းကို လိုက်သွားပြီး လျှပ်စစ်ပစ္စည်းပြင်ဆင်တာကိုပဲ အာရုံစိုက်သင်ယူမယ်ဆိုရင် နောင်တစ်ချိန်မှာ သူ့ဆီမှာလည်း ကိုယ်ပိုင် လျှပ်စစ်ပစ္စည်းပြင်ဆိုင်ကြီး ရှိလာနိုင်တာပဲလေ။

အလုပ်ကြမ်းသမား ဖြစ်နေရင်တောင် ဘာဖြစ်လဲ?

သူက ခိုးယူတာ၊ လုယက်တာလည်း မဟုတ်ဘူး။ ဘာတွေများ ရှက်စရာ ရှိလို့လဲ?

သို့သော် လင်းမိန်ဟွေ့က နောက်ထပ် စကားမပြောလာတော့သည်ကို မြင်လျှင် စုန့်ယီက ဟန်ဆောင်ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

“အနာဂတ်က အဝေးကြီး လိုပါသေးတယ်၊ ငါလည်း သေသေချာချာ ကြည့်ရှုသွားပြီး ငါ့အတွက်လည်း ကိုယ်ပိုင်လမ်းကြောင်းတစ်ခု ရှာတွေ့မှာပါ၊ ငါ့အပေါ် စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ်”

စားသောက်ပြီး၍ အချင်းချင်း နှုတ်ဆက်ကာ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ငှားထားသော အိမ်လေးဆီသို့ လမ်းလျှောက်ပြန်လာခဲ့ကြ၏။

လင်းမိန်ဟွေ့က သူမ၏ ရင်ထဲတွင် အောင့်ထားရသော စကားများကို စုန့်ယီအား ပြောပြလိုက်သည်။

“အစ်ကိုစုန့်ယီ၊ အစ်ကိုက ဒီခရိုင်ထဲမှာ နေရာတစ်ခုရနေပြီလေ၊ အစ်ကို့ရဲ့ လက်ရာကိုလည်း ခရိုင်ထဲက လူတိုင်းက အသိအမှတ်ပြုနေကြတယ်၊ အခု အစ်ကို ကျွန်မနဲ့အတူ ပေကျင်းကို လိုက်လာမယ်ဆိုရင် အစကနေ အကုန်ပြန်စရတော့မှာ”

စုန့်ယီက လင်းမိန်ဟွေ့ကို ကြည့်ကာ ပြော၏။

“ကိုယ် မကြောက်ပါဘူး၊ မင်း ရှိတဲ့နေရာက ကိုယ့်အတွက် အိမ်ပဲ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကိုယ် မကြောက်ဘူး”

သူတို့နှစ်ဦး အိမ်သို့ ရောက်ရှိခဲ့ကြသည်။ စုန့်ယီက သူ၏ ဆုံးဖြတ်ချက်အတိုင်း လင်းမိန်ဟွေ့နှင့်အတူ ပေကျင်းသို့ လိုက်ပါရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားဆဲပင်။

နောက်ဆုံးတွင် လင်းမိန်ဟွေ့က သက်ပြင်းချကာ ဆိုလိုက်၏။

“ဒါဆိုရင်တော့ လျှပ်စစ်ပစ္စည်းပြင်တဲ့ဆိုင်ရှင်ကို နှုတ်ဆက်ပြီး လက်ရှိကိစ္စတွေကို သေချာရှင်းပြထားလိုက်ပါဦး”

ကျောင်းဖွင့်ချိန်တွင် လင်းမိန်ဟွေ့က လက်ထဲ၌ ယွမ် (၄၀၀၀)ကိုသာ ကိုင်ဆောင်ကာ ပေကျင်းသို့ သွားခဲ့၏။ စုန့်ယီသည်ကား နောက်ဆက်တွဲကိစ္စများကို ရှင်းလင်းရန်၊ လျှပ်စစ်ပစ္စည်းပြင်ဆိုင်မှ အလုပ်ထွက်ရန်နှင့် အိမ်ပြန်အပ်ရန်အတွက် ကျန်ရစ်ခဲ့ချေသည်။

လင်းမိန်ဟွေ့ ထွက်ခွာလာချိန်တွင် စုန့်ယီအား ထပ်မံစဉ်းစားရန် ပြောခဲ့သော်လည်း စုန့်ယီက စဉ်းစားစရာ မရှိကြောင်းသာ ပြောခဲ့ပေသည်။

လင်းမိန်ဟွေ့ ခရိုင်မြို့လေးမှ ထွက်ခွာသွားပြီး သုံးရက်မြောက်နေ့တွင် စုန့်ယီသည်လည်း ပေကျင်းသို့ သွားမည့် ရထားပေါ်သို့ တက်ခဲ့ပေပြီ။

လင်းမိန်ဟွေ့က တက္ကသိုလ်သို့ရောက်သည်နှင့် ဌာနမှူးထံသို့ ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများအကြောင်းကို ချက်ချင်းသွားရောက် စုံစမ်း၏။

သူမက ဆင်းရဲသော ကျောင်းသားများအတွက် ပေးသည့် ထောက်ပံ့ကြေးကို ရရှိရန် အရည်အချင်းပြည့်မီကြောင်း ဌာနမှူးက အတည်ပြုပေးပြီးမှသာ စိတ်အေးသွားရလေသည်။

မည်သို့ပင်ဖြစ်စေ သူမကြောင့် စုန့်ယီကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်ချေ။

ယခုအချိန်တွင် ပညာသင်ဆု အများအပြား ရရှိမည်မှာ သေချာသွားပြီဖြစ်၍ လင်းမိန်ဟွေ့သည်လည်း ပို၍ ယုံကြည်မှု ရှိလာခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က တက္ကသိုလ်ဂိတ်ပေါက်ဝတွင် ဆုံကြ၏။

စုန့်ယီက အထုပ်အပိုးများနှင့် စောင်များကို သယ်ဆောင်ထားခဲ့ပြီး လင်းမိန်ဟွေ့သည်ကား အင်္ကျီအဖြူလေးကို ဝတ်ဆင်ထားလျက် သွားလာနေကြသော ကျောင်းသားများကြားတွင် ရပ်နေလေ၏။ သူတို့နှစ်ဦး၏ကြားတွင် မမြင်နိုင်သော အတားအဆီးတစ်ခု ခြားနေသကဲ့သို့ပင်။

“အစ်ကိုစုန့်ယီ၊ နေစရာ နေရာ ရှာတွေ့ပြီလား?”

“မတွေ့သေးဘူး၊ လောလောဆယ်တော့ ရထားဘူတာနားက တည်းခိုခန်းအသေးလေးမှာပဲ တည်းနေဦးမယ်၊ ဈေးလည်း မကြီးသလို ပတ်ဝန်းကျင်လည်း တော်တော်လေး ကောင်းတယ်”

စုန့်ယီက လင်းမိန်ဟွေ့ သူ့အတွက် စိတ်ပူသွားမည်ကို အလွန်စိုးရိမ်မိ၏။

ဆိုဝလျှင် ပေကျင်းသို့ လိုက်လာခြင်းမှာ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်မဟုတ်ပါလား။

လင်းမိန်ဟွေ့က ကျောင်းဘက်သို့ ပြန်ကြည့်လိုက်၏။ အတန်းချိန်များက မကြာမီ စတင်တော့မည်ဖြစ်ရာ စုန့်ယီနှင့်အတူ ထိုတည်းခိုခန်းလေးဆီသို့ လိုက်သွားကြည့်ရန် အချိန်မရှိချေ။

လင်းမိန်ဟွေ့က လေအလျင်စလို ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မကို တက္ကသိုလ်တက်ဖို့ အစ်ကို ထောက်ပံ့တာမျိုး ကျွန်မ မဖြစ်စေချင်ဘူး...”

“ကိုယ်တို့ အရင်က အကုန်သဘောတူထားပြီးသား မဟုတ်လား?”

“ကျွန်မ အကုန်စုံစမ်းပြီးပြီ၊ တက္ကသိုလ်မှာ ပညာသင်ဆုတွေနဲ့ ထောက်ပံ့ကြေးတွေ ရှိတယ်၊ ကျွန်မရဲ့ အခြေအနေအရ ကျောင်းကနေ အပြည့်အဝ ထောက်ပံ့ပေးနိုင်တယ်၊

ဒါ့အပြင် ကျွန်မလည်း အလုပ်သင်အလုပ်တွေ လုပ်လို့ရသလို ကျောင်းသားအချို့ကိုလည်း ကျူရှင်ပြပေးလို့ ရသေးတယ်”

စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့က ဤကိစ္စကို ထပ်မံပြောလာသောကြောင်း သူမ အလေးအနက်ပြောနေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်၏။

သူ့ရင်ထဲတွင် အနည်းငယ် နာကျင်သွားရပြီး အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“မိန်ဟွေ့၊ မင်း အခု ကိုယ့်ကို အထင်သေးနေပြီလား၊ အဲဒါက မင်းရဲ့ စိတ်ရင်းအမှန်ဆိုရင်လည်း တည့်တည့်သာ ပြောလိုက်ပါ၊ ကိုယ်လည်းအခြေအနေကိုသိပါတယ်”

စုန့်ယီမှသူ့ကိုယ်သူ ထိုသို့ သိမ်ငယ်စွာ ပြောသည်ကို ကြားလိုက်ရလျှင် လင်းမိန်ဟွေ့ စိတ်မကောင်း ဖြစ်သွားရ၏။

သူမက စုန့်ယီကို သစ်ပင်ရိပ်လမ်းမအတိုင်း ဆွဲခေါ်လာခဲ့ပြီး လမ်းလျှောက်ရင်း ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ နောက်ပိုင်းကျရင် ကျွန်မတို့ နှစ်ယောက်စလုံးမှာ ကိုယ်စီ အရည်အချင်းတွေ ရှိနေပြီး ဒီမြို့ကြီးမှာ ခြေကုပ်ယူနိုင်ဖို့ ကျွန်မ မျှော်လင့်ထားတာ၊ ရှင်က အလုပ်သမားအဖြစ်ပဲ လုပ်နေတာမျိုး ဒါမှမဟုတ် အလုပ်ကြမ်းကိုပဲ အားကိုးနေတာမျိုး မဟုတ်ဘဲနဲ့ပေါ့”

“မင်း တက္ကသိုလ်ပြီးတဲ့အချိန်ကျရင်..”

“အစ်ကိုစုန့်ယီ၊ အစ်ကိုက ကျွန်မ တက္ကသိုလ်ပြီးတဲ့အထိ စောင့်နေမယ်ဆိုရင် အစ်ကို အသက်ကြီးသွားလိမ့်မယ်၊ အဲဒီအချိန် အစ်ကို့ကိုယ်အစ်ကို လေ့ကျင့်ပျိုးထောင်ဖို့ အကောင်းဆုံး အခွင့်အရေးတွေကို ဆုံးရှုံးသွားလိမ့်မယ်”

လင်းမိန်ဟွေ့က ပြောနေရင်း စုန့်ယီကို ကြည့်လိုက်၏။ တစ်ဖက်လူထံမှ အထင်လွဲခံရမည်ကို စိုးရိမ်သော်လည်း သူမ ပြောစရာရှိသည်ကို ပြောမှဖြစ်ပေမည်။

သို့မဟုတ်ပါက သူတို့နှစ်ဦးကြားတွင် အဆင်မပြေမှုများသာ ပြည့်နေလိမ့်မည်။

စုန့်ယီအနေဖြင့် ထိုအချိန်တွင်မှသာ လင်းမိန်ဟွေ့က သူ့ကို အထင်သေးနေခြင်း မဟုတ်ဘဲ သူ့အတွက်လည်း ကိုယ်ပိုင် အိပ်မက်တစ်ခုကို ရှာတွေ့စေချင်နေခြင်းဖြစ်ကြောင်း တဖြည်းဖြည်း နားလည်လာခဲ့၏။

ထိုသို့ဖြစ်မှသာ သူတို့နှစ်ဦးလုံး နောက်ပိုင်းတွင် ပေကျင်းမြို့၌ ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်မည် မဟုတ်ပါလား။

“မိန်ဟွေ့၊ ကိုယ် မင်းပြောတာကို နားလည်ပြီ၊ မင်းက ပိုကောင်းတဲ့ ဘဝမှာ နေချင်တာဆိုတော့ ဆက်ပြီး ကြိုးစားနေရမှာပေါ့၊ ကိုယ်က မင်းကို ကူညီပေးနေရုံပဲ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် မလုပ်ဘူးဆိုရင် နောက်ပိုင်း ပေကျင်းမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး၊ အဲဒီအချိန် မင်းအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာလိမ့်မယ်”

“အစ်ကိုစုန့်ယီ၊ အဲဒီလို မပြောပါနဲ့. ကျွန်မ တကယ်ပဲ ရှင့်ကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး၊ ကျွန်မက...”

လင်းမိန်ဟွေ့ မည်သို့ရှင်းပြရမည်ကို မသိတော့ချေ။ သို့သော် သူမ၏ စိတ်ထဲတွင် စုန့်ယီသည်ပ အမြဲတမ်း အကောင်းဆုံး အမျိုးသားတစ်ဦးဖြစ်ကြောင်း သူ နားလည်သွားစေရန်သာ မျှော်လင့်မိ၏။

သူမအတွက်ကြောင့် စုန့်ယီကို အနစ်နာမခံစေခေင်ပေ။

စုန့်ယီသည် ခေါင်းညိတ်ပြကာ စိုးရိမ်နေသော လင်းမိန်ဟွေ့ကို ကြည့်လိုက်သည်။

“မိန်ဟွေ့၊ မင်းပြောတာကို ကိုယ် နားလည်တယ်၊ စိတ်မပူပါနဲ့၊ ရှေ့လျှောက် ဘာလုပ်မလဲဆိုတာကို ဒီရက်ပိုင်းအတွင်း ကိုယ် စဉ်းစားပါ့မယ် ဒါပေမဲ့ ကိုယ် မင်းကို ထောက်ပံ့မှာကိုတော့ မငြင်းပါနဲ့ဦး”

“အင်း”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီက သူမ၏ စေတနာကို နောက်ဆုံးတွင် နားလည်သွားပြီဟု ခံစားလိုက်ရပြီး စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိလေသည်။

ထိုအချိန်မှသာ အတန်းချိန် စတင်နေပြီဖြစ်ကြောင်း သူမ သတိရသွား၏။

သူမ စုန့်ယီကို နှုတ်ဆက်ကာ စာသင်ခန်းဆီသို့ ချက်ချင်း ပြေးသွားခဲ့လေသည်။

စာသင်ခန်းတံခါးဝသို့ ရောက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် စုန့်ယီက သစ်ပင်ရိပ်လမ်းမအောက်တွင် ရပ်နေဆဲဖြစ်ပြီး သူမကို လက်ရမ်းပြနေသည်ကို တွေ့လိုက်ရ၏။

ထိုအခိုက်အတန့်တွင် လင်းမိန်ဟွေ့၏ ရင်ထဲ၌ ပြောမပြတတ်သော ပျော်ရွှင်မှုများ ပျံ့နှံ့သွားရချေသည်။

သူမ နောက်သို့ ပြန်လှည့်ကြည့်လိုက်တိုင်း စုန့်ယီက ထိုနေရာတွင် သူမကို အမြဲ စောင့်ကြိုနေလိမ့်မည်ဟု သူမ ယုံကြည်နေမိခဲ့သည်။

All Chapters